အခန်း (၅၇+၅၈+၅၉+၆၀)
Vol. 6 Ch. 57+58+59+60
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၇ + ၅၈ + ၅၉ + ၆၀)
“ကဲ... ဟုတ်ပြီ၊ ကင်မရာအဆင်သင့်ဖြစ်ပြီလား၊ ရပြီဆိုရင် စရအောင်” သတင်းထောက် ချန်ချန်က ချစ်စဖွယ်ပြောလိုက်သည်။ သူမ၏ အသံအဆုံးတွင် ကင်မရာသမား ကျန်းဝမ်သည် လက်မထောင်ပြလိုက်၏။
အသက်နှစ်ဆယ်ဝန်းကျင်မျှသာ ရှိသေးသော ချန်ချန်၏ ပုံစံသည် သွက်လက်တက်ကြွနေပြီး သူတို့နှစ်ဦးစလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများထင်ရှားနေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ယခုရောက်ရှိနေသော နေရာသည် ရွမ်းဟွမ်မြို့၏ မြို့စွန်၌ တည်ရှိသည့် မီးခိုးရောင် သတ္တုခံတပ်ကြီး ဖြစ်နေသောကြောင့်ပင်။
ဤနေရာသည် သိုင်းပညာရှင်ရာဇဝတ်သားများကို ထိန်းသိမ်းထားရာ အထူးအကျဉ်းထောင်ဖြစ်သည်ကို လူတိုင်းသိကြသော်လည်း ဤမျှလောက် ကြီးမားခန့်ညား၍ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့နှစ်ဦး မထင်မှတ်ထားခဲ့ပေ။
“ဌာနကနေ ဒီကိုလာရတဲ့ ခရီးက အကြာကြီးဖြစ်ခဲ့ပေမဲ့ တကယ်ကို တန်ပါတယ်” ချန်ချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရင်း ပြောဆိုလိုက်သည်။
“ကျွန်မတို့ရဲ့နောက်မှာ မြင်နေရတဲ့အရာကတော့ ရွမ်းဟွမ်မြို့ရဲ့ အထူးအကျဉ်းထောင်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ သာမန်ရာဇဝတ်သားတွေ မရှိပါဘူး။ သတ်ဖြတ်ခြင်း နဲ့ သိုင်းပညာတွေမှာ ထူးချွန်ပြီး ရွမ်းဟွမ်မြို့ရဲ့ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရာဇဝတ်သားတွေကို ထိန်းသိမ်းထားတဲ့ဖြစ်ပါတယ်” သတင်းတင်ဆက်နေသာ သူမ၏အသံသည် အနည်းငယ် တုန်ယင်လျက်ရှိသည်။
ကင်မရာကို ပုခုံးပေါ်တင်ထားသော ကျန်းဝမ်သည် အဆောက်အအုံကို စိတ်ဝင်တစား လှည့်ပတ်ပြီး ပြသတင်ဆက်နေသည်။
အပြင်ဘက်တွင် စောင့်ကြပ်နေကြသည့် စက်သေနတ်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို မြင်သောအခါ ကျန်းဝမ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများက ပိုမိုပြီးထင်ရှားလာသည်။
“ငါတို့ တကယ်ဝင်ရမှာလား ချန်ချန်” ကျန်းဝမ်သည် တိုးတိုးလေး မေးမြန်းလိုက်သည်။ “ငါတို့ ဝင်သွားရင် ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလေ”။
“စိတ်အေးထားပါ ကျန်းဝမ်။ ငါတို့က အကျဉ်းထောင်အုပ်ကြီးနဲ့ အရင်ဆုံး တွေ့ရမှာပါ။ ပြီးတော့ အင်တာဗျူးလုပ်ဖို့ ခွင့်ပြုထားတဲ့ ရာဇဝတ်သားတွေကိုပဲ တွေ့ရမှာပါ” ချန်ချန်က ကျန်းဝမ်ကို စိတ်သက်သာရာရစေရန် ပြောဆိုသော်လည်း သူမ၏အသံသည်လည်း တုန်ယင်လျက်ပင်ရှိသည်။
“ကျွန်မတို့ ဒီနေ့ ဘယ်သူတွေနဲ့ တွေ့ရမယ်ဆိုတာကို အားလုံးကို ပြောပြပေးပါမယ်” ချန်ချန်သည် ကင်မရာကိုပြန်ကြည့်၍ စိတ်အားထက်သန်မှုအပြည့်ဖြင့် ဆက်လက်တင်ဆက်လိုက်သည်။
“ပထမဆုံးတွေ့မယ့်သူကတော့ ငှက်ဆိုး လို့ခေါ်တဲ့ ရက်စက်တဲ့လူသတ်သမားဖြစ်ပါတယ်၊ ဒုတိယတစ်ယောက်ကတော့ မာယာ လို့ခေါ်တဲ့ အများပြည်သူနေရာတွေမှာ ဗုံးဖောက်ခွဲခဲ့တဲ့ ရာဇဝတ်သား တစ်ယောက်ဖြစ်ပါတယ်။”
“နောက်ဆုံးတစ်ယောက်ကတော့ မုဆိုးချန် လို့ အားလုံးကခေါ်တဲ့ နာမည်ကြီး လူသားအမဲလိုက်သူပဲ ဖြစ်ပါတယ်။”
“ဒီလူတွေက သာမန်ရာဇဝတ်သားတွေနဲ့မတူပါဘူး။ သူတို့ရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေနဲ့ အတိတ်ဘဝအကြောင်းတွေကို ကျွန်မတို့ ဒီနေ့ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါတယ်” ချန်ချန်သည် ပြောဆိုပြီးနောက် ကင်မရာကို တစ်ချက်ကြည့်လိုက်သည်။
“ကဲ... အားလုံးပဲ... ကျွန်မတို့ အထဲကို ဝင်ရောက်ဖို့ အဆင်သင့်ပါပြီ”။
ချန်ချန်နှင့် ကျန်းဝမ်တို့သည် အကျဉ်းထောင်၏ အပြင်ဘက်ဂိတ်ကို ဖြတ်၍ အတွင်းသို့ ဝင်ရောက်သွားကြသည်။ သူတို့၏ ခြေလှမ်းများသည် မဝံ့မရဲနှင့် အနည်းငယ် တုံ့ဆိုင်းနေသည်။
သူတို့နောက်မှ လိုက်ပါလာသော လုံခြုံရေးအရာရှိတို့၏ ခြေသံများသည်လည်း ပဲ့တင်ရိုက်ခတ်နေပြီး ဤနေရာ၏ တိတ်ဆိတ်မှုကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေသည်။
အတွင်းသို့ ရောက်သောအခါ လေထုသည် ပို၍ အေးစက်ပြီး လေးလံနေသည်ဟု ခံစားရသည်။
“ဒီက လုံခြုံရေးက တကယ်ကို တင်းကျပ်တာပဲ” ကျန်းဝမ်သည် သူ့ကိုယ်သူ ပြောသကဲ့သို့ ရေရွတ်လိုက်သည်။
ချန်ချန်သည်လည်း အကျဉ်းထောင်၏ ပတ်ဝန်းကျင်ကို စိတ်ဝင်တစားဖြင့်ကြည့်၍ ပြောဆိုနေသည်။
ထိုသို့ပြောဆိုနေစဉ်မှာပင် တံခါးသည် ပွင့်လာပြီး အကျဉ်းထောင်အုပ်ကြီးသည် သူတို့ရှေ့သို့ ရောက်ရှိလာသည်။ သူ၏ပုံစံမှာ တည်ကြည်ခိုင်မာပြီး သူ၏မျက်လုံးများက အရာရာကို မြင်နေသကဲ့သို့ စူးရှနေသည်။ အသက်ကတော့ ၅၀ ခန့်ရှိမည်ဖြစ်ကာ သန်မာနေဆဲပင်ဖြစ်သည်။
“မင်္ဂလာပါ... ကြိုဆိုပါတယ်” အုပ်ကြီးက ခပ်တည်တည်ပုံစံဖြင့် ပြောဆိုလိုက်သည်။ “ကျွန်တော်တို့ရဲ့ အကျဉ်းထောင်က တခြားအကျဉ်းထောင်တွေနဲ့မတူဘူး။ ဒီမှာရှိတဲ့ ရာဇဝတ်သားတိုင်းမှာ ထူးခြားတဲ့ သိုင်းပညာစွမ်းရည်တွေ ရှိနေတာကြောင့် သတိထားဖို့ လိုပါလိမ့်မယ်”။
“ဟုတ်ကဲ့ပါ အုပ်ကြီး” ချန်ချန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင် ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ။ ပထမဆုံး အင်တာဗျူးအတွက် ငှက်ဆိုး ရှိတဲ့ အခန်းဘက်ကို သွားကြရအောင်”။
အုပ်ကြီးသည် ရှေ့မှဦးဆောင်၍ သွားလေသည်။ ချန်ချန်နှင့် ကျန်းဝမ်တို့သည် နောက်မှလိုက်ပါသွားကြရာ ၎င်းတို့၏ခြေလှမ်းတိုင်း၌ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုနှင့် စူးစမ်းလိုစိတ်တို့ ရောနှောနေကြသည်။
အုပ်ကြီးသည် အခန်းအမှတ် (၁၃) ဟု ရေးထိုးထားသည့် တံခါးရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုအခန်း၏ တံခါးသည် အလွန်ထူထဲပြီး အတွင်းမှလူကို အပြင်မှကောင်းစွာမြင်နိုင်သော မှန်တံခါးတစ်ချပ် ဖြစ်၏။
ချန်ချန်နှင့် ကျန်းဝမ်တို့သည် သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အခန်းထဲသို့ ကြည့်လိုက်ကြသည်။ အတွင်း၌ အသက် ၃၀ ခန့်ရှိမည့် အမျိုးသားတစ်ဦးသည် ဟိုဟိုဒီဒီ လှည့်လည်သွားလာနေသည်။
သူ၏ ကိုယ်ခန္ဓာမှာ အလွန်တရာ ထွားကြိုင်းပြီး ကြွက်သားများ တင်းမာနေ၏။ လက်မောင်းနှင့် လည်ပင်းတို့တွင် မည်းနက်နေသောငှက်ပုံ တက်တူးများ ရေးထိုးထားရာ ထိုပုံများက သူ၏ကြွက်သားများကို ပိုမိုထင်ရှားစေသည်။
သူ၏မျက်လုံးများမှာမူ အေးစက်စက်ဖြစ်နေပြီး မည်သည့်ခံစားချက်မှ မရှိချေ။
“ဒီအခန်းထဲကသူကတော့ ငှက်ဆိုးပဲ” အုပ်ကြီးက မိတ်ဆက်ပေးလိုက်သည်။ “သူက သိုင်းပညာရှင်တစ်ယောက်ဆိုပေမယ့် သူ့သိုင်းပညာထက် ပိုကြောက်စရာကောင်းတာက သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ဓာတ်ပဲ”။
“သူ့နာမည်က ဘယ်ကနေလာတာလဲ” ချန်ချန်က အနည်းငယ်တုန်ယင်နေသော အသံဖြင့် မေးမြန်းလိုက်သည်။
“သူက သူ့ရဲ့ ရန်သူတွေကို သတ်တဲ့အခါ ငှက်တစ်ကောင်လိုပဲ အရိုးအကြောတွေအကုန်လုံးကို ချိုးပြီး သတ်လေ့ရှိတယ်။ အဲဒီလိုပဲ သတ်သွားတဲ့အလောင်းတွေကြောင့် သူ့ကို ငှက်ဆိုးလို့ နာမည်ပေးလိုက်ကြတာ” အုပ်ကြီးက ငှက်ဆိုးအား ရွံရှာသည့်အကြည့်ဖြင့် ဖြေကြားလိုက်သည်။
ငှက်ဆိုးသည် သူတို့၏ စကားသံများကို ကြားလိုက်သည်နှင့် လှည့်ပတ်သွားလာနေခြင်းကို ရပ်တန့်လိုက်ပြီး မှန်တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်တို့သည် အေးစက်၍ ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် အနားသို့ လျှောက်လာပြီး မှန်တံခါးရှေ့၌ မလှုပ်မယှက် ရပ်တန့်လိုက်သည်။
“မင်းတို့ ဘာလာလုပ်ကြတာလဲ” ဟူ၍ ငှက်ဆိုးက ခပ်ပြတ်ပြတ် မေးမြန်းလိုက်သည်။
“ကျွန်မတို့က သတင်းဌာနက လာတာပါ။ ခင်ဗျားအကြောင်း သိချင်လို့ပါ” ချန်ချန်က တံတွေးမြိုချလိုက်ကာ ပြန်လည်ဖြေကြားလိုက်သည်။
ငှက်ဆိုးက လှောင်ပြောင်သည့်အပြုံးဖြင့် ဘောင်းဘီချွတ်လိုက်ကာ နဂါးလေးအား ခါရမ်းလိုက်၏။ ချက်ချင်းပဲ ချန်ချန်၏မျက်နှာက နီရဲသွားကာ အနောက်သို့လှည့်သွားလိုက်သည်။
အခြားသူများ၏မျက်နှာကလည်း ရှုံမဲ့သွားကြ၏။
ငှက်ဆိုး၏ အခန်းမှ အလျင်အမြန် ထွက်ခွာလာပြီးနောက် အုပ်ကြီးသည် အခန်းအမှတ် (၂၇) ရှိရာသို့ ဦးဆောင်၍ သွားချေသည်။
ထိုအခန်း၏ရှေ့သို့ ရောက်သောအခါ ချန်ချန်နှင့် ကျန်းဝမ်တို့သည် စိတ်ထဲ၌ လေးလံမှု၊ ဖိစီးမှုတို့ကို ခံစားနေကြရသည်။ ဤနေရာသည် မည်သည့်နေရာဖြစ်သည်ကို တွေးကြည့်ကာ လန့်နေကြသည်။
အခန်းထဲတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက် ၂၀ ခန့်ရှိသော မိန်းကလေးတစ်ဦးသည် ထိုင်ခုံပေါ်တွင် ယဉ်ကျေးသိမ်မွေ့စွာ ထိုင်နေသည်။
သူမ၏ အဖြူရောင် ဆံပင်ရှည်များကို စနစ်တကျစည်းနှောင်ထားပြီး မျက်နှာသွင်ပြင်သည် ချောမော၍ အေးချမ်းလှသည်။
သို့သော် သူမ၏မျက်လုံးများတွင်မူ မီးတောက်များရှိနေခဲ့ရာ ထိုမီးတောက်များက သူမ၏ခံစားချက်များကို ဖော်ပြနေသကဲ့သို့ ရှိသည်။
“ဒီအခန်းထဲက မိန်းကလေးကတော့ မာယာ ပဲ” အုပ်ကြီးက သူမအား မိတ်ဆက်ပေးလိုက်သည်။
“သူမက တခြားရာဇဝတ်သားတွေနဲ့မတူဘဲ စိတ်ရောဂါအခံရှိတဲ့သူ”။
“စိတ်ရောဂါအခံရှိတာနဲ့ ဗုံးတွေနဲ့ ဘာဆိုင်လို့လဲ” ချန်ချန်က လှပသောမိန်းကလေးအား စိုက်ကြည့်ကာ စိတ်ဝင်တစားစွာဖြင့် မေးလိုက်သည်။
“သူမက အင်မတန်ဉာဏ်ကောင်းတယ်။ ဘာကိုမှ မစွဲလမ်းဘူး။ ဒါပေမဲ့ ဗုံးတွေကို အရမ်းစွဲလမ်းတယ်။ သူမက ဗုံးဖောက်ခွဲတဲ့အခါ လူတွေရဲ့ကြောက်ရွံ့မှုကို ကြည့်ပြီး အရမ်းပျော်နေတတ်တယ်” အုပ်ကြီးက ခေါင်းရမ်း၍ ဖြေကြားလိုက်သည်။
မာယာသည် သူတို့၏စကားသံများကို ကြားသော်လည်း ထိုင်နေရာမှ မထဘဲ မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ပွင့်နှင့် ကြည့်နေသည်။
“ကောင်းပြီ... အချိန်ကုန်သွားပြီ။ နောက်ဆုံးတစ်ယောက်စီ သွားရအောင်” အုပ်ကြီးက ပြောလိုက်သောအခါ ချန်ချန်နှင့် ကျန်းဝမ်တို့သည် မာယာ၏ အေးစက်စက်မျက်လုံးများမှ ရုန်းထွက်ကာ အုပ်ကြီး၏နောက်သို့ လိုက်ပါသွားကြပါတော့သည်။
မာယာ၏ အခန်းမှ ထွက်ခွာလာပြီးနောက် အုပ်ကြီးသည် အခန်းအမှတ် (၄၅) ရှိရာသို့ ဦးဆောင်၍ သွားချေ၏။ ထိုအခန်းသည် အခြားအခန်းများကဲ့သို့ မှန်တံခါးဖြင့် မကာရံထားဘဲ သံမဏိတံခါးဖြင့် အလုံပိတ်ကာရံထားသည်။
သတင်းထောက် ချန်ချန်သည် ထိုအခြေအနေကို တွေ့သောအခါ အံ့အားသင့်သွားသည်။
“အုပ်ကြီး၊ ဒီအခန်းက ဘာဖြစ်လို့ တခြားအခန်းတွေနဲ့မတူဘဲ အလုံပိတ်ထားတာလဲ” ဟူ၍ ချန်ချန်က မေးမြန်းလိုက်သည်။
“ဒီအခန်းထဲကလူကတော့ မုဆိုးချန် ပဲ” အုပ်ကြီးက မိတ်ဆက်ပေးလိုက်သည်။ “သူက အဆင့်မြင့်တဲ့သိုင်းပညာရှင် မဟုတ်ပေမဲ့ သာမန်လူတွေထက် အများကြီး ပိုသန်မာတယ်၊ ပြီးတော့ သူ့ရဲ့ဉာဏ်ရည်ကလည်း ထက်မြက်လွန်းတယ်”။
“ဘာကိုဆိုလိုတာလဲ” ချန်ချန်က မေးလိုက်သည်။
“သူ့မှာရှိတဲ့ စွမ်းရည်တွေက သိုင်းပညာမဟုတ်ဘဲ လူတွေကို လိုက်လံဖမ်းဆီးနိုင်တဲ့ အရည်အချင်းတွေပဲ။ သူက လူတွေကို ပစ်မှတ်တစ်ခုလို သတ်မှတ်ပြီး ဖမ်းဆီးတတ်တယ်။ သူ့ကိုဖမ်းတုန်းကလည်း အချိန်အများကြီးယူခဲ့ရတယ်။ ဘယ်သူမှ သူ့ကို ဘယ်လိုရှာရမယ်ဆိုတာ မသိကြဘူး။ သူက အမြဲတမ်း ပုန်းကွယ်နေတတ်ပြီး ဘယ်သူကိုမဆို ဖမ်းဆီးနိုင်တယ်” အုပ်ကြီးက မုဆိုးချန်ကိုတော့ အနည်းငယ်ကြောက်ရွံစွာကြည့်၍ ရှင်းပြလိုက်သည်။
ချန်ချန်နှင့် ကျန်းဝမ်တို့သည် အံ့အားသင့်စွာ နားထောင်နေကြသည်။ သိုင်းစွမ်းရည်များဖြင့် လူများကို လိုက်လံဖမ်းဆီးတတ်သည့် မုဆိုးတစ်ယောက်၏အကြောင်းကို ကြားလိုက်ရသောအခါ ကြက်သီးမွှေးညင်းများ ထသွားကြသည်။
အင်တာဗျူးများအားလုံးပြီးနောက် ချန်ချန်နှင့် ကျန်းဝမ်တို့သည် အကျဉ်းထောင်အပြင်ဘက်သို့ ပြန်ထွက်လာခဲ့ကြသည်။
ထိုအချိန်မှာပင် ရွမ်းဟွမ်မြို့စွန်ရှိ မီးခိုးရောင်ထောင်ခံတပ်ကြီးသို့ အနက်ရောင်ဗန်ကားတစ်စီး ထိုးချလာ၏။
“အိုး လူသစ်တွေရောက်လာပြီပဲ” သတင်းထောက်ချန်ချန်က ရေရွတ်လိုက်သည်။
အနက်ဗန်ကားထဲတွင်တော့ ဒါဏ်ရာတွေပြန်ကောင်းသွားပြီဖြစ်သည့် ထျန်ရှင်းလုက မျက်နှာသေကြီးဖြင့်ထိုင်နေကာ သူ၏ဘေးတွင်လည်း ပယ်လာဟောရှိနေ၏။
သူတို့၏အရှေ့နှင့်ဘေး ၂ ဖက်တွင်တော့ အရာရှိဟုန် နှင့် အခြားသောအထူးရဲများစွာရှိနေကာ သူတို့၏မျက်လုံးများက ဂနာမငြိမ်ဖြစ်နေသလို မျက်နှာများကလည်း ဖြူဖျော့နေကြသည်။
“ရောက်ပြီ ဆင်းဟေ့” အနက်ရောင်ခံတပ်၏ မြေအောက်ကားပါကင်ထပ်သို့ရောက်သွားသောအခါ ကားဆရာက အော်ပြောလိုက်၏။
သူတို့တွေအောက်ဆင်းပြီးနောက် ရုတ်တရက် ပယ်လာဟောအား စိုက်ကြည့်နေသည့် အရာရှိဟုန်က ခေါင်းတစ်ချက်မော့သွားကာ စိတ်အနှောက်အယှက်ဖြစ်သွားဟန်ရသည်။
“ဒီသောက်ကောင်က လွတ်သွားပြန်ပြီလား။ ငါ အဲကောင်ကို တကယ် သတ်ပြစ်ချင်နေပြီ။” အရာရှိဟုန်က စိတ်ပင်ပန်းဟန်ဖြင့် မျက်မှန်ချွတ်ကာ နှာရိုးအားနှိပ်လိုက်၏။
ပြီးနောက်တွင် အထူးရဲခေါင်းဆောင်အားကြည့်ကာ ပြောလိုက်သည်။ “ဒီကောင်ကို ဂရုစိုက်ထားလိုက် ငါမကြာခင်ပြန်လာခဲ့မယ်”
အထူးရဲခေါင်းဆောင် အရာရှိအန်ကတော့ မျက်နှာပျက်သွားကာ အလျင်အမြန်ပြောလိုက်သည်။ “ဒါပေမဲ့ အရာရှိဟုန်.....”
သို့သော် သူစကားကိုဆုံးအောင် မပြောလိုက်ရသေးခင်မှာပင် အရာရှိဟုန်က ပျောက်ကွယ်သွားပြီဖြစ်ကာ အရိပ်အယောင်မမြင်ရတော့ချေ။
ချက်ချင်းပဲ အထူးရဲများ၏မျက်နှာများက ချေးမှန်ထားသလို့ဖြစ်သွားကြသည်။ အရာရှိဟုန်မရှိတော့သောအခါ ထျန်ရှင်းလုက ရယ်မောလိုက်၏။
“ဟားဟားဟား မင်းတို့တွေ ငါဘယ်သူလဲ သိတယ်မလား။”
“ပြဿနာမတတ်ချင်ဘူးဆိုရင် ငါ့ကိုအခုလွတ်ပေးလိုက်သင့်ပြီနော်၊ ငါမင်းတို့တွေအားလုံးရဲ့ မျက်နှာကိုမှတ်မိတယ်။”
“မင်းတို့တွေ အခုငါ့ကိုမလွတ်ပေးဘူးဆိုရင် မင်းတို့ရဲ့မိသားစုအပါအဝင် တစ်မျိုးလုံးကို အရှင်လက်လက်မီးရှို့ပြီးသတ်ပြစ်မယ်” ထျန်ရှင်းလုက ကြောက်မက်ဖွယ်အမူအရာဖြင့် သူတို့တွေအား ခြိမ်းခြောက်လိုက်သည်။
အထူးရဲများကလည်း မျက်နှာပျက်သွားကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ သူတို့၏ခေါင်းဆောင်ဖြစ်သူ အရာရှိအန်အားလှမ်းကြည့်လိုက်၏။
အရာရှိအန်ဟာလည်း မျက်နှာကြီးမဲမှောင်နေကာ စိတ်ထဲမှနေ၍ အရာရှိဟုန်အားကျိန်ဆဲနေသည်။ ‘သောက်ကျိုးနည်းခွေးကောင် အထက်ကအမိန့်ကလည်း တာဝန်မယူပဲ ငါတို့လက်ထဲ ချိန်ကိုက်ဗုံးတစ်လုံးထည့်သွားပေးတယ်။’
အရာရှိအန် အတော်လေးစိတ်ပျက်နေပြီဖြစ်လေသည်။ အရာရှိဟုန်ထံတွင် ဘုရင်မင်းမြတ်၏ခွင့်ပြုချက်ရှိသလို သူတို့ဖမ်းရသည့် အပြစ်သားကလည်း ထျန်ကလန်မှဖြစ်နေ၏။
ထိုသူ၏ငယ်ရွယ်မှု နှင့် ထျန်ကလန်၏အမှတ်အသား ဖြစ်သော သံမဏိခန္ဓာကိုယ်အားကြည့်ရလျှင် သူတို့လက်ထဲမှချိန်ကိုက်ဗုံးကြီးဟာ ထျန်ကလန်၏ အရေးပါသောမျိုးဆက်သစ်ဖြစ်လောက်ပေမည်။
သို့သော် သူဟာ ၂ ဖက်လုံးကိုအာခံ၍မရသောကြောင့် ငိုမဲ့မဲ့မျက်နှာဖြင့်ရှိနေသည်။ နောက်ဆုံးတွင်တော့ သူကသက်ပျင်းချလိုက်၍ အမိန့်ပေးလိုက်သည်။
“လောလောဆယ်တော့ အချုပ်ခန်းထဲထည့်ထားလိုက်၊ ငါတို့အထက်က အမိန့်ကိုစောင့်ရမယ်”
အထူးရဲများက ချက်ချင်းပဲ သူတို့ခေါင်းဆောင်၏ အမိန့်အားနာခံလိုက်ကြသည်။ ထျန်ရှင်းလုကလည်း လှောင်ပြုံးလေးဖြင့် သူတို့အနောက်မှလိုက်ပါလာလေသည်။
သူက လမ်းတွင် ပြောလိုက်သည်။ “အခုဘယ်အချိန်ရှိပြီလဲ”
အရာရှိအန်က မကျေမနပ်ဖြင့် နာရီအားတစ်ချက်ကြည့်လိုက်သည်။ “၉ နာရီ ၅၀ မိနစ်”
“အိုး ဒါဆိုရင်အချိန်ကျလောက်ပြီပဲ ဟားဟား” ထျန်ရှင်းလုက ဆက်မသွားတော့ပဲ ရပ်လိုက်သည်။ ပြီးနောက်တွင် ပြုံးစစဖြင့် အရာရှိအန်အား လှောင်ပြောင်သလိုကြည့်နေလေသည်။
အရာရှိအန်ကလည်း မျက်မှောင်ကြုတ်သွားကာ ထျန်ရှင်းလုအား သေချာစိုက်ကြည့်လိုက်သည်။ “မင်းဘာကို ဆိုလိုတာလဲ”
သူပြောပြီးပြီးချင်း ၅ စက္ကန့်တောင်မကြာလိုက်ခင်မှာပဲ ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးကိုကြားလိုက်ရကာ မြေကြီးပင် အနည်းငယ်တုန်ခါသွားလေသည်။
“ဝုန်းးးး”
ပေါက်ကွဲမှုမှာ အားကောင်းလွန်းသောကြောင့် မြေပြင်ဟာ အတော်လေးကိုလှုပ်ခါသွားရသည်။ နောက်ဆက်တွဲ ပိုမိုအားနည်းသည့် ပေါက်ကွဲသံများစွာကိုလည်း ဆက်တိုက်ကြားလိုက်ရသည်။
ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားသည့် အရာရှိအန်က သူ၏ဆက်သွယ်ရေးစက်အားထုတ်ကာ အရေးပေါ်ဌာနသို့ဆက်သွယ်လိုက်သည်။
ရွမ်းဟွမ်မြို့ဟာ အတော်လေးကြီးမားပြီး အရည်အချင်းရှိသော အရာရှိများဖြင့် ဖွဲ့စည်းထားသောကြောင့် သတင်းအသွားအလာဟာ အလွန်မြန်ဆန်၏။
၁ မိနစ်ပင် မကြာသေးသည့်အချိန်မှာပင် အရာရှိအန် နောက်ဆုံးထွက် သတင်းအားရရှိလိုက်သည်။ ချက်ချင်းပဲ သူ၏မျက်နှာဟာ အတော်လေးအံဩသွားပုံရပြီး ထျန်ရှင်းလုအားကြည့်လိုက်သည်။
“အခုပဲ ရွမ်းဟွမ်စစ်အခြေစိုက်စခန်းရဲ့ လက်နက်သိုလှောင်ရုံပေါက်ကွဲသွားတယ်။ အဲတာမင်းရဲ့လက်ချက်ပဲမလား။ ထျန်ကလန်က ရွှေနဂါးနိုင်ငံကြီးတစ်ခုလုံးနဲ့ စစ်ဖြစ်ချင်နေတာလား” အရာရှိအန် ဒေါသအကြီးအကျယ်ဖြင့် အော်ပြောလိုက်သည်။
“အ ဟားဟားဟား” ထျန်ရှင်းလုကတော့ ဘာမှမပြောပဲ အားရပါရရယ်မောနေကာ အရာရှိအန်အား လှောင်ရယ်နေသည့် မျက်လုံးတို့ဖြင့်စိုက်ကြည့်နေ၏။
အရာရှိအန်ကလည်း ပိုမိုပြီးဒေါသထွက်လာကာ ပစ္စတိုသေနတ်အားထုတ်ယူ၍ ထျန်ရှင်းလု၏ခေါင်းအားချိန်လိုက်သည်။
ထျန်ရှင်းလုက အပြုံးပါးပါးလေးဖြင့် အရာရှိအန်အားကြည့်ကာ ပြောလိုက်သည်။ “ပြစ်ရဲရင်ပြစ်လိုက်စမ်းပါ”
“ဒိုင်းးး” ချက်ချင်းပဲ ကျယ်လောင်သော သေနတ်သံကြီးထွက်ပေါ်လာ၏။
အရာရှိအန်မြေပြင်ပေါ်သို့ လှဲကျသွားကာ သူ၏နထင်ရှိအပေါက်ကြီးမှ နီရဲနေသောသွေးများစွာကြီးထွက်ပေါ်လာသည်။ သူ၏မျက်လုံတို့ဟာလည်း ဒေါသအပြည့်ဖြင့်ရှိနေဆဲဖြစ်ကာ သေလို့သေသွားမှန်းတောင် မသိလိုက်ချေ။
ချက်ချင်းပဲ အခြားသောအထူးရဲများက တပ်လှန့်သွားသော်လည်း သူတို့မတုန့်ပြန်နိုင်သေးခင်မှာပင် သေနတ်သံများဆက်တိုက်ထွက်ပေါ်လာကာ သူတို့တွေ၏ တစ်ကိုယ်လုံးတွင် သေနတ်ရာတွေဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
အမှောင်ထဲမှ စက်သေနတ်ကိုယ်စီဖြင့် အရိပ်တပ်ဖွဲ့ဝင် ၁၂ ယောက်ထွက်လာကြသည်။ ချုပ်တည်းခြင်းလက်ထိပ်အား လော့ခ်ဖြည်ပြီးနောက် ထျန်ရှင်းလုက သိုလှောင်လက်စွပ်ထဲမှ အနက်ရောင်ခြုံထည်တစ်ခုအားထုတ်၍ ဝတ်ဆင်လိုက်သည်။
ပြီးနောက်တွင် အပြုံးပါးပါးလေးဖြင့် “ကောင်းပြီ ရှောင်ကလန်ကို မြေလှန်ဖို့အချိန်ရောက်လာပြီ”
“အဟားဟားဟား”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၇ + ၅၈ + ၅၉ + ၆၀) ပြီး