← Chapters

ကောင်းကင်ဧကရာဇ်၏ အုတ်ဂူအစစ်

Vol. 1 Ch. 119

ကောင်းကင်ဧကရာဇ်၏ အုတ်ဂူအစစ်

Vol. 1 Ch. 119

ငါသေသွား တာလား ... ဒါက တမလွန်လား ... တမလွန်က ဘာလို့ ဒီလောက်တောင် လင်းထိန် နေရတာလဲ"

ကျန်းရီသည် သတိရလာပြီ ဖြစ်သော်လည်း စူးရှလွန်းသော အလင်းရောင်ကြောင့် မျက်လုံးမဖွင့် နိုင်သေးပေ။ သး၏ ခေါင်းသည် မူးဝေနေခဲ့ပြီး အာခေါင်များလည်း အလွန်အမင်း ခြောက်သွေ့ နေလေသည်။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး နှုတ်ခမ်း သပ်လိုက်သည်။ အချိန်အတော်ကြာ အားယူလိုက်ပြီးနောက် သူသည် မျက်လုံး ဖွင့်နိုင်ခဲ့ပြီ ဖြစ်လေသည်။

"အမ်"

သူရှေ့ရှိ မြင်ကွင်းသည် သူ့အား ဇဝေဇဝါ ဖြစ်စေသည်။ သူသည် ခန်းမကျယ်ကြီး တစ်ခုထဲတွင် လဲလျောင်းနေခဲ့ပြီး ထူးဆန်းစွာ ထွင်းထားသော ရုပ်တုများက သူ့ပတ်လည်တွင် ရှိနေခဲ့သည်။ မျက်နှာသည် အနည်းဆုံး ပေတစ်ရာခန့် မြင့်မားလိမ့်မည် ဖြစ်ပြီး အလားတူ ထူးထူးဆန်းဆန်း ရုပ်တုပုံများ ရှိနေလေသည်။ ထို့ပြင် မျက်နှာကြက်တွင် အဖြူရောင် တလက်လက် တောက်ပနေသော အဖိုးတန်ကျောက် များစွာလည်း မြှုပ်နှံထားလေသည်။ ကျောက်များသည် အလွန် ရိုးရှင်းစွာပင် လှပနေသည်။

သူသည် ခဏမျှ ကြည့်ရှုပြီးနောက် ခေါင်းကိုစောင်းကာ ဘေးဘက်သို့ ကြည့်လိုက် ပြန်လေသည်။ ခန်းမကြီး၏ နံရံများသည် အစိမ်းရောင်များ ဖြစ်ကြောင်း သူတွေ့လိုက်လေသည်။ နံရံများထက်တွင် တံခါး မပြောလေနှင့် ပြတင်းပေါက် တစ်ခုတလေတောင် ရှိမနေပေ။ သူသည် အတော်လေး ထူးဆန်းသည်ဟု ခံစားနေရသည်။

နောက်ဆုံးတွင်တော့ သူ့မျက်လုံး များသည် ရှေ့တည့်တည့်ရှိ ကျောက်နံရံကြီး ထက်သို့ ကျရောက်သွားလေသည်။ ကျောက်နံရံထက်တွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက်၏ ပုံရိပ်ကို အသေးစိတ် ထွင်းထုထားလေသည်။

"ဒီလူကြီးက တကယ့်ကို အံ့အားသင့်စရာ ကောင်းတာပဲ ... ဒါက ရုပ်တုတစ်ခု ဖြစ်တာတောင် ငါဖိအားတွေကို ခံစားနေရတယ် ... သူက ကောင်းကင် ဧကရာဇ်နဲ့ အဆင့်အတန်းတူ ဆရာသခင် တစ်ယောက်ယောက်များလား"

ကျန်းရီသည် ကျောက်ရုပ်တု၏ မျက်လုံးထဲသို့ တည့်တည့် စိုက်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည် လျှပ်စီးနှင့် အပစ်ခံ လိုက်ရသလို ကျဉ်ခနဲ ဖြစ်သွားခဲ့သည်။ သူသည် ချက်ချင်း မျက်လုံးများကို မှိတ်ချလိုက်ပြီး ထပ်မံ မကြည့်ရဲတော့ပေ။ သူသည် သတ်ဖြတ်ခြင်း ဧကရာဇ်၏ ရုပ်တုအကြောင်းကို ပြန်တွေးမိသွားသည်။ ၎င်းတွင်လည်း ယခုရုပ်တုနှင့် အလားတူ အရှိန်အဝါ တစ်ခု ရှိပေသည်။

သူထောင်ချောက် အတွင်း ဝင်ရောက် သွားသောအခါက သူသည် အမှုန့် ဖြစ်သွားမတတ် ဖြစ်သွားခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိ နေပါသေးသည်။ ထို့နောက် သူသည် ဖိအားဒဏ်ကို မခံနိုင်ဘဲ မေ့မြော သွားခဲ့သည်။ သို့သော် သူသည် သေဆုံး မသွားခဲ့ဘဲ အဘယ့်ကြောင့် ဤထူးထူးဆန်းဆန်း နေရာကြီးတွင် သောင်တင် နေရပါသနည်း။

"အနက်ရောင် အတွင်းအား "

ကျန်းရီသည် သူမေ့မြော မသွားခင်က အနက်ရောင် အတွင်းအား၏ ထူးဆန်းသည့် အကြောင်းအရာအား ရုတ်တရက် သတိရသွားကာ သူ့မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ ချမ်ဝမ်ကွမ် ပေးခဲ့သော အချက်အလက်သည် ရိုးရိုးလေးသာ ... ထောင်ချောက်ကို ထိမိသော သူတိုင်းသည် သေရမည်သာ ... ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တောင် အမှုန့် ဖြစ်သွားပေလိမ့်မည်။ ကျန်းရီလို သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်၌သာ ရှိသေးသော သူဆိုလျှင် ပြောနေရန်ပင် မလိုချေ။ လက်ရှိ အခြေအနေကို ရှင်းပြနိုင်သည့် တစ်ခုတည်းသော အရာသည်ကား သူ၏ အနက်ရောင် အတွင်းအားသည် သူ့အသက်ကို ကယ်လိုက်ပေသည်။

"ဒီအနက်ရောင် အတွင်းအားရဲ့ အစစ်အမှန်က ဘာကြီးလဲ ... ဒါက ထူးဆန်းလွန်းရုံ တင်မကဘူး ... တခြားအတွင်းအား တွေနဲ့လည်း ပေါင်းနိုင်တယ် ... ဆေးအစွမ်းနဲ့ အတွင်းအားရဲ့ အင်အားကိုလည်း တိုးစေနိုင်တယ် ... အာရုံခံ အသိတွေလည်း တိုးတက်လာစေတယ် ... သတ်ဖြတ်ခြင်း ဧကရာဇ်ရဲ့ ရုပ်တုနဲ့လည်း ဆက်သွယ်နိုင်အောင် လုပ်ပေးတယ် ... အခုလည်း ထောင်ချောက်ကို တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း အစီအရင် အဖြစ်ပြောင်းပြီး ငါ့အသက်ကို ကယ်လိုက်တယ် ... ပြီးတော့ ဒီထူးထူးဆန်းဆန်း နေရာကြီးကို ပို့လိုက်တယ် ..."

ကျန်းရီ၏ စိတ်သည် မရပ်မနား အလုပ်လုပ်နေကာ ထိုလျှို့ဝှက် ကျင့်စဉ် ဘယ်နေရာက လာသည်လဲဟု စဉ်းစားနေမိသည်။ ကျန်းယွင်ဟိုင် ပြောဖူးသလို သူ့အမေ ချန်ထားပေးခဲ့တာ ဟုတ်ပါ့မလား ... ဒါဆို သူ့ကို ဒီကျင့်စဉ် ချီးမြှင့် ပေးတာက ဘယ်သူများလဲ ဘယ်သူကရော ချိပ်ပိတ် သင်္ကေတကို လုပ်ထား ခဲ့တာလဲ။

ကျန်းရီသည် သံသယများစွာ ရှိနေသော်လည်း အဖြေကို စဉ်းစားမရပေ။ သူသည် ထိုအတွေးများကို ဘေးဖယ်လိုက်ကာ အားယူ၍ ထထိုင်လိုက်သည်။ ထို့နောက် ဒဏ်ရာ ကုသဆေး တစ်လုံးကို ထုတ်၍ သောက်လိုက်ပြီး တရား စထိုင်၍ ဒဏ်ရာများကို ကုသနေလိုက်သည်။

ဤနေရာသည် ထွက်ပေါက်မရှိသော တားမြစ်နေရာ ဖြစ်သည်။ သူ့ကိုယ်သူ အမြန်ကောင်းအောင် ကြိုးစား၍ ထွက်ပေါက်ရှာရပေမည်။ မဟုတ်လျှင် သူသည် ဤနေရာတွင် ငတ်ပြတ်၍ သေသွား ပေလိမ့်မည်။

အပြင်ဘက်မှ အခြေအနေများကို မူကား ကျန်းရီသည် တွေးပင် မတွေးဝံ့ချေ။ သူတွေးလိုက်လျှင် သူ့နှလုံးသားသည် ထပ်မံ နာကျင်လာမည်ကို သူကြောက်နေမိသည်။ စုလောရွှယ်သည် ဒုက္ခရောက် နေပေလိမ့်မည်။ သူမသာ ကျန်းရိလျှို၏ လက်တွင်း ရောက်ရှိ သွားပါလျှင် ... ကျန်းရီ ဖြစ်လာမည့် အရာများအား မတွေးချင်တော့ပေ။

"အမ်"

သူတရား ထိုင်လိုက်သောအခါ တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိလိုက်သည်။ သူ့တွင် အနက်ရောင် အတွင်းအား မကျန်တော့ရာ ဆေးအစွမ်းသည် တိုးလာရန် လမ်းမရှိ၍ သူသည် မြေကမ္ဘာအဆင့် အတွင်းအားတိုးဆေး ကိုပင် စားမထားခဲ့ချေ။ သို့သော် သူ၏ ကျင့်ကြံနှုန်းသည် ငါးဆခန့် မြန်ဆန်နေလေသည်။

"ဒီနေရာကရော ဘာကြီးလဲ ... ဘာလို့ကောင်းကင်နဲ့ မြေကြီးရဲ့ အငွေ့အသက်တွေ ဘာလို့ ဒီလောက် သိပ်သည်းနေတာလဲ"

ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ကျင့်ကြံခန်းသည် ကျင့်ကြံနှုန်းကို သုံးဆမြန်ဆန် စေသည်မှာ ပုံမှန်ဖြစ်သည်။ ထို နေရာသည် နယ်မြေ၏ သင်တန်းကျောင်းကြီး သုံးခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် ဤခန်းမကြီးထဲရှိ ဝိညာဉ်စွမ်းအင်များသည် သင်တန်းကျောင်း၏ ကျင့်ကြံခန်းထက် ပိုမိုပေါများ နေပေသည်။

"ဒါက အကြောင်း မဟုတ်ဘူး ... အရင်ဆုံး ဒဏ်ရာတွေ ပျောက်အောင်ပဲ လုပ်ရမယ်"

ကျန်းရီသည် စိတ်ထဲမှ အတွေးများကို ဘေးဖယ်ကာ တိတ်ဆိတ်စွာ ကျင့်ကြံ နေလိုက်သည်။ အနက်ရောင် အတွင်းအားကို ပြန်လည် ထုတ်ယူကျင့်ကြံ ပြီးသည်နှင့် ဆေးအစွမ်းကို တိုးမြှင့်လိုက်ကာ ကုသခြင်းကို ပိုမိုမြန်ဆန် စေလိုက်သည်။

နှစ်နာရီ ကြာပြီးနောက် ကျန်းရီသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ဒဏ်ရာများသည် အတော်အသင့် ပြန်ကောင်းသွားပြီး ဖြစ်ရာ သူသည် ကြာကြာ ထိုင်မနေနိုင်ပေ။ ထွက်သွားဖို့ရန် လမ်းကိုသာ ရှာရန် ပြင်ဆင်လိုက်သည်။

သို့သော် အနက်ရောင် အတွင်းအား သုံးထားသော အမြင်အာရုံနှင့် ခန်းမကြီး တစ်ခုလုံးရှိ ယန္တရားများကို သေသေချာချာ စစ်ဆေးကြည့် လိုက်သော်လည်း ကျန်းရီသည် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွား ရလေသည်။ နှစ်နာရီ ကြာအောင် ရှာကြည့်သော်လည်း သူဘာကိုမှ မတွေ့ခဲ့ပေ။ ဒါက လုံးဝကို အကျဉ်းထောင်ကြီးပဲ။

ကျန်းရီသည် မျက်နှာဗလာဖြင့် အေးစက်နေသော ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ရှင်းလင်းနေသော ခန်းမကြီးကိုသာ ကြည့်နေလိုက်သည်။ သူသည် ခက်ခက်ခဲခဲနှင့် သေခြင်းမှ လွတ်မြောက်ခဲ့သော်လည်း သူ့ကို မျှော်လင့်ချက်ရော စိတ်ပျက်မှုကိုပါ ပေးနေသည့် အုတ်ဂူတစ်လုံး ထဲတွင် ရောက်နေခဲ့ပေပြီ။

"စုလောရွှယ် အခုဘယ်လိုများ နေနေမလဲ"

ကျန်းရီသည် စိတ်ကူးထဲမှ မှုန်ဝါးဝါး မြင်ကွင်းအား ပြန်တွေးမိသည်။ သူသည် စုလောရွှယ်၏ ကိုယ်သည် တုန်ယင်နေပြီး သူမ၏ မျက်နှာလေးသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်ကို တွေးမိသော အလား သူ့နှလုံးသားအား ဓားဖြင့် ထိုးနေသည့်နှယ် ခံစားလိုက်ရသည်။

လများစွာ ကြာပြီးသည့်နောက် စုလောရွှယ်သည် ကျန်းရီ၏ ရင်ထဲတွင် ဆရာမ တစ်ယောက် မဟုတ်တော့ပေ။ သူမသည် သူ့အတွက် အစ်မတစ်ယောက်၊ မိတ်ဆွေ တစ်ယောက်လိုပင်။ ကျန်းရီသည် အမှန် တကယ်ကို ခံစားရပြီး မည်သို့ ပြန်လည် ပေးဆပ် ရမည်ကို မသိတော့ပေ။ သူမသည် သူ့နှင့် အတူ ဂူသင်္ချိုင်း အတွင်းသို့ လိုက်ပါလာခဲ့လျှင် သေသွားနိုင်မည်ကို သိသော်လည်း ခေါင်းမာခဲ့သည်။ သူသည် ငယ်ရွယ် စဉ်တည်းက ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်မှုများ ကိုသာ ခံစားခဲ့ရသည်။ ယခင်က ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူမှ တစ်ပါး မည်သူမှ သူ့အပေါ် ဤမျှ ကောင်းကောင်း မဆက်ဆံခဲ့ဖူးပေ။ ထို့ပြင် သူ့အား ဤသို့ ကြင်နာစွာ ဆက်ဆံ မိန်းကလေးသည် ဆန့်ကျင်ဘက် လိင်တစ်ယောက် ဖြစ်နေသည့် အပြင် အဆင့်အတန်း မြင့်သော နိုင်ငံများ မြို့များကိုပင် ပျက်သုဉ်းသွားစေ နိုင်လောက်သော မိန်းမလှလေး တစ်ယောက် ဖြစ်နေခဲ့သည်။

"ငါအရှုံး မပေးဘူး ... စုလောရွှယ်က ငါသူမကို ကယ်မှာကို စောင့်နေမှာ ... ငါကံတရားကို ဘယ်လိုလုပ်ပြီး လက်လျှော့ လိုက်ရမှာလဲ"

ကျန်းရီသည် အားတင်းကာ ထွက်ပေါက်ကို ထပ်မံရှာဖွေ လိုက်သည်။ သူသည် ခန်းမအနှံ့ ပြေးလွှားကာ ယန္တရား တစ်ခုခု အသက်ဝင်ကာ ထွက်ပေါက် ပေါ်လာလို ပေါ်လာငြား အရာရာကို လက်သီးဖြင့် ထုကြည့် နေခဲ့သည်။

သို့သော် နောက်ထပ် နှစ်နာရီသာ ကြာသွားခဲ့သည်။ သူသည်ခန်းမ၏ နေရာလပ် မကျန် ရှာဖွေခဲ့ပြီး ဖြစ်သည်။ သို့သော် ထွက်ပေါက်ကို အသာထား၍ ထူးထူးဆန်းဆန်း အရာ တစ်ခုတလေတောင် ရှာမတွေ့သေးပေ။

နောက်ဆုံးတွင်တော့ သူ့အကြည့်သည် ရှေ့ရှိ ကျောက်နံရံ ပေါ်တွင် ထွင်းထုထားသော ရုပ်တုကြီးထံ ရောက်ရှိ လာခဲ့သည်။ ထိုရုပ်တုသည် သူမထိရဲသော တစ်ခုတည်းသော အရာဖြစ်သည်။ သူသာ ထိလိုက်လျှင် အချို့ တားမြစ်ချက်များ အသက်ဝင် သွားကာ သူ့ကို သတ်လိုက်ပါလျှင် မည်သို့ လုပ်မည်နည်း ... သို့သော် သူသည် နောက်ထပ် စိတ်ပူ မနေနိုင်တော့ပေ။

သူသည် ရုပ်တုနှင့် ခုနှစ်ပေခန့် အကွာအဝေးသို့ သွားလိုက်ပြီး ဖိအားကို တောင့်ခံကာ ရုပ်တုကို အသေးစိတ် လေ့လာ နေလိုက်သည်။ မကြာခင်တွင် သူသည် ထူးဆန်းသည့် အရာတစ်ခုကို သတိထား မိသွားလေသည်။ ရုပ်တု၏ မျက်လုံးများသည် ကျောက်သားဖြင့် ထွင်းထားသည် မဟုတ်ဘဲ အဖိုးတန်ကျောက် များအား မြှုပ်ထားခြင်း ဖြစ်လေသည်။

"ငါလုပ်ကြည့်မယ်"

ကျန်းရီသည် အံကြိတ်ကာ ခုန်လိုက်၍ ရုပ်တု၏ မျက်လုံးများထဲ လက်နှစ်ဖက်ကို သုံး၍ ဖိချလိုက်သည်။ ကျန်းရီ၏ လက်နှစ်ဖက်သည် ရုပ်တု၏ မျက်လုံးများကို ဖိမိသွားသောအခါ မူမမှန်သော အရာတစ်ခု ဖြစ်ပွားခဲ့ပေသည်။ ပြင်းလွန်းသော အားတစ်ခုသည် ရုပ်တုမှ ထွက်ပေါ်လာကာ ကျန်းရီကို လွင့်ထွက် သွားစေကာ ပန်းပုတစ်ခုနှင့် ရိုက်မိသွားစေလေသည်။

"ဖြီး ..."

ကျန်းရီသည် ထထိုင်လိုက်ပြီး သွေးတစ်ပွက် အန်ချလိုက်သည်။ သူ့ဒဏ်ရာများသည် အပြည့်အဝ ပြန်မကောင်း သေးရာ ပို၍ ဆိုးကုန် ကြလေသည်။ သူသည် ဒဏ်ရာများကို စိတ်ထဲ မထားဘဲ ရုပ်တုကိုသာ စိတ်ပျက်လက်ပျက် ကြည့်လိုက် မိလေသည်။

သူသည် ရုပ်တု၏ တားမြစ်ချက် တစ်ခုအား ထိလိုက် မိလေသည်။ သို့သော် သူ အဝေးသို့ လွင့်ထွက်သွားရုံ မှတစ်ပါး ခန်းမကြီး တစ်ခုလုံးသည် တစ်စက်လေးမှ ပြောင်းလဲ မသွားခဲ့ပေ။ သူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သို့မှ အပြောင်းအလဲ မရှိရာ ဒဏ်ရာများ ကုသရန်သာ ပြင်ဆင်လိုက်သည်။ သူသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို ဆေးအစွမ်းနှင့် ပေါင်းစပ်ရန် ကြံလိုက်သည်။ သို့သော် အနက်ရောင် အတွင်းအားအား ဒန်တျန်းမှ ထုတ်နေချိန်တွင် သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။

"ဟုတ်သားပဲ ... အနက်ရောင် အတွင်းအား ... သေရမယ့် ထောက်ချောက်ကိုတောင် ပြောင်းလဲ လိုက်နိုင်သေးတာပဲ ... ရုပ်တုရဲ့ တားမြစ်ချက်နဲ့ ဆက်သွယ်မှု ရသွားရင်လည်း ရသွား နိုင်တာပဲလေ"

ကျန်းရီသည် ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ အတွေးအတိုင်း ချက်ချင်း ထလုပ်လိုက်သည်။ သူသည် အနက်ရောင် အတွင်းအားကို လက်ဝါး နှစ်ဖက်ဆီ ပို့ဆောင်လိုက်ပြီး ရှေ့သို့ ပြေးသွားလိုက်သည်။ ထို့နောက် ရုပ်တု၏ မျက်လုံးများထံ ရိုက်ချလိုက်လေသည်။

"ဘန်း"

ရုပ်တုမှ တွန်းအားသည် ထပ်မံ ပေါ်ထွက်လာခဲ့ပြီး ကျန်းရီအား လွင့်ထွက် သွားစေလေသည်။

"အွတ်ရှ်"

ကျန်းရီသည် လေးငါးပတ်လောက် လိမ့်သွားပြီးမှ ထထိုင်လိုက် နိုင်လေသည်။ သူသည် ရုပ်တုကို ကြည့်လိုက် မိသောအခါ မှင်တက် သွားမိရလေသည်။ ရုပ်တု၏ မျက်လုံးများသည် လှုပ်ရှားလာခဲ့သည်။ ထို့နောက် ရုပ်တု တစ်ခုလုံးပါ လှုပ်ရှား လာလေသည်။ နေမင်းကြီး ကဲ့သို့ စူးရှ တောက်ပလွန်းသော အကြည့်သည် ကျန်းရီအား တုန်သွား စေလေသည်။

***

All Chapters