← Chapters

အခန်း (၄၀၆)

Vol. 30 Ch. 406

အခန်း (၄၀၆)

Vol. 30 Ch. 406

ခန်းမအတွင်းရှိ လူအားလုံးသည် သက်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူကြီးကို ကြည့်နေကြသည်။ ထိုစဉ် ချင်းယင်မှ ပြောသည်။

“လျှို့ဝှက်လမ်းကြောင်းရှိတော့ရော ဘာဖြစ်သလဲ။ အဲဒါက ဘာကို သက်သေပြနိုင်မှာမို့လို့လဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အဲဒီအချိန်တုန်းက အခန်းထဲကို ဝင်နိုင်တဲ့သူက ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ တခြားသူလည်း ဝင်နိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်က အပြင်ဘက်က ဝင်လာခဲ့တာမို့လို့ လှုပ်ရှားဖို့အခွင့်အရေးမရှိခဲ့ဘူး ဆိုတာပါပဲ”

“ဟက် လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိနေတာနဲ့ပဲ မင်းမှာ လှုပ်ရှားဖို့အခွင့်အရေးမရှိခဲ့ပါဘူးလို့ သက်သေပြပြီးသား ဖြစ်သွားရောလား။ ဒါဆိုရင် ငါ့ကိုပြောပါဦး။ အဲဒီလျှို့ဝှက်လမ်းကြောင်းကနေ ဘယ်သူဝင်လာခဲ့တာများလဲ”

ချန်ကျဲ့မှ ပြောသည်။

“နောက်ထပ်သက်သေကို ခေါ်လာခဲ့ပါ”

ထိုအခါ နောက်ထပ် လူငယ်တစ်ဦးကို ခန်းမအတွင်း ခေါ်လာခဲ့သည်။ ချန်ကျဲ့မှ ပြောသည်။

“ဒါက နွေဦးလေပြေပြဇာတ်ရုံမှာ အဲဒီနေ့က လက်ဖက်ရည်တည်ခင်းပေးတဲ့ အလုပ်သမားပါ။ အဲဒီတုန်းက လူတစ်ယောက်ထွက်သွားတာကို သူမြင်ခဲ့ပါတယ်”

“ညီငယ်လေး မကြောက်ပါနဲ့။ ပြောပြလိုက်ပါ၊ အဲဒီနေ့က ကျွန်တော့်အပြင် ထိုင်ခုံနေရာကနေ ထွက်သွားတဲ့သူ တခြားတစ်ယောက်ကို မြင်ခဲ့သေးလား”

အလုပ်သမားလေးသည် အဆင့်အတန်းမြင့်ပုဂ္ဂိုလ်ကြီးများစွာ စုဝေးနေသည်ကို မြင်သောအခါ ကြောက်ရွံ့ကာ တစ်ကိုယ်လုံးတုန်ယင်နေပေသည်။ ချင်းယင်သည် ထိုအလုပ်သမားလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှောင်ရယ်ထေ့ငေါ့လိုက်ရင်း ပြောသည်။

“ကလေး၊ မင်း စကားမပြောခင် သေချာစဉ်းစားပြီးမှ ပြောတာကောင်းလိမ့်မယ်နော်။ ငါးဖမ်းကုန်သည်အဖွဲ့က လူတစ်ယောက်ကို မှားယွင်းစွပ်စွဲမိရင် နောက်ဆက်တွဲအကျိုးဆက်တွေကို စဉ်းစားထားဖို့ လိုအပ်လိမ့်မယ်”

“အာ..”

ထိုစကားတွင် အလုပ်သမားလေးသည် အသံပင် အက်ရှသွားရကာ ပို၍တုန်ယင်လာတော့သည်။

ထိုအချိန်၌ အသံတစ်သံ ထွက်ပေါ်လာ၏။

“မကြောက်နဲ့။ မျန့်ရွှေစီရင်စုက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့အပိုင် မဟုတ်ဘူး။ ဘာလဲ ချင်းယင်၊ မင်းက ငါးဖမ်းကုန်သည်အဖွဲ့က ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းနဲ့ ကာထားနိုင်မယ်လို့ ထင်နေတာလား”

ချီမုကောမှ ရုတ်တရက်ပြောလာခဲ့ခြင်းဖြစ်သည်။

ချင်းယင်သည် ကြောက်ရွံ့မှုကြောင့် တုန်တက်သွားရကာ နန်ပါးထျန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ချက်ချင်း တောင်းပန်သည်။

“ကျွန်တော် မလုပ်ရဲပါဘူး။ ကျေးဇူးပြုပြီး တပ်မှူးချီ စိတ်လျှော့ပါဗျာ”

ချီမုကောမှ ပြောသည်။

“ခင်ဗျားတို့အားလုံး မှတ်ထားကြပါ။ မျန့်ရွှေစီရင်စုက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ လက်အောက်မှာ ရှိနေတာပါ။ ခင်ဗျားတို့ရဲ့ အဲဒီအကြံအစည်လေးတွေကို သိမ်းထားလိုက်ကြစမ်းပါ။ ခင်ဗျားတို့မှာ အင်အားအာဏာလေး နည်းနည်းရှိလာတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းတုနှိုင်းမဲ့နေသလိုတွေ တွေးမနေကြနဲ့ဦး။ ခင်ဗျားတို့ ကျုပ်တို့သခင်ကြီးကို အပြစ်ပြုမိသွားရင် ဘယ်လိုမျိုး တွေ့ကြုံရမယ်ထင်နေလို့လဲ”

ချီမုကော၏အသံသည် ရေခဲတမျှ အေးစက်နေခဲ့သည်။ ချင်းယင်မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့၏။

နန်ပါးထျန်း၏ မျက်နှာအမူအရာသည်လည်း ကြည့်ရဆိုးသွားတော့သည်။ ချီမုကော၏စကားလုံးများတွင် ဖုံးကွယ်နေသည့်အဓိပ္ပာယ်ပါရှိပေသည်။

အဲဒီစကားက ဘာအဓိပ္ပာယ်လဲ။ စီရင်စုအုပ်ချုပ်ရေးမှူးက ငါ့အပေါ် စိတ်မကျေနပ်မှုရှိနေတာလား။

နန်ပါးထျန်း မျက်မှောင်ကြုတ်နေ၏။ ချင်းယင်မှ ချက်ချင်းတောင်းပန်သည်။

“တပ်မှူးချီ ကျေးဇူးပြုပြီး စိတ််လျှော့ပါ။ ကျွန်တော် စကားပြောတာ ဘောင်ကျော်သွားပါတယ်”

ထို့နောက် ချီမုကောသည် အလုပ်သမားလေးကို ပြောသည်။

“ပြောပါ။ တစ်လုံးတစ်လေတောင် မချန်ရစ်ခဲ့နဲ့။ ဒီနေ့ မင်းကို ဘယ်သူမှ မတားဆီးနိုင််ဘူး”

ထို့နောက် ချန်ကျဲ့မှ အလုပ်သမားလေးကို ပြောသည်။

“ဘာမှမစိုးရိမ်နဲ့။ မင်းနောက်မှာ စီရင်စုအုပ်ချုပ်ရေးမှူးရှိနေပါတယ်”

ထိုအခါ အလုပ်သမားလေးမှ ပြောသည်။

“လူကြီးမင်း၊ အဲဒီနေ့က ကျွန်တော်က လက်ဖက်ရည်ဆက်သဖို့ တာဝန််ကျတာပါ… ကျွန်တော် လက်ဖက်ရည်ဆက်သဖို့အတွက် ဒုတိယတန်းကိုရောက်တော့ ကျွန်တော်… သခင်ကြီးဖုန်းရွှမ် နေရာမှာမရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော် ရှာကြည့်လိုက်တော့ သခင်ကြီးဖုန်းရွှမ်က ဟို… လျှို့ဝှက်လမ်းကြောင်းဘက်ကို ဦးတည်သွားနေတာကို မြင်လိုက်ရပါတယ်”

အလုပ်သမားလေးသည် ကြောက်ရွံ့လွန်းသောကြောင့် စကားများပင် ထစ်နေခဲ့သည်။

ထိုအခါ အားလုံး၏အကြည့်များသည် စင်မြင့်ပေါ်ရှိ ဖုန်းရွှမ်ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။

ဖုန်းရွှမ်သည် မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိပေ။ ထို့နောက် အေးစက်စက်ရယ်မော၏။

“ချန်ကျိုစစ်၊ မင်းအကြံအစည်လုပ်လာတာ အတော်လေး ထက်မြက်တာပဲ။ ဒါပေမဲ့ လက်ဖက်ရည်ဆက်သတဲ့ အလုပ်သမားလေးတစ်ယောက်ကို ခေါ်လာပြီး စကားနည်းနည်းပြောခိုင်းရုံလောက်နဲ့ ငါ့ကို ချောက်ချစွပ်စွဲလို့ရမယ်လို့ ထင်နေတာလား။ အခု ဒီနေရာမှာရှိနေတဲ့သူတွေက တစ်ယောက်မှ တုံးအမနေဘူး။ ဒီလိုသက်သေအတုမျိုးနဲ့ ငါက မင်းပြောတဲ့ အဲဒီလျှို့ဝှက်လမ်းကြောင်းဆိုတာကို ဖြတ်ပြီးတော့ မွေးစားအဖေရဲ့အခန်းထဲကို လိုက်သွားခဲ့တယ်လို့ သက်သေမပြနိုင်ဘူး။ ငါက မွေးစားအဖေကို သတ်ခဲ့ပါတယ်ဆိုတာကို ပိုလို့တောင်မှ သက်သေမပြနိုင်ဘူး”

ထိုအခါ အားလုံးသည်လည်း ထိုသို့တွေးမိသွားကြ၏။

အမှန်ပဲ။ အဲဒီသက်သေက ဘာကို သက်သေပြနိုင်မှာလဲ။ အဲဒီအချိန်တုန်းက ဖန်းရှစ်ကျုံးရဲ့အခန်းထဲကို ဘယ်သူဝင်နိုင်လဲဆိုတာကို သက်သေပြပေးမှာလား။ ဒါပေမဲ့ အခန်းထဲကို ဝင်နိုင်တဲ့သူတိုင်းက လူသတ်သမားဖြစ်နိုင်မှာတဲ့လား။

ဒါက အစကတည်းက ချန်ကျိုစစ် သူ့ကိုယ်သူ လွတ်မြောက်စေနိုင်ဖို့အတွက် လုပ်ထားတဲ့ထောင်ချောက်လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

သို့ဖြင့် ထိုအခိုက်အတန့်တွင် အားလုံးတိတ်ဆိတ်သွားကြသည်။ ၎င်းသည် သက်သေအဖြစ် မသတ်မှတ်နိုင်သလို ဘာကိုမျှလည်း သက်သေမပြပေးနိုင်ပါချေ။

ထိုအခါ ချန်ကျဲ့သည် ဖုန်းရွှမ်ကို ကြည့်လိုက်ပြီး ပြောသည်။

“အစ်ကိုကြီး စိတ်မလှုပ်ရှားပါနဲ့ဦး။ ဒါက အမြည်းပဲရှိပါသေးတယ်။ အဓိကပွဲတော်က နောက်မှ ဆက်လာမှာပါ။ ကျေးဇူးပြုပြီး မိန်းကလေးဟွားသျဲ့ကို ကြိုဆိုပေးလိုက်ပါဦးဗျ”

ဘယ်သူ?

ချန်ကျဲ့၏စကားတွင် အခန််းသည် ရုတ်ချည်း ဆူညံသွား၏။

မျန့်ရွှေစီရင်စု၌ ဖန်းရှစ်ကျုံးသေဆုံးမှုသည် လတ်တလောကာလအတွင်း လူပြောအများဆုံး အကြောင်းအရာဖြစ်သည်။ ထို့ပြင် ဖန်းရှစ်ကျုံး၏သေဆုံးမှုတွင် ဟွားသျဲ့သည် တိုက်ရိုက်ပတ််သက်နေကြောင်းကိုလည်း အားလုံးသိကြသည်။ အဘယ်ကြောင့်ဆိုသော် ဟွားသျဲ့သည် မွှေးပျံ့အရိုးပျော့ဆေးမှုန့်ကို ဖန်းရှစ်ကျုံးအား သောက်သုံးစေခဲ့သူဖြစ်ပြီး သို့ဖြင့် ချန်ကျိုစစ်မှ ဖန်းရှစ်ကျုံးကို သံမဏိလက်ဝါးဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပို၍အရေးကြီးသည့်အချက်မှာ ဟွားသျဲ့သည် အပြစ်ရှိစိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပြီဟု ကြေညာချက်ထုတ်ပြန်ထားခဲ့ပြီးသား ဖြစ်နေခြင်းပင်။

ဟွားသျဲ့က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပြီ မဟုတ်ဘူးလား။

အခုကျ သူ့ကို ဘယ်လိုလုပ်ပြီး မျက်မြင်သက်သေလို့ ခေါ်လို့ရပါဦးမလဲ။ ချန်ကျိုစစ်က သရဲကို ဆင့်ခေါ်လာတာမှ မဖြစ်နိုင်ဘဲ။

လူအုပ်ကြီးသည် စိတ်ရှုပ်ထွေးနေခဲ့သည်။ အားလုံးသည် ချန်ကျဲ့ကို ကြည့်နေကြ၏။

ထိုအခါ ဖုန်းရွှမ်တို့သည် နန်ပါးထျန်းကို လှည့်ကြည့်ကြ၏။ ဤသည်မှာ နန်ပါးထျန်း၏ သနားဂရုဏာထားမှုကြောင့် ဖြစ်ပေါ်လာရခြင်းပင်။ ဟွားသျဲ့ကို မသတ်ခဲ့ခြင်းကြောင့် ဤသို့ အကျပ်ရိုက်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ရခြင်းပင်။ အခုတော့ တခြားလူတစ်ယောက်မှ သူမကို သက်သေအဖြစ် ခေါ်ဆောင်လာခဲ့လေပြီ။

နန်ပါးထျန်း၏ မျက်နှာအမူအရာသည်လည်း မည်းမှောင်သွားခဲ့သည်။

ထို့နောက်တွင် ဟွားသျဲ့ကို လူနှစ်ယောက်မှ တွဲခေါ်လာသည်။

လူအုပ်ကြီးသည် ဟွားသျဲ့ကို မြင်သောအခါ သူမကို မှတ်မိသည့် လူအချို့မှ ပြောလာကြသည်။

“အာ ဟွားသျဲ့ပဲ! သူ… သူ တကယ် မသေသေးဘူးပဲ!”

“သူက တကယ် ဟွားသျဲ့ပဲ။ ကျုပ် သူ့ကိုသိတယ်”

“ဟုတ်တယ် ဟွားသျဲ့ပဲ! သူသေသွားပြီလို့ ကြေညာထားတာ မဟုတ်ဘူးလား။ အခုကျ ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ”

…

လူအုပ်ကြီးသည် ဟွားသျဲ့ ခန်းမအတွင်း ဝင်ရောက်လာသည်တွင် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြတော့သည်။ ချန်ကျဲ့မှ ဟွားသျဲ့ကို ပြောသည်။

“မိန််းကလေးဟွားသျဲ့ ကျွန်တော် မင်းကို မိတ်််ဆက်ပေးပါရစေ။ ဒီက လူကြီးမင်းက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ တပ်မှူး ချီမုကောပါ”

“လူကြီးမင်းကို ဂါရဝပြုပါတယ်”

ဟွားသျဲ့မှ တောင့်တင်းနေသည့်အသံဖြင့် နှုတ်ဆက်သည်။ ထို့နောက် ချန်ကျဲ့သည် နန်ပါးထျန်းကို လှည့်ကြည့်လိုက်သည်။

“ဒီလူကြီးမင်းကိုတော့ မင်းကောင်းကောင်းသိလိမ့်မှာပါ။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းပါ”

“ခေါင်းဆောင်နန်ကို ဂါရဝပြုပါတယ်”

ဟွားသျဲ့သည် နန်ပါးထျန်းကိုကြည့်ရန် မဝံ့မရဲဖြစ်နေခဲ့သည်။ နန်ပါးထျန်းမှ သူမကို ပြန်ကြည့်လျက် ပြောသည်။

“မိန်းကလေးဟွားသျဲ့ မင်းက သက်သေထွက်ဆိုဖို့ လာခဲ့တာလား”

ထိုအခါ ဟွားသျဲ့သည် ခေါင်းငုံ့သွားပြီး ဘာမှမပြောပေ။

ချီမုကောမှ ရယ်မော၏။

“ဟုတ်ပါတယ်။ သူမကို စီရင်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင် သက်သေထွက်ဆိုဖို့ ဖိတ်ခေါ်ထားတာပါ”

နန်ပါးထျန်း တိတ်ဆိတ်သွား၏။ ထို့နောက် ချီမုကောမှ ပြောသည်။

“မိန်းကလေးဟွားသျဲ့၊ ဒီနေ့ ဒီနေရာမှာ မျန့်ရွှေစီရင်စုရဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေအားလုံး ရှိနေပါတယ်။ မင်းပြောလိုက်တဲ့ စကားတစ်လုံးတိုင်းက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ နားဝဆီ ပြန်ရောက်ရှိမှာပါ။ မင်းအနေနဲ့ လိမ်ညာမပြောဖို့ မျှော်လင့်ပါတယ်”

ဟွားသျဲ့မှ ခပ်ဖျော့ဖျော့ ခေါင်းညိတ်သည်။ ထို့နောက် ချီမုကောမှ ပြောသည်။

“ကောင်းပြီ လူကြီးမင်းတို့၊ စီရင်စုအုပ်ချုပ်ရေးမှူးက ခန်းမအရှင်သခင်ဖန်းရဲ့ သေဆုံးမှုကို အရမ်းအလေးထားပါတယ်။ ခန်းမအရှင်သခင်ဖန်းက စီရင်စုအုပ်ချုပ်ရေးမှူးအတွက် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့တာကြောင့် စီရင်စုအုပ်ချုပ်ရေးမှူးက ခန်းမအရှင်သခင်ဖန်းကို သတ်ခဲ့တဲ့ လူသတ်သမားကို သေချာပေါက် ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးသွားမှာပါ”

“ဒီနေ့မှာ ခန်းမအရှင်သခင်ဖန်းရဲ့ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို အားလုံးကို အသိပေးဖို့အတွက် မိန်းကလေးဟွားသျဲ့ကို မျက်မြင်သက်သေအဖြစ် အထူးတလည် ဖိတ်ကြားထားခဲ့တာပဲဖြစ်ပါတယ်”

All Chapters