အခန်း (၁၀)
Vol. 1 Ch. 10
ဇူလိုင်လ ၁ ရက်နေ့၊ ၂၀၂၅ ခုနှစ်၊ ၁၂ နာရီထိုးပြီး စက္ကန့် ၃၀ အကြာတွင်ဖြစ်သည်။ အချိန်က ညလယ်ခေါင်သို့ရောက်နေပြီဖြစ်သော်ငြား ရှောင်ကလန်ကြီးက စည်ကားနေဆဲပင်ဖြစ်သည်။
အချို့က သိုင်းလေ့ကျင့်နေကြသလို အချို့ကလည်း ဝိညာဉ်စွမ်းအင်များကိုစုပ်ယူနေကြပြီး ခန္ဓာကိုယ်အားသန့်စင်နေကြသည်။
ထိုအထဲတွင် ရှောင်ဟိန်းအပါအဝင်ဖြစ်၏။ သူဟာလည်း သူ၏အိမ်တွင် တင်ပျဥ်ခွေထိုင်၍ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေလေ၏။
အဖေဖြစ်သူဟာ ဝိညာဉ်သခင်အဆင့်အကြီးအကဲတစ်ယောက်ဖြစ်သည်။ ထို့အတွက်ကြောင့် သူ၏အိမ်ဟာ ရှောင်ယွမ်၏အိမ်ကြီးထက်ပင် ပိုမိုပြီးခမ်းနားနေသေးသည်။
ရှောင်ယိန်းဟာ အဆင့် ၆ သိုင်းပညာရှင်အဆင့်နှင့်အတော်လေး နီးကပ်နေပြီမို့ သူ့ကိုယ်သူ စိတ်ကျေနပ်နေမိသည်။ သူ၏အသက်ဟာလည်း ရှောင်ယွမ် နှင့် သိပ်မကွာချေ။
ထို့အတွက်ကြောင့် ရှောင်ဟိန်းအား သာမာန်ပါရမီရှင်တစ်ယောက်ဟူ၍တော့ ပြောလို့ရသည်။
သူဟာလက်ရှိအချိန်တွင် ဒုတိယထပ်ရှိ သူ၏ကုတင်ပေါ်တွင်ကျင့်ကြံနေခြင်းဖြစ်သည်။ အခန်းထဲတွင်တော့ ဤအတိုင်းသာမန်ပစ္စည်းများသာရှိလေ၏။
ဒုတိယထပ်၏ဝရံတာအား ဖန်ဖြင့်ဆောက်လုပ်ထားသည်ဖြစ်သည်။ ရုတ်တရက် အပြင်ဘက်မှ လူတစ်ယောက်က ဒုတိယထပ်သို့ခုန်တတ်လာ၏။
ပြီးနောက်တွင် ဖန်တံခါးထိုးခွဲပြစ်လိုက်ပြီး အထဲသို့ဝင်လာသည်။
“ဟမ်” ကျင့်ကြံနေသည့် ရှောင်ဟိန်းကလည်း လန့်နိုးလာပြီး ကျူးကျော်သူအားကြည့်လိုက်၏။
ကျူးကျော်သူဟာ အရပ် ၅ ပေ ၁၀ လက်မခန့်ရှိပြီး ကြီးမားကျယ်ပြန့်သောခန္ဓာကိုယ်ရှိသည်။ သူ၏မျက်နှာကိုတော့ အနက်ရောင်မျက်နှာဖုံးဖြင့် အုပ်ထားလေသည်။
“မင်း ဘယ်သူလဲ ဒါရှောင်ကလန်...” ရှောင်ဟိန်းစကားမဆုံးသေးခင်မှာပင် မေးရိုးကိုအထိုးခံလိုက်ရကာ ချက်ချင်းပဲ သတိလစ်သွားသည်။
“ခွပ်”
ရှောင်ဟိန်းမြေပေါ်သို့တန်းပြုတ်ကျသွားလေသည်။
ရှောင်ယွမ်ကတော့ စနစ်၏ဖန်သားပြင်အားကြည့်လိုက်သည်။
[အသက်စွမ်းအင် + ၂၀ မိနစ်]
သူ၏မျက်နှာဖုံးအောက်မှ မျက်နှာပေါ်တွင် အပြုံးကြီးကြီးထွက်ပေါ်လာလေသည်။
ပြီးနောက်တွင် ရှောင်ဟိန်းအားဂုတ်ကနေ ခွေးသေတစ်ကောင်ကဲ့သို့မချီ၍ ရေချိုးခန်းထဲသို့ခေါ်သွားလိုက်သည်။
ရေချိုးခန်းထဲသို့ရောက်သောအခါ ရှောင်ဟိန်းအားကြမ်းပြင်ပေါ်သို့ပြစ်ချလိုက်ပြီး ရေချိုးခန်းတံခါးအားပိတ်လိုက်သည်။
“ဘုန်းး”
ပြီးနောက်တွင် ရေပိုက်အားဖွင့်လိုက်ပြီး ရှောင်ဟိန်းအားဖြန်းလိုက်၏။
“အားး”
ချက်ချင်းပဲ ရေမွှန်းသွားသည့် ရှောင်ဟိန်းက အလန့်တကြားနိုးလာလေ၏။
သို့သော် နိုးလာသည်နှင့်တစ်ပြိုင်နက် ဗိုက်သို့အရှိန်အဟုန်နှင့်ကန်သည်ကို ခံလိုက်ရသောကြောင့် ညီးတွားလိုက်ရသည်။
“အားးး”
[အသက်စွမ်းအင် + ၁၅ မိနစ်]
ရှောင်ဟိန်းက ရှောင်ယွမ်အားဒေါသတကြီးဖြင့်ကြည့်ကာ အော်ဟစ်ဆဲဆိုလိုက်သည်။
“ဟိတ်ကောင် ခွေးသတောင်းစားမင်းဘယ်သူလဲ”
“ဒီနေရာက ရှောင်..”
ရှောင်ယွမ်က ရှောင်ဟိန်းစကားမဆုံးသေးခင်မှာပင် မျက်နှာအားဆုပ်ကိုင်၍ နံရံနှင့်ပြစ်တိုက်လိုက်သည်။
“အုန်းးး”
ချက်ချင်းပဲ ရေချိုးခန်းနံရံတွင် အနည်းငယ်သောအက်ကွဲကြောင်းတွေထွက်ပေါ်လာသလို ရှောင်ယွမ်၏နောက်စေ့ဟာလည်း ကွဲထွက်သွားကာ သွေးတွေထွက်လာသည်။
ရှောင်ယွမ်က ရှောင်ဟိန်းအား နောက်ထပ် ၅ ချက်ခန့်အဆက်မပြတ် နံရံနှင့်ပြစ်တိုက်ပေးလိုက်သည်။
“အုန်းးး အုန်းးး အုန်းးး အုန်းးး အုန်းးးး”
ချက်ချင်းပဲ ရှောင်ဟိန်းက မူးဝေသွားလေပြီး မခုခံနိုင်တော့လေချေ။ တစ်ပြိုင်နက်ထဲတွင် မကောင်းသောခံစားချက်များဖြစ်သည့် ကြောက်ရွံမှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ နာကျင်မှု စသည့် ခံစားချက်များစွာထွက်ပေါ်လာသည်။
[အသက်စွမ်းအင် + ၂ နာရီ]
ရှောင်ယွမ်က စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်မိသည်။
ပြီးနောက်တွင် ရှောင်ဟိန်းကျောပေါ်တွင်တတ်ထိုင်လိုက်သည်။ ပြီးနောက်တွင် ရှောင်ဟိန်း၏ညာလက်အား တုတ်ကို ၂ ပိုင်းချိုးသကဲသို့ ချိုးပြစ်လိုက်သည်။
ခရက်။
“အားးးး”
ရှောင်ဟိန်းကနာကျင်စွာအော်ဟစ်လိုက်သော်လည်း ရှောင်ယွမ်၏က သကောင့်သား၏ဦးခေါင်းအား အားပါပါဖြင့်ထိုးချပြစ်လိုက်သည်။
“အုန်းးး” ချက်ချင်းပဲ ရှောင်ဟိန်းထပ်မံ၍ သတိလစ်သွားလေသည်။
ရှောင်ယွမ်ကတော့ ရေပူပိုက်ဖြင့် ရှောင်ဟိန်၏ညာလက်ချောင်းတို့ပေါ် ဖြန်းလိုက်သည်။
“ရှဲ.....”
အပူချိန်အားအမြင့်ဆုံးသို့တင်ထားသည်မို့ ရေဆူမှတ်ကိုပင်ကျော်လွန်နေပြီဖြစ်သည်။
ရှောင်ဟိန်းက သတိပြန်ဝင်လာပြီး နာကျင်စွာအော်ဟစ်လိုက်ရသည်။
“မင်းက တော်တော်ကိုနားငြီးတဲ့ကောင်ပဲ”
ရှောင်ယွမ်က မျက်မှောင်ကြုတ်သွားပြီး ရှောင်ဟိန်း၏လျာအား လက်ဖြင့်ညှပ်ကာ ဆွဲထုတ်လိုက်သည်။ ရှောင်ဟိန်း၏လျာအပြင်သို့ရောက်လာသောအခါ ရှောင်ဟိန်း၏မေးရိုးအား အပေါ်သို့ရိုက်ချလိုက်၏။
“ဂါးးး”
ချက်ချင်းပဲ ရှောင်ဟိန်း၏လျာက ၂ ပိုင်းပြတ်သွားလေပြီး အနီရောင်သွေးများစွာထွက်ကျလာ၏။ လျာပြတ်ကြီးကလည်း ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေ၏။
ရှောင်ယွမ်က ထိုလျာပြတ်ကြီးအားကောက်ယူ၍ ရှောင်ဟိန်း၏ပါးစပ်ထဲပြန်ထည့်လိုက်သည်။ ပြီးနောက်တွင် အတင်းအကြပ်ဝါးခိုင်းလိုက်သည်။
“ဂါးး ဝါးးး ရားးး” ရှောင်ယွမ်ဟာ အရင်ကလောက်မအော်ဟစ်နိုင်တော့ဘူးဆိုသော်ငြား မသဲမကွဲအသံများဖြင့် ညီးတွားနေဆဲဖစ်သည်။
ရှောင်ယွမ်က မျက်နှာသေကြီးဖြင့် ရေဆူမှတ်အားကျော်လွန်နေသည့် ရေပူဖြင့်ရှောင်ဟိန်း၏ပါးစပ်ထဲသို့ဖြန်းလိုက်သည်။
“ရှဲ....”
“အာ့... အူးးး”
ချက်ချင်းပဲ သူ၏အသံကျယ်ကျယ်အော်နိုင်စွမ်းကို ဆုံးရှုံးသွားကာ အသံတိုးတိုးဖြင့်သာညီးတွားနိုင်စွမ်းရှိတော့သည်။
သူ၏လျာပြတ်ရာကလည်း ရေပူကြောင့် အလုံးစုံကျက်သွားကာ သွေးမထွက်လာတော့ချေ။ ရှောင်ဟိန်း၏မျက်နှာတစ်ခုလုံးက သွေးများ၊ မျက်ရည်များ၊ နှပ်ချေးများဖြင့် ပြည့်နှက်နေ၏။
သူ၏စိတ်ထဲတွင်လည်း အဖေ နှင့် အမေအားတနေမိသည်။ ကံမကောင်းစွာဖြင့် သူ့အားကယ်တင်မည့်သူ တစ်ယောက်မှမရှိချေ။
ရှောင်ယွမ်က ပြီးနောက်တွင် ရှောင်ဟိန်း၏ထက်ပိုင်းကျိုးနေသည့် ညာလက်သို့ဆက်လက်ပြီး ရေပူများဖြင့်ဖြန်းလိုက်သည်။ ညာလက်ချောင်းများထံသို့ဖြန်းနေခြင်းဖြစ်သည်။
ရှောင်ဟိန်းကလည်း နာကျင်စွာဖြင့်ညီးတွားနေပြီး ရုန်းကန်ရန်ကြိုးစားနေ၏။ သို့သော် ရှောင်ယွမ်က အပေါ်ကနေပြီး တတ်ထိုင်ထားသောကြောင့် ရုန်း၍မရချေ။
ရှောင်ဟိန်း၏ညာလက်ချောင်းများ နူးပြီးပျော့လာသောအခါ ရှောင်ယွမ်က ရေပူအားရပ်တန့်လိုက်သည်။
ပြီးနောက်တွင် ရှောင်ဟိန်းအားသတိလစ်သည်အထိ ထိုးချလိုက်ပြီး အပြင်သို့ထွက်သွားလိုက်သည်။
မိနစ်အနည်းငယ်ခန့်ကြာပြီးနောက် ပြန်လာသောအခါ သူ၏လက်ထဲတွင် ပစ္စည်း ၃ မျိုးပါလာသည်။ ပထမတစ်မျိုးမှာတော့ ပလာယာအချွန်လေးဖြစ်၏။
ရှောင်ယွမ်က ရှောင်ဟိန်း၏မျက်နှာပေါ်သို့ရေပူများဖြန်းလိုက်ပြီး သတိပြန်ဝင်လာအောင်လုပ်လိုက်သည်။
“ငြေဂငျေသကေိုငိကျးးျငကိ” ရှောင်ဟိန်းကလည်း ထူးဆန်းသည့်အသံများဖြင့် ညီးတွားလိုက်သည်။ ရှောင်ယွမ်ကတော့ မျက်နှာသေကြီးဖြင့် ရှောင်ဟိန်း၏ညာလက််ချောင်းများကိုစုပ်ကိုင်လိုက်သည်။
ပြီးနောက်တွင် ပလာယာအချွန်ဖြင့် ရှောင်ဟိန်း၏လက်သည်းများကို တစ်ချောင်းခြင်းဆွဲနှုတ်လေတော့၏။
____
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၀ ) ပြီး။