အခန်း (၄၀၈)
Vol. 30 Ch. 408
ခင်ဗျား ကျုပ်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ပိုပြီးချစ်မြတ်နိုးပေးခဲ့ရင် ကျုပ်က ဒီလိုအဆုံးသတ်သွားရပါ့မလား။
ကျုပ်က အကြီးဆုံးသားလေ။ ကျုပ်က ခင်ဗျားရဲ့အမွေတွေကို ဆက်ခံတဲ့သူဖြစ်သင့်တာ။ ခင်ဗျားဘာလို့ ကျုပ်ကို အမြဲ အငယ်တွေကို ကာကွယ်ပေးတဲ့ ဒိုင်းကာဖြစ်စေချင်ရတာလဲ။ ခင်ဗျားဘာလို့ မွေးစားသားတွေ ထပ်ထပ်ပြီး မွေးစားနေရတာလဲ။
ကျုပ်က ခင်ဗျားရဲ့ နောက်ဆုံးမွေးစားသားဖြစ်လို့မရဘူးလား။
ဒါမှမဟုတ် ခင်ဗျား ကျုပ်ကို အစကတည်းက ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးတာလား။
ခင်ဗျားက ကျုပ်ကို ကိရိယာတစ်ခုလိုပဲ သဘောထားတာကို ကျုပ်မသိဘူးထင်နေလား။ ကျုပ် ခင်ဗျားကိုသတ်တယ်။ ဘာလို့ဆိို ခင်ဗျား အရင် ကျုပ်အပေါ် အမှားလုပ်ခဲ့တာမို့လို့ပဲ။
အခု ခင်ဗျား သေသွားပြီ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို ဂုဏ်သိက္ခာညှိုးနွမ်းပြီး ပျက်စီးအောင် လုပ်ခဲ့တုန်းပဲ။
ကျုပ်က ဘာလို့ ဒါတွေကို ခံစားနေရမှာလဲ?
ဖန်းရှစ်ကျုံး ကျုပ် ခင်ဗျားကို မုန်းတယ်၊ မုန်းတယ်!
ပြီးတော့ မင်း ချန်ကျိုစစ်!
မင်းက ထက်မြက်တယ်၊ သစ္စာရှိတယ်၊ မွေးစားအဖေက မင်းကို သဘောကျအောင် လုပ်နိုင်တယ်၊ မွေးစားအဖေက မင်းကို အာဏာလွှဲပေးတဲ့အထိအောင်ပဲ။
ငါ ဒီမှာရှိနေခဲ့တာ နှစ်၂၀ရှိပြီ။ အဲဒါကို မင်းက ရောက်လာလာချင်း ဆက်ခံသူဖြစ်သွားတယ်တဲ့လား?
မွေးစားအဖေက မင်းကို သံမဏိလက်ဝါးသိုင်းကိုတောင် အမွေပေးခဲ့တယ်တဲ့လား?
မင်းသာ ကျားဖြူခန်းမရဲ့ ခန််းမအရှင်သခင်ဖြစ်လာခဲ့ရင် ငါက ဘာဖြစ်သွားမလဲ?
ငါက အကြီးဆုံးသားလေ။ ကျားဖြူခန််းမက ငါ့အပိုင်ပဲ!
မင်းပိုင်ဆိုင်သင့်တဲ့အရာ မဟုတ်ဘူး!
ဒီလိုက အရမ်း မတရားဘူးလေ၊ ကောင်းကင်ဘုံက လုံးဝ မတရားဘူး!
ဒီနေ့ ဒီအခြေအနေကိုရောက်ရတာကို ကျုပ် ဖုန်းရွှမ် လက်မခံဘူး။ ကျုပ်အပေါ် ဖန််းရှစ်ကျုံးက အမှားလုပ်ခဲ့တာ၊ ကျုပ်က ဘာလို့ ကျေးဇူးကန််းတယ်လို့ သမုတ်ခံရမှာလဲ။
ကျုပ် သူ့ကိုသတ်ခဲ့တာ ကျုပ်မမှားဘူး!
ဒီနေ့ ခင်ဗျားတို့အားလုံး ကျုပ်ကို ဆန့်ကျင်ကြတယ်။ ရတယ်၊ ကျုပ်ရဲ့အဆုံးသတ်က မကောင်းနိုင်ဘူးဆိုတာကို ကျုပ်သိထားပြီးသားပဲ။ ဒါပေမဲ့ ကျုပ် လက်မခံနိုင်ဘူး။ ကျုပ်သေရမယ်ဆိုရင်လည်း တစ်ယောက်ယောက်ကိုတော့ ကျုပ်နဲ့အတူ ဆွဲခေါ်သွားရမှာပဲ။
“ချန်ကျိုစစ် မင်း ငါနဲ့ သိုင်းပြိုင်ရဲလား”
ဖုန်းရွှမ်၏မျက်လုံးများသည် သွေးရောင်နီမြန်းနေခဲ့သည်။ ဖုန်းရွှမ်သည် မိမိမှာ ဤကမ္ဘာလောကရှိ ဝမ်းနည်းနာကျင်မှုအားလုံးကို ခံစားခဲ့ရသည့်အလား သူသာလျှင် အနစ်နာဆုံးသူဟု ခံစားနေခဲ့ရသည်။
အခု ငါ့ရဲ့ဂုဏ်သိက္ခာနဲ့ အရာအားလုံးပျက်စီးသွားပြီဆိုမှတော့ ချန်ကျိုစစ် မင်းလည်း မလွတ်မြောက်နိုင်စေရဘူး။
လာစမ်းပါ ချန်ကျိုစစ်၊ မင်းက ငါ့အသက်ကိို လိုချင်နေမှတော့ လာယူလိုက်စမ်းပါ!
ဖုန်းရွှမ်သည် ချန်ကျဲ့ကို အဆုံးမဲ့လောက်အောင်သော အမျက််ဒေါသများဖြင့် ကြည့်နေခဲ့သည်။ သူ၏ဤဘဝသည် အလွန်ခက်ခဲခဲ့၏။ အားလုံးသည် သူ့ကို ဆန့်ကျင်နေခဲ့ကြပြီး သူ့ကို သေစေချင်ကြသည်။
သူလက်မခံနိုင်ပေ။ ကံကြမ္မာကို အရှုံးမပေးနိုင််ပါချေ။
ငါ့ကို ဖန်းရှစ်ကျုံးက စိတ်အေးသက်သာမှုမရှိနိုင်အောင် လုပ်ရင် ငါ ဖန်းရှစ်ကျုံးကို သတ်ပစ်မယ်။ ချန်ကျိုစစ်က ငါ့ကို ငြိမ်းချမ်းမှုမရှိနိုင်အောင်လုပ်ရင် ငါချန်ကျိုစစ်ကို သတ်ပစ်မယ်။
“ချန်ကျိုစစ် မင်းငါနဲ့ ပြိုင်တိုက်ရဲလား”
ဖုန်းရွှမ်မှ ထပ်မေးသည်။ ထိုအခါ အားလုံး၏အကြည့်များသည် ချန်ကျဲ့ဆီသို့ ရောက်သွားကြသည်။
ချန်ကျဲ့ ဖုန်းရွှမ်ကို ကြည့်လိုက်သည်။
“ဘာလို့ မတိုက်ရဲရမှာလဲ!
ချန်ကျဲ့၏ ဒီနေ့အတွက် ရည်ရွယ်ချက်သည် ဖုန်းရွှမ်ကို သတ်ဖြတ်ပြီး မွေးစားအဖေအတွက် လက်စားချေရန်ဖြစ်သည်။ အရာအားလုံး အမှန်အတိုင်းထုတ်ဖော်ပြီးသည့် လက်ရှိအချိန်သည် လက်စားချေရန် အပြီးပြည့်စုံသောအချိန်ပင် မဟုတ်ပါလော။
ငါက ဘယ်လိုလုပ်ပြီး အခွင့်အရေးကို လွဲချော်စေနိုင်ပါ့မလဲ။
မွေးစားအဖေရဲ့ရန်ငြိုး၊ ငါ့ကို ချောက်ချခဲ့တဲ့ရန်ငြိုး .. ငါဒီနေ့ ဒီရန်ငြိုးအားလုံးအတွက် စာရင်းရှင်းမယ်။
ချန်ကျဲ့ စိတ်ထဲမှတွေးတောလျက် စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားခဲ့သည်။ သူနှင့် ဖုန်းရွှမ်၏အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာနေသည်။ ဖုန််းရွှမ်သည်လည်း ချန်ကျဲ့ကို ကြည့်နေခဲ့၏။ သူတို့နှစ်ဦးသည် အကြည့်ချင်းဆုံနေကြပြီး အားလုံး၏အကြည့်များသည်လည်း သူတို့နှစ်ဦးထံ မလွှဲစတမ်း ကျရောက်နေကြသည်။
“ချန်ကျိုစစ် မင်းက တကယ်တစ်ခုခုပဲ။ ဒီလိုအခြေအနေမျိုးကိုတောင်မှ ဖြတ်ကျော်လာနိုင်သေးတယ်။ မင်းရဲ့ဘဝက အတော်လေး ကံကောင််းတာပဲ”
ဖုန်းရွှမ်မှ အံကြိတ်လျက် ပြောသည်။
ချန်ကျဲ့သည် ဖုန်းရွှမ်ကို ကြည့်နေမြဲပင်။
“ဖုန်းရွှမ်၊ မှားယွင်းတဲ့လုပ်ရပ်တွေက ကိုယ့်ကိုယ်ကိုယ်ပျက်စီးစေတယ်။ ငါက ကံကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတာမဟုတ်ဘဲ မင်းက အရမ်းအကြံအစည်များပြီး မကောင်းမှုတွေ အများကြီးကျူးလွန််ခဲ့လို့ပဲ။ အဲဒါကြောင့် မင်းကိုယ်တိုင်ကပဲ ကပ်ဘေးကြီးကို ဖိတ်ခေါ်မိခဲ့တာ”
“ဟား ဟား ဟား… မှားယွင်းတဲ့လုပ်ရပ်တွေက ကိုယ့်ကိုယ်ကိုယ်ပျက်စီးစေတယ်တဲ့လား ဟား ဟား ဟား… ချန်ကျိုစစ် မင်းကိုယ်မင်း အရမ်းတွေမွန်မြတ်နေသလို လုပ်မနေစမ်းပါနဲ့။ မင်းဘယ်လိုလူလဲဆိုတာ ငါ မသိဘဲနေပါ့မလား။ မင်းက ဒီတိုင်းကံကောင်းရုံပဲ။ ငါက အရမ်းကံဆိုးလွန်းနေတာကြောင့်သာ မဟုတ်ခဲ့ရင် ငါဘယ်လိုလုပ်ပြီး ဒီလိုအဆုံးသတ်ပါ့မလဲ။ ဒီနေ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေဖို့မလိုတော့ဘူး။ မင်းသေရင်သေ မသေရင် ငါသေပဲ!”
ချန်ကျဲ့၏ အကြည့်များ ခက်ထန်သွားလျက် ပြောသည်။
“ငါ့ရဲ့တကယ့်ရည်ရွယ်ချက်ကလည်း အဲဒါပဲ”
ထို့နောက် နှစ်ဦးသားသည် စတင်တိုက်ခိုက်ကြသည်။ သူတို့၏သိုင်းကွက်များသည် တစ်ထပ်တည်းနီးပါး တူညီကြ၏။
“သံမဏိလက်ဝါးသိုင်းလား?”
သူတို့နှစ်ဦး၏ သိုင်းကွက်များကို မြင်လိုက်ရသည်တွင် လူအုပ်ကြီးသည် အံ့ဩသွားတော့သည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များသည် ၎င်းသိုင်းကွက်ကို ချက်ချင်းမှတ်မိလိုက်ကြသည်။
သူတို့နှစ်ယောက်စလုံးက ဖန်းရှစ်ကျုံးရဲ့ သံမဏိလက်ဝါးသိုင်းကို သုံးနေကြတာပဲ။
“အဲဒီတော့ မင်းက တကယ်ကြီး သံမဏိလက်ဝါးသိုင်းကို တတ်မြောက်နေခဲ့တာပေါ့”
ချန်ကျဲ့သည် ဖုန်းရွှမ်ကို စူးစိုက်ကြည့်လိုက်ရင်း ပြောသည်။
ဖုန်းရွှမ်မှ ရယ်မောသည်။
“ဟား ဟား မင်းရဲ့သံမဏိလက်ဝါးသိုင်းက ပိုအားကောင်းမလား ငါ့ရဲ့သံမဏိလက်ဝါးသိုင်းက ပိုအားကောင်းမလား ကြည့်ကြတာပေါ့”
“ကြည့်ကြည့်တာပေါ့”
ထိုသို့ပြောလျက် သူတို့နှစ်ဦးသည် ရှေ့သို့ တစ်ဟုန်ထိုးချီတက်ကြရင်း ညာဘက်လက်ဖဝါးဖြင့် သိုင်းကွက်ထုတ်ကြသည်။ နှစ်ဦးစလုံးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်များဖြစ်ကြရာ သူတို့၏လက်ဖဝါးထက်တွင် ချီစွမ်းအင်ဖျော့ဖျော့ တောက်ပနေပေသည်။
သူတို့နှစ်ဦး၏ လက်ဖဝါးများ အရှိန်ပြင်းစွာ ထိခတ်သွားကြသည်။
ပထမသိုင်းကွက် – ဝက်ဝံနက် လိုဏ်ဂူမှထွက်ခွာ!
လေခွင်းသံနှင့်အတူ လေထုလွှာစုတ်ပြဲသွားပြီး လေဟာနယ်တစ်ခွင် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားခဲ့သည်။ ဤလက်ဝါးရိုက်ချက်သည် အောင်နိုင်သူကို အဆုံးအဖြတ်မပေးနိုင်ဘဲ နှစ်ဦးစလုံး ခြေတစ်လှမ်းစီ နောက်ဆုတ်သွားခဲ့သည်။
ထို့နောက် ရှေ့သို့ချက်ချင်း ထပ်မံချီတက်တိုက်ခိုက်ကြပြန်သည်။
ဒုတိယသိုင်းကွက်– သားရဲကျားမှ တောင်ကိုဖြိုခွင်း!
ဘုန်းဟူသည့်အသံကြီးနှင့်အတူ တိုက်ခိုက်သူနှစ်ဦးသည် လက်ဝါးရိုက်ချင်နှစ်ချက်ကို တစ်ဆက်တည်း ပစ်လွှတ်လိုက်ကြသည်။ သို့သော်ငြား နှစ်ဦးစလုံး ခြေသုံးလှမ်းစီ နောက်ဆုတ်သွားရခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။
သူတို့သည် ခန္ဓာကိုယ်ကို ပြန်ထိန်းမတ်လိုက်ပြီး ထပ်မံ၍ ချီတက်တိုက်ခိုက်ကြပြန်သည်။
တတိယသိုင်းကွက်– မိုးပြာရောင်နဂါးမှ ကောင်းကင်ကိုထမ်းပိုးခြင်း!
ဘုန်း ဘုန်း…
သူတို့နှစ်ဦးသည် မည်သူမျှ အသာစီးမရရှိဘဲ သိုင်းကွက်သုံးကွက်စလုံး ထပ်တူညီကာ သရေကျနေခဲ့သည်။
ထိုအချိန်တွင် စင်အောက်မှကြည့်နေသူများသည် ကြောင်အနေကြ၏။ ခေါင်းဆောင်လျိုမှ ပြောသည်။
“ဒါက ဆရာတစ်ယောက်တည်းဆီက သင်ထားတာပဲ။ သူတို့ တစ်ယောက်ရဲ့သိုင်းကွက်ကို တစ်ယောက်က မချိုးဖျက်နိုင်ကြဘူး”
လျိုလောင်ကွေ့အနီးရှိ လူများသည် သဘာတူညီစွာ ခေါင်းညိတ်ကြသည်။
ချီမုကောမှ ခေါင်းဆောင်နန်ကို မေးသည်။
“ခေါင်းဆောင်နန် ဘယ်လိုသဘောရလဲဗျ”
နန်ပါးထျန်းမှ ပြောသည်။
“သစ္စာဖောက်က သေသင့်တယ်”
ချီမုကောမှ ပြောသည်။
“မဟုတ်ဘူး၊ ကျွန််တော်မေးတာက သူတို့ရဲ့သိုင်းပညာကိုပါ”
နန်ပါးထျန်းမှ ပြောသည်။
“သူတို့ရဲ့သိုင်းပညာက အတူတူပဲ၊ ကျင့်ကြံဆင့်တွေကလည်း အတူတူပဲ၊ အနိုင်ရသူကို ခန့်မှန်းဖို့ခက်တယ်”
ထိုအခါ ချီမုကောမှ ပြောသည်။
“ဟုတ်လား? ဒါပေမဲ့ ကျုပ်ကြားဖူးတာတော့ ဖန်းရှစ်ကျုံးရဲ့ သံမဏိလက်ဝါးသိုင်းက ကျားဖြူခန်းမရဲ့ အနာဂတ်ဆက်ခံသူကိုပဲ လက်ဆင့်ကမ်းသင်ကြားပေးတာတဲ့။ ဘယ်လိုလုပ်ပြီး အဲဒီသိုင်းကို တတ်မြောက်တဲ့သူက နှစ်ယောက်တောင်ရှိနေရတာလဲ”
နန်ပါးထျန်းမှ ပြောသည်။
“ကြည့်ရတာ ကျွန်တော့်ရဲ့ဆရာတူအစ်ကိုကြီးက သူတို့နှစ်ယောက်စလုံးကို သင်ပေးခဲ့တာဖြစ်ပါလိမ့်မယ်”
“ဟုတ်လား?”
ချီမုကောသည် တောက်ပစွာ ပြုံးရယ်လိုက်ပြီးနောက် ပြောသည်။
“ဒါပေမဲ့ ကွာခြားချက်လေးတွေ ရှိနေသလိုပဲနော် ဟုတ်တယ်မလား”
နန်ပါးထျန်းမှ ပြောသည်။
“ဟားဟား ကျွန်တော့်အမြင်မှာတော့ အတူတူပါပဲဗျာ”
သူတို့နှစ်ဦး အပြန်အလှန်စကားပြောနေကြစဉ် ချန်ကျဲ့နှင့် ဖုန်းရွှမ်တို့သည် သိုင်းကွက်ပေါင်း ဒါဇင်ချီအောင် ဖလှယ်ပြီးကြလေပြီ။ သူတို့နှစ်ဦး၏ သံမဏိလက်ဝါးသိုင်းသည် တူညီစွာ သရေကျနေခဲ့၏။ ကျင့်ကြံဆင့်ကွာဟချက်သည်လည်း သေးငယ်လွန်းလှရာ အချိန်တစ်ခုအထိ အနိုင်ရသူကို ခန့်မှန်းရန်မှာ ခက်ခဲပေသည်။
သူတို့နှစ်ဦးသည် နောက်ထပ် သိုင်းကွက်၁၀ကွက်ကျော်ကို ထပ်မံဖလှယ်ခဲ့သည်။
ဖုန်းရွှမ်မှ လှောင်ရယ်လျက် ပြောသည်။
“ဟားဟားဟား… ချန်ကျိုစစ် မင်းဘာကိုထောင်လွှားချင်သေးလဲ။ မွေးစားအဖေ မင်းကိုသင်ပေးခဲ့တဲ့ သံမဏိလက်ဝါးသိုင်းက ငါ့သိုင်းပညာနဲ့ အတူတူပဲ။ အဲဒါက ဘာအဓိပ္ပာယ်ဖြစ်မလဲ။ မင်းက ငါ့ထက်ပိုပြီး အင်အားမကြီးမားနိုင်ဘူးလို့ ဆိုလိုနေတာ မဟုတ်ဘူးလား။ ငါက ကိုယ့်ဘာကိုယ်လေ့ကျင့်ပြီး ဒီလောက်အထိ အောင်မြင်နိုင်တာကို မင်းကတော့ မွေးစားအဖေရဲ့ သင်ကြားပြသမှုရှိနေတာတောင်မှ ဒီအဆင့်လေးပဲရှိတယ်။ သူသာ ငါ့ကို သင်ပေးဖို့ ဆန္ဒရှိခဲ့ရင် ငါမင်းကို နေရာမှာတင် လက်ဝါးတစ်ချက်တည်းနဲ့ သေအောင် သတ်ပစ်နိုင်လိမ့်မှာ”
ထိုစကားလုံးများထဲမှ ဖော်ပြချက်ကို ချန်ကျဲ့ မလွဲချော်ပါချေ။ ဖုန်းရွှမ်သည် မွေးစားအဖေ၏ မျှတမှုကို မကျေနပ်ခြင်းဖြစ်သည်။
ငါဒီနေ့ ဖုန်းရွှမ်ကို သံမဏိလက်ဝါးသိုင်းနဲ့ မသတ်နိုင်ခဲ့ရင် လူတွေက ဒီအကြောင်းနဲ့ပတ်သတ်ပြီး အဆက်မပြတ် ဟောင်နေကြတော့မှာပဲ။ ကောင်းကင်ဘုံက မွေးစားအဖေရဲ့ဝိဉာဉ်လည်း အေးချမ်းနိုင်မှာ မဟုတ်ဘူး။
ချန်ကျဲ့သည် အမျက်ဒေါသကြောင့် မျက်လုံးများနီရဲနေလျက် အော်ဟစ်ပြောဆိုသည်။
“ဖုန်းရွှမ် မင်း ဒီလက်ဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိရင် ငါရှုံးနိမ့်တယ်လို့ ဝန်ခံလိုက်မယ်!”
ဝှစ်!
ချန်ကျဲ့သည် လက်ဖဝါးကို အနည်းငယ်ဝှေ့ရမ်းလိုက်ရာ လေထုသည် ရုတ်တရက် ပူပြင်းခြောက်သွေ့လာခဲ့သည်။ ထိုအချိန်၌ စင်အောက်တွင် စကားစမြည်ပြောနေသည့် ချီမုကောနှင့် နန်ပါးထျန်းတို့နှစ်ဦးသည် သာမန်ထက် သာလွန်ထူးကဲနေသည့် အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။
လျိုလောင်ကွေ့မှ မယုံကြည်နိုင်စွာဖြင့် ပြောသည်။
ဒါက ဘာလဲ?
ချောင်ဟုန်ယန်သည်လည်း ချန်ကျဲ့ထံမှ လှိုင်းလေထန်သည့် အရှိန်အဝါကို ခံစားမိသည်တွင် မယုံကြည်နိုင်သော မျက်နှာအမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
ဖုန်းရွှမ်၏မျက်နှာအမူအရာလည်း သိသိသာသာပြောင်းလဲသွားခဲ့သည်။
ချန်ကျဲ့၏လက်များသည် ဝှေ့ရမ်းနေဆဲဖြစ်သည်။ ချန်ကျဲ့၏စိတ်အစဉ်သည် ဧရာမနဂါးကြီး ကြမ်းတမ်းစွာ လှုပ်ရှားလူးလှိမ့်နေသည့်အလား၊ အဆက်မပြတ် ဟိန်းဟောက်နေသည့်အလားပင်။
ဂါး…
ဤသည်မှာ ချန်ကျဲ့၏အသက်နုတ်တိုက်ကွက်ဖြစ်သည်။ ဤတိုက်ကွက်မှာ နဂါးနိုင်လက်ဝါးသိုင်း တစ်စိတ်တစ်ပိုင်းကို သံမဏိလက်ဝါးသိုင်းထဲသို့ ပေါင်းထည့်ထားခြင်းဖြစ်သည်။
ဤတိုက်ကွက်၏အင်အားသည် မူလနဂါးနိုင်လက်ဝါးသိုင်း၏ လေးကွက်မြောက်သိုင်းကွက် နဂါးအားမာန်ထက် အားနည်းသည်။ သို့သော် ၎င်းသည် သံမဏိလက်ဝါးသိုင်းကို နယ်ပယ်အဆင့်တိုးတက်စေနိုင်ပြီး နဂါးနိုင်လက်ဝါးသိုင်း၏ မူကွဲတစ်မျိုးဟု သတ်မှတ်နိုင်ပေသည်။
ဂါး…
ချန်ကျဲ့သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များကို လက်ဖဝါးဆီသို့ စီးဆင်းစေပြီးနောက် ဖုန်းရွှမ်အား သနားညှာတာခြင်းကင်းမဲ့စွာ တိုက်ခိုက်သည်။
ဖုန်းရွှမ်သည် သူ၏ရှေ့တွင် ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည့်အလား ခံစားလိုက်ရသည်။ အရှိန်အဝါကြီးမားလှသော နဂါးကြီးသည် ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည်အထိ ဟိန်းဟောက်မြည်တမ်းလျက် သူ့ထံ ဦးတည်လာနေသည့်အလားပင်။
သူကိုယ်တိုင်သည်တော့ နဂါးကြီး၏ ပစ်မှတ်ထားခံနေရသည့် ဘာမျှမတတ်နိုင်စွမ်းသော ပုရွက်ဆိတ်လေးတစ်ကောင်မျှသာ ဖြစ်နေခဲ့ပြီး စိုးစဉ်းသော်မျှ မလှုပ်ရှားနိုင်တော့ပေ။
“ဘယ်… ဘယ်လိုဖြစ်နိုင်မှာလဲ!”
ဖုန်းရွှမ်သည် ကြောက်ရွံ့ထိတ်လန့်လျက် မျက်လုံးများ နီရဲဖူးရောင်လာသည်။ သူသည် နေရာတွင် မလှုပ်မယှက်ရပ်နေခဲ့ရင်း သူ့ထံ ဦးတည်လာနေသည့် နဂါးကို ကြည့်နေခဲ့သည်။ မျက်နှာအမူအရာမှာလည်း အလွန်တုန်လှုပ်ချောက်ချားနေခဲ့၏။
လောကကြီးမှာ ဘယ်လိုလုပ်ပြီး ဒီလိုသိုင်းကွက်မျိုးရှိနေရတာလဲ!
အဲဒါကလည်း သံမဏိလက်ဝါးသိုင်းပဲလား?
သို့သော် ဖုန်းရွှမ်မှာ အံ့အားသင့်နေရန် အချိန်မရှိပေ။ အကြောင်းမှာ ချန်ကျဲ့၏ လက်ဝါးရိုက်ချက်သည် သူ့ထံ ကျရောက်လာပြီဖြစ်သောကြောင့်ပင်။
“ဖုန်းရွှမ် သေလိုက်တော့!”