← Chapters

အခန်း (၈၃+၈၄+၈၅+၈၆+၈၇)

Vol. 9 Ch. 83+84+85+86+87

အခန်း (၈၃+၈၄+၈၅+၈၆+၈၇)

Vol. 9 Ch. 83+84+85+86+87

လောကရဲ့အထွတ်အထိပ်သို့ အခန်း (၈၃ ။ ၈၄ ။ ၈၅ ။ ၈၆)

လေထုထဲတွင် သံချေးနံ့နှင့် ရောစပ်နေသော သွေးနံ့တို့က လွှမ်းခြုံနေသည်။ ထျန်ရှင်းလု နှင့် သခင်လေးဟန်တို့အဖွဲ့က အချင်းချင်း မလှုပ်မယှက် ရပ်ကြည့်နေကြသည်။

တင်းမာမှုတို့က အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး အချိန်မရွေး သွေးစွန်းသွားနိုင်သည်။

ထူးဆန်းနေသည်မှာ ထျန်ရှင်းလု၏ အရိပ်တပ်ဖွဲ့ဝင် ၉ ယောက်မှာ သူတို့၏ သခင်အတွက် ဝင်ကူဖို့ စိတ်ကူးမရှိကြချေ။

သူတို့၏ မျက်လုံးများမှာ ကျောက်စိုင်ကျောက်သားများကဲ့သို့ ခံစားချက်ကင်းမဲ့နေပြီး သူတို့၏ တစ်ခုတည်းသော တာဝန်မှာ ရှောင်ကလန်ဝင်များ ထွက်မပြေးနိုင်အောင် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားရန်သာ ဖြစ်သည်။

သူတို့သည် သူတို့၏သခင်အား အနည်းငယ်လေးမျှပင် စိုးရိမ်ပူပန်သည့်ပုံမပေါ်ကြချေ။ ထိုသည်ကနေတစ်ဆင့် ထျန်ရှင်းလု၏ခွန်အားအပေါ်တွင် သူတို့၏ မတုန်မလှုပ်သော၊ အကြွင်းမဲ့ ယုံကြည်ချက်အား အထင်းသား တွေ့မြင်နိုင်သည်။

သို့မဟုတ် သူတို့တွေသည် ထျန်ရှင်းလု၏ခွန်အားကို ကောင်းမွန်စွာနားလည်ပြီး သူ၏ ကြောက်မက်ဖွယ် လုပ်နိုင်စွမ်းများကို ကောင်းကောင်းသိသောကြောင့်လည်း ဖြစ်နိုင်၏။

ထျန်ရှင်းလုက သူ၏ နှုတ်ခမ်းထက်တွင် ရူးသွပ်နေသည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားကာ သူ၏ဘယ်လက်ရှိ လက်သန်းအား မည်သည့် တုံ့ဆိုင်းမှုမှမရှိဘဲ နှစ်ပိုင်းချိုးချလိုက်သည်။

“ခရက်” ချက်ချင်းပဲ ကြားရသူတိုင်း နားထဲစူးဝင်သွားလောက်အောင် ကျယ်လောင်သောအရိုးကျိုးသံကြီးထွက်ပေါ်လာသည်။

ထျန်ရှင်းလု၏ လက်သန်းမှ စူးထွက်လာသော အရိုးဖြူဖြူမှာ အသားကိုပင် ဖောက်ထွင်းသွားကာ သွေးများ တစက်စက်ကျလာပြီး ရုပ်ပျက်ဆင်းပျက်မြင်ကွင်းကြီးထွက်ပေါ်လာသည်။

အားလုံးကလည်း ထိုမြင်ကွင်းကြောင့် ကျောရိုးထဲ စိမ့်တက်သွားအောင် ကြက်သီးထသွားကြကာ အလိုအလျောက် အနောက်သို့ခြေတစ်လှမ်းဆုတ်သွားမိကြသည်။

သူတို့၏ မျက်နှာများထက်တွင် မယုံကြည်နိုင်ခြင်းနှင့် ရွံရှာခြင်းတို့က ထင်ဟပ်နေသည်။

“ဒီကောင်က... ဒီကောင်က သောက်စိတ္တဇအရူးပဲဟ”

အရပ်ခပ်ပုပု၊ မျက်လုံးမှေးမှေးဖြင့် ချစ်စရာကောင်းသော ကောင်မလေးက ထျန်ရှင်းလုအား မနှစ်လိုဖွယ်ကြည့်ရင်း တုန်ယင်စွာ ရေရွတ်လိုက်၏။

သူမသည် ညီမ ၅ ဖြစ်ပြီး ဤ ၁၂ ​ယောက်ထဲတွင် ၅ ယောက်မြောက် အသန်မာဆုံးဖြစ်သည်။ သူမက ခပ်ပွပွဂျင်းဘောင်းဘီ နှင့် အညိုရောင်တီရှပ်လေးအားဝတ်ဆင်ထားကာ သူမ၏ ရင်သားတို့က တင်းထွက်နေသည်။

အနည်းဆုံးတော့ D Cup ဖြစ်လောက်ပေမည်။

သူမသည် ပခုံးအလယ်လောက်ရောက်သော ဆံပင် နှင့် ဆံမြိတ်လေးအား ချထားကာ တော်တော်ကြီးကိုဆွဲဆောင်မှုရှိနေသည်။

ယခုလက်ရှိအချိန်တွင် သူမသည် အနည်းငယ်ရှုံ့မဲ့နေသော မျက်နှာဖြင့်ရှိနေကာ ဂျပန်ဆာမူရိုင်းဓားတစ်​ချောင်းအား ချွေးများစိုနေသည့် လက်ဖြင့် တင်းကျပ်စွာကိုင်ဆောင်ထားသည်။

သူမ၏ လက်ဖဝါးထဲမှ ချွေးစေးတို့က ဓားရိုးပေါ်တွင်ပင် အိုင်ထွန်းနေချေပြီ။

သူမက ထျန်ရှင်းလု၏ ရူးသွပ်နေသော မျက်လုံးတို့ဖြင့် အကြည့်ချင်းဆုံသွားသောအခါ သူမ၏ နှလုံးသားတစ်ခုလုံး ရေခဲရေထဲသို့စိမ်လိုက်ရသလိုမျိုး အေးစက်သွားပြီး ကြက်သီးပင်ထသွားမိသည်။

ထိုအခိုက်အတန့်လေးတွင် သူမသည် အဖေ၊ အမေ တို့ကိုပင် တမ်းတလိုက်မိသည်။

ထိုအချိန်မှာပင် ထျန်ရှင်းလု၏ ကျိုးသွားသော လက်ချောင်းကြီးက မျက်စိဖြင့်မြင်နိုင်သော အလျင်ဖြင့် ပြန်လည်ကောင်းမွန်လာနေကာ ၅ စက္ကန့်အတွင်း အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားသည်။

အရေပြားပေါ်မှ ဒဏ်ရာမှာပင် အမာရွတ်တစ်ခုမျှ မကျန်ခဲ့ပေ။

“သူ့ရဲ့ ပြန်လည်ကုသခြင်းစွမ်းရည်က အားအရမ်းကောင်းလွန်းတယ်” လက်တစ်ဖက်ပြတ်နေသော ညီ ၃ က သူ၏ဖြူဖျော့နေသော နှုတ်ခမ်းတို့အား လျာတစ်ချက်သပ်လိုက်ကာ အားနည်းစွာဖြင့် ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးများထဲတွင် မနာလိုမှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသည်။

ထိုသို့သော ဒဏ်ရာအား အဆင့်မြင့်သည့်ပြန်လည်ကုသခြင်း ဆေးလုံးဖြင့်ကုသလျှင်တောင် အကောင်းအတိုင်းပြန်ဖြစ်ဖို့ မိနစ်ပိုင်းတော့လိုအပ်သည်။

“သောက်ပဲ... ဒီကောင်က သက်ရှိဆေးလုံးကြီးဟ” သခင်လေးဟန်က ထျန်ရှင်းလု၏စွမ်းရည်များကြောင့် စိတ်ကယောင်ခြောက်ခြားဖြစ်လာသောကြောင့် ချမ်းတုန်လာသလိုပင်ခံစားလိုက်ရမိသည်။

သက်ရှိဆေးလုံးဟူသော အခေါ်အဝေါ်မှာ အလွန်အားကောင်းသော ပြန်လည်ကုသခြင်းစွမ်းရည်များအား ပိုင်ဆိုင်သော ကျင့်ကြံသူများအား ရည်ညွှန်းခြင်းဖြစ်သည်။

မြွေ နှင့် ကြွက်နှစ်များတွင် မွေးဖွားသောသူများ၏ ပြန်လည်ကုသခြင်းစွမ်းရည်မှာ အားကောင်းသောကြောင့် ထိုသူများမှစ၍ သက်ရှိဆေးလုံးဟူသော အခေါ်အဝေါ်က စတင်ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

“ဟီးဟီးဟီး...” ထျန်ရှင်းလုက ခေါင်းလေးအားစောင်းလိုက်ပြီး သူ၏ ရူးသွပ်နေသောမျက်လုံးတို့ဖြင့် ရူးသွပ်ဖွယ်ရယ်မောလိုက်သည်။

ထိုရယ်သံမှာ ညသန်းခေါင်ယံတွင် ငရဲမှလာသော တစ္ဆေတစ်ကောင်၏ အော်ဟစ်သံနှယ် ကြောက်မက်ဖွယ်ကောင်းလှသည်။

ပြီးနောက်တွင် သူက ဆံမြိတ်ဖြင့်ချောမောလှသော ညီမ ၅ အား သူ၏ လက်ညိုးဖြင့် ထိုးကာ ပြောလိုက်သည်။

“သူမကိုထားခဲ့လိုက်.....၊ အဲဒါဆိုရင်..... ငါမင်းတို့ကိုထွက်သွားခွင့်ပေးမယ်... ဟီးဟီးဟီး...” ထျန်ရှင်းလု၏ အသံမှာ ခြောက်ကပ်ကပ်ဖြင့်ဖြစ်ကာ ကြားလိုက်သူတိုင်းကို ကျောချမ်းသွားစေနိုင်သည်။

သူကပြောပြီးသွားသောအခါ ပိုမို၍ ထင်ရှားစေရန်အတွက် ပြန်ကောင်းသွားတာ မကြာသေး​သည့် လက်သန်းအား ထပ်မံ၍ ၂ ပိုင်းချိုးပြစ်လိုက်သည်။

“ခရက်”

ညီမ ၅ ၏မျက်နှာမှာတော့ သွေးဆုတ်ဖြူလျော်သွားလေ​ပြီး သူမ၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထကုန်ကာ ကျက်သီးကို နံပါတ်စဥ်အတိုင်း ၅ ခါလောက်ထသွားမိသည်။

“အဟင့်...” သူမက ကြောက်ရွံစွာဖြင့် ငိုယိုချင်သလိုမျိုး ညီးတွားလိုက်၏။ သူမသည် လူများစွာကိုသတ်ဖြတ်ခဲ့ဖူးသလို လူသတ်ရန်အတွက် လေ့ကျင့်ပျိုးထောင်ထားခြင်းခံခဲ့ရသည်။

သို့သော် သူမ၏ သားကောင်များမှာ အမြဲတမ်း ကြောက်ရွံ့တုန်လှုပ်နေသူများသာ ဖြစ်သည်။

ထို့အတွက်ကြောင့် အပြင်ဘဝတွင် အတွေ့အကြုံသိပ်မရှိဘဲ ယခုမှသာ ထျန်ရှင်းလုလို သားရဲတွင်းမှလွတ်လာသော စိတ္တဇလူမျိုးအား တွေ့ဖူးခြင်းဖြစ်သည်။

အဖွဲ့ထဲမှ ဒုတိယမြောက်အသန်မာဆုံးဖြစ်သူ အမ ၂ က မြေကြီးပေါ်သို့ တံတွေးထွေးလိုက်သည်။ သူမသည်လည်း ထိပ်တန်းအလှပဂေးလေးဖြစ်ကာ ညီမ ၅ ထက်ပင် ပိုမို၍ ဆွဲဆောင်မှုရှိသေးသည်။

သူမသည်တော့ အဖြူရောင်အင်မော်တယ်ဝတ်စုံအား ဝတ်ဆင်ထားလေပြီး နေရောင်အောက်တွင် တလက်လက်တောက်ပနေကာ နတ်သမီးလေးတစ်ယောက်နှယ်ဖြစ်၏။

သူမက စူးချွန်များပါသည့် ကြာပွတ်အားကိုင်ဆောင်လေပြီး ထျန်ရှင်းလုအား ရွံရှာဖွယ်ကြည့်လိုက်သည်။

“နင်က အောက်တန်းကျတဲ့ အယုတ်တမာကောင်ပဲ။ ညီမ ၅ ကိုလိုချင်ရင် ငါတို့အလောင်းပေါ်ကနေ ဖြတ်သွားမှရလိမ့်မယ်” သူမက မီးတောက်နေသော မျက်ဝန်းများဖြင့် ကြုံးဝါးလိုက်သည်။

အခြားသူများကလည်း ခေါင်းညိတ်လိုက်ကာ ထျန်ရှင်းလု၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုအား ဖယ်ရှားလိုသောရည်ရွယ်ချက်ကြောင် အော်ဟစ်လိုက်ကြ၏။

“ဟုတ်တယ် အယုတ်တမာကောင်၊ မင်းငါတို့ရဲ့ ၅ ယောက်မြောက်လေးကို လိုချင်ရင် ငါတို့ရဲ့ အလောင်းပေါ်ကနေ ဖြတ်သွားမှရမှာကွ”

“အယုတ်တမာကောင် သွားသေလိုက်စမ်း”

သူတို့၏ အော်သံများက ထျန်ရှင်းလု၏ ​ဖိနှိပ်လိုသော အရှိန်အဝါကို ဖြိုခွင်းကာ ကျယ်လောင်စွာထွက်ပေါ်လာသည်။

ထျန်ရှင်းလု၏ မျက်နှာရှိ ရူးသွပ်ဖွယ်အပြုံးဟာလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ အေးစက်တည်ငြိမ်သော မျက်နှာထားအဖြစ်သို့ ပြောင်းလဲသွားသည်။

သူက အမ ၂ အား စူးစူးရဲရဲစိုက်ကြည့်နေလေသည်။ သူ၏မျက်ဝန်းတို့ဟာတော့ ရူးသွပ်နေသည့်ပုံစံမျိုးဖြစ်နေကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

“ကောင်းပြီ။ ကောင်းပြီလေ... ငါမင်းတို့တွေရဲ့ ကြက်ခေါင်းတွေကို တစ်စစီဖြစ်အောင်နင်းခြေပြီးတော့ မင်းတို့ရဲ့ဝိညာဉ်တွေကို တစ္ဆေအဖြစ်သန့်စင်ပစ်မယ်။” ထျန်ရှင်းလု၏ အမူအရာမှာ အလွန်အမင်းကြမ်းကြုတ်ကာ အစစ်အမှန်နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။

ထျန်ရှင်းလု စတင်တိုက်ခိုက်တော့မည်ကို သူတို့အားလုံး တစ်ပြိုင်နက်တည်း သိလိုက်ကြကာ သူတို့၏ ကြွက်သားများအား တင်းမာစေပြီး အလျင်အမြန်တုံ့ပြန်နိုင်ရန် အသင့်ပြင်လိုက်ကြသည်။

ထျန်ရှင်းလု၏ လက်ထဲတွင် အရှည် ၃ ပေ ၈ လက်မရှိသော အနီရောင်ခပ်ဖျော့ဖျော့ဆေဘာကြီးတစ်ခုထွက်ပေါ်လာကာ ဓားသွား၏ ဗြက်အကျယ်မှာ အတော်ကြီးမားသည်။

ဆေဘာသည် အကွင်းကိုးကွင်းဆေဘာဖြစ်ကာ ဓားကျောရိုးရှိ အကွင်းများမှ သွေးသောက်ငှက်များ၏ ငိုညည်းသံကဲ့သို့သော အသံသဲ့သဲ့ ထွက်ပေါ်နေပြီး အလွန်လေးလံသော သတ်ဖြတ်ခြင်း အော်ရာတို့အားထုတ်ဖော်နေသည်။

“မင်းမေ** အထွတ်အထိပ်မြေကမ္ဘာအဆင့်လက်နက်ကြီးဟ!” သခင်လေးဟန်၏ မျက်လုံးများ ပြူးထွက်သွားသည်။

သူတို့တွေ ကိုင်ဆောင်ထားသော လက်နက်များပင်လျှင် မြေကမ္ဘာအဆင့်အဆင့်နိမ့်အဆင့်သာရှိသေးသည်။

ကံကောင်းသည်မှာ ထျန်ရှင်းလုသည် ဆေဘာအားကိုင်ဆောင်ရန်ရည်ရွယ်ချက်မရှိဘဲ မြေပေါ်တွင် “စိုက်” ခနဲနေအောင် စိုက်ချလိုက်သည်။

“ခွင်း...” ချက်ချင်းပဲ ကွန်ကရစ်ကြမ်းပြင်ကြီးက တို့ဖူးသကဲ့သို့ဖောက်ခံလိုက်ရသည်။

ပြီးနောက်တွင် သူ၏ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းထဲတွင် အနီရောင်လျှပ်စီးလေး တစ်ချက်လက်သွားကာ သူ၏ပုံရိပ်က ဝေ​ဝေဝါးဝါးဖြစ်သွားသည်။

“ဂျိန်းး”

လောကကြီးတစ်ခုလုံးသည်လည်း အနီရောင်အဖြစ်သို့ ခဏတာလေးပြောင်းလဲသွားကာ အလွန်ကျယ်လောင်သော မိုးခြိမ်းသံကြီးထွက်ပေါ်လာလေသည်။

လောကကြီး၏အရောင်အဆင်းသည် ပုံမှန်အဖြစ်သို့ပြန်ရောက်လာ​သောအခါ သူတို့တွေအားလုံး မျက်နှာပျက်သွားကြသည်။

ရုတ်တရက်...

ထျန်ရှင်းလု၏လက်ထဲတွင် အမ ၂ ရောက်ရှိနေလေပြီး သူမက လည်ပင်းအညှစ်ခံလိုက်ရကာ လေထဲတွင် ခြေကားယားလက်ကားယားကြီးဖြစ်နေလေသည်။

သူမ၏ နတ်သမီးသဖွယ်ချောမောလွန်းလှသော မျက်နှာလေးမှာ သွေးမရှိသကဲ့သို့ဖြူလျော်လာပြီး လေမရသောကြောင့် တစ်ဂစ်ဂစ်ဖြစ်လာသည်။

သခင်လေးဟန်၏ အာရုံမှာ ခေါင်းသို့တူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ပင် မဲမှောင်သွားကာ မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဖြစ်သွား၏။

သူသည် မျက်တောင်ပင်မခတ်ဘဲ ထျန်ရှင်းလု၏လှုပ်ရှားမှုများအား အာရုံအပြည့်အဝစိုက်ထားသည်။

သို့သော် တစ်စက္ကန့်ထက်ပင် ပိုနည်းသောအချိန်အတွင်း သူတို့၏ပေါင်းစပ်တိုက်ကွက်ဝင်္ကပါအား ထိုးခွင်းရန် ထျန်ရှင်းလုက မီတာ ၁၀၀ အကွာအဝေးကိုဖြတ်သန်းလာခဲ့သည်။

ပြီးနောက်တွင် သူနှင့်ခွန်အားချင်း သိပ်မကွာသည့် အဆင့် ၃ ဝိညာဉ်သခင်ဖြစ်သည့် ညီမ ၂ အား ကြက်လေးတစ်ကောင်အားဖမ်းသလို ဂုတ်ကနေဖမ်းဆီးသွားလေပြီး မူလနေရာ မီတာ ၁၀၀ အကွာအဝေးတွင်ပြန်ပေါ်လာလေသည်။

ထိုသို့သော လျင်မြန်မှုဟာ အဆင့် ၁ တန်ခိုးရှင်များထက် များစွာပိုမိုလျင်မြန်ပြီး အဆင့် ၂ တန်ခိုးရှင်၏အလျင်နှုန်းနှင့်ပင် နှိုင်းယှဉ်လို့ရမှန်း သခင်လေးဟန် ကောင်းကောင်းသိသည်။

ထျန်ရှင်းလုက အမ ၂ ၏ လည်ပင်းမှတစ်ဆင့် ခေါင်းကိုကိုင်လိုက်ကာ လက် ၂ ဖက်ဖြင့်ခြွေမွလိုက်သည်။

“အားးး”

“ခရက်... ခရက်... ခရက်...” ချက်ချင်းပဲ အမ ၂ သည် သူမ၏ဦးခေါင်းခွံက တစ်ဖြည်းဖြည်းဖြင့် အက်ကွဲလာသည်ကို ခံစားနေရ​ကာ သေမင်း၏ တံခါးပေါက်ဝသို့ ရောက်ရှိသွားသလို ကြောက်ရွံ့လာမိသည်။

သူမက ထျန်ရှင်းလု၏ လက်များအားဖယ်ရန်ကြိုးစားသော်လည်း ခွန်အားကွာခြားချက်မှာ တောင်နှင့်မိုးကဲ့သို့ ကြီးမားလွန်းလှသည်။

“အဟင့်... မလုပ်ပါနဲ့... အသက်ချမ်း​သာပေးပါ...” အမ ၂ က မျက်ရည်များ ​ဆည်ကျိုးသလို စီးကျလာပြီး သနားညှာတာခြင်းကို တောင်းဆိုလိုက်သည်။

သူမ၏နောက်ခံမှာ ကြီးမားပြီး တစ်သက်တာဖြုန်းမကုန်သည့် စည်းစိမ်များရှိလေသည်။ ထို့အတွက်ကြောင့် သူမက ဤအဆင့်နိမ့်နေရာတွင် ဤကဲ့သို့ရုပ်ပျက်ဆင်းပျက် မသေချင်သေးချေ။

“ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ ကျွန်မ...အားးး”

သူမ၏စကားမဆုံးသေးခင်မှာပင် ထျန်ရှင်းလုက အားထည့်၍ သူမ၏ဦးခေါင်းအား ညှစ်ပစ်လိုက်သည်။

“ခရက်... ခရက်... ခရက်... ခွမ်းး” ချက်ချင်းပဲ အမ ၂ ၏ဦးခေါင်းကြီးက ဖရဲသီးတစ်လုံးကိုညှစ်ချလိုက်သလိုမျိုး ပေါက်ကွဲထွက်သွားသည်။

အရိုးအပိုင်းအစများ နှင့် ဦးနှောက်အပိုင်းအစများလည်း ထွက်ကျလာကာ ထျန်ရှင်းလု၏ မျက်နှာသို့အများအပြားလာစင်ကုန်လေသည်။

အမ ၂ ၏ရုန်းကန်နေသော ခန္ဓာကိုယ်ကြီးသည်လည်း လှုပ်ရှားမှုတို့ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ “ဘုတ်” ခနဲ ပြုတ်ကျသွားလေ၏။

လွန်ခဲ့သည့်စက္ကန့်ပိုင်းလေးကပင် အမ ၂ ဟာ နတ်မိမယ်လေးတစ်ယောက်ကဲ့သို့ လှပပြီး မြင့်မြတ်ခဲ့သည်။ ယခုအခါတွင်တော့ သူမ၏ခေါင်းဟာ တစ်စစီအချေခံလိုက်ရကာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလေသည်။

ထူးဆန်းသော အချက်မှာတော့ အမ ၂ ၏သွေးများသည် ထျန်ရှင်းလုစိုက်ထားသော သွေးသောက်သူဆေဘာကြီးထံသို့ မြစ်ချောင်းငယ်လေးများသဖွယ် စီးဝင်သွားခြင်းပင်ဖြစ်သည်။

သွေးသောက်သူဆေဘာသည်လည်း ပျော်ရွှင်စွာဖြင့် သူ၏ဆေဘာကိုးကွင်းအား တချွင်ချွင်မြည်အောင် လှုပ်ခါသွားစေလိုက်ကာ အမ ၂ ၏ အနီရောင်သွေးများအား စုပ်ယူပစ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ အမ ၂ ၏ပြည့်ပြည့်ထွားထွားခေါင်းပြတ်ခန္ဓာကိုယ်ကြီးမှာ အရိုးခြောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်အထိ စုပ်ယူခံလိုက်ရသည်။

သူမ၏ပျက်စီးနေပြီဖြစ်သော အသိစိတ်ပင်လယ်မှ အမ ၂ ၏ဝိညာဉ်မှာလည်း ထွက်လာကာ သွေးသောက်သူဆေဘာကြီး၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။

“အားးးး... မဟုတ်ဘူး... အားးး” အမ ၂ ၏စူးရှသော အသံကျယ်ကြီးထွက်ပေါ်လာသော်လည်း သူမ၏ကံကြမ္မာကိုမဖီဆန်နိုင်ခဲ့ချေ။

အမ ၂ ၏ ဝိညာဉ်က သွေးသောက်သူ၏စုပ်ယူခြင်းကိုခံလိုက်ရလေပြီး တစ္ဆေအဖြစ်သို့သန့်စင်ခံလိုက်ရသည်။

ထျန်ရှင်းလု၏ စရိုက်ကတော့ လုံးဝကိုပြောင်းလဲသွားသည့် ပုံပေါ်လေသည်။ သူဟာ အသန့်ကြိုက်လွန်းသူဖြစ်ပြီး သွေးနံ့အားကြိုက်နှစ်သက်ခြင်းမရှိချေ။

ယခုလက်ရှိအချိန်တွင်တော့ သူ၏နှာခေါင်းသို့ လက် ၂ ဖက်ဖြင့်အုပ်လိုက်ပြီး အမ ၂ ၏သွေးများအား အားရပါးရရှူသွင်းလိုက်လေသည်။

“ဟားးးး... ကောင်းတယ်... ကောင်းတယ်... ဟီးဟားဟားဟား!” ထျန်ရှင်းလုက အော်ဟစ်ရယ်မောလိုက်လေပြီး သခင်လေးဟန်အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

“ယာဉ်ပျံဆီကိုပြေးကြ” သခင်လေးဟန်က အမိန့်​ပေးလိုက်သော်လည်း သူ မပြောခင်ကတည်းက အခြားသူများက ပြေးနေကြပြီဖြစ်သည်။ သူတို့၏ စိတ်ဓာတ်များမှာ လုံးဝကျိုးပျက်သွားချေပြီ။

“ငါ**မသားတွေစောင့်ဦးဟ” သခင်လေးဟန် ထိတ်လန့်သွားကာ ယာဉ်ပျံဆီသို့မြန်မြန်ပြေးလွှားလိုက်သည်။

ယခုအခြေအနေဟာတော့ နောက်ကျသည့်ခြေထောက် သစ္စာဖောက်ပင်ဖြစ်၏။

အမြန်ဆုံးဖြစ်စရာမလိုချေ။ အနှေးဆုံးမဖြစ်လျှင် ရပြီဖြစ်သည်။

“ဂျိန်းးး”

ကျယ်လောင်သော မိုးခြိမ်းသံကြီးနှင့်အတူ လောကကြီးတစ်ခုလုံးဟာ အနီရောင်လျှပ်စီးကြောင့် ခဏတာလောက်လေး အနီရောင်အဖြစ်သို့ပြောင်းလဲသွားလေသည်။

ညီမ ၅ နှင့်အတူတူပြေးနေသည့် ညီ ၃ ၏မျက်ဝန်းထဲတွင် ကောက်ကျစ်သည့် အလင်းတစ်ချက်တောက်ပလာကာ သူမအားဂုတ်ဆွဲယူလိုက်ပြီး ထျန်ရှင်းလုထံသို့​ပစ်လိုက်၏။ “ညီမ ၅၊ အဖွဲ့အတွက် ပေးဆပ်လိုက်ပေးပါ”

ဖြစ်ပျက်သွားသည်များမှာ အလွန်မြန်ဆန်ပြီး သူတို့တွေအားလုံးက ယာဉ်ပျံထဲသို့ရောက်သွားလေသည်။ ညီမ ၅ ကတော့ဖြစ်ပျက်သွားသည်များကို နားမလည်နိုင်သည့် မျက်နှာဖြင့် လေထဲတွင် ဝဲပျံနေဆဲပင်။

သူမသည် အတော်လေးဆွံ့အသွားလေ၏။ အစောပိုင်းကလေးတင် သူမအားရယူရန် သူတို့၏အလောင်းအပေါ်သို့ကျော်သွားရမည်ဟု ပြောနေသော်လည်း ယခုအခါတွင်တော့ သူမအား ဓားစာခံအဖြစ် ထိုးကျွေးပေးလိုက်လေသည်။

သောက်ကျိုးနည်း ဝက်လို အသင်းဖော်များပင်ဖြစ်သည်။

သူမ မတုံ့ပြန်နိုင်သေးသည့်အချိန်ကလေးမှာတော့ ထျန်ရှင်းလုက သူမအားဖမ်းမိသွားလေသည်။ ညီ ၃ က ယာဉ်ပျံတံခါးပေါက်ကနေ ရှက်ရွံ့နေသည့် မျက်နှာဖြင့် သူမအားပြောလိုက်၏။

“ညီမ ၅ ငါတို့ကိုစိတ်မရှိပါနဲ့။ နင်ကိုမပေးရင် ငါတို့အားလုံးကို သူသတ်လိမ့်မယ်။ သူက နင့်ကို​​ကောင်းကောင်းဆက်ဆံမှာပါဟာ။ စိတ်မပူနဲ့ အကြီးအကဲတွေကို ပြန်ခေါ်လာပြီးတော့ နင်ကိုလာကယ်မယ်။”

ညီ ၃ ​ပြောပြီးသည် နှင့် ယာဉ်ပျံတံခါးက “ရှူး” ဟူသော အသံဖြင့် ပိတ်သွားပြီး ယာဉ်ပျံကြီးက မြင့်တက်သွားလေသည်။

သို့သော် ယာဉ်ပျံကြီးက ဤအတိုင်းထွက်ခွာသွားမည့် ရည်ရွယ်ချက်ရှိပုံမရချေ။ ယာဉ်ပျံ၏ အောက်ဘက်ပိုင်းမှ အပေါက်တစ်ခုပွင့်လာကာ စက်ယန္တရားသံများ ထွက်ပေါ်လာပြီး လက်နက်တစ်ခု၏ ပြောင်းဝသည် တဖြည်းဖြည်းထွက်ပေါ်လာပြီး ထျန်ရှင်းလုထံသို့ ချိန်ရွယ်လိုက်သည်။

“သေလိုက်တော့၊ သောက်မကောင်းဆိုးဝါး” ယာဉ်ပျံထဲမှ သခင်လေးဟန်၏ ဒေါသတကြီးအော်ဟစ်သံထွက်ပေါ်လာသည်။

ညီမ ၅ အား စတေးလိုက်ရသော်လည်း သူတို့သည် ဤအခွင့်အရေးကိုအသုံးချ၍ ထျန်ရှင်းလုအား အပြီးတိုင်ရှင်းပစ်ရန် ကြံရွယ်လိုက်ကြသည်။

ထျန်ရှင်းလုသည် ယခုအခါ ညီမ ၅ အား ဖမ်းဆီးထားရသဖြင့် သူတို့၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်မဟုတ်ဟု သူတို့ယုံကြည်ထားကြသည်။

ညီမ ၅ ၏ မျက်လုံးများက မျှော်လင့်ချက်မဲ့စွာဖြင့် ပြူးကျယ်သွားသည်။ သူမကို ကယ်တင်မည်ဟု ကတိပေးခဲ့သောသူများကပင် သူမအား ထျန်ရှင်းလုနှင့်အတူ သတ်ပစ်ရန်ကြိုးစားနေကြသည်တကား။

“ဟားဟားဟား... သောက်ကျိုးနည်း အသုံးမကျတဲ့ကောင်တွေ” ထျန်ရှင်းလုက ရူးသွပ်နေသာ အပြုံးဖြင့် လှောင်ရယ်လိုက်သည်။

သူက ညီမ ၅ ၏ ခါးအား လက်တစ်ဖက်ဖြင့်တင်းကျပ်စွာပွေ့ဖက်ထားပြီး ကျန်လက်တစ်ဖက်အား ယာဉ်ပျံကြီးထံသို့ ဆန့်တန်းလိုက်သည်။

သူ၏ လက်ဖဝါးထဲတွင် ကြောက်မက်ဖွယ်အနီရောင်စွမ်းအင်များစုစည်းလာကာ လောကကြီးကိုပင် တုန်လှုပ်သွားစေသည့် အနီရောင်လျှပ်စီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“ဝှစ်”

ယာဉ်ပျံကြီးထံမှ မျက်စိကျိန်းလောက်အောင်တောက်ပသော လေဆာတန်းကြီးတစ်တန်း ထွက်ပေါ်လာကာ ထျန်ရှင်းလုထံသို့ အရှိန်ပြင်းစွာဖြင့် ပျံသန်းလာသည်။ တစ်ချိန်တည်းမှာပင် ထျန်ရှင်းလုက သူ၏လက်ထဲမှ လျှပ်စီးလုံးအား ပစ်လွှတ်လိုက်သည်။

“ဂျိန်းးးးး”

ထျန်ရှင်းလု၏ လျှပ်စီးလုံး နှင့် ယာဉ်ပျံ၏လေဆာတို့ထိပြီးတော့ အလွန်ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာသည်။

ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော တောက်ပသည့်အလင်းတန်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ခဏတာ အလုံးစုံဖြူဖွေးသွားကာ ပြင်းထန်သောလေလှိုင်းလုံးကြီးများက နေရာတိုင်းသို့ ပျံ့နှံ့သွား၏။ မြေကြီးများပင် တုန်ခါသွားသည်။

ယာဉ်ပျံကြီးသည် ပေါက်ကွဲမှု၏ဒဏ်ကြောင့် လေထဲတွင် ယိမ်းထိုးသွားပြီး အပြင်ဘက်အခွံတွင် မီးများပင် ပွင့်ထွက်ကုန်ကာ အနည်းငယ်ပျက်စီးသွားပုံရသည်။

ထျန်ရှင်းလုကတော့ သူ၏နေရာတွင် မလှုပ်မယှက်ရပ်နေဆဲပင်။ သူ၏ရှေ့တွင် အနီရောင်စွမ်းအင်အကာအကွယ်တစ်ခုရှိနေပြီး ပေါက်ကွဲမှု၏ဒဏ်ကို အပြည့်အဝကာကွယ်ပေးထားသည်။

“မင်းတို့ သေချင်နေကြတာပဲ။” ထျန်ရှင်းလု၏အသံက အေးစက်သွားပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်လာသည်။

သူက နောက်ထပ် လျှပ်စီးလုံးတစ်ခုအား ဖန်တီးရန် လက်မြှောက်လိုက်သည်ကို မြင်သောအခါ ယာဉ်ပျံထဲရှိလူများအားလုံး သွေးပျက်သွားကြသည်။ ထိုလျှပ်စီးလုံးမှာ ပထမတစ်လုံးထက်ပင် ပိုကြီးမားပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။

ပထမတစ်လုံးကိုပင် သူတို့၏ အားအပြင်းဆုံးလေဆာဖြင့် မနည်း ခုခံခဲ့ရသည်။ ဒုတိယတစ်လုံးလာလျှင် သူတို့အားလုံး သေရမည်မှာ သေချာသည်။

“ပြေး... မြန်မြန်ပြေးတော့” သခင်လေးဟန်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

ယာဉ်ပျံကြီးသည် နောက်တစ်ကြိမ်တိုက်ခိုက်ရန် မစောင့်ဆိုင်းတော့ဘဲ အမြင့်ဆုံးအရှိန်ကိုတင်ကာ ကောင်းကင်ယံသို့ အလျင်အမြန်ထိုးတက်ပျံသန်းထွက်ပြေးသွားတော့သည်။

ထျန်ရှင်းလုက ထွက်ပြေးသွားသော ယာဉ်ပျံအား ကြည့်ကာ လှောင်ပြောင်သရော်လိုက်ပြီး သူ၏လက်ထဲမှ စွမ်းအင်လုံးအား ပျောက်ကွယ်စေလိုက်သည်။ ထို့နောက် သူက သူ၏လက်ထဲတွင် ကြောက်လန့်တုန်ရီနေရှာသော ညီမ ၅ အား ငုံ့ကြည့်လိုက်ကာ ကောက်ကျစ်စွာပြုံးလိုက်လေသည်။

ပတ်ဝန်းကျင်တွင် တိုက်ပွဲ၏ အနိဋ္ဌာရုံများက ကျန်ရစ်နေသည်။ မြေပြင်ပေါ်တွင် အမ ၂ ၏ အရိုးခြောက်ခန္ဓာကိုယ်နှင့် သွေးသောက်သူဆေဘာကြီးက တိတ်ဆိတ်စွာ တည်ရှိနေသည်။

ထျန်ရှင်းလုက သူ၏သွေးတွေပေနေသော လက်ဖြင့် ညီမ ၅ ၏ ဖြူဖွေးနေကာ အလွန်ချောမောလှသော မျက်နှာလေးအား ပွတ်သပ်လိုက်လေ၏။

ချက်ချင်းပဲ သူမ၏မျက်နှာသည် အမ ၂ ၏သွေးများဖြင့် နီရဲသွားသည်။ သူမ၏ခန္ဓာကိုယ်သည် ကြောက်ရွံမှုကြောင့် တစ်ဆက်ဆက်တုန်ရီနေလေပြီး သူမ၏မျက်လုံးတို့က သားရဲတွင်းထဲ ရောက်နေသော ယုန်တစ်ကောင်ကဲ့သို့ပင် အလွန်သနားစရာကောင်းလှသည်။

ထျန်ရှင်းလုက သူမ၏ မေးစေ့အား အသာလေးပင့်လိုက်ကာ ရူးသွပ်နေ​သည့်မျက်လုံးများဖြင့် သူမ၏တုန်ရီနေသော မျက်ဝန်းများအား စိုက်ကြည့်လိုက်သည်။

“အခုချိန်ကစပြီးတော့ မင်းက ငါ့ရဲ့ကျွန်ပဲ။ ငါအလိုရှိတာကို လုပ်ရမယ်။ ငါသွားဆိုမှ သွား။ စားဆိုမှ စား။ အိပ်ဆိုမှ အိပ်ရမယ်။”

“မင်း...နားလည်လား။” ထျန်ရှင်းလု၏ အမူအရာမှာ သိပ်ကိုမှကြောက်မက်ဖွယ်ကောင်းလှသည်။

ညီမ ၅ က ကြောက်လန့်နေသောကြောင့် ကြက်အစာကောက်နေသလို အလျင်အမြန်ခေါင်းညိတ်လိုက်လေသည်။

သူမ၏ စိတ်ဓာတ်မှာ လုံးဝကျိုးပျက်သွားပြီဖြစ်ပြီး ခုခံလိုစိတ် တစ်စိုးတစ်စိမျှ မရှိတော့ချေ။

ထျန်ရှင်းလုက ရူးသွပ်စွာပြုံးလိုက်လေပြီး သွေးတွေစိုနေသောလက်ဖြင့် သူမ၏အနက်ရောင်ဆံပင်များအား ပွတ်သပ်ပေးလိုက်သည်။

“လိမ္မာတယ်။ မင်းလိမ္မာရင် သခင်က ဆုချမယ်။”

ထျန်ရှင်းလုက ပြောလိုက်ရင်း သူမ၏နှုတ်ခမ်းတို့အား လက်မဖြင့်သွေးသုတ်လိုက်ရင်း အနမ်းချွေလိုက်သည်။

“အွန်း...” ညီမ ၅ က ထိတ်လန့်သွားလေပြီး ထျန်ရှင်းလု၏ဆံပင်ရှည်များအား ဆုပ်ကိုင်ထားမိလေသည်။ သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက ကြေကွဲစွာ စီးကျလာသည်။

တစ်ချိန်တည်းတွင် စိတ်ဓာတ်ကျနေသော ရှောင်ကလန်ဝင်များကလည်း ဖြစ်ပျက်နေသည်များအား ဆွံ့အစွာကြည့်နေကြသည်။

ဤ ထျန်မျိုးရိုးမှကောင်သည် သေခါနီးအခြေအနေဖြစ်သည့် ငရဲမှပြန်တက်လာကာ ယခုအခါတွင်လည်း ကောင်မလေးတစ်ယောက်အား အနမ်းလာချွေနေ၏။

မည်သည်များဖြစ်ပျက်နေသနည်း။ ရှောင်ကလန်ဝင်များကတော့ ထျန်ရှင်းလု၏ အာရုံ သူတို့ဘက်သို့ မရောက်လာစေရန်သာ ဆုတောင်းနေကြသည်။ သူတို့၏ ကံကြမ္မာမှာ မရေရာသော ချည်မျှင်တစ်မျှင်ပေါ်တွင်သာ မူတည်နေတော့သည်။

လောကရဲ့အထွတ်အထိပ်သို့ အခန်း (၈၃+၈၄ + ၈၅ + ၈၆ + ၈၇) ပြီး၏။

All Chapters