← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

ရှောင်ဟွာဟာ မိသားစုတစ်ခုလုံး၏အချစ်​​တော်ဖြစ်ပြီး အားလုံးကဝိုင်း၍ကာကွယ်ပေးတတ်ကြသည်။

သူမအား အခြားသူမပြောနှင့် သူ၏မိသားစုဝင်များပင် လက်မပါခဲ့ဖူးချေ။ ထို့အပြင် သူမဟာ အသက် ၁၅ နှစ်သာရှိသေးသည်။

ထပ်ပေါင်းအချက်အနေဖြင့် ရှောင်ဟွာဟာ ရှောင်ယွမ်အားတိတ်တခိုးသဘောကျနေခြင်းဖြစ်သည်။

ထို့အတွက်ကြောင့်ပင် သူမဟာ မျက်ရည်မထိန်းနိုင်တော့ပဲ ကလေးတစ်ယောက်လိုငိုယိုနေခြင်းပင်ဖြစ်ပေတော့သည်။

ရှောင်လန်ပြန်လာသောအခါ သူမကအငိုတိတ်သွားပြီး ကြိုဆိုလိုက်သည်။

ရှောင်လန်က မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ “ညီမလေးဘာဖြစ်တာ...ဟမ်”

ရှောင်လန်ပြောနေရင်း သူမ၏ပါး ၂ ဖက်မှ နီရဲနေသော လက်ဝါးရာ ၂ ခုအားတွေ့လိုက်ကသောအခါ မျက်နှာပျက်သွားသည်။

“ဘယ်သူလဲ”

ရှောင်လန်က ဒေါသထွက်လွန်းသောကြောင့် သူ၏လက်ကောက်ဝတ်တွင် အဖြူရောင်ဝိညာဉ်ကွင်းပင်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း ဝိညာဉ်စွမ်းအင်များကစိမ့်ထွက်လာလေသည်။

ချက်ချင်း​ပဲ လေထုကထပ်မံ၍လေးလံသွားပြန်သည်။

ရူလန် နှင့် ရှောင်ထျန်းတို့ ၂ ယောက်လုံးကမျက်လုံးပြူးသွားသည်။

“ငါ့သား ဝိညာဉ်သခင်အဆင့်ကိုတတ်သွားပြီပဲ ကောင်းတယ် ကောင်းတယ် ညကြရင် စားပွဲကျင်းပရမယ်”

ဝိညာဉ်သခင်အဆင့်ဆိုသည်မှာ တတ်ရောက်ရအတော်လေးခက်ခဲလေ၏။ ကလန်ခေါင်းဆောင်ရှောင်လန်ပင်လျှင် အသက် ၄၀ ရောက်မှသာ ဝိညာဉ်သခင်အဆင့်သို့​ချိုးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအသက် ၆၀ ကျော်လာသည်တောင်မှ သူ၏ကျင့်ကြံခြင်းအဆင့်ဟာ ဝိညာဉ်သခင်အဆင့် ၂ တွင်ရပ်တန့်နေဆဲဖြစ်သည်။

အကြီးအကဲရူလန်ဟာတော့ အသက် ၃၈ ဖြင့်ဝိညာဉ်သခင်အဆင့်သို့ချိုးဖြတ်နိုင်ခဲ့သော်လည်း ယခုအသက် ၅၀ ရောက်သည်အထိ အဆင့် ၁ ၌သာရပ်တန့်နေဆဲဖြစ်သည်။

“အကိုကြီး ဝိညာဉ်သခင်ဖြစ်သွားပြီလား၊ ဂုဏ်ပြုပါတယ်” ရှောင်ဟွာက နှာရှုံလိုက်ပြီးမျက်ရည်သုတ်ကာပြောလိုက်သည်။

ရှောင်လန်က သူမ၏ခေါင်းလေးအားပွတ်သပ်ပေးလိုက်ပြီး မေးလိုက်သည်။

“ညီမလေးကိုနာကျင်အောင် ဘယ်သူလုပ်တာလဲပြော အကိုကြီးလက်စားချေ​ပေးမယ်”

ရှောင်ဟွာကတော့ ခေါင်းငုံ့သွားပြီး ဘာမှပြန်မပြောလာချေ။

ရှောင်ထျန်းက သက်ပျင်းချပြီးပြောလိုက်သည်။

“ရှောင်ယွမ်က လစဥ်သိုင်းလေ့ကျင့်ရေးပြိုင်ပွဲမှာ လုပ်လိုက်တယ်လို့​ပြောတယ်”

“ရှောင်ယွမ်လား..အဲတာက...” ရှောင်လန်ကလည်း တုန့်ဆိုင်းသွားသည်။

လစဥ်သိုင်းလေ့ကျင့်ရေးပြိုင်ပွဲတွင် ခံလာရသည်ဖြစ်သောကြောင့် ကလန်၏စည်းမျဥ်းနှင့်လည်း ကိုက်ညီကာ အရေးယူလို့မရချေ။

ထို့အတွက်ကြောင့် ရှောင်ထျန်း နှင့် ရူလန်တို့ကလည်း တုန့်ဆိုင်းနေရခြင်းဖြစ်သည်။

သူတို့ဟာ လောကကြီးတွင်အသက်ရှင်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။ ထို့အတွက်ကြောင့် ဤအတိုင်းကြီး ရှောင်ယွမ်အားပြဿနာရှာ၍မရကြောင်း ကောင်းကောင်းသိကြသည်။

“ကောင်းပြီ ကျွန်တော်သွားလိုက်ဦးမယ်” ရှောင်လန်ကပြောလိုက်ကာ လစဥ်သိုင်းလေ့ကျင့်ရေးခန်းမသို့သွားရန်လုပ်လိုက်သည်။

“ဟင့်အင်း မသွားနဲ့” ရှောင်ဟွာက သူမအကိုကြီး၏လက်မောင်းအားဆွဲထားလိုက်ကာ ငိုမဲ့မဲ့ဖြစ်သွားသည်။

“ဟွာအာ အကိုက ဒီတိုင်းစကားသွား​ပြောမာ စိတ်မပူနဲ့”

ရှောင်ဟွာက သူမအကိုအားကြည့်ကာ သံသယအပြည့်ဖြင့်ပြောလိုက်သည်။

“တကယ်လား”

“အွန်း တကယ်” ရှောင်လန်က တောက်ပနေသည့်မျက်လုံးတို့ဖြင့်ပြန်ဖြေလာသောအခါ သူမကလွှတ်ပေးလိုက်သည်။

“အကိုခနနေပြန်လာမယ်နော် ညီမလေးအတွက် လက်ဆောင်ပါတယ်။ ပြီးကြရင်ပေးမယ် “ ရှောင်လန်က သူမ၏ခေါင်းလေးအားပွတ်သ​ပ်ပေးလိုက်ပြန်သည်။

“ဟုတ်” သူမကလည်း ငိုမဲ့မဲ့အသံဖြင့် ခေါင်းညိတ်လိုက်သည်။

သိုင်းပြိုင်ပွဲတွင်တော့ ရှောင်ဝမ် နှင့် ရှောင်မင်တို့ ၂ ယောက်ယှဥ်ပြိုင်တိုက်ခိုက်လျက်ရှိသည်။

သိုင်းပညာရှင်အဆင့်များတွင် ခန္ဓာကိုယ်ကိုသာအသုံးပြု၍တိုက်ခိုက်နေသည့်ဖြစ်သောကြောင့် သူတို့ ၂ ယောက်က အနီးကပ်တိုက်ခိုက်နေကြသည်။

ငယ်စဥ်ကတည်းက သိုင်းပညာကိုတင်းကြပ်စွာလေ့ကျင့်ခဲ့သည်ဖြစ်သောကြောင့် ၂ ယောက်လုံး၏တိုက်ခိုက်ချက်များမှာ ကြည့်ကောင်းလှသည်။

ရှောင်ယွမ်တ​စ်ယောက်ဟာတော့ ပြိုင်ပွဲအားလျစ်လျှူရှုကာ စတင်လေ့ကျင့်နေပြီဖြစ်သည်။

သူ့အတွက်တော့ ဤအမှိုက်များတိုက်ခိုက်သည်ကိုကြည့်ပြီး မည်သည့်ဉာဏ်အလင်းမှရမည်မဟုတ်ဟု သတ်မှတ်ထားသည်။

သိုင်းပညာရှင်အဆင့်တွင် ခန္ဓာကိုယ်အားသန်မာအားကောင်းရန် အဓိကထား၍လေ့ကျင့်ရလေသည်။

ဤအတိုင်းကျင့်စဥ်ကိုသာ တင်ပျဥ်ခွေထိုင်ပြီးတစ်နေကုန်ကျင့်ပါက အဆင့်တူများနှင့်ယှဥ်လျှင် အားနည်းနေလိမ့်မည်ဖြစ်သည်။

ဤအတိုင်းသာ တင်ပျဥ်ခွေထိုင်ပြီးကျင့်ကြံလျှင် သိုင်းထိပ်သီးအဆင့်သို့ရောက်လျှင်ပင် ဂျင် ၈၀၀ မျှသောခွန်အားကိုသာထုတ်သုံးနိုင်ကြသည်။

သာမာန်သိုင်းထိပ်သီးများပင် ဂျင် ၁၂၀၀ မျှသောခွန်အားကိုအသုံးပြုနိုင်ကာ ဂျင် ၄၀၀ ကွာဟနေသည်။ ဂျင် ၄၀၀ သာဆိုသော်လည်း အမှန်တကယ်တိုက်ခိုက်ပါက တစ်ချက်တည်းပွဲသိမ်းသွားနိုင်သည်။

လက်ရှိအချိန်တွင် ရှောင်ယွမ်က အလေးမနေသည်ဖြစ်ပြီး အားကုန်ထုတ်နေသောကြောင့် နဖူးထက်တွင်ချွေးများစိုရွဲနေတော့သည်။

လစဥ်သိုင်းပြိုင်ပွဲပြီးနောက်တွင်တော့ အနိုင်ရသူများက ငွေအနည်းငယ်အားရရှိကြသည်။

ဆုလာဒ်ကြီးများကိုတော့ နှစ်စဥ်သိုင်းပြိုင်ပွဲ သို့မဟုတ် မိသားစုကြီး ၄ ခုယှဥ်ပြိုင်ပွဲသို့ရောက်မှသာ ရရှိနိုင်လိမ့်မည်ဖြစ်သည်။

ပြိုင်ပွဲပြီးနောက်တွင် အားလုံးက ဆက်လက်ပြီးလေ့ကျင့်ကြလေသည်။ အချို့က သိုင်းကွက်များအားလေ့ကျင့်ကြပြီး အချို့ကလည်း ရှောင်ယွမ်ကဲ့သို့ကာယခွန်အားကိုလေ့ကျင့်နေကြသည်။

​ရှောင်ဝမ်၏လက်သီးစာမိထားသောကြောင့် ဘယ်မျက်လုံးကညိုပုတ်နေသော ရှောင်မင်က ရှောင်ယွမ်၏အနားသို့ကပ်ပြီးမေးလိုက်သည်။

“အကိုကြီးရှောင်ယွမ်... စီနီယာအမရှောင်ဟွာနှင့်ရန်ဖြစ်ထားတာလား”

ရှောင်ဟွာ၏အသက်ဟာ ရှောင်မင်ထက်ငယ်၏။ သို့သော် ကျင့်ကြံခြင်းလောကတွင် အသက်ဟာအရေးမပါပဲ ခွန်အားကသာအရေးပါလေသည်။ ထို့အတွက်ကြောင့် ရှောင်မင်က ရှောင်ဟွာအား စီနီယာအမဟူ၍သုံးနှုန်းနေခြင်းဖြစ်သည်။

ခနတာအနားယူနေသည့် ရှောင်ယွမ်က ရေတစ်ငုံလောက်သောက်လိုက်ပြီး အမောဖြေလိုက်သည်။

“ဟမ်....မဟုတ်ပါဘူး သူမနဲ့ငါနဲ့အဆင်ပြေကြပါတယ်” ရှောင်ယွမ်က ဇဝေဇဝါဖြင့်ပြန်ပြောလိုက်သည်။

ရှောင်မင် နှင့် ရှောင်ဝမ်တို့၏ နှုတ်ခမ်းတို့က တစ်ဆက်ဆက်တုန်ယင်သွားကြသည်။ အကိုကြီး ခင်ဗျားတို့အဆင်ပြေတယ်ဆိုရင် ဘယ်နှယ့်ကြောင့် တစ်ဖက်သူအား ပါးရိုက်ကာအရှက်ခွဲနေသနည်း။ ရှောင်မင်က စိတ်ထဲတွင်​အော်ဟစ်လိုက်သည်။

ရှောင်မင်ကလည်း ဆက်မေးလိုသော်လည်း သိုင်းလေ့ကျင့်ရေးခန်းမသို့ လူတစ်​ယော​​က်ဝင်လာသောအခါ ပါးစပ်အမြန်ပိတ်လိုက်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅) ပြီး

All Chapters