အခန်း (၈၁)
Vol. 9 Ch. 81
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၈၁)
မှေးမှိန်နေသော နေရောင်ခြည်သည် နန်းတော်၏ ရွှေရောင်ခေါင်မိုးပေါ်သို့ ကျရောက်နေပြီး မိုးသားတိမ်တို့က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိုစွတ်ထိုင်းမှိုင်းနေပြီး မိုးဖွဲဖွဲလေးများက မြေပြင်ပေါ်သို့ အဆက်မပြတ်ကျဆင်းလျက်ရှိသည်။
နန်းတော်၏ အလယ်ဗဟိုတွင်ရှိသော သိုင်းကွင်းပြင်သည် ပုံမှန်ဆိုလျှင် သောင်းသောင်းဖြဖြ ဆူညံလေ့ရှိသော်လည်း ယခုမူ တိတ်ဆိတ်ငြိမ်သက်နေသည်။
ထို တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သူမှာ သိုင်းကွင်းပြင်၏ အလယ်ဗဟိုတွင် ရပ်နေသော ဓားသမားနှင့် လှံသမားတို့ဖြစ်သည်။
ဓားသမားသည် ရဲရင့်ပြတ်သားသည့် မျက်ဝန်းများဖြင့် လှံသမားကို စူးစိုက်ကြည့်နေပြီး လှံသမား၏ မျက်လုံးများတွင်မူ စိတ်အားထက်သန်မှုတို့ အပြည့်ရှိနေသည်။
ဓားသမား၏လက်ထဲမှ ဓားသည် တဖျပ်ဖျပ်တောက်ပနေပြီး လှံသမား၏လက်ထဲမှ လှံမှာမူ မိုးရေစက်များကို ရောင်ပြန်ဟပ်နေသည်။
လှံသမားက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။ သူ၏ လှံသည် လေကို ဖြတ်၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟိန်းသည်။
ဓားသမားက နောက်သို့ ခုန်ဆုတ်လိုက်ပြီး သူ၏ဓားက လျင်မြန်စွာ ရွေ့လျားသွားချေသည်။ ဓားနှင့်လှံတို့ ထိတွေ့လိုက်သောအခါ မီးပွင့်များ ထွက်ပေါ်လာပြီး ပဲ့တင်သံတို့က နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
တိုက်ပွဲသည် ပို၍ ပြင်းထန်လာချေသည်။ လှံသမား၏ လှံချက်များသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး အားကောင်းလှသည်။
ဓားသမား၏ ဓားချက်များမှာမူ ရေစီးကြောင်းကဲ့သို့ နူးညံ့သိမ်မွေ့သော်လည်း တိုက်ပွဲကိုအဆုံးအဖြတ်ပေးနိုင်သည်။ သူတို့၏ စွမ်းအားများသည် သာမန်လူတို့၏ စိတ်ကူးထက် ကျော်လွန်နေသည်။
သို့သော်လည်း ဤတိုက်ပွဲသည် အဆုံးသတ်ရန် အချိန်ကျပြီ ဖြစ်သည်။ ဓားသမားက နောက်ဆုံးလှုပ်ရှားမှုကို စတင်လိုက်သည်။
သူ၏ဓားသည် လေထုတစ်ခုလုံးကို ခွဲခြမ်းလိုက်ပြီး ဧရာမဓားချက်တစ်ခု ဖြစ်ပေါ်လာသည်။ လှံသမားက အစွမ်းကုန် ခုခံသော်လည်း မလွန်ဆန်နိုင်တော့ချေ။ လှံသည် နှစ်ပိုင်းကွဲသွားပြီး လှံသမားသည် မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားသည်။
ဓားသမားသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ဓားကို အိမ်ပြန်သွင်းလိုက်သည်။ မိုးရေစက်များသည် သူ၏မျက်နှာပေါ်သို့ ကျဆင်းလာသည်။
လှံသမားသည် အသေးစားဒဏ်ရာများဖြင့် သိုင်းကွင်းပြင်ပေါ်တွင် လဲကျနေသည်။ တိတ်ဆိတ်မှုသည် ပြန်လည်လွှမ်းမိုးလာပြီး မိုးဖွဲဖွဲလေးများသာ ဆက်လက်ကျဆင်းနေတော့သည်။
ဓားသမားက အပြုံးခပ်ပါးပါးဖြင့် ကြင်နာစွာ လက်ကှမ်းပေးလိုက်သည်။
လှံသမားဖြစ်သူဟာ အသက် ၄၀ ခန့်အရွယ်ရှိမည်ဖြစ်ကာ မုတ်ဆိတ်ခပ်ပါးပါးဖြင့် ချောမောခန့်ညားသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။
“အိမ်ရှေ့စံမင်းသားကတော့ တကယ်ကို ကျွန်တော်တို့ မိုးပြာနဂါးကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ် ၁ မျိုးဆက်သစ် ဖြစ်ထိုက်ပါတယ်။” ထိုဦးလေးကြီးက ရယ်မောလိုက်ပြီး အိမ်ရှေ့စံမင်းသား၏ လက်အားဆွဲယူကာ ထလာလိုက်သည်။
“မဟုတ်တာ ဦးရီးတော်အန်သာ ရေခဲစွမ်းအင်ကို အားအကုန်အသုံးပြုမယ်ဆိုရင် ကျွန်တော်အနိုင်ယူနိုင်မာမဟုတ်ပါဘူး။” အိမ်ရှေ့စံက နိမ့်ချစွာပြုံးလိုက်၍ ပြန်ပြောလိုက်သည်။
ကွင်းပြင်ဘက်တွင်တော့ အသက် ၂၀ ခန့် ချောမောသောလူငယ်လေး၊ မင်းသမီးတစ်ပါး နှင့် ထီးကူဆောင်းပေးနေသော အချွေအရံများစွာရှိနေလေသည်။
အိမ်ရှေ့စံ နှင့် ဦးရီးတော်အန်တို့က သူ၏သားတော်အနားသို့ရောက်သောအခါ မကြည်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ကျုပ်ရဲ့ မသိတတ်တဲ့သားလေးသာ အိမ်ရှေ့စံရဲ့တစ်ဝက်လောက် ထက်မြက်ရင် ကျွန်တော်သေပျော်ပါပြီ”
ချောမောသောလူငယ်လေး၏ မျိုးရိုးအမည်မှာ အန်ဖြစ်သည်။ သူကမကျေမနပ်ဖြင့် ညီးတွားလိုက်သည်။
“ကျွန်တော်က ညံလွန်းနေတာ မဟုတ်ပဲ အိမ်ရှေ့စံမင်းသားကသာ ထက်မြက်လွန်းနေတာ မဟုတ်လား” မင်းသားအန်ပြောသည့်အတိုင်းပင် သူဟာ ညံဖျင်းခြင်းမရှိချေ။
သူဟာ အသက် ၂၁ တည်းဖြင့် အဆင့် ၄ ဝိညာဉ်သခင်အဆင့်သို့ရောက်ရှိနေပြီဖြစ်ကာ လူငယ်မျိုးဆက်တစ်ခုလုံးတွင်ပင် ထိပ်ဆုံး ၁၀ အတွင်းဝင်လေသည်။
သူဟာအမှန်တကယ်ပင် မညံဖျင်းလေပဲ အိမ်ရှေ့စံမင်းသားကသာ လူမဆန်စွာဖြင့်ထူးချွန်နေခြင်းပင်ဖြစ်သည်။
အိမ်ရှေ့စံမင်းသားဟာ ၆ လသားတည်းဖြင့် မှော်ဆန်စွာ လမ်းထလျောက်ခဲ့ကာ ၉ လသားတွင် စကားစပြောခဲ့သည်။ အသက် ၅ နှစ်သို့ရောက်သောအခါတွင် ကွန်ဖြူးရှပ်၏ကျမ်းကြီး ၄၂ ကျမ်းလုံးအား အစအဆုံးဖတ်ရှုပြီးကာ အလွတ်မှတ်သားနိုင်ခဲ့သည်။
ထိုနှစ်တွင်ပဲ သူဟာ သိုင်းပညာအားစတင်၍ လေ့ကျင့်ခဲ့ကာ အသက် ၁၀ တွင် သိုင်းထိပ်သီးအဆင့်သို့ရောက်ရှိခဲ့သည်။
ပြီးနောက်တွင် တစ်နှစ်ကို ၁ ဆင့်နှုန်းဖြင့် အသက် ၁၄ တွင် အဆင့် ၄ ဝိညာဉ်သခင်အဆင့်သို့ရောက်ရှိခဲ့ပြီး ရွှေခန္ဓာကျင့်စဥ်အား အထွတ်အထိပ်အဆင့်ထိ ပြီးမြောက်ခဲ့သည်။
အဆင့် ၄ ဝိညာဉ်သခင်အဆင့်တွင် ၅ နှစ်ကြာပိတ်မိခဲ့ပြီးနောက် ယခုအသက် ၁၉ တွင် အဆင့် ၁ ဆင့်ကဲပြောင်းလဲခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့် ၇ ဆင့်ရှိလေပြီး သေမျိုးတန်ခိုးရှင်အဆင့်ဟူ၍ ခေါ်ဝေါ်တတ်ကြသည်။
အိမ်ရှေ့စံမင်းသားဟာ တိုက်ကြီးတစ်ခုလုံးတွင်ပင် အသက် ၁၉ နှစ်တည်းနှင့် သေမျိုးတန်ခိုးရှင်သို့အဆင့်ချိုးဖြတ်နိုင်ခဲ့သော ပထမဦးဆုံးသူဖြစ်လေသည်။
တိုက်ဆိုင်စွာပင် အိမ်ရှေ့စံမင်းသားဟာ မွေးဖခင်၏စံချိန်ကို ချိုးဖြတ်ခဲ့သောသူ ဖြစ်သည်။ လက်ရှိ ရွှေနဂါးနိုင်ဂံ၏ အရှင်မင်းမြတ် ဓမ္ဓရာဇာသည် အသက် ၂၃ နှစ်တွင် သေမျိုးတန်ခိုးရှင်ဖြစ်လာခဲ့သူဖြစ်ကာ ထိပ်သီးပါရမီရှင်ဖြစ်သည်။
ကျားလိုဖအေမှ ကျားလိုသားကိုမွေးဖွားခဲ့သည်ဆိုသော အတိုင်းပင်ဖြစ်သည်။ ဦးရီးတော်အန်ဟာ အဆင့် ၃ သေမျိုးတန်ခိုးရှင်ဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်စွာစွမ်းရည်များ နှင့် သိုင်းစွမ်းရည်များတွင် အိမ်ရှေ့စံမင်းသားက ပိုမို၍သာလွန်လေသည်။
သူတို့တွေဟာ မိုးဖွားဖွားလေးထဲတွင် လမ်းလျောက်ရင်းစကားပြောဆိုနေကြသည်။
မင်းသားအန်က အဖေဖြစ်သူအား မကျေနပ်သောကြောင့် ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ အဖေပြောတာမှားတယ်။ အိမ်ရှေ့စံမင်းသားက လူငယ်မျိုးဆက်ရဲ့ နံပါတ် ၁ မဟုတ်ပါဘူး”
“လူငယ်မျိုးဆက်ရဲ့နံပါတ် ၁ က ထျန်ကလန်က အရိပ်နတ်ဆိုးပဲ”
“လွန်ခဲ့တဲ့ ၂ နှစ်ပြိုင်ပွဲတုန်းက သူအသက် ၁၃ ဆိုတော့ အခုမှ အသက် ၁၅ ၁၆ လောက်ပဲရှိဦးမာ” မင်းသားအန်က ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း အဖေဖြစ်သူ၏ စူးရှသောအကြည့်ကြောင့် ပါးစပ်ပိတ်ထားလိုက်သည်။
အိမ်ရှေ့စံမင်းသားက မျက်နှာတစ်ချက်ပျက်သွားသော်လည်း ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားသည်။
သူက မိုးရေထဲသို့တစ်လှမ်းချင်းလျောက်သွားလိုက်ကာ ဝိညာဉ်စွမ်းအင်ကိုဖယ်ရှားလိုက်ပြီး မိုးရေဖြင့်တိုက်ရိုက်ထိတွေ့လိုက်သည်။
“ဟုတ်တယ် အဲတုန်းက သူရဲ့အသက် ၁၃ ပဲရှိသေးတယ်။ ကျွန်တော်က အသက် ၁၇ ပေါ့။”
“ကျွန်တော်က အဆင့် ၄ ဝိညာဉ်သခင်မှာ ပိတ်မိနေတာ
အတော်လေးကြာနေပြီ။ သူကတော့ အဆင့် ၃ သိုင်းပညာရှင်အဆင့်ပဲရှိသေးတယ်”
“သူ့ကို ဘယ်လိုပဲတိုက်ခိုက်နေပါစေ သူက မသေနိုင်တဲ့ ဖုတ်ကောင်ကြီးတစ်ကောင်လိုပဲ ပြန်ပြန်ထလာတယ်။”
“အစတုန်းကတော့ ကျွန်တော်သူ့ကိုအပြတ်အသတ်နိုင်နေတယ်ဆိုပေမဲ့ နှောင်ပိုင်းရောက်လေ သူကပိုပြီးသန်မာလေပဲ”
“နောက်ဆုံးအပြောင်းလဲကတော့ အနီရောင်လျပ်စီးပဲ” အိမ်ရှေ့စံမင်းသားက “အနီရောင်လျပ်စီး” ဟူသော စကားစုကို ဖြေးညှင်းစွာပြောလိုက်၏။
“အနီရောင်လျပ်စီးလား” ဦးရီးအော်အန်က မှင်သက်သွားသည်။ “ဒါပေမဲ့ သူက အဆင့် ၃ သိုင်းပညာရှင်ဆို ဘယ်လိုလုပ်ပြီးတော့ လျပ်စီးစွမ်းအင်ကိုအသုံးပြုနိုင်မာလဲ” သူက မေးခွန်းထုတ်လိုက်မိ၏။
အိမ်ရှေ့စံမင်းသားက ဖြူလျော်နေသော မျက်နှာ၊ စိတ်ဒုက္ခရောက်နေသည့် အပြုံးဖြင့်ပြန်ပြောလိုက်သည်။
“အဲဒီတုန်းက လောကကြီးကအနီရောင်အဖြစ်သို့ ခနတာပြောင်းလဲသွားပြီး ပုံမှန်ပြန်ဖြစ်သွားတယ်။”
“ပြီးတော့ ကျွန်တော်သတိလစ်သွားတယ်လေ”
“ပြန်ပြီးတော့ သတိရလာတဲ့အချိန်တုန်းမာ ပြိုင်ပွဲစီစဥ်သူ ဒိုင်တွေက အရိပ်နတ်ဆိုးကိုဝိုင်းဖိနှိပ်ထားရပြီးတော့ ကျွန်တော်ရဲ့ရင်ဘတ်မှာတော့ သွေးတွေနဲ့အပေါက်ကြီးပေါ့”
အိမ်ရှေ့စံမင်းသားက သူ၏ပိုးသားဖြင့်ပြုလုပ်ထားသော အပေါ်ထပ်အင်္ကျီအားချွတ်လိုက်ကာ အတွင်းခံအဝတ်အားဆွဲဖြဲလိုက်၏။
ချက်ချင်းပဲ အားကောင်းသန်မာသော ခန္ဓာကိုယ်နှင့်အတူ ရင်ဘတ်တွင် လျပ်စီးလိုလိုမီးကျွမ်းထားသလိုသလို အမာရွတ်ကြီးရှိနေသည်။
“ကျွန်တော်ဒီအမာရွတ်ကို မဖျက်ပြစ်ပဲနဲ့ ဒီအတိုင်းပဲထားခဲ့တယ်။”
“ဒီအမာရွတ်ကိုမြင်လိုက်တိုင်းမှာ သူကိုပြန်အမှတ်ရပြီးတော့ သူ့ကိုပြန်အနိုင်ရရှိအောင်အတွက်ပေါ့” အိမ်ရှေ့စံမင်းသားက ထက်ရှသော မျက်လုံးတို့ဖြင့် ကောင်းကင်ယံအားစိုက်ကြည့်ကာ မာန်ပါပါဖြင့် ဩဇာအာဏာအပြည့်ဖြင့် ပြောလိုက်သည်။
သူ၏အရှိန်အဝါဟာ အားကောင်းလှပြီး အားလုံးက အရှင်မင်းမြတ်ကိုယ်တိုင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ချောမောခန့်ညားသော မျက်နှာဟာလည်း တည်တံနေပြီး အပြုံးအရိပ်အယောင် မရှိချေ။
သူက ဦးရီးတော်အန်အား ကြည့်လိုက်သည်။ “ဦးရီးတော်ရဲ့ မေးခွန်းရဲ့အဖြေကတော့ ရိုးရှင်းပါတယ်”
အိမ်ရှေ့စံမင်းသားက သူ၏ရင်ဘတ်ရှိအမာရွတ်အား ပွတ်သပ်လိုက်ရင်း ပြောလိုက်၏။ “သူမာ ထူးခြားတဲ့ခန္ဓာကိုယ်တစ်ခုရှိတယ်”
အိမ်ရှေ့စံကပြောလိုက်ရင်း လွန်ခဲ့သည့် ၂ နှစ်က ထျန်ရှင်းလု၏ အတိတ်ကိုပြန်လည်မြင်ယောင်လာသည်။
ထိုအခါတုန်းက ထျန်ရှင်းလုဟာ ငရဲမှ နတ်ဆိုးတစ်ပါး ကမ္ဘာမြေသို့ ရောက်ရှိလာသကဲ့သို့ပင်။
ထျန်ရှင်းလုသည် အသက် ၁၃ နှစ် အရွယ်နှင့် မလိုက်အောင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
သူ၏ အကြည့်တို့သည် အသက်မဲ့နေသော လေဟာနယ်ပမာ နက်ရှိုင်းလှပြီး သူ၏မျက်ဝန်းတို့သည် သွေးဆာနေသော မကောင်းဆိုးဝါးတစ်ပါးကဲ့သို့ဖြစ်နေသည်။
မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ပုံပေါ်နေသည့် မည်းနက်သော အစက်အပြောက်များနှင့် သွေးကြောများသည် ငရဲ၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေသည်။
သူ၏ ခပ်ပါးပါးအပြုံးက သားကောင်ကိုတွေ့မှ ပြုံးတတ်သည့် မုဆိုးတစ်ဦး၏ အပြုံးနှင့်ပင် ဆင်တူနေချေသည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၈၁) ပြီး