← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

ဝိညာဉ်သခင်အဆင့်တွင် အဆင့် ၄ ဆင့်ရှိပြီး ဝိညာဉ်ကွင်း ၄ ကွင်းအားတည်ဆောက်ရခြင်းဖြစ်သည်။

ပထမဝိညာဉ်ကွင်းဟာ ခွန်အားကိုကိုယ်စားပြုပြီး အဆင့် ၁ ဝိညာဉ်သခင်များ၏အားသာချက်မှာ ခွန်အားဖြစ်သည်။

ဝိညာဉ်ကွင်းအားမထုတ်ဖော်လျှင်တောင် သူတို့ဟာ ဂျင် ၁၅၀၀ နှင့်ညီမျှသောခွန်အားကိုထုတ်ဖော်နိုင်ကြသည်။

ဒုတိယဝိညာဉ်ကွင်းဟာ အလျင်ကိုကိုယ်စားပြုပြီး၊ တတိယဝိညာဉ်ကွင်းဟာတော့ ခံနိုင်ရည်အားကိုယ်စားပြုသည်။

ပထမအဆင့် ဝိညာဉ်သခင်ဖြစ်သော ရှောင်လန်၏ခွန်အားမှာ အတော်လေးသန်မာသည်။ သို့သော် သူ၏ခံနိုင်ရည်​ဟာတော့ သိုင်းထိပ်သီးအဆင့် ၁ ယောက်ထက် အနည်းငယ်သာ ပိုမိုအားကောင်းလေသည်။

ရှောင်လန်သည် [ငါမင်းကိုသောက်ခွက်ပိတ်ရိုက်ပြီ] ဂါချာကဒ်၏ကန့်သတ်ချက်ဖြစ်သည့် ရှောင်ယွင်ထက်ပိုမိုအားကောင်းသော ခံနိုင်ရ​ည် ၃ ဆအားပိုင်ဆိုင်ထားခြင်းမရှိချေ။

ထို့အတွက်ကြောင့် သူဟာ ဂျာချာကဒ်၏အာနိသင်အားခံစားလိုက်ရသည်။

ရှောင်ယွမ်က အရှေ့သို့တိုးလာသောအခါ ရှောင်လန်ကလည်းယုံကြည်ချက်အပြည့်ဖြင့် အပြုံးတစ်ပွင့်အားထုတ်ဖော်ကာ ရှောင်ရန်လုပ်လိုက်သည်။

သို့သော် သူ၏ခန္ဓာကိုယ်ဟာ စိတ်အလိုကိုမလိုက်ပဲ ဤအတိုင်းရပ်တန့်နေသောအခါ သူအံဩသွားလေ၏။

တစ်ချိန်တည်းတွင်ပဲ ရှောင်ယွမ်ကလည်း အားရပါးရပြုံးလိုက်ပြီး ရှောင်လန်၏ညာလက်ပါးအားလက်ဝါးဖြင့်ရိုက်ချလိုက်သည်။

“ဖြန်းး”

ချက်ချင်းပဲ ပွဲအားကြည့်ရှုကြနေသည့် သူများအားလုံးပါးစပ်အဟောင်းသွားဖြစ်သွားကြသည်။ ဝိညာဉ်သခင်တစ်ယောက်အနေဖြင့် ဝိညာဉ်ကွင်း နှင့် ဝိညာဉ်စွမ်းအင်အားအသုံးမပြုဘူးဆိုလျှင်တောင် သိုင်းထိပ်သီးတစ်ယောက်ထက်များစွာ သန်မာသေးလေသည်။

သို့သော် ယခုအခါတွင်တော့ သိုင်ထိပ်သီးအဆင့်သို့ပင်မရောက်ရှိသေးသော လူငယ်တစ်ယောက်ထံမှ အရိုက်ခံလိုက်ရပြီဖြစ်သည်။

အကြောသေစေသည့် အချိန်ဟာ ၁ စက္ကန့်ဖြစ်လေပြီး ရှောင်ယွမ်ပါးရိုက်သည်မှာ ၀.၇ စက္ကန့်ခန့်သာကြာသေးသည်။

ထို့အတွက်ကြောင့် ရှောင်ယွမ်အားခါးကိုကွေးလိုက်ပြီး ငွေလက်စွပ်၏ ဒုတိယမြောက်စွမ်းရည်အားအသက်သွင်းလိုက်သည်။

အစောအပိုင်းတွေတုန်းကပြောခဲ့သလိုပင် ငွေလက်စွပ်တွင် စွမ်းရည် ၂ ခုရှိသည်။ ပထမစွမ်းရည်မှာ ဝိညာဉ်စွမ်းရည်စုပ်ယူနှုန်းအား ၁၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်စေခြင်းဖြစ်သည်။

ဒုတိယစွမ်းရည်၏အမည်ဟာတော့ ဂျင် ၅၀၀ တိုက်ခိုက်ချက်ဖြစ်၏။ အသက်သွင်းလျှင် တိုက်ခိုက်ချက်စွမ်းအင်အား ဂျင် ၅၀၀ ပိုမိုအားကောင်းစေမည်ဖြစ်သည်။

ရှောင်ယွမ်က ခါးကိုကွေးကာ ရှောင်လန်၏အသည်းရှိရာ နံရိုးသို့ အားအကုန်ထိုးချပြစ်လိုက်သည်။ ရှောင်ယွမ်၏နဂိုခွန်အားမှာ ဂျင် ၁၂၀၀ ခန့်ရှိလေပြီး ငွေလက်စွပ်၏ ဂျင် ၅၀၀ နှင့်ပေါင်းလျှင် ၁၇၀၀ ဂျင်ဖြစ်သည်။

ထိုပမာဏဟာ သာမန်လူများ၏ ခေါင်း သို့မဟုတ် နှလုံးသို့တိုက်ရိုက်ထိမိလျှင် တစ်ခါတည်းအသက်ကိုယူဆောင်သွားနိုင်သည်အထိ အားကောင်းလှသည်။

နောက်ဆုံးအချိန်လေးတွင် ရှောင်လန်ကပြန်လည်၍လှုပ်ရှားနိုင်ပြီဖြစ်သည်။ သူဝိညာဉ်စွမ်းအင်အားအသုံးရန်တွေးလိုက်သော်လည်း အသုံးမပြုလိုက်ချေ။

ထိုအစား မရှောင်နိုင်​တော့သောကြောင့် အနာခံ၍သာခုခံရန်လုပ်လိုက်သည်။ သူသိထားသလောက်ဆိုလျှင် ရှောင်ယွမ်၏ကျင့်ကြံခြင်းအဆင့်ဟာ အဆင့် ၇ သိုင်းပညာရှင်အဆင့် သာရှိ​သေး၏။

ထိုအဆင့်များ၏ အားအကောင်းဆုံးလက်သီးချက်မှာ ဂျင် ၆၀၀ ကနေ ၇၅၀ အတွင်းသာရှိသည်။ သူ၏အားသာချက်ဟာ ခံနိုင်ရည်မဟုတ်သော်လည်း ထိုလက်သီးချက်လောက်ကိုတော့ သူကောင်းကောင်းခံနိုင်လောက်မည်ဟူသော ယုံကြည်ချက်ရှိလေသည်။

“ဘန်းးး”

“ခရက်”

ကျယ်လောင်သောလက်သီးထိချက်အသံ နှင့် အတူအရိုးကျိုးသံများကလည်း ထပ်ဆင့်ထွက်ပေါ်လာ၏။ ရှောင်ယွမ်၏လက်သီးချက်မှာ ကွန်ကရစ်ကိုပင် ၂ ပိုင်းဖြစ်အောင်ထိုးပြစ်နိုင်သည်အထိ သန်မာလှသည်။

ထို့အတွက်ကြောင့် ရှောင်လန်၏နံရိုးတို့သည် လုံးဝခံနိုင်ရည်မရှိပဲ ကျိုးထွက်သွားလေ၏။ လက်သီးချက်ဟာလည်း ရှောင်လန်၏အသည်းသို့ထိမိသွားသည်။

အသည်းဆိုသည်မှာ လူသားတွေ၏ အားနည်းသောနေရာအနည်းစုထဲမှ တစ်ခုဖြစ်သည်။ ထိုနေရာအား အထိုးခံရလျှင် တိုက်ခိုက်ရေးသမားများပင် နာကျင်မှုဒါဏ်ကိုမခံနိုင်ပဲ ဒူးထောက်ကျသွားတတ်သည်။

ယခုလိုအားကောင်းလှသော လက်သီးချက်နှင့်ထိမိသောအခါ ချက်ချင်းပဲ ကြီးမားလှသော နာကျင်မှုကြောင့်ရှောင်လန်က မျက်ဖြူစိုက်သွားကာ သတိလစ်သွားသည်။

ရှောင်ယွမ်ကတော့ အနည်းငယ်ကျဥ်သွားသော သူ၏လက်အားခါလိုက်ပြီး တိုးတီးရေရွတ်လိုက်သည်။

“သောက် အမှိုက်”

အခြားသူများအားလုံးဟာလည်း ပါးစပ်အဟောင်းသားဖြင့်အံဩနေကြသည်။ ရှောင်ဝမ်ဆိုလျှင် ခေါင်းအနောက်ဘက်သို့ လက် ၂ ဖက်အားအုပ်ကာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။

ပါးစပ်အဟောင်းသားဖြင့် ရှောင်ဟိန်းက အလျင်အမြန်သတိဝင်လာပြီး အော်ဟစ်လိုက်သည်။

“မြန်မြန် သခင်လေးရှောင်လန်ကို ဆေးပေးခန်းခေါ်သွားကြ” ချက်ချင်းပဲ ရှောင်ဟိန်းနှင့်အတူ လူ ၃ ယောက်ထွက်လာကာ ရှောင်လန်အားမသွားကြသည်။

ရှောင်ယွမ်ဟာတော့ သိပ်ပြီးဂရုစိုက်သည့်ပုံမပေါ်လေပဲ အောက်သို့ပြန်ဆင်းလာကာ အလေးဆက်မနေလိုက်သည်။

ရှောင်ဝမ် နှင့် ရှောင်မင်တို့ ၂ ယောက်ကတော့ ပါးစပ်အဟောင်းသားဖြင့် ရှောင်ယွမ်အားကြည့်နေဆဲပင်ဖြစ်သည်။

“ဘာကြည့်နေကြတာ မင်းတို့မလေ့ကျင့်ကြဘူးလား” ရှောင်ယွမ်က မျက်မှောင်ကြုတ်လျက်မေးလိုက်သည်။

ရှောင်မင်က ရှောင်ယွမ်အား သံသယအပြည့်ဖြင့်ကြည့်ကာမေးလိုက်သည်။

“အကိုကြီးရှောင်ယွမ်အစစ်ကော ဟုတ်ရဲ့လား အကိုကြီးဘယ်တုန်းက ဒီလောက်သန်မာလာတာလဲ”

ရှောင်ယွမ်ကတော့ ဒီတိုင်းသာပခုံးပင့်လိုက်ကာ ပြန်ပြောလိုက်သည်။

“ဒီလိုပါပဲ မင်းတို့တွေလို အချိန်မဖြုန်း၊ အလေမလိုက်ပဲ ကောင်းကောင်းလေ့ကျင့်တဲ့ ကောင်းကျိုးတွေပေါ့လေ”.

ပြီးနောက်တွင် ထို ၂ ကောင်အားလျစ်လျှူရှုလိုက်ပြီး ဆက်၍လေ့ကျင့်လိုက်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇) ပြီး

All Chapters