အခန်း (၈)
Vol. 1 Ch. 8
“အားးး”
ဘယ်ဘက်ပါးတွင် အနီရောင်လက်ဝါးရာကြီးဖြင့် ရှောင်လန်က နာကျင်စွာအော်ဟစ်လိုက်ပြီး လှဲနေရာမှ ထိုင်လိုက်မိသည်။ ပြီးနောက်တွင် သူ၏ညာဘက်နံရိုးမှလာသော ပြင်းထန်သည့် နာကျင်မှုအားခံစားလိုက်ရသောအခါ မျက်နှာမဲ့သွားသည်။
“ကျစ်ကျစ်” ရှောင်လန်က ငြီးတွားလိုက်ပြီး ဘေးပတ်လည်ကိုကြည့်လိုက်သောအခါ သူဆေးပေးခန်းသို့ရောက်နေသည်ကိုသိလိုက်ရသည်။
“သတိရလာပြီလား” ထိုအချိန်တွင် ရှောင်ကလန်၏ အဆင့် ၂ သမားတော်ဖြစ်သည့် သမားတော်ရှောင်က လှိုက်ကာအား ဖွင့်ကာ အထဲသို့ဝင်လာသည်။
သမားတော့ရှောင်ဟာ အသက် ၇၀ ခန့်ပုံပန်းသွင်ပြင်ဖြင့်ရှိကာ အတော်လေးအိုမင်းနေပြီဖြစ်သည်။ သူ၏အနောက်တွင်လည်း သူနာပြုကောင်မလေးတစ်ယောက်ရှိသည်။
သူမဟာ ချောမောပြီး အသက် ၂၅ နှစ်ခန့်ပုံပန်းသွင်ပြင်ဖြစ်ကာ အရပ် ၅ ပေ ၈ လက်မခန့်ရှိသည်။ မိန်းကလေးတစ်ယောက်အနေဖြင့် အရပ်မြင့်သည်ဟုဆိုရပေလိမ့်မည်။ သူမဟာ သမားတော်ရှောင်၏မြေးမလေး ရှောင်ယွဲ့ပင်ဖြစ်၏။
သူမအား မြင်သောအခါ ရှောင်လန်၏ မျက်နှာတို့က ပိုမိုပြီးရှုံမဲ့သွားလေသည်။ သူမဟာ ရှောင်လန်သဘောကျနေသည့် ကောင်မလေးဖြစ်သည်။
ယခုလို အရိုက်ခံထားရသည်ကို တစ်ဖက်သူမြင်သွားသောအခါ သူအနည်းငယ်ရှက်ရွံမိသွားသည်။
သမားတော်ရှောင်က ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့ နံရိုး ၂ ချောင်းကျိုးသွားတယ်။ ငါပြန်ဆက်ပေးထားတယ်ဆိုမဲ့ မင်းအနေနဲ့ ၁ ပတ်လောက်ကောင်းကောင်းနားရမယ်။”
ရှောင်လန်က လေးစွားစွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ သမားတော်ရှောင်။ ကုသပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”
သမားတော်ရှောင်ဟာ ရှောင်မိသားစုတွင် လူငယ်များ၏လေးစားမှုကိုရရှိထားလေသည်။ ထို့အတွက်ကြောင့် ရှောင်လန်ကလည်း သမားတော်ရှောင်အား လေးစားသည်။
“ကောင်းပြီ ကောင်လေး နားနှင့်ဦး”
သမားတော်ရှောင်က ထွက်ခွာသွားလေသည်။ အမှန်တကယ်တော့ သူဟာလူအိုကြီးတစ်ယောက်ဖြစ်သည်နှင့်အညီ သူ့မြေးမ နှင့် ရှောင်လန်တို့ ၂ ယောက်ကြားက ကိစ္စအားမြင်နိုင်သည်။
ထို့အတွက်ကြောင့် ရှောင်ပေးသွားသည်ဖြစ်သည်။ ရှောင်ယွဲ့ကတော့ သူမ၏အဘိုးမရှိတော့သောအခါ ရှောင်လန်အားနှစ်လိုဖွယ်ပြုံးပြလိုက်သည်။
သူ၏အပြုံးမှာ နှစ်လိုဖွယ်လေးဖြစ်ပြီး အလွန်ကိုမှချစ်ဖို့ကောင်းလှသည်။ လူပျိုကြီးရှောင်လန်၏ မျက်နှာကအနည်းငယ်ရဲသွားကာ ပြန်ပြုံးပြလိုက်သည်။
“ရှင် သက်သာရဲ့လား” သူမက ချိုသာစွာမေးလိုက်သည်။
ရှောင်လန်ကလည်း ခေါင်းညိတ်သည်။ “အွန်း သက်သာပါတယ်ဗျ”
“ဒါနဲ့ ရှင်ပြောတော့ ဝိညာဉ်သခင်အဆင့်ကိုရောက်ပြီဆို၊ အခုဘယ်လိုလုပ်ပြီးတော့ ရှောင်ယွမ်လိုကလေးစီကနေ အရိုက်ခံလာရတာလဲ”
ရှောင်လန်က သွားဖြီးလိုက်ပြီး ခေါင်းကုတ်ကာပြောလိုက်သည်။ “ဒီတိုင်း သတိလွှတ်ထားလို့ပါ ဟဲဟဲ”
“ဒါနဲ့ အကို ညီမရှောင်ယွဲ့အတွက် လက်ဆောင်ပါတယ်”
ရှောင်လန်က သူ၏သိုလှောင်လက်စွပ်ထဲမှ သေတ္တာလေးတစ်ဘူးထုတ်လိုက်၏။
ကလန်သို့ပြန်မရောက်ခင်ကတည်းက ထိုလက်ဆောင်အားပေးရန် သူရှက်ရွံနေခဲ့ကာ မည်သို့ပေးရမည်မှန်း မသိဖြစ်နေ၏။
ယခုလိုဆေးပေးခန်းသို့ ရှောင်ယွမ်က သူ့အားတစ်ခါတည်းပို့ပေးလိုက်သောအခါ ရှောင်လန်က သကောင့်သားအား ကျေးဇူးတင်ရမလိုဖြစ်သွားသည်။
“အာ..ကျေးဇူးပဲနော်၊ ဘာလေးလဲ” ရှောင်ယွဲ့ကလည်း ပျော်ရွင်သွားကာ လက်သီးစုပ်အရွယ်သေတ္တာဘူးလေးအားယူလိုက်သည်။
တစ်ချိန်တည်းတွင် စာရွက်စာတမ်းများဖြင့် ခေါင်းစားနေသည့် ကလန်ခေါင်းဆောင်ရှောင်ထျန်းဟာလည်း ရှောင်လန်မှောက်အောင် အရိုက်ခံလိုက်ရသည့် အကြောင်းအားသတင်းရလိုက်သည်။
“ဟမ် ရှောင်လန်နံရိုးကျိုးပြီး ဆေးပေးခန်းရောက်သွားတယ်ဟုတ်လား” ရှောင်ထျန်းတစ်ယောက် အံဩလွန်း၍ လက်ထဲမှဘောပင်ကိုပင် အမှတ်မထင် ၂ ပိုင်းချိုးပြစ်လိုက်မိသည်။
သူ့အား အစောကလေးတင်ပဲ အကြီးအကဲတစ်ယောက်ရောက်လာပြီး ရှောင်ယွမ်က သိုင်းထိပ်သီးအဆင့်သို့ရောက်သွားပြီဟူ၍ အကြောင်းလာကြားခဲ့သည်။
ထို့အတွက်ကြောင့် သူဟာ နောက် ၅ ရက်နေလျှင် ကျင်းပမည့် နှစ်စဥ် မိသားစုကြီး ၄ ခု သိုင်းပြိုင်ပွဲအားအနိုင်ရပြီဟူ၍ ခံစားချက်များကောင်းနေခဲ့သည်။
သို့သော် ယခုအခါတွင် နောက်ထပ်တစ်ယောက်က ရှောင်လန်တစ်ယောက် ရှောင်ယွမ်လက်ချက်ဖြင့် မှောက်အောင်အတီးခံလိုက်သည်ကိုကြားလိုက်ရပြန်သည်။
“အင်း ကောင်းပြီ သွားလို့ရပြီ”
လောလောဆယ်တွင် ရှောင်ထျန်းဟာ စာချုပ်ကိစ္စများကြောင့် ခေါင်းကိုက်နေ၏။ ထို့အတွက်ကြောင့် သတင်းလာပို့သော ရှောင်ဟိန်းအားအလျင်အမြန် နှင်ထုတ်လိုက်သည်။
ရှောင်ယွမ်ဟာတော့ တစ်နေ့လုံး သိုင်းလေ့ကျင့်ရေးခန်းမတွင်သာ လေ့ကျင့်လျက်ရှိသည်။ ထမင်းစားချိန်ရောက်လျှင်တောင် အာဟာရဆေးလုံးကိုသာ သောက်သုံး၏။
ညနေ ၆ နာရီနေဝင်ချိန်ရောက်သည့်အချိန်တွင်တော့ ရှောင်ယွမ်က သူ၏အိမ်သို့ပြန်သွားလေသည်။
ရေချိုး၊ အဝတ်လဲပြီးနောက် အပေါ်ထပ်သို့တတ်လာကာ ထုံးစံအတိုင်း အဖြူရောင်အားဖြည့်အချိုရည်အား သောက်လိုက်သည်။
ပြီးနောက်တွင် တင်ပျဥ်ခွေထိုင်၍စတင်ပြီး ကျင့်ကြံလိုက်၏။
၅ နာရီဆက်တိုက်ကျင့်ကြံပြီးနောက်တွက် ရှောင်ယွမ်က ထလာပြီး အကြောဆန့်လိုက်သည်။
“အင်း..မဆိုးဘူး”
“နောက်ထပ် ၃ ရက်လောက်ဆိုရင် ငါသိုင်းထိပ်သီးအဆင့်ကိုရောက်ပြီ”
ရှောင်ယွမ်ကရေရွတ်လိုက်ပြီး နာရီအားကြည့်လိုက်သည်။ အချိန်မှာတော့ ၁၂ နာရီထိုးဖို့ ၅ မိနစ်သာလိုတော့သည်။
၅ မိနစ်ဆိုသောအချိန်မှာ ခနတာအတွင်းကုန်ဆုံးသွားပြီး ၁၂ နာရီထိုးသွားလေသည်။
တစ်ပြိုင်နက်ထဲတွင် လောကကြီးတစ်ခုလုံးက အချိန်ရပ်တန့်သွားကာ ရှောင်ယွမ်ဟာလည်း အဆုံးအစမရှိသည့် အဖြူရောင်အခန်းကြီးထဲတွင်ပြန်ပေါ်လာသည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၈) ပြီး