အခန်း (၂၃+၂၄+၂၅)
Vol. 3 Ch. 23+24+25
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၃ + ၂၄ + ၂၅)
အရာရှိဟုန်သည် အခန်းဝ၌ ရပ်နေ၏။ ညဉ့်နက်၏ တိတ်ဆိတ်မှုက နားထဲတွင် ဆူညံနေသယောင်။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အေးစက်စက် အနံ့ဆိုးကြီးက သူ့မျက်နှာကို ရိုက်ခတ်လာသည်။ လေထဲတွင် သွေးနံ့စိမ်းစိမ်းက စူးရှစွာ လွင့်ပျံလျက်ရှိသည်။
ဧည့်ခန်းထဲတွင်မူ ကြီးမားထွားကြိုင်းသော ယောက်ျားလေးအလောင်းလေးခုတို့သည် မြင်မကောင်းအောင် ပြန့်ကျဲနေကြသည်။
သူတို့၏ လက်မောင်းများ၊ ခြေထောက်များသည် ဆွဲဖြဲခံထားရသကဲ့သို့ ပြဲလန်နေပြီး သွေးတို့သည် ကြမ်းပြင်၊ နံရံ၊ မျက်နှာကျက်အထိ စွန်းထင်းကာပေပွနေ၏။
အချို့ကိုယ်လက်အင်္ဂါတို့သည် ကိုယ်ခန္ဓာမှ ကင်းကွာနေပြီ။ ၎င်းတို့၏ မျက်နှာများတွင် ကြောက်လန့်တကြား အော်ဟစ်ခဲ့သည့် ပုံရိပ်များ၊ အဆုံးစွန်သော နာကျင်မှုများက အထင်အရှား ကပ်ငြိနေဆဲပင်။
ဤသည်မှာ တိုက်ပွဲတစ်ခုမျှသာ မဟုတ်။ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုတစ်ခုဖြစ်ခဲ့သည်။
အရာရှိဟုန်သည် မည်သည့်စကားမှ မဆို။ သူ့မျက်လုံးတို့သည် ဤဖရိုဖရဲ မြင်ကွင်းကို စူးစိုက်ကြည့်နေပြီး မျက်နှာမှာမူ ခံစားချက်မဲ့စွာ တည်ငြိမ်နေသည်။
သူ တစ်ဦးတည်းသာ ရှိနေသော ဤအေးစက်တိတ်ဆိတ်သည့် အခန်းထဲတွင် သူ၏ အားကောင်းသော အသက်ရှူသံကသာ ပဲ့တင်ထပ်နေ၏။
ဤမျှ အားကောင်းမောင်းသန်လူလေးယောက်ကို ဤသို့ အရိုးရှင်းဆုံးနှင့် ရက်စက်ဆုံးနည်းလမ်းဖြင့် သတ်နိုင်ဖို့ဆိုသည်မှာ အတော်လေးအားကောင်းသော သူဖြစ်မှသာရပေလိမ့်မည်။
ဤလူများဟာ သာမာန်လူမဟုတ်ပဲ အဆင့် ၃ သိုင်းပညာ ၃ ယောက် နှင့် အသန်မာဆုံးတစ်ယောက်ဆိုလျှင် အဆင့် ၄ သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။
သူတို့ဟာ သာမာန်လူများထက် ၂ ဆမျှပိုမိုပြီးသန်မာအားကောင်းကြလေသည်။ သို့သော်လည်း ခြေပြတ်လက်ပြတ်ဖြစ်သည်အထိ လက်ဗလာဖြင့်ဆွဲဖြဲခံထားရကာ နာကျင်စွာဖြင့်သေဆုံးခဲ့ကြရသည်။
အရာရှိဟုန်က သက်ပျင်းချလိုက်ပြီး သူ၏လက်က ဘောင်းဘီအိတ်ကပ်ထဲသို့ ရောက်သွားကာ ဆေးလိပ်ဗူးတစ်ဗူးကို ထုတ်ယူလိုက်သည်။ ပြီးနောက် ဆေးလိပ်တစ်လိပ်ကို ညင်သာစွာဆွဲထုတ်လိုက်ပြီး ပါးစပ်တွင်တေ့လိုက်သည်။
ဆေးလိပ်ဟာ အလုံးစုံအဖြူဖြစ်ပြီးဖင်နားတွင် ဒရာဂိုဟူသော စာလုံးအသေးလေးရှိသည်။ ဆေးလိပ်တံဆိပ်မှာ လန်ဒန်ဒရာဂိုဖြစ်၏။
ထိုဆေးလိပ်တံဆိပ်အား သာမန်လူများမပြောနှင့် လူချမ်းသာများပင်သိလိမ့်မည်မဟုတ်ချေ။ ရွှေနဂါးနိုင်ငံ၏တော်ဝင်မျိုးနွယ်ဝင်များထဲမှတစ်ယောက်သာ ထိုဆေးလိပ်အားတွေ့လျှင် မျက်လုံးပြူး၍ ပါးစပ်အဟောင်းသားဖြစ်သွားပေလိမ့်မည်။
ဆေးလိပ်တစ်ဗူးလုံး၏တန်ဖိုးအား မပြောနှင့် လန်ဒန်ဆေးလိပ်၊ တစ်လိပ်၏တန်ဖိုးကပင် ဒေါ်လာ ၂၅ ဘီလီယံခန့်တန်ကြေးရှိသည်။ ဘူးအပါးလေးထဲတွင် ၂၄ လိပ်ပါသောကြောင့် စုစုပေါင်းတန်ဖိုးမှာ ၆၀၀ ဘီလီယံပင်ရှိသည်။
ထို့အပြင် ဤဆေးလိပ်အား ဝယ်ယူအတွက် အဆက်အသွယ်လည်းလိုအပ်လေပြီး ပိုက်ဆံရှိရုံသက်သက်ဖြင့် ဝယ်ယူလို့မရချေ။ ဤအရာရှိဟုန်ဆိုသော လူမှာ အဘယ်ကြောင့်ဤကဲ့သို့မြို့သေးလေးတွင် ရာဇဝတ်မှုများ လာစုံစမ်းနေရသနည်း။
အရာရှိဟုန်က ဇစ်မီးခြစ်ကို ဖြုတ်လိုက်ပြီး မီးခတ်လိုက်ရာ မီးတောက်ကလေးက မှောင်ရိပ်ထဲတွင် ဝင်းခနဲတောက်ပလာ၏။
သူက လန်ဒန်ဆေးလိပ်အား အားပြင်းပြင်းဖြင့် ရှိုက်ဖွာလိုက်သည်။
ဆေးလိပ်ငွေ့တို့သည် သူ့နှုတ်ခမ်းထက်မှ ဝဲခနဲ ထွက်ပေါ်လာပြီး မှုခင်းမြင်ကွင်း၏ လေထုထဲတွင် ဖြည်းညှင်းစွာ ပျော်ဝင်သွားသည်။
ဆေးလိပ်ငွေ့၏ ခါးသက်သော ရနံ့က သွေးနံ့စိမ်းစိမ်းတို့ကို အနည်းငယ် ဖုံးအုပ်သွားသလိုပင်။ သူသည် ဆေးလိပ်ကို လက်ထဲတွင် ကိုင်လျက် အခန်းတွင်းရှိ အလောင်းများကို တစ်ယောက်ချင်း ပြန်ကြည့်နေသည်။
“ဒါတွေအကုန်လုံးကို ဘာကျင့်ကြံအဆင့်မှမရှိတဲ့ အသက် ၈ နှစ်အရွယ်ကောင်လေး တစ်ယောက်က လုပ်သွားတယ်ဆို အခုထက်ထိမယုံနိုင်သေးဘူး” အရာရှိဟုန်က မျက်လုံးသေကြီးတို့ဖြင့် အေးစက်စက်ပြောလိုက်သည်။
အရာရှိဟုန်ဟာ အနက်ရောင်အရာရှိဝတ်စုံအားဝတ်ဆင်ထားလေပြီး သားနားနေသည်။ သူ၏အရပ်ဟာ ၆ ပေ ၅ လက်မရှိပြီး ကျယ်ပြန့်သောပခုံးတို့နှင့်ကြောင့် အနက်ရောင်အရာရှိဝတ်စုံဟာ သူနှင့်အတော်လေးလိုက်ဖက်လေသည်။
သူဟာ အတော်လေးချောမောပြီး မျက်လုံးသေကြီးနှင့်အတူ မျက်မှန်ခပ်ပါးပါးလေးအားဝတ်ဆင်ထား၏။
အရာရှိဟုန်က ဒေါ်လာ ၂၅ ဘီလီယံတန်ကြေးရှိသောဆေးလိပ်အားအခင်းဖြစ်ရာနေရာသို့ပဲ ပြစ်ချလိုက်ပြီး နင်းလိုက်သည်။
သူထွက်ခွာသွားသောအခါ ဆေးလိပ်ဟာ မျက်လှည့်ပြလိုက်သလိုပျောက်ကွယ်သွားလေ၏။
မှောင်မိုက်သော ကောင်းကင်ယံအောက်တွင် မီးလျှံနီနီတို့သည် ကောင်းကင်ပေါ်သို့ ငရဲမီးကဲ့သို့ထိုးတက်နေသည်။
မကြာသေးမီကပင် လူသတ်မှုများ ဖြစ်ပွားခဲ့သော ပြည်သူ့ဆုတောင်းအဖွဲ့အစည်း၏ အခြေစိုက်စခန်းတစ်ခုလုံးသည် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားချေပြီ။
လေနှင့်အတူ လွင့်မျောလာသော မီးခိုးနံ့တို့သည် အနီးဝန်းကျင်ရှိ လမ်းမများပေါ်သို့ လွှမ်းခြုံနေသည်။ အရေးပေါ် မီးသတ်ကားများ၏ ဥဩသံများက ညဉ့်ငှက်တို့၏ အော်မြည်သံကိုပင် လွှမ်းမိုးကာ မြို့၏တိတ်ဆိတ်မှုကို ဖြိုခွဲနေလျက်ရှိသည်။
မီးသတ်သမားများသည် အသက်ရှူမျက်နှာဖုံးများ၊ မီးဒဏ်ခံဝတ်စုံများနှင့်အတူ အသက်ကိုပဓာနမထားဘဲ မီးလျှံများထဲသို့ ရဲဝံ့စွာ တိုးဝင်နေကြသည်။
ရေပိုက်ကြီးများမှ ရေအားပြင်းပြင်းတို့သည် မီးလျှံများကို ပက်ဖြန်းလျက်ရှိသော်လည်း မီးသည် အလွန်အမင်း ပြင်းထန်လွန်းနေသည်။
အဆောက်အအုံတစ်ခုလုံးမှာ မီးစွဲလောင်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ အိမ်ခေါင်မိုးများ ပြိုကျလျက်၊ နံရံများ ပြဲအက်လျက်ရှိသည်။
သစ်သားနှင့် ပလတ်စတစ်များ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော အနံ့ဆိုးများက လေထုထဲတွင် လှိုင်လှိုင်သင်းနေပြီး အသက်ရှူကြပ်စေသည်။
ရဲတပ်ဖွဲ့ဝင်အချို့လည်း နေရာသို့ ရောက်ရှိနေပြီဖြစ်ကာ မီးသတ်သမားများအား လုံခြုံရေးအရ ကူညီပံ့ပိုးပေးနေကြသည်။
မီးလျှံများကြားမှ တဖျပ်ဖျပ် လင်းလက်နေသော မီးရောင်တို့သည် မှုခင်းကျူးလွန်သူ၏ ရက်စက်မှုကို ထင်ဟပ်နေသကဲ့သို့ဖြစ်သည်။
ဤမီးသည် သဲလွန်စများကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် မီးရှို့ခြင်းဖြစ်ကြောင်း အထူးပြောနေစရာမလို။
အရာရှိဟုန်သည် မှုခင်းဖြစ်ပွားရာအိမ်ဝန်း၏ မျက်နှာချင်းဆိုင် လမ်းဘေးတစ်နေရာတွင် ရပ်နေသည်။ သူ့လက်ထဲတွင် မီးခိုးငွေ့တို့ဖြင့် ရစ်ပတ်နေသော လန်ဒန်ဒရာဂိုဆေးလိပ်တိုတစ်လိပ် ရှိနေဆဲပင်။
သူ၏မျက်လုံးသေများသည် မီးလျှံများကို စူးစိုက်ကြည့်နေပြီး မျက်နှာမှာမူ အသက်မဲ့နေဆဲပင်။
ထူးဆန်းသည်မှာ အစောကတွင်ပင် အရာရှိဟုန်သည်မြို့၏အခြားဖက်ခြမ်းတွင်ရှိနေဆဲဖြစ်သည်။ သို့သော်ယခုအခါတွင်တော့ အရာရှိဟုန်က တယ်လီပို့လုပ်လိုက်သလိုမျိုး ၇ မိုင်အကွာရှိ မှုခင်းဖြစ်ရာသို့ရောက်ရှိလာ၏။
အရာရှိဟုန်က ဆေးလိပ်အားခပ်ပြင်းပြင်းရှိက်လိုက်ပြီး မှုတ်ထုတ်လိုက်သည်။ ပြီးနောက်တွင် မျက်လုံးသေကြီးတို့ဖြင့် ခံစားချက်မဲ့စွာပြောလိုက်သည်။
“ရေဗန်၊ ငါဒီနားတစ်ဝှိုက်မှာရှိတဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေအကုန်လိုချင်တယ်” အရာရှိဟုန်အနားတွင် ဘယ်သူမှမရှိသော်လည်း ပြန်ဖြေသည့် အသံတစ်သံကထွက်ပေါ်လာလေ၏။
“အဆင့် ၉ စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံး” အေးစက်စက်ဖြင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်၏ အသံက လူမပေါ်ပဲ ထွက်ပေါ်လာ၏။
အရာရှိဟုန်က ဆေးလိပ်အားမြေပြင်ပေါ်သို့ပြစ်လိုက်ပြီး နင်းလိုက်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
“သဘောတူတယ်”
ရွမ်ဟွမ်မြို့၏ အမှတ် ၁၈ ရဲစခန်းဟာ ထုံးစံအတိုင်းအလုပ်ရှုပ်နေကြသည်။ ရွမ်ဟွမ်မြို့ဟာ အတော်လေးကြီးမားပြီး ရက်ကွပ် ၄၃ ခုရှိသည်။ လူဦးရေဟာလည်း ၆၉ သန်းရှိကာ လူဦးရေထူထပ်သည်ဟုပြောနိုင်သည်။
ထို့အတွက်ကြောင့် ရက်ကွပ်တိုင်းတွင် ရဲစခန်းတစ်ခုရှိလေသည်။ မနက်ပိုင်း နှင့် နေ့လယ်ပိုင်းတွင် ရာဇဝတ်သားများနည်းပါးလေ၏။
အကြောင်းအရင်းမှာတော့ အားလုံးဟာ အလုပ်သို့ရောက်နေကြသလို၊ ကလေးများကလည်းကျောင်းသို့သွားနေကြလေသည်။
ညနေခင်း အလုပ်ဆင်းချိန်သို့ရောက်လာသောအခါ လူများဟာ အပျော်ရှာကြရင်း အပျက်ဖြစ်ကုန်ကာ ပြဿနာဖြစ်ကုန်ကြသည်။
ရာဇဝတ်မှုများဟာ သိပ်ပြီးကြီးကြီးမားမားမဟုတ်ပဲ အရက်မူး၍ရန်ဖြစ်ခြင်း၊ ရထားပေါ်တွင်ဖင်နှိုက်ခြင်း၊ တွေ့ကရာနေရာ သေးပေါက်ခြင်း၊ စသည့်ရာဇဝတ်မှုအသေးစားလေးသာဖြစ်သည်။
ပုံမှန်အားဖြင့်တော့ ဒါဏ်ငွေသာရိုက်ပြီးအိမ်ပြန်လွတ်ကြရသည်။ ရှိသမျှလူအကုန်လုံးကိုသာ ဖမ်းစီးမည်ဆိုပါက သူတို့၏အချုပ်ခန်းအား ၁၀ ဆထပ်မံ၍ တိုးချဲ့လျှင်တောင် လုံလောက်မည်မဟုတ်ချေ။
လက်ရှိအချိန်တွင်တော့ အနည်းငယ်ကြီးမားသော ရာဇဝတ်မှုများအား ကျူးလွန်သည့်ရာဇဝတ်သားများအား ရဲအရာရှိများက နောက်ခံစစ်ဆေးကာ မေးမြန်းနေကြသည်။
သူတို့တွေ၏အမှုဟာတော့ တစ်ဖက်သားအား ပြင်းပြင်းထန်ထန်ဒါဏ်ရာရရှိအောင်တိုက်ခိုက်ခြင်း၊ အိမ်ဖောက်ခြင်း၊ ဓားပြတိုက်ခြင်း ထိုမျှသာဖြစ်သည်။
ထိုသူများထဲမှ တစ်ယောက်ဟာတော့ ငြိမ်ငြိမ်မနေပဲ အော်ဟစ်နေလေသည်။
“ဟာကွာ တကယ်ပါပဲ ကျုပ်က ဘာလို့လိမ်ရမာလဲ တကယ်ပြောနေတာပါဆို”
“နှစ်စဥ် နှစ်စဥ် အဲလူတွေက လူ ၁၀၀၀ လောက်ကိုပြန်ပေးဆွဲပြီးတော့ ဂိမ်းအတင်းအကြပ်ကစားခိုင်းတာပါဆိုနေမှ”
“မင်းရှုံးရင် သတ်ပြစ်တာကွ”
ထိုဦးလေးကြီးဟာ အသက် ၄၀ ခန့်ရှိမည်ဖြစ်ပြီး ခန့်ညားသောမျက်နှာပေါက်ရှိလေ၏။ ရဲအရာရှိများကလည်း ခေါင်းကိုက်နေကြသည်။
ရဲစခန်း၏အတွင်းဘက်အနည်းငယ်သို့ ဆက်သွားလိုက်လျှင်တော့ အချုပ်ခန်း ၄ ခန်းလောက်ကိုတွေ့ရမည်ဖြစ်လေသည်။
အချုပ် ၃ ခန်းတွင်လူများပြည့်နှက်နေပြီး တစ်ခန်းထဲတွင်တော့ ချောင်ချိစွာဖြင့် ကောင်လေးတစ်ယောက်ထဲသာရှိသည်။
ကောင်လေးဟာ အသက် ၁၀ လောက်ဖြစ်မည့်ပုံရကာ ငယ်ရွယ်လွန်းလေသည်။ သို့သော် သူ၏မျက်ဝန်းတို့ကတော့ သားရဲရိုင်းတစ်ကောင်ကဲ့သို့အေးစက်နေသည်။ သူ၏ဆံပင်အရောင်ဟာလည်း နှင်းကဲ့သို့ဖြူစွတ်နေကာ မျက်စိဖမ်းစားစရာဖြစ်လေသည်။
မျက်စိအဖမ်းစားအဆုံးအချက်မှာတော့ ထိုကောင်လေးအား ကြိုးတွေဖြင့်တင်းကျပ်စွာတုတ်ထားခြင်းဖြစ်ကာ ဖက်ထုပ်တစ်ခုကဲ့သို့ဖြစ်နေသည်။
ရာဇဝတ်သားများကလည်း ထိုကလေးအားကြည့်၍ ပြောနေကြသည်။ “သောက်ကျိုးနည်း ကလေးတစ်ယောက်ကို ဒီလိုချည်နှောင်ထားတယ်ဆိုတာ ညင်းပန်းနှိပ်ဆက်မှုပဲကွ”
အရိုးပေါ်အရေတင်ဖြစ်သော်လည်း တစ်ကိုယ်လုံးတတ်တူးတွေဖြင့် ကတုံးတစ်ယောက်က အော်ဟစ်လိုက်သည်။
“ရဲအရာရှိဝေ ဒီကလေးဘာလုပ်ခဲ့လို့ ဒီလိုကြီးချည်ထားရတာတုန်း” နောက်ထပ်တတ်တူးအပြည့်ဖြင့် ဂိုဏ်းဝင်တစ်ယောက်ကလည်း အော်ဟစ်လိုက်သည်။
သူတို့ဟာ ဤအတိုင်းသာမန်မြေအောက်ဂိုဏ်းတစ်ဂိုဏ်းကဖြစ်ကာ တရားမဝင်လောင်းကစားဒိုင်ခံသောကြောင့် အချုပ်ခန်းထဲသို့ရောက်လာခြင်းဖြစ်သည်။
ရဲအရာရှိဝေဆိုသည်မှာ မျက်မှန်ထူထူ၊ အပြာရောင်ရဲဝတ်စုံ၊ ခပ်ဝဝဖြင့် အရပ်ပုသောဖက်တီးကောင်လေးတစ်ယောက်ဖြစ်သည်။ သူဟာ အသက် ၂၂ နှစ်ရှိပြီဖြစ်ကာ ရဲသင်တန်းဆင်းထားသည်မှာ မကြာသေးချေ။
ရဲအရာရှိဝေကတော့ ထိုကလေး၏အကျဥ်းခန်းသို့ရောက်လာပြီး ကောင်လေးအား အနည်းငယ်ကြောက်ရွံနေသော မျက်ဝန်းဖြင့်ကြည့်၍ပြောလိုက်သည်။
“ဒီကလေးက အခုမှ အသက် ၈ နှစ်ပဲရှိသေးတယ်ကွ၊ သူရဲ့အိမ်ကို ဓားပြ ၄ ယောက်ဖောက်ထွင်းဝင်ရောက်ပြီးတော့ သူရဲ့မွေးစားအမေ နဲ့ မွေးစားအဖေကိုရက်ရက်စက်စက်သတ်သွားခဲ့တယ်လေ” ရဲအရာရှိဝေက စိတ်မကောင်းဟန်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး ပြောလိုက်သည်။
ဂိုဏ်းသားများကလည်း ကြောင်အသွားကြသည်။ “ဟမ် အဲတာဆိုရင် ဒီကလေးက နစ်နာသူမဟုတ်ဘူးလား ဘယ်လိုလုပ်ပြီးတော့ အခုလိုကြိုးကြီးတုတ်ထားပြီးတော့ ချည်ထားတာလဲ”
ဂိုဏ်သားများက ပြောလာသောအခါ ရဲအရာရှိဝေ၏မျက်လုံးထဲတွင် ကြောက်လန့်မှုများကထွက်ပေါ်လာသည်။
အကယ်၍ ဤကလေးကိုသာ အခုလိုကြိုးမတုတ်ထားပဲ သူတို့ ၂ ယောက်ကြားတွင် သံတိုက်သာမခြားနေလျှင် သူကြောက်လန့်လွန်းပြီး ထွက်ပြေးနေလိမ့်မည်ဖြစ်သည်။
“ဒီကလေးက အဲဒီအိမ်ဖောက်ထွင်းတဲ့ ဓားပြလေးယောက်လုံးကို လက်ဗလာနဲ့ သတ်ခဲ့လို့ပဲ” ရဲအရာရှိဝေက တုန်လှုပ်နေသော လက်ချောင်းတို့အား အိတ်ကပ်ထဲသို့ထည့်လိုက်သည်။
“ဟာ ခင်ဗျားက သောက်အဓိပ္ပါယ်မရှိတာတွေကို လာပြောနေတာပဲ” ချက်ချင်းပဲ အားလုံးက အော်ဟစ်လိုက်ကြသည်။
ဤကဲ့သို့ပိစိကွေးကလေးတစ်ယောက်က အရွယ်ရောက်ဓားပြ ၄ ယောက်လုံးအား မည်ကဲ့သို့လက်ဗလာဖြင့်သတ်ပြစ်နိုင်မည်နည်း။
ရဲအရာရှိဝေက ခေါင်းရမ်းလိုက်ပြီး ထပ်ပြောလိုက်သည်။ “အစကတော့ ငါလည်းမင်းတို့လိုပဲ မယုံဘူး ဒါပေမဲ့ ငါကအခင်းနေရာကိုကိုယ်တိုင်သွားခဲ့သလို စောင့်ကြည့်ကင်မရာမှတ်တမ်းကိုလည်း မြင်ခဲ့တယ်”
“ဒီကလေးက အဲဒီဓားပြတွေရဲ့ ခြေတွေလက်တွေကို လက်ဗလာသက်သက်နဲ့ ရက်ရက်စက်စက် ဆွဲဖြုတ်နေခဲ့တာကွ”
“မင်းတို့စဥ်းစားကြည့်လေ ငါတို့က အရွယ်ရောက် ရဲအရာရှိတွေပဲ၊ မလိုအပ်ပဲနဲ့ ဒီကလေးကို အခုလိုကြီးကြိုးတွေနဲ့ ရက်ရက်စက်စက်တုတ်ထားပါ့မလား”
“ငါတို့လိုသာမန်ရဲအရာရှိတွေက သူ့ကိုမကိုင်တွယ်တာမို့ အထူးရဲဌာနကိုတောင် ဆက်သွယ်ပြီးပြီ နောက် ၁ နာရီရင်ရောက်လာလိမ့်မယ်” ရဲအရာရှိဝေက ခက်ထန်စွာပြောလိုက်သည်။
ဂိုဏ်းသားများဟာလည်း ရဲအရာရှိဝေပြောသည်ကို မယုံကြည်ချင်ကြချေ။ သို့သော် ဤအရာရှိဖက်တီးလေးပြောသွားသည်မှာလည်း အကျိုးအကြောင်းသင့်သလို၊ အချက်အလက်ကျကျနှင့်အဓိပ္ပါယ်ရှိလေ၏။
ချက်ချင်းပဲ ဂိုဏ်းသားများက အတွေးနက်သွားကြလေသည်။ ထိုကလေးနှင့်ဘေးအခန်းထောင့်တွင် အသက် ၆၀ ခန့်အဘွားကြီးတစ်ယောက်ရှိနေသည်။
သူမက သူတောင်းစားတစ်ယောက်ကဲ့သို့အသွင်အပြင်မျိုးရှိကာ အနံဆိုးများထွက်နေသောကြောင့် ဂိုဏ်းသားများပင် သူမနှင့်ခပ်ဝေးဝေးသို့ရှောင်နေကြသည်။
သူမ၏ပုံစံမှာ အလွန်အားနည်းပုံရသော်လည်း အထင်တော့မသေးစေချေ။ သူမ ဤအချုပ်ထဲသို့ရောက်လာသည်မှာ သူမကိုသူတောင်းစားဟူ၍မောင်းထုတ်သော လင်မယား ၂ ယောက်ကို ဆေးရုံရောက်သည်အထိ ပြာနှမ်းနေအောင် ရိုက်နှက်ခဲ့ခြင်းကြောင့်ဖြစ်သည်။
သူမကအိပ်စက်နေသော်လည်း အရာရှိဝေနှင့်ဂိုဏ်းသားများကြားမှာ စကားဝိုင်းကိုကြားသောအခါ နိုးထလာသည်။
သူမက အဝါရောင်မျက်လုံးအိုကြီးတို့ဖြင့် ကောင်လေးအားသေချာကြည့်လိုက်သည်။ ကောင်လေးဟာတော့ ခံစားချက်မဲ့နေသည့် မျက်လုံးတို့ဖြင့်ရှိနေဆဲဖြစ်သည်။
အဘွားကြီးက ကောင်လေးအား သေချာကြည့်လိုက်ပြီးပြောလိုက်သည်။
“ကောင်ကလေး မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ” သူမ၏အိုမင်းကာ အက်ကွဲနေသည့်အသံကထွက်ပေါ်လာသည်။
ကောင်လေး၏မျက်လုံးတို့က အသက်ပြန်ဝင်လာပြီး သူမအားကြည့်လိုက်၏။ ခနတာတိတ်ဆိတ်ပြီးနောက်တွင် အသံခပ်တိုးတိုးဖြင့်ပြောလိုက်သည်။
“ဟောင်ရှောင်လုံ”
အဘွားကြီးက မျက်ခုံးပင့်သွားလေသည်။ “ဟောင်ရှောင်လုံ....”
“ကောင်လေး မင်းကစိတ်ဝင်စားဖို့ကောင်းတာပဲ”
အဘွားကြီးက “ကောင်းပြီလေ၊ ငါ ဥပုသ်သံဝရာကို ပယ်ဖျက်ပြီး မင်းကို ငါ တပည့်အဖြစ် လက်ခံမယ်” ဟု ပြောလိုက်ရင်း ထလာလိုက်သည်။
ထိုစကားဆုံးသည်နှင့် သူမ၏ ကိုယ်ခန္ဓာမှ ထူးဆန်းသောအလင်းရောင်တစ်ခု ဝင်းခနဲ ထွက်ပေါ်လာ၏။ ထိုအလင်းရောင်သည် တဖြည်းဖြည်း တောက်ပလာပြီး သူမ၏ အိုမင်းရုပ်ဆိုးသော အသွင်အပြင်ကို ဖုံးအုပ်သွားသည်။
ဂိုဏ်းသားများနှင့် ရဲအရာရှိဝေတို့သည် မျက်လုံးပင်ကန်းမတတ် တောက်ပလာသည့် အလင်းတန်းကြောင့် အလျင်အမြန်မျက်လုံးပိတ်သွားကြသည်။
အလင်းရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်နှင့်အမျှ သူမ၏ ပုံရိပ်သည်လည်း ပေါ်လွင်လာသည်။ ယခင်ကလို ခါးကုန်းကုန်း၊ အသားအရေတွန့်ကြေနေသည့် အဘွားအိုမဟုတ်တော့ဘဲ၊ မည်သည့် အညစ်အကြေး၊ အနံ့အသက်မှ မရှိတော့ဘဲ နုပျိုလန်းဆန်းသော အသွင်အပြင်ကို မြင်လိုက်ရသည်။
သူမ၏ ဖြူဆွတ်သော ဆံပင်များသည် ပြောင်လက်တောက်ပသည့် နက်မှောင်သော ဆံနွယ်ရှည်များအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ဖွာခနဲ လွင့်မျောနေသည်။
မျက်လုံးအိုကြီးများအစား စူးရှတောက်ပသးကာ လှပသည့်အဝါရောင်မျက်ဝန်းများက အသက်ဝင်လာပြီး သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူမ၏ ကိုယ်ခန္ဓာသည်လည်း အံ့ဩဖွယ်ရာ ပြောင်းလဲလာသည်။ ကောက်ကောက်ကွေးကွေး ခန္ဓာကိုယ်သည် ပျော့ပျောင်းသွယ်လျသော ကိုယ်ဟန်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ အရိုးပေါ်အရေတင်ဖြစ်နေသော လက်မောင်းများနှင့် ခြေထောက်များသည်လည်း နူးညံ့ချောမွေ့ကာ အချိုးအစားပြေပြစ်သော လက်ရုံး၊ ခြေတံများအဖြစ်သို့ ပြောင်းလဲလာသည်။
ရုပ်ရည်အားဖြင့် အသက် ၂၂ အရွယ်ခန့်ရှိသော၊ အလွန်ချောမောပြီး လှပလွန်းသည့် အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေပြီး၊ နှုတ်ခမ်းပါးလေးများက နီရဲတောက်ပနေသည်။ သူမ၏မျက်နှာတွင် သာမန်လူသားများ မပိုင်ဆိုင်နိုင်သော နတ်မိမယ်တစ်ပါး၏ အလှတရားမျိုး ကိန်းအောင်းနေပြီး၊ သူမ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော နူးညံ့သိမ်မွေ့သည့် ရနံ့သည်လည်း အချုပ်ခန်း၏ မကောင်းသော အနံ့အသက်များကိုပင် ဖုံးလွှမ်းသွားသည်။
အချုပ်ခန်းထဲမှ ရာဇဝတ်သားများနှင့် ရဲအရာရှိဝေတို့မှာ မျက်လုံးပြူး၊ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ဤမျှကြီးမားသော အသွင်ပြောင်းလဲမှုကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
သူမ၏ မျက်လုံးများတွင်မူ နက်ရှိုင်းသော ဉာဏ်ပညာနှင့် မရေမရာသည့် စွမ်းအားတို့က ထင်ဟပ်နေသည်။ သူမသည် မြင့်မြတ်သော သီလရှင်တစ်ပါးကဲ့သို့ ခန့်ညားပြီး၊ နတ်ဘုရားမတစ်ပါးကဲ့သို့ လှပကာ၊ သိုင်းပညာရှင်တစ်ပါးကဲ့သို့ အားအင်ပြည့်ဝနေသည့် အသွင်အပြင်ဖြင့် ဟောင်ရှောင်လုံကို ကြည့်နေတော့သည်။
သူမက လှပသောအဖြူနှင့်အနက်ရောထားသော ဝတ်စုံအားဝတ်တင်ထားကာ အလွန်လှပနေသည်။
သူမ၏ မျက်နှာတွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
သူမကဟောင်ရှောင်လုံ၏အကျဥ်းခန်းထဲတွင်ပြန်ပေါ်လာ၏။ ပြီးနောက်တွင်ဟောင်ရှောင်လုံအားကောက်ချီလိုက်ပြီး တည်နေရာအားထိုးခွင်းကာ ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းပဲ ရဲစခန်းထဲရှိလူများအားလုံးသာမက ဟောင်ရှောင်လုံနှင့်သူမအကြောင်းကိုသိသည့် သူများအားလုံးက မှတ်ဉာဏ်များပျောက်ဆုံးသွားကြသည်။
ရွမ်ဟွမ်မြို့၏အစွန်းပိုင်းတွင် လန်ဒန်ဆေးလိပ်တစ်ဖွာဖွာဖြင့် အမှောင်ထုထဲတွင် လမ်းလျောက်နေသော အရာရှိဟုန်က ရပ်တန့်သွားလေ၏။
ပြီးနောက်တွင် အမှတ် ၁၈ ရဲစခန်းသို့လှည့်ကာကြည့်လိုက်သည်။ “ဟမ်..ဧကရီထန်လား။ သူမပျောက်ဆုံးနေတာ နှစ်ပေါင်း ၂၅၀ ရှိနေပြီမဟုတ်လား ဘယ်လိုလုပ်ပြီး ဒီနေရာမှာရောက်နေရတာလဲ”
အရာရှိဟုန်၏ လေသံကစိတ်ဝင်စားနေသည့်ပုံပေါက်သော်လည်း သူဟာမျက်နှာသေကြီးဖြင့်ရှိနေဆဲဖြစ်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၃ + ၂၄ + ၂၅) ပြီး