အခန်း (၃)
Vol. 1 Ch. 3
၂၀၂၅၊ ဇွန်လ ၃၀ ရက်နေ့၊ နံနက်ခင်း၏ ပထမဆုံးနေရောင်ခြည်သည် ရှောင်ယွမ်၏ ပြတင်းပေါက်မှတစ်ဆင့် သူ့အခန်းထဲသို့ ဖြာကျလာသည်။ တစ်ညလုံး ကျင့်ကြံထားသဖြင့် အနည်းငယ် မောပန်းနေလေသည်။
တင်ပျဉ်ခွေထိုင်ရာမှ ဖြည်းညှင်းစွာ ထလိုက်ပြီး ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။ သူ့ကြွက်သားများထဲမှ တင်းမာမှုများ ပြေလျော့သွားပြီး လန်းဆန်းသည့် ခံစားမှုတစ်ခု ရရှိလိုက်သည်။
ရေချိုးခန်းသို့ဝင်ကာ မျက်နှာသစ်၊ သွားတိုက်ပြီးနောက်တွင် မနေ့ညက သောက်ခဲ့သည့် အားဖြည့်အချိုရည်ကို ထပ်မံထုတ်ယူကာ တစ်ဝက်ခန့်အား သောက်သုံးလိုက်ပြန်သည်။ ခဏအကြာတွင် အားအပြည့် ပြန်လည်ပြည့်ဝသွားသည့် ခံစားမှုကြောင့် သူ ပြုံးလိုက်မိသည်။
“လစဉ်ပြိုင်ပွဲမာ ဂါချာကဒ်ကိုသုံးရမယ်။” ဟု တီးတိုးရေရွတ်လိုက်ပြီးနောက် သိုင်းလေ့ကျင့်ရေးခန်းမသို့ ထွက်လာခဲ့သည်။
ရှောင်ကလန်၏ လစဉ်သိုင်းပြိုင်ပွဲသည် အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းသည်။ ယနေ့ပြိုင်ပွဲကလည်း အရင်နေ့တွေလိုပင် လူအပြည့်အစုံဖြင့် စည်ကားနေသည်။ ရှောင်ကလန်ဝင် လူငယ်အများအပြားသည် စင်မြင့်ပတ်ပတ်လည်တွင် စုဝေးနေကြပြီး သူတို့အချင်းချင်း အားပေးနေကြသည်။
ရှောင်ယွမ် သိုင်းလေ့ကျင့်ရေးခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့ကို မြင်လိုက်ကြသည့် ရှောင်ဝမ် နှင့် ရှောင်မင် တို့က ပြေးလာကြပြီး လေးစားစွာ နှုတ်ဆက်ကြသည်။
“အစ်ကိုကြီး ရှောင်ယွမ်၊ မင်္ဂလာနံနက်ခင်းပါ” ရှောင်ဝမ်က တောက်ပသောမျက်လုံးများဖြင့် အရင်ဆုံးနှုတ်ဆက်လိုက်သည်။
ရှောင်မင်ကလည်း ခေါင်းငုံ့ကာ “အစ်ကိုကြီး ဒီနေ့ပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ပြနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု လေးစားစွာ ပြောလိုက်သည်။
ရှောင်ယွမ်က ပြုံးပြလိုက်ပြီး “အင်း၊ မင်းတို့လည်း အကောင်းဆုံးကြိုးစားကြပေါ့” ဟု ပြန်ပြောလိုက်သည်။ သူတို့နှင့် အနည်းငယ် စကားပြောပြီးနောက် သူ့ပွဲစဉ်စဖို့အတွက် ပြိုင်ပွဲစင်မြင့်နားသို့ လျှောက်သွားလိုက်သည်။
ပထမဆုံးပွဲစဉ်များ စတင်သည်နှင့်အမျှ ပြိုင်ပွဲ၏ အရှိန်အဟုန်က မြင့်တက်လာသည်။ တစ်ပွဲပြီးတစ်ပွဲ ကြည့်နေရင်းနှင့် ရှောင်ယွမ်၏ အလှည့်ရောက်လာသည်။
သူ၏ ပြိုင်ဘက်မှာ ရှောင်မိသားစု၏ အကြီးအကဲသမီးဖြစ်သူ ရှောင်ဟွာ ဖြစ်ပြီး အဆင့် ၆ သိုင်းပညာရှင်အဆင့်သာ ရှိသော်လည်း သူမ၏ သိုင်းပညာမှာ အတော်လေး ထက်မြက်လှသည်။
ရှောင်ယွမ်၏အလှည့်သို့ရောက်သောအခါ စကားသံများထွက်ပေါ်လာသည်။
“ရှောင်မင် နဲ့ ရှောင်ဝမ်တို့အခြားသူတွေပြောတာ မနေ့ညက စီနီယာအကိုရှောင်ယွမ်က ဂျင် ၁၂၀၀ ခွန်အားရှိတဲ့ လက်သီးချက်ကိုထုတ်ဖော်ခဲ့တယ်တဲ့” လွန်ခဲ့သည့်ညတုန်းက သိုင်းလေ့ကျင့်ရေးခန်းမတွင် မရှိသည့် ရှောင်မိသားစုဝင်တစ်ယောက်ကပြောလိုက်သည်။
“ပေါက်ကရတွေပါကွာ အဲရှောင်မင် နဲ့ ရှောင်ဝမ်က ရှောင်ယွမ်ရဲ့နောက်လိုက်ခွေးလေးတွေမဟုတ်လား” ရှောင်မိသားစုတွင် ရှောင်ယွမ် နှင့် ရှောင်ဟွာတို့ပြီးလျှင် တတိယမြောက်ဖြစ်သော ရှောင်ဟိန်းက လှောင်ပြောင်ဟန်ဖြင့်ပြောလိုက်သည်။
သူ၏ကျင့်ကြံခြင်းအဆင့်ဟာလည်း အဆင့် ၅ သိုင်းပညယရှင်အဆင့်ဖြစ်ကာ မဆိုးဘူးဟုပြောနိုင်သော်လည်း ရှောင်ယွမ် နှင့် ရှောင်ဟွာတို့ ၂ ယောက်နှင့်တော့ အကွာကြီးကွာနေဆဲဖြစ်သည်။
ရှောင်ဟိန်းတစ်ယောက် ရှောင်ယွမ်အားမုန်းတီးနေရသည့်အကြောင်းအရင်းမှာ လွန်ခဲ့သည့် ၁၀ နှစ်အားပြန်သွားရပေလိမ့်မည်။
ထိုအခါတုန်းက ရှောင်ဟိန်းက ရှောင်ယွမ်အားမိဘမဲ့ဟူ၍ အနိုင်ကျင့်ရန်ကြိုးစားခဲသည်။ သို့သော်ရှောင်ယွမ်ဟာ သိမ်ငယ်တတ်သည့်သူမဟုတ်ပဲ ရှောင်ဟိန်းအား ပြာနှမ်းနေအောင်ရိုက်နှက်ခဲ့လေသည်။
ထိုကတည်းက ရှောင်ဟိန်းဟာ ရှောင်ယွမ်အားအပြင်းအထန်မုန်းတီးနေခဲ့ခြင်းဖြစ်ကာ မကြာမကြာစကားဖြင့်တိုက်ခိုက်တတ်သည်။
ထိုအချိန်တွင် သူ၏ဘေးသို့ ရှောင်မာန်ရောက်လာကာ ပြောလိုက်သည်။
“ငါလည်း မနေ့က အဲမာရှိခဲ့တယ်၊ စီနီယာအကိုရှောင်ယွမ်ရဲ့လက်သီးချက်က အမှန်တကယ်ပဲ ဂျင် ၁၂၀၀ အင်အားရှိခဲ့တယ်”
ရှောင်မာန်ဟာ ရှောင်ဟိန်းနှင့်ပြိုင်ဘက်ဖြစ်ပြီး ၂ ယောက်လုံးက တွေ့သည့်နှင့်ခွေး ၂ ကောင်လိုကိုက်နေတတ်ကြသည်။
ရှောင်ဟိန်းကတော့ နှာမှုတ်လိုက်ပြီးပြောလိုက်သည်။
“ဟမ့် ကြည့်ရသေးတာပေါ့”
တစ်ချိန်တည်းတွင် ပြိုင်ပွဲဒိုင်လူကြီးလည်းဖြစ်သည့် ကလန်အကြီးအကဲက ရှောင်ယွမ်အားစိတ်ဝင်တစားဖြင့်ကြည့်လိုက်သည်။
“ဒီကလေးက သိုင်းထိပ်သီးအဆင့်ကိုရောက်သွားပြီလား”
“ခနနေကြ ဒီကိစ္စကိုကလန်ခေါင်းတောင်ကိုတင်ပြရမယ်” အကြီးအကဲက တိုးတီးရေရွတ်လိုက်သည်။
သိုင်းထိပ်သီးအဆင့်အား အသက် ၂၀ နှစ်မှရောက်လျှင်ပင် ပါရမီရှင်ဟုခေါ်ဆိုနိုင်သည်။
ရှောင်ယွမ်ဟာတော့ အသက် ၁၉ နှစ်သာရှိသေးလေ၏။
ရှောင်ဟွာကလည်း တအံတဩဖြင့်ပြောလိုက်သည်။
“အကိုရှောင်ယွမ်၊ အကိုသိုင်းထိပ်သီးအဆင့်ရောက်သွားပြီလား”
ရှောင်ယွမ်ကတော့ ရေးစရာရှိတာမရေးပဲ အချိန်ဆွဲနေသည့်စာရေးဆရာအား [ငါမင်းသောက်ခွက်ကိုပိတ်ရိုက်ပြီ] ဟူသောကဒ်အသုံးပြုခြင်လာပြီဖြစ်သည်။
ရှောင်ဟွာ၏အမေးအား ရှောင်ယွမ်က ဤအတိုင်းသာပခုံးတွန့်လိုက်ပြီး တုန့်ပြန်လိုက်သည်။
ရှောင်ဟွာဟာတော့ လှပသောအပြုံးတစ်ပွင့်အားထုတ်ဖော်လိုက်ပြီး လက်သီးလက်ဝါးဆုပ်ကာ ပြောလိုက်သည်။
“ညှာတာပေးပါဦး အကိုရှောင်ယွမ်”
ရှောင်ယွမ်ကခေါင်းညိတ်လိုက်သည်။ “အင်း ကောင်းပြီ”
အကြီးအကဲကလဲပြောလိုက်သည်။ “စတင်မယ်”
ချက်ချင်းပဲ ရှောင်ဟွာကအရှေ့သို့တတ်လာပြီး ရှောင်ယွမ်၏မျက်နှာသို့အဖြောင့်ကန်ချက်ဖြင့် ကန်လိုက်သည်။
သူမဟာယနေ့တွင် အဝါရောင်ခပ်ပွပွသိုင်းဘောင်းဘီ နှင့် အဝါရောင်ကိုယ်ကြပ်အင်္ကျီအားဝတ်ဆင်ထားသောကြောင့် အတော်လေးကြည့်ကောင်းလှသည်။
သူမ၏အဖြောင့်ကန်ချက်ဆိုလျှင်လည်း မျက်စိပဒေသာဖြစ်လွန်းလှသည်။
ရှောင်ယွမ်ကတော့ အသာအယာရှောင်လိုက်ပြီး တွေးလိုက်သည်။
‘အင်း ဒါနဲ့ငါစွမ်းရည်ကဒ်ကို ဘယ်လိုသုံးရမာလဲ’
ရှောင်ဟွာကလဲ အဖြောင့်ကန်ချက်ပြီးနောက်တွင် တစ်ပတ်လှည်လိုက်ပြီး နောက်ပြန်ကန်ချက်ဖြင့် လှပစွာရှောင်ယွမ်အားထပ်ကန်လိုက်ပြန်သည်။
ရှောင်ယွမ်ဟာတော့ သူမအားကြည့်ပင်မကြည့်ပဲ ဘေးသို့ရှောင်ထွက်သွားလိုက်သည်။
ရှောင်ယွမ်တွေးနေတုန်းမှာပဲ သူမ၏ခေါင်းပေါ်တွင် စာတန်းလေးတစ်ခုပေါ်လာသည်။
“ငွေအဆင့်စွမ်းရည်ကဒ် - [ငါမင်းသောက်ခွက်ကိုပိတ်ရိုက်ပြီ] အားအသုံးပြုမည်လော”
ရှောင်ယွမ်အသုံးပြုမည်ဟု တွေးလိုက်သည်နှင့်တစ်ပြိုင်နက် ထပ်မံတိုက်ခိုက်ရန်လုပ်နေသည့် ရှောင်ဟွာကရပ်တန့်သွားလေသည်။
‘ဟမ်... ငါဘာလို့မလှုပ်နိုင်တော့တာလဲ’ သူမ၏ခန္ဓာကိုယ်ကြီးကို မထိန်းချုပ်နိုင်တော့ပဲ ရုတ်တရက်ရပ်တန့်သွားသည့်အခါ ရှောင်ဟွာက ဇဝေဇဝါဖြစ်သွားရသည်။
တစ်ပြိုင်နက်ထဲတွင် ရှောင်ယွမ်ဟာလည်း သူ၏ခန္ဓာကိုယ်အားမထိန်းချုပ်နိုင်တော့ချေ။
ချက်ချင်းပဲ သူ၏ခန္ဓာကိုယ်ဟာအလိုအလျောက်လှုပ်ရှားသွားကာ သူမ၏အနားသို့ကပ်လာသည်။ ပြီးနောက်တွင် မထိန်းချုပ်နိုင်စွာဖြင့် အားရပါးရပြုံးလိုက်ပြီး သူမ၏ချောမွေ့လှသော ပါးပြင်ပေါ်သို့ လက်ဝါးဖြန့်ကာရိုက်ချလိုက်သည်။
သူမကမိန်းကလေးဖြစ်သည်မို့ ရှောင်ယွမ်ဟာ တုန့်ဆိုင်းသွားမည်မဟုတ်ချေ။ သူဟာ ယောင်္ကျားလေး နှင့် မိန်းကလေးအား ခွဲခြားဆက်ဆံခြင်းမရှိချေ။
“ဖြန်းးးး”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃) ပြီး