← Chapters

အခန်း (၈၂)

Vol. 9 Ch. 82

အခန်း (၈၂)

Vol. 9 Ch. 82

လောကရဲ့အထွတ်အထိပ်သို့ အခန်း (၈၂)

ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ ဖြတ်ကနဲ အသံလေးတစ်ခု ထွက်ပေါ်လာကာ လောကကြီးတစ်ခုလုံးက ဖြတ်ကနဲ အနီရောင်အဖြစ်သို့ ပြောင်းသွားပြီး ချက်ချင်းပဲပုံမှန်အဖြစ်သို့ ပြန်ပြောင်းလဲသွားလေ၏။

“ဟမ်…”

ညီ ၃ က အံ့ဩစွာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ သူ၏ရှေ့မှ မီတာ ၁၀၀ ခန့်အကွာတွင် ထျန်ရှင်းလုက ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထျန်ရှင်းလု၏ ခန္ဓာကိုယ်ပေါ်မှ ရင်ဘတ်မှ အပေါက်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်ကို အားလုံး တွေ့မြင်လိုက်ကြသည်။

အကယ်၍ပတ်လည်တွင်ပေကြံနေသော သွေးများသာမရှိလျှင် ထိုအပေါက်ဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုပင်ဖြစ်သည်။

ထိုမျှနှင့်မပြီးသေးဘဲ၊ ထျန်ရှင်းလု၏ လက်ထဲတွင်လည်း သွေးအလိမ်းလိမ်းပေကျံနေသော လက်မောင်းပြတ်ကြီးတစ်ဖက်ကို ကိုင်ဆောင်ထားသည်ကို အားလုံး၏ မျက်လုံးများက အာရုံစိုက်မိသွားသည်။

ညီ ၃ က ထိုမြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရသောအခါ အတန်ကြာအောင် ဆွံ့အသွားခဲ့သည်။ သူ၏မျက်လုံးများက တစ်နေရာတည်းတွင် စူးစိုက်ကြည့်နေပြီး အသက်ရှူသံပင် မကြားရတော့ချေ။

“ငါ့… ငါ့လက်မောင်း…”

ထိုအချိန်တွင်မှ သူ၏ညာဘက်လက်မောင်းမှ ပြင်းထန်သော နာကျင်မှုသည် ဦးနှောက်ထဲသို့ လှိုင်းလုံးများပမာ ရိုက်ခတ်ဝင်ရောက်လာသည်။

“အားးးး…” ညီ ၃ သည် ခေါင်းကိုမော့ကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။ သူ၏မျက်နှာသည် နာကျင်မှုနှင့် ထိတ်လန့်မှုကြောင့် ပုံပျက်နေပြီး မျက်လုံးများကလည်း နီရဲနေ၏။ သူသည် ဒူးထောက်ကျသွားရကာ တစ်ကိုယ်လုံးလည်း တစ်ဆက်ဆက်ဖြင့်တုန်ယင်နေလေသည်။

ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသော သခင်လေးဟန်နှင့် အခြားလူငယ် ၁၀ ယောက်၏ မျက်နှာများမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးမှ ကြက်သီးမွှေးညင်းများ ထောင်ထလာသည်။

လွန်ခဲ့သည့် စက္ကန့်ပိုင်းလေးအတွင်း ညီ ၃ သည် ပုတ်သင်လေဆာကို ခံနိုင်ရည်ရှိသည့် လူထူးဆန်းကိုပင် အနိုင်ရရှိခဲ့သည်။

သို့သော် ယခုအခါတွင်မူ ထိုမျှ အားကောင်းလှသည့် ညီ ၃ သည်ပင် ထျန်ရှင်းလု၏လက်ချက်ကြောင့် လက်တစ်ဖက် ဆုံးရှုံးလိုက်ရသည်ကို မြင်လိုက်ရသောအခါ အားလုံး၏ စိတ်ထဲတွင် ကြောက်ရွံ့စိတ်တို့ ကြီးစိုးလာသည်။

ရှောင်ကလန်ဝင်များသည်လည်း ပထမတွင် ဝမ်းသာနေခဲ့ကြရာမှ ယခုအခါတွင်မူ ကြောက်လန့်တုန်လှုပ်မှုဖြင့် အေးခဲသွားကြရသည်။

ထျန်ရှင်းလု၏ အားကောင်းသောအရှိန်အဝါက သူတို့အားလုံးကို ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ကြရသည်။ ညီ ၃ သည် လွန်ခဲ့သည့် မိနစ်ပိုင်းလေးတွင် ထျန်ရှင်းလုအား လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုသူ၏ လက်တစ်ဖက်ကိုပင် ပြန်လည်ပေးဆပ်လိုက်ရလေသည်။

ရှောင်ထျန်းသည် မျက်လုံးများကို ပြူးကျယ်ကာ ထိုမြင်ကွင်းကို ကြည့်နေပြီး၊ သူ၏ခန္ဓာကိုယ်က တုန်ယင်နေသည်။ ယခုလက်ရှိ ထျန်ရှင်းလုသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်ဖြစ်နေကာ သူ၏သတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် လေထုက လေးလံနေသည်။

ထျန်ရှင်းလုသည် သူ၏လက်ထဲမှ ညီ ၃ ၏လက်မောင်းပြတ်ကို ပေါ့ပေါ့ပါးပါးလေးဖြင့် မြေပေါ်သို့ ပစ်ချလိုက်သည်။

ထို့နောက် သွေးအလိမ်းလိမ်းပေကျံနေသော လက်မောင်းပြတ်သည် မြေပေါ်သို့ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

ညီ ၃ ၏မျက်နှာသည် ဒေါသ၊ ကြောက်ရွံမှု နှင့် နာကျင်မှုတို့ကြောင့် ပုံပျက်နေပြီး၊ သူ၏မျက်လုံးများမှ မျက်ရည်များပင် စီးကျနေချေသည်။

“မင်း… မင်း…”

ညီ ၃ သည် ထိုစကားလုံးများကိုသာ ရေရွတ်နိုင်တော့ပြီး၊ ထျန်ရှင်းလု၏ မျက်နှာတွင်တော့ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။

သူ၏အပြုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလေပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။

ရွှေရောင်ဆံပင်ဖြင့်လူငယ် သခင်လေးဟန်သည် သူ ပြဿနာကြီးဖြင့်ယှဥ်ဆိုင်နေရပြီမှန်း သိလိုက်ရသည်။ သူက ပေါ့ဆခြင်းမရှိပဲ ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။

"ညီ ၃ ပြန်ဆုတ်ခဲ့ ငါတို့ပေါ့ဆလို့မဖြစ်ဘူး" သူကပြောလိုက်ရင်း ဓားမြောင် ၂ လက်အားထုတ်လိုက်သည်။ သူ၏မျက်ဝန်းတို့သည်လည်း ချက်ချင်းပဲထက်ရှသွားကာ အားကောင်းသော အရှိန်အဝါအားထုတ်ဖော်လာသည်။

သူ၏ ခန္ဓာကိုယ်အချိုးအစားဟာ သေးငယ်သော်လည်း ကြွက်သားတို့ဖြင့်ကျစ်လစ်ကာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်နိုင်သည်။

အခြားသော သူများသည်လည်း သူတို့၏လက်နက်ကိုယ်စီများကိုထုတ်ဖော်လိုက်ကြကာ ဝင်္ကပါတစ်ခုဖွဲ့စည်းလိုက်သည်။

ညီ ၃ ကလည်း သိုလှောင်လက်စွပ်ထဲမှ ကုသဆေးလုံးအနည်းငယ်အားထုတ်ကာ သောက်လိုက်ပြီး ဝင်္ကပါထဲသို့တိုးဝင်လာသည်။

လူပြည့်သွားသောအခါ ချက်ချင်းပဲ သူတို့တွေအားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်စွမ်းအင်များရစ်ဝဲလာကာ သူတို့တွေ၏ ခွန်အား၊ အလျင်၊ ခံနိုင်ရည် နှင့် ဝိညာဉ်စွမ်းအင်တို့၏ အင်အားကိုပိုမိုအားကောင်းလာအောင် ပြုလုပ်ပေးလိုက်လေသည်။

ဝင်္ကပါတွင် အဆင့်များစွာရှိပြီး အဆင့်အနိမ့်ဆုံးဖြစ်သည့် အဆင့် ၁ ဝင်္ကပါ၏ သင်္ကေတဟာ ထိုအနီရောင်စွမ်းအင်များဖြစ်သည်။

"ငါတို့တွေ ပူးပေါင်းတိုက်ခိုက်ရင် အဆင့် ၁ တန်ခိုးရှင်ကိုတောင် ဖိနှိပ်ထားနိုင်တယ်ဆိုပေမဲ့ သတိမပေါ့ကြနဲ့"

"ပြိုင်ဘက်ရဲ့ အစွမ်းကုန်ကို ငါတို့မသိသေးဘူး။ အထူးသဖြင့် ညီ ၃၊ မင်းရဲ့ဒေါသကိုဖိနှိပ်ထားပါ။"

Admin, [11/20/2025 8:27 PM]

ညီ ၃ ကလည်း လက်မောင်းမှ နာကျင်မှုအားလျစ်လျူရှုထား၍ ခေါင်းညိတ်လိုက်သည်။ "ကျုပ်သိပါတယ်။"

သခင်လေးဟန်တို့သည် ငယ်စဥ်ကတည်းက သတ်ဖြတ်ခြင်းနည်းလမ်း ၁၀၉ မျိုး နှင့် ဝင်္ကပါနည်းဗြူဟာ ၉ မျိုးကိုသင်ယူခဲ့ကြသည်။

ထို့အပြင် ကျင့်ကြံလောကဟာ အလွန်အန္တရာယ်များပြီး အားလုံး၏ သံမဏိစည်းမျဥ်းမှာ တစ်ဖက်လူအား ဘယ်တော့မှ အထင်မသေးနှင့်ဟူ၍ဖြစ်သည်

ထိုသို့သော အတွေးအခေါ်များအား အကြီးအကဲများက ငယ်စဥ်ကတည်းက သူ့တို့၏ဦးနှောက်ထဲသို့ထည့်သွင်းထားခဲ့သည်။

လမ်းတွင် သင်စော်ကားမိသော သူတောင်းစားအဘိုးကြီးဟာ နှစ် ၁ ထောင်တန်ခိုးရှင်လည်းဖြစ်နေနိုင်သည်။ ဤသည်မှာ တင်စားခြင်းမဟုတ်ပဲ အမှန်တကယ်ဖြစ်ပျက်ခဲ့သော အရာဖြစ်သည်။

ထို့အတွက်ကြောင့် အားလုံးက ချွေးစီးများပြန်နေကြပြီး ထျန်ရှင်းလုကို လုံးဝအထင်မသေးရဲပဲ သူ စတင်လှုပ်ရှားမည်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။

လောကရဲ့အထွတ်အထိပ်သို့ အခန်း (၈၂) ပြီး

All Chapters