အခန်း (၄၀၇)
Vol. 30 Ch. 407
“လူကောင်းတစ်ယောက်ကို မှားယွင်းမစွပ်စွဲသင့်သလို လူဆိုးကိုလည်း လွတ်မြောက်သွားစေလို့ မဖြစ်ပါဘူး— ခန်းမအရှင်သခင်ဖန်းကိုလည်း အချည်းနှီးသေဆုံးသွားစေလို့ မဖြစ်ဘူး။ ပြီးတော့လည်း မျန့်ရွှေစီရင်စုက တော်ဝင်စည်းမျဉ်းဥပဒေတွေကနေ သွေဖီလို့ မဖြစ်ပါဘူး!”
“အားလုံးပဲ ကျေးဇူးပြုပြီး ဒါကိုမှတ်ထားကြပါ။ မျန့်ရွှေစီရင်စုမှာ တော်ဝင်စည်းမျဉ်းဥပဒေ လွှမ်းမိုးပါတယ်!”
ချီမုကော၏ရည်ရွယ်ချက်မှာ ရှင်းလင်းပါ၏။ မျန့်ရွှေစီရင်စု၏ သိုင်းလောကအင်အားစုများကို တားဆီးပိတ်ပင်လိုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအခိုက်အတန့်၌ ချီမုကော၏အသံသည် အေးစက်ကာ ရှင်းလင်းပြတ်သားနေခဲ့၏။ သို့ဖြစ်ရာ ချီမုကောအနီးရှိ သိုင်းလောကသားများမှာ ကျောရိုးထိတိုင် အေးစိမ့်သွားရကာ စိတ်နှလုံးတွင်လည်း ကြောက်ရွံ့မှုများ၏ အပြင်းအထန် လှုပ်ခတ်ခြင်းခံခဲ့ရလေသည်။
ချီမုကောမှ ပြောသည်။
“မိန်းကလေးဟွားသျဲ့ ပြောပါ။ ခန်းမအရှင်သခင်ဖန်းရှစ်ကျုံးကို ဘယ်သူသတ်ခဲ့တာလဲ။ အဲဒီနေ့က အတိအကျ ဘယ်လိုဖြစ်ပျက်ခဲ့တာလဲ”
ထိုအခါ ဟွားသျဲ့သည် တစ်ကိုယ်လုံးတုန်ယင်သွားခဲ့သည်။ သူမသည် ဝဲဂယက်တစ်ခုအတွင်း နစ်မြုပ်သွားသည့်အလားပင်။
ထို့နောက် ချန်ကျဲ့မှ ပြောလာသည်။
“ပြောပြလိုက်ပါ။ ဒီနေ့ စီရင်စုအုပ်ချုပ်ရေးမှူးက တရားမျှတမှုအတွက် မင်းကို စောင့်ကြည့်နေပါတယ်”
ထိုအခါ ဟွားသျဲ့သည် ခံစားချက်များကို ထိန်းချုပ်၍ ပြောလာခဲ့သည်။
“အဖြစ်အပျက်က ဒီလိုပါ။ ကျွန်မ ခန်းမအရှင်သခင်ဖန်းကို နှလုံးသားတစ်ခုလုံးနဲ့ အမှန်တကယ် ချစ်မြတ်နိုးခဲ့ပါတယ်… ဖုန်းရွှမ်က ကျွန်မရဲ့မောင်လေးကို ဖမ်းဆီးထားပြီးတော့ ကျွန်မကို ခန်းမအရှင်သခင်ဖန်းရဲ့ သောက်စရာထဲမှာ အဆိပ်ခတ်ဖို့ ဖိအားပေးခိုင်းစေခဲ့ပါတယ်…”
ဟွားသျဲ့သည် လွန်ခဲ့သည့်ရက်က ချန်ကျဲ့တို့ကို ပြောပြခဲ့သည့်အတိုင်း အဖြစ်အပျက်များကို ပြန်ပြောပြခဲ့သည်။
သူမသည် စီရင်စုအုပ်ချုပ်ရေး၏ သဘောထားအရ နန်ပါးထျန်း၏အမည်ကိုမူ တမင်ချန်ထားခဲ့သည်။
ဤတစ်ကြိမ်ရည်ရွယ်ချက်သည် ကျားဖြူခန်းမကို သိမ်းပိုက်ရယူရန်သာဖြစ်ပြီး နန်ပါးထျန်း၏အသက်ကို နုတ်ယူရန် မဟုတ်ပေ။
ထို့ပြင် ဤအမှုကိစ္စတစ်ခုတည်းဖြင့် နန်ပါးထျန်းကို ဆွဲချရန် မလုံလောက်ပေ။ နန်ပါးထျန်းကို ဆွဲချနိုင်စွမ်းမရှိသေးသည်ဖြစ်ရာ နန်ပါးထျန်းကို မထိပါးရန် ရွေးချယ်လိုက်ပြီး အမှုတွင် နန်ပါးထျန်း၏ ပါဝင်ပတ်သက်မှုကို တမင်ချန်ထားရစ်ခဲ့သည်။
ပိုက်ကွန်ကို အရမ်းကျယ်လွန်းသွားခြင်းငှာ မလိုလားပါချေ။
နန်ပါးထျန်းသည် စီရင်စုအုပ်ချုပ်ရေးမှူး၏ မျန့်ရွှေစီရင်စုကို ဟန်ချက်ညီမျှစေရန် လုပ်ဆောင်မှုတွင် အရေးပါသည့် ကျားစေ့တစ်စေ့ဖြစ်သောကြောင့် အလွယ်တကူ ဖယ်ရှားမရနိုင်ပေ။ သို့သော် ဤတစ်ကြိမ်တွင် သတိပေးခြင်းကိုတော့ ပြုလုပ်ရပေမည်။
ထို့ကြောင့် ဟွားသျဲ့အား ဖုန်းရွှမ်တစ်ဦးတည်းကိုသာ အပြစ်အားလုံး ပုံချစေခဲ့သည်။
ဟွားသျဲ့၏ပြန်ပြောင်းပြောပြခြင်းအဆုံးတွင် အားလုံး နားလည်သွားကြသည်— ဖန်းရှစ်ကျုံး၏ အရူးအမူးချစ်မြတ်နိုးမှု၊ ဖုန်းရွှမ်၏ စက်ဆုပ်ဖွယ်ကောင်းသော အရှက်သိက္ခာကင်းမဲ့မှု၊ ဖန်းရှစ်ကျုံး၏ နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာ၊ ဖုန်းရွှမ်၏ ကျေးဇူးကန်းမှု အားလုံးကို နားလည်သွားခဲ့သည်။ ဖန်းရှစ်ကျုံး မသေဆုံးမီက နုတ်ထွက်ခြင်းနှင့် ဖုန်းရွှမ်၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည်များအားလုံးကို အားလုံးသိမြင်သွားခဲ့ကြလေပြီ။ ချန်ကျဲ့သည် မှားယွင်းစွပ်စွဲခံခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း အားလုံးသိသွားကြလေပြီ။
ကျေးဇူးတရားကို မေ့လျော့တတ်သော၊ ကောင်းကင်ဘုံကို ဆန့်ကျင်ကာ စာရိတ္တပျက်ပြားခဲ့သည့် လူ့တိရစ္ဆာန်ကောင်ဖုန််းရွှမ်သည် ချန်ကျိုစစ်ကို ချောက်ချစွပ်စွဲခဲ့ခြင်းဖြစ်သည်။
အားလုံးသည် ဖုန်းရွှမ်အား အထင်မြင်သေးစက်ဆုပ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဘယ်လိုတောင် လေးစားဖို့ကောင်းလိုက်တဲ့ မျက်နှာရှစ်ပါးဗုဒ္ဓဖုန်းရွှမ်လဲ။ သူက သူလိုချင်တာကို ရဖို့အတွက်ဆို ဘယ်လိုအရာကိုမဆို ချနင်းပစ်နိုင်တဲ့ သားရဲကောင်ပဲ။ မွေးစားအဖေကို သတ်တယ်၊ ညီကို ချောက်ချတယ်– နတ်ဘုရားရော လူသားတွေပါ စက်ဆုပ်ရွံရှာမယ့်လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့သူပဲ။
ချန်ကျဲ့အတွက်မူ အားလုံးသည် ဂရုဏာသက်နေခဲ့ကြသည်။
ချန်ကျိုစစ်သည် နေ့ရက်ပေါင်းများစွာ ဆဲရေးကြိမ်းမောင်းခံခဲ့ရပြီး လိုက်လံတိုက််ခိုက်ခံခဲ့ရသည်။ ပြစ်တင်စော်ကားမှုများကို သည်းခံ၍ လေးလံသည့်ဝန်ထုပ်ကြီးကို ထမ်းပိုးထားခဲ့ရသည်။ သူသည် သက်သေရှာဖွေလို့ မိမိကိုယ်ကိုယ် သက်သေထူခဲ့သည်။ ထို့ပြင် အန္တရာယ်များကြားမှ သူ့အတွက် နဂါးအသိုက်နှင့် ကျားဂူနှင့်မခြားသည့် ကျားဖြူခန်းမသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်လာခဲ့သည်– ဒါက စစ်မှန်တဲ့သူရဲကောင်းတစ်ယောက်ရဲ့ ကြံအင်လက္ခဏာပေပဲ!
စိတ်အားထက်သန်ပြင်းပြပြီး သစ္စာရှိတဲ့ ယောက်ျားသားတစ်ယောက်ပဲ!
ထိုအချိန်၌ အားလုံး၏အကြည့်များသည် စင်မြင့်ပေါ်တွင်ရပ်နေသည့် ဖုန်းရွှမ်သို့ ကျရောက်နေကြသည်။ လက်ရှိတွင် ဖုန်းရွှမ်သည် လူပြက်တစ်ယောက်ထက် မပိုတော့ပေ။
နန်ပါးထျန်း၏ မျက်နှာအမူအရာသည်တော့ ရှုပ်ထွေးနေခဲ့သည်။ နန်ပါးထျန်းသည် ဖုန်းရွှမ်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ဒေါသထွက်နေသည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားခဲ့ပြီး အော်ငေါက်ပြောဆိုလေသည်။
“ဖုန်းရွှမ် မင်းဘယ်လိုတောင် အတင့်ရဲတာလဲ! မင်း ငါ့ကိုလိမ်ခဲ့တာပဲ။ မင်းက ကိုယ့်ရဲ့မွေးစားအဖေကို ပြန်သတ်ပြီးတော့ ညီဖြစ်သူကို အပြစ်ပုံချခဲ့တယ်။ မင်း သေသင့်တဲ့ကောင်ပဲ!”
နန်ပါးထျန်း၏စကားအဆုံး၌ ချင်းယင်မှလည်း အော်ပြော၏။
“ဖုန်းရွှမ် ခွေးကောင်! မင်း ဘယ်လိုလုပ်ပြီး ငါတို့ကိုလိမ်ရဲရတာလဲ။ ငါတို့မှာ မင်းရဲ့အလိမ်အညာတွေကို ယုံကြည်ပြီး ချန်ကျိုစစ်ကို မှားယွင်းစွပ်စွဲခဲ့မိတယ်။ မင်း ကျေးဇူးကန်းတဲ့ကောင် သေသင့်တယ်!”
“မင်း ကျေးဇူးကန်းတဲ့ မျိုးမစစ်ကောင်၊ တိရစ္ဆာန်ကောင်၊ မင်းက သေသင့်တဲ့ကောင်ပဲ!”
“ခွေးကောင် ကိုယ့်မွေးစားအဖေကိုတောင် ပြန်သတ်ရဲတယ်ပေါ့လေ။ မင်းက တကယ် တိရစ္ဆာန်ကောင်ပဲ။ သေသင့်တဲ့ကောင်ပဲ!”
“ဖုန်းရွှမ်ကို သတ်ပစ်!”
“ဖုန်ရွှမ်ကို သတ်ပစ်!”
“သတ်ပစ်!”
လူအုပ်ကြီးသည် ချက်ချင်းပင် သူတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တရားမျှတမှု၏ စစ်သည်တော်ကြီးများအလား အမျက်ဒေါသများ ဟုန်းဟုန်းတောက်လာကြတော့သည်။ ငါးဖမ်းကုန်သည်အဖွဲ့ကြီးတစ်ခုလုံးသည် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလျက် ဖုန်းရွှမ်ကို ကျိန်ဆဲနေကြ၏။
တစ်ချိန်က ချန်ကျဲ့အပေါ် ပေါက်ဖွားခဲ့ဖူးသည့် နာကျည်းမုန်းတီးစိတ်သည် ယခုတွင်မူ ဖုန်းရွှမ်ထံ နှစ်ဆပွားများသွားခဲ့သည်။
ဤသည်မှာ လူထုရှုတ်ချခြင်း၏ စွမ်းအားဖြစ်သည်။ လူတစ်ယောက်၏ အမည်နှင့် ဂုဏ်သိက္ခာအား လုံးဝ အဆုံးစွန်အထိ ပျက်စီးစေနိုင်ပေသည်။
လူအုပ်ကြီး၏ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းသံများ၊ နန်ပါးထျန်း၏ ဒေါသတောက်လောင်နေသော အကြည့်တို့ကို မြင်သောအခါ ဖုန်းရွှမ်သည် ခါးသီးမှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
ကျုပ်က တစ်ချိန်လုံး ခင်ဗျားရဲ့ခွေးတစ်ကောင်အဖြစ် နေပေးခဲ့တာကို ခင်ဗျားက ကျုပ်ကို နည်းနည်းလေးတောင် ကာကွယ်မပေးဘူးပေါ့လေ?
ထိုအချိန်တွင် နန်ပါးထျန်းသည်တော့ ရေသေအလား တည်ငြိမ်နေခဲ့သည်။
မင်းကို ကာကွယ်ပေးရမတဲ့လား။ မင်းကို ကာကွယ်ပေးလိုက်ရင် ငါ့ကိုယ်ငါ အကျပ်အတည်းထဲကနေ လွတ်အောင်လုပ်နိုင်ပါတော့မလား။ မင််းသေမှ ငါကိုယ်ငါ ဆွဲချမခံရအောင် ကာကွယ်နိုင်မှာကွ။
ထိုအခိုက်အတန့်တွင် ဖုန်းရွှမ်သည် တစ်ကြိမ် ခွေးဖြစ်ဖူးပါက အမြဲတမ်းအတွက် ခွေးတစ်ကောင်သာ ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း နားလည်လိုက်ရသည်။
ခွေးတစ်ကောင်အတွက် လွတ်လမ်းမရှိဘူး။
လူအုပ်ကြီး၏ ဆဲရေးကြိမ်းမောင်းမှုများနှင့် ရင်ဆိုင်ရသည်တွင် ဖုန်းရွှမ်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏စိတ်နှလုံးသည် နက်ရှိုင်းလှစွာသော နာကျင်ဝမ်းနည်းမှုများ၊ အဆုံးစွန်သော မလိုလားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ငါ အကြံအစည်ထုတ်၊ အစီအစဉ်ချပြီးတော့ တတ်နိုင်သမျှနည်းလမ်းအားလုံးနဲ့ ကြိုးစားခဲ့တယ်။ ငါအောင်မြင်ပြီလို့ တွေးထင်မိတဲ့အချိန်မှာပဲ အဲဒီချန်ကျိုစစ်က အခြေအနေကို အလွယ်တကူပဲ ပြောင်းပြန််လှန်ပစ်လိုက်တယ်။
ငါ့ရဲ့ဝိဉာဉ်၊ ငါ့ရဲ့အသိစိတ်၊ ငါ့ရဲ့ဂုဏ်သိက္ခာ အရာအားလုံးကို ငါသစ္စာဖောက်ခဲ့၊ စွန့်လွှတ်ခဲ့ရတယ်။
နောက်ဆုံးမှာ ပြန်ရခဲ့တာက အဆုံးစွန်သော ပျက်စီးညှိုးနွမ်းမှုတဲ့လား။
ဖုန်းရွှမ်သည် ထိုနေ့က ဖန်းရှစ်ကျုံး သူ့ကိုကြည့်ခဲ့သည့် နောက်ဆုံးအကြည့်ကို သတိရမိသည်။
“ငါနောင်တရတယ်… ငါမင်းတို့ကို သေချာ မပျိုးထောင်နိုင်ခဲ့လို့ နောင်တရတယ်။ ငါ အဲဒီအတွက် နောင်တရမိတယ်”
ထိုစကားသည် သူ၏နားစည်တွင် ရစ်ဝဲနေခဲ့ကာ သူ့ကိုညှဉ်းပန်းနှိပ်စက်နေခဲ့သည်။
သူဘယ်တော့မှ မွေးစားအဖေကို မျက်နှာချင်းဆိုင်နိုင်တော့မည် မဟုတ်ပေ။ သူတကယ်ကို ကြိုးစားခဲ့ပြီး ထက်မြက်ခဲ့ပါသည်။ သို့သော် မွေးစားအဖေသည် ကြမ်းတမ်းရိုင်းစိုင်းသည့် ကျန်းချွမ်ကို မျက်နှာသာပေးခဲ့သည်။
အဲဒီငတုံးကောင်– သူက ဘာလို့ မွေးစားအဖေရဲ့ မျက်နှာသာပေးမှုနဲ့ ထိုက်တန်ရမှာလဲ။
သူ မွေးစားအဖေကို တစ်ခါမေးခဲ့ဖူးသည်။ မွေးစားအဖေသည် သူ၏ညီငယ်ကျန်းချွမ်သည် သူ့လောက် ဉာဏ်ရည်မထက်မြက်သောကြောင့် ကျန််းချွမ်ကို ပို၍ကူညီစောင့်ရှောက်ပေးသင့်သည်ဟု ပြောခဲ့သည်။
ငါက ဘာလို့ အဲဒီလိုလုပ်ရမှာတဲ့လဲ။ ငါက အစ်ကိုကြီးတစ်ယောက်အနေနဲ့ သေချာပေါက် ညီဖြစ်သူကို ကူညီစောင့်ရှောက်ပေးရမှာလား။ ကျန်းချွမ်က ငတုံးတစ်ယောက််ဆိုရင်လည်း ဘာလို့ ဒီတိုင်းသေမသွားလိုက်လဲ?
ဘာလို့ မွေးစားအဖေက ငါ့ကိုပဲ မချစ်ပေးနိုင်ရတာလဲ? ဘာလို့လဲ!
ငါက အရမ်းထက်မြက်နေလို့လား? ဟက် ဒါဆို ငါတုံးချင်ယောင်ဆောင်လိုက်မယ်။ ငါ သာမညောင်ညတစ်ယောက်လို နေမယ်။ အဲဒီလိုဆို မွေးစားအဖေက ငါ့ကို ပိုချစ်ပေးလာမလား။
မဟုတ်သေးဘူး။ မွေးစားအဖေက ငါ့ကိုဆက်ဆံတာ အရင်အတိုင်းပဲ။
ငါ မွေးစားအဖေကို အင်အားအာဏာပေးဖို့ တောင်းဆိုတာကို မွေးစားအဖေက ပြောတယ်။
‘ရွှမ်ရွှမ် မင်းက သာမန်ပဲ။ ဒါတွေကို စီမံခန့်ခွဲပေးတာကပဲ လုံလောက်နေပါပြီ။ အလျင်မလိုပါနဲ့။ ပြီးတော့ မင်းရဲ့ညီလေးတွေကိုလည်း လေ့ကျင့်ခွင့်ပေးလိုက်ပါဦး”
လေ့ကျင့်ဖို့? မင်းဘိုးအေကြီးကို လေ့ကျင့်ပါလား!
ငါ ထက်မြက်တော့ ညီတွေကို ကူညီစောင့်ရှောက်ဖို့ပြောတယ်။ ငါသာမန်ဖြစ်တော့လည်း ငါ့မှာ လုံလောက်တဲ့ အရည်အချင်းမရှိဘူးလို့ ပြောပြန်တယ်။
ဖန်းရှစ်ကျုံး မင်းဘိုးအေပဲ! ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်နေတာလဲ။
ကျုပ် ခင်ဗျားကို မုန်းတယ်၊ ကျုပ် ခင်ဗျားကိုမုန်းတယ်!
ကျုပ် ခင်ဗျားကို သတ်ပစ်ချင်တယ်!
ကျုပ် ခင်ဗျားကို သတ်တဲ့အချိန်ကျ ခင်ဗျား ကိုယ့်အမှားကို သိပြီး နောင်တရမလား ကျုပ်သိချင်တယ်!