အခန်း (၆၈)
Vol. 7 Ch. 68
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၆၈)
အားလုံးက မျက်နှာထားအမျိုးအမျိုးဖြင့်ရှိနေကြသည်။ ရှောင်ကလန်ဝင်များ၏ မျက်နှာထားမှာ ထိန့်လန့်နေကြလေပြီး ကြောက်ရွံမှုများဖြင့် တုန်လှုပ်နေကြသည်။
ထျန်ကလန်ကသာ သူတို့အားပြစ်မှတ်ထားနေသည်ဆိုပါက ရွှေနဂါးနိုင်ငံ၏ တော်ဝင်မိသားစုကပင် သူ့တို့ကို ကာကွယ်ပေးရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။
အကြီးအကဲ ၉ နှင့် အကြီးအကဲ ၁၂ တို့၏မျက်နှာများမှာတော့ ဒေါသကြောင့်မျက်နှာများ နီရဲနေကြသည်။ ထျန်ရှင်းလုကတော့ ထိုပုဂ္ဂိုလ်ကြီး ၂ ယောက်၏ ဒေါသကြောင့် ရလာသည့် သက်တမ်းများကိုကြည့်ကာ မျက်နှာက အတော်လေးပြုံးဖြီးနေ၏။
ထျန်ရှင်းလုက အကြီးအကဲ ၉ နှင့် အကြီးအကဲ ၁၂ တို့အားကြည့်လိုက်သည်။
“ချိုးလေး နဲ့ ဖန်းလေး” ထျန်ရှင်းလုက အမိန့်ပေးသော လေသံဖြင့်ပြောလိုက်သည်။ “သူတို့တွေရဲ့ ခြေထောက် နဲ့ လက်တွေကိုရိုက်ချိုးပြစ်လိုက်”
အကြီးအကဲ ၉ နှင့် အကြီးအကဲ ၁၂ တို့၏ခန္ဓာကိုယ်များမှာ တစ်ဆက်ဆက်တုန်ယင်သွားကြသည်။ ဖန်းလေးဟာ အကြီးအကဲ ၉ ဖြစ်ပြီး ချိုးလေးဟာ အကြီးအကဲ ၁၂ ဖြစ်သည်။
သို့သော် ထိုနာမည်များဟာ သူတို့၏ချစ်စနိုးဖြင့်ခေါ်သော ငယ်နာမည်များဖြစ်၏။ ယခုလို အသက် ၁၅ တောင်မပြည့်သေးသော ကလေးတစ်ယောက်မှ အသက်ရာကျော်နေပြီဖြစ်သည့် သူတို့အား ထိုသို့လာခေါ်သောအခါ သူတို့တွေ ဆွံအသွားကြသည်။
ရှောင်ထျန်း နှင့် အခြားသော အသက်ရှင်ကျန်ရစ်သေးသည့် ရှောင်ကလန်ဝင်များဟာလည်း ချက်ချင်းပဲပြေးရန်ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ထျန်ရှင်းလု၏အနောက်ရှိ အရိပ်စစ်သည် ၁၂ ယောက်က အလွန်လျင်မြန်သောအရှိန်ဖြင့်လှုပ်ရှားသွားကာ ရှောင်ကလန်ဝင်များအား ဝန်းရံကာ ပိတ်ဆို့ကြလိုက်သည်။
အကြီးအကဲ ၉ အသွင်ယူထားသည့် ဖန်းလေးက ထျန်ရှင်းလုအား အလျင်စလိုပြောလိုက်သည်။ “သခင်လေးထျန်၊ မြောက်ဘက်နဂါးဟောခန်းသခင်ရဲ့ အမိန့်ကရော၊ ဘယ်လိုဆက်လုပ်ကြမာလဲ”
ထျန်ရှင်းလုက အနည်းငယ်စိတ်ခုသွားဟန်ဖြင့် အကြီးအကဲဖန်းအားသေချာစိုက်ကြည့်၍ ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကိုပြောပြီးပြီလေ။ သူတို့ရဲ့ လက်နဲ့ခြေထောက်တွေကို ရိုက်ချိုးလိုက်။ ဘာလဲ ကျုပ်နောက်ထပ် တစ်ကြိမ်ထပ်ပြောရမာလား။”
“ကျုပ်ကိုယ်တိုင်လုပ်ရမာလား။”
“ခင်ဗျားက ကျုပ်ကိုယ်တိုင်လုပ်ရင်ရော တားဦးမလို့လား။”
“ခင်ဗျားက ကျုပ်ကိုတားနိုင်မယ်ထင်လို့လား။ ကျုပ်က ထျန်ကလန်ရဲ့အရိပ်နတ်ဆိုးဆိုတာကို ခနလောက် ဘေးဖယ်ထားလိုက်”
“အဲလိုဆိုရင်တောင် ကျုပ်က မျိူးဆက်သစ်တွေထဲမာ နံပါတ် ၁ ဆိုတာကိုတော့ မမေ့သေးဘူးမလား။”
ထျန်ရှင်းလုက မာန်ပါပါဖြင့် အကြီးအကဲဖန်းအား စိုက်ကြည့်ကာပြောလိုက်သည်။
“ဒါက” အကြီးအကဲဖန်း၏ မျက်နှာကြီးမှာ နီရဲလာပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်သွားမိသည်။ ထျန်ရှင်းလုပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သူကိုယ်တိုင်လည်း သိလေသည်။
တကယ်၍ သူတို့ ၂ ယောက်သာ အစစ်အမှန်သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ကြမည်ဆိုလျှင် ထိုဝိညာဉ်သခင်အဆင့်ပင် မရောက်သေးသော ကောင်လေးအား သူအနိုင်ရရှိနိုင်မည်မဟုတ်ချေ။
အကြီးအကဲဖန်း ရှက်ရွံသွားကာ ထျန်ရှင်းလုနှင့်အကြည့်ချင်းမဆိုင်ရဲတော့ချေ။
“အကြီးအကဲဖန်း ခင်ဗျားမှာ ရွှေးချယ်စရာ ၂ ခုရှိတယ်။”
“သူတို့ရဲ့ လက်နဲ့ခြေထောက်တွေကိုရိုက်ချိုးလိုက်။ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် ခင်ဗျားရဲ့လက်တွေနဲ့ခြေထောက်တွေကို ရိုက်ချိုးပြစ်လိုက်မယ်”
ထျန်ရှင်းလု ထပ်မံ၍ ကြုံးဝါးလိုက်သည်။ သူ၏မျက်လုံးတို့ဟာ ကြောက်မက်ဖွယ်ကောင်းမွန်နေပြီး အကြီးအကဲဖန်း ခင်မျာ အကြည့်ချင်းပင် မဆိုင်ရဲချေ။
“ကောင်း...ကောင်းပါပြီ” အကြီးအကဲဖန်း ကမကျေနပ်ဖြစ်နေသော်လည်း သဘောတူလိုက်ဆဲဖြစ်၏။ သူဟာ ထျန်ရှင်းလုအား တစ်ယောက်ချင်းတိုက်ခိုက်ပါကလည်း အနိုင်ရနိုင်မည်မဟုတ်သလို နောက်ခံခြင်းလည်းမယှဥ်နိုင်ချေ။
ထျန်ကလန်ဟာ အင်အားကြီးလွန်းပြီး သူတို့ထံမှ ကျပန်းအကြီးအကဲကပင်လျှင် သူတို့၏ဩဇာကြီးမားလှပါသည်ဆိုသော နဂါး ၄ ကောင်ဂိုဏ်းကြီး တစ်ဂိုဏ်းလုံးကို တစ်စစီဖြစ်သည်အထိ ဖျက်စီးပြစ်နိုင်လေသည်။
အကြီးအကဲဖန်းက သက်ပျင်းချလိုက်ပြီး ဝိညာဉ်ကွင်းများအား အသက်သွင်းလိုက်သည်။ ချက်ချင်းပဲ သူ၏လက်ကောက်ဝတ်ပေါ်တွင် အဖြူရောင်လက်ကောက်လို ဝိညာဉ်ကွင်း ၄ ကွင်းပေါ်လာသည်။
လက် ၁ ဖက်ကို ဝိညာဉ်ကွင်း ၂ ကွင်းစီဖြစ်သည်။
“အဆင့် ၄ ဝိညာဉ်သခင်”
ချက်ချင်းပဲ ရှောင်ထျန်း နှင့် ဘိုးဘေးကြီး ၂ ယောက်လုံး၏ မျက်နှာများပေါ်တွင် မျှော်လင့်ချက်မဲ့သွားသည့် အမူအရာများထွက်ပေါ်လာသည်။
“သွားပြီ သွားပြီ။ ကောင်းကင်ကြီးက ငါတို့ရဲ့ရှောင်ကလန်ကို ဖျက်စီးချင်နေတာပဲ” ရှောင်ထျန်းက ဝမ်းနည်းစွာဖြင့် ရေရွတ်လိုက်သည်။ အခြားသူများ၏ မျက်နှာများဟာလည်း မဲမှောင်သွားကြလေသည်။
သူတို့ကလန်၏ တည်ထောင်သူဘိုးဘေးပင်လျှင် အဆင့် ၄ ဝိညာဉ်သခင်သာဖြစ်၏။ ထို့အပြင် ကလန်ဘိုးဘေးဟာ တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်ပြီး မထွက်ပေါ်လာသေးချေ။
အဆင့် ၃ ဝိညာဉ်သခင်များ နှင့် အဆင့် ၄ ဝိညာဉ်သခင်များကြားမှ ကွာခြားချက်ဟာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကြီးမားလွန်းလှသည်။
အကြောင်းအရင်းမှာတော့ အဆင့် ၄ ဝိညာဉ်သခင်များဟာ သဘာဝစွမ်းအင်များကိုအသုံးပြုနိုင်သောကြောင့်ဖြစ်လေသည်။
အဆင့် ၁ ဝိညာဉ်သခင်များက ခွန်အားဝိညာဉ်ကွင်း၊ အဆင့် ၂ တွင် အမြန်နှုန်းဝိညာဉ်ကွင်း၊ အဆင့် ၃ တွင်ခံနိုင်ရည်ဝိညာဉ်ကွင်း နှင့် အဆင့် ၄ တွင် သဘာဝစွမ်းအင်ဝိညာဉ်ကွင်းအား တည်ဆောက်ကြရသည်။
အချို့က မီးနှင့်ဓာတ်သင့်ကြပြီး၊ အချို့က ရေ၊ လေ၊ မြေကြီး၊ သတ္တု၊ မိုးကြိုး၊ အလင်း၊ အမှောင်၊ ဓာတ်အမျိုးအမျိုးရှိကြသည်။
သဘာဝစွမ်းအင်များ၏ အကူအညီဖြင့်ဆိုပါက အဆင့် ၄ ဝိညာဉ်သခင်တစ်ယောက်ဟာ အဆင့် ၃ ဝိညာဉ်သခင်တစ်ယောက်အား အလွယ်တကူအနိုင်ယူနိုင်လေသည်။
ထို့အတွက်ကြောင့် သူတို့၏ နှစ်ပေါင်း ၂၀၀ ကျော်တည်ရှိလာသည့် ကလန်ကြီးကျဆုံးချိန်ရောက်လာပြီဖြစ်ကြောင်း ရှောင်ထျန်းနားလည်လိုက်မိ၏။
သူ၏မျှော်လင့်ချက်များ ပျောက်ကွယ်သွားချိန်တွင် ရှောင်ထျန်း ရင်းနှီးနေသော အသံတစ်ခုအားကြားလိုက်ရသည်။
“သခင်လေးထျန် ငါစိမ်းမြင်တိုင်း ငါးစိမ်းစား တာမျိုးက မကောင်းဘူးနော်” ခပ်စူးစူး အသံလေး တစ်သံထွက်ပေါ်လာလေသည်။
ရှောင်ထျန်းက အလွန်အမင်းပျော်ရွင်သွားကာ လှည့်ကြည့်လိုက်လေသည်။
“ဟာ ဘိုးဘေး သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို တတ်ရောက်သွားနိုင်ပြီလား”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၆၈) ပြီး
ငါးစိမ်းမြင် ငါးစိမ်းစား - အာဏာ နှင့် ခွန်အားကို အသုံးပြု၍ တစ်ပါးသူအပေါ် အနိုင်ကျင့်ခြင်းကို ဆိုလိုသည်။