← Chapters

အခန်း (၁၅၇၃+၁၅၇၄)

Vol. 113 Ch. 1573+1574

အခန်း (၁၅၇၃+၁၅၇၄)

Vol. 113 Ch. 1573+1574

အခန်း(၁၅၇၃)

ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်နှင့်အတူ ဟန်မူယဲ့၊ ကျောက်မင်ယွင်နှင့် လစန္ဒာတောင်ထွတ်မှ တခြားတပည့်ခုနစ်ယောက်က အရှေ့သို့ မြန်မြန်သွက်သွက် လျှောက်သွားကြသည်။

ဟန်မူယဲ့ အသုံးပြုသွားခဲ့သော ဓားသိုင်းများက လစန္ဒာတောင်ထွတ်မှ အမွေအနှစ်များ ဖြစ်ကြသည်။ သို့သော် ထိုဓားသိုင်းများက ဟန်မူယဲ့၏ လက်ထဲမှာ သာလွန်ထူးခြားသော တိုက်ပွဲစွမ်းအားကို အမှန်တကယ် ထုတ်လွှတ်နိုင်ခဲ့သည်။

နောက်ဆုံးမှာ သူတို့က တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြသည်။ ယင်းမှာ သူတို့၏ လစန္ဒာတောင်ထွတ်မှ အမွေအနှစ်များက အားနည်းနေခြင်းမဟုတ်ဘဲ ဓားသိုင်းကျင့်ကြံခြင်းအပေါ် သူတို့၏ ကိုယ်ပိုင်ဆင်ခြင်နားလည်မှုကသာ မလုံလောက်ခြင်း ဖြစ်သည်။

ကော့ဟွား၏ ဓားအရိုးသေတ္တာကို လက်ထဲမှာ သယ်ဆောင်ထားသော ကျောက်မင်ယွင်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် လမ်းလျှောက်နေသည်။

သူ၏ ဆရာက သူ့တစ်ဘဝလုံးကို လစန္ဒာတောင်ထွတ်မှ ဓားသိုင်းများအား လေ့လာရန် စိတ်နှစ်ထားခဲ့သည်။ သူ၏ ရည်မှန်းချက်က လစန္ဒာတောင်ထွတ်မှ ဓားသိုင်းများကို လောကတစ်ခွင် ဖြန့်ကြက်ရန် ဖြစ်သည်။

သို့သော်လည်း ဟန်မူယဲ့ အသုံးပြုသွားခဲ့သော ဓားသိုင်းနှင့် နှိုင်းယှဉ်လျှင် သူ့ဆရာ၏ ဓားသိုင်းများမှာ ဝိညာဉ်အနှစ်သာရတချို့ ကင်းမဲ့နေသည်။

သူ့ဆရာ နောက်ဆုံးအချိန်မှာ ယုံကြည်အပ်နှင်းပေးခဲ့သော ထိုဂျူနီယာညီလေးက လစန္ဒာတောင်ထွတ်၏ စစ်မှန်သော အမွေအနှစ်များကို အမှန်တကယ် ပြန်လည်ထွန်းတောက်စေနိုင်မည်လော။

“ ဆရာ သေချာအနားယူပါ… ကျွန်တော်တို့တွေ ဆရာရဲ့ မျှော်လင့်ချက်ကို သေချာပေါက် စိတ်မပျက်စေရပါဘူး ”

ကျောက်မင်ယွင်က တိုးညင်းစွာ ရေရွတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ လေးလံသော ဓားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

ဓားဆန္ဒ… ။

ဤအခိုက်အတန့်မှာ အစောနက သူဖိနှိပ်ထားခဲ့သော ကျင့်ကြံခြင်းစွမ်းအားက အထိန်းအကွပ်မဲ့စွာ ပေါ်လျှိုးလာပြီး တာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်သွားသော လက္ခဏာများကို နောက်ဆုံးမှာ ထုတ်ဖော်လိုက်သည်။

ဓားတာအိုအပေါ် သူ၏ ဆင်ခြင်နားလည်မှုက နောက်ဆုံးမှာတော့ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် လိုက်လျောညီထွေသွားသည်။ ထို့ကြောင့် မဟာတာအို၏ စိတ်ဆန္ဒက သူ့ဆီမှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ကော့ဟွားက အမြဲတမ်း သူ့ကို ထိုသို့မှာကြားခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်၏ ဓားတာအိုဆင်ခြင်မှုနှင့် ကျင့်ကြံခြင်းအဆင့်က လိုက်လျောညီထွေသွားသည့်အခါ ထိုသူက အုတ်မြစ်ခိုင်မာသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်။

“ ဝူး ”

အဝေးတွင် အလင်းစီးကြောင်းများ ထွက်ပေါ်လာကြသည်။ ထို့နောက် လျှပ်စီးက ဝင်းလက်သွားပြီး မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။

ဓားအလင်းတန်းတစ်ခုစီက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခြင်းကို ကိုယ်စားပြုသည်။

အေးစက်စက် သတ်ဖြတ်ခြင်းအရှိန်အဝါက ဓားအလင်းတန်းတစ်ခုစီမှ တည်ကြည်လေးနက်စွာ ပေါ်လျှိုးနေသည်။

ထိုဓားဆန္ဒက သတ်ဖြတ်ရန်နှင့် နှလုံးသားကို ထိုးဖောက်ရန် ရည်ရွယ်သည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက နှလုံးသားနောက်ကို လိုက်တဲ့ ဓားဂိုဏ်းတစ်ခုပဲ… သူတို့က ဆုံးဖြတ်ချက်တစ်ခု ချလိုက်တာနဲ့ လုံးဝ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး… သူတို့ရဲ့ ဂိုဏ်းသားတွေကို ပြန်သတ်ရမယ်ဆိုရင်တောင်မှပေါ့… ”

တောင်ထိပ်ပေါ်မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

“ သူတို့က ဓားကျင့်ကြံသူတွေမလား… ဓားကျင့်ကြံသူတွေဆိုတာ သတ်ဖြတ်ဖို့ မွေးဖွားလာတဲ့ လူတွေပဲ ”

အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသော လူတစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။

“ သူတို့မှာ ဘာစွမ်းအားမှ မရှိဘူးဆိုရင်တောင် ဓားကျိုးတစ်ချောင်းနဲ့ လူသတ်နိုင်သေးတယ် ”

သူ့စကားက ဘေးပတ်ဝန်းကျင်မှ လူတချို့ကို ပြုံးသွားစေသည်။

သူတို့က ဓားအလင်းကျဆင်းလာသော နေရာနှင့် အနီးနားမှာ ရှိနေကြသော်လည်း ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ လူများက သူတို့၏ တည်ရှိမှုအငွေ့အသက်ကို လုံးဝ အာရုံမခံနိုင်ကြချေ။

ဘေးပတ်ဝန်းကျင်မှ မှိန်ဖျော့သော ရွှေရောင်အလင်းအကာအရံက သူတို့တစ်ယောက်ချင်းစီက နက်ရှိုင်းသော ကျင့်ကြံခြင်းစွမ်းအားကို ကိုယ်စားပြုသည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အဲ့ဒီလူတွေကို ငါတို့အနိုင်ယူနိုင်မယ်ဆိုရင် ခန်းမသခင်ယုက ကောင်းကင်အသင်္ချေဓားဂိုဏ်းကို တိုက်ရိုက် ဝင်တိုက်ခိုက်ပြီး ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ဝင်ရောက်လိမ့်မယ် ”

အရှေ့ဆုံးမှ အကြီးအကဲက တည်ကြည်လေးနက်စွာ ပြောသည်။ သူ့စကားကို ကြားသည့်အခါ လူတိုင်း၏ မျက်နှာက တင်းမာခက်ထန်သွားပြီး သတ်ဖြတ်ခြင်းအရှိန်အဝါက သူတို့ထံမှ ထွက်ပေါ်လာသည်။

“ ကောလဟာလအရ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင် လိုချင်နေတဲ့ ရတနာတစ်ခု ရှိတယ်… ဒါပေမဲ့ ငါမသိတာက… ”

စကားပြောနေသူ၏ စကားက တစ်ဝက်တစ်ပျက်မှာ ရပ်တန့်သွားသည်။ သူက ဆက်မပြောတော့ပေ။

အဘယ့်ကြောင့်ဆိုသော် အကြည့်အားလုံးက ဓားအလင်းကျဆင်းလာသော နေရာဆီသို့ ကျရောက်သွားသောကြောင့် ဖြစ်သည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက တပည့်အားလုံး အမိန့်နားထောင်ပါ… လစန္ဒာတောင်ထွတ်က သစ္စာဖောက်တပည့်အားလုံးကို သတ်ပစ်ပါ ”

အရှေ့ဆုံးမှ ဦးဆောင်လာသော ဓားအလင်းတန်းသုံးခုက လုံးဝ တုံ့ဆိုင်းမနေဘဲ ဟန်မူယဲ့ထံသို့ ဦးတည်သွားကြသည်။

ဓားအလင်းတန်းသုံးခုက အပြန်အလှန် ယှက်ထွေသွားကြပြီး ဓားသွားများက တောင်တန်းများနှယ် အောက်သို့ ဆင်းသက်လာကြသည်။

ထိုဓားကွက်က ခမ်းနားထည်ဝါမှုမရှိဘဲ အလွန်ကြမ်းကြုတ်သည်။ ယင်းက ကြီးမားသော ခွန်အားနှင့် အလေးချိန်ကို အထူးပြုသည်။ ဓားသုံးလက်က လေထဲမှာ အတူတကွ ပေါင်းစည်းသွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။

“ ဂျူနီယာညီလေးကို ကာကွယ်ကြ ”

ဟန်မူယဲ့၏ အနောက်မှာ မတ်တတ်ရပ်နေသော ကျောက်မင်ယွင်က အော်ပြောလိုက်သည်။

ယုရှောက်ကုန်း၊ ဝမ်ယုနှင့် တခြားလူများက သူတို့၏ ဓားများကို မြှောက်လိုက်ကြပြီး ကောင်းကင်အသင်္ချေတောင်ထွတ်မှ လက်ရွေးစင်တပည့်များကို တားဆီးလိုက်ကြသည်။

ငါးယောက်နှင့် သုံးယောက် တိုက်ခိုက်ခြင်း… ။

သူတို့၏ ဓားအလင်းက တခြားလူများ၏ ဓားအလင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဝိညာဉ်အလင်းတန်းများက ရေပန်းသဖွယ် ပြန့်ကျဲသွားသည်။

လစန္ဒာတောင်ထွတ်၏ ဓားတာအိုအမွေအနှစ်က အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ကော့ဟွား၏ တပည့်များ ထုတ်ဖော်ပြခဲ့သော စွမ်းအားက ကောင်းကင်အသင်္ချေတောင်ထွတ်မှ လက်ရွေးစင်တပည့်များထက် မလျော့ချေ။

နှစ်ဖက်စလုံးက အပြင်းအထန် တိုက်ခိုက်နေကြလေရာ အချိန်တိုလေးအတွင်း အနိုင်ရလဒ်ကို မဆုံးဖြတ်နိုင်ပေ။

“ ခေါင်းမာနေတဲ့ ငတုံးတွေ ”

အရွယ်အိုမင်းသော အသံတစ်သံ ပဲ့တင်ထပ်သွားသည့်အခါ ဒါဇင်နှင့်ချီသော ဓားအလင်းများက ဆင်းသက်လာကြပြီး ဟန်မူယဲ့နှင့် သူ့အဖွဲ့သားများကို ဝိုင်းရံလိုက်ကြသည်။

သူတို့တစ်ယောက်စီက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ဂုဏ်သရေရှိ အကြီးအကဲများ ဖြစ်ကြသည်။ သူတို့က တည်ကြည်လေးနက်သော မျက်နှာဖြင့် ဓားကိုင်ထားလျက် လစန္ဒာတောင်ထွတ်မှ တပည့်များကို စိုက်ကြည့်လိုက်ကြသည်။

“ ထန် ”

ဓားထိခတ်သံများ ထွက်ပေါ်လာသည့်အခါ ယုရှောက်ကုန်းနှင့် တခြားလူများက အနောက်ဆုတ်သွားကြသည်။ သူတို့က ဟန်မူယဲ့၏ ဘေးမှာ ရပ်လိုက်ကြပြီး ကျောက်မင်ယွင် သယ်ဆောင်ထားသော ဓားအရိုးသေတ္တာကို ကာကွယ်ပေးလိုက်ကြသည်။

ဤအခိုက်အတန့်မှာ သူတို့၏ မျက်နှာက သုန်မှုန်နေသည်။

ထိုလူများသည် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အသန်မာဆုံး အကြီးအကဲများ ဖြစ်ကြသည်။ ပုံမှန်ဆိုလျှင် သူတို့ထဲမှ တစ်ယောက်ကိုပင် မြင်တွေ့ရခဲသည်။

အကယ်၍ ထိုအကြီးအကဲများသာ သူတို့ဆရာ၏ ဓားအရိုး ပြန်ရောက်လာခြင်းကို ရိုသေလေးစားစွာ ကြိုဆိုမည်ဆိုလျှင် သူတို့က စိတ်ရင်းမှ ဝမ်းမြောက်ဝမ်းသာ ခံစားမိကြလိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုအကြီးအကဲများက လစန္ဒာတောင်ထွတ်မှ တပည့်များကို သုတ်သင်ရှင်းလင်းရန် ရောက်လာကြသည်။

သို့ဖြစ်လေရာ သူတို့က မည်သို့ကြောင့် စိတ်မဆိုးဘဲ နေမည်နည်း။

“ ကျောက်မင်ယွင် အခုပဲ လက်နက်ချလိုက်ပါ ”

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က အေးတိအေးစက် အော်ပြောလိုက်သည်။

ကျောက်မင်ယွင်က ခေါင်းမော့လိုက်လေရာ စိတ်မကောင်းဖြစ်မှုနှင့် ဒေါသအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မီရှင်းတောင်ထွတ်က အကြီးအကဲယောင်ဟဲချန်း… ခင်ဗျားနဲ့ ကျုပ်ဆရာမှာ သေဖော်ရှင်ဖက် ဆက်ဆံရေးရှိတယ်… အခု ခင်ဗျားက… ”

သူက စကားဆုံးအောင် မပြောခဲ့ပေ။

အကြီးအကဲယောင်ဟဲချန်းက မျက်နှာနီမြန်းသွားပြီး ခေါင်းခါလိုက်သည်။ သူက မည်သည့်စကားမှ ပြန်မပြောပေ။

“ ဟွန့်… မင်းတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြံရွယ်နေတာပဲ… မင်းတို့ရဲ့ လစန္ဒာတောင်ထွတ်က ဖျက်ဆီးခံရဖို့ ထိုက်တန်တယ် ”

အစောနက စကားပြောခဲ့သော ခေါင်းဖြူအကြီးအကဲက အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူ၏ အနောက်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူတချို့က အတင်းအဓမ္မ ဆွဲခေါ်ခံလာရသည်။

ထိုလူများက မျက်နှာဖြူဖျော့နေသော အကြီးအကဲနှစ်ယောက်နှင့် ဒဏ်ရာအပြင်းအထန် ရရှိထားကြသော တပည့်များ ဖြစ်သည်။

“ အကြီးအကဲတုချန်း… အကြီးအကဲမိန်ယုချန် ”

“ ဂျူနီယာညီလေးရှုချောင် ”

ကျောက်မင်ယွင်တို့အုပ်စုက အံ့ဩစွာ တီးတိုးရေရွတ်လိုက်ကြသည်။

ဖမ်းဆီးခံထားကြရသော ထိုလူများက လစန္ဒာတောင်ထွတ်မှာ ကျန်ရှိနေကြသော အကြီးအကဲများနှင့် တပည့်များ ဖြစ်ကြသည်။

ဤအခိုက်အတန့်မှာ ထိုလူများက အလွန်သနားစရာကောင်းသော အခြေအနေမှာ ရှိနေကြသည်။ သူတို့က အဖမ်းမခံရမီ အပြင်းအထန် ရုန်းကန်ခဲ့ကြောင်း ထင်ရှားပေသည်။

ကျောက်မင်ယွင်နှင့် တခြားလူများထံမှ သူတို့၏ နာမည်ခေါ်သံကို ကြားသောအခါ လစန္ဒာတောင်ထွတ်မှ အကြီးအကဲများနှင့် တပည့်များက စိတ်မကောင်းသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

“ ကျောက်မင်ယွင်… တကယ်လို့ မင်းသာ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို သစ္စာမဖောက်ခဲ့ဘူးဆိုရင် တုချန်းနဲ့ တခြားလူတွေက အခုလိုမျိုး အကျဉ်းသားတွေ ဖြစ်လာကြမှာ မဟုတ်ဘူး ”

အရှေ့ဆုံးမှ အကြီးအကဲက တည်ကြည်လေးနက်စွာ ပြောရင်း အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။

သူ၏ ခြေလှမ်းကြောင့် သူ့အရှေ့မှ လေဟာနယ်က ဒီရေသဖွယ် လှိုင်းထသွားသည်။

အကယ်၍ တစ်စုံတစ်ယောက်မှာ တာအိုရှာဖွေခြင်းစွမ်းအားမရှိလျှင် ထိုသူက မိုးမြေ၏ မဟာတာအိုစွမ်းအားကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။

တာအိုဝင်ရောက်ခြင်းအဆင့်တွင် တစ်စုံတစ်ယောက်က မဟာတာအိုစွမ်းအားကို ဆန္ဒရှိသည့်အတိုင်း အသုံးချနိုင်လိမ့်မည်ဖြစ်ပြီး တာအိုချိုးဖြတ်ခြင်းအဆင့်တွင် တစ်စုံတစ်ယောက်က မဟာတာအို၏ အထက်မှာ ရပ်တည်နိုင်လိမ့်မည်။

ဤအခိုက်အတန့်မှာ ထိုအကြီးအကဲ၏ အရှိန်အဝါက မဟာတာအို၏ လမ်းစဉ်ပေါ်မှာရှိနေကြောင်း ထင်ရှားပေသည်။

တာအိုချိုးဖြတ်ခြင်းစွမ်းအား… ။

ထိုအကြီးအကဲက တာအိုချိုးဖြတ်ခြင်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ တရားရေးအကြီးအကဲ ဝမ်ချန်းလုံ ”

ကျောက်မင်ယွင်က အက်ရှရှအသံဖြင့် ပြောသည်။ စိတ်ပျက်အားလျော့မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲတစ်ယောက်က ငါတို့လို ပါးမွှားတွေအတွက် ကိုယ်တိုင်ရောက်လာတာ တကယ်ဂုဏ်ယူစရာပဲ ”

တာအိုချိုးဖြတ်ခြင်းအဆင့်… ။

အချင်းမိုင်တစ်သောင်းဧရိယာထဲဝယ် တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများက အထွတ်အထိပ်တည်ရှိမှုများ ဖြစ်ကြသည်။

ကျောက်မင်ယွင်ဖြစ်စေ သို့မဟုတ် တခြားလူများဖြစ်စေ သူတို့က တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ အရှေ့မှာ မတ်တတ်ရပ်ရန်ပင် အရည်အချင်းမရှိကြချေ။

ယင်းက အကြွင်းမဲ့ ဩဇာအာဏာ ဖြစ်သည်။

“ ဝီး ”

ပဲ့တင်သံတစ်သံ ထွက်ပေါ်လာသည်။

လူတိုင်း၏ အကြည့်အောက်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တရားရေးအကြီးအကဲ ဝမ်ချန်းလုံက ရုတ်တရက် တုန်ယင်သွားပြီး သူ၏ ခြေလှမ်းက ရပ်တန့်သွားသည်။

သူ၏ အရှေ့တွင် ဟန်မူယဲ့က ဓားကိုင်ထားလျက် တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ မည်သည့်အရှိန်အဝါမှ မရှိသော်လည်း ဝမ်ချန်းလုံ၏ အရှိန်အဝါက ဟန်မူယဲ့၏ အရှေ့မှာ ပြိုကွဲသွားသည်။

“ ဘာဖြစ်သွားတာလဲ ”

“ တစ်စုံတစ်ယောက်က အကြီးအကဲဝမ်ချန်းလုံကို တားဆီးနိုင်တယ်လား ”

“ အဲ့ဒီလူက ဘယ်သူလဲ ”

အာမေဋိတ်သံများက ဘေးပတ်ဝန်းကျင်တွင် စောင့်ကြည့်နေကြသော လူများထံမှ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူတို့၏ အကြည့်က ဝမ်ချန်းလုံနှင့် ဟန်မူယဲ့ပေါ်မှာ စွဲမြဲသွားသည်။

လစန္ဒာတောင်ထွတ်မှ တပည့်တစ်ယောက်က အကြီးအကဲဝမ်ချန်းလုံ၏ အရှေ့မှာ အေးဆေးတည်ငြိမ်စွာ မတ်တတ်ရပ်နိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

“ အံ့ဩစရာမဟုတ်တော့ဘူး… အံ့ဩစရာမဟုတ်တော့ဘူး ”

ဝမ်ချန်းလုံက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်လေရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီတော့… လစန္ဒာတောင်ထွတ် ဂိုဏ်းအပေါ် သစ္စာဖောက်ရဲတာ မင်းကြောင့်ကို ”

သူ၏ လက်ကို ဓားရိုးပေါ်မှာ တင်လိုက်သည့်အခါ သူ၏ ဓားအရှိန်အဝါက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။

“ မင်းက လစန္ဒာတောင်ထွတ်ရဲ့ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းဖို့ ကော့ဟွားလက်ခံခဲ့တဲ့ တပည့်သစ်ဟန်မူယဲ့ ”

စကားသံ ဆုံးသွားသည်နှင့်ချက်ချင်း ဝမ်ချန်းလုံက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်သည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အာဏာကို ဆန့်ကျင်တဲ့အတွက် ဒီနေ့ မင်းသေဆုံးရမယ် ”

စူးရှတောက်ပသော ပေသုံးဆယ်ဓားအလင်းက ဟန်မူယဲ့ပေါ်သို့ ကျဆင်းလာသည်။ ဓားအလင်း ပေါ်လျှိုးလာသည့်အခိုက် လေကြမ်းများနှင့် မုန်တိုင်းများက အချင်းပေတစ်ရာအတွင်းမှာ ကြမ်းတမ်းစွာ ထွက်ပေါ်လာကြသည်။ မြေကြီးသည်ပင် တုန်ယင်သွားသည်။

ဓားတစ်ချက်အစွမ်းက အလွန်ကြောက်စရာကောင်းသည်။

အခန်း(၁၅၇၄)

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဓားသိုင်းများထဲမှာ အရှိန်အဝါဖုံးကွယ်သော စိတ်ဆန္ဒက ကိန်းအောင်းနေသည်။ ထို့ကြောင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဤနယ်တစ်ဝိုက်မှာ နာမည်ကျော်ကြားခြင်း ဖြစ်သည်။

သို့သော်လည်း မဟာပန်သွန်ဘုံတစ်ခုလုံးတွင် ကျင့်ကြံခြင်းနည်းစနစ်အများစုက ရက်စက်ကြမ်းတမ်းပြီး ရိုးရှင်းသည်။ ဝမ်ချန်းလုံ၏ ဓားချက်က ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ်အရှိန်အဟုန်ကို ပိုင်ဆိုင်ထားလေရာ ယင်းကို တားဆီးရန် ခက်ခဲပုံပေါ်သည်။ သို့တိုင် ထိုဓားသိုင်းကို အနှစ်ချုပ်ဆိုရသော် အလွန်ရိုးရှင်းသည်။

အဆင့်မြင့်ဓားသိုင်းများက ဟန်ပြရန်သက်သက် မဟုတ်ပေ။

စွမ်းအားထုတ်ဖော်မှုက ဓားတစ်ခုတည်းပေါ်မှာသာ မူတည်ရမည်။

အစွမ်းထက်ကျင့်ကြံသူများသည် အမြင်လှသော သိုင်းကွက်များနှင့် နည်းစနစ်များကို မလိုအပ်ကြချေ။

မဟာပန်သွန်ဘုံတွင် မူလစွမ်းအားက အလွန်အုတ်မြစ်ခိုင်မာသည်။ သို့ဖြစ်၍ ဓားကျင့်ကြံခြင်းက ရှုပ်ထွေးနက်နဲနေရန် မလိုပေ။

ရိုးရှင်းမှုက မဟာပန်သွန်ဘုံမှ ကျင့်ကြံသူအားလုံး လက်ခံထားကြသောအရာ ဖြစ်သည်။

တာအိုချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် လှုပ်ရှားလိုက်လေရာ ထိုဓားချက်က မဟာတာအို၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ လူတိုင်းကို မျက်နှာဖြူဖျော့သွားစေသည်။

ထိုသို့ဓားချက်ဖြင့် ရင်ဆိုင်ရသော်လည်း ဟန်မူယဲ့က မတုန်မလှုပ် ရှိနေဆဲပင်။ သူက လက်ထဲမှ ဓားကို ညင်သာစွာ ပင့်မြှောက်လိုက်သည်။

“ ထန် ”

သူ၏ ဓားရှည်က အပေါ်မှ ကျဆင်းလာသော ဓားသွားနှင့် တွေ့ဆုံသွားသည့်အခါ ဓားရှည်က တုန်ယင်သွားသည်။

ထို့နောက် မရေမတွက်နိုင်သော သတ္ထုထိခတ်သံများ ပဲ့တင်ထပ်သွားသည်။ သတ္ထုမြည်သံက ဆက်တိုက် ထွက်ပေါ်လာလေရာ မြည်သံအားလုံးက သံရှည်တစ်ခုတည်းအဖြစ် ဆွဲဆန့်သွားဟန် ရ၏။

လူတိုင်း၏ အမြင်တွင် ဝမ်ချန်းလုံ၏ ရက်စက်ကြမ်းကြုတ်သော ဓားချက်က အလွှာအထပ်ထပ် အားလျော့သွားသည်။

ဓားသွားက ဟန်မူယဲ့နှင့် သုံးပေအကွာဆီသို့ တိုးဝင်လာသည့်အခါ ယင်းက မည်သူမဆို ခုခံနိုင်သော သာမန်ဓားချက်တစ်ခု ဖြစ်သွားသည်။

“ ထန် ”

ဓားသွားနှစ်ခု ပွတ်တိုက်သွားသည်။

ဓားနှစ်လက် တွေ့ဆုံသွားသည့်အခါ ဟန်မူယဲ့၏ အမူအရာက တည်ငြိမ်နေသော်လည်း ဝမ်ချန်းလုံ၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပျောက်ကွယ်သွားပြီး မယုံကြည်နိုင်မှုက အစားထိုး ထွက်ပေါ်လာသည်။

သူက တာအိုချိုးဖြတ်ခြင်းအဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အစောနက သူထုတ်လွှတ်ခဲ့သော ဓားစွမ်းအားက သူ့ရန်သူထက် အဆတစ်ရာပိုအားကောင်းသည်။

သို့သော်လည်း ထိုမျှအားကောင်းသော ဓားစွမ်းအားကို တစ်ဖက်လူက အလွယ်တကူ ခုခံနိုင်ခဲ့သည်။

“ အဲ့ဒါက သက်တံ့စုစည်းခြင်းဓားသိုင်းထဲက တိမ်လှိုင်းသုံးဆင့်ဓားကွက်ပဲ ”

ကျောက်မင်ယွင်၏ အရှေ့မှာ မတ်တတ်ရပ်နေသော ဝမ်ယုက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“ မဟုတ်ဘူး… အဲ့ဒါ တိမ်လှိုင်းသုံးဆင့်ဓားကွက်မဟုတ်ဘူး ”

“ အဲ့ဒါ တိမ်လှိုင်းတစ်ရာပဲ… ”

တိမ်လှိုင်းသုံးဆင့်ဓားကွက်သည် တိမ်တိုက်များ၏ ညင်သာသော ရွေ့လျားမှုနှင့် ဒြပ်ထည်မဲ့သော ဖြစ်တည်မှုကို အခြေခံ၍ ဖန်တီးထားသော ဓားကွက် ဖြစ်သည်။ ထိုဓားကွက်က အားကောင်းသော်လည်း အမှန်မှာ ယင်းက ပုံရိပ်ယောင်သာ ဖြစ်သည်။ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားတွင် အကာအရံအလွှာများကို ဆက်တိုက် ဖန်တီး၍ ရန်သူ၏ တိုက်ခိုက်မှုကို အားလျော့စေမည်။

ထိုဓားကွက်က ယင်း၏ နာမည်အတိုင်း အကာအရံအလွှာသုံးဆင့်ကိုသာ ဖန်တီးနိုင်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ဟန်မူယဲ့ အသုံးပြုသွားခဲ့သော ဓားကွက်တွင် အကာအရံအလွှာတစ်ရာပါဝင်ပြီး အကာအရံအားလုံးက တစ်ခုပေါ်တစ်ခုဆင့်၍ တည်ရှိနေကြသည်။ တစ်နည်းဆိုရလျှင် ယင်းက မူလတိမ်လှိုင်းသုံးဆင့်ဓားကွက်၏ ခုခံမှုကို အဆတစ်ရာ ပိုအားကောင်းသွားစေသည်။

“ ငါ့ရဲ့ ဒုတိယမြောက် ဓားချက်ကို မင်းခုခံနိုင်လိမ့်မယ်လို့ ငါမယုံဘူး ”

ဝမ်ချန်းလုံ၏ မျက်နှာက ဒေါသကြောင့် နီမြန်းသွားသည်။ သူက ခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရအားလုံးကို တိုက်ရိုက် ဖွင့်လှစ်လိုက်ပြီး ဓားထဲသို့ ထည့်သွင်းလိုက်လေရာ ဓားကိုယ်ထည်က တုန်ယင်သွားသည်။

သူက နောက်တစ်ကြိမ် ဓားဖြင့် ပိုင်းချလိုက်သည်။

ဤတစ်ကြိမ်ဓားချက်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အစောနကထက် အများကြီး ပိုအားကောင်းသည်။

ထိုသို့ဓားချက်က တာအိုချိုးဖြတ်ခြင်းအဆင့်ထဲဝယ် အသန်မာဆုံးစွမ်းအား ဖြစ်သည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးတွင် ထိုသို့ဓားချက်ကို ခုခံနိုင်သည့်လူက ဆယ်ယောက်မကျော်ပေ။

ထိုဓားမှ ပျံ့လွင့်လာသော စွမ်းအင်လှိုင်းတချို့ကပင် အဝေး၌ ပုန်းအောင်းနေကြသော ပုံရိပ်တချို့ကို မျက်နှာတည်ကြည်သွားစေသည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အစွမ်းအစတချို့ ရှိသားပဲ… ”

“ အဲ့ဒီဓားချက်က မိုင်တစ်သောင်းဧရိယာအတွင်း နာမည်ကျော်ကြားတဲ့ တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားပဲ ”

ကျင့်ကြံခြင်းလောကတွင် ခွန်အားကြီးမားသူက မည်သည့်နေရာမှာမဆို လူတိုင်း၏ ရိုသေလေးစားမှုကို ရရှိလိမ့်မည်။

ယခု ဝမ်ချန်းလုံ ထုတ်လွှတ်လိုက်သော ဓားချက်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တရားရေးအကြီးအကဲဟူသော သူ၏ အဆင့်အတန်းနှင့် အမှန်တကယ် လိုက်ဖက်သည်။

ဓားသွားထဲမှာ ကိန်းအောင်းနေသော မဟာတာအိုစွမ်းအားက တာအိုချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်ဟူသော သူ၏ သရုပ်နှင့်လည်း ကိုက်ညီသည်။

“ ဝီး ”

ဓားသွားမှ ဆင့်ခေါ်လိုက်သော မဟာတာအိုစွမ်းအားကြောင့် ပေတစ်ရာပတ်လည်အတွင်းမှ အရာအားလုံးက ချက်ချင်း အကျဉ်းချခံလိုက်ရသည်။ ထိုထဲမှာ ကျောက်တုံးများ၊ သစ်ပင်များနှင့် လူသားများပင် ပါဝင်ကြသည်။

ကျောက်မင်ယွင်နှင့် ယုရှောက်ကုန်းက တုန်ယင်သွားသည်။ ဓားချက်ဆင်းသက်လာသည့်အခိုက် သူတို့၏ အရိုးများနှင့် ကြွက်သားများက အက်ကွဲသွားတော့မည့်အလားပင်။

ဤအခိုက်အတန့်မှာ သူတို့က ဘာမှမလုပ်ဆောင်နိုင်ကြချေ။ အကယ်၍ သူတို့၏ အရှေ့မှ ဟန်မူယဲ့သာ ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့အားလုံးက ထိုဓားချက်ဖြင့် သုတ်သင်ရှင်းလင်းခံရလိမ့်မည်။

ဝမ်ချန်းလုံက သူတို့ကို အသက်ရှင်ခွင့်ပေးလိမ့်မည်မဟုတ်။

သို့ဖြစ်၍ ယခုအချိန်မှာ လူတိုင်း၏ အကြည့်က ဟန်မူယဲ့၏ လက်ထဲမှ ဓားပေါ်သို့ ကျရောက်သွားသည်။

သူက ထိုဓားချက်ကို တားဆီးနိုင်လိမ့်မည်လော။

ဟန်မူယဲ့က နောက်တစ်ကြိမ် ဓားမြှောက်တင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက ရန်သူ၏ ဓားချက်ကို ခုခံရန် အကာအရံအလွှာတစ်ရာကို မဖန်တီးပေ။

ယင်းအစား သူက ဓားရှည်ကို အရှေ့သို့ တည့်တည့်ထိုးလွှတ်လိုက်သည်။

ထိုဓားက သူ၏ မူလဝိညာဉ်ဓား ဖြစ်သည်။ သို့ဖြစ်၍ ဓားက အလွန်မာကျောလေရာ အာဏာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ယင်းကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ပေ။

သူက ဓားကို လက်ထဲမှာ ကိုင်ထားရင်း ရန်သူ၏ ဓားချက်ကို တန်ပြန်ရန် အရိုးရှင်းဆုံး တိုက်ခိုက်မှုဖြစ်သော ဓားထိုးသွင်းခြင်းကို လုပ်ဆောင်လိုက်သည်။

သူက မဟာပန်သွန်ဘုံ၏ တာအိုအဆင့် ကျင့်ကြံခြင်းသို့ မရောက်ရှိသေးပေ။ သို့သော်လည်း သူ၏ ရုပ်ခန္ဓာကိုယ်က အလွန်သန်မာပြီး သူ၏ ရုပ်ခွန်အားက အဆုံးစွန်ထိ ရောက်ရှိနေသည်။

ထိုသို့ရုပ်ခွန်အားဖြင့် ရင်ဆိုင်ရသည့်အခါ ကျင့်ကြံခြင်းစွမ်းအားက မည်သို့အသုံးဝင်လိမ့်မည်နည်း။

ဓားသွားနှစ်ခုက ထိပ်တိုက် တွေ့ဆုံသွားကြသည်။

ဝမ်ချန်းလုံ၏ ဓားက ဟန်မူယဲ့၏ လက်ထဲမှ ဓားရှည်ဖြင့် တားဆီးခံလိုက်ရသည်။

မဟာတာအို၏ စွမ်းအားက မည်မျှအားကောင်းပါစေ ယင်းက ဟန်မူယဲ့၏ ဓားကို မဖြတ်ကျော်နိုင်ပေ။

ဟန်မူယဲ့၏ ဓားပေါ်မှ မှော်သင်္ကေတများက မလှုပ်မယှက် ရှိနေကြသည်။

“ ထန် ”

သတ္ထုထိခတ်သံက လေထဲမှာ ပဲ့တင်ထပ်သွားသည်။

ကြီးမားသော တန်ပြန်အားကြောင့် ဝမ်ချန်းလုံ၏ ဓားက သူ၏ လက်ထဲမှ လွင့်စင်သွားသည်။

သုံးပေရှည်လျားသော ဓားက လေထဲမှာ တစ်လက်မချင်းစီ အက်ကွဲသွားပြီး မြေပြင်ပေါ်မှာ အပိုင်းပိုင်းအစစ ပြန့်ကျဲသွားသည်။

ဝမ်ချန်းလုံ၏ လက်ဝါးက ပေါက်ကွဲသွားပြီး အက်ကွဲရာများ ထွက်ပေါ်လာသည်။ ထိုအက်ကွဲရာများမှတဆင့် အထဲမှ ရွှေရောင်အရိုးများကိုပင် မြင်နိုင်ပေသည်။

သူ့ကဲ့သို့ တာအိုချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က တစ်ဖက်လူ၏ ဓားထိုးသွင်းမှုကိုပင် မခုခံနိုင်ခဲ့ပေ။

သူက ဒယိမ်းဒယိုင် အနောက်ဆုတ်သွားပြီး သွေးထွက်နေသော လက်ကို အခြားလက်တစ်ဖက်ဖြင့် ဖိလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ပြင်းထန်စွာ စူးစိုက်ကြည့်လိုက်သည်။

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို အရှေ့သို့ ညွှန်လိုက်သည်။ သူ၏ အမူအရာက အေးစက်နေသည်။

“ သူတို့ကို ထားခဲ့ပါ… တခြားလူတွေကတော့ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ပြန်သွားပြီး စောင့်နေကြပါ ”

သူက ဖမ်းဆီးခံထားရသော လစန္ဒာတောင်ထွတ်မှ အဖွဲ့သားများထံသို့ သူ၏ လက်ထဲမှ ဓားဖြင့် ညွှန်ပြလိုက်ပြီး ပြောသည်။

သူ၏ အရှေ့တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲများနှင့် လက်ရွေးစင်တပည့်အားလုံးက မျက်နှာဖြူဖျော့သွားကြသည်။ ဤအခိုက်အတန့်မှာ သူတို့က မည်သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။

ဂိုဏ်းထဲမှ အကြီးအကဲများအနက် ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်သော ဝမ်ချန်းလုံက ရိုးရှင်းသော ဓားတစ်ချက်တည်းကြောင့် ရှုံးနိမ့်သွားလိမ့်မည်ဟု တစ်ခါမှ သူတို့မတွေးဖူးကြချေ။

မည်သို့ကြောင့် ဝမ်ချန်းလုံက ရှုံးနိမ့်သွားရသနည်း။

အကြီးအကဲဝမ်ချန်းလုံက တာအိုချိုးဖြတ်ခြင်းအဆင့် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

ဝမ်ချန်းလုံက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်မှ အရိုးများကို ဖိရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သို့သော် သွေးထွက်လွန်ကဲမှုကြောင့် သူ၏ မျက်နှာက ဖြူဖျော့နေသည်။

“ နောက်ပြန်လှည့်မယ် ”

အခြားတစ်ဖက်မှ ဝတ်စုံနက်အကြီးအကဲတစ်ယောက်က တိုးညင်းစွာ အော်ပြောလိုက်သည်။ ထို့နောက် သူက နေရာမှ ချက်ချင်း ထွက်သွားသည်။

ဝမ်ချန်းလုံကို အလွယ်တကူ အနိုင်ယူနိုင်မှတော့ သူတို့ထဲမှ မည်သူမှ ဟန်မူယဲ့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက ဟန်မူယဲ့၏ စွမ်းအားက အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေကြောင်း ဖော်ပြနေသည်။

အကယ်၍ သူတို့က ဤတစ်ကြိမ်မှာ မဆင်မခြင် လှုပ်ရှားလိုက်မည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေးတစ်ခုပင် ရှိတော့မည် မဟုတ်ချေ။

ထို့ပြင် ယခုအချိန်မှာ မည်သူက ဟန်မူယဲ့ကို ရင်ဆိုင်နိုင်မည်နည်း။

အခြေအနေက ထိုသို့ဆိုမှတော့ ဂိုဏ်းဆီ အရင်ပြန်သွားပြီး ဂိုဏ်းခေါင်းဆောင်နှင့် ဓားပျိုးထောင်ခြင်းတဲအိမ်မှ အကြီးအကဲကို အကြောင်းစုံတင်ပြရမည်။

လစန္ဒာတောင်ထွတ်မှ တုချန်း၊ မိန်ယုချန်နှင့် တခြားလူများကို ဖမ်းဆီးထားကြသော ကျွမ်းကျင်ပညာရှင်များက အမြန်အနောက်ဆုတ်သွားကြသည်။

လူတိုင်းက သတိကြီးစွာထား၍ အနောက်ဆုတ်သွားကြသည်။ ထို့နောက် သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ဦးတည်ရာဆီသို့ အမြန်ပြေးသွားကြသည်။

ဟန်မူယဲ့က မလှုပ်ရှားပေ။ ယင်းအစား သူက အခြားဦးတည်ရာတစ်ခုဆီသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ပုန်းအောင်းနေသော ခေါင်းဆောင်အကြီးအကဲက မျက်လုံးဝင်းလက်သွားသည်။ သူက တိုးညင်းစွာ အော်ပြောလိုက်သည်။

“ သတ်ပစ် ”

သူအမိန့်ပေးလိုက်သည်နှင့်ချက်ချင်း ပုန်းအောင်းနေကြသော ခန္ဓာကိုယ်ကျင့်ကြံသူအားလုံးက လေပေါ်သို့ ခုန်တတ်လိုက်ကြသည်။

သူတို့က တစ်ချက်ခုန်လိုက်ရုံဖြင့် ပေတစ်ရာအကွာအဝေးကို တိုက်ရိုက် ဖြတ်ကျော်သွားကြသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ လက်ရွေးစင်တပည့်များ၏ အနောက်သို့ လိုက်မီသွားကြသည်။ တစ်ချိန်တည်းမှာ သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များ၏ ဆုတ်ခွာမှုကို တားဆီးလိုက်ကြသည်။

ခေါင်းဆောင်အကြီးအကဲက မည်သည့်စကားမှ မပြောဘဲ အရှေ့သို့ လက်သီးထိုးလွှတ်လိုက်သည်။

သူ၏ လက်သီးက လေထဲမှာ တစ်ပေခန့် ကြီးမားသော ရွှေရောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲများကို လွှမ်းခြုံသွားသည်။

“ ထန် ”

ဓားအလင်းများက ပျံသန်းထွက်လာကြပြီး လက်သီးပုံရိပ်ဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ဓားဆွဲထုတ်လိုက်သော အကြီးအကဲများက မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည့်အခါ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။

“ အဲ့ဒါ ထျန်မင်ဂိုဏ်းက လူတွေ ”

“ ထျန်မင်ဂိုဏ်းက ငါတို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို သုတ်သင်ဖို့ အမြဲတမ်း ဆန္ဒရှိနေတာ… သူတို့က ဒီတစ်ခေါက် အခွင့်အရေးကို အသုံးချပြီး ငါတို့ကို လုပ်ကြံသတ်ဖြတ်ချင်နေတာပဲ ”

အထိတ်တလန့် အော်သံများနှင့် တီးတိုးစကားသံများက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲများနှင့် လက်ရွေးစင်တပည့်များထံမှ ထွက်ပေါ်လာသည်။ သူတို့က ဘေးပတ်ဝန်းကျင်၌ ဆင်းသက်လာကြသော လူများကို ကြည့်လိုက်ကြသည်။

သူတို့က ခန္ဓာကိုယ်ကျင့်ကြံသူများဖြစ်ပြီး အလွန်အားကောင်းသော သွေးချီအရှိန်အဝါကို ထုတ်လွှတ်နေလေရာ သူတို့ထက် ပိုပြီးသန်မာကြောင်း ထင်ရှားသည်။

အထူးသဖြင့် အရှေ့ဆုံးမှ လူတချို့ ဖြစ်သည်။ သူတို့၏ သွေးချီစွမ်းအားနှင့် အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိနေသည်။

“ တာအိုချိုးဖြတ်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ ထျန်မင်ဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင် ဝူတန်ယုနဲ့ ပြင်ပရေးရာခန်းဆောင်ရဲ့ ခန်းမသခင် ကျောက်ချန်းလန်… မင်းတို့တွေ ဒီတစ်ကြိမ် အားကုန်ထုတ်လာတာပဲ ”

ထျန်မင်ဂိုဏ်း၏ ဝိုင်းရံခံထားရသော ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အဖွဲ့သားများထဲတွင် ဝမ်ချန်းလုံက သုန်မှုန်သော မျက်နှာဖြင့် အော်ပြောလိုက်သည်။

ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်နှစ်ဦးဖြင့် ရင်ဆိုင်ရသည့်အခါ သူတို့ဘက်တွင် မည်သည့်အခွင့်အရေးမှ မရှိပေ။

အကယ်၍ သူတို့ထဲမှ လူအများစုက ယနေ့ သတ်ဖြတ်ခံလိုက်ရမည်ဆိုလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အလုံးစုံအင်အားက ခုနစ်ဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားလိမ့်မည်။

“ လစန္ဒာတောင်ထွတ်က သစ္စာဖောက်တပည့်တွေ အဲ့လောက်မောက်မာနေတာ မထူးဆန်းတော့ပါဘူး… လက်စသတ်တော့ သူတို့က ထျန်မင်ဂိုဏ်းနဲ့ ပူးပေါင်းနေတာကို ”

ဝမ်ချန်းလုံက အံကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။ သူက ခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရကို လှုံ့ဆော်လိုက်လေရာ ဓားပုံရိပ်တစ်ခုက သူ၏ ကျောနောက်မှာ ဖွဲ့စည်းသွားသည်။

“ အသက်စတေးပြီး တိုက်ကြ… ဒီဝိုင်းရံမှုကနေ ချိုးဖောက်ပြီးရင် လူစုခွဲပြီး ထွက်ပြေးကြ ”

ဝမ်ချန်းလုံက အော်ပြောလိုက်ပြီး အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူတို့ကို ဝိုင်းရံထားကြသော ထျန်မင်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များက ကျယ်လောင်စွာ အော်ရယ်လိုက်ကြသည်။

သူတို့ထံမှ သွေးချီအနှစ်သာရက အပြန်အလှန် ချိတ်ဆက်သွားကြပြီး လေထဲမှာ သွေးနီရောင်ကွန်ရက်တစ်ခုကို ဖွဲ့စည်းသွားသည်။

“ ဒီနေ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဘယ်သူမှ အသက်ရှင်လျက် မလွတ်မြောက်စေရဘူး ”

“ မင်းတို့ကို ရှင်းထုတ်ပြီးရင် မိုင်တစ်သောင်းဧရိယာအတွင်းမှာ ငါတို့ရဲ့ ထျန်မင်ဂိုဏ်းက အထွတ်အထိပ်နေရာကို မြင့်တတ်သွားလိမ့်မယ် ”

All Chapters