← Chapters

အခန်း (၂၈+၂၉)

Vol. 3 Ch. 28+29

အခန်း (၂၈+၂၉)

Vol. 3 Ch. 28+29

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၈ + ၂၉)

“ငါ့ကိုသက်တမ်း ၁၀,၀၀၀ ချေးပေး၊ တစ်လအတွင်း ၂၀,၀၀၀ ပြန်ပေးမယ်” ထျန်ရှင်းလုက ရိုးသားသောအပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

နတ်သမီးငယ်လေးက မျက်နှာကြုတ်သွားကာ စတင်၍ စဉ်းစားလိုက်သည်။ သူမ၏တာဝန်မှာ စနစ်ရှင်၏သက်တမ်းကို ခြောက်ကပ်သည်အထိ စုပ်ယူပြီး နောက်ထပ်စနစ်ရှင်တစ်ယောက်ကို ရှာရန်ဖြစ်သည်။

သို့သော် လက်ရှိစနစ်ရှင်၏ ပြဿနာရှာနိုင်စွမ်းဟာ အတော်လေးကောင်းပုံရှိသည်။ တစ်ရက်တည်းနှင့် ၁၀ နှစ်မျှ သက်တမ်းကို ရှာလာပြလေသည်။

ဤအတိုင်းသာ ဆက်သွားလျှင် လက်ရှိစနစ်ရှင်ဟာ ၁ နှစ်ကနေ ၂ နှစ်ထိ အသက်ရှင်နိုင်မည့် အချိန်အား ဆွဲဆန့်ထားနိုင်လောက်ပေမည်။ စနစ်ရှင်၏ ကမ်းလှမ်းချက်ကိုသာ လက်ခံလိုက်လျှင်တော့ တစ်လအတွင်း လိုအပ်သည့် သက်တမ်းကို ပေးနိုင်မည်မဟုတ်ဘဲ သူ့ဘာသာသူ သေသွားလိမ့်ပေမည်။

သို့သော် သက်တမ်း ၁၀,၀၀၀ ဖြင့် ဝယ်ယူလို့ရသည့် ကဒ်များဟာ အစွမ်းထက်လွန်းလှသည်။ ထို့အတွက်ကြောင့် စနစ်ရှင်၏ ပြဿနာရှာနိုင်စွမ်းနှင့် တွက်ချက်ကြည့်လျှင် ပြန်ပေးရမည့် သက်တမ်း ၂၀,၀ဝဝ က နိမ့်လွန်းနေသည်။

နတ်သမီးငယ်လေးက သေချာစဉ်းစားလိုက်ပြီးနောက် လက် ၁၀ ချောင်းထောင်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ ငါ နင့်ကို သက်တမ်း ၁၀,၀၀၀ ချေးပေးလို့ရတယ်။ ဒါပေမဲ့ ရက် ၃၀ အတွင်း ငါ့ကို အရင်းနှင့် အတိုးအပါအဝင် စုစုပေါင်းသက်တမ်း ၁၀၀,၀၀၀ ပြန်ပေးရမယ်”

သူမဟာ စနစ်ရှင်အသစ်ရှာရန်အတွက် ၃ နှစ်လောက် မစောင့်ဆိုင်းလိုချေ။ ထို့အတွက်ကြောင့် ၁ လအတွင်း ကိစ္စပြတ်သွားရန် အလောင်းအစား ပြုလုပ်လိုက်သည်။

ထျန်ရှင်းလုက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။ “သဘောတူတယ်”

“ဟမ်...” နတ်သမီးငယ်လေးကတော့ စျေးမညှိဘဲ သဘောတူလိုက်သည့် ထျန်ရှင်းလုအား ကြည့်ကာ ဇဝေဇဝါဖြစ်သွားသည်။

သူမ၏စိတ်ထဲတွင် အနိမ့်ဆုံးစျေးအနေဖြင့် သက်တမ်း ၈၀,၀ဝဝ အထိ စျေးညှိရန် စီစဉ်ပြီးသားဖြစ်လေ၏။ သူမ လှည့်စားခံလိုက်ရပြီလော။ နတ်သမီးငယ်လေးက အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

“ကောင်းပြီ အဲဒါဆို ငါ နောက်ထပ် အသစ် ဇာတ်ကောင်အထူးကဒ်ကိုပဲ ပြန်ရွေးလို့ရမလား။ ဒီကဒ်တွေ မလိုချင်ဘူး” ထျန်ရှင်းလုက လက်ပိုက်ရင်း ပြောလိုက်သည်။

နတ်သမီးငယ်လေးက ဆရာကြီးတစ်ယောက်လို ခပ်စွာစွာ ပြုံးလိုက်သည်။ “ဟင်းဟင်းဟင်း အလကားတော့ မရဘူးလေနော်။ ပြန်စချင်ရင် သက်တမ်းနှစ် ၁၀၀ ပေးရမယ်”

ထျန်ရှင်းလုက မျက်မှောင်ကြုတ်သွားပြီး တိတ်ဆိတ်သွားလေ၏။ ပြီးနောက် ဆက်မေးလိုက်သည်။

“အထူးကဒ်အမျိုးအစားပေါင်းက ဘယ်နှမျိုးတောင် ရှိတာလဲ”

နတ်သမီးငယ်လေးက တစ်ချက်လောက် စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။ “စုစုပေါင်း အမျိုးအစား ၁၀၇ မျိုးရှိတယ်”

ထျန်ရှင်းလုက တွက်ချက်ကြည့်လိုက်၏။ “အဲဒါဆိုရင် နောက်ထပ် ဇာတ်ကောင်ကဒ် ကျလာဖို့ အခွင့်အရေးက ၁၀၇ ပုံမှ တစ်ပုံပဲ ရှိတာပေါ့”

နတ်သမီးငယ်လေးက ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး ရုပ်ပိုင်းဆိုင်ရာကဒ်၊ ပစ္စည်းကဒ်၊ စွမ်းရည်ကဒ်တို့တွေ ကျဖို့က ရာခိုင်နှုန်းပိုများတယ်”

“ဇာတ်ကောင်ကဒ်က အရမ်းမရှားပေမဲ့ ရှားတဲ့အထဲမှာတော့ ပါတယ်လေ။ သင်္ချာနည်းအရ ဖြစ်တန်ခြေကို အတိအကျတွက်လိုက်မယ်ဆိုရင် အပုံ ၉၀ဝဝ ပုံမှ ၁ ပုံပဲရှိတယ်”

ထျန်ရှင်းလုက ခဏတာလောက် သေချာတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၍ သဘောတူလိုက်သည်။

“ကောင်းပြီ သက်တမ်းနှစ် ၁၀၀ ပေးမယ် ပြန်စလိုက်ပါ”

နတ်သမီးငယ်လေးက ငွေညှစ်ခြင်း အောင်မြင်သွားသောအခါ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

“အိုခေပါ”

ပြီးနောက်တွင် လက်ခုပ် ၂ ချက်တီးလိုက်၏။ သူမ၏လက်ဟာ သေးသေးလေးမို့ အသံကတော့ အတော်လေးတိုးလေသည်။

ချက်ချင်းပဲ ကြေးရောင်ကဒ် ၅ ကဒ်ဟာ ပျောက်ကွယ်သွားလေပြီး သူမကလည်း ပျောက်ကွယ်သွားသည်။ ပြီးနောက်တွင် ရောင်စုံဘောလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး အလင်းလုံးလေး ၅ လုံးကလည်း ထွက်ပေါ်လာသည်။

ထျန်ရှင်းလု မျက်မှောင်ကြုတ်သွားကာ အော်ပြောလိုက်သည်။

“နေဦး ခဏလေး အသေးလေး ထွက်ခဲ့ဦး”

နတ်သမီးငယ်လေးက ပြန်ထွက်လာပြီး ထျန်ရှင်းလုအား မကြည်သောအကြည့်ဖြင့် ပြောလိုက်သည်။

“ဘာလဲ”

“တစ်ခါကပြီးပြီလေ ဘာလို့ ထပ်ကနေဦးမှာလဲ ဒီအတိုင်း ကဒ်အဖြစ် ပြောင်းလိုက်တော့လေဟ” ထျန်ရှင်းလုက စောဒက တတ်လိုက်သည်။

“ဟဲဟဲ” နတ်သမီးငယ်လေး၏ မျက်လုံးများက ကျဉ်းမြောင်းသွားလေပြီး လက်ညိုးနှင့် လက်မအား ပွတ်သပ်ကာ ပြောလိုက်သည်။

“ကတာကို ကျော်မယ်ဆိုရင် သက်တမ်း ၁၀၀ ပေးရမယ်”

ထျန်ရှင်းလုက သူ၏သက်တမ်းအား အငမ်းမရ စုပ်ယူချင်နေသော နတ်သမီးလေးအား ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

“နင်က ခြင်မလား ငါ့ရဲ့သွေးကို အဲလောက်တောင် စုပ်ချင်နေတာ” ထျန်ရှင်းလု သူမအား စိုက်ကြည့်လိုက်သည်။

“အောင်မယ် ဘာပြောလိုက်တယ် နင်ပြန်ပြောလိုက်စမ်း” နတ်သမီးငယ်လေးက ဒေါပွသွားကာ လက်သီးအား ကျစ်ကျစ်ပါအောင် စုပ်လိုက်သည်။

“ဟမ့် ထားလိုက်ပါတော့ ကမယ်ဆို မြန်မြန်က” ထျန်ရှင်းလုက မျက်လုံးလှိမ့်လိုက်၏။

“ဟွန့်” နတ်သမီးငယ်လေးက နှာမှုတ်လိုက်ပြီး ပြန်လည်ပျောက်ကွယ်သွားသည်။

“ဒီကနေ့ရဲ့ အထူးကဒ်လေးကတော့ ဇာတ်ကောင်ကဒ်ပဲ ဖြစ်ပါတယ်ရှင်” တောင်ပံပါ နတ်သမီး ၅ ယောက်စလုံးက ချစ်စရာကောင်းစွာ အသံပြိုင်ပြောလိုက်ပြီး နှုတ်ခမ်းဆူလိုက်ကြသည်။

ပြီးနောက်တွင် သူတို့ ၅ ယောက်လုံးဟာ အလင်းမှုန်တွေ ဖြစ်သွားကြပြီး အတော်လေးကြီးသော ဖုန်းတစ်လုံးစာ အရွယ်အစားရှိသည့် အထူးကဒ် ၅ ကဒ်အသွင်အဖြစ်သို့ ပြောင်းလဲသွားသည်။

၄ ကဒ်ဟာ ငွေရောင်ကဒ်ဖြစ်ပြီး ကြယ်များကလည်း စုံလင်လေသည်။ နောက်ဆုံးတစ်ကဒ်ဟာတော့ ရွှေရောင်ကဒ် ဖြစ်လေပြီး ကြယ်တစ်ပွင့်တည်းသာ ပါဝင်သည်။

ထျန်ရှင်းလုက တုံ့ဆိုင်းခြင်းမရှိ ငွေရောင်ကဒ်တစ်ကဒ်အား ဖတ်ကြည့်လိုက်သည်။

[ငွေအဆင့် ဇာတ်ကောင်အထူးကဒ်]

[ရုပ်ပုံ - ချပ်ဝတ်အပြည့်အစုံဖြင့် ဓားကိုင်ထားသော အနောက်တိုင်းစစ်သည်]

[အမည် - ဓားသူရဲခေါင်းဆောင်]

[ဇာတ်ကောင်အမျိုးအစား - ကျွမ်းကျင်သောတိုက်ခိုက်ရေးသမား၊ အရည်အချင်းရှိသည့် ခေါင်းဆောင်]

[စွမ်းရည် - မရှိ]

[နောက်ခံအချက်အလက် - သာမန်မိသားစုကလာသည့် ကောင်လေးတစ်ယောက်ဖြစ်ကာ အသက် ၁၂ နှစ်အရွယ်တွင် စတင်၍ ဓားရေးလေ့ကျင့်ခဲ့သည်။ ယခုအခါတွင် အသက် ၃၈ နှစ်ရှိပြီဖြစ်ကာ ကျွမ်းကျင်သော ဓားတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်။]

[ကျင့်ကြံခြင်းအဆင့် - အဆင့် ၄ သူရဲကောင်း]

[အနာဂါတ်အလားအလာ - အဆင့် ၂ တန်ခိုးရှင်]

[မှတ်ချက် - အရည်အချင်းရှိသော ယောက်ျားတစ်ယောက်ဖြစ်သည်။]

[အဆင့် - ငွေ 🌟🌟🌟🌟]

[ကျသင့်တန်ဖိုး - အသက်စွမ်းအင်နှစ်ပေါင်း ၁၄၅၂ နှစ်]

ထျန်ရှင်းလုက အနက်ရောင်ချပ်ဝတ်၊ ဓားသူရဲပုံဖြင့် အထူးကဒ်အားကြည့်ကာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

ကျသင့်တန်ဖိုးမှာ အနည်းငယ်များပြားသော်လည်း ကိစ္စမရှိချေ။ အသုံးဝင်နေလျှင် ရပြီဖြစ်၏။

ထျန်ရှင်းလုက နောက်ထပ်ငွေအဆင့်ကဒ်တစ်ကဒ်အား ကြည့်လိုက်သည်။

[ငွေအဆင့် ဇာတ်ကောင်အထူးကဒ်]

[ရုပ်ပုံ - အဖြူရောင်တိုင်းရင်းသမားတော်ဝတ်စုံအား ဝတ်ဆင်ထားသော အသက် ၈၀ အရွယ် အဘိုးကြီး]

[အမည် - အဘိုးကြီးဖန်]

[ဇာတ်ကောင်အမျိုးအစား - အထောက်အပံ့]

[စွမ်းရည် - မရှိ]

[နောက်ခံအချက်အလက် - ငယ်စဉ်ကတည်းက ဆေးပညာအား စတင်လေ့လာခဲ့သည်။ ယခုနှစ်တွင် အသက် ၁၅၀ ရှိနေပြီဖြစ်သည်။]

[ကျင့်ကြံခြင်းအဆင့် - ရွှေအမြုတေအဆင့် ၄]

[အနာဂါတ်အလားအလာ - အဆင့် ၁ တန်ခိုးရှင်]

[ဆေးပညာရှင်အဆင့် - အဆင့် ၂ ဆေးဖော်စပ်သူ]

[အနာဂါတ်အလားအလာ - အဆင့် ၅ ဆေးဖော်စပ်သူ]

[သမားတော်အဆင့် - အဆင့် ၅ သမားတော်]

[အနာဂါတ်အလားအလာ - အဆင့် ၈ သမားတော်]

[မှတ်ချက် - အတော်လေး အသုံးဝင်သော လူအိုကြီးတစ်ယောက်ဖြစ်သည်။]

[အဆင့် - ငွေ 🌟🌟🌟🌟🌟]

[ကျသင့်တန်ဖိုး - အသက်စွမ်းအင် ၂၀၅၀ နှစ်]

“အိုး..ဒီအဘိုးကြီးကတော့ မဆိုးဘူးပဲ” ထျန်ရှင်းလုက မျက်ခုံးပင့်မိသွား၏။ အဆင့် ၂ ဆေးဖော်စပ်သူဆိုသည်မှာ မဆိုးဘူးဟု ပြောနိုင်သည်။

သို့သော် လက်ရှိအချိန်တွင် ထျန်ရှင်းလု လိုအပ်သည်မှာ တိုက်ခိုက်ရေးသမားတွေ ဖြစ်၏။

ထျန်ရှင်းလုက ကျန်သည့် ငွေအဆင့်ကဒ် ၂ ကဒ်အား မကြည့်တော့ဘဲ ရွှေရောင်တစ်လက်လက်ဖြင့် အထူးကဒ်လေးအား ကြည့်လိုက်သည်။

[ရွှေအဆင့် အထူးဇာတ်ကောင်ကဒ်]

[ရုပ်ပုံ - ကြွက်သားအမြောင်းမြောင်းဖြင့် ကြောက်စရာကောင်းသော အစိမ်းရောင် အော့ခ်]

[အမည် - ပယ်လာဟော]

[ဇာတ်ကောင်အမျိုးအစား - တိုက်ခိုက်ရေးသမား]

[စွမ်းရည် - အဆင့်မြင့်ပြန်လည်ကုသခြင်း၊ ရူးသွပ်စွာတိုက်ခိုက်ခြင်း]

[နောက်ခံအချက်အလက် - တော်ဝင်အော့ခ်မျိုးနွယ်၏ ဂရင်းမိသားစု၏ မင်းသားတစ်ယောက်ဖြစ်သည်။]

[ကျင့်ကြံခြင်းအဆင့် - သွေးပြောင်းလဲခြင်းအဆင့် ၄]

[အနာဂါတ်အလားအလာ - အဆင့် ၇ တန်ခိုးရှင်]

[မှတ်ချက် - အသုံးဝင်ပြီး အတော်လေး အားကောင်းသော တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်။]

[အဆင့် - ရွှေ 🌟🌟]

[ကျသင့်တန်ဖိုး - အသက်စွမ်းအင် ၉၄၀၅ နှစ်]

တော်ဝင်အော့ခ်မျိုးနွယ် ပယ်လာဟော၏ အထူးကဒ်ဟာ သာမန်နှင့်ကွဲပြားလေသည်။ ရွှေအဆင့်ဖြစ်သည်မို့ တစ်လက်လက်ထနေကာ ကြည့်ရအတော်လေး ကောင်းလေ၏။

“အသေးလေး” ထျန်ရှင်းလုက နှာခေါင်းကုပ်လိုက်ကာ နတ်သမီးငယ်လေးအား ခေါ်လိုက်သည်။

အသေးလေးက ထွက်လာပြီးတော့ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ “ငါ့ကို နတ်သမီးရှန်လို့ခေါ်”

“ကောင်းပြီ အသေးလေး ဒီအော့ခ်ရဲ့ ကျင့်ကြံခြင်းအဆင့် သွေးပြောင်းလဲခြင်းအဆင့် ၄ ဆိုတာက ဘာကိုဆိုလိုတာလဲ” ထျန်ရှင်းလုက မတူညီသော ကျင့်ကြံခြင်းအဆင့်အမျိုးမျိုးကြောင့် မေးမြန်းလိုက်သည်။

နတ်သမီးငယ်လေးက ထျန်ရှင်းလုကို အထင်တသေးဖြင့် ကြည့်လိုက်သည်။ “နင်ဘယ်ကုန်းမြေတိုက်ကြီးကလဲ”

“မိုးပြာနဂါးကုန်းမြေတိုက်ကြီး” ထျန်ရှင်းလုကလည်း လက်ပိုက်၍ ပြန်ဖြေလိုက်သည်။

“အော် အဲဒီအဆင့်နိမ့်ကုန်းမြေလား ဟမ်းဟမ်း” နတ်သမီးငယ်လေးက ထျန်ရှင်းလုအား လှောင်ပြောင်လိုက်ပြီး ဆက်ပြောလိုက်သည်။

“အဆင့် ၄ သွေးပြောင်းလဲခြင်းဆိုတာက အော့ခ်မျိုးနွယ်ရဲ့ မတူညီတဲ့ ကျင့်ကြံခြင်းနည်းစနစ်ရဲ့ အဆင့်သတ်မှတ်ချက်တစ်ခုသက်သက်ပဲ”

“ခွန်အားချင်း နှိုင်းယှဉ်ရမယ်ဆိုရင် မင်းတို့ကုန်းမြေတိုက်ကြီးက အဆင့် ၄ ဝိညာဉ်သခင်ထက် ၅ ဆလောက် သန်မာတယ်

ထျန်ရှင်းလုက မျက်လုံးပြူးသွားကာ အတော်လေး အံ့ဩသွားလေ၏။ “အိုး... ၅ ဆတောင် သန်မာတာလား”

“ဒါဆိုရင် ဒီတန်ခိုးရှင်အဆင့်ဆိုတာကရော ဘာလဲ” ထျန်ရှင်းလုက ထပ်မေးလိုက်သည်။

“အဲဒါကတော့ နင်တို့ရဲ့ သေမျိုးဆင့်ကဲပြောင်းလဲခြင်း အဆင့် ၇ ဆင့်နဲ့ညီမျှတယ်” နတ်သမီးငယ်လေးက သန်းဝေရင်း ပြောလိုက်၏။

“ဟမ်... စိတ်ဝင်စားစရာပဲ” ထျန်ရှင်းလုက မျက်ခုံးပင့်လိုက်မိသည်။

အဆင့် ၇ သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်ဆိုသည်မှာ အလွန်အားကောင်းပြီး မိုးပြာနဂါးတိုက်ကြီးတစ်ခုလုံးတွင်ပင် ထိပ်ဆုံးတွင်ရပ်တည်နိုင်သည်အထိ ဂုဏ်သိက္ခာကြီးမားသည်။

“ဒီလိုဆိုတော့လည်း ပေးရတဲ့သက်တမ်း နှစ် ၉၀၀၀ က တော်တော်လေးကို တန်တာပဲ”

“ကောင်းပြီလေ ဒီလိုဆိုတော့လည်း ကျိန်းသေပေါက် ဝယ်ရမှာပေါ့” ထျန်ရှင်းလုက ပြုံးလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ရွှေရောင်အထူးကဒ်အား ထိလိုက်သည်။

“ရွမ်းးးး” ချက်ချင်းပဲ ရွှေရောင်ကဒ်လေးဟာ မျက်စိစူးသည်အထိ တောက်ပလာလေပြီး ထျန်ရှင်းလု၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေတော့သည်

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၈ + ၂၉) ပြီး

All Chapters