← Chapters

အခန်း (၂၁+၂၂)

Vol. 3 Ch. 21+22

အခန်း (၂၁+၂၂)

Vol. 3 Ch. 21+22

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁ + ၂၂)

“ငါ့သား ဒီနေ့ရောကျောင်းမာ အဆင်ပြေခဲ့လား” ပြည်သူ့ဆုတောင်းအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သူ ကျိုးဝမ်က သူ၏သားဖြစ်သူ နှင့် မိန်းမဖြစ်သူတို့ ၂ ယောက်နှင့် ဗွီဒီယိုကောပြောနေလေသည်။

ဖုန်းထဲတွင်တော့ အသက် ၃၀ ခန့်ရှိမည့် နွေးထွေးပြီးကြင်နာမည့် အမျိုးသမီးတစ်ယောက်ရှိနေကာ သူမ၏ပေါင်ပေါ်တွင်တော့ အသက် ၈ နှစ်အရွယ်ခန့်ကောင်လေးတစ်ယောက်ကထိုင်နေ၏။

ကောင်လေးဟာ အသားဖြူဖြူဖွေးဖွေး၊ ခပ်ဝဝဖြင့် ချစ်စရာကောင်းသောကောင်လေးတစ်ယောက်ဖြစ်သည်။

“အဆင်ပြေတယ်ဖေဖေ သားဒီနေ့ကျောင်းရဲ့ ပုံဆွဲပြိုင်ပွဲမှာ ဒုတိယရခဲ့တယ်” ကောင်လေးက မျက်လုံးများမှေးကျဥ်းသွားသည်အထိ ပြုံးဖြီးလိုက်သည်။

“ဟာ ငါ့သားကတော်တယ်ကွာ အဖေပြန်လာရင် လက်ဆောင်ဝယ်ပေးခဲ့မယ် ဟုတ်ပြီလား”

“ကောင်းပြီကောင်းပြီ အိပ်ချိန်ရောက်ပြီနော် သားလေး” အမေဖြစ်သူက ကောင်လေး၏ပါးဖောင်းဖောင်းလေးအား ညစ်လိုက်သည်။

“ရှင်ကြီး ဂရုစိုက်ဦးနော် မိုးတွင်းရောက်နေပြီ အဖျားမိမယ်” ပြီးနောက်တွင် သူမက စိတ်ပူစွာဖြင့်ပြောလို​က်သည်။

“ဟာ မိန်းမရယ်ကိုယ့်လို သိုင်းထိပ်သီးတစ်ယောက်ဆိုတာ အဲလိုရာသီအဖျားတွေကတော့ အေးဆေးပဲ ကိုယ့်ကိုစိတ်မပူနဲ့”

“မိန်းမနဲ့သားလေးတို့ ၂ ယောက်သာ ဂရုစိုက်။ ကိုလုပ်စရာတွေရှိသေးလို့ ဒါပဲနော် အများကြီးချစ်တယ်”

“မိန်းမလည်း ယောင်္ကျားကိုအများကြီးချစ်တယ်” အပြင်ပန်းတွင်တော့ တကယ်ကိုအချစ်တွေ နှင့် ပြည့်ဝနေသောမိသားစုလေးပင်ဖြစ်သည်။ စာဖတ်သူများကိုတော့ မပြောတတ်ချေ။ စာရေးဆရာကတော့ ထိုသို့သောဘဝကို အိမ်မက်အဖြစ်သာမက်နိုင်၏။

ဖုန်းချသွားသည်နှင့် ကျိုးဝမ်က ပြုံးလိုက်ပြီး ဆိုဖာပေါ်တွင်ကားယားကြီးကုန်းနေကာ အာသာဖြေနေသည့် အမျိုးသမီးအားကြည့်လိုက်သည်။

“ဒီကိုလာခဲ့” ကျိုးဝမ်က သူမအား​တဏှာမျက်လုံးဖြင့်ကြည့်ကာပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ” အမျိုးသမီးကလည်း အရည်ရွဲနေသော မျက်ဝန်းဖြင့် ကျိုးဝမ်၏အပေါ်သို့တတ်ခွလိုက်သည်။

ကျိုးဝမ်ဟာ ယခုနှစ်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်၏။ သိုင်းထိပ်သီးအဆင့်ဖြစ်သောကြောင့် ဤအသက်အရွယ်ဖြင့်ပင် သန်မာအားကောင်းသော ခန္ဓာကိုယ်အားပိုင်ဆိုင်ထားလေသည်။

သူဟာ အရပ် ၆ ပေ ၃ လက်မလောက်ရှိပြီးပခုံးကျယ်ပြန့်ကာ သန်မာအားကောင်းသော ခန္ဓာကိုယ်ရှိလေ၏။ ထို့အပြင် သူဟာ အိမ်ထောင် ၂ ခုရှိသည်။

ရှောင်ကလန်တွင်လည်း မိန်းမတစ်ယောက်နှင့်သားသမီး ၃ ယောက်ရှိသည်။ ကျိုးဝမ်၏နာမည်အရင်းဟာ ရှောင်မင်ဝမ်ဖြစ်လေသည်။

ကျိုးဝမ်ဟာ ရှောင်ကလန်၏အပြင်ဘက်တွင်လည်း မိန်းမတစ်ယောက်ယူထားသေးကာ သူ​၏အကြောင်းအား သူမအားဖုန်းကွယ်ထား၏။

ဤကဲ့သို့အကောင်မျိုးက ပြည်သူ့ဆုတောင်းအဖွဲ့အားအုပ်ချုပ်နေသည့်အခါတွင် အဖွဲ့အစည်းက ဤမျှလောက်စုတ်ပြတ်နေသည်မှာ အံဩစရာမကောင်းတော့ချေ။

“ကျစ် ကျစ် ခင်ဗျားကတော်တော်ညစ်ပတ်တဲ့ကောင်ပဲ”

တံခါးပေါက်နားတွင် လက်ပိုက်၍ သူတို့ ၂ ယောက်အား ရပ်ကြည့်နေသော ထျန်ရှင်းလုက စုပ်သပ်ရင်းပြောလိုက်သည်။

အရှိန်တတ်နေသည့် ၂ ယောက်ကတော့ ချက်ချင်းပဲလန့်ဖြန့်သွားကြသည်။

“အ..အား”

“ဟမ် မင်းဘယ်သူလဲ” ကျိုးဝမ်က သူ့အပေါ်မှတတ်ခွထားသည့် အမျိုးသမီးအားဖယ်ထုတ်လိုက်ကာ ဘောင်းဘီအမြန်ဝတ်လိုက်သည်။

ပြီးနောက်တွင် ထျန်ရှင်းလုအား မျက်မှောင်ကြီးကြုတ်လျက်ဟိန်းဟောက်လိုက်သည်။

“မင်း ဘယ်သူလဲကွ ဒီနေရာကရှောင်ကလန်ရဲ့ပိုင်နက်ပဲ”

“အစောင့်တွေဘယ်​ရောက်နေတာလဲ” ကျိုးဝမ်က အနည်းငယ်ထိန့်လန့်လာမိသည်။

“ဟဟ” ထျန်ရှင်းလုက ခနဲ့လိုက်ပြီးနောက် လေပေါ်သို့ခုန်တတ်လိုက်ပြီး ကျိုးဝမ်အားကန်ချလိုက်သည်။

ကျိုးဝမ်ကလည်း ထိန့်လန့်တကြားဖြင့် ဘေးသို့လိမ့်ချလိုက်ကာ ရှောင်ရှားလိုက်လေသည်။

ထျန်ရှင်းလု၏ ကန်ချ​က်က အဝတ်ဗလာဖြင့်အမျိုးသမီးအား ထိခါနီးဖြစ်သွား၏။

“အားး” သူမက စူးရှသောအသံဖြင့် ကြောက်လန့်တကြားအော်ကာ သူမ၏မျက်နှာအားကာလိုက်သည်။

ကျိုးဝမ်ကလည်း ရန်သူ၏ခွန်အားဟာ သူ့နှင့်တန်းတူသာရှိသည်ကို တွက်ချက်လိုက်မိ၏။ ထို့အတွက်ကြောင့် ခုန်လိုက်ပြီး ထျန်ရှင်းလု၏မျက်နှာသို့ ဒူးဖြင့်ခုန်တိုက်လိုက်သည်။

“သေစမ်း”

ထျန်ရှင်းလု၏ မျက်နှာအထက်တွင်ယုံကြည်ချက်ရှိသော အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။ သူကကျိုးဝမ်၏ဒူးအား အသာအယာလှည့်လိုက်လေသည်။

ချက်ချင်းပဲ ကျိုးဝမ်ကလေထဲတွင် ဟန်ချက်ပျက်သွားပြီး မှောက်ယက်ကြီးလဲကျသလိုပုံစံဖြစ်သွားသည်။

“ဟမ်... အိုက်ကီဒိုလား..” ကျိုးဝမ်တွေးလိုက်မိသည်။

ထျန်ရှင်းလုက ထိုအချိန်တွင်ပင် နောက်ပြန်လှည်၍ကျိုးဝမ်၏ဝမ်းဗိုက်အား ငွေလက်စွပ်၏ ဂျင် ၅၀၀ ခွန်အားကိုပင် ပေါင်းစပ်၍ကန်ချလိုက်သည်။

“ဘန်းးး”

“အားးး” ချက်ချင်းပဲ ကျိုးဝမ်ကလွှင့်ထွက်သွားလေပြီး အခန်း၏တစ်ဖက်ခြမ်းသို့ရောက်ရှိသွားကာ နံရံကပ်တီဗွီနှင့်သွားတိုက်မိလေသည်။

“ခွမ်းး”

ထို့အတူပဲသွေးများစွာကို အန်ထုတ်လိုက်ရကာ အတွင်းဒဏ်ရာရရှိသွား၏။ ထျန်ရှင်းလုက လျင်​မြန်စွာ ရောက်လာပြီးသူ၏ခေါင်းအား ဆက်ကတည်းလျင်မြန်စွာ ကန်လိုက်သည်။

ကျိုးဝမ်က အံကြိတ်လိုက်ပြီး အတင်းထကာဘေးသို့ခုန်ရှောင်လိုက်ရသည်။

“ဝုန်းးး”

ပြစ်မှတ်မရှိတော့သည့် ထျန်ရှင်းလု၏ကန်ချက်ဟာတော့ နံရံကိုသွားထိလေ၏။ ချက်ချင်းပဲအိုဟောင်းနေသည့် နံရံပေါ်တွင် ငလျင်လှုပ်သကဲ့သို့အက်ကွဲကြောင်းကြီးထွက်ပေါ်လာသည်။

ကျိုးဝမ်က ကြောက်လန့်တကြားဖြင့် အလျင်အမြန်ပဲ သူ၏စားပွဲသို့သွားလိုက်သည်။ ပြီးနောက် အလောတကြီးဖြင့်အောက်ဆုံးမှ အံဆွဲကိုဆွဲဖွင့်လိုက်ပြီး ပစ္စတိုသေနတ်အားထုတ်၍ ထျန်ရှင်းလုအားချိန်လိုက်၏။

သခင်လေးထျန်ဟာတော့ ပြုံးစစဖြင့်ကျိုးဝမ်အား ကြည့်နေကာ စိတ်ပူသည့်ပုံမပေါ်လေချေ။

ထျန်ရှင်းလု၏မကြောက်မရွံပုံကြောင့် ကျိုးဝမ်က ပိုပိုပြီးတော့ စိတ်က​ယောင်ခြောက်ခြားဖြစ်လာကာ သူ၏နဖူးထက်တွင်လည်းချွေးစီးများကျဆင်းလာသည်။

“ဟိတ်ကောင် မင်းဘယ်သူ​လဲပြောစမ်း” ကျိုးဝမ်က ဟိန်းဟောက်လိုက်၏။

ထျန်ရှင်းလုကတော့ အထက်စီးမှကြည့်လိုက်ပြီး ရှေ့တိုးလာလိုက်သည်။ “မင်းရဲ့အသက်ကိုယူမဲ့ သေမင်း” ထျန်ရှင်းလုက ခနဲ့သလိုပြောလိုက်၏။

“အခု ချက်ချင်းရပ်စမ်း မင်းရှေ့တိုးလာရင် ငါပြစ်တော့မာနော်” ကျိုးဝမ်က အတွင်းဒါဏ်ရာကြောင့်အသက်ကိုလေးလေးပင်ပင်ရှုနေရင်း အော်ဟစ်လိုက်သည်။

သို့သော် ထျန်ရှင်းလုကတော့ ဂရုမစိုက်ပဲ သေမင်းကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းမွန်သော အရှိန်အဝါဖြင့် အရှေ့သို့ဆက်တိုးလာနေဆဲဖြစ်သည်။

“ကောင်းပြီလေ” ကျိုးဝမ်က စိတ်ပိုင်းဖြတ်လိုက်ပြီး မောင်းခလုတ်အားဆွဲလိုက်၏။

ကျိုးဝမ်ခလုတ်မဆွဲခင် အချိန်မှာပင် ထျန်ရှင်းလုကလည်း သူ၏လက်အား​မလိုက်သည်။ သူ၏လက်အားမနေရင်းမှာပင် သူ၏လက်ချောင်းများဟာ သံမဏိကဲ့သို့ပြောင်းလဲသွားလေ၏။

“ဒိုင်းးး”

ကျိုးဝမ်၏ပစ္စတိုသေနတ်မှာ မီးပွင့်သွားလေပြီး ကျယ်လောင်​သော အသံကျယ်ကြီးထွက်ပေါ်လာသည်။

ထိုအသံကြီးနှင့်အတူ ပြောင်းဝမှလည်း ၉ မီလီမီတာကျည်ဆံကလည်းထွက်လာကာ လေကိုထိုးခွင်း၍ အသံထက်ပိုမြန်သောအရှိန်ဖြင့် ထျန်ရှင်းလုထံသို့တိုးဝင်လာသည်။

ထျန်ရှင်းလုကလည်း အလွန်တိုတောင်းလှသောအချိန်ကလေးအတွင်း ကျည်ဆံ၏လားရာကိုတွက်ချက်လိုက်သည်။ ပြီးနောက်တွင် သူ၏သံမဏိလက်ချောင်းတို့ဖြင့် ကျည်ဆံ၏လားရာလမ်းကြောင်းသို့ ရိုက်ချလိုက်သည်။

“ထန်းး”

ချက်ချင်းပဲ ကျည်ဆံက တစ်စစီကွဲထွက်သွားလေသည်။

ထျန်ရှင်းလု၏ သံမဏီလက်ချောင်းဟာတော့ အကောင်းတိုင်းသာဖြစ်နေဆဲဖြစ်ပြီး အဖြူရောင်အငွေ့အနည်းငယ်သာ ထွက်နေလေ၏။

ချက်ချင်းပဲ တစ်ခန်းလုံးက တိတ်ဆိတ်သွားလေသည်။

“အိုက်ကီဒိုတိုက်ခိုက်ရေးနည်းစနစ် .... သံမဏိခန္ဓာကျင့်စဥ် ..... မင်းကထျန်မိသားစုကပဲ”

ကျိုးဝမ်မှာ ထိုသည်ကိုသတိထားမိသွားသောအခါ အံဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တစ်ပြိုင်နက်ထဲတွင် ကြောက်လန့်တုန်လှုပ်မှုလှိုင်းက သူ၏တစ်ကိုယ်လုံးအားဖြတ်သန်းသွားကာ ကျက်သီးဖြန်းဖြန်းထသွားသည်။

ထျန်မိသားစုဆိုသည်မှာ မြေကမ္ဘာအဆင့်အင်အားစုကြီးတစ်ခုဖြစ်ကာ အဆင့် ၄ ဝိညာဉ်သခင်အဆင့်များပင် ရိုက်သတ်၍မကုန်အောင်ရှိလေသည်။

အဆင့် ၄ ဝိညာဉ်သခင်အဆင့်တစ်ယောက်ထဲဖြင့်ပင် သူတို့၏ ရွှေအဆင့်အင်အားစုဖြစ်သည့် ရှောင်ကလန်အား ၁၀ ခါပြန်ဖျက်စီး​ပြစ်နိုင်လေသည်။

“ဘာကြောင့်လဲ” ကျိုးဝမ်က ဝမ်းနည်းစွာဖြင့်ပြောလိုက်သည်။ ထျန်မိသားစုကသာ ရှောင်ကလန်ကိုပြစ်မှတ်ထားမည်ဆိုလျှင် ရွှေနဂါးနိုင်ငံ၏တော်ဝင်မိသားစုကပင် သူတို့အားကယ်တင်နိုင်မည်မဟုတ်ချေ။

“ဒီလိုပါပဲ ပျင်းလို့” ထျန်ရှင်းလုကတော့ ဤအတိုင်းသာပခုံးပင့်လိုက်ပြီး အရှေ့သို့ဆက်တိုးလာလိုက်သည်။

ကျိုးဝမ်က ဆက်လက်ပြီးတော့ ပစ္စတိုအားပြစ်ခတ်လိုက်သော်လည်း ထျန်ရှင်းလုက ကျည်ဆံသွားရာလမ်းကြောင်းအား တွက်ချက်ပြီး သံမဏိလက်ချောင်းဖြင့်ရိုက်ချနေလေသည်။

“ဒိုင်း ဒိုင်း ဒိုင်း”

“ထန်းး ထန်းး ထန်းး”

ကျိုးဝမ်က ဆက်လက်ပြီးပြစ်ချင်သော်လည်း ထျန်ရှင်းလုကအနားသို့ရောက်လာပြီး သူ၏သေနတ်ကိုင်ထားသည့်လက်အားစုပ်ကိုင်ကာ ညစ်ချလိုက်သည်။

“ခရက်...အားးးး”

ချက်ချင်းပဲ သူ၏လက်ကောက်ဝတ်ကြီးက ဝေဖာကဲ့သို့ကျိုးကျေသွားသည်။

ကျိုးဝမ်ကလည်း နာကျင်စွာဖြင့်အော်ဟစ်ညီးတွားလိုက်ရလေသည်။ ထျန်ရှင်းလုက သံမဏိလက်ချောင်းဖြင့် ကျိုးဝမ်၏ရင်ဘတ်အားထိုးခွဲလိုက်၏။

“အု... မလုပ်..ပါနဲ”

ထျန်ရှင်းလုက ကျိုးဝမ်၏နှလုံးအားအပြင်သို့ဆွဲနှုတ်လိုက်သည်။ “အာ..”

ချက်ချင်းပဲ ကျိုးဝမ်၏နှလုံးအပေါက်ကြီးမှ သွေးတွေယိုစီး​ကျလာသည်။ တစ်ပြိုင်နက်ထဲတွင် ကျိုးဝမ်ကလည်း ဒူးထောက်ကျသွားပြီး သူ၏အသိအာရုံတို့က အဆုံးမဲ့ထာဝရအမှောင်ထုထဲသို့တိုးဝင်သွားသည်။

“ဖူးးး ပျင်းစရာပဲ” ထျန်ရှင်းလုက မျက်လုံးသေကြီးတို့ဖြင့် ကိုယ်လုံးတီးဖြင့်အမျိုးသမီးအားကြည့်လိုက်သည်။

သူမက ထျန်ရှင်းလုအားကြောက်လန့်တကြားဖြင့် ကြည့်နေလေ၏။ ပုံမှန်အချိန်တွင် ထျန်ရှင်းလု၏ မြင့်မားသောအရပ်၊ ကျယ်ပြန့်ပြီးအားကောင်းသောခန္ဓာကိုယ်၊ ချောမောခန့်ညားလှသော မျက်နှာကြောင့် သူမဟာအမြီးနှံနေပေလိမ့်မည်။

သို့သော် ယခုအခါတွင်တော့ သူမကကြောက်လန့်လွန်း၍ သေးပင်ပေါက်ချထားမိကာ သူမနားတစ်ဝှိုက်တွင်စိုရွဲနေသည်။

ထျန်ရှင်းလုက စားပွဲပေါ်သို့ တတ်ထိုင်လိုက်ပြီး သူမအားခပ်ပြုံးပြုံးဖြင့်ကြည့်ကာပြောလိုက်သည်။

“မင်း...ဒီနားကိုလာခဲ့စမ်း” သူ၏အသံမှာ ငရဲမှနတ်ဆိုးတစ်ကောင်ကဲသို့အေးစက်နေလေ၏။

အမျိုးသမီးက တုန်ယင်နေသော ခြေထောက်တို့ဖြင့် ထလိုက်ပြီး ကျိုးဝမ်၏အလောင်းအား ကြောက်လန့်​နေသောမျက်လုံးတို့ဖြင့်ကြည့်လိုက်မိသည်။

သူမဟာ အသက် ၂၅ လောက်ရှိမည်ဖြစ်ပြီး အရပ် ၅ ပေ ၅ လက်မရှိသည်။ ရုပ်ရည်မှာသာမန်ထက်ပိုကြည့်ကောင်းပြီး ဂုတ်ဝဲဆံပင်၊ မျက်နှာသေးသေးလေးဖြင့် ချစ်စရာကောင်းသည်ဟု ပြောနိုင်သည်။ သူမ၏ခန္ဓာကိုယ်ဟာလည်း ကြီးထွားသင့်သည့်နေရာကြီးထွားပြီး အချိုးအစားကောင်းမွန်လှသည်။

လက်ရှိအချိန်တွင်တော့ သူမ၏မျက်နှာသေးသေးလေးဟာ တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့်ပြည့်နှက်နေပြီး သူမ၏စွဲမက်ဖွယ်ကိုယ်လုံးတီးခန္ဓာကိုယ်လေးဟာလည်း ကြောက်ရွံမှုကြောင့် တုန်ယင်နေလေသည်။

သူမက ကို့ယို့ကားယားဖြင့်လျောက်လာပြီး စားပွဲပေါ်တွင်လက် ၂ ဖက်အားထောက်ကာ ဘုရင်တစ်ပါးကဲ့သို့ထိုင်နေသော ထျန်ရှင်းလု၏အရှေ့သို့ဒူးထောက်ချလိုက်သည်။

သူမဟာ ငိုယိုထားသောကြောင့် သနားစဖွာ် မျက်ရည်လည်ရွဲဖြစ်နေသည်။ သူမကထပ်မံပြီးမျက်ရည်များထွက်လာကာ လက် ၂ ဖက်အားပွတ်သပ်၍ တောင်းပန်လိုက်သည်။

“သ..သခင်လေး၊ ကျေးဇူးပြုပြီးတော့...ဟင့်...ကျွန်မကိုအသက်ချမ်းသာပေးပါ..ဟင့်”

“ကျွန်မရဲ့အဖေက ဆောက်လုပ်ရေးလုပ်ငန်းမှာ မတော်တဆဖြစ်ပြီးတော့ ဆုံးသွားပါပြီ၊ အမေကလည်း...ရောဂါကြောင့်အိပ်ယာထဲမှာ လှဲနေတာပါ အဟင့်”

“ပြီးတော့ အိမ်မှာလည်း အဟင့် အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ်ညီမလေး​ ၂ ယောက်ရှိပါသေးတယ်”

“အဲတာကြောင့် ကျွန်မက အဟင့်.. ကျွန်မရဲ့ခန္ဓာကိုယ်ကိုရောင်းစားပြီး သူတို့ကိုထောက်ပံပေးနေတာပါ”

“ကျွန်မသာ သေသွားရင် သူတို့ကိုဂရုစိုက်ပေးမဲ့သူရှိမာမဟုတ်ပါဘူး သခင်လေး..ကျေးဇူးပြုပြီးကျွန်မကို အသက်ချမ်းသာပေးပါ”

“သ...သခင်လေးသာအလိုရှိရင် စိတ်ကြိုက်ပြုစုပေးပါမယ်ရှင့်၊ ကျွန်ခံဆိုရင်လည်းကျွန်ခံပါမယ် ကျေးဇူးပြုပြီးအသက်ချမ်းသာပေးပါ”

သူမကငိုယိုနေရင်း ဒူးထောက်ပြီးရှိခိုးကာ ညှာတာမှုအားတောင်းဆိုလိုက်သည်။

ထျန်ရှင်းလုက မျက်နှာအထက်တွင်နူးညံသော အပြုံးတစ်ပွင့်အားတပ်ဆင်လိုက်ပြီး သူမ၏ဦးခေါင်းလေးအားပွတ်သပ်ပေးလိုက်သည်။

“ကောင်းပြီ ကောင်းပြီ မငိုနဲ့တော့ မင်းကိုအသက်ချမ်းသာပေးလို့ရပါတယ် ငါကိုပြုစုပေးစရာမလိုသလို ကျွန်ခံစရာလည်းမလိုဘူး မင်းငါ့အတွက်တစ်ခုလုပ်ပေးရင်ရပြီ” ထျန်ရှင်းလုက ချိုသာစွာပြီးဖော်ရွှေစွာဖြင့်ပြောလိုက်သည်။

ထျန်ရှင်းလုဟာ လျပ်တပြတ်အတွင်း ငရဲမှတတ်လာသော ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးမှ လူကြီးလူကောင်းအဖြစ်သို့ မျက်လှည့်ပြသလို ပြောင်းလဲသွားလေသည်။

ကောင်မလေးက ပျော်ရွင်သွားလေပြီး ချက်ချင်းပြောလိုက်သည်။

“သေချာတာပေါ့ သခင်လေးအလိုရှိတာကိုပြောပါ ကျွန်မတတ်နိုင်ရင် ချက်ချင်းလုပ်ပေးပါမယ်”

ထျန်ရှင်းလုက သူမအားကြင်နာသောအပြုံးပြုံးပြလိုက်ပြီး ကျိုးဝမ်၏နှလုံးအား သူမ၏လက်ထဲသို့ထည့်ပေးလိုက်သည်။

“ဒီနှလုံးကို စားလိုက်၊ အဲတာဆိုရင် မင်းကိုငါအသက်ချမ်းသာပေးမယ်”

အခန်းလေးဟာ ခနတာတိတ်ဆိတ်သွားသည်။

“ရှင်....” သူမက လက်ထဲရှိ မကြာသေးခင်ကမှဆွဲဖြုတ်ထားသော ကျိုးဝမ်၏နှလုံးအားကြည့်ကာ ကြောင်အသွားသည်။

ပြီးနောက်တွင် ထျန်ရှင်းလု၏ ကြင်နာသောအပြုံးအားကြည့်လိုက်သည်။ ထျန်ရှင်းလု၏ ပုံစံမှာအတည်ပေါက်ကြီးဖြစ်၏။

သူမ၏နှုတ်ခမ်းဖောင်းဖောင်းလေးက ဟစိဟစိဖြစ်သွားကာ စွန့်အသွားသည်။

သူမက အောက်နှုတ်ခမ်းအားကိုက်လိုက်ပြီး “ကောင်းပါပြီ” ဟုပြောလိုက်ကာ စိတ်ပိုင်းဖြတ်လိုက်၏။ ပြီးနောက်တွင် ကျိုးဝမ်၏နှလုံးအားမျက်လုံးအစုံမှိတ်ကာ ကိုက်ချလို​က်တော့သည်။

“ဗြစ်”

သူမကိုက်ချလိုက်သည်နှင့် ပူနွေးနေဆဲဖြစ်သောသွေးများက သူမ၏ပါးစပ်ထဲသို့အပြည့်ဝင်လာသည်။ နှလုံးဟာ စိုစွတ်ပြီး ပျော့စိစိဖြစ်သည်။ အရသာဟာ ဝက်နှလုံးနှင့်ဆင်တူပြီး အစိမ်းဖြစ်နေသောအခါ အော်ဂလီဆန်ဖို့ကောင်းလေ၏။

“အဟွတ် အဟွတ်” တစ်လုတ်တည်းဖြင့် သူမကအန်ချမိမလိုဖြစ်သွားလေ၏။ သို့သော် သူမ​ကဆက်လက်၍ မျိုသိပ်ထားလေပြီး အတင်းမျိုချလို​​က်သည်။

ထျန်ရှင်းလုကလည်း ပြုံးစစဖြင့်သူမ၏ခေါင်းသေးသေးလေးအား ပွတ်သပ်ပေးနေလေ၏။

အော်ဂလီဆန်လွန်းပြီး မအန်ချစေရန်အတင်းမြိုသိပ်ထား​ရသောကြောင့် သူမ၏မျက်လုံးများပင် နီရဲလာလေ၏။ ကံကောင်းသည်မှာ နှလုံး၏အရွယ်အစားသည် အရွယ်ရောက်လူကြီးတစ်ယောက်၏ လက်သီးစုပ်အရွယ်လောက်သာရှိသည်။

သူမက အသက်ရှင်ချင်သောစိတ်ကြောင့် အတင်းကြိတ်မှိတ်ပြီးစားလိုက်သောအခါ ၁ မိနစ်အတွင်းကျိုးဝမ်၏နှလုံးကြီးက သူမ၏အစာအိမ်ထဲသို့ရောက်ရှိသွားသည်။

သူမ၏ခန္ဓာကိုယ်ဟာလည်း အော်ဂလီဆန်လွန်းသောကြောင့် တုန်ယင်နေကာ နေမကောင်းသလိုပင်ဖြစ်ချင်လာ၏။

သူမ၏ပါးစပ်တွင်လည်းသွေးများဖြင့်ပေနေကာ ဗန်ပိုင်းယားမလေးကဲ့သို့ဖြစ်နေသည်။

“ပြီး..ပါပြီသခင်လေးရှင့်” သူမကအားနည်းစွာပြောလိုက်သည်။

ထျန်ရှင်းလုက ပြုံးလိုက်ပြီးပြောလိုက်သည်။ “ကောင်းပြီ တော်တယ် လျာထုတ်ပြ”

သူမက လျာတစ်ချက်သပ်လိုက်ပြီး သူမ၏နီရဲနေသောလျာကြီးအား အပြင်သို့ထုတ်ပြလိုက်သည်။

ထိုအချိန်မှာပင် ထျန်ရှင်းလုက သေနတ်အားကောက်ယူလိုက်ပြီး သူမ၏ပါးစပ်ထဲသို့ထည့်ကာ မောင်းခလုတ်ဆွဲလိုက်သည်။

ကောင်မလေးက မျက်လုံးပြူးသွားပြီး အနောက်ဆုတ်ရန်လုပ်လိုက်၏။ “ဟင်းးးး”

“ဒိုင်းးး” ချက်ချင်းပဲ သူမ၏အသက်မဲ့သွားသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။

ထျန်ရှင်းလုကတော့ မျက်နှာသေကြီးဖြင့် သေနတ်အား လွှင့်ပြစ်လိုက်ကာ အပြင်ဘက်သို့ပြန်ထွက်လာလို​က်သည်။

အပြင်ဘက်တွင်တော့ လီနာကဦးဆောင်၍ သူမ၏အနောက်တွင်မျက်နှာဖုံးတပ် လုပ်ကြံသတ်ဖြတ်သူ ၁၂ ယောက်က ၄ ယောက်တစ်တန်းစီဖြင့် ၃ တန်း ညီညာစွာစီရပ်နေကြသည်။

ထျန်ရှင်းလုထွက်လာသောအခါ သူတို့အားလုံးက ဒူးထောက်၍ စီးကြိုလိုက်သည်။

“သခင်”

လီနာက ရိုသေစွာဖြင့်ပြောလိုက်သည်။ “သခင်ရဲ့အမိန့်အတိုင်း ရန်သူတွေအကုန်လုံးကိုရှင်းပြီးပါပြီ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှမရှိပါဘူး မီးရှို့ဖျက်စီးဖို့အတွက်လည်း အသင့်ပြင်ပြီးပါပြီ”

“အင်းတော်တယ်”

“အထဲက ကောင်မလေးပြောတာကို မင်းကြားတယ်မလား။”

“သူမရဲ့ မိသားစုအကြောင်းကိုစုံစမ်းလိုက်၊ သူမစီမာ ညီမလေး ၂ ယောက်ရှိတယ်ပြောတယ်၊ တကယ်ရှိရင် သူတို့ကိုဖမ်းခေါ်ပြီးတော့ အရိပ်တပ်ဖွဲ့မာ လေ့ကျင့်ပေးလိုက်”

လီနာက ခေါင်းညိတ်၍ပြန်ပြောလိုက်သည်။ “အမိန့်တိုင်းပါ သခင်၊ ဒါပေမဲ့ သူတို့ရဲ့အမေအိုကြီးကိုဘာလုပ်လိုက်ရမလဲရှင့်”

ထျန်ရှင်းလုကတော့ မျက်နှာသေကြီးဖြင့် တစ်ဝက်ခန့်သာရှိသော လမင်းကြီးအားစိုက်ကြည့်လျက်ပြောလိုက်သည်။

“သတ်ပြစ်လိုက်”

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁ + ၂၂) ပြီး

All Chapters