အခန်း (၄)
Vol. 1 Ch. 4
“ဖြန်းးးး”
စင်မြင့်ပေါ်မှ ကြည်လင်ပြတ်သားလှသော ပါးရိုက်သံကြောင့် သိုင်းလေ့ကျင့်ရေးခန်းမတစ်ခုလုံး အပ်ကျသံကိုပင်ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။
ရှောင်ဟွာ၏ဘယ်ဘက်ပါးတွင် နီရဲနေသောလက်ဝါးရာကြီးရှိနေပြီး သူမ၏ပါးစပ်လေးက အနည်းငယ်ဟနေကာ ကြောင်တောင်တောင်ဖြစ်နေပုံရသည်။
ရှောင်ကလန်ဝင်များကလည်း ပါးစပ်အဟောင်းသားဖြင့် ရှောင်ယွမ်အားဝိုင်းကြည့်နေကြသည်။ အငယ်များမပြောနဲ့ အကြီးအကဲပင်မျက်လုံးပြူးသွားရသည်။
ရှောင်ယွမ်ဟာတော့ မတုန်မလှုပ်ပဲ မျက်နှာသေကြီးဖြင့်သာ ရပ်နေသည်။
“စီနီယာအကိုကြီးရှောင်ယွမ် နဲ့ အမရှောင်ဟွာတို့ရန်ဖြစ်ထားတာလား” ရှောင်ဝမ်က မသိမသာလေး ရှောင်မင်အားကပ်ကာမေးလိုက်သည်။
ရှောင်မင်ကတော့ ပခုံးပင့်လိုက်သည်။ “ငါလည်းမသိဘူးလေ”
သိုင်းပညာအားယှဥ်ပြိုင်နေသည့်ပွဲဖြစ်သောကြောင့် အထိအခိုက်ရှိမည်ကို အားလုံးနားလည်ကြသည်။
သို့သော် ရှောင်ယွမ်၏ပါးရိုက်ချက်ဟာ အားသိပ်ပြီးမပါချေ။ ထို့အတွက်ကြောင့် ရှောင်ဟွာနာကျင်ရုံလောက်သာဖြစ်ပြီး ဒါဏ်ရာရသွားမည်မဟုတ်ချေ။
ထို့အပြင် ရှောင်ယွမ် တစ်ယောက်ပါးရိုက်လိုက်တုန်းက အားရပါးရပြုံးထားခဲ့ပြီး အလွန်တရာစိတ်ကျေနပ်နေသည့် အတိုင်းပင်ဖြစ်သည်။
ထို့အတွက်ကြောင့် ရှောင်ယွမ်ဟာ ရှောင်ဟွာအပေါ်သို့ရန်ညိုးရှိနေသည်လောဟူ၍ အားလုံးကထင်မှတ်သွားခြင်းဖြစ်သည်။
ရှောင်ယွမ်ကတော့ အခြားသူများ၏အတွေးအားဂရုမစိုက်ပဲ တစ်ယောက်ထဲစိတ်တိုင်းမကျဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ပါးရိုက်ချက်အားအသုံးပြုသည့်အခါတွင် သူဟာခွန်အားကိုမထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်။
သူ့အနေဖြင့် ပိုပြီးတော့ ပြင်းပြင်းထန်ထန်ရိုက်ပြစ်လိုသော်လည်း ပါးရိုက်သည့်အားကပျော့လွန်းလှသည်။
စက္ကန့်အနည်းငယ်ခန့်တိတ်ဆိတ်သွားပြီးနောက် ရှောင်ဟွာကသူမ၏ထွက်ခါနီးမျက်ရည်များအား သုတ်လိုက်ပြီး ရှောင်ယွမ်အား ထပ်မံ၍တိုက်ခိုက်လိုက်သည်။
သူမ၏အမူအရာနှင့်တိုက်ခိုက်ပုံမှာ တရားကျင့်ခံထားရသည့် ကောင်မလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေကာ အလွန်တရားစရာကောင်းလွန်းလှသည်။
ရှောင်ယွမ်ကတော့ ဆက်တိုက်ရှောင်နေပြီး တစ်မိနစ်ပြည့်သွားသောအခါ နောက်ထပ်တစ်ကြိမ် [ငါမင်းကိုသောက်ခွက်ပိတ်ရိုက်ပြီ] ဟူသောစွမ်းရည်ကဒ်အားအသုံးပြုလိုက်သည်။
ချက်ချင်းပဲ ရှောင်ဟွာကသူမ၏ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ပဲ ကျောက်ရုပ်လိုရပ်တန့်သွားလေသည်။
ရှောင်ယွမ်ကလည်း အရှေ့သို့တိုးလာပြီး အားရပါးရပြုံးကာ သူမ၏ညာဘက်ပါးအားရိုက်ချပြစ်လိုက်သည်။
“ဖြန်းးးး”
အားလုံးကထပ်မံပြီး တိတ်ဆိတ်သွားကြပြန်သည်။ သူတို့တွေ၏ နှုတ်ခမ်းထောင့်များကလည်း တစ်ဆက်ဆက်တုန်ယင်သွားကြသည်။
ချောမောလှပသော ရှောင်ဟွာ၏မျက်နှာပေါ်တွင်တော့ ဘယ်တစ်ဖက်၊ ညာတစ်ဖက်၊ နီရဲနေသောလက်ဝါးရာကြီးရှိနေသည်။ ရှောင်ယွမ်၏လက်ကိုသာ ထိုလက်ဝါးရာပေါ်သို့ထပ်လိုက်ကာ ကျိန်းသေပေါက်ထပ်တူညီနေလိမ့်မည်ဖြစ်သည်။
ရှောင်ဟွာက မျက်ရည်များကိုထိန်းကာ ထပ်မံ၍တိုက်ခိုက်ရန်လုပ်လိုက်သောအခါ အကြီးအကဲ၏မျက်နှာက ရှုံ့မဲ့သွားသည်။ သူကချက်ချင်းပဲ စင်မြင့်ပေါ်သို့တတ်သွားပြီး ကြော်ငြာလိုက်သည်။
“တော်လောက်ပြီ၊ ရှောင်ယွမ်အနိုင်ရရှိတယ်”
“အဟင့် အဟင့်” ရှောင်ဟွာတစ်ယောက်မှာတော့ သိုင်းလေ့ကျင့်ရေးခန်းမှ ငိုယို၍ထွက်ခွာသွားလေသည်။
ရှောင်ယွမ်ဟာတော့ မျက်နှာသေကြီးဖြင့်သာရှိနေပြီး အောက်သို့ပြန်ဆင်းသွားသည်။
“အဟင့် အဟင့် အဟင့်”
ရှောင်ဟွာသည် သိုင်းလေ့ကျင့်ရေးခန်းမထဲမှ ငိုရှိုက်သံများဖြင့် ပြေးထွက်လာသည်။ သူမ၏ နီရဲနေသောပါးနှစ်ဖက်ကို ဖိကိုင်ရင်း မိသားစုဝင်းထဲသို့ အထိန်းအကွပ်မရှိ ပြေးဝင်သွားသည်။
ခမ်းနားသော ဧည့်ခန်းထဲသို့ ရောက်သည်နှင့် သူမ၏ငိုသံများက ပိုမိုပြီးကျယ်လောင်လာသည်။
သူမ၏မိခင် အကြီးအကဲ ရူလန်သည် လက်ဖက်ရည်သောက်နေရာမှ လန့်ပြီး ခွက်ပင်ပြုတ်ကျသွားသည်။ ဖခင် ကလန်ခေါင်းဆောင် ရှောင်ထျန်းလည်း စာရွက်စာတမ်းများ ကြည့်နေရာမှ မော့ကြည့်လာသည်။
“ဟွာကလေး ဘာဖြစ်တာလဲ” အကြီးအကဲရူလန်က ထိတ်လန့်တကြားပြောလိုက်သည်။
ရှောင်ထျန်းလည်း ချက်ချင်းထရပ်ကာ “ဘာဖြစ်လဲ သမီးလေး ဘာလို့ ဒီလိုငိုနေရတာလဲ” ဟူ၍မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
ရှောင်ဟွာသည် ကူရှင်ပေါ်သို့ လဲကျကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ “ဖေဖေ မေမေ၊ သူ... သူ သမီးကိုရိုက်လိုက်တာ” သူမ၏ပြောသည့်ပုံမှာ ရှိုက်ငိုသံကြောင့် အလွန်ပင်သနားစရာကောင်းလှသည်။
အကြီးအကဲ ရူလန်သည် သမီးဖြစ်သူဘေးသို့ ပြေးသွားကာ ပါးပြင်ပေါ်မှ နီရဲနေသော လက်ဝါးရာနှစ်ခုကို မြင်သောအခါ မျက်လုံးပြူးသွားသည်။
“ဘယ်သူလဲ။ ငါ့သမီးကို ဘယ်သူက ရိုက်ရဲတာလဲ။” သူမ၏အသံတွင် ဒေါသများ ပါနေသည်။
ရှောင်ထျန်း၏မျက်နှာအိုကြီးကလည်း မဲမှောင်သွားသည်။ သူ၏ကိုယ်ပတ်လည်တွင်ဆိုလျှင် ဝိညာဉ်စွမ်းအင်များက စိမ့်ထွက်လာကာ ဝိညာဉ်သခင်တစ်ယောက်၏ဒေါသကြောင့် လေထုပင်လေးလံသွားသကဲ့သို့ပင်။
ရှောင်ဟွာသည် မျက်ရည်များကြားမှ မော့ကြည့်ရင်း “အစ်... အစ်ကိုကြီး ရှောင်ယွမ်”
ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရှောင်ထျန်း၏မျက်နှာတွင် ထူးဆန်းသော အမူအရာပေါ်လာပြီး “ရှောင်ယွမ်လား ပြီးတော့ နှစ်ချက်တောင်လား” သူသည် လက်ဝါးရာနှစ်ခုကို တစ်လှည့်စီ ကြည့်လိုက်သည်။
“သိုင်းပြိုင်ရင်းနဲ့ သူ သမီးကို ပါးရိုက်တာ ပြီးတော့ သူရိုက်နေရင်းနဲ့ကို ပြုံးနေတာ သူ အရမ်း... ကျေနပ်နေသလိုပဲ” ရှောင်ဟွာက ငိုယိုနေရင်း ပြန်ပြောလိုက်သည်။
ထိုစဉ်မှာပင်၊ တံခါးဝမှနေ၍ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
“သား ပြန်ရောက်ပြီ”
ရှောင်ထျန်းတို့၏သားဖြစ်သူ ရှောင်ရန်ထျန်းသည်လည်း ထိုအချိန်မှာပင်ပြန်ရောက်လာ၏။ သူဟာ သူ၏မိသားစုအားအံဩသွားစေခြင်သောကြောင့် ကြိုတင်၍ပင်အသိမပေးခဲ့ချေ။
ထပ်ပေါင်းအချက်အနေဖြင့် သူဟာအသက် ၃၂ နှစ်အရွယ်ဖြင့် အဆင့် ၁ ဝိညာဉ်သခင်အဆင့်သို့ရောက်ရှိနေပြီဖြစ်လေ၏။ ထို့အတွက်ကြောင့် သူဟာ အလောတကြီးအိမ်ပြန်လာပြီး သတင်းကောင်းအားလာရောက်ကြော်ငြာခြင်းဖြစ်သည်။
သို့သော် ဧည့်ခန်းထဲတွင် ငိုနေသော ညီမဖြစ်သူ ရှောင်ဟွာနှင့် စိုးရိမ်တကြီးဖြစ်နေသော မိဘနှစ်ပါးကို မြင်သောအခါ သူ၏ပျော်ရွင်နေသာအပြုံးက တဖြည်းဖြည်း မှေးမှိန်သွားသည်။
“ညီမလေးဘာဖြစ်လို့လဲ” ရှောင်လန်က မျက်မှောင်ကြုတ်သွားကာမေးလိုက်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၄) ပြီး