အခန်း (၅၅+၅၆)
Vol. 6 Ch. 55+56
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၅ + ၅၆)
ရှေးဟောင်းခေတ်တုန်းက ကျင့်ကြံသူတို့ဟာ အလွန်အားကောင်းသော တန်ခိုးရှင်ဖြစ်သည့် နတ်ဘုရားတစ်ပါးကိုချိပ်ပိတ်ရန်အတွက် တစ်ကမ္ဘာလုံး၏ အင်အားကို ပေါင်းစည်းခဲ့သည်ဟု သမိုင်းမှတ်တမ်းများစွာတွင် ရေးသားမှတ်တမ်းတင်ခဲ့သည်။
ထို တိုက်ပွဲကြောင့် ကမ္ဘာကြီးဟာ ပျက်စီးခါနီးအခြေအနေအထိ ဖြစ်သွားရ၏။ ထို့အတွက်ကြောင့် ကမ္ဘာကြီးအနေဖြင့် ဆက်လက်ပြီးရှင်သန်နိုင်ရန် ကမ္ဘာမြေကြီး၏စိတ်ဝိညာဉ်က ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့လေသည်။
ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်အနေဖြင့် ကမ္ဘာကြီး၏ တာအိုနိယာမများဟာ ပြောင်းပြန်လှန်သွားခဲ့လေပြီး ကမ္ဘာကြီး၏ အရွယ်အစားဟာလည်း အဆမတန်ကြီးထွားလာခဲ့သည်။
လောက၏အထွတ်အထိပ်မှ အစွမ်းထက်လှပါသည်ဆိုသော တာအိုအရှင်အဆင့်ကျင့်ကြံသူများပင် မွေးကတည်းကနေ သေဆုံးသည်အထိ ခရီးသွားလာလျှင်တောင် နေရာစုံရောက်ဖူးမည်မဟုတ်ဘူးဆိုသော ဆိုရိုးစကားလည်းရှိလေသည်။
ထို့အတွက်ကြောင့် ယခုအချိန်ထက်ထိရှာမတွေ့သေးသော ကုန်းမြေတိုက်ကြီးများ၊ လျို့ဝှက်နယ်မြေများ၊ ရတနာနယ်မြေများ၊ ကောင်းချီးနယ်မြေများစွာတည်ရှိ၏။
ထိုရှာမတွေ့သေးသော နေရာများထဲမှတစ်ခုဟာတော့ ကုန်းမြေတိုက်အသေးလေးတစ်ခုပင်ဖြစ်၏။ ထိုကုန်းမြေတိုက်ကြီး၏ ထူးခြားချက်မှာတော့ အလွန်မြင့်မားသော တောင်တန်းများရှိနေခြင်းပင်ဖြစ်သည်။
ကမ္ဘာကြီး၏အမြင့်မားဆုံးနေရာများထဲမှ တစ်ခု၊ တိမ်တိုက်များ၏အထက်တွင် အမြဲတစေနေရောင်ခြည်နှင့် နွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေသော တောင်ထွတ်တစ်ခုတည်ရှိသည်။
ထိုတောင်ထွတ်ပေါ်တွင် တောက်ပနေသော ရွှေရောင်နှင့် နီညိုရောင်တို့ ရောယှက်နေသည့် သစ်ပင်များက ပေါက်ရောက်နေပြီး၊ သစ်ပင်တိုင်းသည်လည်း လှပသော ပုံစံများဖြင့် တည်ရှိနေကြသည်။
မြေပြင်သည်လည်း သန့်ရှင်းကြည်လင်သော ကျောက်သားများဖြင့် ပြုလုပ်ထားပြီး၊ ပတ်ဝန်းကျင်အား ကောင်းချီးပေးသလို သင်းပျံ့နေသော ပန်းရနံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်။
စိမ်းလန်းစိုပြေနေသော မြက်ခင်းပြင်ပေါ်တွင် ဖြူစင်ကာ တောက်ပနေသော သမင်ဖြူလေးများက ငြိမ်းချမ်းစွာပြေးလွှားဆော့ကစားနေကြပြီး၊ အနားရှိစမ်းချောင်းလေးဘေးတွင် ပန်းပွင့်လေးများကဲ့သို့သော နတ်သမီးလေးများက ပျံသန်းနေကြသည်။
သာယာနာပျော်ဖွယ်ကောင်းသော ငှက်ကလေးများ၏တေးဆိုသံများနှင့်အတူ တောင်ထွတ်၏ကောင်းကင်ယံတွင်တော့ ဖီးနစ်ငှက်မလေးတစ်ကောင်က ကျော့ရှင်းစွာ ပျံဝဲနေသည်။
ဖီးနစ်ငှက်မလေးဟာ တောက်ပကြည်လင်နေသော ရွှေရောင်မျက်လုံးတို့ဖြင့်ဖြစ်ကာ တစ်ခါတစ်ရံကျယ်လောင်သော အော်မည်သံတို့ဖြင့် သူမက အတော်လေးပျော်ရွင်နေပုံရသည်။
ထိုတောင်ထွတ်၏အလယ်တွင်တော့ ကျောက်တုံးကြီးတစ်ခုအားမှီ၍ အလွန်အစွမ်းထက်လှသော တန်ခိုးရှင်တစ်ဦးးက တည်ငြိမ်စွာထိုင်နေသည်။ တန်ခိုးရှင်၏အသွင်အပြင်မှာ ကျက်သရေအလင်္ကာ တို့ဖြင့်ပြီးပြည့်စုံလှပြီး သူဟာ ပတ်ဝန်းကျင်အားငေးကြည့်၍ အနားယူနေပုံရသည်။
ကျောက်တုံး၏ဘေးတွင်လည်း သစ်ပင်ကလေးပေါက်ရောက်နေကာ သစ်ကိုင်းများအထက်၌ အဖြူရောင်နတ်ဂျိုးငှက်ကလေးများက ငြိမ်းချမ်းစွာ အနားယူနေကြသည်။
တန်ခိုးရှင်၏အသွင်အပြင်မှာ အသက် ၃၀ ခန့်ရှိပြီး အတော်ချောမောခန့်ညားကာ မုတ်ဆိတ်အနည်းငယ်ဖြင့် ရင့်ကျက်ပုံရှိ၏။ သူ၏ရွှေရောင်ခပ်ဖျော့ဖျော့ဆံပင်များသည်လည်း ရှည်လျားပြီး နေရောင်ခြည်ထဲတွင် တလက်လက်တောက်ပနေသည်။
သူ၏ရွှေရောင်မျက်ဝန်းတို့ဟာ ဩဇာအာဏာတို့ဖြင့်ပြည့်ဝပြီး သိပ်ကိုမှ အစွမ်းထက်လွန်းလှသည်။ တန်ခိုးရှင်၏ ခန္ဓာကိုယ်အချိုးစားဟာလည်း သိပ်ကိုမှကြည့်ကောင်းပြီး ကျယ်ပြန့်သော ပခုံးတို့ရှိကာ အဖြူကိုမှ ရွှေရောင်အနားကွပ်အင်မော်တယ်ဝတ်စုံအား ခန့်ညားစွာဝတ်ဆင်ထားသည်။
ဖော်ပြထားသော ရင်ဟိုက်မှတစ်ဆင့် သူ၏တောင့်တင်းသောရင်ဘတ်ကြွက်သားများအား ကောင်းမွန်စွာမြင်ရလေသည်။
တန်ခိုးရှင်၏ အသွင်အပြင်မှာ သေမျိုးလောကနှင့်မသက်ဆိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ကာ ငြိမ်းချမ်းလှ၏။ ရုတ်တရက် သူက တစ်စုံတစ်ခုအားအာရုံခံမိဟန်ဖြင့် အနည်းငယ်မျက်မှောင်ကြုတ်သွားလေ၏။
တစ်ပြိုင်နက်ထဲတွင် ရွှေရောင်တောက်ပနေသော ကောင်းကင်ယံအား အနက်ရောင်မှောင်မိုက်သော တိမ်တိုက်ကြီးက လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
အမှောင်ထုသည် တောင်ထွတ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ နေရောင်ခြည်ကိုပိတ်ဆို့လိုက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ခြောက်သွေ့အေးစက်သွားသည်။
အေးချမ်းစွာဆော့ကစားနေသော သမင်ဖြူလေးများ၊ နတ်သမီးလေးများနှင့် သာယာနာပျော်ဖွယ်ကောင်းသော ငှက်ကလေးများသည် တအံတဩဖြစ်သွားကြကာ ကောင်းကင်အထက်သို့လှည့်ကြည့်လိုက်ကြသည်။
ကောင်းကင်အထက်တွင် လှပစွာဝဲပျံနေသည့် ဖီးနစ်မလေးဟာတော့ နေရောင်ခြည်ပျောက်ကွယ်သွားသောကြောင့် မကျေမနပ်ဖြစ်သွားကာ တစ်ချက်မြည်တွန်လိုက်ပြီး မြေပြင်ပေါ်သို့ပြန်လည်ဆင်းသက်လာလိုက်သည်။
ထိုအချိန်တွင် လင်းနို့ဧကရာဇ်သည် သူ၏မည်းနက်သော တောင်ပံကြီးနှစ်ခုကိုဖြန့်ကားကာ ကျောင်တုံးအားမှီ၍ အနားယူနေသော တန်ခိုးရှင်၏ အရှေ့သို့ ဆင်းသက်လာသည်။
Admin, [11/20/2025 7:56 PM]
သူ၏ခရမ်းရောင်မျက်လုံးများသည် အေးချမ်းစွာထိုင်နေသော တန်ခိုးရှင်ကို စူးစိုက်ကြည့်လိုက်ပြီး၊ ရက်စက်ကြမ်းတမ်းသောအမူအရာဖြင့် နှုတ်ခမ်းထောင့်တို့က ကွေးညွတ်သွားပြီး ကျက်သီးထချင်စဖွယ် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
"ကျုပ်က လင်းနို့ဧကရာဇ်ပဲ၊ မင်ခေတ်က အသန်မာဆုံးသော နတ်ဧကရာဇ်ဖြစ်တယ်။ အင်ပါယာဟွမ်ရှီခင်ဗျားက လက်ရှိ ဟန်ခေတ်မှာ အသန်မာဆုံးဧကရာဇ်ဖြစ်တယ်လို့ဆိုတယ်။ ဒီကနေ့မှာ ကျုပ် ခင်ဗျားကိုလာစိန်ခေါ်တာပဲ"
လင်းနို့ဧကရာဇ်က အပြုံးကြီးကြီးဖြင့် ရယ်မောလိုက်ပြီး မာန်ဟန်ပါပါဖြင့်ပြောဆိုလိုက်သည်။ လင်းနို့ဧကရာဇ်၏အရှိန်အဝါမှာ အမှန်ပင်အတော်လေးသန်မာပြီး နတ်မင်းကြီးတစ်ပါးကဲ့သို့ ခမ်းနားကြီးကျယ်လှသည်။
မင်ခေတ်တွင် သူ၏လုပ်ရပ်များကြောင့် ကျင့်ကြံသူပေါင်းသန်းထောင်ချီသေဆုံးခဲ့ရသည်။ ထို့အတွက်ကြောင့် တာအိုအရှင်အဆင့် ၁၀ ယောက်ကျော်က သူ့အားဝိုင်းဝန်းတိုက်ခိုက်ကာ သတ်ဖြတ်ရန်ကြိုးစားခဲ့၏။
သို့သော် အခြေအနေကပြောင်းပြန်ဖြစ်သွားပြီး လင်းနို့ဧကရာဇ်၏ ပြန်လည်ကုသနိုင်စွမ်းက အစွမ်းထက်လွန်းသောကြောင့် တာအိုအရှင်များအနေဖြင့် ချိပ်ပိတ်ရန်သာ တတ်နိုင်ခဲ့လေသည်။
ထို့အပြင် ထိုတိုက်ပွဲတွင် တာအိုအရှင် ၂ ပါးသေဆုံးခဲ့လေပြီး ချိပ်ပိတ်ပြီးနောက်တွင်လည်း အခြားကျန်ရှိသော တာအိုအရှင်များဟာလည်း လင်းနို့အဆိပ်ကြောင့် အနှေးနဲ့အမြန် တမလွန်သို့ရောက်သွားကြ၏။
ထို့အတွက်ကြောင့် လင်းနို့ဧကရာဇ်ဟာ အမှန်တကယ်ပင် အစွမ်းထက်လွန်းသော တာအိုအရှင်တစ်ပါးဖြစ်ကာ၊ မင်ခေတ်၏အသန်မာဆုံးသော နတ်ဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်။
လင်းနို့ဧကရာဇ်တစ်ယောက် တိုက်ခိုက်မည် တစ်ကဲကဲလုပ်နေချိန်တွင် ရွှေရောင်တန်ခိုးရှင်ကတော့ ကျောက်တုံးအားမှီ၍ ထိုင်နေဆဲဖြစ်ကာ သူ့အားစိတ်အနှောင့်အယှက်ဖြစ်နေသော မျက်လုံးတို့ဖြင့်ကြည့်နေသည်။
"မင်း...ငါ့ကိုဘယ်လိုရှာတွေ့တာလဲ" တန်ခိုးရှင်က သူ့အားအထင်တသေးကြည့်နေလျက်ပြောလိုက်သည်။ လင်းနို့ဧကရာဇ်က တန်ခိုးရှင်၏အကြည့်အား မကြိုက်သော်လည်း ပြန်ဖြေလိုက်ဆဲဖြစ်သည်။
"ငါရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ပေါ့၊ မင်းနေတဲ့နေရာကိုလည်း အဲလောက်ဖုန်းကွယ်ထားမှမဟုတ်တာ။"
"စကားပြောတာ တော်လောက်ပြီ။ မင်းကိုယ်မင်းမိတ်ဆက်ပြီးရင် တိုက်ခိုက်ရအောင်" လင်းနို့ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် လက်သီးအားစုပ်လိုက်သောအခါ လက်သီးပတ်လည်၏ ဟင်းလင်းပြင်ကြီးပင်ကွေးကောက်သွားရသည်။
"ငါ့ကိုယ်ငါ မိတ်ဆက်ရမယ် ဟုတ်လား။" တန်ခိုးရှင်က လှောင်ရယ်လိုက်ပြီး ထလာလိုက်သည်။
ပြီးနောက်တွင် အရောင်တောက်လာသော ရွှေရောင်မျက်ဝန်းတို့ဖြင့် လင်းနို့ဧကရာဇ်အားပုရွဲဆိတ်တစ်ကောင်ကဲသို့ကြည့်လိုက်၏။ "သေမျိုးကများ ရာရာစစ"
ချက်ချင်းပဲ လင်းနို့ဧကရာဇ်၏ တစ်ကိုယ်လုံးဟာ သားရဲကြီးတစ်ကောင်၏အကြည့်ဖြင့် ကြည့်ချင်းကိုခံလိုက်ရသလို ကျက်သီးထသွားရသည်။
"ဘယ်လို..." လင်းနို့ဧကရာဇ်တုန်လှုပ်သွားရ၏။
သူ၏ မျက်စံတို့ဟာကျယ်လာသလို တစ်ကိုယ်လုံးဟာလည်း မထိန်းချုပ်နိုင်စွာဖြင့် တုန်ယင်နေလေ၏။ သူချက်ချင်းပဲ ထွက်ပြေးချင်နေသော်လည်း သူနည်းနည်းလောက်လေး လှုပ်ရှားလိုက်သည်နှင့် အသတ်ခံရမည်ကို ခံစားနေရသည်။
ရွှေရောင်တန်ခိုးရှင်က ကောင်းကင်ပေါ်သို့ပျံဝဲတတ်သွားလိုက်ကာ လင်းနို့ဧကရာဇ်အား အလွန်အမင်းအထင်သေးနေသော အကြည့်တို့ဖြင့်ကြည့်လိုက်၏။
ထိုအကြည့်များမှာ လောကရဲ့အထွတ်အထိပ်မှ တန်ခိုးရှင်တစ်ယောက်က ပုရွဲဆိတ်တစ်ကောင်အားကြည့်နေသကဲ့သို့ပင်ဖြစ်သည်။
လင်းနို့ဧကရာဇ်၏ တစ်ကိုယ်လုံးဟာ ချွေးတွေစီးကျလာပြီး တစ်ကိုယ်လုံးဟာ သေးပေါက်ချင်နေသလို တုန်ယင်နေမိသည်။ သူ၏ အသေခံတိုက်ခိုက်မည်ဟူသော သူရဲကောင်းစိတ်ဓာတ်ဟာလည်း နေထွက်လာသောအခါ အရည်ပျော်သွားသော နှင်းမှုန်လေးများကဲ့သို့ ပျောက်ကွယ်သွားရသည်။
လောက၏အဆင့်အမြင့်ဆုံးသော ကျင့်ကြံခြင်းအဆင့်မှ တာအိုအရှင်တစ်ပါးအနေဖြင့် ယခုလို ပြိုင်ဘက်တစ်ယောက်အရှေ့တွင် ခွန်အားမဲ့ရမည်ဟု အိမ်မက်ပင်မမက်ထူးခဲ့ချေ။
ကောင်းကင်အထက်မှ တန်ခိုးရှင်ဟာတော့ လေထဲတွင် ရပ်တန့်လျက် ပြောလိုက်သည်။ "ငါ့ကိုယ်ငါမိတ်ဆက်ရမယ်၊ ဟုတ်လား။"
"ကောင်းပြီ။ ငါ့ကိုသေမျိုးတွေက အင်ပါယာဟွမ်ရှီဆိုပြီးခေါ်ဆိုကြတယ်"
"ဒါပေမဲ့ အဲတာက ငါရဲ့ဂုဏ်ပုဒ်သာသာပါပဲ"
တန်ခိုးရှင်က ခနရပ်တန်လိုက်သည်။ ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်မှ အလွန်အားကောင်းသော ရွှေရောင်စွမ်းအင်များစိမ့်ထွက်လာကာ ကောင်းကင်အထက်မှ လင်းနို့ဧကရာဇ်သယ်ဆောင်လာသော တိမ်မဲထုကြီးကို တည်ရှိမှုကနေ ဖျက်ပြစ်လိုက်လေသည်။
ကောင်းကင်အထက်မှ နေမင်းကြီးဟာလည်း အဆမတန်ပိုမိုကြီးထွားလာပြီး အားကောင်းလွန်းသော အလင်းရောင်များကိုထုတ်လွတ်လာကာ လင်းနို့ဧကရာဇ်၏ ကိုယ်ထက်မှ ချွေးစီးများပင် ချက်ချင်းပဲ အငွေ့ပျံသွားလေသည်။
သို့သော် ထိုအပူချိန်ဟာ အခြားသောသက်ရှိများကိုတော့ သက်ရောက်ခြင်းမရှိချေ။ ဖီးနစ်မလေးဟာ သူမသခင်၏ခွန်အားအား ဂုဏ်ယူသောကြောင့် အော်ဟစ်ကာ မြည်တွန်လိုက်သည်။
ကောင်းကင်ထက်မှ တန်ခိုးရှင်က သူ၏ပါးစပ်အားဟကာ ဆက်လက်၍ပြောလိုက်သည်။
"ငါကနေနတ်ဘုရား။ ငါက ဒီစကြဝဠာကြီးထဲက ဘယ်အရာမဆို၊ ဘယ်သူ့ကိုမဆို သူတို့တွေအားလုံးရဲ့ အထက်မာ ငါရပ်တည်တယ်။"
"ငါကပြိုင်ဘက်ကင်းတယ်။"
Admin, [11/20/2025 7:56 PM]
နေနတ်ဘုရားဟွမ်ရှီက မာန်ပါပါဖြင့်ခက်ထန်စွာဖြင့်ပြောလိုက်ကာ အရာခပ်သိမ်းနေမင်းမျက်လုံးဖြင့် လင်းနို့ဧကရာဇ်အားကြည့်လိုက်သည်။
ချက်ချင်းပဲ တာအိုအရှင်တစ်ပါးပင် မခံနိုင်သော အပူလှိုင်းအလင်းတန်းကြီး ၂ တန်းထွက်ပေါ်လာကာ သူ၏တစ်ကိုယ်လုံးဟာလည် အရည်ပျော်လာလေသည်။
လင်းနို့ဧကရာဇ်က ကြောက်လန့်စွာဖြင့်ပြောလိုက်ရသည်။
"မသေမျိုးနတ်ဘုရားအရှင်ကြီး၊ ကျေးဇူးပြု၍ ဒီမသိတတ်တဲ့ သေမျိုးလင်းနို့လေးကို အသက်ချမ်းသာပါပေးပါ။" သူ၏မျက်ရည်များအားလုံးဟာ မထွက်ခင်မှာပင် အငွေ့ပျံသွားကြပြီး သူ၏မျက်လုံးများပင် လောင်ကျွမ်းလာကာ တစ်ရှဲရှဲအငွေ့များထွက်ပေါ်လာသည်။
"အားးးးးး"
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၅ + ၅၆) ပြီး