အခန်း (၂၆+၂၇)
Vol. 3 Ch. 26+27
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၆ + ၂၇)
လက်ရှိအချိန်ဟာ ည ၁၀ နာရီခန့်ရှိနေပြီဖြစ်သည်။ ရှောင်ယွမ်ဟာလည်း သူ၏အိမ်သို့ပြန်ရောက်လာပြီဖြစ်ပြီး ရေချိုးနေလျက်ရှိသည်။
သူပြန်ရောက်နေသည်မှာ ၉ နာရီကတည်းကဖြစ်ကာ အခုထိ ရေချိုးခန်းထဲမှ ပြန်မထွက်ရသေးချေ။ သူ၏အမူအရာဟာလည်း တစ်ခါတစ်လေမျက်နှာသေကြီးဖြင့်ရှိနေသလို၊ တစ်ခါတစ်လေကြတော့လည်း ပြုံးရွင်သွားပြန်၏။
မသိသည့်သူများသာ ရှောင်ယွမ်အားမြင်လျင် စိတ်ပိုင်းဆိုင်ရာနေမကောင်းသောသူ၊ အရူးတစ်ယောက်ဟူ၍ထင်သွားကြပေလိမ့်မည်။
ရေခဲရေနီးပါး အေးစိမ့်နေသော ရေအေးများဟာ ရှောင်ယွမ်၏ကြွက်သားအမြောင်းမြောင်းဖြင့်ခန္ဓာကိုယ်ပေါ်မှ ပင်ပန်းနွမ်းနွယ်မှုများအား ဆေးကြောသွားလေ၏။
ရေချိုးပြီးနောက်တွင် ရှောင်ယွမ်က အတော်လေးလန်းဆန်းသွားပြီဖြစ်သည်။ သူ၏အိမ်ထဲတွင်သာဖြစ်သောကြောင့် ဘောင်းဘီတိုလေးတစ်ထည်သာ ကောက်ဝတ်လိုက်ပြီး အပေါ်ထပ်သို့တတ်သွားလိုက်သည်။
အောက်ထပ်တွင်တော့ သခင်မလေးနင် လုပ်သွားတဲ့အပျက်အစီးတွေရှိနေဆဲဖြစ်လေ၏။ ရှောင်ယွမ်ကတော့ မျက်နှာသေကြီးဖြင့်သာရှိနေဆဲဖြစ်ပြီး အပျက်အစီးများအား ဂရုမစိုက်လေချေ။
အပေါ်ထပ်တွင်တော့ မျက်နှာဖုံးဖြင့်နှင့်အတူ လုပ်ကြံသတ်ဖြတ်သူအဝတ်အစားအပြည့်အစုံဖြင့် လီနာကရှိနေ၏။
သူမဟာ အရပ် ၅ ပေ ၈ လက်မလောက်ရှိပြီး မျက်နှာတစ်ဝက်ကိုသာမြင်ရသော်လည်း ကျောက်စိမ်းလိုကြည်လင်သောအသားအရေဖြင့် ထိပ်တန်းအလှလေးဖြစ်ကြောင်း ကျိန်းသေသည်။
ကျင့်ကြံသူတစ်ယောက်ဖြစ်သလို တိုက်ခိုက်ရေးသမားဖြစ်သောကြောင့် သူမ၏ခန္ဓာကိုယ်ဟာလည်းကြွက်သားကျစ်လစ်ပြီး သဲနာရီပုံစံခန္ဓာကိုယ်လေးဖြစ်သည်။
သူမက ရှောင်ယွမ်အား အရိုအသေပေးလိုက်ပြီး အစီရင်ခံလိုက်သည်။
“သခင်ရဲ့အမိန့်အတိုင်း ညီအမ ၉ နဲ့ ၁၀ က ပြည်တန်ဆာကောင်မလေးရဲ့အိမ်ကိုသွားစစ်ဆေးခဲ့ပါတယ်”
“သူမရဲ့မိသားစုဝင်တွေက သူမပြောသလိုပဲ ၉ နှစ်အရွယ်ညီမလေး နဲ့ ၇ နှစ်အရွယ်ညီမလေးတို့ ၂ ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့အမေကလည်း နာတာရှည်ရောဂါနဲ့အိပ်ယာထဲလှဲနေတာပါ”
“သခင်ရဲ့အမိန့်အတိုင်းပဲ သူမတို့ ၂ ယောက်ကိုဖမ်းခေါ်လာခဲ့ပြီးတော့ အမေအိုကြီးကိုတော့ အဆုံးသတ်ခဲ့ပါတယ်”
လီနာက တစ်ချက်မှမထစ်ပဲ ချောမွေ့စွာဖြင့်အစီရင်ခံလိုက်သည်။
“ကောင်းပြီ တော်တယ်”
ရှောင်ယွမ်ကတော့ သဘတ်အားသေချာခေါက်လိုက်ပြီး အဝတ်ဗွီရိုထဲတွင် သေချာထည့်ကာ သပ်သပ်ရပ်ရပ်ဖြင့် သိမ်းဆည်းလိုက်၏။ ပြီးနောက်တွင် အိပ်ယာပေါ်သို့ထိုင်လိုက်ပြီး လီနာအားသေချာကြည့်လိုက်သည်။
“မျက်နှာဖုံးချွတ်လိုက်” ရှောင်ယွမ်က တည်ငြိမ်စွာဖြင့်အမိန့်ပေးလိုက်သည်။
လီနာသည် ရှောင်ယွမ်၏အမိန့်အတိုင်း တစ်ချက်ကလေးမျှ မတုံ့ဆိုင်းဘဲ သူမ၏မျက်နှာဖုံးအား ဆွဲချွတ်လိုက်လေသည်။
မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားသော လီနာ၏အလှတရားသည် ထင်ထားသည့်အတိုင်း ထင်ရှားစွာ ပေါ်လွင်လာ၏။
သူမ၏မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ မရှိပဲ မျက်နှာသေကြီးဖြစ်သည်။ သူမသာ ပိုကာဖဲကစားလျှင် အောင်မြင်မာသေချာ၏။
သူမ၏ကျောက်စိမ်းကဲ့သို့ ဖြူစင်ကြည်လင်ပြီး ချောမွတ်သော အသားအရေသည်လည်း ပြစ်မျိုးမှဲ့တင်စရာမရှိအောင် လှပနေ၏။
ပြေပြစ်သွယ်လျသော မျက်ခုံးနက်နက်တို့၏အောက်၌ ရှည်လျားကော့ညွှတ်သော မျက်တောင်များနှင့် မှိုင်းမိုက်နက်ရှိုင်းသော ငွေရောင်မျက်ဝန်းတစ်စုံသည် မည်သည့်ခံစားချက်မှ ဖော်ပြခြင်းမရှိသော်လည်း ကြည့်ရှုသူတိုင်းအား ညို့ယူဖမ်းစားနိုင်စွမ်းရှိသည်။
သူမ၏ သွယ်ပြီးဖြောင့်စင်းနေသော နှာတံလေးကလည်း သူမ၏မျက်နှာအား ပို၍ထင်ပေါ်လှပစေသည်။
သူမ၏မျက်နှာပြင်တစ်ခုလုံးတွင် အပြစ်အနာအဆာဟူ၍ တစ်ခုမျှမရှိဘဲ အေးစက်တည်ငြိမ်သော ပုံစံဖြင့်ပင် ထူးထူးခြားခြားပြင်ဆင်ထားခြင်းမရှိပဲ ဤမျှပြီးပြည့်စုံသော အလှကို ပိုင်ဆိုင်ထားလေသည်။
သူမ၏လှပလွန်းသော မျက်နှာအားအမှတ်ပေးရလျှင် ထိပ်တန်းအလှကလေးဖြစ်ပြီး အမှတ် ၁၀၀ တွင် ၈၂ မှတ်လောက်ရပေမည်။
လီနာသည် မျက်နှာဖုံးကိုချွတ်ပြီးနောက် ရှောင်ယွမ်၏မျက်လုံးချင်းဆုံအောင် စိုက်ကြည့်ရင်း မည်သည့်စကားမျှမဆိုဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။
ရှောင်ယွမ်ကလည်း ဘောင်းဘီအားချွတ်လိုက်ရင်း သူ၏အရေပြားမျက်နှာဖုံးအား ခွာလိုက်၏။
အရေပြားကို ခွာလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ အရိုးများက ကျွီကျွီ၊ ကျွတ်ကျွတ်ဟူသော အသံများဖြင့် ပြောင်းလဲလာသည်။ သူ့အရပ်ဟာလည်း ၅ ပေ ၁၀ လက်မမှ ၆ ပေ ၇ လက်မအထိ သိသိသာသာ ရှည်လျားသွားလေပြီး၊ သူ၏ရုပ်ရည်သွင်ပြင်ဟာလည်း လုံးဝပြောင်းလဲသွားလေသည်။
သူ၏ဆံပင်ဟာလည်း သိသိသာသာရှည်ထွက်လာလေပြီး အနက်ရောင်ဆံပင်ရှည်တို့ဟာ သူ၏ကျောပြင်ပေါ်သို့ဖြာကျလာသည်။ ဤမျက်နှာဖုံးဟာ မြေကမ္ဘာအဆင့်အသွင်ပြောင်းရတနာဖြစ်သည်နှင့်အညီ အစွမ်းထက်လွန်းလှသည်။
“ဟူးး အခုမှပဲ သက်တောင့်သက်တာရှိတော့တယ်” ထျန်ရှင်းလုကညီးတွားလိုက်သည်။ ထိုမျက်နှာဖုံးအားဝတ်ရသည်မှာ လူပြည့်နေသောရထားပေါ်တွင် အတင်းကြုံ့ကာရပ်နေရသလိုမျိုးဖြစ်ပြီး မွန်းကြပ်လှ၏။
ထျန်ရှင်းလုက ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင့်အားထုတ်ဖော်လိုက်လေပြီး လီနာအားပြောလိုက်သည်။
“အဝတ်ချွတ်ပြီး ဒီနားကိုလာခဲ့”
လီနာကထပ်မံ၍ တုန့်ဆိုင်းချင်းမရှိပဲ အဝတ်များကိုချွတ်လိုက်၏။ သူမ၏ခန္ဓာကိုယ်မှာ ပြီးပြည့်စုံသလောက်နီးပါးရှိလေသည်။
မျက်နှာဟာ ၈၂ မှတ်ဆိုလျှင် ထိုခန္ဓာကိုယ်ကတော့ ၉၅ မှတ်ရပေလိမ့်မည်။
အဝတ်ဗလာဖြစ်သွားသောအခါ သူမက ထျန်ရှင်းလု၏အမိန့်အတိုင်း သခင်ထံသို့ဆွဲဆောင်မှုရှိစွာဖြင့် လမ်းလျောက်လာသည်။
၁၂ နာရီထိုးခါနီးသို့ ရောက်သောအခါ ထျန်ရှင်းလုက အားဖြည့်အချိုရည်အား ဇိမ်ခံ၍သောက်နေရင်း မွေ့ယာ၏အစွန်းတွင်ကုန်းကုန်းကြီးထိုင်နေကာ နာရီအားမျက်စိထောင့်ထောက်ကြည့်နေသည်။
လီနာဟာတော့ ထျန်ရှင်းလုခိုင်းထားသည့် အရာများရှိသောကြောင့် ထွက်ခွာသွားပြီဖြစ်လေ၏။ အိပ်ယာခင်းပေါ်တွင်တော့ စိုစွတ်နေသည့်သံသယဝင်စရာအကွက်လေးအများကြီးရှိပြီး မည်သည့်အရာတွေဖြစ်မှန်းကိုတော့ စာရေးဆရာလည်း သေချာမသိချေ။
၁၂ နာရီထိုးသွားသောအခါ ပုံမှန်အတိုင်းပဲ လောကကြီးတစ်ခုလုံး၏အချိန်ဟာရပ်တန့်သွားလေပြီး ထျန်ရှင်းလု၏ဝိညာဉ်ဟာလည်း အဖြူရောင်ကမ္ဘာကြီးထံသို့ရောက်ရှိလာလေသည်။
ပြီးနောက်တွင် ဂေါ်လီလုံးအရွယ် အလင်းလုံးလေး ၅ လုံးပေါ်လာပြီး ၇ လက်မလောက်သာရှိမည့် အတောင်ပံပါနတ်သမီးအဖြစ်သို့အသွင်ပြောင်းသွား၏။
ပြီနောက်တွင် ကောင်းကင်အထက်တွင်လည်း ရောင်စုံအလင်းတွေထုတ်လွှင့်နေသော ဘောလုံးလေးတစ်လုံး ထွက်ပေါ်လာပြန်ကာ အဖြူရောင်ကမ္ဘာကြီးတစ်ခုလုံးကို ရောင်စုံကမ္ဘာကြီးအဖြစ်သို့အသွင်ပြောင်းလိုက်သည်။
တစ်ချိန်တည်းမှာပဲ မြူးကြွသည့် သီချင်းသံလေးတစ်ခုထွက်ပေါ်လာသည်။ အတောင်ပံပါနတ်သမီး ၅ ယောက်ဟာလဲ သူမတို့၏ဂါဝန်များအားဖြဲလိုက်ပြီး စကပ်အသွင်ပြောင်းလိုက်သည်။
ပြီနောက်တွင် ကေပေါ့အိုင်ဒေါများကဲ့သို့ စတင်၍ကခုန်လေတော့သည်။
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”
သီချင်းသံနှင့်အတောင်ပံပါနတ်သမီးလေးများ၏ လှပစွာကခုန်ခြင်းဟာ အလွန်လှပလေပြီး အကြိမ်ပေါင်းများစွာကြားပြီးသားဖြစ်သည့် ထျန်ရှင်းလုပင် အငြိမ်မနေနိုင်တော့ပဲ လိုက်ကနေမိသည်။
သူဟာအဝတ်ဗလာနှင့်ဖြစ်သည်မို့ သူတစ်ကြိမ်လှုပ်ခါလိုက်တိုင်း အောက်မှ နဂါးကြီးကလည်း တစ်ခါလိုက်ပါ၍ဟိန်းဟောက်နေသည်။
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”
“ဒီကနေ့ရဲ့ အထူးကဒ်လေးကတော့ ဇာတ်ကောင်ကဒ်ပဲဖြစ်ပါတယ်ရှင်” (စာရေးဆရာ၏မှတ်ချက် - ဂါချာကဒ်ကို အထူးကဒ်လို့ပြောင်းသုံးပါမယ်။ သီချင်းဆိုတဲ့နေရာတော့ ဂါချာကဒ်ပဲဆက်သုံးပါမယ်။]
တောင်ပံပါ နတ်သမီး ၅ ယောက်စလုံးက ချစ်စရာကောင်းစွာ အသံပြိုင်ပြောလိုက်ပြီး နှုတ်ခမ်းဆူလိုက်ကြသည်။ ပြီးနောက်တွင် သူတို့ ၅ ယောက်လုံးဟာ အလင်းမှုန်တွေဖြစ်သွားကြပြီး အတော်လေးကြီးသော ဖုန်းတစ်လုံးစာ အရွယ်အစားရှိသည့် ဂါချာကဒ် ၅ ကဒ်အသွင်ပြောင်းသွားသည်။
ကဒ် ၅ ကဒ်လုံးဟာ ကြေးရောင်ကဒ်များဖြစ်ကြကာ ကြယ် ၁ လုံး၊ ၂ လုံးသာရှိကြသည်။ သို့သော်ဤကနေ့အတွက်ကဒ်ဟာ ဇာတ်ကောင်ကဒ်ဖြစ်လေပြီး အရင်တုန်းကမရဖူးသည့် ကဒ်ဖြစ်သည့်အတွက် ထျန်ရှင်းလုက စိတ်လှုပ်ရှားသွားမိသည်။
ထျန်ရှင်းလုက အလျင်အမြန်ပဲ အနားသို့ကဒ်လာကာ ဖတ်ကြည့်လိုက်သည်။
[ကြေးအဆင့် ဇာတ်ကောင်အထူးကဒ်]
[ရုပ်ပုံ - သာမန်အနက်ရောင်ခွေးကလေးတစ်ကောင်။]
[အမည် - အောင်နက်]
[ဇာတ်ကောင်အမျိုးအစား - သာမန်ခွေး]
[ကျွမ်းကျင်မှု - အသံနက်ကြီးဖြင့် ဟောင်တတ်သည်။]
[နောက်ခံအချက်အလက် - အောင်နက်ဟာ စော်ပွေသော ခွေးထီးဖြစ်ပြီး အသက် ၄ နှစ်သာရှိသေးသော်လည်း ကာလသားရောဂါရှိသည်။]
[အနာဂါတ်အလားအလာ - မရှိ]
[မှတ်ချက် - ဝယ်ယူပြီးလျှင် စွတ်ပြုတ်လုပ်စားဖို့ထောက်ခံသည်။]
[အဆင့် - ကြေး 🌟]
[ကျသင့်တန်ဖိုး - အသက်စွမ်းအင် ၂ လ]
ထျန်ရှင်းလုက အနက်ရောင်ခွေးရုပ်ပုံဖြင့် အထူးကဒ်အားကြည့်ကာ သူ၏နှုတ်ခမ်းထောင့်တို့က တစ်ဆက်ဆက်ဖြင့် တုန်ယင်နေလေ၏။
ဤကဲ့သို့သောက်ကျိုးနည်း အသုံးမဝင်သော ကာလသားရောဂါဖြင့် ခွေး၏တန်ဖိုးကပင်လျှင် အသက်စွမ်းအင် ၂ လပေးရသည်လော။ ထျန်ရှင်းလု၏ မျက်နှာကြီးက မဲမှောင်သွားလေ၏။
သူနောက်ထပ် ကြယ် ၁ လုံးကဒ် ၃ ကဒ်အားဖတ်ပင်မဖတ်တော့ပဲ လျစ်လျှူရှုလိုက်ကာ ကြေးအဆင့် ကြယ် ၂ လုံးကဒ်ကိုပဲ တိုက်ရိုက်ကြည့်လိုက်သည်။
[ကြေးအဆင့် ဇာတ်ကောင်အထူးကဒ်]
[ရုပ်ပုံ - သာမန်ဟင်းချက်ဝတ်စုံဖြင့် အသက် ၂၀ အရွယ်တရုတ်အမျိုးသမီး]
[အမည် - xxxxx]
[ဇာတ်ကောင်အမျိုးအစား - အထောက်အပံ]
[စွမ်းရည် - ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ပင် အရသာရှိသော ဟင်းခွက်တစ်ခွက်ကိုချက်ပြုတ်နိုင်သည်။]
[နောက်ခံအချက်အလက် - သူမဟာ အသက် ၆ နှစ်အရွယ်ကတည်းက စတင်၍လက်ရာကောင်းသော အိမ်ထောင်ရှင်အမေဖြစ်သူထံမှ ဟင်းချက်နည်းစနစ်အားသင်ယူခဲ့ကာ ယခုလက်ရှိတွင် အသက် ၂၃ နှစ်ရှိပြီဖြစ်သည်။]
[အနာဂါတ်အလားအလာ - မရှိ]
[မှတ်ချက် - လက်ရာကောင်းသော အိမ်ရှင်မတစ်ယောက်ဖြစ်သည်။]
[အဆင့် - ကြေး 🌟🌟]
[ကျသင့်တန်ဖိုး - အသက်စွမ်းအင် ၁ နှစ်]
ဤကြေးအဆင့် ကြယ် ၂ လုံးအထူးကဒ်မှာတော့ အောင်နက်နှင့်ယှဥ်လျှင် အများကြီးပိုမိုကောင်းမွန်လေ၏။ သို့သော်ထျန်ရှင်းလုအတွက်တော့ အသုံးမဝင်ချေ။
“ဇာတ်ကောင်ကဒ်တွေက အခြားကဒ်အမျိုးအစားတွေထက် စျေးပိုကြီးတာပဲ။ ကြေးအဆင့်ကြယ် ၂ လုံးကိုတောင် အသက်စွမ်းအင် ၁ နှစ်ကျသင့်တယ်”
လက်ရှိအချိန်တွင် သူတွင် သက်တမ်းပေါင်း ၁၀ နှစ်ရှိနေပြီဖြစ်သည်။ ညနက်ကြီးဖြစ်သည်မို့ ပြည်သူ့ဆုတောင်းအဖွဲ့အစည်းအကြောင်းက တစ်မြို့လုံးအားမပျံနှံသေးချေ။
သို့သော် ထျန်ရှင်းလုဟာ ထိုရာဇဝတ်မှုမှ အသက်စွမ်းအင် ၉ နှစ်နီးပါးအား ရရှိနေပြီဖြစ်သည်။
ထျန်ရှင်လုက အချိန်အတော်ကြာသည်အထိ စဥ်းစားလိုက်ပြီးနောက် နတ်သမီးငယ်လေးအား လှမ်းခေါ်လိုက်သည်။
“အသေးလေး ထွက်လာခဲ့”
“အိုးဟိုး သေမျိုးကများ ရာရာစစ ရိုင်းစိုင်းလှချည်လား” ရုတ်တရက် အလင်းလုံးလေး တစ်လုံးထွက်လာကာ ၇ လက်မအရွယ်နတ်သမီးလေး အဖြစ်သို့အသွင်ပြောင်းလဲသွားသည်။
သူမက ထွက်လာလာချင်း တစ်စုံတစ်ခုအားပြောဖို့ အသင့်ပြင်လိုက်သော်လည်းပဲ ရပ်တန့်သွားကာ ထျန်ရှင်းလုအား ဇဝေဇဝါဖြင့်စိုက်ကြည့်နေလေ၏။
ထျန်ရှင်းလုကတော့ သူမ၏စူးရှသော မျက်လုံးအသေးလေးတို့ကို လျစ်လျှူရှုထားလေပြီး သူမေးချင်သည့်အရာကိုသာ မေးမြန်းလိုက်သည်။
“အသေးလေး ငါနဲ့အပေးအယူတစ်ခုလုပ်မလား”
နတ်သမီးလေးက လက်အားခါရမ်းလိုက်ပြီး နားမလည်နိုင်စွာဖြင့်ပြောလိုက်သည်။ “နေပါဦး နင်ဘယ်သူလဲ။ ဟိုရုပ်ဆိုးဆိုးနဲ့ တစ်ယောက်ကော ဘယ်ရောက်သွားတာလဲ။ ပြီးတော့ နင်က ဘာလို့ကိုယ်လုံးတီးကြီးဖြစ်နေတာလဲ။”
သူမက မေးခွန်း ၃ ခုအားဆက်တိုက်မေးမြန်းလိုက်သည်။ ထျန်ရှင်းလု၏ နဂါးအား မတော်တဆကြည့်မိသွားသောအခါ သူမ၏မျက်နှာသေးသေးလေးက ရှုပ်မဲ့သွားသည်။
“ဘာပဲဖြစ်ဖြစ် မင်းအပူမပါဘူး။ ငါနဲ့အပေးအယူလုပ်မလား။” ထျန်ရှင်းလုကတော့ သူမအားရှင်းပြချင်စိတ်မရှိချေ။
“အေးပါ ဟုတ်ပါပြီ။ ပြော နင်ဘာလိုချင်လဲ။” နတ်သမီးလေးကစိတ်ဆိုးမာန်ဆိုးဖြင့် ခါးထောက်ကာပြောလိုက်၏။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏တာဝန်မှာ စနစ်ရှင်၏ သက်တမ်းများကိုစုပ်ယူရန်သာဖြစ်သည်။
စနစ်ရှင်က မည်သူပဲဖြစ်နေပါစေ သူမ၏အပူမပါချေ။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၆ + ၂၇) ပြီး