← Chapters

ပိုက်ဆံရှိတာကို ယှဉ်မလား လာခဲ့လေ

Vol. 4 Ch. 48

ပိုက်ဆံရှိတာကို ယှဉ်မလား လာခဲ့လေ

Vol. 4 Ch. 48

"ဒါကမှ ဂုဏ်ထူးဆောင်တပည့် တွေရဲ့ အဓိက ပွဲ ပေါ့ "

ဝမ်ကျိယွီ က ပြုံး ပြီး "လွတ်လွတ်လပ်လပ် စိန်ခေါ် ပြီးသွားတိုင်း ဂုဏ်ထူးဆောင်တပည့် တွေရဲ့ စိတ်ထဲ မှာ ဒေါသ တွေ ပြည့်နှက် နေတတ်တယ်"

"ရတနာ အရောင်းအဝယ် ပွဲက သူတို့ ဒေါသဖြေဖျောက် တဲ့ အချိန် ပဲ။"

ထန်ထျန်းက နားမလည်စွာဖြင့် "ဘာလို့လဲ" ဟု မေးသည်။

ဝမ်ကျိယွီ က "မင်း စောင့်ကြည့် ရင် သိမှာပေါ့ကွာ " ဟု ပြန်ဖြေသည်။

မကြာခင်မှာပဲ ရတနာ အရောင်းအဝယ် ပွဲက တရားဝင် စတင် ခဲ့သည်။

အထူး ပုဂ္ဂိုလ် တွေက ရတနာ အမျိုးမျိုးကို ယူဆောင် လာကြသည်။ လူတိုင်းက စစ်ဆေး ကြည့်ပြီးမှ အရောင်းအဝယ် လုပ်ကြသည်။

ဝမ်ကျိယွီ ပြောသည့်အတိုင်း ရတနာ အရောင်းအဝယ် ပွဲက နွေဦးပန်းခြံ က ရှားပါး ရတနာများ ပြပွဲ နှင့် လုံးဝ မနှိုင်းယှဉ် နိုင်ပေ။

အဓိကအချက် ကလည်း လုံးဝ ကွဲပြား နေသည်။

ယူဆောင် လာသော ရတနာ များက အခြေခံအားဖြင့် ကျင့်ကြံခြင်း နှင့် သက်ဆိုင် သော အရာများ ဖြစ်ကြပြီး အဆင့် ကလည်း အလွန်မြင့် သည်။ ဆဋ္ဌမအဆင့်၊ သတ္တမအဆင့် သဘာဝ ပစ္စည်း များ နေရာအနှံ့ ရှိနေပြီး အဋ္ဌမအဆင့် ပစ္စည်းများပင် ပါဝင် သည်။ ထန်ထျန်းပင်လျှင် မမြင်ဖူး သေးပေ။

သူတို့ရဲ့ စျေးနှုန်း များကလည်း အလွန်မြင့်မား သည်။

အနည်းဆုံး သန်း ရာပေါင်းများစွာ ရှိပြီး အများဆုံး မှာ ဆယ်ဘီလီယံ နှင့် နီးနီး ပင်။

ဒါပေမဲ့ လက်ရှိ ထန်ထျန်း အတွက်တော့ ဒီ ပမာဏ က နည်းနည်း နည်းလွန်း နေသေးသည်။

အားမရဘူးကွာ။

ပစ္စည်း အားလုံးကို ပေါင်း လိုက်ရင်တောင် သူ့ရဲ့ ပိုင်ဆိုင်မှု ကို နှစ်ဆ တိုး အောင် မလုပ်နိုင် ခဲ့ပေ။

အဆင့်အမြင့်ဆုံး အရောင်းအဝယ်ပွဲ တဲ့၊ ထွီ ...

ပတ်ပတ်လည် ကို ကြည့် ပြီးနောက် ဂုဏ်ထူးဆောင်တပည့် တွေရဲ့ အဓိကပွဲ ဖြစ်တယ်လို့ ဝမ်ကျိယွီ ဘာလို့ ပြောလဲဆိုတာကို ထန်ထျန်း နားလည် သွားသည်။

ဒီ ရတနာ တွေက ကျင့်ကြံခြင်း အတွက် အလွန် အထောက်အကူ ဖြစ်စေသည်။ ကျင့်ကြံမှုအဆင့်၊ဉာဏ်အလင်းပွင့်ခြင်း ၊ သိုင်းပညာကျွမ်းကျင်မှု ၊ ဝိညာဉ်စွမ်းအား စတာတွေ အားလုံး ပြည့်စုံ နေသည်။ အချို့ကို ဝယ်ယူ နိုင်ပါက မိမိကိုယ်တိုင် ကျင့်ကြံခြင်း အတွက် များစွာ အထောက်အကူ ပြုလိမ့်မည်။

ဒါပေမဲ့ အဲဒီ "သန့်စင်" တဲ့ အဓိက တပည့် တွေမှာ ပိုက်ဆံ ဘယ်မှာ ရှိမှာလဲ။

သူတို့ရဲ့ စား စရာ၊ နေ စရာ၊ သုံး စရာတွေ အားလုံး က ဂိုဏ်း ကနေ လာ တာပင်။ သူတို့မှာ သန်း ရာပေါင်းများစွာ ရှိရင်တောင် ချမ်းသာ သူလို့ သတ်မှတ် လို့ရပြီပင်။

ဂုဏ်ထူးဆောင်တပည့် တွေက ယူဆောင် သွားတာကိုပဲ မျက်စိ နဲ့ စိုက်ကြည့် နေနိုင်တော့သည်။

ပြီးတော့ ဒီ ရတနာ တွေက ဂုဏ်ထူးဆောင်တပည့် တွေနဲ့ သဘောတူညီမှု ရထားတဲ့ ဧည့်သည် တွေအတွက် အသုံးပြု မယ်ဆိုတာကိုလည်း သူတို့ သိ သည်။

သူတို့ စိတ်မလှုပ်ရှား ဘူးလို့ ပြောရင် မမှန် ပေ။

တကယ်ပဲ "ဆင်းရဲ လို့ မပြောင်းလဲ နိုင် သူ" တွေက ရှားပါး တဲ့ တည်ရှိမှု ပင်။

" အစ်ကိုရှောင် ၊ ဒီ ကွမ်တူ အလံ အစီအရင် က မင်း ကျင့်ကြံတဲ့ နည်းစနစ် နဲ့ အရမ်း လိုက်ဖက် တာပဲ"

"သုံး ဘီလီယံ ကုန်ကျပေမယ့် မင်း နဲ့ ထိုက်တန် တယ်"

"ဝယ် လိုက် ဝယ် လိုက်"

ဂုဏ်ထူးဆောင်တပည့် အချို့က တမင်တကာ ကျယ်လောင်စွာ စကားပြော ပြီး အဓိက တပည့် တွေကို မျက်စောင်း ထိုးခဲ့သည်။

သူတို့က ရန်သူ နှစ်ဦး လိုပင်။

ပတ်ပတ်လည် ကို ကြည့် ပြီးနောက် ထန်ထျန်းလည်း စ ဝယ်ယူ ခဲ့သည်။

ဧည့်သည် တွေကို ပြုစုပျိုးထောင် ခြင်းဖြင့် ဝူဒင် နန်းတော် သို့ ဝင်ရောက် ရန် ဆုံးဖြတ် ပြီးပြီဖြစ်သောကြောင့် ကြိုတင် ပြင်ဆင်မှု အချို့ ပြုလုပ် ဖို့ လို သည်။

ဒီ ရတနာ တွေရဲ့ အကျိုးသက်ရောက်မှု တွေက တော်တော် ကောင်း သည်။

ဒါကြောင့် ထန်ထျန်းက သူ့ရဲ့ စျေးနှုန်း ကို စတင် ညှိနှိုင်း ခဲ့သည်။

"လင်းတာအို ပန်း၊ တစ်ကိုင်းကို ၁.၈ ဘီလီယံ လား"

"၂.၈ ဘီလီယံ နဲ့ ရောင်း မလား"

"ချုံကော သစ်သီး၊ တစ်လုံးကို သန်း ကိုးရာ လား"

"ငါ ၁.၃ ဘီလီယံ ပေးမယ်။ အကုန်လုံး ထုပ် ပေးပါ"

.....

ထန်ထျန်းက စနစ် ရဲ့ အောက်ခြေ မျဉ်း မှာ လမ်းလျှောက် နေပြီး ခွင့်ပြု ထားသော အမြင့်ဆုံး စျေးနှုန်း ဖြင့် ပစ္စည်း အားလုံးကို ဝယ်ယူ ခဲ့သည်။

ဒီလို ထူးဆန်း တဲ့ စျေးညှိနှိုင်းမှု ပုံစံကြောင့် ပတ်ဝန်းကျင် က ဂုဏ်ထူးဆောင်တပည့် တွေက စိုက် ကြည့် ကြသည်။

ညီလေး၊ မင်း အရမ်း ချမ်းသာ တယ်ဆိုတာကို ငါတို့ သိ တယ်။ ဒါပေမဲ့ ဒီလို ပိုက်ဆံ သုံးတဲ့သူ တစ်ခါမှ မကြားဖူး ဘူးကွာ

ဒီလို ဖြုန်းတီး တာ တကယ် ပြဿနာ မရှိဘူးလား

ထန်ထျန်းရဲ့ ပျော်ရွှင် တဲ့ အသွင်အပြင် ကို ကြည့်ပြီး သူတို့ ခေါင်းခါ လိုက်ကြသည်။

ကောင်းပါ့ကွာ မိသားစု တိုင်းမှာ ပြောဖို့ ခက် တဲ့ ပြဿနာ တွေ ရှိကြတာပဲ။ ထန်ထျန်းရဲ့ မိသားစု က ပိုက်ဆံ မသုံး ရင် မိသားစု စည်းမျဉ်း တွေနဲ့ အပြစ်ပေး ခံရမှာ ဖြစ်နိုင်တယ်...

အရောင်းအဝယ် က အချိန်အတန်ကြာ ဆက်သွားနေ ခဲ့သည်။

ထန်ထျန်းက ရေ သွန်ချသလို ဘီလီယံ တစ်ရာကျော် သုံး လိုက်တာကြောင့် အဓိက တပည့် အချို့ အံ့အားသင့် သွားသည်။

ဂိုဏ်း ထဲမှာ ပစ္စည်း ဝယ် တဲ့ ပမာဏ ဒီလောက် များ နိုင်တယ်ဆိုတာကို သူတို့ ပထမဆုံးအကြိမ် သိ လိုက်ရသည်။

အချိန် ကုန်လွန်လာတာနဲ့အမျှ ရတနာ အရောင်းအဝယ် ပွဲ ပြီးဆုံး ခဲ့သည်။

နောက်ဆုံးတော့ တောင်ထိပ်ငါးခု ဖလှယ်ရေး အစည်းအဝေး ရဲ့ နောက်ဆုံး အစီအစဉ် ဖြစ်တဲ့ ဂုဏ်ပြုပွဲ ကို ရောက်လာခဲ့သည်။

ဂိုဏ်းချုပ်လေး ယွမ်ခုံး က တစ်ဖန် ပေါ်လာ ပြန်သည်။

သူက ဂုဏ်ပြုပွဲ ရဲ့ အစီအစဉ်မှူး ပင်။

ပထမဆုံးအနေနဲ့ သူက လွန်ခဲ့သောနှစ် က ဂိုဏ်း အတွင်းမှာ ကြီးမား တဲ့ ပံ့ပိုးမှု တွေ ပြုလုပ် ခဲ့သူ အားလုံး ကို ဂုဏ်ပြု ခဲ့သည်။

ထို့နောက် လူတိုင်း ပြီးမြောက် ခဲ့တဲ့ ပံ့ပိုးမှု တွေအတွက် အမှတ် အဖြစ် ပြောင်းလဲ ပြီး ဖြန့်ဝေ ပေးခဲ့သည်။

ဂုဏ်ပြုမှတ် ရဲ့ အကျိုးသက်ရောက်မှု က အလွန်ကြီး သည်။

ဂုဏ်ထူးဆောင်တပည့် တွေအတွက် ဂုဏ်ပြုမှတ် က အခွင့်အရေး နဲ့ အဆင့်အတန်း ကို ကိုယ်စားပြု ပြီး ဝူဒင် နန်းတော် ကို ဝင်ရောက်နိုင်ခြင်း အပါအဝင် အရာများစွာ ကို လုပ်ဆောင် နိုင်စေသည်။

အဓိက တပည့် တွေအတွက်တော့ ဂုဏ်ပြုမှတ် က ဝိညာဉ်ကျောက် နဲ့ အထူး အရည်အချင်း များစွာကို ကိုယ်စားပြု သည်။

ဂုဏ်ပြုမှတ် ဖြင့် သူတို့က ပိုပြီး ကောင်းမွန် တဲ့ ကျင့်ကြံရေး အရင်းအမြစ် တွေကို ရရှိ နိုင်ပြီး တစ်ချိန်တည်းမှာပဲ လျှို့ဝှက် ကျင့်ကြံရေး နေရာ အချို့ကို ဝင်ရောက် ခွင့် လက်မှတ် ဖြစ်လာကာ သူတို့ရဲ့ ခွန်အား ကို ထပ်မံ မြှင့်တင် နိုင်မည်။

ခြုံပြော ရရင် ဒါက လူတိုင်း အလွန် လိုချင် တဲ့ အရာ ပင်။

ထန်ထျန်းလည်း လိုချင် သည်၊ ဒါပေမဲ့ သူ ဂိုဏ်း အတွက် ပြုလုပ် ခဲ့တဲ့ ပံ့ပိုးမှု က ဂုဏ်ပြုမှတ် တစ်ခု ခွဲဝေ ပေးဖို့ မလုံလောက် သေးပေ ။ ဒါကြောင့် နောက်ဆုံး အစီအစဉ် ကိုပဲ စောင့် ရသည်။

ပံ့ပိုး ပေးခြင်း

ပံ့ပိုး ပေးခြင်း ဆိုသည်မှာ အနှစ်သာရအားဖြင့် လှူဒါန်းခြင်း နှင့် တူ သည်။

ပိုက်ဆံ ဖြင့် ဂုဏ်ပြုမှတ် ကို ဝယ်ယူ ခြင်း ဖြစ်သည်။

အဆင့်မြင့် ဝိညာဉ်ကျောက် တစ်သောင်း ( ဆယ်ဘီလီယံ ဝိညာဉ်ကျောက်) က ဂုဏ်ပြုမှတ် တစ်မှတ် ကို လဲလှယ် နိုင်သည်။

ဒါ ဘယ်လောက် လွယ်ကူ လိုက်သလဲ

ထန်ထျန်းက ဒီလို ပုံစံ ကိုပဲ ကြိုက် သည်။

အချိန်အတန်ကြာ ပြီးနောက် လူတိုင်းရဲ့ လွန်ခဲ့သောနှစ် က ဂုဏ်ပြုမှတ် ကို နောက်ဆုံး မှာ တွက်ချက် ပြီးဆုံး ခဲ့သည်။ ဂုဏ်ပြုမှတ် တစ်မှတ် မပြည့်ပါက မတွက်ချက် ခဲ့ပေ။

ပြီးဆုံးပြီးနောက် ထန်ထျန်း အမျှော်လင့်ဆုံး အစီအစဉ် ကို ရောက်လာသည်။

ဂိုဏ်းချုပ်လေး ယွမ်ခုံး က ဖျော့တော့စွာ ပြုံး လိုက်ပြီး ဂုဏ်ထူးဆောင်တပည့် တွေဘက်ကို ကြည့်လိုက် ကာ "မင်း တို့ ဘာကို စောင့် နေကြတာလဲ" ဟု ပြောနေသလိုပင်။

သခင်လေး အချို့က ဦးဆုံး စတင် လိုက်သည်။

"လုချန်းကျီ ဂုဏ်ပြုမှတ် နှစ်ရာ ပေးပါတယ် "

"ထျန်းယန်ရှန်း၊ ဂုဏ်ပြုမှတ် နှစ်ရာ"

"မိုရှောင်ရှောင်း၊ ချန်စစ်ရို၊ တစ်ရာ စီ"

"ကျင်းဟန်၊ တစ်ရာ့ငါးဆယ်"

"ကွမ်းမုန့်၊ တစ်ရာ့ငါးဆယ်"

"တုယွမ်ချင်း၊ တစ်ရာ"

......

ခေါင်းဆောင် တွေက ခေါင်းဆောင် ကောင်းတွေ ဖြစ် သဖြင့် ရာပေါင်းများစွာ ကို ပေး လိုက်ကြ သည်။ ဒါက ထရီလီယံ များစွာ ဝိညာဉ်ကျောက် တွေပင်

သောက်ကျိုးနဲ သူတို့က ချမ်းသာ ကြတာပဲ။

ထန်ထျန်းက ခေါင်းညိတ် လိုက်သည်။ နောက်ဆုံးတော့ ယှဉ်ပြိုင် နိုင်သူ အချို့ တော့ ရှိ လာပြီပင်။

ခေါင်းဆောင် တွေ ဥပမာ ပြပြီးနောက် အခြား ဂုဏ်ထူးဆောင်တပည့် တွေလည်း ရှေ့ ကို တက် လာကြသည်။

ဒါပေမဲ့ သူတို့က နည်းနည်း နည်း သည်။ ဂုဏ်ပြုမှတ် က တစ်ဂဏန်း အဆင့်မှာပဲ ရှိကြသည်။ ဂုဏ်ပြုမှတ် က နှစ်ဂဏန်း ထက် ကျော် သွားသူ ရှိ ပါက အခြား သူတွေကို အံ့အားသင့် စေခဲ့သည်။

ခဏ အကြာမှာပဲ ထန်ထျန်းလည်း ရှေ့ ကို တက် လာခဲ့သည်။

"ထန်ထျန်း"

"ဒါက မင်း ပထမဆုံး ပံ့ပိုး ပေး တာ ဖြစ်မယ်။ ဘယ်လောက် ပေး မှာလဲ"

ယွမ်ခုံး က မေးသည်။

ထန်ထျန်းက စဉ်းစားပြီး စမ်းသပ် လိုသောကြောင့် အဆင့်မြင့် ဝိညာဉ်ကျောက် တစ်သောင်း ကို ထုတ် ပြီး ပြောသည်။ "ဂုဏ်ပြုမှတ် တစ်မှတ်"

ယွမ်ခုံး က ခေါင်းညိတ်ပြီး လျင်မြန်စွာ စီစဉ် ပြီးနောက် လှပ သော ကျောက်စိမ်းပြား တစ်ခုကို ပေးသည်။

"ဂုဏ်ပြုမှတ် ကို ဒီမှာ သိမ်း ထားတယ်။ အတွင်းမှာ ဂုဏ်ပြုမှတ် နဲ့ ပတ်သက်တဲ့ ရှင်းလင်းချက် တွေလည်း ပါ တယ်"

ယွမ်ခုံး က ပြောသည်။

ထန်ထျန်းက ခေါင်းညိတ်ပြီး ကျောက်စိမ်းပြား ကို သိမ်း လိုက်သည်။ ချက်ချင်း စစ်ဆေး ဖို့ မစိုးရိမ် ဘဲ စနစ် ကို ကြည့် လိုက်သည်။

"ဒီ အရောင်းအဝယ် က ပုံမှန် သုံးစွဲမှု ဖြစ်ပြီး သုံးစွဲမှုအမှတ် တစ်သန်း ရရှိ သည်"

ပျော်ရွှင် တဲ့ အပြုံး က ထန်ထျန်းရဲ့ နှုတ်ခမ်း မှာ ပေါ် လာသည်။

အောင်မြင်သွားတယ်ကွ ဒါဆို သုံးစွဲမှုအမှတ် ကို မကြာခဏ ရရှိ နိုင်တာ မဟုတ်ဘူးလား

ပံ့ပိုး ပေးခြင်း လို ကိစ္စ မျိုးမှာ ကန့်သတ်ချက် မရှိဘူး ထင်ပါသည်။

ထန်ထျန်း စိတ်ထဲ မှာ ပျော် နေပြီး စဉ်းစား နေတုန်း ဘေးနား ကနေ လှောင်ပြောင် တဲ့ အသံ တစ်ခု ထွက် လာသည်။

"ဟမ့်၊ မင်း တကယ် ချမ်းသာ တယ်လို့ ထင်နေတာ၊ ဂုဏ်ပြုမှတ် တစ်မှတ် ပဲလား"

"ခုနက ရတနာ အရောင်းအဝယ် မှာ ပိုက်ဆံ ကုန်သွားပြီလား"

ထန်ထျန်း ခေါင်းမော့ ကြည့်လိုက်ရာ စကားပြော နေသူက မိုရှောင်ရှောင်း ရဲ့ လက်အောက်ခံ တောင် တောင်ထိပ် က တင်းရှောင် ဖြစ်နေသည်။

ဒီ ကောင် က သူ့ကို မကျေမနပ် ဖြစ်နေပုံရသည်။

တင်းရှောင်း က ပြောပြီးနောက် ယွမ်ခုံး ရှေ့ ကို လာ ပြီး သိုလှောင် လက်စွပ် တစ်ခုကို ပေး ကာ " ဂိုဏ်းချုပ်လေး ကျွန်တော် တင်းရှောင် က ဂုဏ်ပြုမှတ် နှစ်ဆယ် ပေး ပါတယ်"

စကားသံ ဆုံး တာနဲ့ အံ့အားသင့် တဲ့ အကြည့် တွေ ပေါ် လာသည်။

"တောင် တောင်ထိပ် တင်းရှောင်၊ သခင်မလေး မို ရဲ့ လက်ထောက် "

"သာမန်မဟုတ်ဘူးပဲ "

လူတွေက ချီးကျူး ကြသည်။

ဒီ အသံ တွေက တင်းရှောင် ကို ကျေနပ် စေခဲ့သည်။

ပြီးစီး ပြီးနောက် သူက ထန်ထျန်း ရှေ့ ကို လာ ပြီး အထက်စီး ကနေ ကြည့်ကာ "ငါက မင်း မှာ အစွမ်းအစ နည်းနည်း ရှိ တယ်လို့ ထင်ခဲ့တာ၊ အခုတော့ ငါ အထင်ကြီး လွန်းသွားတာပဲ "

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ပါ"

ပြောပြီးနောက် သူက ထွက်သွား ဖို့ ပြင်လိုက် သည်။

"ခဏ နေ ဦး"

ထန်ထျန်းရဲ့ အသံ က ရုတ်တရက် ထွက် လာသည်။

တင်းရှောင် က မျက်ခုံးပင့် ပြီး "အို ဘာဖြစ် လို့လဲ" ဟု မေးသည်။

ထန်ထျန်းက ဖျော့တော့စွာ ပြုံး သည်။

ဒီ ကောင် က သူ့ ဦးနှောက် ထဲမှာ ဘာတွေ ဖြစ် နေမှန်း မသိသလို သူ့ကို ရန် မစ ဘဲ မနေနိုင်ပေ။

ဒါပေမဲ့...

သူက ဘယ်လို ဂုဏ်ပြုမှတ် ထပ်မံ ပေး ရမလဲဆိုတာကို စိတ်ပူ နေခဲ့တာ။

တင်းရှောင် ရဲ့ ဒီလို လုပ်ရပ် က သူ့ကို ပြီးပြည့်စုံ တဲ့ အကြောင်းပြချက် တစ်ခု ပေး လိုက်သည်။

"မင်း က ငါ့ ရဲ့ ငွေကြေး စွမ်းအား ကို သံသယ ဝင် နေတာလား"

"မင်း ရဲ့ ပုံစံ ကို ကြားရတာ ငါ နဲ့ ယှဉ်ပြိုင် ချင်နေတယ့်ပုံပဲ "

"ငါ ထန်ထျန်း နဲ့ ပြိုင် ဖို့ မင်း မှာ ဒီ အရည်အချင်း...... ရှိ လို့လား"

ထန်ထျန်းက ပြုံး ပြီး ပြောသည်။

တင်းရှောင် က ချက်ချင်း မျက်မှောင်ကြုတ် ပြီး အေးစက်စွာ ပြုံး ကာ "ကောင်းပြီ ဒါဆို ပြိုင် ကြတာပေါ့"

ထန်ထျန်းက ပြုံး လိုက်သည်။

"ဒါဆို လာ ခဲ့လေ "

ပြောပြီးနောက် သူက ယွမ်ခုံး ရှေ့ ကို လျှောက် သွားသည်။

" ဂိုဏ်းချုပ်လေး ၊ ကျွန်တော် ဆက်လက် ပံ့ပိုး ပေး ချင်ပါတယ်"

ထို့နောက် သူက စနစ် ထဲက ဘီလီယံ သုံးရာ ကို ထုတ် လိုက်သည်။

"ဂုဏ်ပြုမှတ် သုံးဆယ်"

All Chapters