အခန်း (၁၆+၁၇)
Vol. 2 Ch. 16+17
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၆ + ၁၇)
တည်းခိုခန်းခဟာစျေးမကြီးချေ။ တစ်ညတာအတွက် ၉ ဒေါ်လာသာကျသင့်သည်။ နိုင်ငံရေးကဒ်ပြားမတောင်းသလို စောင့်ကြည့်ကင်မရာများလည်းမရှိချေ။
တည်းခိုခန်း၏ အပြင်ပန်းကို ကြည့်မည်ဆိုလျှင် နှစ်ပေါင်းများစွာ မွမ်းမံမှုမပြုလုပ်ရသေးသည့် အဆောက်အအုံဟောင်းတစ်လုံးကဲ့သို့ဖြစ်နေသည်။
အဖြူရောင်နံရံဆေးရောင်များမှာ ကွာကျနေပြီး ပြတင်းပေါက်မှန်များမှာလည်း မှုန်မှိုင်းနေသည်။ တံခါးဝတွင် ချိတ်ဆွဲထားသည့် မီးသီးဟောင်းလေးတစ်လုံးသည် မှိန်ပြပြလင်းနေပြီး၊ အနီးအနားပတ်ဝန်းကျင်ကို ဖြန့်ကျက်ထားသည့် မှောင်ရိပ်များကို ပို၍ပင် ထူထပ်စေသည်။
တည်းခိုခန်းအတွင်းဘက်သို့ ဝင်လိုက်သည်နှင့် ညှီနံ့အနည်းငယ်နှင့် ဖုန်နံ့များ ရောယှက်နေသည့် လေထုကို ရှူရှိုက်မိပေမည်။
ဧည့်ခန်းမကြီးတွင် လူအိုကြီးတစ်ဦးက ကောင်တာတွင် ခေါင်းငိုက်စိုက်ကျနေပြီး၊ ဧည့်သည်အချို့ကတော့ ဟိုတစ်စ ဒီတစ်စ ထိုင်နေကြသည်။
အများစုသည် ဆင်းရဲသားရပ်ကွက်မှ ရုန်းကန်နေရသည့် လူတန်းစားများ ဖြစ်ဟန်တူသည်။ သူတို့၏မျက်နှာများတွင် ပင်ပန်းနွမ်းနယ်မှုနှင့် ဘဝ၏ဖိစီးမှုများ ထင်ဟပ်နေသည်။
အချို့မှာတော့ ရာဇဝတ်သားများဖြစ်ကြဟန်ရကာ စူးရှသောမျက်လုံး၊ ဂိုဏ်းတတ်တူးတွေဖြင့်ရှိနေကြသည်။
အချို့က စားပွဲဟောင်းတစ်ခုတွင် ကတ်ဆော့နေကြပြီး၊ အချို့ကတော့ နံရံတွင် ကပ်ထားသည့် တီဗီအဟောင်းကြီးမှ လာနေသည့် အသံကို နားထောင်ရင်းငေးမောနေကြသည်။
တည်းခိုခန်းအတွင်းတွင် အခြားမည်သည့် အနံ့အသက်မှ မရဘဲ လူအများစု၏ ကိုယ်နံ့နှင့် အဝတ်အစားများမှ ထွက်ပေါ်လာသည့် အနံ့များကိုသာ ရရှိနိုင်သည်။
ရှောင်ယွမ်၏အခန်းမှာ ဒုတိယအထပ်တွင်ဖြစ်လေပြီး အခန်းနံပါတ် ၂၃ ဖြစ်သည်။
သစ်သားတံခါးဟောင်းကြီးသည် ပွန်းပဲ့နေပြီး၊ သော့ခလောက်အပေါက်တွင်လည်း သံချေးများတက်နေသည်။ တံခါးကို ဖွင့်လိုက်သည်နှင့် မှိုင်းအုပ်နေသည့် အနံ့နှင့်အတူ အခန်းတွင်းမှ အေးစက်စက် လေထုက မျက်နှာကို လာရောက်၍ရိုက်ခတ်နေသည်။
အခန်းတွင်း နံရံများသည် ညစ်ပတ်နေပြီး ဆေးရောင်များမှာ အကွက်လိုက် ကွာကျနေသည်။ အချို့နေရာများတွင် ပုံစံမမှန်သည့် အမည်းရောင်အစွန်းအထင်းများက မှိုများကဲ့သို့ တွယ်ကပ်နေသည်။
ကြမ်းပြင်ပေါ်တွင်လည်း ညစ်ပတ်နေသည့် ဖျာအဟောင်းတစ်ချပ်ကို ခင်းထားပြီး၊ ထောင့်တစ်နေရာတွင် သံချေးတက်နေသည့် သံကုတင်ဟောင်းတစ်လုံးကို တွေ့ရသည်။
ကုတင်ပေါ်တွင်တော့ အဝါရောင်သန်းနေသည့် မွေ့ရာပါးပါးတစ်ထည်နှင့် အနံ့အသက်ဆိုးရွားဖွယ်ရှိသော အပေါက်များဖြင့်စောင်ဟောင်းတစ်ထည်ကို ခွေချထားသည်။
ည၏လအလင်းရောင်မှာ ပြတင်းပေါက်ငယ်လေးမှ မှိန်ဖျော့စွာ ဝင်ရောက်လာပြီး၊ ထိုပြတင်းပေါက်မှန်သည်လည်း မြင်ကွင်းကို မကြည်လင်စေဘဲ မှုန်မှိုင်းနေသည်။
အခန်းတွင်း ပို၍ထူးခြားသည်မှာ ကုတင်ဘေးရှိ ကြမ်းပြင်တွင် သွေးကွက်ခြောက်အချို့ကို မြင်တွေ့ရခြင်းပင်။
ထိုသွေးကွက်များသည် မည်သည့်အချိန်က မည်သို့ဖြစ်ခဲ့သည်ကို မသိရသော်လည်း၊ ဤတည်းခိုခန်းတွင် ဖြစ်ပျက်ခဲ့ဖူးသော အမှုအခင်းများကို အရိပ်အယောင် ပြသနေသလိုပင်။
အခန်းတွင်း ပရိဘောဂဟူ၍ ဖုံတတ်နေသည့် စားပွဲငယ်လေးတစ်လုံးနှင့် ခါးကျိုးနေသည့် ကုလားထိုင်တစ်လုံးသာရှိသည်။
သန့်စင်ခန်းကိုတော့ ရှောင်ယွမ်မဝင်သွားတော့ချေ။ အသန့်အလွန်ကြိုက်သော သူ့အတွက်ဤအခန်း၏အသွင်အပြင်ကပင် အလွန်ဆိုးရွားနေပြီဖြစ်သည်။
သန့်စင်ခန်းထဲသို့သာဝင်သွားလျှင် အော်ဂလီဆန်လွန်း၍ မေ့လဲသွားလောက်ပေပြီ။ ရှောင်ယွမ်က အောက်သက်သက်အနံကြီးကြောင့် နှာရှုံလိုက်လေ၏။
ပြီးနောက်တွင် နှာခေါင်းစည်းအားချွတ်လိုက်ကာ ဟူဒီအနက်ရောင်ကြီးကိုချွတ်လိုက်သည်။ သူ၏အနက်ရောင်အနွေးဘောင်းဘီကြီးကိုလည်းချွတ်လိုက်ပြီး အတွင်းခံကိုလည်းဆက်ချွတ်လိုက်သည်။
ခနလေးအတွင်းမှာပင် ရှောင်ယွမ်က ကိုယ်တုံးလုံးဖြစ်သွားလေ၏။ ရှောင်ယွမ်က နည်းနည်းပါးပါးခုန်လိုက်ပြီး သွေးပူလေ့ကျင့်ခန်းလုပ်လိုက်သည်။
ကြမ်းပြင်ဟာတော့ သူခုန်နေစဥ်အတွင်း တစ်ကျီကျီဖြင့် ကျက်သီးထချင်စဖွယ်အသံမည်လာသည်။
ထို့နောက် သူသည် သူ့မျက်နှာမှ အသေးစိတ်အရေပြားလေးအား သေချာစွာ ခွာလိုက်သည်။ ထိုအရေပြားသည် ပုံမှန်လူတစ်ဦး၏ အရေပြားကဲ့သို့ မဟုတ်ဘဲ၊ ပါးလွှာပြီး စစ်မှန်သော မျက်နှာကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခုနှယ် ဖြစ်နေသည်။
အရေပြားကို ခွာလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ အရိုးများက ကျွီကျွီ၊ ကျွတ်ကျွတ်ဟူသော အသံများဖြင့် ပြောင်းလဲလာသည်။ သူ့အရပ်ဟာ ၅ ပေ ၁၀ လက်မမှ ၆ ပေ ၇ လက်မအထိ သိသိသာသာ ရှည်လျားသွားလေပြီး၊ သူ၏ရုပ်ရည်သွင်ပြင်ဟာလည်း လုံးဝပြောင်းလဲသွားလေသည်။
ယခင်ရှောင်ယွမ်၏ ရုပ်ရည်မှာ အနည်းငယ်ခန့်ညားချောမောပြီး ယောင်္ကျားပီသသည်။ သို့သော် ယခုလက်ရှိတွင်မူ သူဟာ ယခင်ရှောင်ယွမ်နှင့် လုံးလုံးလျားလျား မတူညီတော့ချေ။
သူ၏အနက်ရောင်ဆံပင်များက ပို၍ရှည်လျားနက်မှောင်လာပြီး၊ သူ၏မျက်နှာအသွင်အပြင်နှင့် မျက်နှာအရိုးဖွဲ့စည်းပုံမှာလည်း အံ့သြဖွယ်ရာ ပြောင်းလဲလာသည်။
သူ့မျက်ဝန်းများမှာ ထက်ရှပြတ်သားကာ၊ ဓားတစ်စင်းကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများ ပိုင်ဆိုင်လာသည်။ အသားအရေမှာ ချောမွေ့ပြီး၊ ဖြူဖွေးသော နို့နှစ်ရောင်သဏ္ဌာန်သို့ ပြောင်းလဲသွားသည်။
ဖြောင့်စင်းသော နှာတံ၊ အချိုးအစားညီပြီး ဖြူဖပ်ဖြူလျော် နှုတ်ခမ်းများဖြင့် သူသည် ယခုအခါ အလွန်ချောမောလှပသော ပုံစံသို့ ရောက်ရှိနေပြီဖြစ်သည်။
“အားဟား...အခုမှပဲ လန်းဆန်းသွားတော့တယ်” ထျန်ရှင်းလုက အကြောဆန့်လိုက်ပြီးပြောလိုက်သည်။ သူလှုပ်လှုပ်ရှားရှားလုပ်လိုက်သောအခါ အောက်မှ ၈လက်မနဂါးကြီးကလည်း ကြမ်းတမ်းစွာဟိန်းဟောက်လိုက်သည်။
ထျန်ရှင်းလုအဝတ်ဟောင်းများအား သိုလှောင်လက်စွပ်ထဲသို့ထည့်ဝတ်လိုက်ပြီး အဝတ်သစ်များထုတ်လိုက်သည်။
သူ၏အဝတ်သစ်များဟာ ခေတ်မှီအဝတ်အစားတွေမဟုတ်ပဲ အနက်ရောင်ရှေးခေတ်ဝတ်ရုံကြီးပင်ဖြစ်သည်။ ဘောင်းဘီဟာလည်း ရှေးခေတ်ဘောင်းဘီသာဖြစ်၏။
ထျန်ရှင်းလုက သူ၏အနက်ရောင်ဆံပင်ရှည်ကြီးအားပင့်တင်လိုက်ပြီး ပြောလိုက်သည်။ “လီနာ..ငါ စုံစမ်းခိုင်းထားတာ ဘယ်လိုလဲ”
ထျန်ရှင်းလု၏နောက်တွင်တော့ ဘယ်တုန်းကမှန်း မသိရောက်ရှိနေသည့် ကောင်မလေးတစ်ယောက်ရှိနေသည်။
သူမကဒူးထောက်ထားလေပြီး လေးစားစွာပြန်ဖြေလိုက်သည်။
“စုံစမ်းပြီးပါပြီ သခင်”
“လူအရေအတွက် ၈၀ ယောက်ရှိပြီး ရှောင်ကလန်ကသူ ၃ ယောက်ပါပဲ ကျန်သည့်သူတွေက အပြင်ဘက်ကငှားထားတဲ့သူတွေပါ”
“သူတို့တွေရဲ့ ခွန်အားကတော့ သိုင်းထိပ်သီးအဆင့် ၁ ယောက်ပါပဲ ကျန်တဲ့သူတွေအားလုံးကလည်း သိုင်းပညာရှင်အဆင့်တွေ ကျွန်မတို့ညီမတွေနဲ့ပဲ အပြတ်ဖြတ်ပြစ်လို့ရပါတယ်”
ထျန်ရှင်းလုက ခန့်ညားသောအပြုံးတစ်ပွင့်ထား ထုတ်ဖော်လိုက်လေပြီး သူမ၏ခေါင်းလေးအားပုတ်ပေးလိုက်သည်။
“တော်တယ်”
လီနာဟုအမည်ရသောကောင်မလေးမှာ ငွေရောင်ဆံပင်ရှည်တို့ရှိလေပြီး ဝိုင်းစက်ပြီးလှပသည့်ငွေရောင်မျက်ဝန်းအားပိုင်ဆိုင်ထားသည်။
သူမ၏မျက်နှာတစ်ဝက်အား အဝတ်ဖြင့်ကာထားသောကြောင့် မမြင်ရသော်လည်း ထိပ်တန်းအလှလေးတစ်ယောက်ဖြစ်မှန်း ကျိန်းသေသည်။
သူမဟာ လုပ်ကြံသူတစ်ယောက်ကဲသို့ဝတ်ဆင်ထားလေပြီး နောက်ကျောတွင်ဓားတစ်ချောင်းရှိနေသည်။
ထျန်ရှင်းလုကချီုးကျူးလိုက်သောအခါ သူမကဝမ်းသာသွားသော်လည်း အပြင်ကိုထုတ်မပြချေ။
“ကောင်းပြီ အသင့်ပြင်ထားလိုက် ဒီညအပြတ်ဖြတ်မယ်” ထျန်ရှင်းလုက ပြောလိုက်သည်။
လီနာကလည်း ခေါင်းညိတ်ပြီး “အမိန့်အတိုင်းပါ သခင်” ဟူ၍ပြောကာ အရိပ်တစ်ကောင်ကဲ့သို့ပျောက်ကွယ်သွားလေ၏။
ထျန်ရှင်းလှကတော့ မျက်နှာကိုဖုံးကွယ်ချင်းမရှိသလို မည်သည်ကိုမှဂရုမစိုက်လေပဲ အပြင်ဘက်သို့ပြန်ထွက်လာ၏။
တည်းခိုခန်းလမ်းတစ်လျောက်လုံးတွင် အားလုံးကထျန်ရှင်းလု၏အသွင်အပြင်ကြောင့် အားလုံးကဝိုင်းကြည့်နေကြသည်။
“ဒီလူကို ငါမမြင်ဖူးပါဘူးဟ ဘယ်တုန်းက ဘယ်လိုရောက်လာတာလဲ”
ရှောင်ကလန်ဟာ ရွှေအဆင့်အင်အားစုကြီးတစ်ခုဖြစ်လေပြီး ရွှေနဂါးနိုင်ငံ၏ ဘုရင်ခံလည်းဖြစ်သည်။ သူတို့၏တာဝန်ဟာ ရှောင်ကျွန်းစုကြီးအားကာကွယ်ပြီး အခွန်ကောက်ရန်ဖြစ်၏။
အခွန်၏ ၉၅ ရာခိုင်နှုန်းအား ရွှေနဂါးနိုင်ငံသို့ပြန်ပို့ကသော်လည်း ကျန်သည့် ၅ ရာခိုင်နှုန်းဟာ ဒေါ်လာသန်းဘီလီယံဆယ်ချီရှိလေသည်။
ထို ဒေါ်လာဘီလီယံအားဆယ်ချီအား ရှောင်ကလန်မှ နယ်မြေတိုးတတ်ရေးအတွက် လမ်းများ၊ အစိုးရကျောင်းများ၊ အစိုးကဆေးရုံများ၊ အစိုးရပန်းခြံများတည်ဆောက်ရာတွင် အသုံးပြုကြရသည်။
ထို့အပြင် နယ်မြေလုံခြုံရေးအတွက် ပိုက်ဆံကြီးကြီးမားမားအသုံးပြုထားလေပြီး ရဲစခန်း၊ ပြည့်သူ့စစ်တွေသာမက ရှောင်ကလန်အစောင့်အရှောက်ဟူ၍လည်း ရက်ကွက်တစ်ခုတွင် တစ်ဖွဲ့၊ ဖွဲ့စည်းထားလေသည်။
ထိုအဖွဲ့အစည်းများထဲမှ တစ်ခု၏အမည်ဟာ ပြည်သူ့ဆုတောင်းဟူသော အဖွဲ့အစည်းဖြစ်ပြီး ဆင်းရဲသားရက်ကွပ်၏ အစောင့်အရှောက်အဖွဲ့အစည်းဖြစ်သည်။
ရှောင်ကလန်၏အာဏာစက်ဟာ ကျယ်ပြန့်လွန်းပြီး အချို့နေရာများကို ကောင်းကောင်းမထိန်းချုပ်နိုင်ကြချေ။
ဤပြည်သူ့ဆုတောင်းအဖွဲ့အစည်းဟာလည်း ထိုအတိုင်းသာဖြစ်သည်။ အမည်ကတော့ ကောင်းမွန်သော်လည်း အဖွဲ့အစည်းဝင်များကတော့ ရန်ပုံငွေအား အလွဲသုံးစားလုပ်နေကြသည့် သူများသာဖြစ်သည်။
တစ်ခါတစ်ရံဆိုလျှင် ပြည်သူကိုကူညီမည့်အစား မူးရူးပြီးလမ်းဘေးတွင်အိပ်နေသောကြောင့် ပြည်သူကပင်ပြန်၍ ကူညီနေရလေသည်။
ရွမ်ဟွမ်မြို့ ရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုလုံးကို ညရဲ့ အမှောင်ထုက လုံးဝခြုံလွှမ်းထားလေသည်။ ကောင်းကင်ယံတွင်တော့ လခြမ်းတစ်ဝက်က မှိန်ပြပြ ထိန်လင်းနေသည်။
ည ၇ နာရီကျော်လွန်ပြီးနောက် ဖုန်ထူသည့် လမ်းမထက်ပေါ်တွင် နေ့ခင်းဘက်က ရယ်မောပျော်ရွှင်ခဲ့ကြတဲ့ ကလေးငယ်လေးတွေရဲ့ အသံတွေဟာလည်း ညလေအေးနဲ့အတူ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ညရဲ့ တိတ်ဆိတ်ငြိမ်သက်မှုအောက်မှာပဲ ထျန်ရှင်းလု က သူ့ရဲ့ ၆ ပေ ၇ လက်မ အရပ်အမောင်း၊ ခံ့ညားချောမောတဲ့ ရုပ်ရည်သွင်ပြင်နဲ့အတူ လမ်းကြားတွေထဲမှာ ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေခဲ့သည်။
သူဝတ်ဆင်ထားတဲ့ အနက်ရောင် ရှေးဟောင်းဝတ်ရုံကြီးက ညအမှောင်နဲ့ တစ်သားတည်းကျနေပြီး၊ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာ လေထဲမှာ အရိပ်တစ်ခု လွင့်ပျံသွားသလိုမျိုးကို သိမ်မွေ့လွန်းသည်။
မျက်နှာဖုံး မဝတ်ထားတဲ့အတွက် သူ့ရဲ့ နို့နှစ်ရောင်လို ဖြူဖွေးတဲ့ အသားအရေ၊ ဓားတစ်စင်းလို ထက်ရှတဲ့ မျက်လုံးတွေနဲ့ ဖြောင့်စင်းတဲ့ နှာတံတို့ဟာ မှိန်ပြပြလရောင်အောက်မှာ ထူးခြားစွာ ပေါ်လွင်နေသည်။
သူ၏ ပတ်ဝန်းကျင်က အိုဟောင်းပျက်စီးနေသည့် အဆောက်အအုံတွေ၊ မှိုတက်နေသည့် နံရံတွေ၊ ကွဲအက်နေသည့် ပြတင်းပေါက်မှန်တွေကို လုံးဝဂရုမစိုက်ဘဲ သူ့ရဲ့ ပန်းတိုင်ဆီကို တည်ငြိမ်စွာ ဦးတည်နေသည်။
သူ့ရဲ့ ကိုယ်နေဟန်ထားက စကြဝဠာကိုပင် ပိုင်စိုးနိုင်တဲ့ မာန်မာနနဲ့ အေးစက်တည်ငြိမ်မှုကို တစ်ပြိုင်နက် ဖော်ပြနေခဲ့သည်။
အမှောင်ထဲတွင်တော့ လီနာ က သူမရဲ့ အနက်ရောင် လုပ်ကြံသူဝတ်စုံနဲ့ ဓားတစ်ချောင်းကို နောက်ကျောမှာ ချိတ်ဆွဲထားပြီး၊ လုံးဝအသံမမြည်စေဘဲ အရိပ်တစ်ခုလို ကပ်ပါလာခဲ့သည်။
သူမ၏ လှုပ်ရှားမှုတွေဟာ အလွန်မြန်ဆန်ပြီး ချောမွေ့လေသည်။
သူမ၏ ရှည်လျားတဲ့ ငွေရောင်ဆံပင်တွေဟာ ညလေညင်းအောက်မှာ တစ်ချက်တစ်ချက် ဝဲပျံသွားတိုင်း မှိန်ပြပြ လရောင်အောက်မှာ လင်းလက်သွားတတ်သည်။
မျက်နှာတစ်ဝက်ကို အဝတ်နဲ့ ကာထားပေမဲ့ သူမရဲ့ ဝိုင်းစက်ပြီး လှပတဲ့ ငွေရောင်မျက်ဝန်းတွေက တောက်ပနေပြီး၊ မည်သည့်စိတ်ခံစားမှုကိုမျှ ဖော်ပြခြင်းမရှိဘဲ ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
သူမ၏အနောက်တွင်လည်း တစ်ကိုယ်လုံးအားကောင်းမွန်စွာဖုံးအုပ်ထားသည့် မျက်နှာဖုံးတွေဖြင့် လုပ်ကြံသတ်ဖြတ်သူ ၁၂ ယောက်ကလိုက်ပါလေ၏။
ဤအဖွဲ့အားထျန်ရှင်းလုကိုယ်တိုင် တည်ထောင်ထားခဲ့ခြင်းဖြစ်ကာ ထို ၁၂ ယောက်လုံးက အဆင့် ၁ ဝိညာဉ်သခင်များဖြစ်ကြသည်။ ခေါင်းဆောင်ဖြစ်သည့် လီနာဟာတော့ အဆင့် ၂ ဝိညာဉ်သခင်ဖြစ်သည်။
ထို့အတွက်ကြောင့် သူမဟာ ပြည်သူ့ဆုတောင်းအဖွဲ့အစည်းအား ရှင်းလင်းနိုင်ရန်အားကောင်းသော ယုံကြည်ချက်ရှိနေခြင်းပင်ဖြစ်သည်။
မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ ပြည်သူ့ဆုတောင်းအဖွဲ့အစည်း ရဲ့ ရုံးချုပ်အဆောက်အအုံရှေ့ကို ရောက်ရှိလာကြသည်။
အဆောက်အအုံ၏အသွင်အပြင်က ပတ်ဝန်းကျင်ရှိ တခြားသော အိုဟောင်းပျက်စီးနေသည့် အဆောက်အအုံတွေနဲ့ ထပ်တူပင်ဖြစ်သည်။
နံရံတွေမှာ အုတ်နီခဲတွေကနေ မှိုအစက်အပြောက်တွေ တက်နေပြီး၊ ဆေးရောင်တွေက အကွက်လိုက် ကွာကျနေသည်။ ပြတင်းပေါက်မှန်တွေကလည်း ကွဲအက်နေပြီး၊ အတွင်းဘက်က မှိန်ပြပြ မီးရောင်တချို့ကသာ အသက်ဝင်နေကြောင်း ဖော်ပြနေသည်။
အပြင်ဘက်မှာ အခိုင်အမာ ကာရံထားတဲ့ ခြံစည်းရိုး သို့မဟုတ် တင်းကြပ်သည့်လုံခြုံရေးတွေကိုလည်း မတွေ့ရပေ။
ဤအဖွဲ့အစည်းဟာ ရှောင်ကလန်၏ အာဏာစက်အောက်တွင် ရန်ပုံငွေ အလွဲသုံးစားလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု၏ ရုံးချုပ်ဆိုသော်လည်း၊ အပြင်ပန်းကတော့ ပေါ့ဆမှုနဲ့ ဆင်းရဲမွဲတေမှုရဲ့ အရိပ်အယောင်တွေသာ ထင်ဟပ်နေလေ၏။
ဇူလိုင်လ ၁ ရက်နေ့၊ ည ၇ နာရီ ၂၅ မိနစ်။ ဤညဟာ သွေးစွန်းသော ညဖြစ်ပေတော့မည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၆ + ၁၇) ပြီး