← Chapters

အခန်း (၁၅၇၉+၁၅၈၀)

Vol. 113 Ch. 1579+1580

အခန်း (၁၅၇၉+၁၅၈၀)

Vol. 113 Ch. 1579+1580

အခန်း(၁၅၇၉)

“ ယုချန်းလင်လား ”

ထိုပုံရိပ်နှစ်ခုထဲမှ တစ်ယောက်ကို ဟန်မူယဲ့ မှတ်မိသည်။

ထိုသူက ယုတိုင်တောင်ထွတ်၏ တောင်ထွတ်အရှင်သခင် ယုချန်းလင်ဖြစ်သည်။ သူက ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းတွင် ကော့ဟွား၏ အောက်မှာ ရှိသည်။

ထိုသူက ဂိုဏ်းကို သစ္စာဖောက်ပြီး ဓားပျိုးထောင်ခြင်းတဲအိမ်မှ အကြီးအကဲကို လုပ်ကြံသတ်ဖြတ်ကာ လေဝိညာဉ်ဓားကို ခိုးယူသွားခဲ့သူလည်း ဟုတ်၏။

“ ကြည့်ရတာ မင်းက ကော့ဟွားရဲ့ တပည့်အစစ်ပဲ… ငါ့လို အဖိုးကြီးကိုတောင် မင်းက သိတယ် ”

ယုချန်းလင်က အော်ရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်က ပိန်ပါးပြီး သူ၏ မျက်နှာက ဖြူဖျော့နေသည်။

သူ၏ ဘေးတွင် ခန္ဓာကိုယ်ထွားကြိုင်းပြီး အရပ်ရှည်သော အကြီးအကဲတစ်ယောက် ရှိသည်။ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှ ထွက်ပေါ်နေသည်။

“ ခန်းမသခင်ယု… အဲ့ဒီကျောက်ပြားတွေက လေဝိညာဉ်ဓားနဲ့ ဆက်စပ်နေတယ်လို့ ခင်ဗျားပြောခဲ့တယ်မလား ”

အကြီးအကဲက လေးနက်စွာ စကားပြောလိုက်သည်နှင့် သူ၏ အကြည့်က ဟန်မူယဲ့၏ အနောက်မှ ကျောက်ပြားများပေါ်သို့ ကျရောက်သွားသည်။

ဒီတော့ သူတို့က အဲ့ဒီကျောက်ပြားတွေအတွက် ရောက်လာကြတာကို… ။

ဟန်မူယဲ့က ယုချန်းလင်ကို ကြည့်လိုက်သည်။

“ ငါက ကော့ဟွားနဲ့ ခင်မင်တယ်… ဒါကြောင့် ငါမင်းကို မသတ်ချင်ဘူး ”

ယုချန်းလင်က ခေါင်းခါလိုက်သည်။ သူက မထူးမခြားနား အမူအရာဖြင့် ဆက်ပြောသည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ပျက်စီးတော့မယ်… တကယ်လို့ မင်းအသက်ရှင်ချင်တယ်ဆိုရင် အခုပဲ ထွက်သွားပါ ”

ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး သုံးမီတာရှည်လျားသော ကျောက်ပြားများထံသို့ လက်ညှိုးညွှန်လိုက်သည်။

“ အဲ့ဒီကျောက်ပြားတွေရဲ့ ပုံတူရှိလား ”

“ ငါ့ကို ပုံတူတစ်စုံပေးပါ ”

သူ၏ လေသံထဲမှာ ယဉ်ကျေးမှု လုံးဝ မရှိပေ။ မောက်မာထောင်လွှားမှုသာ ရှိ၏။ ဤသည်မှာ သူက ဂျူနီယာတစ်ယောက်ကို အမိန့်ပေးနေသည့်အလားပင်။

သူက သူ့ကိုယ်သူ အပြင်လူတစ်ယောက်ဟု တကယ် မသတ်မှတ်ထားပေ။

“ လေဝိညာဉ်ဓားကရော ”

ဟန်မူယဲ့က ပြောသည်။

ထိုစကားက ယုချန်းလင်ကို အံ့ဩသွားစေသည်။

သူ့ဘေးမှ အကြီးအကဲက စိတ်မရှည်ဖြစ်လာပြီး အရှေ့သို့ ခုန်လိုက်သည်။ သူ၏ လက်က လေထဲမှာ နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားသည်။

“ ကောင်လေး… မင်းက သောက်စကားများလွန်းတယ် ”

ထိုအကြီးအကဲ လှုပ်ရှားလိုက်သည့်အခါ လေကြမ်းများ တိုက်ခတ်လာသည်။

လေကြမ်းတိုက်ခတ်သံက လူသားများ၏ စစ်မှန်သော နှလုံးသားကို ဆုတ်ဖြဲလိုက်သည်။ အကယ်၍ ဉာဏ်အလင်းရအဆင့် ကျင့်ကြံသူတစ်ယောက်က ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူ၏ စိတ်ဝိညာဉ်က တိုက်ရိုက် ပျက်စီးသွားလိမ့်မည်။

ထိုအကြီးအကဲက တာအိုချိုးဖြတ်ခြင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ယုချန်းလင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။

အစောနက သူသည် ဂျူနီယာကို မျက်နှာသာပေးသော အကြီးအကဲတစ်ယောက်အနေဖြင့် ဟန်မူယဲ့ကို လွတ်လမ်းတစ်ခု ပေးခဲ့သည်။ ဤအခိုက်အတန့်မှာ တာအိုချိုးဖြတ်ခြင်းအဆင့် ပညာရှင်တစ်ယောက်က လှုပ်ရှားလိုက်သည့်အခါ သူက ဘေးထွက်ရပ်နေလိုက်သည်။

ဟန်မူယဲ့က မလှုပ်မယှက်ရှိနေသည်။ သူက လက်ကောက်ဝတ်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ဓားဆွဲထုတ်လိုက်သည်။

သုံးပေရှည်လျားသော ဓားက ဓားအိမ်ထဲမှ ထွက်ပေါ်လာသည့်အခါ ကြည်လင်သော အသံတစ်သံက ပဲ့တင်ထပ်သွားသည်။ တဟူးဟူး တိုက်ခတ်နေသော လေသည်ပင် ထိုအသံကို မဖုံးကွယ်နိုင်ပေ။

ဓားသွားပေါ်တွင် နက်နဲသိမ်မွေ့သော အလင်းတစ်ခု ပေါ်လျှိုးလာသည့်အခါ ဓားဖျားက အနည်းငယ် တုန်ယင်သွားသည်။

“ ထန် ”

တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲ၏ လက်ဝါးက တိုက်ရိုက် တားဆီးခံလိုက်ရသည်။

ဓားသွားက လက်ဝါးနှင့် တွေ့ဆုံသွားသည့်အခါ နဂါးလက်သည်းက သုံးပေအဝေးသို့ အနောက်ဆုတ်သွားသည်။

အကြီးအကဲ၏ မျက်နှာပေါ်မှာ အံ့ဩသော အမူအရာ ထွက်ပေါ်လာသည်။

ယုချန်းလင်၏ အမူအရာသည်လည်း ခက်ထန်သွားသည်။

ဟန်မူယဲ့က ဂိုဏ်း၏ ဂိတ်တံခါးအရှေ့မှာ ရှယွင်ရှန်းနှင့် တိုက်ခိုက်နေစဉ် သူတို့နှစ်ယောက်က ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ အကြီးအကဲကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ သို့ဖြစ်၍ သူတို့က ဟန်မူယဲ့၏ တိုက်ပွဲကို မျက်မြင်မတွေ့ခဲ့ရပေ။ ဟန်မူယဲ့က အလွန်သန်မာပြီး ထိုတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု သူတို့တွေးထားကြသော်လည်း ထိုမျှအလွယ်တကူ ခုခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။

“ ရွှတ် ”

ဟန်မူယဲ့က သူ၏ ဓားကို အရှေ့သို့ ထိုးသွင်းလိုက်လေရာ စူးရှသော မြည်သံတစ်သံ ထွက်ပေါ်လာသည်။

သွေးက တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲ၏ လက်ဝါးထဲမှ ပန်းထွက်လာသည်။ အကြီးအကဲက ထိတ်လန့်တုန်လှုပ်သွားပြီး အမြန်အနောက်ဆုတ်လိုက်သည်။

ဒဏ်ရာက အလွန်ပြင်းထန်လေရာ လက်ဝါးထဲမှ သူ၏ အရိုးများကိုပင် မြင်ရနိုင်သည်။

“ မင်း… မင်း… ”

အကြီးအကဲက ဒေါသထွက်သွားပြီး ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။

သူက အစွမ်းထက် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲတွင် သူ့အား ဒဏ်ရာရစေနိုင်သော ပုဂ္ဂိုလ်များက အနည်းငယ်သာ ရှိသည်။

ယခု ဂျူနီယာတစ်ယောက်၏ သာမန်ဓားထိုးမှုက သူ၏ လက်ဝါးကို ဒဏ်ရာရစေခဲ့သည်။

ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်၏ လက်ဝါးက ကျောက်တုံးထက် မာကျောသည် မဟုတ်ပါလော။

“ အဲ့ဒါက ကျောက်ပြားပေါ်က ဓားသိုင်းမဟုတ်လား ”

ယုချန်းလင်၏ အသံက ထွက်ပေါ်လာသည်။

သူ၏ မျက်လုံးများက အလိုရမ္မက်ကြောင့် လင်းလက်တောက်ပလာသည်။

ယုချန်းလင်၏ စကားကို ကြားသောအခါ တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသော အလင်းရောင်က ပေါ်လျှိုးလာသည်။

ဟန်မူယဲ့၏ ဓား၊ သူအသုံးပြုသွားခဲ့သော ဓားသိုင်းများနှင့် ထိုကျောက်ပြားများသည် တန်ဖိုးကြီးမားသော ရတနာများ ဖြစ်ကြသည်။

သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ သူ၏ လက်ဝါးပေါ်မှ ဒဏ်ရာက ပျောက်ကင်းသွားသည်။

သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

သူက လက်သီးတစ်လုံး ထိုးလွှတ်လိုက်လေရာ ရွှေရောင်လက်သီးပုံရိပ်က အရှေ့သို့ ပျံသန်းသွားသည်။

“ ဂရား ”

ရွှေရောင်လက်သီးပုံရိပ်က လေထဲမှာ ရွှေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ဆီသို့ ဦးတည်သွားသည်။

နဂါးဟိန်းသံအောက်မှာ ကျမ်းစာဆောင်တစ်ခုလုံး တုန်ယင်သွားသည်။

ယင်းက အစွမ်းထက် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုဖြစ်သည်။

လစန္ဒာတောင်ထွတ်ပေါ်တွင် ပုံရိပ်အများအပြားက ကျမ်းစာဆောင်ဆီသို့ အမြန်ပြေးလာကြသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

သူ၏ ဓားက ရုတ်တရက် တုန်ယင်လာသည်။ သူက ဓားဖျားကို အနည်းငယ် တိမ်းစောင်းလိုက်ပြီး အလျားလိုက် ခုတ်ပိုင်းလိုက်သည်။

သူ၏ ဓားသွားက သုံးပေအကွာမှ နဂါးပုံရိပ်နှင့် တွေ့ဆုံသွားသည့်အခါ နဂါးပုံရိပ်က တစ်ချက်တည်း ပြိုကွဲပျက်စီးသွားသည်။

ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည့်အခါ နဂါးပုံရိပ်အကြွင်းအကျန်က တိမ်မြူခိုးအဖြစ် ပြောင်းလဲသွားသည်။

တိမ်မြူခိုး၏ ဖုံးလွှမ်းမှုအောက်မှာ ဓားဖျားက အရှေ့သို့ တိုးဝင်သွားသည်။

တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲက လက်သီးပြန်မရုပ်နိုင်မီ တိမ်မြူခိုးက သူ၏ လက်ကို ရိုက်ခတ်သွားသည်။

“ ဘန်း ”

သူ၏ လက်က အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ဟန်ချက်မထိန်းနိုင်ဘဲ အနောက်သို့ သုံးလှမ်းဆုတ်သွားရသည်။

ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ အရှေ့သို့ မြန်ဆန်စွာ ပြေးသွားပြီး သူ၏ ဓားကို ထပ်မံ ထိုးသွင်းလိုက်သည်။

တောက်ပသော ဓားလင်းက ရောင်ခြည်တန်းသုံးထောင်အဖြစ် ပေါက်ကွဲထွက်သွားသည်။

“ ကြယ်အလင်းသုံးထောင်ဓားသိုင်း ”

ယုချန်းလင်က အထိတ်တလန့် အော်ပြောလိုက်ပြီး အနောက်လှည့်၍ ထွက်ပြေးသည်။

သူ၏ အနောက်တွင် အသားစိုင်ကို ဓားထိုးဖောက်သွားသော အသံက တရစပ် ပဲ့တင်ထပ်သွားသည်။

တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲ၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော ဓားရောင်ခြည်တန်းများဖြင့် ဆက်တိုက် ထိုးဖောက်ခံလိုက်ရသည်။ အစောနက မောက်မာထောင်လွှားခဲ့သော အကြီးအကဲက ယခု ဇကာပေါက်ဖြစ်သွားသည်။ သွေးက သူ၏ ခန္ဓာကိုယ်ပေါ်မှ အပေါက်အားလုံးထံမှ စီးကျလာသည်။

…..

တုချန်းနှင့် တခြားလူများက ကျမ်းစာဆောင်ဆီသို့ ရောက်လာသည့်အခါ သူတို့က ယုချန်းလင်၏ အရိပ်အယောင်ကို မမြင်တွေ့ကြတော့ပေ။ သူတို့က မြေပြင်ပေါ်မှာ လဲကျသေဆုံးနေသော အကြီးအကဲ၏ ခန္ဓာကိုယ်ကိုသာ မြင်သွားကြသည်။

“ တာအိုချိုးဖြတ်ခြင်းအဆင့် ”

“ သူက ထျန်မင်ဂိုဏ်းက ယန်မင်ဟုန်းပဲ ”

“ ထျန်မင်ဂိုဏ်းက အကြီးအကဲတစ်ယောက်က ဒီနေရာထိ ခိုးဝင်လာနိုင်တယ်လား ”

လူတိုင်းက အံ့ဩထိတ်လန့်သွားကြသည်။

ကံကောင်းစွာဖြင့် ထျန်မင်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ဟန်မူယဲ့၏ ဓားချက်ကြောင့် အသတ်ခံလိုက်ရပြီ ဖြစ်၏။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။

“ သူ့ကို ကောင်းကင်အသင်္ချေတောင်ထွတ်ဆီ သယ်ဆောင်သွားပါ… ငါတို့ရဲ့ လစန္ဒာတောင်ထွတ်က ထျန်မင်ဂိုဏ်းက အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို သုတ်သင်ပြီး ဂိုဏ်းအပေါ် ဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတာ သူတို့သိပါစေ ”

ထိုစကားကို ကြားသောအခါ လူတိုင်းက ဝမ်းသာပျော်ရွှင်သွားကြသည်။

ထျန်မင်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို ရှင်းပစ်နိုင်ခဲ့သောကြောင့် သူတို့က ဝမ်းသာသွားကြသလို ဟန်မူယဲ့၏ အံ့မခန်း ခွန်အားကြောင့်လည်း ပိုပြီးပျော်ရွှင်သွားကြသည်။

တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည်ပင် အသတ်ခံလိုက်ရလေရာ သူတို့၏ တောင်ထွတ်အရှင်သခင်အသစ်က မည်မျှသန်မာကြောင်း စိတ်ကူးကြည့်နိုင်သည်။ ထိုသို့တောင်ထွတ်အရှင်သခင်၏ ဦးဆောင်မှုဖြင့်ဆိုလျှင် လစန္ဒာတောင်ထွတ်က သေချာပေါက် ကြီးပွားတိုးတတ်သွားလိမ့်မည်။

ဟန်မူယဲ့ ထွက်သွားပြီးနောက် တုချန်းနှင့် တခြားလူများက အလောင်း၏ ခန္ဓာကိုယ်ကို စတင်စစ်ဆေးလိုက်ကြသည်။

“ အဲ့ဒီဓားဒဏ်ရာက… ”

“ ဓားတစ်ချက်… ဓားအမှတ်အသားသုံးထောင် ”

“ တောင်ထွတ်အရှင်သခင်ကော့ဟွား တစ်ခါပြောခဲ့ဖူးတယ်… လစန္ဒာတောင်ထွတ်ရဲ့ ဓားတာအိုအ‌မွေအနှစ်ထဲမှာ ဓားအမှတ်အသားသုံးထောင်က ကြီးမားတဲ့ အောင်မြင်မှုကို ကိုယ်စားပြုတယ်တဲ့… ငါတို့ရဲ့ တောင်ထွတ်အရှင်သခင်အသစ်က ဓားတစ်ချက်နဲ့ ဓားအမှတ်အသားသုံးထောင်ကို ဖြစ်ပေါ်စေနိုင်တဲ့အထိ သန်မာတာပဲ ”

တချို့က အလောင်းပေါ်မှ ဓားဒဏ်ရာများကို စစ်ဆေးလေ့လာလိုက်ကြသည်။ တချို့သည်တော့ ဓားဒဏ်ရာများထဲမှ အနက်အဓိပ္ပာယ်ကို ထုတ်ဖော်ပြောကြသည်။

တချို့က ထိုအကြောင်းကို ကြားသောအခါ စိတ်လှုပ်ရှားသွားကြသည်။

ဤခန္ဓာကိုယ်ကို ကောင်းကင်အသင်္ချေတောင်ထွတ်ဆီသို့ ပို့ဆောင်ခြင်းသည် လစန္ဒာတောင်ထွတ်၏ အင်အားကို ဖော်ပြလိုက်ခြင်းပင် ဖြစ်၏။

“ လစန္ဒာတောင်ထွတ်ရဲ့ ဓားတာအိုအမွေအနှစ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အနာဂတ်ဖြစ်‌လာတော့မယ် ”

…..

လစန္ဒာတောင်ထွတ်မှ တပည့်သည် ပြန်ရောက်လာသည်နှင့်ချက်ချင်း တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ရန်သူတစ်ယောက်ကို သုတ်သင်ရှင်းလင်းခဲ့သည်။

ထိုကိစ္စက ဂိုဏ်းတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

ကောင်းကင်အသင်္ချေတောင်ထွတ်မှ အကြီးအကဲနှစ်‌ယောက်က ဆုလာဘ်များနှင့်တကွ လစန္ဒာတောင်ထွတ်ဆီသို့ ရောက်လာကြသည်။

ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ ထိုဆုလာဘ်များကို သိမ်းဆည်းလိုက်သည်။

ဟန်မူယဲ့က ယုချန်းလင်အကြောင်း ထုတ်မပြောခဲ့ပေ။

လစန္ဒာတောင်ထွတ်ဆီသို့ ယုချန်းလင်‌ ဝင်ရောက်လာခြင်းက ကျမ်းစာဆောင်ထဲမှ ကျောက်ပြားများအတွက် ဖြစ်သည်။

ဟန်မူယဲ့က ယုချန်းလင်ကို တမင်လွှတ်ပေးခဲ့ခြင်းမှာ သူခိုးယူသွားခဲ့သော လေဝိညာဉ်ဓားကြောင့် ဖြစ်သည်။

တာအိုချိုးဖြတ်ခြင်းအဆင့် ယန်မင်ဟုန်းထံမှတဆင့် ဟန်မူယဲ့က မှတ်ဉာဏ်တချို့ကို မြင်တွေ့ခဲ့သည်။

ထိုမှတ်ဉာဏ်များထဲမှာ ထျန်မင်ဂိုဏ်း၏ အစီအစဉ်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များ ပါဝင်ကြသည်။ ထိုထဲမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသော သူတို့၏ အတွေ့အကြုံများလည်း ပါဝင်သည်။

အထူးသဖြင့် ယုချန်းလင်နှင့်ပတ်သက်သော လျှို့ဝှက်ချက်များ ဖြစ်သည်။

ထျန်မင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် ယုချန်းလင်၏ ဦးရီးတော်အရင်း ဖြစ်သည်။

ယုချန်းလင်က လေဝိညာဉ်ဓားကို ယူဆောင်ရန် ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲသို့ တမင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူ နောက်တစ်ကြိမ် ရောက်လာမည်ကို ဟန်မူယဲ့ သိသည်။ ထို့ပြင် သူက လေဝိညာဉ်ဓားကို ပြန်ပို့ဆောင်ပေးလိမ့်မည်။

သူက အလျင်မလိုပေ။

တစ်လကုန်ဆုံးသွားသည်။

ဤတစ်လအတွင်းမှာ လစန္ဒာတောင်ထွတ်က မည်သည့်အနှောင့်အယှက်မှမရှိဘဲ အေးချမ်းတိတ်ဆိတ်နေသည်။

ယင်းက လစန္ဒာတောင်ထွတ်နှင့် ကောင်းကင်အသင်္ချေတောင်ထွတ်ကြားမှ ရန်ပွဲအား စောင့်မျှော်နေကြသော လူများကို စိတ်ပျက်သွားစေသည်။

သို့သော်လည်း သူတို့မသိကြသည်မှာ လစန္ဒာတောင်ထွတ်မှ တပည့်များက လျှို့ဝှက်စွာ အဆင့်ချိုးဖြတ်သွားကြသည်။

ကျမ်းစာဆောင်၏ အရှေ့တွင်…

ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ကျောက်မင်ယွင်နှင့် တခြားလူများက ဟန်မူယဲ့၏ လက်ထဲမှ ဓားကို သေချာအာရုံစိုက်ထားကြသည်။

ဓားအမှတ်အသားသုံးထောင်သည် လစန္ဒာတောင်ထွတ်၏ အထွတ်အထိပ် ဓားတာအိုအမွေအနှစ်တစ်ခုမျှသာ မဟုတ်။ ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံး၏ ဓားတာအို အမွေအနှစ်လည်း ဖြစ်သည်။

အခန်း(၁၅၈၀)

ဟန်မူယဲ့က ထျန်မင်ဂိုဏ်းမှ တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို လစန္ဒာတောင်ထွတ်၏ အထွတ်အထိပ် ဓားတာအိုအမွေအနှစ်ဖြစ်သော ဓားအမှတ်အသားသုံးထောင်ဓားသိုင်းဖြင့် သတ်ဖြတ်ခဲ့သည်။ ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

လစန္ဒာတောင်ထွတ်ပေါ်တွင် အကြီးအကဲများဖြစ်စေ သို့မဟုတ် တပည့်များဖြစ်စေ သူတို့အားလုံးက ထိုဓားသိုင်းကို တတ်မြောက်ချင်ကြသည်။

ဟန်မူယဲ့က သင်ကြားပေးရန် ဆန္ဒရှိသည့်အခါ လစန္ဒာတောင်ထွတ်မှ မည်သူမဆို လာရောက်ကြည့်ရှုနိုင်သည်။

သူတို့ မည်မျှဆင်ခြင်နားလည်နိုင်မည်ကိုတော့ ဟန်မူယဲ့ စိတ်မဝင်စားပေ။

ဓားကျောက်ပြားဆယ်ခုပေါ်မှ သင်္ကေတအမှတ်အသားများက သူ့အတွက် မခက်ခဲသော်လည်း လစန္ဒာတောင်ထွတ်မှ သာမန်တပည့်များအတွက်တော့ ယင်းတို့က ဖော်မပြနိုင်အောင် အလွန်ခက်ခဲပေသည်။

အကယ်၍ သူတို့က ထိုဓားနိယာမများထဲမှ တစ်စိတ်တစ်ဒေသကို ဆင်ခြင်နားလည်သွားမည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် တိုက်ပွဲစွမ်းအားက သိသိသာသာ ပြောင်းလဲသွားလိမ့်မည်။

ဆယ်ရက်ကြာပြီးနောက် လစန္ဒာတောင်ထွတ်မှ တပည့်များထဲတွင် ကျောက်မင်ယွင်ကဲ့သို့ အရည်အချင်းရှိသော တပည့်များက သိသိသာသာ အင်အားတိုးပွားလာကြသည်။

သူတို့ထဲမှ နှစ်ယောက်က မြန်ဆန်စွာ တိုးတတ်သွားပြီး ဉာဏ်အလင်းရအဆင့်ကို ချိုးဖြတ်သွားကာ ဓားတာအိုသစ်သီးကို ဖွဲ့စည်းနိုင်သွားကြသည်။ ထို့ကြောင့် သူတို့က တာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်သွားကြသည်။

ထိုသို့တိုးတတ်မှုက လစန္ဒာတောင်ထွတ်မှ တပည့်များကြားတွင် ကြီးမားသော ပြိုင်ဆိုင်လိုစိတ်ကို ဖြစ်ပေါ်စေသည်။

နေ့စဉ် နံနက်ခင်းအချိန်တိုင်းမှာ ကျောက်မင်ယွင်နှင့် တခြားလူများက ကျမ်းစာဆောင်၏ အရှေ့မှာ အသင့်စောင့်ဆိုင်းနေကြလိမ့်မည်။

သူတို့က ဟန်မူယဲ့၏ ဓားသိုင်းလှုပ်ရှားမှုများကို အောက်ဘက်မှ ကျောက်တုံးလှေကားများမှတဆင့် လေ့လာနိုင်ကြသည်။

ဟန်မူယဲ့ထွက်သွားသည့်အခါ သူတို့က အပြန်အလှန် ဆွေးနွေးခြင်းနှင့် လက်ရည်စမ်းခြင်းကို လုပ်ဆောင်ကြလိမ့်မည်။

အပြင်ဘက်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက မည်မျှခက်ခဲကြမ်းတမ်းနေပါစေ လစန္ဒာတောင်ထွတ်သည်တော့ မည်သည့်အနှောင့်အယှက်မှမရှိဘဲ အေးချမ်းတိတ်ဆိတ်နေသည်။

တစ်လကြာပြီးနောက် ထျန်မင်ဂိုဏ်းနှင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက တိုက်ပွဲတစ်ခုကို စတင်လိုက်ကြသည်။ နှစ်ဖက်စလုံးမှာ အောင်မြင်မှုများနှင့် ထိခိုက်ဆုံးရှုံးမှုများ ရှိသည်။

ကောင်းကင်အသင်္ချေတောင်ထွတ်မှ တပည့်များက ပိုပြီးအထိနာခဲ့ကြသည်ဟု ပြောကြသည်။

ဤနှစ်လအတောအတွင်းမှာ ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများက တိုက်ပွဲကြီး၊ တိုက်ပွဲငယ် အများအပြားကို ဆင်နွှဲခဲ့ကြသည်။

တောင်ထွတ်အသီးသီးကြားမှ တပည့်များက အချင်းချင်း စည်းလုံးညီညွတ်မှုမရှိကြသောကြောင့် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဆုံးရှုံးမှုက ထျန်မင်ဂိုဏ်းထက် ပိုများပြားခဲ့သည်။

ထို့ကြောင့် တောင်ထွတ်အရှင်သခင်များကြားမှာ ပဋိပက္ခများ ဖြစ်ပေါ်လာသည်။

သူတို့ထဲတွင် လစန္ဒာတောင်ထွတ်က မပါဝင်ခဲ့ပေ။

နှစ်ဝက်ကြာသွားသည့်တိုင်အောင် လစန္ဒာတောင်ထွတ်က ကန်ရေပြင်ပမာ ငြိမ်သက်နေသည်။

အခြားတစ်ဖက်မှာတော့ ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ဘေးပတ်ဝန်းကျင်မှ တခြားဂိုဏ်းများက မရပ်မနား တိုက်ခိုက်နေကြသည်။

…..

လစန္ဒာတောင်ထွတ်… ။

ခန်းဆောင်တစ်ခု၏ အရှေ့မှ မြေကွက်လပ်တစ်ခုတွင်… ။

“ ရွှီး ”

ဓားဟိန်းသံ ပဲ့တင်ထပ်သွားသည့်အခါ ပေသုံးဆယ်ရှည်လျားသော အပြာရောင်ဓားအလင်းက အောက်သို့ ပျံသန်းသွားသည်။

ဆန့်ကျင်ဘက်အရပ်တွင် သုံးပေရှည်လျားသော ဓားနှစ်လက်က တူညီသော ဓားအလင်းကို ထုတ်လွှတ်လိုက်ပြီး အပြာရောင်ဓားအလင်းကို ခုခံတားဆီးလိုက်သည်။

ဓားသွားတစ်ခုက တုန်ယင်သွားပြီး အလွှာအထပ်ထပ် ဓားပုံရိပ်များကို ထုတ်လွှတ်လိုက်သည်။ အခြားဓားသွားတစ်ခုသည်တော့ မှိတ်တုတ်မှိတ်တုတ် ဝေဝါးသွားလေရာ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားတွင် တည်ရှိနေဟန် ရ၏။

ကျောက်စိမ်းလေဟာပြင်ဓားသိုင်းနှင့် သက်တံ့စုဝေးခြင်းဓားသိုင်း… ။

ထိုဓားသိုင်းနှစ်ခုကို ထုတ်ဖော်လိုက်သူများသည် လစန္ဒာတောင်ထွတ်မှ ကျောက်မင်ယွင်နှင့် ဝမ်ယုမှလွဲ၍ တခြားမဟုတ်ချေ။

အပြာရောင်ဓားအလင်းကို ထုတ်လွှတ်လိုက်သူသည် လစန္ဒာတောင်ထွတ်၏ သင်ကြားရေးဆရာတစ်ယောက်ဖြစ်သော ဟဲယုလျန် ဖြစ်သည်။ သူက ခြေလှမ်းဝက် တာအိုဝင်ရောက်ခြင်းအဆင့်မှာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဟဲယုလျန်က အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေသော်လည်း ကျောက်မင်ယွင်နှင့် ဝမ်ယု၏ ပူးပေါင်းတိုက်ကွက်များကို မကျော်ဖြတ်နိုင်ပေ။

ခြေလှမ်းဝက် တာအိုဝင်ရောက်ခြင်းအဆင့် သင်ကြားရေးဆရာတစ်ယောက်က ဂျူနီယာတပည့်နှစ်ယောက်နှင့် အစွမ်းကုန် တိုက်ခိုက်နေသော်လည်း အရှုံးအနိုင် မပေါ်သေးချေ။ ယင်းက ဘေးပတ်ဝန်းကျင်၌ စောင့်ကြည့်နေကြသော တပည့်များကို စိတ်လှုပ်ရှားသွားစေသည်။

လွန်ခဲ့သော နှစ်ဝက်တွင် ထိုသို့မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြချေ။

“ ပေါင်းစည်းမယ် ”

ကျောက်မင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ ဓားအလင်းကို အရှေ့သို့ ထိုးလွှတ်လိုက်သည်။

သူ့ဘေးတွင် ကျောက်မင်ယွင်နှင့် စိတ်ချင်းဆက်သွယ်မှုကို ရရှိထားသော ဝမ်ယုက တုန်ခါနေသော ဓားသွားကို အရှေ့သို့ ထုတ်လွှတ်လိုက်သည်။

သူတို့နှစ်ယောက်၏ ဓားစွမ်းအားက ပေါင်းစည်းသွားပြီး ဟဲယုလျန်၏ ဓားရှည်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ဟဲယုလျန်၏ ပေသုံးဆယ်ရှည်လျားသော ဓားအလင်းက တုန်ယင်သွားပြီး တစ်လက်မချင်းစီ အက်ကွဲသွားသည်။

ဟဲယုလျန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူ၏ မျက်နှာပေါ်မှာ အရှုံးဝန်ခံသော အမူအရာ ထွက်ပေါ်လာသည်။ သို့သော် စိတ်လှုပ်ရှားမှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။

ကျောက်မင်ယွင်နှင့် ဝမ်ယုက သူ့ကို အနိုင်ရသွားခဲ့သော်လည်း ဤခြောက်လအတွင်းမှာ သူ၏ တိုးတတ်မှုက မသေးငယ်ပေ။

ယခုအချိန်မှာ သူက လွန်ခဲ့သော ခြောက်လမှ သူ့ကိုယ်သူ အနိုင်ယူရန် လုံးဝ ယုံကြည်ချက်ရှိသည်။

“ ဒေါင် ”

“ ဒေါင် ”

…..

အဝေးတွင် ခေါင်းလောင်းမြည်သံက ကောင်းကင်အသင်္ချေတောင်ထွတ်ပေါ်မှ ထပ်မံ ထွက်ပေါ်လာသည်။ ယင်းက တောင်ထွတ်အသီးသီးမှ အရှင်သခင်များကို အစည်းအဝေးတတ်ရောက်ရန် ဆင့်ခေါ်ခြင်း ဖြစ်သည်။

ခန်းဆောင်အရှေ့မှ လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ အထင်သေးရှုံ့ချသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ယခုအချိန်မှာ လစန္ဒာတောင်ထွတ်က ပြင်ပအရေးကိစ္စများကို လျစ်လျူရှုထားလေရာ တခြားတောင်ထွတ်အရှင်သခင်များနှင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းသည်ပင် သူတို့ကို မေ့လျော့သွားကြပုံပေါ်သည်။

“ ဒီတစ်လအတွင်းမှာ ဘယ်နှစ်ကြိမ်ရှိပြီလဲ ”

“ ဟွန့်… ဆယ့်ငါးကြိမ်ရှိပြီလို့ ငါယုံတယ်… အကြီးအကဲတွေ သေဆုံးတဲ့ ခေါင်းလောင်းမြည်သံက အခုမှပဲ ရပ်တန့်သွားတယ် ”

လူအုပ်ကြီးက အချင်းချင်း တီးတိုးပြောလိုက်ကြသည်။

ခန်းဆောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က မျက်လုံးပြန်ဖွင့်လိုက်သည်။

သူမျက်လုံးဖွင့်လိုက်သည့်အခိုက် ရွှေရောင်ဓားအလင်းက ပေါ်လျှိုးလာသည်။

ဓားတာအိုဇစ်မြစ်… မဟာတာအိုစွမ်းအား… ။

သူ၏ ဦးခေါင်းထက်တွင် ဓားချီက ပေါ်လျှိုးလာပြီး ရွေရောင်တာအိုသစ်သီးပေါ်သို့ စီးဆင်းသွားသည်။

မည်သူမှ မသိကြသည်မှာ သူ၏ တာအိုသစ်သီးက မဟာတာအို၏ အစွမ်းအမျိုးမျိုးကို လက်ခံထိန်းသိမ်းနိုင်သော အထူးတာအိုသစ်သီးမဟုတ်ဘဲ တာအိုသစ်သီးရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော တာအိုသစ်သီးတစ်လုံးဖြစ်နေခြင်း ဖြစ်သည်။

မဟာတာအို၏ အခြေခံစွမ်းအားတစ်မျိုးက တာအိုသစ်သီးတစ်လုံးကို ကိုယ်စားပြုသည်။ ဤအခိုက်အတန့်မှာ ဟန်မူယဲ့က တာအိုသစ်သီး(၈၃၀)လုံးကို ဖွဲ့စည်းထားသည်။

ထိုတာအိုသစ်သီးများက ဒြပ်ထည်မရှိကြပေ။ ယင်းတို့ထံမှ ဖွဲ့စည်းသွားသော ရွှေအမြူတေသည်ပင် ဒြပ်ထည်မရှိပေ။

တာအိုသစ်သီးရှစ်ရာကျော်က အတူတကွ ပေါင်းစည်းနေသည့်အခါ အပြင်လူများ၏ အမြင်တွင် ယင်းက တမူထူးခြားသော တာအိုသစ်သီး ဖြစ်သည်။

ဤအခိုက်အတန့်မှာ ထိုတာအိုသစ်သီးများ၏ စွမ်းအားများက အချင်းချင်း ပေါင်းစည်းသွားသည့်အခါ ပုံရိပ်ယောင်လေဟာနယ်တစ်ခု ထွက်ပေါ်လာသည်။ လေဟာနယ်က တစ်လက်မသာ ကျယ်သည်။

အကယ်၍ မဟာပန်သွန်ဘုံမှ ပညာရှင်တစ်ယောက်က ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် သူတို့က သေချာပေါက် အံ့ဩထိတ်လန့်သွားကြလိမ့်မည်။

ထိုတစ်လက်မလေဟာနယ်ထဲတွင် မဟာတာအို၏ မည်သည့်သဲလွန်စမှ မရှိပေ။

ထိုလေဟာနယ်က တာအိုငြိမ်းသတ်ခြင်းအဆင့်ထက် ကျော်လွန်သွားပြီး အန္တိမတာအိုအဆင့်ကို ဖြတ်ကျော်သွားသည်။ တစ်နည်းဆိုရသော် ထိုလေဟာနယ်က မဟာတာအို၏ အထက်မှာ တည်ရှိသွားသည်။

မဟာပန်သွန်ဘုံတွင် အန္တိမတာအိုအဆင့်ထက် ကျော်လွန်သွားသူများသည် နောက်တစ်ဆင့်သို့ ဝင်ရောက်သွားကြလိမ့်မည်။ ထိုအဆင့်တွင် ကျင့်ကြံသူများက လေဟာနယ်ကို ထိန်းချုပ်နိုင်ကြလိမ့်မည်။

ထိုအဆင့်ကို ကနဦးမူလအဆင့်ဟု ခေါ်သည်။

ကနဦးမူလအဆင့်သို့ ဝင်ရောက်သွားသည့်အခါ မဟာတာအိုက အပြင်ဘက်သို့ ရွှေ့ပြောင်းခံရလိမ့်မည်။ ထိုအခါကျလျှင် တစ်စုံတစ်ယောက်၏ ရှာဖွေမှုအားလုံးက ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲသွားလိမ့်မည်။

တာအိုကို မိုးမြေထံမှတဆင့် ရှာဖွေရန် လိုအပ်တော့မည် မဟုတ်ချေ။

ဟန်မူယဲ့က ကနဦးမူလအဆင့်သို့ ဝင်ရောက်သွားသည့်အခါ သူ့အပေါ် ချုပ်နှောင်ထားသော စွမ်းအားက အနည်းငယ် ပြေလျော့သွားကြောင်း ခံစားမိသွားသည်။

အမှန်မှာ ယင်းက ပြေလျော့သွားခြင်း မဟုတ်ပေ။ မဟာပန်သွန်ယဇ်ပလ္လင်၏ ချိပ်တံဆိပ်စွမ်းအားထဲမှ အမျှင်တန်းတစ်ခုက မူလလေဟာနယ်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။

မူလလေဟာနယ်က တစ်လက်မသာ ကျယ်ပြောသော်လည်း အတွင်းဘက်တွင် ယင်းက အနည်းဆုံး စတုရန်းမီတာတစ်ရာ ကျယ်ဝန်းသည်။

ယခု ဟန်မူယဲ့က ကမ္ဘာဦးလောကနှင့် ကြယ်စင်စုစကြာဝဠာထဲမှာ သူစုဆောင်းထားခဲ့သော ရတနာများကို ထိုမူလလေဟာနယ်ထဲမှာ သိမ်းဆည်းနိုင်သွားပြီ ဖြစ်သည်။

သူက မဟာပန်သွန်ဘုံ၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်သော ဆေးလုံးများနှင့် ချပ်ဝတ်များကို မူလလေဟာနယ်ထဲသို့ တိတ်တဆိတ် ထည့်သွင်းလိုက်သည်။

ဤမိုင်တစ်သောင်းဧရိယာထဲတွင် ကနဦးမူလအဆင့်သို့ ရောက်ရှိနေသူများက သူ့အပြင် တခြားနှစ်ယောက်သာ ရှိသည်။

“ နောက်ဆုံးတော့ ရှမင်တန်က စိတ်မရှည်တော့ဘူးပဲ ”

ဟန်မူယဲ့က ခန်းဆောင်အပြင်ဘက်သို့ ကြည့်လိုက်ရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ လျှောက်သွားသည်။

ဤအခိုက်အတန့်မှာ မြေကွက်လပ်ပေါ်တွင် လစန္ဒာတောင်ထွတ်မှ တပည့်များက ပုံရိပ်နှစ်ခုကို တားဆီးနေကြသည်။

တစ်ယောက်က မီရှင်းတောင်ထွတ်မှ အကြီးအကဲဟောင်ဟဲချန်းဖြစ်ပြီး တခြားတစ်ယောက်က အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူရွယ်တစ်ယောက် ဖြစ်သည်။ သူက ကျောပေါ်တွင် ဓားတစ်လက်ကို သယ်ဆောင်ထားသည်။

ယောင်ဟဲချန်းက ဟန်မူယဲ့ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ တောင်ထွတ်အရှင်သခင်ဟန်… ဂိုဏ်းခေါင်းဆောင်က ခင်ဗျားကို အစည်းအဝေးလာတတ်ဖို့ ကျုပ်ကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ် ”

ယောင်ဟဲချန်းက လေးနက်စွာ ပြောသည်။ ထို့နောက် သူ့ဘေးမှ လူရွယ်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုအခါ အလင်းတန်းတစ်ခုက ဟန်မူယဲ့ထံသို့ ပျံသန်းသွားသည်။

အလင်းတန်းက ဟန်မူယဲ့၏ အရှေ့မှာ ရပ်တန့်သွားသည့်အခါ တစ်ပေရှည်လျား‌သော ကျောက်စိမ်းဓားပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ယင်းက ဂိုဏ်းခေါင်းဆောင်၏ အမိန့်တော် ဖြစ်သည်။

“ ဟွန့်… ကျုပ်တို့ရဲ့ လစန္ဒာတောင်ထွတ်က ဆုံးရှုံးမှုတွေအများကြီးနဲ့ တွေ့ကြုံထားတာ… အခု ကျုပ်တို့မှာ တိုက်ခိုက်ဖို့ အင်အားမရှိသေးဘူး ”

“ ဟုတ်တယ်… ခင်ဗျား ကျုပ်တို့ရဲ့ လစန္ဒာတောင်ထွတ်ကို လာတိုက်ခိုက်ခဲ့တုန်းက ကျုပ်တို့ဘယ်မှာ ခုခံနိုင်လို့လဲ ”

“ ကျုပ်တို့က ခင်ဗျားတို့ကို မယှဉ်နိုင်ပါဘူး ”

အော်သံများက ကျောက်တုံးလှေကားများထံမှ ထွက်ပေါ်လာသည်။

မကျေနပ်မှုက ထိုတပည့်များ၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်နေသည်။

အထူးသဖြင့် ယောင်ဟဲချန်းကို သူတို့ကြည့်လိုက်သည့်အခါမှာ ဖြစ်သည်။ ထိုသူက သူတို့ဆရာကော့ဟွားနှင့် ဆက်ဆံရေးကောင်းရှိခဲ့သော်လည်း အရှက်မရှိသော ကိစ္စကို လုပ်ဆောင်ခဲ့သည်။

ယောင်ဟဲချန်းက ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကိုသာ အာရုံစိုက်လိုက်သည်။

“ တောင်ထွတ်အရှင်သခင်ဟန်… ဒီတစ်ခေါက်မှာ ထျန်မင်ဂိုဏ်းနဲ့ တခြားဂိုဏ်ကြီးတွေက ကျုပ်တို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်နေကြပါတယ်… ကျုပ်တို့ဂိုဏ်းက ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို တွေ့ကြုံနေရပါတယ်… တကယ်လို့ ကောင်းကင်အသင်္ချေဓားဂိုဏ်း ပြိုကွဲသွားမယ်ဆိုရင် လစန္ဒာတောင်ထွတ်လည်း အဆုံးသတ်ကောင်းမှာ မဟုတ်ပါဘူး ”

ယောင်ဟဲချန်း၏ ဘေးမှ လူရွယ်က ပြောသည်။

ထိုသို့ပြောပြီးနောက် သူက ဘေးပတ်ဝန်းကျင်မှ တပည့်များကို ဝေ့ဝိုက်ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ ကောင်းကင်အသင်္ချေတောင်ထွတ်နဲ့ တောင်ထွတ်အရှင်သခင်ကော့ဟွားကြားက ရန်ငြိုးနဲ့ပတ်သက်ပြီး ကျုပ်အဖေက သူ့အပြစ်အတွက် အပြစ်ပေးဓားနယ်မြေထဲမှာ ချုပ်နှောင်ခံထားရပါတယ် ”

“ အနာဂတ်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဘယ်သူကပဲ ထိန်းချုပ်ပါစေ ကျုပ်ရဲ့ ကောင်းကင်အသင်္ချေတောင်ထွတ်က ဂိုဏ်းအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘဲ အမြဲတမ်း သစ္စာရှိသွားမယ်လို့ ကျုပ်ရှလန်က ဒီနေရာမှာ ကတိပေးပါတယ် ”

လူရွယ်က ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ တောင်ထွတ်အရှင်သခင်ဟန်… ဂိုဏ်းခေါင်းဆောင်က ပြောပါတယ်… ခင်ဗျားသာ ဂိုဏ်းအတွက် ဒီတစ်ခေါက် ကပ်ဘေးကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် ခင်ဗျားက ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းခေါင်းဆောင် ဖြစ်လာပါလိမ့်မယ် ”

“ အဲ့ဒါက တောင်ထွတ်အရှင်သခင်ကော့ဟွား အမြဲတမ်း လိုချင်နေခဲ့တဲ့အရာပါ ”

ထိုစကားကို ပြောလိုက်သည့်အခါ မြေကွက်လပ်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

All Chapters