← Chapters

အခန်း (၇၇+၇၈+၇၉+၈၀)

Vol. 8 Ch. 77+78+79+80

အခန်း (၇၇+၇၈+၇၉+၈၀)

Vol. 8 Ch. 77+78+79+80

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၇ + ၇၈ + ၇၉ + ၈၀)

ကောင်းကင်ယံ၏ တိမ်လွှာထူထပ်သော အကြားမှ မယုံနိုင်လောက်အောင် မြန်ဆန်သည့် အနီရောင်ဓားသွားကဲ့သို့ အလင်းတန်းသည် ရုတ်တရက် ပေါ်ထွက်လာ၏။

လေထုကိုပင် ခွဲစိတ်ဖြတ်တောက်သွားသကဲ့သို့ ထင်ရပြီး၊ ထိုအလင်းတန်း၏ တောက်ပမှုကြောင့် ခဏတာမျှ အားလုံး၏ မျက်လုံးများပင် ကျိန်းစပ်သွားကာ မျက်ရည်များပင် ဝဲတက်လာကြသည်။

ထိုအရာသည် မည်သည့်အသံမျှ မထွက်ပေါ်စေဘဲ၊ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပစ်မှတ်ဆီသို့ တိုးဝင်သွားသည်။

ထိုအလင်းတန်းသည် ထျန်ရှင်းလု၏ ရင်ဘတ်ကို ထိမှန်သည်နှင့် တစ်ပြိုင်နက် “ဘုန်းးး” ဟူသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးသည် လေထုကို တုန်ခါသွားစေသည်။

ပေါက်ကွဲမှု၏ စွမ်းအားကြောင့် မြေပြင်ရှိ ဖုန်မှုန့်များနှင့် သဲများသည် မိုးကဲ့သို့ အုံ့ဆိုင်းစွာ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို မှုန်ဝါးသွားစေသည်။

ထိုဖုန်မှုန့်များသည် လောင်ကျွမ်းနေသော အနံ့ဆိုးများပါ ပါဝင်နေသဖြင့် အနီးအနားရှိ ရှောင်ကလန်ဝင်များသည် မျက်လုံးများကို လက်ဖြင့် ကာကွယ်ရင်း ချောင်းဆိုးနေကြရသည်။

“ဘာ…ဘာတွေဖြစ်ကုန်တာလဲ”

ဘာဖြစ်သွားသည်ကို ချက်ချင်း မည်သူမျှ မမြင်နိုင်လိုက်ချေ။ ထူထပ်သော ဖုန်မှုန့်များကြောင့် မြင်ကွင်းသည် လုံးဝ ပိတ်ဆို့သွားကာ အရာအားလုံးသည် မည်းမှောင်သွားသကဲ့သို့ ဖြစ်သွားသည်။

ကြောက်လန့်တကြား အော်ဟစ်သံများနှင့် ချောင်းဆိုးသံများသာ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ထျန်ရှင်းလု ဘယ်လိုအခြေအနေရှိနေသည်ကို မသိနိုင်ကြချေ။

ခဏအကြာတွင် လေသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဖုန်မှုန့်များသည်လည်း အနည်းငယ် ပါးသွားသည်။

မှုန်ဝါးသော မြင်ကွင်းကြားမှ ထျန်ရှင်းလု၏ ပုံရိပ်ကို အားလုံး ပြန်လည်မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့ ရောနှောသွားကြသည်။

ထျန်ရှင်းလု၏တစ်ကိုယ်လုံးဟာ သံမဏိသဖွယ် တောက်ပြောင်နေပြီး မည်သည့်အချိန်က အသွင်ပြောင်းလိုက်သလဲ ဘယ်သူမှမသိလိုက်ချေ။

သို့သော် သူ၏ ရင်ဘတ်တွင် မီးခိုးများနှင့် သွေးများ ရောယှက်နေသော ကြီးမားသည့် အပေါက်ကြီးတစ်ခု ထင်ထင်ရှားရှား ပေါ်နေသည်။

အပေါက်၏ အနားစများသည် မီးလောင်ကျွမ်းထားသကဲ့သို့ မည်းတူးနေကာ ပူလောင်သည့် အဖြူအငွေ့များပင် ထွက်နေသေးသည်။

ထျန်ရှင်းလုသည် မားမားမတ်မတ် ရပ်နေသေးသော်လည်း သူ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး နှုတ်ခမ်းများမှ သွေးစများ စီးကျနေသည်ကို တွေ့ရသည်။

သူ၏ အသက်ရှုသံများသည်လည်း နာကျင်မှုကြောင့် ခက်ခဲနေပြီး တစ်ချက်ချင်း ရှိုက်သံများပင် ပါဝင်နေသည်။ သူသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားသော်လည်း သွေးများသည် လက်ချောင်းများကြားမှ စိမ့်ထွက်နေဆဲဖြစ်သည်။

“ဒါ…ဒါ ဘယ်လိုတိုက်ခိုက်မှုမျိုးလဲ” ရှောင်ကလန်ခေါင်းဆောင် ရှောင်ထျန်းသည် ကြောက်လန့်တကြား ရေရွတ်လိုက်သည်။

ထိုအလင်းတန်း၏ မြန်ဆန်မှုနှင့် ပေါက်ကွဲမှု၏ အင်အားသည် သူတို့ ယခင်က ကြုံတွေ့ဖူးသမျှ တိုက်ခိုက်မှုများထက် အဆပေါင်းများစွာ ပြင်းထန်လွန်းလှသည်။

ထျန်ရှင်းလုသည် ကောင်းကင်ပေါ်အား မော့ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်၏။ “ငါ မင်းတို့ကို အပိုင်းပိုင်းဆွဲဖြဲပစ်မယ်” သူက အံကြိတ်ထားသောကြောင့် သွားကြားထဲမှ လေတိုးသံကဲ့သို့ အသံမျိုးဖြင့် ပြောလိုက်သည်။

ကံကြမ္မာက လှည့်စားသည်လားတော့မသိ၊ လွန်ခဲ့သည့် မိနစ်ပိုင်းလေးတွင် ထျန်ရှင်းလုဟာ ရှောင်မိသားစုဝင်များကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။ ယခုအခါတွင်တော့ သူဟာ လေဆာဖြင့် အပစ်ခံလိုက်ရ၏။

ကောင်းကင်ပေါ်မှ ငှက်ပုံစံ အင်မော်တယ်ယာဉ်ပျံကြီးဟာလည်း အောက်သို့ဆင်းလာကာ ဂိတ်တံခါးပွင့်လာပြီး ရွှေရောင်ဆံပင်နှင့် လူငယ်လေးက ဦးဆောင်လာရင်း စုစုပေါင်း လူငယ် ၁၂ ယောက် ထွက်လာ၏။

သူတို့အားလုံး၏ အရှိန်အဝါမှာ အားကောင်းလေပြီး ငယ်ရွယ်ကြကာ တက်ကြွနေကြသည်။ သူတို့တွေဟာ အတော်လေး အံ့ဩတကြီး မျက်လုံးများဖြင့် ထျန်ရှင်းလုအား ကြည့်နေကြသည်။

“ဒီကောင် အတော်အသက်ပြင်းတာပဲ။ ပုတ်သင်လေဆာနဲ့ အပစ်ခံရတာတောင် မသေဘူး” လူငယ်များထဲမှ မေးစေ့ချွန်ချွန် အရပ်ရှည်ရှည်နှင့် လူငယ်က အံ့ဩတကြီး ပြောလိုက်သည်။

ရွှေရောင်ဆံပင်နှင့်လူငယ်ဟာလည်း ထျန်ရှင်းလုအား တောက်ပနေသော မျက်လုံးတို့ဖြင့် ကြည့်နေ၏။ သူကိုယ်တိုင်ပင် ထိုလေဆာဖြင့် အပစ်ခံရပါက ခံနိုင်ရည်ရှိမည်မဟုတ်ဟု စိတ်ထဲမှ တွေးလိုက်သည်။

“မင်း…မင်း ငါ့ရဲ့ကျွန်လုပ်မယ်ဆိုရင် ငါမင်းကို အသက်ချမ်းသာပေးမယ်” ရွှေရောင်ဆံပင်နှင့်လူငယ်က ထျန်ရှင်းလုအား လက်ညှိုးဖြင့်ထိုးကာ မောက်မာစွာ ပြောလိုက်၏။

ရွှေရောင်ဆံပင်နှင့်လူငယ်ဟာ တောက်ပပြီး မာနကြီးသော မျက်လုံးများဖြင့် အတော်လေးချောမောသော ယောက်ျားတစ်ယောက်ဖြစ်ပြီး၊ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိဦးမည်ဖြစ်သည်။

မေးစေ့ချွန်ချွန်နှင့် လူငယ်ကလည်း မာနကြီးစွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်၊ မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိတယ်၊ ဒီလိုနေရာမှာ သေသွားတာ နှမြောစရာကြီးဆိုတော့ သခင်လေးဟန်ရဲ့ ကျွန်လုပ်လိုက်တာ ကောင်းမယ်”

ထိုမြင်ကွင်းကို မြင်လိုက်ရသော ရှောင်ကလန်ဝင်များသည် ပထမတွင် ထိတ်လန့်သွားကြသော်လည်း နောက်ပိုင်းတွင်တော့ သူတို့၏မျက်နှာများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။

သူတို့၏ အကြီးဆုံးရန်သူဖြစ်သော ထျန်ရှင်းလုသည် အလွန်အမင်း အရှက်ရပြီး အပြင်းအထန် ဒဏ်ရာရနေသည်ကို မြင်ရခြင်းသည် သူတို့အတွက် အလွန် ကျေနပ်စရာကောင်းနေသည်။

“ဟားဟားဟား… ဒီကောင် နောက်ဆုံးတော့ ကံဆိုးတာပဲ”

“ရှောင်ရှင်းကို ဒုံးကျည်နဲ့ပစ်တုန်းက သူ ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

ရှောင်ထျန်းသည် ထိုအသံများကိုကြားလိုက်ရသော်လည်း သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုမရှိဘဲ စိုးရိမ်စိတ်သာ ရှိနေသည်။

သူသည် ထျန်ရှင်းလု၏ခွန်အားကို ကောင်းစွာ သိသည်။ သို့သော် ယခု ပေါ်လာသည့် လူငယ်များသည် ထျန်ရှင်းလုထက် ပိုမိုအားကောင်းနေသည်ကို သူမြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားသည်။

သို့သော် သူ၏ စိတ်ထဲတွင်တော့ “ထျန်ရှင်းလု ရှုံးပါစေ… သူတို့နဲ့အတူ အားလုံးသေပါစေ” ဟုသာ ဆုတောင်းနေခဲ့သည်။

ရင်ဘတ်ရှိအပေါက်ကြီးကြောင့် အသက်ရှူရတာခက်ခဲနေသည့် ထျန်ရှင်းလု၏ သံမဏိနဖူးထက်တွင် သွေးကြောကြီးများ ထောင်ထလာကာ သူ၏မျက်လုံးများပင် နီရဲလာသည်။

ထျန်ကလန်၏ အရိပ်နတ်ဆိုးတစ်ယောက်၊ ကလန်ခေါင်းဆောင်နှင့်အဆင့်အတန်းခြင်းတူညီသော သူတစ်ယောက်ကို တစ်စုံတစ်ယောက်က သူ့အား ကျွန်ခံခိုင်းသည်လော။

သူ၏ဒေါသသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်လာသည်။

“ငါ မင်းတို့ကောင်တွေရဲ့ ဦးခေါင်းကို တစ်စစီကြေမွသွားအောင် နင်းခြေပစ်ပြီးတော့ မင်းတို့ရဲ့ဝိညာဉ်တွေကို တစ္ဆေအဖြစ် သန့်စင်ပစ်မယ်” ထျန်ရှင်းလုက နီရဲနေသော မျက်လုံးများဖြင့် ကြိမ်းဝါးလိုက်ကာ စတင်လှုပ်ရှားရန် အသင့်ပြင်လိုက်၏။

သခင်လေးဟန်ဆိုသည့် ရွှေရောင်ဆံပင်နှင့်လူငယ်လေးကတော့ လှောင်ပြောင်လိုသောအပြုံးဖြင့် ခေါင်းရမ်းလိုက်သည်။

ပြီးနောက်တွင် အနောက်ဘက်သို့ အသာခေါင်းတစ်ချက်စောင်းလိုက်ကာ ပြောလိုက်၏။ “ညီ ၃၊ သူ့ကို ရိုကျိုးသွားအောင် သင်ခန်းစာပေးလိုက်၊ မသေမရှင်လောက်ပေါ့”

ညီ ၃ ဆိုသူမှာ အရပ် ၇ ပေလောက်ရှိသည့် လူထွားကြီးဖြစ်ကာ မေးရိုးကားကား၊ ရက်စက်သောမျက်လုံးတို့နှင့် လူတစ်ယောက်ဖြစ်သည်။

သူက အော်ဂလီဆန်စွာ သွားဖြီးလိုက်လေ၏။ သူ၏လက်ကောက်ဝတ်တွင်လည်း ဘယ်ဘက်တွင် ဝိညာဉ်ကွင်း ၂ ကွင်းနှင့် ညာလက်တွင် တစ်ကွင်းပေါ်လာပြီး အဖြူရောင်ဝိညာဉ်ကွင်းများဖြစ်ကြသည်။

ရှောင်ကလန်ဝင်များ၏ ဝိညာဉ်ကွင်းနှင့်မတူညီသောအချက်မှာတော့ ညီ ၃ ၏ဝိညာဉ်ကွင်းများမှာ အလွန်တောက်ပသော အဖြူရောင်အလင်းများကို ထုတ်လွှင့်နေခြင်းပင်ဖြစ်သည်။

ညဘက်မီးမလာပါက ထိုဝိညာဉ်ကွင်းများဖြင့် တစ်ခန်းလုံးအား လင်းထိန်သွားအောင်အထိ ထွန်းလို့ရလောက်ပေမည်။

“မင်းကို သတ်ပစ်မယ်” ထျန်ရှင်းလုက ငရဲမှတတ်လာသော နတ်ဆိုးတစ်ကောင်လိုမျိုး ခြောက်ခြားဖွယ်အသံဖြင့် ပြောလိုက်သည်။

“အေးပါ” ညီ ၃ ကတော့ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့်မလိုက်ဖက်စွာပင် အလွန်လျင်မြန်သောအရှိန်ဖြင့် လှုပ်ရှားလိုက်လေသည်။

သူက ချက်ချင်းပဲ ပျောက်ကွယ်သွားလေပြီး ထျန်ရှင်းလု၏အရှေ့တွင် ပြန်ပေါ်လာကာ ရင်ဘတ်မှအပေါက်ကြီးထံသို့ ဖြတ်ကနဲ ကန်ချလိုက်၏။

ထျန်ရှင်းလုဟာ ဒဏ်ရာပြင်းထန်စွာရနေသော်လည်း ထိုသည်က သူ၏အမြင်အာရုံအား မထိခိုက်လေချေ။ ထို့အတွက်ကြောင့် အလျင်အမြန်အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး လက်အား ကြက်ခြေခတ်ကာ ညီ ၃ ၏ကန်ချက်အား ကာကွယ်လိုက်သည်။

ညီ ၃ ၏ကန်ချက်မှာ အားကောင်းလွန်းသောကြောင့် လေပင် ၂ ခြမ်းကွဲသွားကာ အလွန်ကျယ်လောင်သော အသံကြီးတစ်ခုထွက်ပေါ်လာသည်။

“အုန်းးးး”

ချက်ချင်းပဲ ထျန်ရှင်းလုတစ်ယောက် အရှိန်ကုန်မောင်းလာသော မီးသတ်ကားကြီးဖြင့် ဝင်တိုက်သလို ခံစားလိုက်ရကာ လွင့်ထွက်သွားလေသည်။

“ဝုန်းး”

ချက်ချင်းပဲ ပြိုကျနေသော အဆောက်အအုံ၏နံရံနှင့်သွားတိုက်မိကာ သွေးများအန်ချလိုက်ရသည်။ သူ့တွင် သံမဏိခန္ဓာကိုယ်ရှိသည်ဆိုလျှင်တောင် ပြိုင်ဘက်ကင်းနေသည်တော့ မဟုတ်လေချေ။

ညီ ၃ ၏ကန်ချက်၏ခွန်အားမှာ အားကောင်းလွန်းသောကြောင့် သက်ရောက်မှုအများစုကို သံမဏိခန္ဓာကိုယ်က စုပ်ယူသွားခဲ့သည်။

သို့သော် ကျန်ရှိနေသေးသော သက်ရောက်မှုအများစုက သူ၏ကိုယ်တွင်းအင်္ဂါများထံသို့ပျံ့နှံ့သွားကာ သူ့အား အတွင်းဒဏ်ရာရသွားစေသည်။

ထျန်ရှင်းလုက လက်ဖမိုးဖြင့် သွေးများအား သုတ်လိုက်ပြီး ညီ ၃ အား ဒေါသတကြီးကြည့်လိုက်သည်။

သူ၏မျက်လုံးတို့ဟာ သတ်ဖြတ်ချင်စိတ်များ အပြည့်ပင်ဖြစ်လေသည်။

“မင်း အရမ်းဖင်ဂေါင်းကျယ်လို့ အတော်လေးသန်မာမယ်ထင်နေတာ ငါမှားသွားပြီပဲ” ညီ ၃ က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ကာ ဖြတ်ကနဲ ပြန်ပျောက်သွားလေပြီး ထျန်ရှင်းလု၏အရှေ့တွင် ပြန်ပေါ်လာကာ မျက်နှာအား တက်နင်းပစ်လိုက်သည်။

“အုန်းးး”

ချက်ချင်းပဲ ညီ ၃ ၏အံ့ဩဖွယ်ခွန်အားကြောင့် ထျန်ရှင်းလုတို့အနားရှိ အုတ်ကြမ်းပြင်မှာ အောက်သို့ ၃ လက်မခန့် ကျွံကျသွားကာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားလေသည်။

ညီ ၃ က သူ၏ခြေထောက်အား ပြန်မြှောက်လိုက်သောအခါ အနက်ရောင်သားရေဘွတ်ဖိနပ်တွင် အနက်ရောင်လိုသွေးများက ကပ်ညှိလာသည်။

ထျန်ရှင်းလုဟာတော့ လက်ကားယားကြီး ဖြစ်နေကာ သံမဏိခန္ဓာကိုယ်ဟာလည်း မရှိတော့ချေ။ သူဟာ သတိလစ်သွားပုံရပြီး မျက်ဖြူဆိုက်နေလေသည်။

ရှောင်ကလန်ဝင်များကလည်း ညီ ၃ ကိုအားပေးနေကြသည်။

“တစ်ချက်တည်းနဲ့ သတိလစ်သွားတာလား၊ သောက်သုံးမကျတဲ့အကောင်” ညီ ၃ က ကျိန်ဆဲလိုက်လေပြီး သူ၏ခြေထောက်အားမြှောက်လိုက်ကာ နောက်ထပ် ၃ ကြိမ်လောက် ထျန်ရှင်းလု၏ ခေါင်းကို အားရပါးရ နင်းချလိုက်သည်။

“ဒုန်း၊ ဒုန်း၊ ဒုန်း…”

ပထမအကြိမ် နင်းချလိုက်သည့်အခါ “ဒုန်း” ဟူသော ပေါက်ကွဲသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ ထျန်ရှင်းလု၏ ဦးခေါင်းခွံသည် တုန်ခါသွားသည်။

နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းသွားပြီး အာရုံကြောများ ပြတ်တောက်သွားသကဲ့သို့ ဖြစ်သွားသည်။

သူ၏မျက်နှာမှ သွေးစများ စီးကျလာပြီး မိုးရွာနေသည့်အလား ကြမ်းပြင်ပေါ်သို့ တသွင်သွင်စီးကျသွားသည်။

ဒုတိယအကြိမ် “ဒုန်း” ဟုအသံမြည်လာသည့်အခါတွင် ထျန်ရှင်းလု၏ မျက်လုံးများမှ သွေးများ စီးကျလာပြီး သူ၏နှုတ်ခမ်းထောင့်များမှလည်း သွေးများ အန်ထွက်လာသည်။

ကြမ်းပြင်ပေါ်ရှိ သွေးအိုင်သည် ပိုမိုကြီးမားလာသည်။

တတိယအကြိမ် “ဒုန်း” ဟုအသံမြည်လာသည့်အခါတွင်တော့ ညီ ၃ ၏ဖိနပ်အောက်တွင် ထျန်ရှင်းလု၏ ဦးခေါင်းခွံသည် ပြင်းထန်စွာ ထိခိုက်မိပြီး ပုံပျက်သွားသည်။

“ခရက်” ဟူသော အသံလေးကလည်း ထွက်ပေါ်လာကာ ထျန်ရှင်းလု၏ ဦးခေါင်းခွံ အက်ကွဲသွားပုံရသည်။

“တော်ပြီ… တော်ပြီ၊ ညီ ၃”

သခင်လေးဟန်က မျက်ခုံးများတွန့်ချိုးကာ လက်ကာပြလိုက်ပြီး စိတ်ပျက်ဟန်ဖြင့် ခေါင်းခါသည်။

“သူ့ကို အသက်ရှင်လျက် ဖမ်းခိုင်းတာ”

ညီ ၃ က အော်ဂလီဆန်စွာသွားဖြီးလိုက်သည်။ “ဟဲဟဲ၊ ဒီကောင် ဒီလောက်အားနည်းမယ်မထင်ထားလို့ပါဗျာ။”

သူက ထျန်ရှင်းလု၏ခံနိုင်ရည်ပေါ် အတော်လေး အံ့ဩနေရင်း ထျန်ရှင်းလု၏ခြေကျင်းဝတ်မှကိုင်ကာ အမှိုက်အားဆွဲသကဲ့သို့ သခင်လေးဟန်ထံ ဆွဲလာလေသည်။

ညီ ၃ က သက်ပြင်းချလိုက်ပြီး စိတ်တိုင်းမကျဟန်ဖြင့် ညည်းတွားလိုက်၏။ “အင်း… ပုတ်သင်လေဆာကိုတောင် ခံနိုင်တဲ့သူဆိုတော့ အတော်လေးသန်မာမယ်ထင်ထားတာ ဒီလောက်နဲ့ ပွဲပြီးသွားမယ်မထင်ဘူး။”

“ကြည့်ရတာ ဒီကုန်းမြေတိုက်ကြီးရဲ့ လူငယ်မျိုးဆက်တွေက တကယ်ပဲ အတော်လေးအားနည်းကြတယ် ထင်ပါတယ်”

အခြားသူများကလည်း ပြုံးလိုက်ကြ၏။ ညီ ၃ ဟာ နံပါတ်အလိုက်ပင် သူတို့ထဲတွင် ၃ ယောက်မြောက်အသန်မာဆုံးတစ်ယောက်ဖြစ်လေသည်။

သူတို့တွေဟာ မွေးကတည်းကနေ အထူးလေ့ကျင့်ပေးခံထားရသော သူများဖြစ်ကြကာ ဂိုဏ်းအပြင်သို့ လွန်ခဲ့သည့် လပိုင်းကမှ ထွက်လာခဲ့ရသည်ဖြစ်သည်။

ထို့အတွက်ကြောင့် သူတို့ဟာ စိတ်လှုပ်ရှားကာ ပြိုင်ဘက်ကောင်းများနှင့် တိုက်ခိုက်နိုင်ရန် မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ရလဒ်ကတော့ အနည်းငယ်စိတ်ပျက်စရာကောင်းနေခဲ့သည်။

ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ ဖြတ်ကနဲ အသံလေးတစ်ခုဟာလည်း ထွက်ပေါ်လာကာ လောကကြီးတစ်ခုလုံးက ဖြတ်ကနဲ အနီရောင်အဖြစ်သို့ပြောင်းသွားပြီး ပုံမှန်အဖြစ်သို့ပြန်ပြောင်းလဲသွားလေ၏။

“ဟမ်” ညီ ၃ က အံ့ဩစွာဖြင့် အနောက်သို့လှည့်ကြည့်လိုက်မိသည်။ စောင့်ကြည့်နေကြသော သူများအားလုံးကလည်း မျက်လုံးအပြူးသားဖြစ်သွားကြသည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၇ + ၇၈ + ၇၉ + ၈၀) ပြီး

All Chapters