← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

ရှောင်လန်ဟာ ယခုနှစ်တွင် အသက် ၃၂ နှစ်ရှိနေပြီဖြစ်ကာ လူလွတ်တစ်ယောက်ဖြစ်သည်။

သူ၏အရပ်ဟာ ၅ ပေ ၁၁ လက်မခွဲရှိပြီး ဖိနပ်အပါဝင်ဆိုပါက ၆ ပေလောက်ရှိသည်။ အသက် ၃၂ တည်းဖြင့် ဝိညာဉ်သခင်အဆင့်ကိုချိုးဖြတ်နိုင်ခဲ့​သောကြောင့် ပါရမီရှင်တစ်ယောက်ဟုပြောနိုင်သည်။

ရုပ်ရည်ဟာလေး အတော်လေးခန့်ညားကာ အနက်ရောင်ဆံပင်​ပေါက်ကေဖြင့်ဖြစ်ပြီး ဗလတောင့်သည်။

လက်ရှိအချိန်တွင်တော့ သူ၏မျက်နှာအထက်တွင် ဒေါသများအားအတိုင်းသားမြင်နေရလေသည်။

“ရှောင်ဟွာရဲ့ အကိုပဲ...ရှောင်ယွမ်တော့သွားပြီ ဟားဟား”

ရှောင်ဟိန်းကတိတ်တခိုးပျော်ရွင်သွားသည်။ ရှောင်လန်ဆိုသည်မှာ သိုင်ထိပ်သီးအဆင့်သို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ဝိညာဉ်သခင်အဆင့်လောက် ရောက်နေနိုင်သည်ဟု ရှောင်ဟိန်းကတွေးလိုက်မိသည်။

“စီနီယာအကိုကြီးရှောင်လန်”

ရှောင်လန် နှင့် ရင်းနှီးသောသူများက နှုတ်ဆက်လိုက်ကြသည်။

ရှောင်လန်က ခေါင်းညိတ်လိုက်ပြီး သိုင်းစင့်မြင့်ပေါ်သို့တတ်လိုက်ကာပြောလိုက်သည်။

“ကောင်လေးတွေ အာရုံစိုက်မယ်”

“ငါကိုအားလုံးသိကြမယ်ထင်ပါတယ်၊ ငါရဲ့နာမည်က ရှောင်လန်၊ ကလန်ခေါင်းဆောင်ရှောင်ထျန်းရဲ့သားကြီးပဲ”

“နှစ်ပေါင်းများစွာကျင့်ကြံပြီးနောက်မှာတော့ ငါက ဝိညာဉ်သခင်အဆင့်ကိုရောက်သွားပြီ”

ရှောင်လန်ကပြောလိုက်ပြီးနောက် လက်သီးအားမြောက်ကာ ဝိညာဉ်ကွင်းအားအသက်သွင်းလိုက်သည်။

ထိုအခါ သူ၏လက်ကောက်ဝတ်နားတွင် အဖြူရောင်ဝိညာဉ်ကွင်းတစ်ကွင်းပေါ်လာလေသည်။

ချက်ချင်းပဲ ဝိညာဉ်ကွင်းမှဖိအားကို အားလုံးကခံစားလိုက်ရကာ ရင်ထဲတွင်ခဲဆွဲထားသလိုလေးလံသွားကြသည်။

ချက်ချင်းပဲ ရှောင်ဟိန်းက လက်သီးလက်ဝါးဆုပ်လျက် ဂုဏ်ပြုလိုက်သည်။ “ဂုဏ်ယူပါတယ် အကိုကြီးရှောင်လန်၊ အသက် ၃၀ ကျော်တည်းနဲ့ ဝိညာဉ်သခင်အဆင့်ကိုရောက်နေတယ်ဆိုတော့ အကိုကြီးရဲ့အနာဂါတ်လမ်းက တကယ်ကိုဖြောင့်ဖြူးနေပါပြီ”

အခြားသူများကလည်း သတိဝင်လာကာ လက်သီးလက်ဝါးစုပ်လျက် ပြောလိုက်ကြသည်။

“ဂုဏ်ယူပါတယ် အကိုကြီးရှောင်လန်”

ထိုအထဲတွင် ရှောင်မင် နှင့် ရှောင်ဝမ်တို့ ၂ ယောက်လည်းပါဝင်၏။ သို့သော် သူတို့၏ဘေးမှ ရှောင်ယွမ်ကတော့ မျက်နှာသေကြီးဖြင့်သာကြည့်နေသည့်။

သူ၏မျက်ဝန်းတို့ထဲတွင်လည်း အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည်။

ရှောင်လန်ကတော့ ပြုံးလိုက်ပြီးပြောလိုက်သည်။

“မင်းတို့လည်း နေ့တိုင်း​​ရေသာမခိုပဲ ကြိုးစားမယ်ဆိုရင် တစ်နေ့မာတော့ ဝိညာဉ်သခင်အဆင့်ကိုကျိန်းသေပေါက်ရောက်လိမ့်မယ်”

ရှောင်လန်ပြောလိုက်သည်မှာ အလိမ်အညာတစ်ခုဖြစ်သည်။ သိုင်ထိပ်သီးအဆင့်အယောက် ၁၀၀၀ တွင် ၁ ယောက်ကသာ ဝိညာဉ်သခင်အဆင့်ကိုချိုးဖြတ်နိုင်ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် ရွှေနဂါးနိုင်ငံထဲတွင် ဩဇာအာဏာအနည်းငယ်ရှိသော ရှောင်ကလန်လို ရွှေအဆင့်ကလန်တွင်ပင် ဝိညာဉ်သခင်အဆင့် အယောက် ၂၀ ကျော်သာရှိသည်။

ရှောင်လန်က ချောင်းဟန့်၍ အားလုံးကိုခြုံကြည့်ကာပြောလိုက်သည်။ “ကောင်းပြီ ကောင်လေးတို့ ငါအခုလာတယ်ဆိုတာ မင်းတို့ကို သိုင်းပညာမာလမ်းညွန်ပြချင်လို့ပဲ”

“မင်းတို့ထဲမာ ဘယ်သူက အသန်မာဆုံးလည်း”

“အကိုကြီးက နည်းနည်းပါးပါးညွန်ပြမယ်”

ရှောင်လန်ကပြောလာသောအခါ အားလုံးက ရှောင်ယွမ်အားဝိုင်းကြည့်လိုက်ကြသည်။

“ဟမ်” ရှောင်ယွမ်က မျက်ခုံးပင့်လိုက်၏။

အားလုံးကလည်း နားလည်သွားကြသည်။ ရှောင်လန်တစ်ယောက် တကူတကကြီးဤနေရာသို့ရောက်လာသည်မှာ ရှောင်ယွမ်အားသင်ခန်းစာပေးလိုသောကြောင့်ပင်ဖြစ်သည်။

ရှောင်လန်ကလည်း အားလုံး၏အမူအရာအားကြည့်ကာ ပြုံးလိုက်ပြီး ရှောင်ယွမ်အားပြောလိုက်သည်။

“ရှောင်ယွမ်...ညီလေး၊ မတွေ့ရတာကြာပြီ အရင်တစ်ခေါက်တွေ့တုန်းက မင်း ၇ နှစ်သားလောက်ပဲရှိဥိးမယ်နော်” ရှောင်လန်က ရင်းနှီးဖော်ရွှေသောအပြုံးတစ်ပွင့်အားထုတ်ဖော်ပြသလိုက်သည်။

“လာပါ စင်ပေါ်ကိုတတ်ခဲ့၊ အကိုကြီးက နည်းနည်းပါးပါးသင်ပြမယ်”

“စိတ်မပူနဲ့ အကိုကြီးဝိညာဉ်စွမ်းအင်ကိုသုံးမာမဟုတ်ဘူး”

ရှောင်ယွမ်ကတော့ သက်ပျင်းချလိုက်လေပြီး ချွေးသုတ်သည့်ပဝါအား ခေါက်လိုက်သည်။

“သောက်အမှိုက်က ငါရဲ့အချိန်ကိုလာဖြုန်းနေတာပဲ” ဟူ၍တိုးတီးရေရွတ်လိုက်ပြီးနောက် စင်မြင့်ပေါ်သို့တတ်သွားလိုက်သည်။

“ကျစ်ကျစ် ရှောင်ယွမ်တော့ ပြာနှမ်းနေအောင်အရိုက်ခံရတော့မာပဲ” ရှောင်ဟိန်းကတော့ တစ်ယောက်ထဲ ကြိတ်ကာပျော်ရွင်နေလေသည်။

“ဒါနဲ့ စီနီယာအကိုရှောင်ယွမ်က နင်ကလန်ကနေပြန်လာပြီးနောက် အတော်ကြီးကိုပြောင်းလဲသွားတာပဲနော်” ပန်ဒါမျက်လုံးဖြင့်ရှောင်မင်က အနားသို့ကပ်လာပြီး ရှောင်ဝမ်အား တိုးတီးပြောလိုက်သည်။

“အင်း ဟုတ်တယ် အရင်ကထက်ပိုပြီးနည်းနည်းအေးစက်စက်ဖြစ်နေသလိုပဲ ကြည့်ရတာ နင်သခင်မလေးနဲ့အဆင်မပြေလို့နေမာပေါ့” ရှောင်ဝမ်ကလည်းပြန်ပြောလိုက်သည်။

ယခင်က ရှောင်ယွမ်ဟာ ဖော်ရွှေပြီးမျက်နှာထက်တွင် အပြုံးတစ်ပွင့်က အမြဲတမ်းရှိနေတတ်သည်။

ယခုရှောင်ယွမ်ဟာတော့ မျက်နှာသေကြီးဖြင့်အမြဲရှိနေကာ အေးစက်စက်ဖြင့်ပင်ဖြစ်သည်။

စင်မြင့်ထက်တွင်လည်း ရှောင်ယွမ်က မျက်နှာကြီးဖြင့်ရှိသည်။

အခြားတစ်ဖက်တွင်တော့ ရှောင်လန်ဟာ အပေါ်ယံတွင်ဖော်ရွှေပြီး ပြုံးစစဖြစ်နေ၏။ သို့သော်စိတ်ထဲတွင်တော့ ရှောင်ယွမ်အား အမေ၊ အဖေတသည့်အထိ ရိုက်နှက်ရန်စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်။

“အကိုကြီးက ညီလေးကို ၁၀ ကွက်အကြောပေးမယ်”

ရှောင်လန်က လက်နှစ်ဖက်အားနောက်ပြစ်လိုက်ပြီး ဆရာကြီးတစ်ယောက်ပုံစံဖမ်းလိုက်သည်။

ရှောင်ယွမ်၏နဖူးအထက်တွင်တော့ အစိမ်းရောင်သွေးကြောများပေါ်လာကာ ချက်ချင်းပဲ မောက်မာနေသောသကောင့်သားအား ပညာပေးရန် [ငါမင်းကိုသောက်ခွက်ပိတ်ရိုက်ပြီ] ဂျာချာကဒ်အားတန်းပြီးအသုံးပြုလိုက်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၆) ပြီး

All Chapters