အခန်း (၃၀)
Vol. 3 Ch. 30
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၀)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ မနက် ၄ နာရီခွဲတွင်ဖြစ်သည်။ ရှောင်ကျွန်းစု ရွမ်းဟွမ်မြို့နှင့်မိုင် ၁၂၀ အကွာတွင်ထူထပ်သော နတ်သစ်တောကြီးတစ်ခုရှိလေ၏။
ဤနတ်သစ်တောကြီးဟာ သားရဲများ၏ကျက်စားရာနေရာဖြစ်သလို သန္ဓေပြောင်းသားရဲများအနည်းငယ်လည်းရှိသည်။
ဤနတ်သစ်တောကြီး၏ အစွန်းပိုင်းတွင် လူတစ်ယောက်က စတိုင်ကျကျမတ်တပ်ရပ်နေလျက်ရှိသည်။ ထိုသူမှာတော့ အခြားသူမဟုတ်၊ ရှောင်ယွမ်တစ်ယောက်သာဖြစ်ပေတော့သတည်း။
“တာ..တာ..တာ..တာ.. ဒါ့ဒါ့ဒါ့ တန်းတန်းတန်း” ရှောင်ယွမ်က သီချင်းညီးနေရင်း ပတ်ဝန်းကျင်ကိုတစ်ချက်လေ့လာလိုက်သည်။
မည်သူမှမရှိသည်ကို တွေ့လိုက်ရသောအခါ အဝတ်များအားစတင်၍ချွတ်လိုက်သည်။ သူအဝတ်ဗလာဖြစ်သွားသောအခါ သူ၏မြေကမ္ဘာအဆင့်ရတနာဖြစ်သော မျက်နှာဖုံးအားခွာလိုက်၏။
ကျယ်ပြန့်သော လွင်ပြင်ကြီးတစ်ခုပေါ်တွင် ကြီးမားလှတုတ်ခိုင်လှသော ဂရင်းမျိုးနွယ် အစိမ်းရောင်အော့ခ်ကြီးတစ်ကောင်က ဖြည်းညင်းစွာ လျှောက်လှမ်းနေသည်။
သူ၏ ကြီးမားသော ခြေထောက်တို့သည် မြေပြင်ပေါ်ရှိ မြက်ပင်များကို နင်းချေသောအခါ သေးငယ်သော မြက်အသံတို့ ထွက်ပေါ်လာသည်။
သူ့နောက်တွင်တော့ ကြမ်းတမ်းသော အော့ခ်စစ်သည်တော် ဆယ်ဦးခန့်က ခြေသံတိုးတိုးဖြင့် လိုက်ပါလာကြသည်။
သူတို့်တွေဟာလည်း ခေါင်းဆောင်ကဲ့သို့ကြီးမားတုတ်ခိုင်လှပြီး အရပ်မြင့်မားကြသည်။ ခေါင်းဆောင်ဟာ လက်ဗလာဖြင့်ဖြစ်သော်လည်း သူတို့တွေဟာလည်း ပုဆိန် နှင့် ဆေဘာများအားကိုင်ဆောင်ထားကြ၏။
ညနေခင်း၏မှိုင်းပြသော နေရောင်ခြည်တို့သည် ကျယ်ပြောလှသော နီညိုရောင်မိုးကောင်းကင်မှ တိုက်ရိုက်ကျဆင်းနေပြီး လွင်ပြင်တစ်ခုလုံးကို ထင်ရှားစွာ မြင်နေရသည်။
လေအေးများက တိုက်ခတ်လာသောအခါ မြက်ပင်များက လှပစွာကခုန်သွားလေပြီး တိတ်ဆိတ်မှုအားဖြိုခွဲသွားသည်။
ဤလွင်ပြင်ကြီးသည် တော်ဝင်အော့ခ် မျိုးနွယ်စု၏ နယ်မြေနှင့် နီးကပ်စွာ တည်ရှိပြီးစစ်မီးများလောင်ကျွမ်းနေသည့် နယ်မြေတစ်ခုဖြစ်၏။
ထို့ကြောင့် တော်ဝင်အော့ခ် မျိုးနွယ်စု၏ နယ်မြေချဲ့ထွင်ရေး စီမံကိန်းအရ ဤဒေသ၏ လှုပ်ရှားမှုများကို ကင်းထောက်ရန် ပယ်လာဟော ကိုယ်တိုင် ဦးဆောင်ကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူတို့မျိုးနွယ်စု၏ နယ်မြေကို ချဲ့ထွင်ရန်အတွက် အင်အားချဲ့ထွင်ရန် လိုအပ်သည်ကို သူ ကောင်းကောင်း သိရှိလေသည်။
တော်ဝင်အော့ခ် မျိုးနွယ်စုသည် သူတို့၏ စစ်ရေးအင်အားကို မြှင့်တင်ရန် အမြဲတမ်း ကြိုးပမ်းနေသည့် မျိုးနွယ်တစ်ခုပင်ဖြစ်သည်။
ပယ်လာဟောဟာ ကြမ်းတမ်းသောအော့ခ်ဖြစ်သည်နှင့်အျူ စစ်ပွဲဆာလောင်သောဗီဇများက အရိုးထဲအထိ အမြစ်တွယ်နေလေသည်။
သူသည် သွေးပြောင်းလဲခြင်း အဆင့် ၄ ရှိသော စစ်သည်တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ ရန်သူနယ်မြေသို့ စိမ့်ဝင်ခြင်းသည် အသက်အန္တရာယ် ကြီးမားလှသည်ကို သူ သိရှိလေသည်။
သို့သော်လည်း မင်းသားတစ်ပါးအနေဖြင့် ထိုတာဝန်ကို သူကိုယ်တိုင် ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ဆဲဖြစ်သည်။
ပယ်လာဟော၏ ကိုယ်ခန္ဓာမှာ အမြင့် ၁၀ ပေခန့်ရှိပြီး ထူထဲသော ကြွက်သားအမြောင်းမြောင်းတို့ဖြင့် ပြည့်နှက်နေသောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
သူ၏ အသားအရေမှာ ပြောင်လက်သော အစိမ်းရောင်ဖြစ်ပြီး မျက်နှာပေါ်တွင် ကြီးမားဖြူဖွေးသော သွားရိုးနှစ်ချောင်းက အောက်ဘက်သို့ ထိုးထွက်နေလေသည်။
သူ့ကိုယ်ပေါ်တွင်တော့ ခိုင်ခံ့သော အမဲရောင် သံချပ်ကာပြားများကို ဝတ်ဆင်ထားပြီး ပခုံးနှစ်ဖက်၊ လက်မောင်းနှင့် ရင်ဘတ်တို့ရှိ သံချပ်ကာများပေါ်တွင် ပြာလဲ့သော မှော်စာလုံးအမှတ်အသားများ ထွင်းထုထားသည်ကို တွေ့ရလေသည်။
ခါးတွင်လည်း သားမွေးများဖြင့် ပြုလုပ်ထားသော ခါးပတ်ကြီး ရှိလေသည်။ သူ၏ ခန့်ညားသော မျက်နှာတွင် လေးနက်မှုနှင့် စူးစမ်းလိုစိတ်များ ရောထွေးနေသည်။
တော်ဝင်မင်းသားတစ်ပါးအနေဖြင့် ထီးနန်းစည်းစိမ်နှင့် ဇိမ်ကျကျ နေထိုင်နိုင်ပါလျက် ဤကဲ့သို့ အသက်အန္တရာယ်ရှိသော ခရီးစဉ်ကို သူ ရွေးချယ်ခဲ့ခြင်းသည် သူ့ရဲ့ မွေးရာပါ ကြမ်းတမ်းသော ဗီဇနှင့်လည်း သက်ဆိုင်သည်။
သူသည် တိုက်ခိုက်ခြင်းကို နှစ်သက်သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း စစ်ရေးဗျူဟာနှင့် ခေါင်းဆောင်မှုတို့ကိုလည်း နားလည်သော ဉာဏ်ရည်ရှိသူ ဖြစ်သည်။ တခါတရံတွင် သူသည် သူ၏ ဗီဇကို ထိန်းချုပ်ရန် ကြိုးစားရသည်ကိုလည်း သတိပြုမိလေသည်။
“ဒီနေရာက တိတ်ဆိတ်လွန်းတယ်...”
ပယ်လာဟောသည် လွင်ပြင်၏ တိတ်ဆိတ်မှုကို ခံစားမိရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ပုံမှန်ဆိုလျှင် ဤမျှကြီးမားသော လွင်ပြင်ကျယ်ကြီးတွင် တိရစ္ဆာန်အသံ၊ လေတိုက်သံနှင့် မြက်ပင်များ လှုပ်ရှားနေသည့် အသံတို့ဖြင့် ဆူညံနေရမည်။
သို့သော် အခုမူ လေတိုက်သံနှင့် မြက်ပင်များ တိုးတိုက်သံမှလွဲ၍ မည်သည့်ထူးခြားအသံမျှ မကြားရပေ။ သူ့ရင်ထဲတွင် မကောင်းသော ခံစားမှုတစ်ခု ဖြတ်သန်းသွားသည်။
“သခင်လေး ပယ်လာဟော၊ ဒီလွင်ပြင်က တော်တော်ကို ထူးဆန်းတယ်” ဟု အော့ခ်စစ်သည်တော်တစ်ဦးက ပြောလာသည်။ သူ့မျက်နှာတွင် စိုးရိမ်စိတ်အရိပ်အယောင်များ ထင်ဟပ်နေသည်။
“ငါတို့ ဆက်သွားရမယ်။ ဒီနေရာရဲ့ အခြေအနေကို သိမှ ဖြစ်မယ်။ သတိထားကြ” ပယ်လာဟောက ခိုင်မာသော အသံဖြင့် အမိန့်ပေးလိုက်သည်။ သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်နေသည်။
သူတို့ ဆက်လက် လျှောက်လှမ်းနေစဉ် ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားလေသည်။ မြက်ပင်များ အပေါ်သို့ မြောက်တက်လာပြီး မြေပြင်က ဖောက်ထွက်လာတော့မတတ် ဖြစ်လာသည်။
ပယ်လာဟောနှင့် အော့ခ်စစ်သည်တော်များ အံ့ဩတကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ မည်သည့်ရန်သူမျှ မရှိဘဲ၊ မြေပြင်၏ တုန်ခါမှုက ပိုမို ပြင်းထန်လာပြီး လေထဲတွင် ထူးဆန်းသော မှော်စွမ်းအင်တစ်ခု တိုးပွားလာသည်ကို သူတို့ ခံစားမိသည်။
“ဘာ... ဘာဖြစ်တာလဲ” အော့ခ်စစ်သည်တော်တစ်ဦးက ထိန့်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
“ဒါ မှော်စွမ်းအင်ပဲ။ ချက်ချင်း ပြန်ဆုတ်ကြ။ ဒါ ငါတို့ ထိန်းချုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး” ပယ်လာဟောကလည်း အလောတကြီး အော်ဟစ်လိုက်သည်။
ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်လာပြီး သူ့သွေးကြောထဲမှ စွမ်းအင်များ အပြင်သို့ စီးထွက်သွားသလို ခံစားရသည်။
မြေပြင်က အက်ကွဲသွားပြီး ကျယ်ပြောသော မြေတွင်းကြီးများ ပေါ်လာသည်။ အော့ခ်စစ်သည်တော်များလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြပြီး မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။
“အားးး” ပယ်လာဟော၏ ခန္ဓာကိုယ်တစ်ခုလုံး မီးဖြင့် တို့ခံထားရသလို ပူလောင်နာကျင်လာသည်။ သူ၏ အစိမ်းရောင်သွေးများဟာလည်း ပွက်ပွက်ဆူလာ၏။
မည်သည့်ရန်သူကိုပင်မမြင်ရသေးပဲဉ၊ သူ၏ ခွန်အားများက ရုတ်တရက် ကုန်ခမ်းလာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေတော့သည်။
အသက်ရှူနှုန်းက နှေးကွေးလာပြီး မျက်လုံးအမြင်များ မှောင်မိုက်လာလေသည်။ သူ့နောက်က စစ်သည်တော်များ၏ မာန်ပါသော အော်ဟစ်သံများလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားသည်ကို သူ ကြားလိုက်ရသည်။
သူ သေတော့မည်လား။ မည်သည့်ရန်သူမှ မတိုက်ခိုက်ဘဲ ဤကဲ့သို့ မှော်စွမ်းအင်ကြောင့် သူ အသက်ဆုံးရှုံးရတော့မည်လား။ သူ၏ ရင်ထဲတွင် မကျေနပ်မှုများ၊ နောင်တများ ပြည့်နှက်နေလေသည်။
ဒီအချိန်မှာပင် ပယ်လာဟောရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ရွှေရောင်အလင်းတန်း တလက်လက်နဲ့ တောက်ပလာလေတော့သည်။
အလင်းတန်းက အင်မတန် ပြင်းထန်လွန်းသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်ဖြင့် ပြည့်နှက်သွားလေသည်။
ပယ်လာဟော၏ ဒဏ်ရာတွေနှင့် နာကျင်မှုတွေဟာလည်း တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားပြီး သူ့ကိုယ်သူ ထိန်းချုပ်လို့မရဘဲ ထိုအလင်းတန်းထဲကို လုံးဝ စုပ်ယူခံလိုက်ရလေသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး လှည့်ပတ်သွားသလို ခံစားလိုက်ရပြီးနောက်... လုံးဝ ငြိမ်သက်သွားလေသည်။
“ဖြောက်..” ဟူသောအသံကလေးနှင့်အတူ ပယ်လာဟောက သတိပြန်ဝင်လာ၏။ သူပထမဆုံးသတိထားလိုက်သည်မှာ သူဟာ သစ်တောကြီးတစ်ခုထဲသို့ရောက်နေခြင်းဖြစ်လေပြီး ဒုတိယအချက်မှာတော့ သူ၏အရှေ့တွင် အားနည်းသော လူသားတစ်ယောက်ရှိနေခြင်းဖြစ်သည်။
ပယ်လာဟောဟာ သူ၏ရင်ထဲတွင် မေးခွန်းပေါင်းများစွာနှင့်အတူ ခံစားချက်ပေါင်းများစွာဖြစ်ပျက်နေသည်။ သို့သော် ထိုအရာများအစား သူဟာ ဤအားနည်းလှသော လူသားလေး၏ အရှေ့တွင် ဒူးထောက်ချလိုက်၏။
“သခင်...”
ထျန်ရှင်းလုက စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ ပယ်လာဟော၏အရပ်အမြင့်မှာ ၁၀ ပေမြင့်မားသည်။ သူ၏အစိမ်းရောင်ခန္ဓာကိုယ်ကြီးဟာလည်း ကြွက်သားအစိုင်အခဲတို့ဖြင့် တောင့်တင်းလွန်းသည်။
ထို့အတွက်ကြောင့် ပယ်လာဟောက ဒူးတစ်ဖက်ထောက်ထားသည်တောင်မှ ထျန်ရှင်းလုနှင့်အရပ်က တူညီနေသေးသည်။
ထျန်ရှင်းလုက ပယ်လာဟော၏ပခုံးအားပုတ်လိုက်ပြီး ခပ်ပါးပါးပြုံးကာပြောလိုက်သည်။
“ကောင်းပြီ သွားရအောင် ငါ့ရဲ့အစေခံလေး...”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၀) ပြီး