← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၀)

ရှောင်ကလန်၏ ၂ ထပ်အိမ်ကလေးထဲတွင် ရှောင်မာန်က သူ၏အမေအခန်းထဲသို့ရောက်ရှိနေ၏။ သူဟာ အနည်းငယ်စိတ်မကြည်သော မျက်နှာဖြင့် မှန်ထဲမှ သူ၏ပုံရိပ်အားကြည့်နေလေသည်။

သူ့မျက်လုံးများက အပြင်ပန်းအားဖြင့် ငြိမ်သက်နေသော်လည်း အတွင်းထဲတွင်မူ ဒေါသတချို့ လှိုင်းထနေပုံရသည်။

ရှောင်မာန်ဟာ အသက် ၂၀ နားနီးပြီဖြစ်ပြီး၊ အနည်းငယ်ကြည့်ကောင်းသော ရုပ်ရည်ရှိသည်။ ယခုအခါတွင်တော့ သူက သူ၏ဆံပင်ရှည်ကို အမျိုးသမီးတစ်ယောက်ကဲ့သို့ ပုံစံဖြစ်အောင် သေချာပြင်ထားပြီး မိတ်ကပ်ပါးပါး နှင့် နှုတ်ခမ်းနီအား နီရဲနေအောင်ဆိုးထားသည်။

သူ၏လက်ချောင်းရှည်များက နှုတ်ခမ်းဖူးဖူးအပေါ် ညင်သာစွာပွတ်သပ်လိုက်ချိန်တွင် မနှစ်မြို့သည့်အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။

သူဟာ နဂိုကတည်းက ကြည့်ကောင်းသောမျက်နှာရှိသည်။ သို့သော် သူ၏မျက်နှာအချိုးအစားဟာ ယောင်္ကျားဆန်လွန်းနေ၏။ ထို့အတွက်ကြောင့် သူ၏လက်ရှိမျက်နှာဟာ အတော်လေးကြည့်ရဆိုး​နေချေသည်။

ထို့အပြင် နောက်ထပ် ပြဿနာတစ်ခုဟာ သူ၏ထွား​ကြိုင်းသော ခန္ဓာကိုယ်ဖြစ်ပြီး သူအမေ၏အဝတ်များကလည်း သူနှင့်မတော်ချေ။ ပခုံးသားများက ကျယ်လွန်းနေပြီး ခါးကလည်း ထင်သလောက်သေးသွယ်မှုမရှိ။ အဝတ်များကလည်း နေရာအနှံ့ ကြပ်တည်းနေပုံရသည်။

“သောက်ပဲ ကောင်းကင်ကြီးရယ်၊ ငါ့ကိုမိန်းကလေးခန္ဓာကိုယ်ထဲပို့လိုက်ရင် ဘာဖြစ်သွားမာ မလို့လဲ” မှန်ထဲက အကျိုးနည်း ပုံရိပ်ကိုကြည့်ပြီး ကြာပန်းဓားသခင်မာ ငိုချင်စိတ်ပေါက်သွားသည်။

သူမ၏ နှစ်ပေါင်းထောင်ချီကျင့်ကြံခဲ့သော စိတ်ဝိညာဉ်အားလုံးသည် ဤခန္ဓာကိုယ်အသစ်ကြောင့် ပျက်စီးသွားသလို ခံစားရသည်။ ယခင်က သူမသည် ကြင်နာသော၊ လှပသော၊ ပြိုင်ဘက်ကင်း ဓားသခင်မတစ်ဦးဖြစ်ခဲ့သော်လည်း ယခုမူကား...။

ရှောင်မာန်က သက်ပျင်းချ၍ ထလာလိုက်ပြီး သူ၏အဝတ်ဗီရိုထဲမှ အဝတ်အစားများအား ၁၀ မိနစ်ခန့်မွေနှောက်နေသည်။ နောက်ဆုံးတွင်တော့ သူဟာ မိန်းမအဆန်ဆုံးအဝတ်အစားတစ်စုံအား ထုတ်လိုက်သည်။

ပြီးနောက် အဝတ်လဲသည့်အခါတွင် သူ၏အိပ်ပျော်နေသောညီလေးကို ကြည့်ပြီး မျက်နှာက ရှုံမဲ့သွားလေ၏။ “ယောင်္ကျားတွေရဲ့ဟာက ဒီလိုကြီးလား ရွံစရာကြီး”

ရှောင်မာန်တစ်ယောက် ဓားနှင့်ဖြတ်ပြစ်ချင်စိတ်ကို အတော်လေးထိန်းလိုက်ရသည်။

သူဝတ်ဆင်လိုက်သည့် အဝတ်အစားမှာ အနက်ရောင်ကိုမှပန်းအချို့အားချည်ထိုးထားကာ လှပသည့်ဝတ်ဆုံဖြစ်သည်။ သို့သော် သူ၏ပခုံးမှကျယ်လွန်းသောကြောင့် ရှောင်မာန်ဟာ ယောင်္ကျားဖြစ်မှန်းသိသာလွန်းလှသည်။

သို့သော် သူက ထိုသည်ကိုသတိမထားမိ​လေချေ။ ရှောင်မာန်က သူ၏အဝတ်အစားအားစိတ်တိုင်းကျသွားပြီး ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်ကာ သေချာကြည့်နေလေသည်။

ပြီးနောက်တွင် ခန္ဓာကိုယ်အားအရှေ့သို့အနည်းငယ်ကိုင်းလိုက်ပြီး တင်ပါးကိုကော့လျက် မှန်ကိုကြည့်ကာ လေထဲတွင်အနမ်းပေးလိုက်သည်။

“အာဘွား”

ဤမြင်ကွင်းမှာ အလွန်ကြည့်ရဆိုးပြီး အခြားသူများသာမြင်လျှင် အော်ဂလီဆန်လွန်း၍စားထားသည်များပင် ပြန်လည် အန်ချလောက်ပေမည်။

သို့သော် ရှောင်မာန်ကတော့ သူမ၏လက်ရှိအခြေအနေအား အတော်လေးသ​ဘောကျနေကာ စိတ်တိုင်းကျစွာဖြင့်ခေါင်းညိတ်နေမိသည်။

သူမနောက်ထပ် အနည်းငယ်ပြင်ဆင်ပြီးနောက်တွင် အိမ်မှထွက်လာပြီး လေ့ကျင့်ရေးကွင်းပြင်သို့ဦးတည်လိုက်သည်။

“အင်း ဒီခန္ဓာကိုယ်ကြီးက အားနည်းလွန်းတယ်” “ငါသိုင်းထိပ်သီးအဆင့်ကိုရောက်ပြီဆိုတာနဲ့ ရှောင်ကလန်ကနေထွက်ခွာပြီးတော့ စွန့်စားသူလုပ်ရမယ်”

“လောလောဆယ်တော့ ရှောင်ကလန်မာ တစ်လလောက်နေရမယ်ထင်ပါရဲ့” ရှောင်မာန်က ရေရွတ်နေရင်း လေ့ကျင့်ရေးကွင်းပြင်သို့ဦးတည်လိုက်သည်။

ကျင့်ကြံခြင်းနည်းစနစ်များဟာ ကြိုက်သလိုကျင့်ကြံ၍မရချေ။ မိမိကျင့်ကြံလိုသော ကျင့်ကြံခြင်းစနစ်ဟာ မိမိနှင့်ကိုက်ညီဖို့လိုအပ်လေသည်။

ထျန်ရှင်းလုတို့၏ မိုးပြာနဂါးကုန်းမြေတိုက်​ကြီးတွင် မွေးဖွားလာသူများဟာ အီဗိုကျင့်ကြံခြင်းစနစ်အားကျင့်ကြံကြသည်။ အချို့က ဝိညာဉ်ကျင့်ကြံခြင်းစနစ်ဟူ၍လည်းခေါ်ဆိုကြသေး၏။

အီဗိုကျင့်ကြံခြင်းစနစ်၏ ကျင့်ကြံခြင်းအဆင့်များအား ငယ်ရာမှကြီးရာသို့စီလိုက်လျှင် - ကိုယ်ခံပညာရှင်အဆင့်၊ သိုင်းထိပ်သီးအဆင့်၊ ဝိညာဉ်သခင်အဆင့်၊ သေမျိုးဆင့်ကဲပြောင်းလဲခြင်း၊ သိုင်းဘုရင်၊ ပြိုင်စံရှားသိုင်းသခင်၊ ပြိုင်စံရှားသိုင်းဘုရင်၊ ပြိုင်ဘက်ကင်းသိုင်းဘုရင် နှင့် တာအိုအရှင် တို့ဖြစ်ကြသည်။

အစောပိုင်း ၄ ဆင့်ဟာ ကွဲပြားသော်လည်း ကျင့်ကြံခြင်းစနစ်တွေအားလုံး၏ပန်းတိုင်မှာ တာအိုအားရရှိရန်ဖြစ်သည်။ ထို့အတွက်ကြောင့် နှောင်းပိုင်းအဆင့်များမှာ တူညီကြသည်။

လိုရင်းကိုဆက်ရလျှင် မိုးပြာကုန်းမြေတိုက်ကြီးတွင် မွေးဖွားလာသူများဟာ အီဗိုစနစ်အားကျင့်ကြံရာတွင် ကောင်းချီးပေးခံထားရသည်။ ဆိုလိုရင်းမှာတော့ ဤကုန်းမြေတိုက်တွင် မွေးဖွားလာသောသူများဟာ ဤကုန်​မြေတိုက်ကြီး၏ ကျင့်ကြံခြင်းစနစ်နှင့်ကိုက်ညီလေသည်။

​အခြားသောကျင့်ကြံခြင်းစနစ်များအား ကျင့်ကြံပါက ကုန်းမြေတိုက်ကြီး၏ငြင်းဆန်ခြင်းကိုခံရကာ ခွန်အားအပြည့်အဝထုတ်သုံးနိုင်မည်မဟုတ်ချေ။

ထို့အတွက်ကြောင့် ရှောင်မာန်ကိုယ်ထဲမှ ကြာပန်းဓားသခင်မအနေဖြင့် ဓားကျင့်ကြံခြင်းစနစ်အစား အီဗိုကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံရမည်ဟုဆိုလိုခြင်းဖြစ်သည်။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ နှောင်ပိုင်းအဆင့်များဟာ အတူတူသာဖြစ်သောကြောင့် ပြဿနာမရှိချေ။ ထို့အပြင် သူမဟာ တာအိုကိုအတော်လေးနားလည်ထားပြီဖြစ်သောကြောင့် သူမ၏ကျင့်ကြံခြင်းအဆင့်ဟာ ဒုန်းပျံတစ်ခုလို ထိုးတတ်သွားလိမ့်မည်ဖြစ်သည်။

ထို့အပြင် ကျင့်ကြံခြင်းစနစ် ၂ ခုအားကျင့်ကြံနိုင်ခြင်းဆိုသည်မှာ အလွယ်တကူမရသောကောင်းချီးတစ်ခုဖြစ်သည်။ ဤအတွက်ကြောင့် ဉာဏ်အလင်းအသစ်များစွာရရှိလာနိုင်ပြီး သူမ၏အနာဂါတ်က ပိုမိုပြီးကောင်းမွန်လာမည်ဖြစ်လေသည်။

ရှောင်မာန်က သူ၏အမေ၏အခန်းထဲမှ ထွက်လာပြီးနောက် အိမ်တံခါးဝသို့ ရောက်လာသည်။ နေရောင်ခြည်က သူ့မျက်နှာပေါ်သို့ ကျရောက်လာချိန်တွင် သူက မျက်နှာကို အနည်းငယ်မော့ကာ လေထဲသို့ အနမ်းတစ်ပွင့်ပေးလိုက်သေးသည်။

ထို့နောက် သူ၏ပန်းထိုးထားသော အနက်ရောင်ဝတ်စုံကို တစ်ချက်သပ်ပြီး လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။

သူမ လျှောက်လှမ်းလာပုံမှာ မိန်းကလေးတစ်ယောက်လို တင်ပါးလေးကို လှုပ်ခါရင်း ခြေလှမ်းကျဲကျဲဖြင့် လှုပ်ရမ်းနေချေသည်။ ကြီးမားသည့် ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ ခပ်လှုပ်လှုပ်လေး လှုပ်ခါနေသည့် သူမ၏တင်ပါးပုံစံက အတော်ပင် ရယ်စရာကောင်းနေသည်။

ထိုပုံစံက ရှောင်မာန်၏ ထွားကျိုင်းသောခန္ဓာကိုယ်နှင့် လုံးဝကို မလိုက်ဖက်လှပေ။ လေ့ကျင့်ရေးကွင်းပြင်အနီးသို့ ရောက်ရှိလာသည်နှင့် ရှောင်ကလန်မှ လူငယ်အချို့က သူ့ကို မြင်လိုက်ကြသည်။

ပထမတော့ သူတို့အားလုံး မျက်တောင်ပင် မခတ်နိုင်ဘဲ ကြောင်တောင်တောင်ဖြစ်နေကြသည်။ မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်များကလည်း အလိုလိုဟောင်းလောင်းပွင့်နေသည်။ ထို့နောက်မှ အချင်းချင်း မျက်စပစ်ပြကာ တီးတိုးပြောဆိုကြလေသည်။ “ဟေ့ကောင်၊ အဲ့ဒါ ရှောင်မာန်လား။ သူ ဘာတွေဖြစ်လာတာလဲ၊ ဂေးသွားတာလား။”

တစ်ယောက်သောသူက ရေသောက်နေရင်း ရှောင်မာန်၏ တင်ပါးလှုပ်လှုပ်ဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသောအခါ ပါးစပ်ထဲမှ ရေများပင် ပန်းထွက်သွားချေသည်။

အချို့ကလည်း မျက်လုံးပြူး၊ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြပြီး၊ အချို့ကတော့ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်ကို မျက်နှာအမူအရာများက ဖော်ပြနေသည်။ သူတို့၏ မျက်နှာများမှာ နီရဲနေပြီး ရယ်သံများကို မနည်းမျိုသိပ်ထားကြရသည်။ တချို့ကတော့ တံတွေးပင် မျိုချလိုက်ကြရသည်။

ရှောင်မာန်ကတော့ သူတို့၏အကြည့်များကို လုံးဝသတိမထားမိဘဲ မိမိကိုယ်ကို အတော်လေး ကျေနပ်နေပုံရသည်။ သူက မိန်းမဆန်ဆန် လှုပ်ရမ်းနေသော တင်ပါးလေးဖြင့် လေ့ကျင့်ရေးကွင်းထဲသို့ ဝင်ရောက်သွားလေသည်။

လေ့ကျင့်ရေးကွင်းထဲတွင် ရှိနေသော အခြားလူများကပါ သူမကို လှည့်ကြည့်ကာ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာတော့သည်။ ကြာပန်းဓားသခင်မ၏ နားထဲတွင်တော့ ထိုအသံများက လေပြည်တိုက်ခတ်သံမျှသာပင်။ သူမ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အမြန်ဆုံးပြန်လည်ကျင့်ကြံရန်ပင်ဖြစ်၏။

သူမ၏ဟာ ယခင်ဘဝတွင် ပြိုင်စံရှားဓားသခင်မတစ်ယောက်ဖြစ်ခဲ့သည်နှင့်အညီ ထူးဆန်းသောကျင့်စဥ်များစွာရှိသည်။ သူမသာ သိုင်းဘုရင်အဆင့်သို့အောင်မြင်စွာရောက်ရှိနိုင်ခဲ့လျှင် သူမ၏ခန္ဓာကိုယ်အား မိန်းကလေးအဖြစ်သို့ပြန်ပြောင်းနိုင်မည်ဖြစ်သည်။

ရှောင်မာန်က စိတ်ရှင်းလိုက်ပြီး အသက်ကိုပြင်းပြင်းရှု၍ အာရုံစိုက်လိုက်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၀) ပြီး

All Chapters