← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၆၉)

အဝေးမှအဆောက်အဦးထိပ်တွင် ရပ်နေသော မိန်းကလေးတစ်ဦးရှိ၏။ သူမ၏ အရပ်မှာ ၅ ပေခန့်သာရှိပြီး ကိုယ်ခန္ဓာက နူးညံ့သိမ်မွေ့ပုံရသော်လည်း သူမ၏ ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးမားသည့် စွမ်းအင်အရှိန်အဝါများက ဝန်းရံနေသည်ချေ။

သူမ၏ မျက်နှာသည် အလွန်လှပကာ ချစ်စရာကောင်းမွန်သော်လည်း နှုတ်ခမ်းဖျားတွင် အပြုံးမရှိ၊ မျက်လုံးများကလည်း ရေခဲကဲ့သို့ အေးစက်နေသည်။

အထူးခြားဆုံးမှာ သူမ၏ မျက်လုံးတစ်ဝိုက်တွင် သဘာဝအတိုင်းဖြစ်နေသော အဖြူရောင် မြွေ၏အကြေးခွံများက သေသေသပ်သပ် ဖုံးလွှမ်းနေခြင်းဖြစ်သည်။

ထိုအကြေးခွံများက အလင်းရောင်တွင် တစ်လက်လက်တောက်နေပြီး ကြောက်ရွံ့ဖွယ်အလှကို ဖြစ်စေသည်။

သူမသည် ရိုးရှင်းသောအစိမ်းရောင် ကိုယ်ကျပ်ဝတ်စုံကြီးကို ဝတ်ဆင်ထားသည်။

သူမဟာ ဂုတ်ဝဲလေးဖြင့် မိတ်ကပ်မပါသော်လည်းပဲ ချောမောကာ မြွေအကြေးခွံတို့ဖြင့် အလွန်မှ ချစ်ဖို့ကောင်းလွန်းလှသည်။

သို့သော် သူမဟာ သေဆုံးသွားသော ရှောင်ကလန်ဝင်များကိုကြည့်ပြီး အလွန်အေးစက်နေသော အော်ရာများကို ထုတ်ဖော်နေကာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးပင် အပူချိန်လျော့ကျသွားစေသည်။

“သခင်လေးထျန် ငါစိမ်းမြင်တိုင်း ငါးစိမ်းစား တာမျိုးက မကောင်းဘူးနော်” သူမ၏ချစ်စဖွယ် ခပ်စူးစူးလေးက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

ရှောင်ထျန်းက သူမ၏အသံကြောင့် အလွန်အမင်းပျော်ရွင်သွားကာ လှည့်ကြည့်လိုက်လေသည်။

“ဟာ ဘိုးဘေး သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို တတ်ရောက်သွားနိုင်ပြီလား”

ဤအမျိုးသမီးဟာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀ တုန်းက တော်လှန်ရေးတိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သလို ရှောင်ကလန်၏တည်ထောင်သူ တစ်ယောက်လည်းဖြစ်လေသည်။

ရှောင်ကလန်၏သက်တမ်းမှာ နှစ်ပေါင်း ၂၀၀ ကျော်နေပြီဖြစ်ပြီး သူမ နှင့် သူမ၏အကိုတို့က အတူတူတည်ထောင်ခဲ့ဖြင်းဖြစ်သည်။ သူမကတော့ ယခုအချိန်အထိအသက်ရှင်နေဆဲဖြစ်သော်လည်း သူမ၏အကိုကတော့ တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးသွားခဲ့၏။

ဤအမျိုးသမီး၏ အသက်မှာအနည်းဆုံး ၂၀၀ ကျော်ဖြစ်သော်လည်း သူမ၏အသွင်အပြင်ဟာတော့ ၁၈ နှစ်အရွယ်ကောင်မလေးနှင့်ပင် သွားတူနေသည်။

အကြောင်းအရင်းမှာတော့ သူမဟာ သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်အား ကျော်ဖြတ်နိုင်သွားသောကြောင့်ပင်ဖြစ်လေသည်။

သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့် ၇ ဆင့်ရှိလေပြီး အဆင့် ၁ သေမျိုးတန်ခိုးရှင်များ၏ သက်တမ်းမှာ နှစ်ပေါင်း ၅၀၀ ဝန်းကျင်ခန့်ဖြစ်သည်။

အဆင့် ၁ ဆင့်တတ်ရောက်သွားတိုင်းမှာ နောက်ထက်သက်တမ်းအပို ၁၀၀ နှစ်အားရရှိကြသည်။ ဤသည်မှာ ပျမ်းမျှဂဏန်းသာဖြစ်လေသည်။ အချို့မှာ ထိုထက်ပိုရှည်ကြသလို အချို့ကလည်း ထိုထက်ပိုပြီးလည်း တိုကြသည်။

ကျင့်ကြံခြင်းကမ္ဘာတွင် မြွေများဟာ အလွန်အသက်ရှည်ကြသည်။ မြွေအားအမှီပြု၍အမြုတေဖွဲ့စည်းထားသော ရှောင်ဘိုးဘေး၏ သက်တမ်းဟာ အဆင့် ၁ သေမျိုးတန်ခိုးရှင်တွင်ပင် နှစ် ၁၀၀၀ ကျော်လေ၏။

ထို့အတွက်ကြောင့်ပင် ရှောင်ဘိုးဘေးဟာ အသက် ၂၀၀ ကျော်နေပြီဖြစ်သော်လည်း ၁၈ နှစ်ကလေးမ တစ်ယောက်ကဲ့သို့ အလွန်နုပျိုနေရခြင်းဖြစ်သည်။

သူမက ရှောင်ထျန်းအား အဖတ်ပင်မလုပ်ပဲ ထျန်ရှင်းလုအား သူမ၏လှပသောအစိမ်းရောင်မျက်ဝန်းတို့ဖြင့် မျက်မှောင်ကြီးကုပ်ကာ စိုက်ကြည့်နေလေသည်။

ထျန်ရှင်းလုကလည်း သူမအားမတူသလို မတန်သလို ခြေထောက်မှစ၍ ခေါင်းအထက်အထိ သေချာကြည့်လိုက်သည်။

ပြီးနောက်တွင် သူ၏နှုတ်ခမ်းအထက်တွင် ညစ်ညမ်းသော အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။ “အင်း ဒီအဘွားကြီးက မဆိုးဘူးပဲဟ။ အပျိုသာစစ်သေးရင် ငါ့ရဲ့မောင်းမဆောင်ထဲထည့်ပြစ်ပါတယ်။”

“နှမြောစရာပဲလေ။ ပယ်လာဟော သူ့မကိုဖမ်းလိုက်ကွာ၊ သူမကိုပြည်တန်​ဆာအိမ်မှာ သွားရောင်းစားကြမယ်။ အဆင့် ၁ သေမျိုးတန်ခိုးရှင် ပြည်တန်ဆာဆိုတော့ ဧည့်သည်အတော်လေးများမာပဲ ဟားဟားဟား”

ထျန်ရှင်းလုက ညစ်ညမ်းသော စကားများအား ပေါ့ပေါ့ပါးပါးရယ်မောကာ ပြောလိုက်သည်။ ချက်ချင်းပဲ ရှောင်ကလန်ဝင်များ၏ မျက်နှာအထက်တွင် ဒေါသ၏အရိပ်အယောင်များထွက်ပေါ်လာကြသည်။

အကြီးအကဲဖန်း နှင့် အကြီးအကဲချိုးတို့ ၂ ယောက်ပင် ထျန်ရှင်းလု၏ အကြောက်အလန့်မရှိသော အပြုအမူတို့ကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

မြွေမလေးဟာ အံကြိတ်လိုက်ပြီး ဒေါသထွက်လွန်းသောကြောင့် လ​က်သီးစုပ်လိုက်ရာ သူမ၏ဖြူဖွေးနေသော လက်များတွင် အစိမ်းရောင်သွေးကြောကြီးများ ထောင်ထလာသည်။

“ရိုင်းစိုင်းလွန်းတဲ့ကလေးပဲ”

ပယ်လာဟောက သူမ၏အောက်ပိုင်းအား တစ်ချက်စိုက်ကြည့်၍ ထျန်ရှင်းလု၏အနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

“သခင်...သူမက အပျိုပဲရှိသေးတယ်”

ထျန်ရှင်းလု ထိန့်လန့်သွားပြီး သူမအားသေချာကြည့်လိုက်သည်။ “သောက်ကျိုးနည်း သူတို့ရဲ့တည်ထောင်သူ ဘိုးဘေးက အပျိုကြီးလား”

“ငါသိသလောက်တော့ ရှောင်ကလန်ရဲ့သက်တမ်းက နှစ် ၂၀၀ ကျော်ပြီဆို၊ အဲတာဆို နှစ် ၂၀၀ အပျိုကြီးပေါ့”

“အကိုကြီးပြောတာကြားဖူးတယ်။ တွင်းဟောင်းရေကြည်အေးမြသည်။ တဲ့လေ ပယ်လာဟော သူမကိုဖမ်းကွာ ငါ့ရဲ့မောင်းမဆောင်ထဲထည့်ပြစ်မယ်” ထျန်ရှင်းလုက ညစ်ညမ်းသော အပြုံးဖြင့်ဆက်လက်ပြီး ပြောဆိုလိုက်သည်။

“ချသာချ သူမဒါဏ်ရာရသွားလည်း ငါမာ အမာရွတ်ပျောက်ဆေးရှိတယ်” ထျန်ရှင်းလုက သူမအားကြည့်ကာ လျာသပ်၍ထပ်ပေါင်းပြောလိုက်သည်။

သူ၏ရည်ရွယ်ချက်မှာ တစ်ဖက်သူအား တတ်နိုင်သလောက် ဒေါသထွက်ရန်ပင်ဖြစ်လေသည်။

ကတုံးကေဖြင့်ပယ်လာဟောကလည်း ခေါင်းတစ်ညိတ်ညိတ်ဖြင့် အလွန်လျင်မြန်သော အရှိန်ဖြင့်ပျောက်ကွယ်သွားကာ အဆောက်အဦးထိပ်ရှိ သူမ၏အရှ့တွင်ပြန်ပေါ်လာသည်။

ပယ်လာဟော၏အရှိန်မှာ မြန်ဆန်လွန်းသောကြောင့် ရှောင်ဘိုးဘေးမြွေမလေး၏ ဆံပင်များပင် အနောက်သို့လွှင့်ထွက်သွားရလေသည်။

ပယ်လာဟောက သူ၏လက်သီးကြီးဖြင့် ရှောင်ဘိုးဘေး၏ကိုယ်လုံးသေးသေးလေးအား ထိုးချပြစ်လိုက်သည်။

မြွေမလေးဟာလည်း ပယ်လာဟော၏အရှိန် နှင့် ခွန်အားတို့ကြောင့် ထိန့်လန့်သွားကာ မျက်လုံးပြူးသွားသည်။

“ဝုန်းးး”

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၆၉) ပြီး

All Chapters