အခန်း (၄၁)
Vol. 5 Ch. 41
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၄၁)
ဆေဘာကြီးဟာ နည်းနည်းနောနောမဟုတ်ပဲ ၅ ပေခန့်အရှည်ရှိကာ ဗြက်အကျယ်ဟာလည်း ၃ လက်မကနေ ၆ လက်မအထိရှိလေသည်။
ထျန်ရှင်းလုက ဆေဘာ၏အသွားအားပွတ်လိုက်သည်။ ထိုအခါ သူ၏လက်ဖဝါးကရှသွားလေပြီး အနီရင့်ရောင်သွေးများထွက်လာကာ ဆေဘာတစ်လျောက်စီးဆင်းသွားသည်။
ထျန်ရှင်းလုက မျက်ဝန်းတို့အားပိတ်လိုက်ပြီး လက်နက်စိတ်ဝိညာဉ်ပေါင်းစပ်ခြင်း မန္တန်အားရွတ်ဆိုလိုက်သည်။
“ကောင်းကင် နဲ့ မြေကြီးကိုတိုင်တည်၍ ဤဆေဘာအား ကျွန်ုပ်ရဲ့အသက်ထက်ပိုပြီးတန်ဖိုးထားပါမယ်။”
သိပ်မကြာလိုက်ပင် ထျန်ရှင်းလု၏ သွေးများအား ဆေဘာကြီးကစုပ်ယူသွားလေသည်။ သို့သော် ထိုမျှသာမက ဆေဘာကြီးဟာ သွေးမဝသကဲ့သို့ ထျန်ရှင်းလု၏ကိုယ်တွင်းမှသွေးများအား လက်ဖဝါးရှရာမှတစ်ဆင့် အငမ်းမရဆက်လက်ပြီး စုပ်ယူလိုက်သည်။
သွေးဆေဘာ၏ သံမဏိကိုယ်ထည်ဟာ ချက်ချင်းပဲ အနည်းငယ်လောက်ကလေး အနီရောင်သန်းလာသည်။ ထျန်ရှင်းလုဟာလည်း ကိုယ်ထဲမှ သွေးတစ်ဝက်ခန့်စုပ်ယူခြင်းကို ခံလိုက်ရကာ မျက်နှာတို့ဖြူဖျော့သွားလေသည်။
ပြီနောက်တွင် အလွန်အမင်းအားနည်းမှုကြောင့် ဒူးထောက်ကျသွားသော်လည်း သူ၏လက်ဖဝါးဟာတော့ ဆေဘာကြီးနှင့်တစ်သားတည်းဖြစ်နေကာ သူဆွဲယူ၍မရချေ။
ကံကောင်းစွာဖြင့် ဆေဘာကြီးဟာ အသိဉာဏ်အနည်းငယ်နိုးထနေပြီဖြစ်သည်။ ထို့အတွက်ကြောင့် သူသွေးဆက်လက်ပြီးစုပ်ယူလျှင် ပိုင်ရှင်အသစ်ကလေး သေသွားမည်ကိုသတိပြုမိသည်။
ထို့အတွက်ကြောင့် ရပ်တန့်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ နှင့် ထျန်ရှင်းလုတို့ကြားတွင် စိတ်ဝိညာဉ်ချိတ်ဆက်မှုတစ်ခုဖြစ်တည်လာသည်။
လက်ဖဝါးပြန်ခွာလို့ရသွားသောအခါ ထျန်ရှင်းလုက ကုသဆေး ၁ လုံးအား ပါးစပ်ထဲသို့ပြစ်ထည့်လိုက်ကာ တင်ပျဥ်ခွေထိုင်လိုက်သည်။ ပြီးနောက် ဖြူဖျော့နေသော မျက်နှာတို့ဖြင့် ဆေးအားစုပ်ယူချေဖျက်လိုက်သည်။
ထျန်ရှင်းလု၏ သွေးများအတော်လေးစုပ်ယူခံလိုက်ရကာ သူ၏မျက်နှာကြီးပင် ချိုင့်ဝင်သွားပြီး နာတာရှည်ရောဂါသည်တစ်ယောက်ကဲ့သို့ဖြစ်သွားသည်။
ဓားသခင်ဇျန်က ထျန်ရှင်းလု၏ ဒုက္ခအားတွေ့သည်ကိုမြင်သော် သတောတကျရယ်မောလိုက်သည်။
“ဟားဟားဟား ဒီကောင်လေးက သွေးမသောက်ရတာ မင်ခေတ်နှောင်းပိုင်းကတည်းကဆိုတော့ သူအတော်လေးသွေးဆာနေပြီ။”
“ဒီဆေဘာရဲ့ အမည်က သွေးသောက်သူ လို့ခေါ်တယ်။ သူ့ကိုရှေးဟောင်းခေတ်က အစွမ်းထက်ပုဂ္ဂိုလ်ရဲ့အုပ်ဂူထဲကနေ ရရှိခဲ့တာ။ သူ့ကို ငါ့မိန်းမစရတုန်းက မြေကမ္ဘာအဆင့် ၇ ပဲရှိသေးတယ်။”
“ဒါပေမဲ့ သူ့ရဲ့စွမ်းရည်က သွေးကိုစုပ်ယူပြီးစွမ်းအင်အဖြစ်စုဆောင်းတယ်။ ပြီးရင် အဆင့်မြင့်တင်နိုင်တာပဲ။ ငါ့မိန်းမကိုင်တာ နှစ် ၂၀၀ အတွင်း မြေကမ္ဘာအဆင့် ၇ ကနေ အဆင့် ၉ အထိအဆင့်မြင့်နိုင်ခဲ့တယ်။”
“ငါရဲ့တွက်ချက်မှုအရသာဆိုရင် မင်းလုံလောက်တဲ့စွမ်းအင်သာရှိရင် သွေးသောက်သူက ကောင်းကင်အဆင့်ထိတတ်ရောက်နိုင်ပြီးတော့ လက်နက်စိတ်ဝိညာဉ်ကိုမွေးဖွားနိုင်လိမ့်မယ်။”
ဓားသခင်ဇျန်က ချောမွေ့စွာပြောလိုက်သည်။ ထျန်ရှင်းလုဟာလည်း တင်ပျဥ်ခွေထိုင်နေသော်လည်း နားထောင်နေဆဲဖြစ်သည်။ မြေကမ္ဘာအဆင့်လက်နက်များမှာ အတော်လေးရှားပါးသည်။
သူ၏အစွမ်းထက်၊ ချမ်းသာလှပါသည်ဆိုသော ထျန်ကလန်တွင်ပင် မြေကမ္ဘာအဆင့်လက်နက်အနည်းငယ်သာရှိလေသည်။
ကောင်းကင်အဆင့်လက်နက်များ သူ၏ကလန်တွင်ရှိသည်ဟုတော့ သူမကြားဖူးချေ။ ဆေးအားချေဖျက်ပြီးနောက်တွင် ထျန်ရှင်းလု၏ မျက်နှာပြန်ပြည့်လာပြီး၊ ကုန်ဆုံးသွားသော ခွန်အားအများစုအားပြန်လည်ရရှိလိုက်သည်။
ထျန်ကလန်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည်နှင့်အညီ ထျန်ရှင်းလုထံတွင် သေမျိုးအဆင့် ၉ ကုသဆေးရှိ၏။ ထို့အတွက်ကြောင့် ဤမျှလောက်လျင်မြင်စွာပြန်လည် သက်သာလာခြင်းဖြစ်သည်။
ထျန်ရှင်းလုက သက်သာလာသောအခါ ပြန်ထလာပြီး ဆေဘာအားပွတ်သပ်လိုက်သည်။ သွေးသောက်သူဟာလည်း တုန်ခါသွားပြီး သူ၏သခင်အသစ်အားကြိုဆိုလိုက်လေသည်။
ထျန်ရှင်းလုဆွဲနှုတ်လိုက်ပြီး မလိုက်သောအခါ လက်နက်၏အလေးချိန်အား ကောင်းမွန်စွာခံစားလိုက်ရသည်။
“ဂျင် ၅၀၀ လောက်လေးတာပဲ” ထျန်ရှင်းလုက တောက်ပနေသောမျက်လုံးတို့ဖြင့်ပြောလိုက်သည်။ ဆေဘာကြီး၏အသွားသက်သက်ကတင် ၅ ပေရှည်ပြီး လက်ကိုင်ပါပေါင်းလိုက်လျှင် ၅ ပေ ၁၀ လက်မလောက်ရှိနေသည်။
ထို့အတွက်ကြောင့် အရပ်အတော်ရှည်သည့်သူတစ်ယောက်ဖြစ်သော ထျန်ရှင်းလုအတွက်တောင်မှ ဤလက်နက်ဟာ ကြီးမားလွန်းနေသည်။
သို့သော် မြေကမ္ဘာလက်နက်ဖြစ်သည်နှင့်အညီ အကန့်အသတ်တစ်ခုအတွင်းတွင် လက်နက်၏အရွယ်အစားအား စိတ်ကြိုက်ထိန်းချုပ်လို့ရလေသည်။
ထျန်ရှင်းလုက စိတ်ဖြင့်အမိန့်ပေးလိုက်သောအခါ သွေးသောက်သူဆေဘာက တုန်ခါသွားလေသည်။ ပြီးနောက်တွင် တစ်ဖြေးဖြေးသေးငယ်လာပြီး အသွား ၃ ပေတွင်ရပ်တန့်သွားကာ လက်ကိုင်အပါအဝင်ဆိုလျှင် ၃ ပေ နှင့် ၈ လက်မလောက်ရှိပေမည်။
ထျန်ရှင်းလုက ဆေဘာသိုင်းကွက်အနည်းငယ် ခင်းကျင်းလိုက်ပြီးနောက်တွင် စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်ကာ သိုလှောင်လက်စွပ်ထဲသို့ပြစ်ထည့်လိုက်သည်။
ဓားသခင်ဇျန်၏ အပိုင်းအစဝိညာဉ်ဟာလည်း သူ၏တာဝန်ပြီးဆုံးသွားကြောင်း သွားလိုက်ရသောအခါ ပြုံးလိုက်မိသည်။ သူမကြာခင် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
“ကဲ ကောင်းပြီ ကောင်လေး၊ မင်း နတ်ဆိုးနန်းတော်အင်အားစုကို ဖျက်စီးပြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထျန်ရှင်းလုကတော့ သူလိုချင်တာရသွားသည့်အခါတွင် လေးစားမှုမပြတော့ပဲ မြေအောက်ဂူအားပတ်ကြည့်နေသည်။ ဓားသခင်ဇျန်ကလည်း နောက်ဆုံးအချိန်ရောက်လာပြီဖြစ်ကြောင့် ရိုင်းစိုင်းသော သကောင့်သားအား လျစ်လျှူရှုထားလိုက်သည်။
ခနကြာသောအခါ ထျန်ရှင်းလုက ပယ်လာဟောအား သတိရသွားသည်။ “စကားမစပ် ကျွန်တော်နဲ့အတူ ဝင်လာတဲ့ အစိမ်းရောင်ကောင်ကြီး ဘယ်ရောက်သွားသလဲသိလား”
ဓားသခင်ဇျန်ကဖြေလိုက်၏။ “သူ အပြင်မာကြိုရောက်နေပြီ”
“အို့” ထျန်ရှင်းလုက ခေါင်းညိတ်လိုက်သည်။
ထျန်ရှင်းလု၏ ထွက်သွားရန်ရည်ရွယ်ချက်မတွေ့သောအခါ ဓားသခင်ဇျန်က လှုံဆော်လိုက်၏။ “ဒီမာ ဘာမှလည်းမကျန်တော့ဘူး။ မင်းသွားလို့ရပြီ”
ထျန်ရှင်းလုက ချောင်းဟန့်လိုက်ပြီး ဂူအမိုးပေါ်သို့ ကြည့်လိုက်သည်။ “အဲတာလိုချင်တယ်”
“ဟမ်” ဓားသခင်ဇျန်က အပေါ်သို့မော့ကြည့်လိုက်သောအခါ ညပုလဲ ၃ လုံးအားတွေ့လိုက်ရသည်။ “သောက်ကျိုးနည်း အတော်လောဘကြီးတဲ့ကောင်”
ဓားသခင်ဇျန်က ထိုသို့ပြောလိုက်သော်လည်း လက်တစ်ချက်အဝှေ့ဖြင့် ညပုလဲ ၃ လုံးအား ထျန်ရှင်းလု၏အရှေ့သို့ပို့ပေးလိုက်သည်။
ထျန်ရှင်းလုကလည်း အပြုံးဖြင့်ယူလိုက်ပြီး ပွတ်သပ်လိုက်ကာ သိုလှောင်လက်စွပ်ထဲသို့ထည့်ထားလိုက်၏။ ပြီးနောက်တွင် အရိုးစု ၂ စုအားကြည့်လိုက်သည်။
အရိုးစုများဟာ တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး သူတို့၏အဝတ်အစားများဟာ အကောင်းအတိုင်းရှိနေသေးသည်။ ထျန်ရှင်းလုက ဓားသခင်ဇျန်အားတစ်ချက်ကြည့်လိုက်၏။
ဓားသခင်ဇျန်၏ မျက်နှာဟာတော့ မဲမှောင်သွားကာ ဆဲဆိုလိုက်သည်။ “မင်း အဲလောက်မွဲနေတာလား သူတောင်းစားလေးရဲ့ အခုထွက်သွားတော့”
သူ့မှာသာ သကောင့်သားအား ဆွဲထုတ်ပြစ်နိုင်သည့် စွမ်းရည်ရှိလျှင်ဆွဲထုတ်ပြစ်လိုက်ပြီဖြစ်သည်။
ထျန်ရှင်းလုက ချောင်းဟန့်ကာ မျက်နှာတည်ကြီးဖြင့်ပြောလိုက်သည်။ “အဟမ့် ခင်ဗျားအထင်လွဲနေပြီ”
“ကျွန်တော်ပြောချင်တာက ခင်ဗျားအနောက်မှာဘာကြီးလဲ”
“ဟမ်” ဓားသခင်ဇျန်ကလည်း ဇဝေဇဝါဖြင့်လှည့်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ထျန်ရှင်းလုက ညပုလဲလုံး ၂ လုံးအားထုတ်လိုက်ပြီး တစ်ပြိုင်နက်တည်း အရိုးစု ၂ စုထံသို့ပြစ်လွတ်လိုက်သည်။
အရိုးစုများဟာ နှစ်ပေါင်း ၅၀၀၀ ကျော်လာပြီးနောက်တွင် အတော်လေးချိနဲ့နေပြီဖြစ်သည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ကွဲအက်သွားကာ တစ်စစီပြစ်သွားသည်။
ဓားသခင်ဇျန်၏မျက်နှာဟာလည်း အထိန့်အလန့်ဖြစ်သွားသည်။ “မဟုတ်ဘူးးးး”
ထျန်ရှင်းလုကတော့ ချက်ချင်းပဲ လျို့ဝှက်နယ်မြေမှထွက်ခွာသွားလိုက်၏။ မထွက်ခွာသွားခင်တွင် လက်ခလယ်ထောင်ပြလိုက်ပြီး လှောင်ပြောင်လိုက်သည်။
“ဠီးပဲ ရမယ် ဟားဟားဟား”
ဓားသခင်ဇျန်က အလွန်အစွမ်းထက်သော ဓားတစ်ချက်အားထုတ်လွတ်လိုက်သော်လည်း ထျန်ရှင်းလုက ပျောက်ကွယ်သွားပြီဖြစ်သည်။
“အားးးး သောက်ခွေးသတောင်းစားးး”
[သင်ဟာ ဓားသခင်ဇျန်၏အားကောင်းလှသော ဒေါသကြောင့် သက်တမ်း ၁၂၀၀ နှစ်အား အောင်မြင်စွာရရှိခဲ့သည်။]
ဤတစ်ကြိမ်ရလိုက်သော ပမာဏမှာ အလွန်များပြားလွန်းသောကြောင့် စနစ်၏ဖောက်ထွင်းမြင်နေရသော ဖန်သားပြင်ပင် ထွက်ပေါ်လာရသည်။
ရေအိုင်ကလေးဘေးတွင် ပယ်လာဟောနှင့်အတူရပ်နေသော ထျန်ရှင်းလုကတော့ ပြုံးဖြီးသွားသည်။
“အင်း ငါရဲ့တွက်ချက်မှုက တကယ်မှန်တယ်”
“ငါရဲတန်းတူသန်မာတဲ့သူတွေကို အပြင်းအထန်ရန်စရင်တောင် သက်တမ်းက လပိုင်းလောက်ပဲရမယ်”
“ငါထက်အားနည်းရင် ရက်ပိုင်း၊ သာမန်လူဆိုရင် စက္ကန့်ပိုင်းလောက်ပဲရမယ်ထင်တယ်”
“ငါထက်အများကြီးသန်မာတဲ့သူတွေရဲ့ ဒေါသကနေဆိုရင်တော့ သက်တမ်းနှစ်ထောင်ချီရရှိနိုင်တယ်”
နောက်ဆုံးအချိန်အထိ သူ့ကိုထောက်ပံပေးနေသော ဓားသခင်ဇျန်အား ထျန်ရှင်းလုအတော်သဘောကျသွားသည်။
“စိတ်မပူနဲ့၊ ကျုပ်ထျန်ရှင်းလုက သေချာပေါက် နတ်ဆိုးနန်းတော်ကို ပျက်စီးပြစ်မယ်”
ရုတ်တရက် သူ၏ဝမ်းဗိုက်မှ အသံမည်လာသောကြောင့် ထျန်ရှင်းလု ကို့ယို့ကားယားဖြစ်သွားသည်။
အချိန်ကိုကြည့်လိုက်လျှင် မနက်နေထွက်နေပြီဖြစ်ကာ ၆ နာရီလောက်ဖြစ်ပေမည်။
“မင်းရော ဘာတွေရခဲ့သေးလဲ” ထျန်ရှင်းလုက ဇဝေဇဝါမျက်နှာဖြင့် တစ်ချိန်လုံးရှိနေသည့် ပယ်လာဟောအားမေးလိုက်သည်။
ပယ်လာဟောက ခေါင်းရမ်းလိုက်၏။ “ဟင့်အင်း ကျွန်တော်ဝင်ဝင်ချင်းမှာပဲ အပြင်ကိုပြန်ပို့ခံလိုက်ရတယ်”
“အော်” ထျန်ရှင်းလုက အံဩသွားသော်လည်း ထွက်ခွာရန်အချက်ပြလိုက်၏။
“ဒါနဲ့ မင်းရဲ့အသွင်အပြင်က အရမ်းထူးဆန်းလွန်းနေတယ်။ မင်းအသွင်ပြောင်းလို့ရလား” ထျန်ရှင်းလုက မြို့ထဲသို့သွားကာ မနက်စာစားရန် စီစဥ်နေသောကြောင့် ပယ်လာဟောအားမေးလိုက်သည်။
“ရပါတယ် အရှင်” ပယ်လာဟောက ခေါင်းညိတ်လိုက်ပြီး အသွင်စတင်ပြောင်းလိုက်သည်။ ချက်ချင်းပဲ သူ၏ဧရာမခန္ဓာကိုယ်ကြီးဟာ စတင်ကြုံဝင်လာပြီး ထျန်ရှင်းလုနှင့်တစ်ပုံစံတည်းဖြစ်သွားသည်။
သို့သော် ထိုသည်မှာ သခင်ဖြစ်သူအား မလေးမစားဖြစ်သည်ဟူ၍ တွေးလိုက်ပြီး ပယ်လာဟောက နောက်ထပ်အသွင်ပြောင်းလိုက်၏။
ချက်ချင်းပဲ ပယ်လာဟောသည် အရပ် ၇ ပေခန့်ရှိမည့် ဗလတောင့်တောင့်၊ သာမန်ခက်ထန်သော မျက်နှာဖြင့် ကတုံးတစ်ယောက်အသွင်ပြောင်းသွားသည်။
“ပြီးနောက်တွင် သူက ဝံပုလွေအမွှေးဖြင့်ပြုလုပ်ထားသော အဝတ်အစားများအားထုတ်လိုက်ကာ ဝတ်ဆင်လိုက်သည်။
ထျန်ရှင်းလုကတော့ အတော်လေးအံဩနေကာပြောလိုက်သည်။ “အိုးး မဆိုးဘူးပဲ ရှယ်မိုက်တယ်။”
ပယ်လာဟောက နှုတ်ခေါင်းပွတ်ကာ ပြုံး၍ပြောလိုက်သည်။ “ဒီတိုင်းလှည့်ကွက်အချို့ပါ။ အဆင့်နိမ့်ကျင့်ကြံသူတွေ နဲ့ သာမန်လူတွေက ကျွန်တော်ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကိုမြင်နိုင်မာ မဟုတ်ဘူး။”
“ရပြီ၊ ရပြီ ဒီလောက်ဆိုရင်လုံလောက်ပြီ၊ သွားမယ်”
ထျန်ရှင်းလု နှင့် ပယ်လာဟောတို့ ၂ ယောက် မြို့ထဲသို့ဦးတည်လိုက်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၄၁) ပြီး