ငါ့ကို တမလွန်လောကကို သွားတဲ့လမ်းမှာ စောင့်နေပါ
Vol. 1 Ch. 118
"အတွင်းအားပေါက်ကွဲ လက်ဝါး"
ကံတရား၏ ဓားစိမ်းအား ပစ်လွှတ်ထားပြီး ဖြစ်သလို နတ်ဘုရား သတ်ဖြတ်ခြင်း လေးအားလည်း တင်နေရန် အချိန် မရှိတော့ပေ။ ကျန်းရီသည် ရွေးချယ်စရာ မရှိဘဲ အတွင်းအား ပေါက်ကွဲလက်ဝါးကို သုံးလိုက်ရသည်။
"ဗုန်း"
ချောက်ချားဖွယ် ပေါက်ကွဲသံကြီးသည် အတွင်းအား ပေါက်ကွဲလက်ဝါးနှင့် တစ်ဖက်သွား ဓားရှည်ကြီးတို့ ရိုက်ခတ်သွားရာမှ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် နှစ်ယောက်လုံးသည် ဆန့်ကျင်ဘက် အသီးသီးသို့ လွင့်ထွက် သွားကြသည်။ ကျန်းရီ၏ ကိုယ်သည် ထိခိုက်ဒဏ်ရာများ ရသွားကာ သွေးများ လွှမ်းနေတော့သည်။
"သေစမ်း"
စစ်ဗိုလ်ချုပ်၏ အဝတ်အစား များသည် စုတ်ပြဲသွားသော်လည်း သူသည် ဒဏ်ရာပြင်းပြင်း ရမသွားခဲ့ပေ။ သူသည် မြေပေါ်ကျသွားသော ဓားကိုပြန်ကောက်ကာ ခုန်ထ၍ ကျန်းရီဆီ နောက်တစ်ကြိမ် ပြေးဝင်သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းရီသည် ဒဏ်ရာများ ရနေရာ သတ်ဖြတ်ခြင်း အရှိန်အဝါသည် အတော်လေး အားပျော့သွားခဲ့ပြီ ဖြစ်သည်။ အနီးရှိ စစ်သည်တို့သည် ပခုံးပေါ်ရှိ ဖိအားများ အနည်းငယ် လျော့သွားသည်ကို သိလိုက်သောအခါ ကျန်းရီထံ ဒေါသတကြီး ပြေးလာကြလေသည်။ သူတို့၏ မျက်လုံးများသည် ဒေါသများ၊ သတ်ဖြတ်ခြင်း အရှိန်အဝါများ လျှံကျနေသည်။
"ငါသေရမယ် ဆိုရင်တောင် ... မင်းတို့ရဲ့ ဓားအောက်မှာ မသေနိုင်ဘူး"
ကျန်းရီသည် သွေးစွန်းနေသော အပြုံးတစ်ခုကို ဖန်တီးရင်း မြေပြင်ပေါ်သို့ လက်ထောက်၍ ထလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် လဲကျနေသော စုလောရွှယ်အား နင့်နင့်နဲနဲ စိုက်ကြည့်ရင်း ထောင်ချောက် တစ်ခုတွင်းသို့ ခုန်ချလိုက်သည်။
သူခုန်ချလိုက်သော နေရာသည် ထောင်ချောက်ဖြစ်မှန်း အနောက်ဘက် မြို့စောင့်တပ်မှ စစ်သည်များကလည်း သိထားလေသည်။ ကျန်းရီ ပြေးသွားသည်ကို မြင်ကြလျှင် သူတို့သည် ရွေ့လျားခြင်း အလျဉ်းမရှိဘဲ ကျန်းရီသေလမ်းသို့ သွားသည်ကိုသာ ပြုံးပြုံးကြီး ကြည့်နေကြသည်။
စုလောရွှယ်သည် တစ်ခုခုကို အာရုံခံ မိသွားသည်ထင် ... အားယူ၍ ခေါင်းထောင် ကြည့်လာသည်။ ကျန်းရီသည် ဆုံးဖြတ်ပြီးသည့် ဟန်နှင့် ထောင်ချောက် အတွင်းသို့ ပြေးဝင်သွားသည်အား မြင်လိုက် ရသောအခါ သူမသည် မကြည့်ရက် တော့၍ မျက်လုံးအား မှိတ်ချလိုက်သည်။
ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းတွင် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်သည့် အစီအရင်နှင့် ထောင်ချောက်ဟူ၍ နှစ်မျိုးသာ ရှိသည်။ တစ်ခုသည် တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးနိုင်ပြီး တစ်ခုသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ လူများပင် အမှုန့် ဖြစ်သွားနိုင်သည့် ထောင်ချောက်ပင် ဖြစ်ချေသည်။
ကျန်းရီသည် ထောင်ချောက်ထဲသို့ ဝင်ရောက်သွားသည်နှင့် ထောင်ချောက်သည် အလင်းတစ်ချက် လက်သွားပြီး ကြောက်စရာ ကောင်းသည့် တည်ရှိမှု တစ်မျိုးက ပျံ့နှံ့လာသည်။ ထောင်ချောက် အသက်ဝင် လာသည်နှင့် အလွန်ပြင်းသော အားတစ်ခုသည် ကျန်းရီကို ချက်ချင်း အမှုန့် ဖြစ်သွားစေလိမ့်မည် ဖြစ်သည်။
"ဝီ"
ထိုအချိန်တွင် မယုံနိုင်စရာ ကောင်းသော အရာတစ်ခုသည် ဖြစ်ပွားခဲ့ပေသည်။
ကျန်ရှိနေသော အနက်ရောင် အတွင်းအား နှစ်မျှင်သည် ဒန်တျန်းထဲမှ တိုးထွက်လာခဲ့ပြီး ကျန်းရီ၏ ကိုယ်ကို ရစ်ပတ် လိုက်လေသည်။ အနက်ရောင် အတွင်းအား ထွက်ပေါ်လာသော ခဏတွင် ထောင်ချောက်သည် မျက်စိကျိန်း မတတ်သော အလင်းများ တောက်ပလာပြီး ကျန်းရီသည် ထောင်ချောက်အတွင်း ပျောက်ကွယ် သွားလေသည်။
"အာ"
အဖြူရောင် အလင်းသည် တောက်ပလွန်းသောကြောင့် လူတိုင်းသည် မျက်လုံးများကို မှိတ်လိုက်ကြရသည်။ သူတို့မျက်လုံးများ ပြန်ဖွင့်သော အချိန်တွင် ရှေ့၌ ဘာမှ ရှိမနေတော့ပေ။ ကူရှန်းဟယ်နှင့် ကျန်ရှိနေသော အဆင့် အမြင့်ဆုံး စစ်ဗိုလ်ချုပ်သည် တစ်ယောက်နှင့် တစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ ဤတစ်ခုသည် ထောင်ချောက် အစစ်ပေ။ သို့သော် အဘယ့်ကြောင့် သူတို့သည် ကျန်းရီအမှုန့် ဖြစ်မသွားဟု ခံစား နေရပါသနည်း ... ထိုအစား သူသည် အခြား တစ်နေရာသို့ ရွှေ့ပြောင်း အပို့ခံလိုက် ရသလိုပင် ...
"အိုး ... ဟုတ်သား"
ကူရှန်းဟယ်သည် တစ်ခုခုကို တွေးမိသွားပြီး အမိန့်ပေးလိုက်သည်။
"ဝိညာဉ် ပိုးကောင်ကို ယူလာခဲ့ချေ ..."
စစ်ဗိုလ်ချုပ် သည်လည်း သဘောပေါက် လိုက်သည်။ ကျန်းရီ၏ ကိုယ်တွင် ရေမွှေးနံ့ ရှိပေသည်။ သူသည် ဂူသင်္ချိုင်း အတွင်း တစ်နေရာရာတွင် အသက်ရှင် နေသရွေ့ ဝိညာဉ် ပိုးကောင်သည် သူ့ကိုယ်ပေါ်ရှိ ရေမွှေးနံ့အား အနံ့ခံ၍ လိုက်နိုင်နေမည်သာ ဖြစ်သည်။
စစ်သား တစ်ယောက်သည် ကျောက်စိမ်း သေတ္တာလေး တစ်ခုကို အမြန်ထုတ်ယူ လိုက်သည်။ သေတ္တာပွင့် သွားသည်နှင့် ပိုးကောင်ငယ်လေး အမြောက်အမြားသည် အနည်းငယ် လှည့်ပတ် ပျံသန်းပြီးနောက် သေတ္တာငယ်လေး အတွင်း ပြန်ဝင် သွားကြလေသည်။
"ဟူး ..."
ကူရှန်းဟယ်နှင့် အသက်ရှင် ကျန်ရစ်သော စစ်ဗိုလ်ချုပ်သည် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ သူတို့လူ အမြောက်အမြား သေဆုံးသွားပြီး စစ်ဗိုလ်ချုပ် သုံးယောက်ပါ ဆုံးရှုံးလိုက်ရသည်။ သူတို့သာ ကျန်းရီကို မသတ်နိုင်လျှင် ကျန်းရိလျှိုကို မည်သို့ ရှင်းပြ ရမည်နည်း။
စုလောရွှယ်သည် ခေါင်းယမ်း လိုက်မိသည်။ သူမ၏ နှလုံးသား တစ်နေရာမှ ကျန်းရီ မသေသေးဟု ခံစားနေရသည်။ သို့သော် ဝိညာဉ်ပိုးကောင် များပါ ခြေရာ မခံနိုင်မှတော့ ကျန်းရီသည် အမှန် သေဆုံးသွားခဲ့သည် ဖြစ်ပေမည်။ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တောင် အသက်မရှင် နိုင်သော ထောင်ချောက်အတွင်း ကျန်းရီမည်သို့ အသက်ရှင် နိုင်မည်နည်း။
"သေလိုက်ပါ ... ကျန်းရီ ... ငါ့ကို တမလွန် လောကကို သွားတဲ့လမ်းမှာ စောင့်နေပါ ..."
စုလောရွှယ်သည် စကားတစ်ခွန်းကို ရေရွတ်လိုက်ပြီး လျှာကိုကိုက်၍ သတ်သေရန် ပါးစပ်ဟ လိုက်သည်။ သူမသည် စောစောက ကူရှန်းဟယ် ပြောသမျှကို ကြားလိုက် ပေသည်။ ကျန်းရိလျှိုသည် သူမကို သေရန် တောင်းဆိုလာသည် အထိ ညှဉ်းပန်းနှိပ်စက် ပေလိမ့်မည်။ သူမသည် သူမ၏ သန့်စင်သော ခန္ဓာကိုယ်အား မည်သည့် အညစ်အကြေးမှ စွန်းထင်း မသွားစေချင်ပေ။
"ဘန်း"
သို့သော် သူမပါးစပ် ဟလိုက်သော ခဏတွင် ပုံရိပ် တစ်ခုသည် အလွန် လျင်မြန်စွာ ပျံသန်းလာခဲ့ပြီး သူမ၏ နူးညံ့သော မျက်နှာလေးအား ရိုက်ချ လိုက်လေသည်။ သူမသည် မြေပြင်ပေါ်တွင် အပတ်ပေါင်းများစွာ လိမ့်သွား၍ မေ့မြော သွားခဲ့လေသည်။
"ဟီးဟီး ... သေချင် နေပြီတဲ့လား"
ကူရှန်းဟယ်သည် လျှောက်လာခဲ့ပြီး စုလောရွှယ်၏ လှပသော ကိုယ်ခန္ဓာနှင့် မျက်နှာလေးအား ငုံ့ကြည့်လိုက်သည်။ သူသည် အလှတွင် တစ်ခဏ နစ်မျောသွားပြီး သူ့စိတ်သူ ပြန်ထိန်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"မိန်းမပျက်မ ... မစိုးရိမ်ပါနဲ့ ... အရှင့်သားက မင်းကို တန်းပြီး မသေခိုင်းသေးပါဘူး ... ဟီးဟီး ... အရှင့်သား မင်းကို ကစားပြီးသွားရင်တော့ ငါ့ကို ပေးလိမ့်မယ် ... အဲကျမှ ရှင်ရက်နဲ့သေဖို့ မျှော်လင့်နေရတဲ့ ဘဝကို မင်းသိသွား စေရမယ်"
"ဒီမိန်းမပျက်ကို ကြိုးချည်ထားလိုက် ... ပြီးရင် ဒဏ်ရာတွေ ပျောက်သွားအောင် ဆေးနည်းနည်းနဲ့ အတွင်းအား ဖိနှိပ်ဆေး တိုက်ထားလိုက်"
ကူရှန်းဟယ်သည် နောက်လိုက်တစ်ယောက်ကို အမိန့်ပေး ပြီးသည်နှင့် စစ်ဗိုလ်ချုပ်ဘက် လှည့်ကာ စကားပြောလိုက်သည်။
"ဗိုလ်ချုပ်လျှို ... ခင်ဗျားရဲ့ လူတွေကို ဒီနေရာကို ရှင်းလင်းပြီး စခန်းချဖို့ ပြင်ခိုင်းလိုက်ပါ ... အရှင့်သား ကိုလည်း အချက်ပြလိုက်တော့"
သွေးနီစစ်သားများသည် အလုပ်ရှုပ်နေကြသည်။ သူတို့သည် ရဲဘော်ရဲဘက် များ၏ အလောင်းများကို စုဆောင်းကာ မီးသင်္ဂြိုဟ် ကြသည်။ ထို့နောက် စခန်းချရန် ပြင်ဆင် နေကြလေသည်။ ဗိုလ်ချုပ်လျှိုသည် စုလောရွှယ်အား သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ့လူ အမြောက်အမြားကို ကျန်းရီနှင့် စုလောရွှယ်တို့က သတ်လိုက်ကြသည်။ သူ့အနေနှင့် ကျန်းကျွင်းအား မည်သို့ ရှင်းပြ ရမည်နည်း ... လော့ကဲအရှင်သာ ဤအကြောင်းအား သိရှိ သွားပါလျှင် သူသည် ပြင်းပြင်းထန်ထန် အပြစ်ပေးခံ ရတော့ပေမည်။
***
ဂူသင်္ချိုင်း၏ အခြားတစ်ဖက်တွင် တူညီ ဝတ်စုံဝတ် စစ်သားများသည် လျင်မြန်စွာ ချီတက်နေကြသည်။ ထို့အဖွဲ့ လူသုံးရာ၊ လေးရာ ခန့်ရှိကြောင်း ကြည့်ရုံနှင့် သိနိုင်ပေသည်။ ရတနာ ရှာဖွေကြသူများနှင့် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ကျောင်းသားများသည် စစ်တပ်တစ်ခုကို မြင်လိုက်သည်နှင့် ဝေးဝေးမှ ရှောင်ကာ သွားကြလေသည်။
ထိုအုပ်စုရှိ လူများသည် အပြုံးကိုယ်စီ ရှိနေကြပြီး အုပ်စု၏ အလယ်တွင် တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်နှစ်ယောက် ရှိနေကြလေသည်။ ထိုလူငယ် နှစ်ယောက်သည်ကား မည်သည့် ခံစားချက်မှ မျက်နှာတွင် ပေါ်မနေသော်လည်း ရံဖန်ရံခါတွင် စိတ်လှုပ်ရှား နေသည့်ဟန်ကို တွေ့နိုင်ပေသည်။
"ရွှီ ... ရွှီ"
မကြာခင်တွင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံတွင် သိမ်းငှက်နက် တစ်ကောင် ပျံသန်းလာပေသည်။ ၎င်း၏ အမြန်နှုန်းသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်နှင့် နှိုင်းယှဉ်၍ ရပေသည်။
"အရှင့်သား ... ကိစ္စတစ်ခု ရှိပါတယ်"
အမှုထမ်း တစ်ယောက်သည် အသာအယာ ပြောလိုက်သည်။ သိမ်းငှက်နက်သည် ဖြည်းဖြည်းချင်း အရှိန်ကို လျှော့ကာ ထိုအမှုထမ်း၏ ပခုံးထက် ဆင်းသက်လာလေသည်။
သူသည် သိမ်းငှက်၏ ခြေထောက်မှ စာအား အလျင်အမြန် ဖြုတ်ယူကာ ဖွင့်ဖတ်လိုက်သည်။ ထို့နောက် သူသည် ဝတ်စုံအဖြူနှင့် လူငယ်ထံ ပြေးသွားကာ နားနားကပ်၍ ပြောလိုက်သည်။
"အရှင့်သား ... ကူရှန်းဟယ်ဆီက စာပါ ... ကျန်းရီအသတ် ခံလိုက်ရပြီး စုလောရွှယ် ကိုတော့ အရှင်ဖမ်းလိုက် နိုင်ပါတယ် ... ဒါပေမဲ့ လူတော်တော် များများနဲ့ ဗိုလ်ချုပ်သုံးယောက် သေဆုံးသွားပါတယ် ..."
"ငါသိပြီ"
ကျန်းရိလျှိုသည် စိတ်ချမ်းသာ သွားခဲ့သည်။ သူသည် ကျန်းစွန်းဝူကျိကို ကြည့်လိုက်သည်။ သူတို့၏ ဝန်ထုပ်ဝန်ပိုးကြီးသည် လျော့ကျသွားပြီ ထင်သည်။ ကျန်းရီ သေသွားခဲ့ပြီ ဖြစ်သည်။ လော့ကဲအရှင် ဤအကြောင်းကို သိသွားလျှင်တောင် ကိစ္စ မရှိတော့ပေ။ သူရဲ့ တစ်ဦးတည်းသော သား ကျန်းရိလျှိုကို သူ သတ်မှာတဲ့လား"
"ကူရှန်းဟယ်ကို နေရာမှာပဲ စောင့်နေဖို့ ပြောလိုက် ... စုလောရွှယ် လုံခြုံဘေးကင်းအောင် သူကာကွယ်ရမယ် ... သူမကို ဘာမှ မဖြစ်စေနဲ့ ... ငါ့ကိစ္စတွေ ပြီးတဲ့အထိပဲ စောင့်နေ ... ငါသူမကို အားရအောင် ကစားပြီး သတ်ပစ်မယ်"
ကျန်းရိလျှိုသည် အသံကို နှိမ့်ကာ အမိန့် ပေးလိုက်သည်။ ထို့နောက် သူသည် အဖွဲ့၏ နောက်ဘက်သို့ လှည့်ကာ အဝါရောင် ဝတ်ဆင်ထားသော မိန်းမလှလေးထံ လျှောက်သွားလိုက်သည်။ သူသည် တစ်ချက်ပြုံးလိုက်ကာ ပြောလိုက်သည်။
"ဒီကိစ္စက မိန်းကလေး ထင်ယွီကြောင့်သာ အောင်မြင်သွားတာပါ ... ကျွန်တော်တို့ ရတနာတွေ ရှာပြီး သွားတဲ့အခါ အခွင့်အရေးရှိရင် ရိလျှိုက မိန်းကလေးကို ဧည့်သည်အနေနဲ့ ကျန်းရိမြို့ကို ဖိတ်ခေါ်ချင်ပါတယ်"
"အရှင့်သားက ယဉ်ကျေးလွန်း နေပါပြီ ... အရှင့်သားရဲ့ စိုးရိမ်သောက တွေကို ဝေမျှ ခံစားပေးရတာ ထင်ယွီအတွက် ဂုဏ်သရေပါပဲ"
ကျီထင်ယွီသည် ဘာမှ မဖြစ်ခဲ့သည့် အလား တည်ငြိမ်စွာ ပြုံးလိုက်သည်။
ကျန်းရိလျှို ထွက်သွား ပြီးသည့်နောက် သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းမှု တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့သည်။ သူမသည် ကောင်းကင်ကို မော့ကြည့်ကာ သူမသာ ကြားနိုင်လောက်သည့် လေသံနှင့် စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။
"ကျန်းရီ ... ကျွန်မ တောင်းပန်ပါတယ် ... ကျွန်မက အားလုံးရဲ့ အထက် မှာရှိတဲ့ ဘုရင်မ တစ်ပါး ဖြစ်ချင်တာ ... ကျန်းရိလျှိုက ကျွန်မရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်မယ့် တစ်ဦးတည်းသော သူပဲ ... ဒါပေမဲ့ ရှင်က ခေါင်းမာလွန်းလို့ ကျွန်မရှင့်ကို သေခိုင်းလိုက်ရတာပါ ... ငြိမ်းငြိမ်းချမ်းချမ်း သွားပါ ... နောက်နှစ် ဒီလိုနေ့မှာ ကျွန်မ ရှင့်အတွက် စက္ကူတွေ အများကြီး မီးရှို့ပေးပါ့မယ် ..."
***