နှစ်ဖက်စံနှုန်း
Vol. 18 Ch. 250
ထိုစကားတွေထွက်ပေါ်လာသည်နှင့်....
ပတ်ဝန်းကျင်က အံ့သြစရာကောင်းလောက်အောင်တိတ်ဆိတ်သွား၏။
အဘယ်ကြောင့်ဆိုသော်, ဂုချိုင်းယီနှင့် ယွမ်ကျီယုပဲဖြစ်ဖြစ် ခန်းမအပြင်ဘက်ရှိချင်ချိုင်ယီတို့ပဲဖြစ်ဖြစ်...
သူတို့အားလုံး ဂျန်ဖန်းအစစ်အမှန်ခွန်အားကို သိထားကြ၏။
ကြာပန်းနက်က ဂျန်ဖန်းလက်ထဲမှာ သေသွားခဲ့ရသည်။
ဤပါရမီရှင်လို့ခေါ်သည့် ကောင်းကင်သံစဥ်ဂိုဏ်းတပည့် ဘယ်လောက်ပဲသန်မာပါစေ ကြာပန်းနက်ထက်တော့ မသန်မာနိုင်ပေ။
သို့ပေမယ့် မင်ရိုလန် ထိုအရာကို ဟာသတစ်ခုလို့ထင်လိုက်၏။
"ဟ...ဟ..., ကောင်လေး, နင်တို့တိမ်စိမ်းဂိုဏ်းက ကြွားနည်းတွေပါ သင်ပေးလိုက်တာလား...."
"နင်သာ တိမ်စိမ်းဂိုဏ်းတပည့်ကြီးဆိုရင် ငါ နင့်စကားတွေကို နည်းနည်းယုံကြည်ပေးလို့ရတယ်...."
"ဒါပေမယ့် နင်က ဘယ်သူမိုလို့လဲ..."
"ငါတို့ဂိုဏ်းတပည့်ကြီးနဲ့ ယှဥ်ပြိုင်ဖို့တောင် အရည်အချင်းရှိလို့လား...."
"နင် သူ့အောင်မြင်မှု ၁၀ ပုံ ၁ ပုံတောင် လိုက်မှီမှာမဟုတ်ဘူး...."
ဖုချောင်ဟွမ်မျက်နှာ တင်းမာသွား၏။
နောက်ခံလူရှိနေ၍ သူက ပိုရဲတင်းစွာပြောလိုက်သည်။
"မင်းဘယ်လောက်သန်မာလဲတော့ ငါမသိဘူး...."
"ဒါပေမယ့် လူတွေကိုစော်ကားတဲ့နေရာမှာတော့ ငါ,ဖုချောင်ဟွမ် မင်းထက်အတော်လေးနိမ့်ကျတယ်...."
ဂျန်ဖန်း လက်နှောက်ပစ်ပြီး ရပ်နေခဲ့သည်။
သူ့အမူအရာက တည်ငြိမ်နေပြီး လောကကြီးနှင့်မသက်ဆိုင်သလိုပင်။
"ငါတို့စမ်းမကြည့်ရင် ငါမင်းကိုစော်ကားနေတာ ဟုတ်မဟုတ် ဘယ်လိုလုပ်သိရမှာလဲ...."
ဟမ်?....
ဖုချောင်ဟွမ်အကြည့်တွေ ထက်ရှလာ၏။
သူက ပြောလိုက်သည်။
"အရမ်းကောင်းတယ်, မင်းနဲ့ငြင်းခုန်နေတာက အဓိပ္ပာယ်မရှိဘူးပဲ..."
"မင်းကို ငါ့စွမ်းအားပြပေးမယ်။ ဒါမှ မင်းပါးစပ်ပိတ်သွားမှာ...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
"အတူတူပါပဲ..."
"ငါလည်း မင်းတို့ဆူညံနေတဲ့ပါးစပ်ပေါက်တွေ ပိတ်သွားဖို့မျှော်လင့်တယ်။ အထူးသဖြင့် အကြီးအကဲမင်ပဲ...."
မင်ရိုလန် နှာမှုတ်လိုက်၏။
သူမက ဂျန်ဖန်းကိုတောင်မကြည့်ပဲ ဖုချောင်ဟွမ်ကိုပြောလိုက်သည်။
"တစ်ယောက်ယောက်က သူတို့ကိုယ်သူတို့အထင်ကြီးပြီး လာစိန်ခေါ်နေမှတော့..."
"မင်းခွန်အားကုန်သုံးပြီးရိုက်သင့်တယ်။ ဘာမှစိုးရိမ်နေဖို့မလိုဘူး..."
"တစ်ခုခုဖြစ်လာခဲ့ရင်, ငါအကုန်တာဝန်ယူတယ်...."
တစ်နည်းပြောရလျှင် ဂျန်ဖန်းကို အပြင်းအထန်သင်ခန်းစာပေးခိုင်းနေတာဖြစ်သည်။
မည်သည့်သနားညာတာမှုမှ မပြခိုင်းပေ။
ဂုန်ချိုင်းယီ မျက်စောင်းထိုးကြည့်လိုက်သည်။
"ငါ့ဂိုဏ်းနယ်မြေမှာတိုက်ခိုက်မယ်ဆိုရင် ငါ့ဂိုဏ်းရဲ့ သဘောထားကို မေးသင့်တယ်မဟုတ်လား...."
မင်းရိုလန်က သူမတည်ရှိမှုကို လျစ်လျူရှူနေသည်ဟု သူမပိုပြီးခံစားလာရ၏။
မည်သည့်ဂိုဏ်းတပည့်က ပြင်ပဂိုဏ်းချုပ်တစ်ယောက်၏ ခန်းမထဲမှာတိုက်ခိုက်ရဲသနည်း။
ကောင်းကင်သံစဥ်ဂိုဏ်းသာလျှင် ထိုကဲ့သို့ ကိစ္စမျိုးလုပ်ရဲ၏။
မင်ရိုလန် အေးအေးဆေးပဲ လေးစားစွာပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့..."
"ငါတို့က လှုပ်ရှားမှုအနည်းငယ်ဖလှယ်ရုံပါ။ ဒါက ခဏပဲကြာပြီး ဘာကိုမှ သက်ရောက်စေမှာမဟုတ်ပါဘူး...."
"ပြီးကျရင်, ချောင်ဟွမ်က မင်းအတွက် ဆန်းကြယ်သားရဲနည်းလမ်း နားလည်အောင် ပိုအာရုံစိုက်ကူညီပေးပါလိမ့်မယ်...."
နောက်ဆုံးစကားကြားသည့်အခါ အရူးတစ်ယောက်တောင် နားလည်၏။
ထိုအရာက မင်ရိုလန် အကြောက်အလန့်ကင်းနေရသည့်အရာမှန်း သိသာလှ၏။
ထိုဆရာတပည့်နှစ်ယောက်ကိုကြည့်ပြီး ဂုန်ချိုင်းယီ စိတ်ထဲမှာ အေးစက်စွာပြုံးလိုက်၏။
သူတို့က ခုမှအစပိုင်းကိုနားလည်ရုံရှိသေး ဆန်းကြယ်သားရဲနည်းပညာသုံးပြီး သူမကို ခြိမ်းခြောက်နေပြီဖြစ်သည်။
ကံကောင်းစွာဖြင့် ဂျန်ဖန်း သူမကို အကုန်နားလည်အောင် ကူညီပေးထားခဲ့၏။
မဟုတ်လျှင် သူမ တကယ် သူတို့ကိုခယတောင်းပန်နေရမည်ပင်။
အမူအရာပြောင်းလဲခြင်းမရှိပဲ လက်ဖက်ရည်တစ်ငုံသောက်ကာ သာမန်အတိုင်းပြောလိုက်သည်။
"ငါ့စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ တိုက်ခိုက်မယ်ဆိုရင်, နင်တို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်...."
"ဖုချောင်ဟွမ်, နင့်ဘယ်ခြေထောက်လှုပ်ရင်, ငါ့ဂိုဏ်းက နင့်ဘယ်ခြေထောက်ကိုဖြတ်မယ်..."
"ညာလက်လှုပ်ရင်, ညာလက်ဖြတ်မယ်..."
"ငါ့ကိုမယုံရင်, နင်စမ်းကြည့်နိုင်တယ်...."
"အကြီးအကဲမင် နင့်ကိုကာကွယ်နိုင်မလားကြည့်ကြတာပေါ့...."
သူမ၏ ပေါ်တင်စကားတွေက ပြင်းထန်သည့်စွမ်အားတွေ သယ်ဆောင်ထားပြီး ပြောသည့်အတိုင်းလုပ်မည်ဟု လူတွေကိုယုံကြည်သွားစေ၏။
တိုက်ခိုက်ဖို့အသင့်ဖြစ်နေသည့် ဖုချောင်ဟွမ်ခန္ဓာကိုယ် ရုတ်ချည်းအေးခဲသွား၏။
သူက မင်းရိုလန်ကို စိုးရိမ်သည့်အမူအရာဖြင့်ကြည့်လိုက်သည်။
မင်ရိုလန် ရက်စက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်ဂုန်..."
ဂုန်ချိုင်းယီ သူမလက်ထဲရှိဝါးစာလိပ်ကိုဆော့ကစားနေပြီး တည်ငြိမ်စွာဖြတ်ပြောလိုက်သည်။
"နင်တို့ကောင်းကင်သံစဥ်ဂိုဏ်း 'ဆန်းကြယ်သားရဲနည်းပညာ'အတွက် ဘာမှစိတ်ပူစရာမလိုဘူး..."
ခြိမ်းခြောက်တော့မည့် မင်ရိုလန် ပဟေဠိဖြစ်သွား၏။
ဂုန်ချိုင်းယီက "ဆန်းကြယ်သားရဲနည်းပညာ" နားလည်ဆင်ခြင်ဖို့ လူမလိုတော့ဘူးလား....
သားရဲလှိုင်းချည်းကပ်လာသည်နှင့် မြေကမ္ဘာအဆင့်နည်းစနစ်က စိတ်ဝိညာဥ်သားရဲဂိုဏ်းကို အများကြီး အထောက်အကူပြုမည်ဖြစ်သည်။
"ဂိုဏ်းချုပ်ဂုန်, မင်းဟာသပြောနေတာပဲ။ ငါ့မှာ မင်းကို ခြိမ်းခြောက်ချင်တဲ့ရည်ရွယ်ချက်မရှိပါဘူး...."
ခုထိ သူမကို လှည့်စားဖို့ ကြိုးစားနေတုန်းလား?...
ဂုန်ချိုင်းယီ မင်ရိုလန်ကိုလှောင်ပြောင်သည့်အကြည့်ဖြင့်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ငါ ရှင်းရှင်းလင်းလင်းပြောပြီးပြီ...."
"ဆရာတပည့်နှစ်ယောက်လုံး, ငါမင်းတို့ကို ဧည့်သည်တွေအဖြစ်သတ်မှတ်ပြီး ပြန်လိုက်ပို့ခိုင်းလိုက်မယ်...."
"မဟုတ်လို့ ဒီနေရာမှာ တိုက်ခိုက်ရင် ငါပြောတဲ့အတိုင်းလုပ်မလုပ်ဆိုတာ ကြည့်ကြည့်လိုက်လေ...."
မင်ရိုလန် တွေဝေသွား၏။
လွန်ခဲ့သည့်သုံးရက်က ဂုန်ချိုင်းယီ သူမတို့ရောက်လာမှုကို အလွန်ကြိုဆိုခဲ့၏။
ထိုအရာက ဂုန်ချိုင်းယီ တကယ်ပဲ "ဆန်းကြယ်သားရဲနည်းပညာ" နားလည်ဖို့ လိုအပ်နေကြောင်း ညွှန်ပြနေ၏။
ယခုမှ ဘာကြောင့်လက်လျော့လိုက်ရသနည်း။
ဂုန်ချိုင်းယီ၏တည်ငြိမ်သော်လည်း ပြတ်သားသည့်လေသံကိုစဥ်းစားပြီး မင်ရိုလန် နားမလည်နိုင်ဖြစ်သွား၏။
သူမတွေဝေနေစဥ်...
ဂျန်ဖန်း အေးအေးဆေးဆေးပြောလိုက်သည်။
"မင်းတို့တွေမြန်မြန်ထွက်သွားဖို့ ငါအကြံပေးချင်တယ်..."
"မဟုတ်ရင်, နောက်ပိုင်းမှာ ပို့လို့တောင် မသက်မသာဖြစ်လာလိမ့်မယ်...."
အစစ်အမှန်စိန်ခေါ်မှု၌ ဖုချောင်ဟွမ်ရှုံးနိမ့်ခဲ့လျှင် သူရောမင်ရိုလန်ပါ ရူးသွားလောက်၏။
ဂျန်ဖန်းကြောင့် အတော်လေးမသက်မသာဖြစ်နေပြီးသားဖြစ်သည့် ဖုချောင်ဟွမ်...
ထိုအာကျယ်သည့်ကောင်ကို သင်ခန်းစွာပေးဖို့ ထိန်းမထားနိုင်တော့ပေ။
ဂုန်ချိုင်းယီ၏အေးစက်သည့်အကြည့်ကိုမြင်သည့်အခါ သူက အချိန်မှီနောက်ပြန်ထိန်းထားလိုက်၏။
သို့ပေမယ့် လက်လျော့ဖို့အတင်းအကျပ်ဖိအားပေးခံရတာက သူ့ကို မကျေနပ်ဖြစ်စေ၏။
ရုတ်တရက် အကြံတစ်ခုရသွားပြီး လှောင်ပြောင်လိုက်၏။
"မိန်းမတစ်ယောက်နောက်မှာပုန်းပြီး လေးကြီးနေတဲ့ကောင်..."
"ငါတို့တိုက်ခိုက်လို့မရဘူး။ ဒါပေမယ့် ငါ,ဖုချောင်ဟွမ်က ရွယ်တူတွေကို ကဏ္ဍတိုင်းမှာ ဖိနှိပ်လာခဲ့တာ..."
"ဂိုဏ်းချုပ်ဂုန်လည်းမကျေမနပ်မဖြစ်ရအောင်, ငါတို့ တိုက်ခိုက်တာအစား နားလည်နိုင်စွမ်း ပြိုင်လို့ရတယ်။ မင်းလုပ်ရဲလား...."
မင်ရိုလန် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
နားလည်နိုင်စွမ်းကလည်း ခွန်အား၏ တစ်စိတ်တစ်ပိုင်းပင်။
ထို့ပြင် ထိုအရာက ဖုချောင်ဟွမ်ဂုဏ်ယူရသည့်နယ်ပယ်ဖြစ်၏။
အနည်းငယ်လုပ်ပြလိုက်ရုံဖြင့် ဂျန်ဖန်းဘယ်လောက်မိုက်မဲလဲ ပြသေပေးနိုင်၏။
ထို့ပြင်, ဂုန်ချိုင်းယီလည်း 'ဆန်းကြယ်သားရဲနည်းပညာ' နားလည်ဆင်ခြင်ရာ၌ ဖုချောင်ဟွမ်ကို အကူအညီတောင်းဖို့ ပြန်စဥ်းစားလာနိုင်၏။
ထို့ကြောင့် သူမက ဂုန်ချိုင်းယီကို ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်, ငါတို့ဒါကိုလုပ်လို့ရတယ်မလား...."
ဂုန်ချိုင်းယီ အနည်းငယ်သက်ပြင်းချလိုက်၏။
သူမယှဥ်ပြိုင်မှုကို ရပ်တန်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဟာ ဂျန်ဖန်းကိုကာကွယ်ဖို့မဟုတ်ပေ။
ဖုချောင်ဟွမ်ကိုကာကွယ်ဖို့ပင်။
သူသာ စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ တစ်ခုခုဖြစ်သွားလျှင် စိတ်ဝိညာဥ်သားရဲဂိုဏ်း ပါဝင်ငြိစွန်းသွားမည်ပင်။
သို့ပေမယ့် ခုချိန်ထိ ဇွဲကောင်းနေကြပြီး ဂျန်ဖန်းနှင့် ယှဥ်ပြိုင်ဖို့ စိတ်အားထက်သန်နေကြသည်။
မေ့လိုက်တော့။ သူမထိုအရာကို နောက်ထပ်ဂရုမစိုက်ချင်တော့ပေ။
ထိုင်ခုံကိုမှီလိုက်ပြီး သူမနားသယ်ကိုသပ်ကာ ပြောလိုက်သည်။
"နင်တို့က အရှက်ကွဲချင်နေမှတော့..."
"ဒါဆိုလည်း ပြိုင်ကြပေါ့...."
"ဒါပေမယ့် ငါကြိုသတိပေးထားမယ်နော်။ နင်တို့ ရလဒ်ကိုလက်မခံရင် ငါ့စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ သေကြောင်းမကြံကြနဲ့...."
အခြားလူတွေသိချင်မှသိမည်ဖြစ်သည်။
သို့ပေမယ့် သူမက ဂျန်ဖန်းနားလည်နိုင်စွမ်းကို ကောင်းကောင်းနားလည်၏။
သူနှင့်နားလည်နိုင်စွမ်းယှဥ်ပြိုင်တာ သက်သက်မိုက်မဲတာဖြစ်သည်။
မင်ရိုလန် ဂုန်ချိုင်းယီကို သံသယရှိစွာဖြင့် ကြည့်လိုက်သည်။
ဤဂိုဏ်းချုပ်ဂုန် အပြင်းဖျားနေသည်လားဟု သူမတွေးလိုက်၏။
ဖုချောင်ဟွမ်၏ ထူးခြားသည့်နားလည်နိုင်စွမ်းက ဂိုဏ်း ၉ ဂိုဏ်းကြား နာမည်ကြီး၏။
သူနှင့်ပြိုင်သည့်လူတိုင်း သူတို့ကိုယ်တိုင်သာ အရှက်ကွဲသွားကြတာဖြစ်သည်။
သူမက စိတ်ချလက်ချနေရန်ပြောလိုက်သည်။
"ချောင်ဟွမ်, ဂိုဏ်းချုပ်ဂုန်က ဂျန်ဖန်းကို အားပေးနေတာပါ။ စိတ်ထဲထားမနေနဲ့...."
အစကတော့ ဖုချောင်ဟွမ်လည်း ထပ်တူခံစားရ၏။
ကိုယ့်ကိုယ်အရှက်ခွဲခြင်း?....
ပြောင်းပြန်ပြောနေတာပဲဖြစ်သည်။
မင်ရိုလန်စကားကိုနားထောင်ပြီးမှ ထိုအရာက စိတ်ပိုင်းဆိုင်ရာပရိယာယ်ဆိုတာ နားလည်လိုက်၏။
ရည်ရွယ်ချက်ရှိရှိ သူ့စိတ်ကိုနှောက်ယှက်ပြီး ဂျန်ဖန်းကို အခွင့်အရေးပေးနေတာဖြစ်သည်။
သနားစရာက နားလည်နိုင်စွမ်း၌ သူက ပြိုင်ဘက်ကင်း၏။
သူ အသာအယာလုပ်လျှင်တောင် ဂျန်ဖန်း လိုက်မှီမည်မဟုတ်ပေ။
ဂျန်ဖန်းကို အပြုံးတစ်ဝက်ဖြင့်ကြည့်လိုက်သည်။
"သိုင်းပညာမှာလည်း မပြိုင်ရဲဘူး။ အခု နားလည်နိုင်စွမ်းတောင် မပြိုင်ရဲဘူးလား..."
ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်သည်။
သိုင်းပညာ၌ သူက ဖုချောင်ဟွမ်ထက် အများကြီးမသာပေ။
သို့ပေမယ့် နားလည်နိုင်စွမ်းမှာတော့...
သူက အနည်းငယ်သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ, ဒါ မင်းကိုယ်တိုင် ရွေးချယ်တာ...."
"ငါတို့ ဘယ်လိုပြိုင်ကြမလဲ...."
သူက ဖုချောင်ဟွမ် စိတ်ဓာတ်ကျမသွားဖို့ မျှော်လင့်မိ၏။