← Chapters

အခန်း (၁၈+၁၉+၂၀)

Vol. 2 Ch. 18+19+20

အခန်း (၁၈+၁၉+၂၀)

Vol. 2 Ch. 18+19+20

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈ + ၁၉ + ၂၀)

အဆောက်အအုံ၏ အပြင်ဘက်ခြံဝင်းအတွင်း၌ အစောင့်နှစ်ဦးသည် သူတို့၏ ပုံမှန်ညကင်းလှည့်တာဝန်ကို ထမ်းဆောင်နေလျက်ရှိသည်။

သူတို့သည် အသက် ၂၀ ကျော် ၃၀ ဝန်းကျင်ဖြစ်ကြကာ ဆေးလိပ်သောက်နေကြ၏။ မည်သို့ပင်ဖြစ်စေကာမူ ဤနေရာကိုကျူးကျော်မဲ့သူလည်း ရှိမာမဟုတ်ဘူးဟူ၍ တွက်ထားသောကြောင့် သူတို့က သတိမကပ်ထားကြလေချေ။

တစ်ဦးမှာ ၆ ပေနီးပါးလောက်အရပ်မြင့်ပြီး၊ ကြွက်သားများဖြင့် သန်မာတောင့်တင်းသည့် လီဝေ ဖြစ်သည်။ သူ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး မျက်ကွင်းလည်းချိုက်နေ၏။

လီဝေသည် အညိုရောင်သိုင်းဝတ်စုံ ကို ဝတ်ဆင်ထားပြီး၊ ခါးတွင် ကျစ်လစ်ခိုင်မာသော သံမဏိဓားမြှောင်တစ်လက် ကို ချိတ်ဆွဲထားသည်။

သူဟာ ဤညတာဝန်ပြီးလျှင် ရည်းစားဟောင်းထံသွား၍ ခိုးရိုက်ထားသည့်လိင်ဆက်ဆံသော ဗွီဒွီယိုကိုပြကာ ငွေညစ်ရန်တွေးနေ၏။

နောက်တစ်ဦးမှာ လီဝေထက် အရပ်ပုသော်လည်း ပခုံးကျယ်ပြီး၊ အမြဲတမ်း ပျော်ပျော်နေတတ်သော ချန်ဟယ် ဖြစ်သည်။

သူ၏ မျက်နှာတွင် ပေါ့ပေါ့ပါးပါး အပြုံးတစ်ချက် အမြဲလိုလိုရှိနေတတ်ပြီး၊ လက်ထဲတွင် ချွန်မြသော လှံတိုတစ်ချောင်း ကို ပေါ့ပါးစွာ ကိုင်ဆောင်ထားသည်။

ချန်ဟယ်သည် မိုးပြာရောင် သိုင်းဝတ်စုံ အပေါ်မှ သားရေအင်္ကျီပါးတစ်ထည် ကို ထပ်ဝတ်ထားသည်။ သူသည် လွန်ခဲ့သော လေးလခန့်ကမှ ရောက်ရှိလာသော ကျေးလက်ဒေသမှ ရောက်ရှိလာသူဖြစ်ပြီး၊ ဤမြို့ကြီးတွင် မိမိကိုယ်ကို နေရာတစ်နေရာရရန် ရည်မှန်းထားသူဖြစ်သည်။

ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲကာ ၎င်းတို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်။

“ဟေ့ကောင် လီဝေ၊ မင်းရဲ့ကောင်မလေး မနေ့ညက မက်ဆေ့ခ်ျပို့လိုက်တာ မြင်လိုက်လား။ ‘အခုမှပြန်လာတာလား’ တဲ့။” ချန်ဟယ်က လှောင်ပြောင်သလိုလို ရယ်မောရင်း ပြောလိုက်သည်။ သူ၏စကားထဲတွင် ပျော်ရွှင်မှုနှင့် ပေါ့ပါးမှုများ ရောယှက်နေသည်။

လီဝေက မျက်မှောင်ကြုတ်ရင်း ဖုန်းထုတ်ကြည့်ရန် ကြိုးစားလိုက်သည်။ “အာ... ငါ မနေ့က တာဝန်ကျလို့ မကြည့်လိုက်ရဘူးကွ။ ငါ့မှာ ဖုန်းအားကလည်း အမြဲကုန်နေတာ။ ဒီအလုပ်က ပိုက်ဆံတော့ရတယ်၊ ဖုန်းအားသွင်းဖို့ အချိန်မရဘူး။”

သူက ခပ်တိုးတိုးညည်းညူလိုက်သည်။ သူတို့၏ စကားဝိုင်းသည် အတိတ်ကပြစ်မှုများ၊ ဂိုဏ်းအတွင်းမှ မဟုတ်မမှန် ကောလာဟလအသစ်များနှင့် ဖုန်းအသုံးပြုမှု အခက်အခဲများဆီသို့ လှည့်လည်နေသည်။

“မင်းတို့ရဲ့ ဂိုဏ်းမှာ ဒီရက်ပိုင်း ထူးဆန်းတယ်ဆိုတဲ့ ကောလာဟလတွေ ကြားမိသေးလား။ ဘယ်ဂိုဏ်းခွဲက ဘယ်လိုပျောက်သွားတယ်ဆိုတာမျိုးတွေလေ။ ငါတို့ခေါင်းဆောင် မင်ကို မနေ့ကမှ မြို့အပြင်မှာ မြင်လိုက်ရတာတဲ့၊ တစ်ယောက်တည်းတဲ့။”

ချန်ဟယ်က အသံကို တိုး၍ပြောလိုက်သည်။ သူ၏မျက်လုံးများသည် မှောင်နေသော ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေရင်းပင် တဖျတ်ဖျတ်လက်နေသည်။

“အေး... ကြားတော့ ကြားတယ်ကွ။ ဒါပေမဲ့ ငါတို့လို အောက်ခြေလူတွေနဲ့ ဘာဆိုင်မှာလဲ။ အထက်ကလူကြီးတွေပဲ ခေါင်းရှုပ်ခံမှာပေါ့။ ငါ့အတွက်ကတော့ ဒီလကုန်ရင် အကြွေးတွေ ဆပ်ဖို့ပဲ စိတ်ပူတယ်။”

လီဝေက ပခုံးတွန့်ရင်း ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင် ရည်းစားဟောင်းထံမှ ငွေညှစ်ယူရန် အစီအစဉ်များ၊ လောင်းကစားကြွေးများဆပ်ရန် ကိစ္စများသာ လှုပ်ရှားနေသည်။

ထိုအချိန်တွင် သူတို့နှစ်ဦး၏ နောက်ကျောမှ အေးစက်သော လေစီးကြောင်းတစ်ခု ဖြတ်သန်းသွားခြင်းကို ခံစားလိုက်ရသည်။

လီဝေ၏ လည်ပင်းကြောများ တင်းမာသွားပြီး၊ သူ၏ အာရုံများက အန္တရာယ်ကို ချက်ချင်းအချက်ပြလိုက်သည်။ တစ်စုံတစ်ရာ မှားယွင်းနေပြီဆိုတာ သိလိုက်တဲ့အချိန်မှာတော့ နောက်ကျနေပြီ။

လျှပ်စီးပမာ မြန်ဆန်သော ဓားသွားတစ်လက်သည် သူ၏ လည်ပင်းကို တိကျစွာ ဖြတ်ပိုင်းလိုက်သည်။

“ရှီးးး...”

သူအသံပင် မထွက်နိုင်မီ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ လက်ထဲမှ ဓားမြှောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ချန်ဟယ်ကမူ လီဝေ၏ မတုံ့ပြန်မှုကို ထူးဆန်းစွာ သတိပြုမိပြီး လှည့်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် လှည့်မကြည့်နိုင်မီပင် သူ၏ လည်ပင်းသို့နောက်ထပ် ဓားချက်တစ်ချက်ရောက်လာလေ၏။

“အာ.” ဟူသော အသံတစ်ချက်သာ ထွက်နိုင်ပြီး သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ မှောက်လျက်လဲကျသွားသည်။ လက်ထဲမှ လှံတိုသည် ခြောက်သွေ့သော မြေပြင်ပေါ်သို့ “ခလောက်” ခနဲ ပြုတ်ကျသံသာ ကျန်ရစ်သည်။

သူ၏ မျက်လုံးများသည် ကောင်းကင်ယံမှ မှောင်မိုက်သော ညကောင်းကင်ကို စိုက်ကြည့်ရင်း၊ မြို့ကြီးထဲတွင် နေရာရလိုသော မျှော်လင့်ချက်များနှင့်အတူ အလင်းရောင်က ကွယ်ပျောက်သွားသည်။

သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များသည် နောက်တစ်ကြိမ် ဘယ်တော့မှ လှုပ်ရှားတော့မည်မဟုတ်။ သူတို့၏ နေ့စဉ်ဘဝ၏ ရည်မှန်းချက်များ၊ အိပ်မက်များနှင့် စကားဝိုင်းများသည် ထိုညတွင်ပင် တိတ်ဆိတ်စွာ အဆုံးသတ်သွားရပြီ။ သူတို့တို့၏ သွေးများသည် ခြောက်သွေ့သောမြေပြင်ကို စတင် စွန်းထင်းသွားလေ၏။

လီနာကတော့ သူမ၏ဓားအား သုတ်လိုက်ပြီးစူးရှသောအကြည့်တို့ဖြင့် နောက်ထက်ပြစ်မှတ်ကိုထပ်ရှာလိုက်သည်။

အချိန်ဟာ ၇ နာရီကျော်သာရှိသေးသောကြောင့် လူ ၃၀ ခန့်က အဓိကဟောခန်းတွင် ၅ ဝိုင်းခန့်ဝိုင်းပြီး ဖဲကစားနေရကြသည်။ အချို့က ၁၃ ချပ်ကစားကြသလို၊ အချို့ကလည်း ရှမ်းကိုးမီးကစားကြစည်။ မာကျောက်ကစားနေသော တစ်ဝိုင်းလည်းရှိ၏။

ပိုက်ဆံမရှိသောသူများဟာတော့ ဤအတိုင်းသာရပ်ကြည့်​ကြသည်။ စားပွဲပေါ်တွင်လည်း ဆေးလိပ်တိုများ၊ ပြာများ၊ ဘီယာများ၊ အရက်များ၊ အမြည်းများနှင့်စုံနေလေပြီး လေထုထဲတွင် တစ်ချက်ရှိုက်လိုက်သည်နှင့် ခေါင်းမူးသွားစေလောက်မည့် အနံအသက်တို့ဖြင့် ပြည့်နှက်နေသည်။

“အဖူး ၁ နဲ့ အဖူး ၈၊ ၉ ပေါက်ပဲကွ ၂ ဆနော် လာထားလာထား” ရှမ်းကိုးမှီးဝိုင်း၍ အသက် ၄၀ ခန့်ရှိပြီးခပ်ဝဝဖြင့် ဦးလေးကြီးက အပြုံးကြီးကြီးဖြင့်ပြောလိုက်သည်။

ဝိုင်းထဲရှိ အခြား ၃ ယောက်ကတော့ ဖဲများအားအလယ်သို့ကြမ်းတမ်းစွာပြစ်ထည့်လိုက်သည်။

ထိုထဲမှ အသက် ၃၀ ခန့်ရှိမည့်တစ်ယောက် ဒေါသတကြီးပြောလိုက်သည်။ “ဟိတ်လူ ခင်ဗျားဖဲခိုးနေတာမလား ဒါနဲ့ဆိုရင် ခင်ဗျားလတ်တာ ၅ ခါရှိနေပြီ”

ခပ်ဝဝဖြင့်ဦးလေးကြီးကတော့ စပ်ဖြီးဖြီးဖြင့်ပြန်ပြောလိုက်၏။ “မင်းတို့ငါကိုမယုံရင် ကြိုက်သလိုစစ် တွေ့ရင် ငါရဲ့အရင်းပိုက်ဆံပါပြန်​ပေးလိုက်မယ်”

ဦးလေးကြီးဟာ လောင်းကစားလောကထဲသို့ဝင်လာသည်မှာ ၂၅ နှစ်ရှိနေပြီဖြစ်ပြီး လက် ၄ ဖက်ဖဲဘုရင်ဟူသော နာမည်ပြောင်ပင်ရှိသေးသည်။

ရုတ်တရက်ဟောခန်းအပြင်ဘက်ကနေ ဂျပန်ကူနိုင်းဓားမြောင်လေးက အရှိန်အဟုန်နှင့်လေကိုခွင်းပြီး ပျံသန်းလာကာ လက် ၄ ဖက်ဖဲဘုရင်၏နဖူးအား ထိုးခွင်းသွားလေ၏။

“ဘန်းး” ချက်ချင်းပဲ ဦးလေးကြီး၏ခေါင်းဟာ ဖရဲသီးအား သေနတ်ဖြင့်ပြစ်လိုက်သလိုမျိုး တစ်စစီကွဲထွက်သွားလေ၏။ ဦးနှောက်အပိုင်းအစများ၊ သွေးများ၊ အရိုးအပိုင်းအစများက နေရာအနှံသို့ပျံနှံသွားသည်။

ထိုအရာများဟာ ဖဲဝိုင်းရှိသူများ အားလုံး၏မျက်နှာပေါ်တွင် လာရောက်စင်ကြလေသည်။ ဦး​လေးကြီး၏ ဦးခေါင်းတစ်ခြမ်းပျောက်သွားသော အလောင်းကြီးက မြေပြင်​ပေါ်သို့အရုပ်ကြိုးပြတ်သလို ပြတ်ကျသွားလေသည်။

ခွန်အားကို ကိုယ်စားပြုသော အဆင့် ၁ ဝိညာဉ်သခင်၏ အစွမ်းကုန်ပြစ်လွှတ်လိုက်သော ခွန်အားမှာသိပ်ကို အားကောင်းလွန်းသည်။ သူမတို့တွေဟာ ဝိညာဉ်စွမ်းအင်ပေါင်းစပ်ပြီး ပြစ်လိုက်ချင်းဖြစ်သလို၊ တစ်ဘဝလုံးလေ့ကျင့်လာကြချင်းဖြစ်လေသည်။

ထို့အတွက်ကြောင့် သူမတို့တွေပြစ်လွတ်လိုက်သော ကူနိုင်းဓားမြောင်များက ပစ္စတိုသေနတ်များထက်ပင် ပိုပြီးတော့ အားကောင်းသေးသည်။

ဤဟောခန်းထဲတွင်ရှိသောသူများဟာ ဤအတိုင်းကလေကချေများသာဖြစ်ပြီး လူသတ်ဖူးသည့်သူဆို၍ နည်းနည်းသာရှိသည်။

ချက်ချင်းပဲ ဟောခန်းကြီးတစ်ခုလုံးက ဖာတန်းမီးလောင်သလို ပရမ်းပတာဖြစ်သွားကြသည်။

အချို့ကထွက်ပြေးရန်ကြိုးစားကြသလို၊ အချို့ကလည်း လက်နက်များကိုထုတ်လိုက်ကြသည်။

သို့သော် လက် ၄ ဖက်ဘုရင်ဦးလေးကြီးသေပြီး ၁ စက္ကန့်အတွင်းမှာပင် ကူနိုင်းဓားမြောင်များ အချောင်း ၂၀ ကျော်က ဆက်တိုက်ပျံသန်းလာကြသည်။

အချောင်း ၂၀ လုံးဟာလည်း သူတို့၏ပြစ်မှတ်အား အတိအကျထိလေပြီး တစ်ချက်တည်းဖြင့်အသက်အားယူဆောင်သွားလေသည်။

ဟောခန်းထဲတွင် ၉ ယောက်သာကျန်တော့လေပြီး သူတို့ကလက်နက်များအားပြစ်ချလိုက်ပြီး ပြေးရန်ကြိုးစားလိုက်ကြသည်။

သို့သော် သူတို့တွေ၏ကံကြမ္မာဟာ သေခြင်းတရားနှင့်ချည်နှောင်ပြီးသွားပြီဖြစ်လေ၏။

ပြည်သူ့ဆုတောင်းအဖွဲ့အစည်းဟာ ၆ ဧကခွဲကျယ်ဝန်းကာ ဝန်ထမ်းအဆောင်များလည်းရှိလေသည်။ ယခုအချိန်တွင် မနက်တုန်းက ရက်ကွပ်တစ်ခုလုံးအား ကင်းလှည့်ထားသောကြောင့် ပင်ပန်းနေသည့် သူများက သူတို့၏အိပ်ဆောင်တွင်အနားယူနေကြသည်။

အချို့က တင်ပျဥ်ခွေထိုင်ပြီးကျင့်ကြံနေကြသလို၊ အချို့ကလည်းဖုန်းသုံးနေကြသည်။ အသက်ဟာ ၂၀ ကနေ ၆၀ အရွယ်အဘိုးကြီးအထိရှိလေပြီး လူအယောက် ၂၀ ခန့်ရှိနေသည်။

ရုတ်တရက် အဆောင်၏အခန်းတံခါးဟာ ကန်ဖွင့်ခံလိုက်ရသည်။ “ဘန်းးး” ချက်ချင်းပဲ တံခါးကြီးကချွတ်ထွက်သွားလေပြီး အဆောင်၏အလယ်သို့လွင့်ထွက်သွားသည်။

“ခလွမ်”

ချက်ချင်းပဲ အားလုံးကလန့်ဖြန့်သွားကြပြီး လှည့်ကြည့်လာကြသည်။ တံခါးပေါက်တွင်တော့ ငွေရောင်ဆံပင်ရှည်၊ ငွေရောင်မျက်ဝန်းတို့ဖြင့် မျက်နှာတစ်ဝက်အားအဝတ်ဖြင့် ဖုန်းအုပ်ထားသော လီနာကရပ်နေသည်။

သူမ၏လှပသောမျ​က်ဝန်းတို့ဟာ အေးစက်နေလေပြီး လက်ထဲတွင်ကိုင်ထားသောဓါးတွင်လည်း အနီရောင်သွေးများဖြင့်ရွဲနေကာ ကြမ်းပြင်ပေါ်သို့တစ်တောက်တောက်ဖြင့်ကျဆင်းနေသည်။

ခနတာကြောင်အနေပြီးနောက် ရန်သူရောက်လာပြီဖြစ်ကြောင်း သူတို့နားလည်သွားကြသည်။

“တိုက်” ချက်ချင်းပဲ သူတို့တွေအားလုံးဟာ နီးစပ်ရာလက်နက်များကိုဆွဲယူလိုက်ကြသည်။

တစ်ချိန်တည်းတွင် လီနာ၏ညာလက်တွင် အဖြူရောင်ဝိညာဉ်ကွင်း ၂ ကွင်းပေါ်လာသည်။ ပထမဝိညာဉ်ကွင်းဟာ ခွန်အားကို ကိုယ်စားပြုပြီး ဒုတိယ ဝိညာဉ်ကွင်းဟာတော့ အလျင်ကိုကိုယ်စားပြုလေသည်။

သူမက ဖြတ်ကတည်းလှုပ်ရှားလိုက်ပြီး အနီးဆုံးတစ်ယောက်၏ လည်ပင်းအားပိုင်းဖြတ်လိုက်၏။ သူမ၏ဓါးဟာထက်ရှသလို သူမ၏ခွန်အားကလည်း အားကောင်းလွန်းသောကြောင့် ရန်သူ၏လည်ပင်းမှာ ထောပတ်တုံးတစ်ခုကဲ့သို့အခုတ်ခံလိုက်ရသည်။

“ရှီးးး” ချက်ချင်းပဲ သွေးများက နံရံသို့စွန်းထင်းသွားသလို လည်ပင်းကလည်းပြတ်ထွက်သွားသည်။ ထိုအခါတွင် ရန်သူများထဲမှတစ်ယောက်က ကြောက်လန့်တကြားဖြင့် လီနားအား ဓါးဖြင့်ထိုးလိုက်သည်။

လီနာက သူမ၏ဓါးဖြင့် ရန်သူ၏ဓါးအားရိုက်ချလိုက်သည်။ “ခွမ်းးး” ချက်ချင်းပဲ ရန်သူ၏ဓားမှာ လွှင့်ထွက်သွားလေ၏။ ကိုင်ဆောင်သူ၏လက်ဖဝါးရိုးဟာလည်း ပြန်ကန်အားကြောင့် အက်ကွဲသွားလေသည်။

သူ၏မျက်ဝန်းတို့က ကြောက်ရွံမှုတွေဖြင့်ပြည့်နှက်သွားလေ၏။ “အဆင့် ၂ ဝိညာဉ်သခင်...”

နောက်ထပ်တစ်မျက်တောင်တစ်ခတ်မှိတ်လိုက်သည့် အချိန်လေးတွင် သူ၏လည်ပင်းဟာလည်းပြတ်ထွက်သွားကာ မြေပြင်ပေါ်သို့ပြုတ်ကျလာ၏။

“သောက်ပဲ အဆင့် ၂ ဝိညာဉ်သခင်က ငါတို့တော့သေပြီ” ချက်ချင်းပဲ အားလုံး၏မျက်နှာများကဖြူဖျော့သွားလေပြီး ကြောက်ရွံသွားကြသည်။

သူတို့တွေထဲတွင် အသန်မာဆုံးသိုင်းပညာရှင်ကပင် အဆင့် ၄ သာဖြစ်၏။

“သောက်ချီးပဲ ငါမိန်းမတောင်မရသေးဘူးကွ” အသက် ၂၀ အရွယ်ကောင်လေးတစ်ယောက်က ကြုံးဝါးလိုက်ပြီး ဆေဘာဖြင့် လီနာအားခုတ်ချလိုက်သည်။

ဓားအလင်းတစ်ချက်လတ်သွားပြီး ခေါင်းပြတ်ကြီးတစ်လုံးမြေပြင်ပေါ်သို့ပြုတ်ကျလာလေသည်။ ကောင်လေး၏သွေးများကလည်း အနောက်မှလူများ၏မျက်နှာပေါ်သို့သွားစင်လေသည်။

သူတို့၏မျက်နှာအမူအရာ နှင့် မျက်ဝန်းတို့ဟာ တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့်ပြည့်နှက်နေကြသည်။

ပြတင်း​​ပေါက်တွင် သံတိုင်များခံထားလေသည်။ ထို့အတွက်ကြောင့် သူတို့တွေဟာ ဆောက်လုပ်သည့်အင်ဂျင်နီယာကိုပင် ကျိန်ဆဲနေမိကြသည်။

လီနာက အရိပ်တစ်ကောင်ကဲ့သို့အလွန်လျင်မြန်စွာလှုပ်ရှားလိုက်ပြီး လူအုပ်ထဲသို့တိုးဝင်သွားလိုက်သည်။

“အားးးး” “သတ်ကွာ” “အားးး”

၁ မိနစ်ခန့်ကြာသောအခါ လီနာက ဓားအားရမ်းကာရွဲနေသည့် သွေးများအား မြေပြင်ပေါ်သို့ခါချလိုက်ရင်း အပြင်သို့ပြန်လည်၍ထွက်ခွာသွားသည်။

အခန်းထဲတွင်တော့ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်နှင့်အလောင်းများစွာပုံနေလေ၏။ သူတို့တွေ၏မျက်ဝန်းထဲတွင် ကြောက်ရွံမှု၊ လက်မခံနိုင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသတို့ဖြင့် ပြည့်နှက်နေလေသည်။

သူတို့တွေဟာလည်း ကိုယ်ပိုင်မိသားစုရှိကြပြီး တစ်​စုံတစ်ယောက်၏ ခင်ပွန်းဖြစ်သူ၊ အဖေဖြစ်သူ၊ အကိုဖြစ်သူ၊ အဘိုးဖြစ်သူများဖြစ်ကြသည်။

သို့သော် ယခုအခါတွင်တော့ သူတို့အားလုံးသေဆုံးသွားကြပြီဖြစ်လေ၏။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈ + ၁၉ + ၂၀) ပြီး

All Chapters