အခန်း (၁၁+၁၂+၁၃)
Vol. 2 Ch. 11+12+13
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၁ + ၁၂ + ၁၃)
မိနစ်အနည်းငယ်ကြာသောအခါ အဆင့် ၅ သိုင်းပညာရှင်အဆင့်၏ ကိုယ်ခံအားက ထိုမျှလောက် အားမကောင်းသေးချေ။ ရှောင်ဟိန်းတစ်ယောက်သေဆုံးသွားပြီဖြစ်လေ၏။
ရှောင်ယွမ်ကတော့ ဒေါသတကြီးဖြင့်တူအားမြောက်လိုက်ပြီး ရှောင်ဟိန်း၏ဦးခေါင်းအားရိုက်ခွဲလိုက်သည်။
“ဘန်းးး”
ချက်ချင်းပဲ ဦးခေါင်းခွံဟာကွဲထွက်သွားလေပြီး ဦးနှောက်အပိုင်းအစများက နေရာအနှံသို့ပြန်ကျဲသွား၏။
ရှောင်ယွမ်က ထလိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။
“သောက်အမှိုက်ပဲ ဒီလောက်လေးကိုတောင် မတောင့်ခံထားနိုင်ဘူး”
“အင်း ငါဒီလောက်လုပ်ထားတာတောင် အသက်စွမ်းအင်က ဒီလောက်ပဲရတယ်”
[အမည် - ထျန်ရှင်းလု]
[ခွန်အား - ၁၂]
[အမြန်နှုန်း - ၁၀]
[ခံနိုင်ရည် - ၈]
[လက်ကျန်သက်တမ်း - ၇ ရက်၊ ၁၅ နာရီ၊ ၁၂ မိနစ်၊ ၂၃ စက္ကန့်]
အစပိုင်းတွင် အသက်စွမ်းအင်များစွာရရှိသော်လည်း နောက်ပိုင်းရောက်လေ ပိုပိုပြီးနည်းပါးလာ၏။
ကြည့်ရသည်မှာ အကန့်အသတ်အချို့ရှိသည်ပုံဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ရှောင်ယွမ်က စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်သည်။ ပြီးနောက်တွင် ရှောင်ဟိန်း၏သွေးအားအသုံးပြုလိုက်ပြီး နံရံပေါ်တွင်စာအနည်းငယ်ရေးသားလိုက်သည်။
မနက် ၁၁ နာရီ ဇူလိုင်လ ၁ ရက်နေ့၊ ၂၀၂၅ ခုနှစ်၊ မိုးပြာနဂါးတိုက်ကြီး၏အရှေ့တောင်စွန်း၊ ရွှေနဂါးနိုင်ငံအတွင်းရှိ ရှောင်ကလန်ရှိ သိုင်းလေ့ကျင့်ခန်းမတွင် လူငယ်များက လေ့ကျင့်နေကြသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် မိသားစုကြီးလေးခုဖြစ်သော ရှောင်ကလန်၊ နင်ကလန်၊ ရူကလန် နှင့် ဝမ်ကလန်တို့ ၄ ခုစုပေါင်းကျင်းပသော နှစ်စဥ်ဆောင်းဦးသိုင်းပြိုင်ပွဲရှိလေ၏။
အနိုင်ရသူ နှင့် ထိပ်ဆုံး ၁၀ ယောက်ဝင်သောသူများမှာ အရင်းအမြစ်များစွာအားရရှိမည်ဖြစ်သောကြောင့် လူငယ်များဟာ အပြင်းအထန်ကြိုးစားနေကြသည်။
ရှောင်ယွမ်ဟာတော့ ထိုပြိုင်ပွဲအားစိတ်မဝင်စားသော်လည်း အပြင်းအထန်လေ့ကျင့်နေဆဲဖြစ်သည်။
ရုတ်တရက် စနစ်၏ဖန်သားပြင်တစ်ခုပေါ်လာသောအခါ ရှောင်ယွမ်က ထိုင်ထလုပ်နေရင်းလှမ်းကြည့်လိုက်သည်။
[သက်တမ်း + ၂ လ၊ ၉ ရက်၊ ၈ နာရီ၊ ၂၁ မိနစ်]
ရှောင်ယွမ်ကပြုံးလိုက်ပြီး ရေရွတ်လိုက်၏။ “ကြည့်ရတာ သူတို့အလောင်းကိုတွေ့သွားပြီထင်တယ်။”
သူဟာ ရှောင်ဟိန်း၏အလောင်းအားထိုရေချိုးခန်းထဲတွင် ဤအတိုင်းသာထားခဲ့ခြင်းဖြစ်သည်။
ရှောင်ဟိန်း၏အလောင်းရှိသော ရေချိုးထဲတွင်တော့ အခန်းထဲတွင်တော့ လူ ၄ ယောက်ရှိနေသည်။
တစ်ယောက်မှာတော့ ရှောင်ဟိန်းနှင့်နီးကပ်သော ငယ်သူငယ်ချင်းဖြစ်သည်။ ရှောင်ဟိန်းလေ့ကျင့်ရန်မလာသောကြောင့် သူဟာမက်ဆေ့ချ်ပို့ပြီး မေးမြန်းခဲ့သည်။
သို့သော် တစ်ဖက်လူက ပြန်မဖြေသောကြောင့် သူကရှောင်ဟိန်း၏အိမ်သို့ရောက်လာခြင်းဖြစ်လေသည်။
အပေါ်ထပ်တွင် လှိုက်ကာဖြင့်ကာထားသောကြောင့် ကွဲနေသည့်ဖန်တံခါးအားမမြင်ရချေ။ ရှောင်ဟိန်းဟာလည်း ရှောင်ကလန်ထဲတွင်ဖြစ်သောကြောင့် တံခါးအားသော့မခတ်ထားချေ။
ထို့အတွက်ကြောင့် သူအပေါ်ထပ်သို့တတ်လာပြီး ကွဲနေသောဖန်တံခါးနှင့်ရေချိုးခန်းထဲမှ သွေးနံရသောကြောင့် ဖွင့်ကြည့်ခဲ့သည်။
စစခြင်းမြင်တုန်းကဆိုလျှင် သူဟာအလွန်တရာထိန့်လန့်သွားခဲ့ရပြီး အန်ပင်အန်ခဲ့မိသည်။ အခြား ၂ ယောက်မှာတော့ ကလန်ခေါင်းဆောင်ရှောင်ထျန်း၊ သူ၏သားကြီး ရှောင်လန်ဖြစ်သည်။
နောက်ဆုံးတစ်ယောက်မှာတော့ ရှောင်ဟိန်း၏အဖေဖြစ်သူ တတိယအကြီးအကဲပင်ဖြစ်လေ၏။ သူဟာ အသက် ၆၀ ကျော်ပြီဖြစ်ပြီး အဆင့် ၁ ဝိညာဉ်သခင်အဆင့်ဖြစ်သည်။
သူ၏အမျိုးသမီးဖြစ်သူမှာ ဝိညာဉ်သခင်အဆင့်အား မတတ်ရောက်နိုင်ခဲ့ပဲ အသက် ၄၀ တွင်ဆုံးပါးသွားခဲ့သည်။ ထိုအချိန်တုန်းက ရှောင်ဟိန်းဟာ ၂ နှစ်သားလေးသာရှိသေး၏။
ထို့အတွက်ကြောင့် တတိယအကြီးအကဲအတွက် ရှောင်ဟိန်းဟာ အလွန်အရေးကြီးပြီး သူဂရုစိုက်သည့် တစ်ဦးတည်းသောသူဖြစ်သည်။
အခြား ၃ ယောက်၏မျက်နှာတွေဟာလည်း သုန်မှုန်နေပြီး မျက်ဝန်းထဲတွင် ဒေါသ နှင့် ဝမ်းနည်းမှုများပြည့်နှက်နေသည်။
တတိယအကြီးအကဲဟာတော့ နီရဲနေသောမျက်လုံးကြီးဖြင့်တစ်ကိုယ်လုံးကတုန်ယင်နေကာ ဒေါသအပြင်းအထန်ထွက်နေကြောင်းသိသာလေ၏။
အခန်းထဲရှိလေထုကြီးတစ်ခုလုံးဟာလည်း လေးလံနေပြီး အေးစိမ့်နေသည်။
သူဟာနံရံပေါ်ရှိ သွေးဖြင့်ရေးထားသော စာကိုဒေါသတကြီးဖြင့်စိုက်ကြည့်နေမိ၏။
“သူအရမ်းနာကျင်ပြီး ကလေးတစ်ယောက်လိုအော်ငိုနေခဲ့တယ်။ သနားစရာပဲ... 😄”
စာ၏နောက်ဆုံးတွင်လည်း လှောင်ပြောင်နေသည့် မျက်နှာပုံအားသွေးဖြင့်ရေးဆွဲထား၏။
“ဘယ်လို လူမဆန်တဲ့ကောင်လည်း” တတိယအကြီးအကဲ ဒေါသတကြီးအော်ဟစ်လိုက်ပြီး ဝိညာဉ်ကွင်းကိုပင်ထုတ်ဖော်ကာ ဝိညာဉ်စွမ်းအင်ကိုလည်းအသုံးလိုက်သည်။
ပြီးနောက်တွင် စာရေးသားထားသော နံရံကြီးအားထိုးပြစ်လိုက်သည်။
“ဝုန်းးးး”
ချက်ချင်းပဲ အိမ်ကြီးတစ်ခုလုံးကတုန်ခါသွားလေကြီး နံရံတွင်လည်း မီတာဝက်ခန့်ပင့်ကူအိမ်အက်ကွဲကြောင်းများစွာထွက်ပေါ်လာသည်။
ရှောင်ထျန်းကလည်း သက်ပျင်းချလိုက်ပြီး ရှောင်လန်အားအမိန့်ပေးလိုက်သည်။
“ငါ့သား အခုချက်ချင်း ဒါကိုဘယ်သူလုပ်သွားတာလည်းဆိုတာ စုံစမ်းစေ”
“ရှိသမျှ စောင့်ကြည့်ကင်မရာတွေကို အသေးစိတ်စစ်ဆေး”
“တရားခံကိုမမိမခြင်း ဒီကိစ္စကိုဖုန်းကွယ်ထားပါ”
ရှောင်ထျန်း၏မျက်နှာတွင်လည်း ဒေါသများစွာရှိနေပြီး မျက်လုံးတို့ကလည်း ခက်ထန်နေ၏။
“ဟုတ်ကဲ့ပါ အဖေ” ရှောင်လန်ကလည်း ထွက်ခွာသွားလေ၏။ သူ၏မျက်လုံးတို့ဟာလည်း ခက်ထန်လျက်ရှိနေသည်။
တစ်ဖက်တွင်တော့ ရှောင်ယွမ်ဟာ တိုးပွားလာသည့် သက်တမ်းများအားကြည့်နေပြီး စိတ်အခြေအနေကောင်းမွန်နေ၏။
နောက်ဆုံးတွင်တော့ ရှောင်ယွမ်က ဂါချာကဒ်၏ကန့်သတ်ချက်ဖြစ်သော ကဒ်ပိုင်ရှင်အပေါ်မူတည်သည်ဟူသော အရာအားနားလည်သွားခဲ့ပြီဖြစ်သည်။
ရှောင်ဟိန်းဟာ သူ့ထက်များစွာအားနည်းလှ၏။ ထို့အတွက်ကြောင့် သူအလွန်ရက်စက်သောအရာများအား ပြုလုပ်ခဲ့သည်တောင်မှ အသက်စွမ်းအင် ၇ ရက်ခန့်သာရရှိခဲ့သည်။
သို့သော်ယခုအခါတွင်တော့ ဝိညာဉ်သခင်အဆင့် ၃ ယောက်၏ ဒေါသ၊ ဝမ်းနည်းမှု၊ အမုန်းတရားတို့ဟာ သူ့အား စုစုပေါင်းသက်တမ်း ၁ နှစ်နီးပါးတောင်ရရှိလေသည်။
ရှောင်ယွမ်ဟာ အတော်လေးသန်မာသော်လည်း ဝိညာဉ်ကွင်းများ၏အစွမ်းဖြင့်သန်မာလှသော ဝိညာဉ်သခင်တစ်ယောက်ထက်တော့ အားနည်းနေဆဲဖြစ်သည်။
ထိုဝိညာဉ်သခင်အဆင့်များကိုသာ ရှောင်ဟိန်းကဲ့သို့နှိပ်ဆက်လိုက်လျှင် သူရရှိလာမည့်အသက်စွမ်းအင်ပမာဏဟာ ၁၀ နှစ်ခန့်လောက်ရရှိသွားနိုင်သည်။
ရှောင်ယွမ်တစ်ယောက်ဟာတော့ သူဘာသာသူတစ်ယောက်ထဲ စိတ်ကူးယဥ်နေကာ စိတ်အခြေအနေကောင်းမွန်နေသည်။
ပုံမှန်အချိန်တွင် သူ၏မျက်နှာကြီးတစ်ခုလုံးကတည်နေပြီး ခက်ထန်နေသော်လည်း ယခုအခါတွင်နူးညံနေကာ နှုတ်ခမ်းထောင်တို့ကလည်း ကော့တတ်နေ၏။
ဆေးပညာတိုးတတ်သည်မို့ တစ်ရက်ထဲနှင့်မျက်လုံး အကောင်းတိုင်းပြန်ဖြစ်သွားသော ရှောင်မင်က ထိုသည်ကိုသတိထားမိသွားကာ မေးမြန်းလိုက်သည်။
“အကိုရှောင်ယွမ်စိတ်အခြေအနေကောင်းနေတာပဲ၊ သခင်မလေးနင်နဲ့ပြန်အဆင်ပြေသွားပြီလား”
“ဟမ်..ဟုတ်တယ် အဆင်ပြေသွားပြီ” ရှောင်ယွမ်ကလည်း ဤအတိုင်းသာပခုံးပင့်ကာပြောလိုက်သည်။
တစ်ချိန်တည်းတွင် နင်ကျွန်းဆွယ်ပေါ်ရှိ အဓိကမြို့တော်ရှန်ဟိုင်းတွင် ကောင်မလေးတစ်ယောက်က ကားမောင်းနေ၏။
သူမ၏ကားဟာ အနီရောင်ပြိုင်ကားဖြစ်ပြီး ကြည့်ကောင်းလှသည်။ သူမဟာမောင်းနေရင်းတန်းလန်းမှာပင် မကြာခန ဖုန်းအားဖွင့်ကာကြည့်နေမိသည်။
ရှောင်ယွမ်ထံမှ ပို့ထားသောစာမရှိသောအခါ သူမက ဒေါသတကြီးဖြင့် ဖုန်းအားဘေးခုံပေါ်သို့လှမ်းပြစ်လိုက်သည်။
သူမဟာ အသက် ၂၅ လောက်ရှိမည့်ပုံဖြစ်ပြီး အတော်လေးချောမောကာ မမကြီးတစ်ယောက်ကဲ့သို့ ဆွဲဆောင်မှုရှိသည်။
အနီရောင်တရုတ်ရိုးရာဝတ်စုံအားဝတ်ဆင်ထားပြီး ခါးထိရှည်သောအနက်ရောင်ဆံပင်တို့ဖြင့် ခန္ဓာကိုယ်ဟာလည်း ဆွဲဆောင်မှုရှိ၏။
သူမဟာတော့ အခြားသူမဟုတ်၊ ရှောင်ယွမ်၏ကောင်မလေးဖြစ်သော နင်ယု ဖြစ်သည်။
“စာမလာ၊ အကြောင်းမပြန်တာ တစ်ပတ်တောင်ရှိပြီ တစ်ပတ်” သူမက ဒေါသထွက်လွန်းသောကြောင့် နဖူးအထက်တွင်ပင် အစိမ်းရောင်သွေးကြောများထောင်ထလာသည်။
သူမပို့ထားသော စာများအားလုံးကိုလည်း တစ်ဖက်လူဟာ လုံးဝဝင်မဖတ်သလို ဖုန်းလည်းမကိုင်ချေ။
သူမက မိနစ်အနည်းငယ်ခန့်မောင်းလာပြီးနောက် နင်ကလန်၏ ကိုယ်ပိုင်လေယာဥ်ကွင်းသို့ရောက်ရှိလာသည်။
သူမဟာ ယခုနှစ်တွင် အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး သိုင်းထိပ်သီးအဆင့်တစ်ယောက်ဖြစ်သည်။ သူမဟာမကြာခင် သန္ဓေပြောင်းသားရဲများကို အမဲလိုက်ရန်သွားတော့မည်ဖြစ်၏။
ထို့အတွက်လည်း အကုန်ပြင်ဆင်ပြီးသားဖြစ်သည်။ သို့သော် ရှောင်ယွမ်ကတော့ သူသိုင်းထိပ်သီးအဆင့်ရောက်သည်အထိ သူမအား စောင့်ဆိုင်းခိုင်းစေချင်သည်။
ထိုသို့နှင့် သူမတို့ ၂ ယောက် အရင်တစ်ခေါက်တွေ့ကတည်းက စကားများထားကြသည်ဖြစ်သည်။ ထိုကတည်းက ရှောင်ယွမ်တစ်ယောက် သူမ၏မက်ဆေ့ချ်များအား ဝင်မဖတ်သလို ဖုန်းခေါ်လျှင်လည်း လျစ်လျှူရှုထားလေ၏။
“သောက်ကလေး တွေ့ရင် ခေါင်းကိုအားပြင်းပြင်းနှင့်ခေါက်ဖြစ်ဦးမယ်” သူမကဒေါသတကြီးဖြင့်ကြုံးဝါးလိုက်ပြီး ကားရပ်လိုက်သည်။
ပြီးနောက် နေကာမျက်မှန်အထူကြီးအားတပ်လိုက်ပြီး ကားပေါ်မှဆင်းလာကာ အသင့်စောင့်နေသည့် ဧည့်ကြိုအားသော့ပြစ်ပေးလိုက်၏။
“အဆင့်သင့်ဖြစ်ပြီလား” သူမက ဤအတိုင်းမေးလိုက်သော်လည်း ဒေါသထွက်နေသောကြောင့် အသံကမသာယာချေ။
“ဟုတ်ကဲ့ လေယာဥ်ထွက်ဖို့အသင့်ဖြစ်ပါပြီ သခင်မလေးနင်” ဧည့်ကြိုကလည်း သူမအားဂါဝရပြုလိုက်သည်။
ကျွန်းဆွယ်တစ်ခုလုံးအား ထိန်းချုပ်ထားသော နင်မိသားစု၏ သခင်မလေးတစ်ယောက်ဖြစ်သည်နှင့်အညီ သူမကအလွန်ချမ်းသာ၏။
သူမနာမည်အောက်တွင် ဒေါ်လာသန်း ၈၀ တန်သောကိုယ်ပိုင်လေယာဥ်ရှိလေသည်။ ထို့အတွက်ကြောင့် သူမအနေဖြင့်အချိန်မရွှေးခရီးသွားလာလို့ရနေသည်။
“ကောင်းပြီ ရှောင်မိသားစုကိုသွားမယ်”
ရှောင်ယွမ်တစ်ယောက်ကတော့ မည်သည့်သို့ဖြစ်ပျက်နေမှန်းမသိချေ။ ထိုအစား နောက်နေ့ညအတွက်ပြစ်မှတ်ကိုပင်ရှာဖွေနေလေ၏။
မိုးပြာနဂါးကုန်းမြေတိုက်ကြီး၏ အလယ်ဗဟိုတွင် မည်သည့်ကုန်းမြေနှင့်မှချိတ်ဆက်နေခြင်းမရှိသည့် လဝန်းစန္ဒာနယ်မြေတည်ရှိသည်။
လဝန်းစန္ဒာနယ်မြေဟာ မိုးပြာနဂါးကုန်းမြေတိုက်ကြီးတွင် အန္တရာယ်အများဆုံးနယ်မြေများထဲမှ တစ်ခုဖြစ်သည်။
အဓိကအကြောင်းအရင်းမှာတော့ သန္ဓေပြောင်းသားရဲများ နှင့် ဝိညာဉ်သားရဲများကြောင့်ဖြစ်ကြသည်။
သန္ဓေပြောင်းသားရဲများ နှင့် ဝိညာဉ်သားရဲများကြားတွင် ကြီးမားသောကွာခြားချက်ရှိလေသည်။
ဝိညာဉ်သားရဲများဆိုသည်မှာ ဝိညာဉ်ဘုံမှသက်ရှိတွေဖြစ်ပြီး သန္ဓေပြောင်းသားရဲဆိုသည်မှာတော့ မိုးပြာနဂါးကုန်းမြေတိုက်ကြီးတွင်ရှိသော နဂိုမူလ သားရဲများဖြစ်သည်။
ထိုသားရဲများဟာ ဝိညာဉ်စွမ်းအင်ပေါက်ကွဲမှုတွင် သန္ဓေပြောင်းလဲသွားသော သားရဲများဖြစ်ကြ၏။
သိုင်းထိပ်သီးအဆင့်များအနေဖြင့် ဝိညာဉ်သခင်အဆင့်သို့တတ်ရောက်လိုလျင် ကိုယ်နှင့်သင့်တော်သော သန္ဓေပြောင်းသားရဲအားရှာဖွေကြရသည်။
ပြီးနောက်တွင် အမဲလိုက်ပြီး ဝိညာဉ်အရိုးအားထုတ်ကာ ခန္ဓာကိုယ်နှင့်ပေါင်းစပ်ကာ ဝိညာဉ်ကွင်းအားတည်ဆောက်ရလေသည်။
ဝိညာဉ်ကွင်းတည်ဆောက်ပြီးနောက်တွင်တော့ ဝိညာဉ်သခင်အဆင့်တစ်ယောက်အနေဖြငွ ဂုဏ်ယူနိုင်ပြီဖြစ်သည်။ ထိုအဆင့်ဟာ အင်ပါယာမြို့တော်တွင်ပင် လူရိုသေသောအဆင့်ဖြစ်သည်။
သို့သော် သန္ဓေပြောင်းသားရဲများဟာ ဝိညာဉ်သားရဲများနှင့်နှိုင်းယှဥ်လျှင် အလွန်အားနည်းသည်။ အလားတူ ဝိညာဉ်သားရဲများအားသတ်၍ရလာသည့် ဝိညာဉ်ကွင်းကလည်း များစွာပိုမိုအားကောင်းသည်။
ထို့အတွက်ကြောင့် သာမန်ကျင့်ကြံသူများက သန္ဓေပြောင်းသားရဲများအား ခက်ခက်ခဲခဲအမဲလိုက်နေရသော်လည်း ထိပ်တန်းပါရမီရှင်များကတော့ ဝိညာဉ်သားရဲများကိုအမဲလိုက်ကြသည်။
စက်ဝန်းစန္ဒာနယ်မြေ၏အစွန်းပိုင်းတွင် သန္ဓေပြောင်းသားရဲများစွာရှိပြီး အတွင်းထဲသို့ပိုပြီးနီးကပ်လာသည်နှင့်အမျှ ဝိညာဉ်သားရဲများကိုတွေ့လာရမည်ဖြစ်သည်။
လက်ရှိအချိန်တွင်တော့ စက်ဝန်းစန္ဒာနယ်မြေ၏ အလွှာ ၇ တွင် မိန်းမပျိုလေး ၂ ယောက်ရှိနေ၏။
တစ်ယောက်မှာတော့ အသက် ၁၇ ခန့်ရှိမည့်အသွင်ပြင်ဖြစ်ကာ နတ်သမီးလေးတစ်ယောက်ကဲ့သို့ ချောမောလှပသည်။
သူမဟာ အစိမ်းရောင်အင်မော်တယ်ဝတ်စုံအား ဝတ်ဆင်ထားကာ အရပ် ၆ ပေလောက်ရှိပြီး လက်ထဲတွင်အနီရောင်သွေးတွေတစ်တောက်တောက်စီးကျနေသည့် ဓားတစ်ချောင်းအားကိုင်ဆွဲထားသည်။
သူမ၏ဓားအော်ရာမှာ အားကောင်းလွန်းလှသည်။ ဒုတိယတစ်ယောက်မှာတော့ အဖြူရောင်ဓားဝတ်စုံအားဝတ်ဆင်ထားလေပြီး သူမ၏လက်ထဲတွင်လည်း ဓားတစ်ချောင်းရှိနေသည်။
သို့သော်သူမ၏ဓားဟာတော့ သွေးစိုစွတ်နေခြင်းမရှိပဲ သန့်ရှင်းနေသည်။ သူမ၏မျက်နှာဟာ ပထမတစ်ယောက်ထက်ပို ပိုမို၍ချောမောလှပပြီး သူမ၏မျက်လုံးတို့ဟာ ထက်ရှသည်။
သူမ၏အရပ်အမောင်းဟာလည်း ၅ ပေ ၁၁ လက်မခန့်ရှိပြီး ခန့်ညားလှသည်။ သူမတို့၏ဘေးပတ်လည်တွင်တော့ အဆင့် ၄ ဝိညာဉ်သခင်နှင့်နှိုင်းယှဥ်၍ရသော သန္ဓေပြောင်းသားရဲ ၂၀၀ ကျော်၏အလောင်းများရှိနေသည်။
သားရဲများ၏သွေးများဟာ စီးကျနေပြီး ချောင်းတစ်ခုကဲ့သို့ပင် စီးဆင်းနေသည်။ အဝေးမှသားရဲများဟာလည်း အနားသို့မကပ်လာရဲကြချေ။
သားရဲတစ်ကောင်တွင် ဓားရာ ၁ ခုသာရှိသောကြောင့် တစ်ကောင်ကိုတစ်ချက်ထဲဖြင့်သတ်ဖြတ်ခဲ့ကြောင်းသိရှိနိုင်လေသည်။
ထို့အပြင် သူမတို့ ၂ ယောက်လုံးဟာ မောပန်းနေခြင်းမရှိသလို ဒါဏ်ရာလည်းမရှိကြချေ။ ထို့အတွက်ကြောင့် သူမတို့ ၂ ယောက်လုံးက အလွန်သန်မာကြောင်းသိရှိနိုင်သည်။
အစိမ်းရောင်အင်မော်တယ်ဝတ်စုံဖြင့်ကောင်မလေးက ဓားမှသွေးများအားခါရမ်းလိုက်သည်။ ပြီးနောက် သူမကစိတ်အလိုမကျစွာဖြင့်ပြောလိုက်၏။
“မိန်မိန်း..ဒီသားရဲတွေက အဲလောက်လည်းစိတ်ဝင်စားဖို့မကောင်းပါဘူး။ ဘာလို့ဒီကိုလာတာလဲ”
မိန်မိန်းဟုအမည်ရှိသော အဖြူရောင်ဝတ်စုံဖြင့်ဓားအမျိုးသမီးက တည်ငြိမ်စွာသာပြန်ပြောလိုက်၏။
“ဒီနေရာကို ဘိုးဘေးကြီးကိုယ်တိုင်ထောက်ခံပေးခဲ့တာ”
“ဒီကုန်းမြေတိုက်ကြီးရဲ့ကျင့်ကြံခြင်းစနစ်က နောက်ပိုင်းမှာ သိပ်ပြီးအားမကောင်းပေမဲ့ အစောပိုင်းစနစ်ကတော့ ထိပ်တန်းထဲက တစ်ခုတဲ့လေ”
သူမကပြောလိုက်ရင်း ဓါးအားဓါးအိမ်ထဲသို့ပြန်ထည့်လိုက်သည်။
အစိမ်းရောင်ဝတ်စုံဖြင့်ကောင်မလေးဟာတော့ မျက်လုံးပြူးသွား၏။ “အင်ပါယာဟွမ်ရှီ ကိုယ်တိုင်ထောက်ခံပေးခဲ့တာလား”
“အင်း ဟုတ်တယ်။ ဆက်သွားရအောင် အထဲမာ အဆင့် ၁ တန်ခိုးရှင်နဲ့တန်းတူအားကောင်းတဲ့ ဝိညာဉ်သားရဲတွေကိုအမဲလိုက်ကြမယ်။”
အဖြူရောင်ဓါးဝတ်စုံဖြင့်ကောင်မလေးက ပြောလိုက်ရင်း လဝန်းစန္ဒာနယ်မြေ၏ အလွှာ ၆ သို့ဦးတည်လိုက်သည်။
“ကောင်းပြီလေ” အစိမ်းရောင်အင်မော်တယ်ဝတ်စုံဖြင့် ကောင်မလေးကလည်း သားရဲအကြွင်းအကြန်များကိုဂရုပင်မစိုက်ပဲ ထွက်ခွာသွားလေ၏။
ဝိညာဉ်သခင်အဆင့် ၄ နှင့်နှိုင်းယှဥ်၍ရသော သားရဲ ၂၀၀ ၏တန်ဖိုးမှာ ဒေါ်လာဘီလီယံ ၂၀ ကျော်သည်။ သို့သော် ဤအမျိုးသမီး ၂ ယောက်ကတော့ စိတ်ဝင်စားသည့်ပုံမပေါ်လေချေ။
သူမတို့၏နောက်ခံမှာ အတော်လေးစိတ်ဝင်စားစရာကောင်းပေလိမ့်လေမည်။ သတ်ဖြတ်ခြင်းနတ်ဆိုးကဲ့သို့အားကောင်းလှသော အော်ရာတွေဖြင့် အမျိုးသမီး ၂ ယောက်ထွက်သွားသောအခါ အခွင့်အရေးကိုစောင့်နေသော သားရဲများထွက်လာကြသည်။
ပြီးနောက်တွင် သားရဲအလောင်းများအားစားသုံးလိုက်ကြလေ၏။
လောကရဲ့အထွတ်အထပ်သို့ အပိုင်း (၁၁ + ၁၂ + ၁၃) ပြီး