← Chapters

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

Vol. 7 Ch. 70

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၀)

ကတုံးကေဖြင့်ပယ်လာဟောကလည်း ခေါင်းတစ်ညိတ်ညိတ်ဖြင့် အလွန်လျင်မြန်သော အရှိန်ဖြင့်ပျောက်ကွယ်သွားကာ အဆောက်အဦးထိပ်ရှိ သူမ၏အရှ့တွင်ပြန်ပေါ်လာသည်။

ပယ်လာဟော၏အရှိန်မှာ မြန်ဆန်လွန်းသောကြောင့် ရှောင်ဘိုးဘေးမြွေမလေး၏ ဆံပင်များပင် အနောက်သို့လွှင့်ထွက်သွားရလေသည်။

ပယ်လာဟောက သူ၏လက်သီးကြီးဖြင့် ရှောင်ဘိုးဘေး၏ကိုယ်လုံးသေးသေးလေးအား ထိုးချပြစ်လိုက်သည်။

မြွေမလေးဟာလည်း ပယ်လာဟော၏အရှိန် နှင့် ခွန်အားတို့ကြောင့် ထိန့်လန့်သွားကာ မျက်လုံးပြူးသွားသည်။

“ဝုန်းးး”

ချက်ချင်းပဲ သူမတို့ ၂ ယော​က်ရှိနေသည့် အဆောက်အဦးကြီး၏ အပေါ်ပိုင်းတစ်ဝက်မှာ ပြိုကျသွားကာ ပျက်စီးသွားလေသည်။

ချက်ချင်းပဲ ထျန်ရှင်းလုက လွဲ၍ အားလုံးက အံဩသင့်သွားကြသည်။ ထိုဝိညာဉ်စွမ်းအင်တစ်စက်လေးကိုမှ အာရုံမခံမိသော လူသန်ကြီးက ထိုမျှလောက်အထိ သန်မာနေသည်လော။ သူတို့အားလုံးဟာ ထိုအကောင်အား သိုင်းထိပ်သီးအဆင့်ဟုသာ မှန်းထားကြချင်းဖြစ်သည်။

ထျန်ရှင်းလုတစ်ယောက်ထဲကသာ ပယ်လာဟော၏ အစစ်အမှန်ခွန်အားကို သိထားချင်းဖြစ်လေသည်။ ပယ်လာဟော၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်သက်သက်ကြီးမှာပင် အဆင့် ၄ ဝိညာဉ်သခင်များထက် ၅ ဆသန်မာသည်။

ထို့အပြင် ပယ်လာဟောသည် မှော်စွမ်းအင်ကိုလည်း အသုံးပြုတတ်သေးလေ၏။ ဖုန်များရှင်းသွားသောအခါ နောက်ထ​ပ် အဆောက်အဦးသို့ရောက်ရှိနေသည့် မြွေမလေး ဘိုးဘေးရှောင်ကိုတွေ့မြင်လိုက်ရသည်။

သူမက အပျက်အစီးများကြားမှ ကျောက်ဆောင်ကြီးကဲ့သို့တောင့်ခိုင်ကာ ကြီးမားသော ကြွက်သားများဖြင့် အရပ် ၁၀ ပေလောက်မြင့်မားသော ပယ်လာဟောအား မျက်မှောင်ကုပ်၍စိုက်ကြည့်နေ၏။

“မကောင်းဆိုးဝါးကြီး” ရှောင်လန်က အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကာ ကြောက်လန့်စွာဖြင့်​ရေရွတ်လိုက်သ​ည်။ အခြားသူများ၏ မျက်နှာများဟာလည်း ဖြူဖျော့သွားကြသည်။

အကြီးအကဲဖန်း နှင့် အကြီးအကဲချိုးတို့ကလည်း အချင်းချင်းကြည့်မိလိုက်ကြသည်။ ဤနေရာတွင် ကလေးငယ်များသာ ရှိနေလျှင် ပယ်လာဟော၏ အသွင်အပြင်ကြောင့် သေးပါချ၍ အော်ငိုနေမာ ကျိန်းသေပေါက်ပင်ဖြစ်သည်။

ရှောင်ဘိုးဘေးကလည်း ပယ်လာဟော၏ခေါင်းတုံးပြောင်ပြောင် အစွယ်တွေဖြင့် ရုပ်ဆိုးလှသော အသွင်အပြင်ကြီးကို ရွံရှာဟန်ဖြင့် စိုက်ကြည့်နေသည်။

“နင်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ” သူမက တိတ်တဆိတ်ရေရွတ်လိုက်သည်။ ထျန်ရှင်းလုက သူမ၏စကားအား တိတ်တဆိတ် စိတ်ချင်းဆက်သွယ်ကာ ဘာသာပြန်ပေးလိုက်သည်။

“ခီးဟီးဟီး မင်းကိုသေလုနီးပါးဖြစ်သည်အထိ ရိုက်ပြစ်မဲ့ မကောင်းဆိုးဝါးပေါ့” သန်မာသောပြိုင်ဘက်ကြောင့် သွေးတွေဆူပွက်လာသည့် ပယ်လာဟောက ကျက်သီးထစဖွယ်ကောင်းအောင် ရယ်မောလိုက်သည်။

အော့ခ်မျိုးနွယ်ဝင်များ၏ အကြိုက်ဆုံးအရာ ၃ ခုမှာ တိုက်ခိုက်ချင်း၊ သေရည် နှင့် တင်ပါးကြီးကြီးဖြင့် အော့ခ်အမျိုးသမီးများဖြစ်သည်။

သို့သော် ပယ်လာဟော ပြောလိုက်သည့် အော့ခ်ဘာသာစကားအား သူမနားမလည်ချေ။ ထျန်ရှင်းလုက ပြုံးကာ ထပ်မံ၍ပျော်ပျော်ကြီး ဘာသာပြန်ပေးလိုက်သည်။

“သူပြောတာက မင်းကို ခွေးမတစ်ကောင်လိုမျိုး တအီအီနဲ့အော်အောင် ပြာနှမ်းနေအောင်ရိုက်နှက်ပြစ်မယ်တဲ့” စနစ်မှကဒ်၏ အကူအညီကြောင့် ထျန်ရှင်းလုတို့ ၂ ယောက်ဟာ ဘာသာစကားမတူညီလျှင်တောင် အချင်းချင်းနားလည်ကြသည်။

“လာစမ်းပါ သံပုရာသီးကိုက်ထားတဲ့ ဘီလူးရုပ်နဲ့ မကောင်းဆိုးဝါးကများ” ရှောင်ဘိုးဘေးက ထိုစကားကြောင့် ဖြူလျော်နေသည့် မျက်နှာကလေး နီရဲသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ပယ်လာဟောကလည်း ရယ်မောလိုက်ပြီး ဖြတ်ကတည်းပျောက်ကွယ်သွားကာ ရှောင်ဘိုးဘေး၏အရှေ့တွင်ပြန်ပေါ်လာကာ ဖြတ်ကတည်းထိုးပြစ်လိုက်သည်။

ရှောင်ဘိုးဘေး၏မျက်ဝန်းတို့ကလည်း မှေးကျဥ်းသွားကာ တိုက်ပွဲအား အာရုံစိုက်လိုက်သည်။ ပြီးနောက်တွင် သိုင်းပညာဖြင့် တစ်ဖက်၏ခွန်အားကို အသုံးပြုကာ လက်သီးအား ဘေးသို့ပို့လိုက်သည်။

ပြီးနောက်တွင် အနည်းငယ်ခုန်လိုက်ကာ ပယ်လာဟော၏ နားထင်သို့ခြေထိပ်ဖြင့် မြွေပေါက်သလို ပေါက်ချလိုက်လေ၏။

“ဘန်းးး”

သေမျိုးတန်ခိုးရှင်ဆိုသည့် အမည်အတိုင်းပင် သူမ၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ တန်ခိုးရှင်တစ်ယောက်ကဲ့သို့ အလွန်အားကောင်းပြီး ခြေကန်ချက်ကြောင့် လေအဟုန်များပင်ထွက်ပေါ်လာသည်။

သို့သော် သူမ၏ကန်ချက် နှင့် ပယ်လာဟော၏နားထင်တို့ ထခါနီးအချိန်တွင် ပယ်လာဟော၏ချပ်ဝတ်ရှိ မှော်မျဥ်းများဟာ အသက်ဝင်လာကာ သူမ၏ကန်ချက်အား တားစီးသွားလေသည်။

ပယ်လာဟောက ရလာသည့်အခွင့်အရေးအား မြောင်းထဲသို့လွတ်ပြစ်ရန် ရည်ရွယ်ချက်မရှိလေပဲ သူ၏အစွယ်ကြီးဖြင့် နွားခွပ်သလိုမျိုး ဘိုးဘေးရှောင်အားခွပ်ချပြစ်လိုက်သည်။

ဘိုးဘေးရှောင်မှာ ထိုအစွယ်တိုက်​ချက်ကြီးထဲမှ အသက်အန္တာရာယ်ကိုခံစားလိုက်မိရာ သူမ၏မျက်နှာငယ်လေးက ဖြူဖျော့သွားလေသည်။

ရှောင်ထျန်း နှင့် အသက်ရှင်နေ​သေးသော ရှောင်ကလန်ဝင်များ၏မျက်နှာများကလည်း ထိန့်လန့်သွားကြကာ ဆက်မကြည့်ရဲဟန်ဖြင့် မျက်လုံးမှိတ်လိုက်ကြသည်။

ထျန်ရှင်းလုကတော့ ပယ်လာဟော၏အရည်အချင်းကြောင့် အတော်လေးစိတ်ကျေနပ်သွားကာ ဂိုဏ်းသို့ပြန်ရောက်လျှင် ဆုချဖို့ ကြိုတင်စဥ်းစားနေပြီဖြစ်သည်။

“ရှီးးး”

ပယ်လာဟော၏ ၁ ပေခွဲရှည်သော အစွယ်ကြီးက ရှောင်ဘိုးလေးမြွေမလေး၏ သေကွင်းသေကွက်သို့ဦးတည်လာနေသည်။

ချက်ချင်းပဲ သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် ဖောက်ထွင်းမြင်နေရသော အဝါရောင်အလင်းအကာလေးတစ်ခုထွက်ပေါ်လာကာ အစွယ်ကြီးအား တားစီးလိုက်သည်။

“ဝုန်းးး”

ချက်ချင်းပဲ သူမ၏အဝါရောင်အလင်းအကာက ဖောက်ထွင်းခံလိုက်ရကာ သူမက အနောက်သို့လွှင့်ထွက်သွားသည်။

သို့သော် အကာအကွယ်၏ကျေးဇူးကြောင့် ဒါဏ်ရာကြီးကြီးမားမားမရရှိလိုက်ပဲ သေကွင်းသေကွက်အခြေအနေမှ ရုန်းထွက်လာနိုင်လိုက်လေသည်။

ထိုအခါမှ ရှောင်ကလန်ဝင်များက စိတ်သက်သာရာရသွားကာ သက်ပျင်းချလိုက်နိုင်ကြသည်။ ထျန်ရှင်းလုကတော့ စိတ်ပျက်ဟန်ဖြင့် စုတ်သပ်လိုက်မိသည်။

ပယ်လာဟော နှင့် အကွာအဝေးတစ်ခုသို့ရောက်ရှိသွားသည့် ရှောင်ဘိုးဘေးကတော့ သူမ၏လက်ကောက်ဝတ်တွင် အက်ကွဲနေသည့် အဝါရောင် ကျောက်စိမ်းလက်ကောက်ကြီးအား ကြည့်ကာ မှောင်မဲနေသော မျက်နှာကြီးဖြင့်ရှိနေသည်။

“ဒါက သူနဲစေ့စပ်တုန်းရထားတဲ့ စေ့စပ်လက်ဆောင်ပဲ....”

“သောက်မကောင်းဆိုးဝါး ငါနင့်ကိုသေချာပေါက် အပိုင်းအပိုင်းဖြတ်ပြစ်ပြီး နာနာကျင်ကျင်နဲ့သေရအောင်လုပ်ပေးမယ်။” သူမက လက်ကောက်အားချွတ်ကာ သိုလှောင်လက်စွပ်ထဲထည့်လိုက်သည်။

ပြီးနောက်တွင် သိုလှောင်လက်စွပ်ထဲမှ အပြာရောင်သလင်းဓားတစ်ချောင်းအား ထုတ်လိုက်ကာ ပယ်လာဟောအား ချိန်လိုက်သည်။

သူမက ပယ်လာဟောအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေလေ၏။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၀) ပြီး

All Chapters