← Chapters

ဖုံးကွယ်ထားသည့်အဆင့်

Vol. 18 Ch. 251

ဖုံးကွယ်ထားသည့်အဆင့်

Vol. 18 Ch. 251

ဖုချောင်ဟွမ် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ဘာကြောင့် ဂျန်ဖန်းက သူ့နားလည်နိုင်စွမ်းကို အရမ်းယုံကြည်မှုရှိနေရသနည်း။

ထိုမေးခွန်းက သူ့ခေါင်းထဲမှာ တစ်ခဏသာပေါ်လာလိုက်တာဖြစ်သည်။

ထို့နောက် တွေးနေတာကို ရပ်လိုက်၏။

နားလည်နိုင်စွမ်းအတွက်တော့...

သူက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၏ အကြွင်းမဲ့အုပ်စိုးသူဖြစ်၏။

မည်သူမှ သူ့ကို မကျော်နိုင်ပေ။

ထို့နောက် ဝါးစာလိပ်တစ်ခုထုတ်ယူလိုက်ပြီး ၎င်းအပေါ်၌ အလွန်အမင်းရှုပ်ထွေးသည့် သံစဥ်မှတ်ချက်တွေ ထွင်းထုထား၏။

"ဒါက ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ ရတနာသံစဥ်မှတ်တမ်းပဲ။ သာမန်သံစဥ်မှတ်တမ်းလို့ထင်ရပေမယ့် တကယ်တော့ သိမ်မွေ့အဆင့်မြင့် သံစဥ်နည်းစနစ်တစ်ခုလေ..."

"နားလည်ဖို့အင်မတန်ခက်ခဲပြီး ငါတို့ဂိုဏ်းချုပ်တောင် ၁၀ နှစ်ကျော်တဲ့အထိ အပြည့်အဝနားမလည်ခဲ့ဘူး...."

"မင်းနဲ့ငါ ဒီနည်းစနစ်အပိုင်းအစကို အတူတူနားလည်ဆင်ခြင်ကြမယ်..."

ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွား၏။

သံစဥ်သိုင်းကျမ်း?...

ဤကဲ့သို့ပစ္စည်းမျိုးမြင်ဖူးတာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

မနေနိုင်ပဲ သိချင်သွား၏။

သူ့နားလည်နိုင်စွမ်းနှင့်ဆိုလျှင် သံစဥ်သိုင်းပညာတစ်ခုကို အရင်ကတစ်ခါမှမမြင်ဖူးသော်လည်း....

သူ့အမြင်၌ မှတ်စုတွေက သူ့ဘာသာလှုပ်ရှားနေပုံရပြီး လူသားပုံစံတစ်ခုလို ပြောင်းလဲလာ၏။

ထို့ပြင် များစွာသောမှတ်စုတွေ ချိတ်ဆက်နေကြစဥ် လှုပ်ရှားမှုစည်းချက်တစ်ခုကို ဖွဲ့စည်းလာကြသည်။

ထိုအရာက သူမြင်ဖူးသည့် "မသေမျိုးဆေးစာအုပ်" နှင့်ဆင်တူ၏။

ခဏကြာပြီးနောက် မှတ်စုတွေမှပြောင်းသွားသည့် စကားလုံးအချို့ကို သူက ရှင်းရှင်းလင်းလင်းမြင်လာရသည်။

"ကျားနဂါးဟိန်းသံ..."

ဂျန်ဖန်းရေရွတ်လိုက်ပြီး သိုင်းကျမ်း၏နာမည်ကို ပြောလိုက်သည်။

မမျှော်လင့်စွာပဲ ထိုအရာက ဖုချောင်ဟွမ်ဆီမှ ထူးဆန်းသည့်အမူအရာတစ်ခု ဆွဲယူလိုက်သည်။

"မင်းစာမဖတ်တတ်ဘူးလား..."

"အစီအစဥ်ချိုးဖြတ်ခြင်းသံစဥ်ဆိုတဲ့ စလုံးကြီးသုံးလုံးကို မင်းမမြင်ဘူးလား...."

သူက သံစဥ်မှတ်တမ်း၏ ဝဲဘက်အကျဆုံးရှိခေါင်းစဥ်ကို ညွှန်ပြလိုက်သည်။

ဂုန်ချိုင်းယီလည်း ပဟေဠိဖြစ်သည့်အမူအရာ ပြသလာ၏။

"ဂျန်ဖန်း, မင်းမမြင်မှားနေတာလား...."

"အဝေးကငါတောင် သံစဥ်မှတ်တမ်းနာမည်ကို မြင်တယ်...."

ယွမ်ကျီယုမျက်နှာလည်း သံသယတွေပြသလာ၏။

"ဘာကျားနဂါးဟိန်းသံလဲ? နင်ဘာတွေပြောနေတာလဲ...."

"အဲ့စလုံးတွေ စာလိပ်ပေါ်မှာတောင်ရှိလို့လား...."

မင်ရိုလန် လှောင်ပြောင်လိုက်၏။

"နင်က စာတောင်မဖတ်တတ်ပဲ နားလည်နိုင်စွမ်း ပြိုင်ရဲသေးတယ်နော်...."

အာ...

ဂျန်ဖန်း ကြောင်သွား၏။

စာလုံးတွေသူ့ဘာသာရွေ့သွားတာ သူတို့တွေ မမြင်ကြဘူးလား?....

နေပါအုန်း...

ဂျန်ဖန်းအသိပြန်ဝင်လာ၏။ ထိုအရာက 'မသေမျိုးဆေးစာအုပ်'လိုဖြစ်နိုင်၏။

အခြားလူတွေက အပေါ်ယံပဲမြင်ရပြီး သူ၏မြင့်မားသည့်နားလည်နိုင်စွမ်းကြောင့် သိုင်းကျမ်း၏အနစ်သာရကို မြင်နေရတာဖြစ်သည်။

ထိုအရာကိုတွေးပြီး သူက အညွှန်းကို တဖန်ပြန်ကြည့်လိုက်သည်။

"ကျားနဂါးဟိန်းသံနည်းစနစ်, သံစဥ်သိုင်းကျမ်းတစ်ခုဖြစ်ပြီး မြေကမ္ဘာအဆင့်နည်းနစနစ်တစ်ခုဖြစ်၏....."

မြေကမ္ဘာ အလယ်အလတ်အဆင့်?....

ဂျန်ဖန်း နှလုံးသား အပြင်းအထန်ခုန်ပေါက်သွား၏။

သူအမြင်မမှားကြောင်း ထပ်ခါထပ်ခါကြည့်ပြီး အတည်ပြုလိုက်ရသည်။

ဤသံစဥ်မှတ်တမ်း.... ကောင်းကင်သံစဥ်ဂိုဏ်းက သိမ်မွေ့အဆင့်မြင့်နည်းစနစ်ဟု မှားယွင်သတ်မှတ်ထားသည့် ဤနည်းစနစ်က....

အမှန်တကယ်ပဲ မြေကမ္ဘာအလယ်အလတ်အဆင့် လျို့ဝှက်နည်းလမ်းတစ်ခုဖြစ်နေခဲ့သည်။

သူမနေနိုင်ပဲ အာခေါင်ခြောက်လာသလို ခံစားလာရ၏။

သိုင်းပညာလမ်းကြောင်းပေါ်ခြေစလှမ်းကတည်းက ဤအရာက သူမြင်ဖူးသည့် အသန်မာဆုံးနည်းစနစ်တစ်ခုပင်။

"မင်းပြိုင်မှာလား, မပြိုင်ဖူးလား..."

ဂျန်ဖန်း၏ ကြောင်တောင်တောင်အမူအရာကိုမြင်သည့်အခါ, ဖုချောင်ဟွမ် ဝါးစာလိပ်ကိုပိတ်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ပတ်ဝန်းကျင်ရှိလူတွေလည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်မှောင်ကြုတ်သွားကြ၏။

ဂုန်ချိုင်းယီ သတိပေးလိုက်သည်။

"ဂျန်ဖန်း, သံစဥ်မှတ်တမ်းက အခြားကျင့်ကြံရေးနည်းစနစ်တွေနဲ့ကွဲပြားတယ်။ သူတို့က နားလည်ဖို့ ခက်တယ်...."

"ဒါ့ပြင်, ဖုချောင်ဟွမ် ဒီနည်းစနစ်ကို ဘယ်အချိန်ကတည်းက နားလည်ဆင်ခြင်နေမှန်း မသိနိုင်ဘူး...."

"သူက အပြည့်အဝနားလည်ပြီးတာတောင်ဖြစ်နိုင်တယ်...."

"နင်တို့နှစ်ယောက်ပြိုင်ဖို့ ငါတို့ဂိုဏ်းက ကျင့်ကြံရေးနည်းစနစ်တစ်ခုထုတ်ပေးတာ ပိုကောင်းလိမ့်မယ်...."

ယွမ်ကျီယုလည်း အလျှင်အမြန်ခေါင်းညိတ်လိုက်၏။

"ဂိုဏ်းချုပ်ပြောတာမှန်တယ်...."

"ကောင်းကင်သံစဥ်ဂိုဏ်းတပည့်က ကောင်းကင်သံစဥ်ဂိုဏ်းနည်းစနစ်ကို နားလည်ဆင်ခြင်တာ မတရားဘူး..."

ဂျန်ဖန်း သူမတို့ပါးစပ်ကို ပိတ်ထားလိုက်ချင်၏။

ဤအရာက မြေကမ္ဘာအလယ်အလတ်အဆင့်နည်းစနစ်ကို အလကားသင်ယူလို့ရသည့် နတ်ဘုရားချီးမြှင့်သည့်အခွင့်အလမ်းပင်။

မင်းတို့တားရင်, ငါမင်းတို့ကို ခွင့်မလွတ်ဘူး...

သူက လက်ဝှေ့ယမ်းပြီး တည်ငြိမ်ချင်ယောင် ဆောင်လိုက်၏။

"ပြဿနာမရှိဘူး..."

"သူတို့တောင် အခြားလူတစ်ယောက် ကောင်းကင်သံစဥ်ဂိုဏ်းနည်းစနစ်လေ့ကျင့်မှာ မကြောက်တာ, ငါက ဘာလို့ ကြောက်ရမှာလဲ...."

ထိုအရာကိုကြားသည့်အခါ...

မင်ရိုလန် လှောင်ပြောင်လိုက်၏။

"နင်က ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ..."

"ပထမစာမျက်နှာနားလည်ရင်ပဲ နင်ကို ပါရမီရှင်လို့သတ်မှတ်လို့ရတယ်..."

"ပြီးတော့, ငါတို့ဂိုဏ်းရဲ့အဆုံးစွန်နည်းစနစ်ကို လေ့ကျင့်နိုင်မယ်လို့ထင်နေတာလား...."

ကောင်းကင်သံစဥ်ဂိုဏ်းတပည့်တွေက သံစဥ်လမ်းစဥ်အတွက် စိတ်ဝိညာဥ်အမြစ်ကော, မွေးရာပါပါရမီကော နှစ်မျိုးလုံး လိုအပ်၏။

ဤ "အစီရင်ချိုးဖြတ်ခြင်းသံစဥ်" က ၎င်း၏ခက်ခဲမှုကြောင့်နာမည်ကြီးပြီး ကောင်းကင်သံစဥ်ဂိုဏ်းအဖွဲ့ဝင်တွေအတွက်တောင် နားလည်ဖို့ စိန်ခေါ်မှုကြီး၏။

ဖုချောင်ဟွမ် စာမျက်နှာနှစ်ခုသာ နားလည်ထား၏။

ပြင်ပဂိုဏ်းတပည့်တစ်ယောက်ဖြစ်သည့် ဂျန်ဖန်းက တစ်ခုလုံးတတ်မြောက်နိုင်မည်ဟု တွေးနေသည်လား?...

ဟာသပင်။

ဖုချောင်ဟွမ် တစ်ခစ်ခစ်ရယ်လိုက်၏။

"မင်းမှာအစွမ်းအစရှိရင် သင်ယူနိုင်တယ်...."

"ငါ ခံစားရမှာမဟုတ်ဘူး..."

ဒါမင်းပြောတာနော်...

ဂျန်ဖန်း တိတ်တဆိတ် သူ့ကိုယ်သူပြင်ဆင်လိုက်ပြီး စတင်ဖို့ စိတ်အားထက်သန်နေခဲ့သည်။

ဂျန်ဖန်း မကန့်ကွက်တာကိုမြင်သည့်အခါ ဂုန်ချိုင်းယီ နောက်ထပ်ဘာမှ မပြောတော့ပေ။

သူမက ခေါင်းညိတ်လိုက်၏။

"ဒါ ဗျတ်စောင်းနည်းလမ်းမလား...."

"မင်းက သိုင်းကျမ်းရဲ့စွမ်းအားထုတ်ဖို့ ဗျတ်စောင်းတီးခတ်ရမယ်...."

"ကျီယု, ငါ့ရဲ့ ခုနှစ်ချောင်းတတ်ဗျတ်စောင်းသွားယူလာခဲ့...."

ခဏကြာပြီးနောက်....

ယွမ်ကျီယု ရှေးကျသည့်ဗျတ်စောင်းတစ်ခု ယူလာခဲ့သည်။

၎င်းကို တမင်သက်သက်ဖန်းတီးပြုလုပ်ထားတာမဟုတ်ပေ။

သို့ပေမယ့် ပစ္စည်းကောင်းမွန်မှုကြောင့် သဘာဝအဆင့်နိမ့် မှော်ရတနာဖြစ်လာတာဖြစ်သည်။

"ဒါကိုသုံးလိုက်..."

ဂုန်ချိုင်းယီပြောလိုက်သည်။

ထိုနောက် ယွမ်ကျီယု ဂျန်ဖန်းကို ပေးလိုက်သည်။

ဖုချောင်ဟွမ် မနာလိုဖြစ်သွား၏။

သူက ကိုယ်ပိုင်ဗျတ်စောင်းတစ်ခုယူလာပြီး ထိုအရာက ဂုန်ချိုင်းယီဟာထက် အဆင့်မြင့်သော်လည်း....

ဂုန်ချိုင်းယီ၏ ဂျန်ဖန်းကိုဂရုစိုက်ပြီး သူ့ကိုလျစ်လျူရှူတာက အတော်လေး မသက်မသာဖြစ်စေ၏။

ထိုအရာကြောင့် ဂျန်ဖန်းကို အပြင်းအထန်သင်ခန်းစာပေးဖို့ဆုံးဖြတ်ချက်က ပိုလို့တောင် ခိုင်မာသွား၏။

သူက သူ့ကိုယ်ပိုင်ဗျတ်စောင်းကိုထုတ်ယူပြီး ဂျန်ဖန်းနှင့်မျက်နှာချင်းဆိုင်၌ ထိုင်လိုက်၏။

"အစီရင်ချိုးဖြတ်ခြင်းသံစဥ်" ကလေထဲလွင့်ပျံသွားပြီး ခန်းမအလယ်မှာထားလိုက်၏။

ဤသို့ဖြင့် နှစ်ယောက်လုံးမြင်နိုင်၏။

ဂုန်ချိုင်းယီပြောလိုက်သည်။

"အချိန်ကန့်ကတ်ချက် နှစ်နာရီရမယ်...."

"စတင်တော့...."

ဖုချောင်ဟွမ် ဖြည်းညင်းစွာပဲ တတိယစာမျက်နှာကို အာရုံစိုက်လိုက်၏။

ပထမနှစ်မျက်နှာနားလည်ထားပြီဖြစ်၍ သူက အပြတ်အသတ်ဦးဆောင်နေခဲ့သည်။

ဆက်လက်နားလည်မဆင်ခြင်တော့ရင်တောင် ဂျန်ဖန်း ဘယ်တော့မှ လိုက်မှီမည်မဟုတ်ပေ။

သူ၏အံ့အားသင့်စရာကောင်းသည့်နားလည်နိုင်စွမ်းနှင့်တောင် ပထမစာမျက်နှာနှစ်ခုနားလည်ဖို့ နှစ်လအချိန်ယူခဲ့ရ၏။

ဤနှစ်နာရီအတွင်း ဂျန်ဖန်း စာတစ်ကြောင်းနားလည်ဖို့တောင် ရုန်းကန်ရမည်ဖြစ်သည်။

သို့ပေမယ့် သူ ဂျန်ဖန်းကို ကြည့်လိုက်သည့်အခါ....

ဂျန်ဖန်းအလွန်စိတ်လှုပ်ရှားနေမည်ဟုထင်ခဲ့ပေမယ့် မမျှော်လင့်စွာပဲ သူ့ထက်တောင်ပိုအေးဆေးနေခဲ့သည်။

သူက ချက်ချင်း နားလည်မဆင်ခြင်ပေ။

ထိုအစား မှတ်တမ်းတစ်ခုလုံးကို အစမှအဆုံးထိ ဂရုတစိုက်ကြည့်နေခဲ့သည်။

"ဟ, တည်ငြိမ်ချင်ယောင်ဆောင်နေတယ်...."

ဖုချောင်ဟွမ် ခေါင်းခါယမ်းလိုက်သည်။

သူက ဂျန်ဖန်းကို အာရုံမစိုက်ချင်တော့ပဲ သူ့ကိုယ်ပိုင်နားလည်ဆင်ခြင်မှုကိုသာ အာရုံစိုက်လိုက်၏။

သူမသိတာက....

ဂျန်ဖန်းက စာသားတွေကိုမှတ်သားနေတာဖြစ်သည်။

ထိုမှသာ နှစ်နာရီကြာပြီးနောက် မြေကမ္ဘာအလယ်အလတ်အဆင့်နည်းစနစ်ကို နောက်တစ်ကြိမ်လေ့ကျင့်ဖိို့ အခွင့်အရေးရှိမည်ဖြစ်သည်။

လက်ဖက်ရည်တစ်ခွက်စာအချိန်လောက်ကြာပြီးနောက်...

သူက မျက်လုံးမိတ်ပြီး အရာအားလုံးမှတ်မိတာ အတည်ပြုပြီးမှ နားလည်ဆင်ခြင်လိုက်၏။

သံစဥ်မှတ်စုပုံရိပ်တွေက သူ့စိတ်ထဲမှာ ကခုန်နေပြီး ဖြည်းဖြည်းချင်း နားလည်စပြုလာခဲ့သည်။

နှစ်နာရီကုန်ဆုံးသွား၏။

ကြည့်ရှူသူတွေအတွက်တော့ ထိုအရာက အလွန်ကြာပြီး ပြင်းစရာကောင်း၏။

သို့ပေမယ့် ဈာန်ဝင်စားနေသည့်ဂျန်ဖန်းအတွက်တော့ မျက်တောင်တစ်ခတ်စာလောက်သာ ကြာမြင့်လိုက်၏။

"အချိန်ပြည့်ပြီ..."

ဂုန်ချိုင်းယီအသိပေးသံကြောင့် ဂျန်ဖန်း အသိပြန်ဝင်လာခဲ့သည်။

သူက နည်းနည်းပိုကြာကြာ နားလည်ဆင်ခြင်နေချင်သေး၏။

သံစဥ်သိုင်းကျမ်းနှင့်ပတ်သက်ပြီး ဤအရာက သူ၏ပထမဆုံးအတွေ့အကြုံဖြစ်ပြီး အတော်လေးဆန်းကြယ်တာကို တွေ့လိုက်ရ၏။

ထို့ပြင် ရရှိသည့်အကျိုးအမြတ်ကလည်း ကြီးမားလှ၏။

ဤ"ကျားနဂါးဟိန်းသံ" နည်းစနစ်က အပိုင်းသုံးပိုင်းခွဲခြားထား၏။

သူက ပထမပိုင်းကို အောင်မြင်စွာနားလည်ခဲ့ပြီး "ကျားဟိန်းသံ"နယ်ပယ်ကို ရောက်ရှိခဲ့၏။

ဗျတ်စောင်းကိုတီးခတ်လိုက်သည့်အခါ မယုံနိုင်လောက်သည့်စွမ်းအားကို ထုတ်ပေးမည်ပဲဖြစ်သည်။

ထိုအရာက ခရမ်းဓားအပြင် သူ၏အားအကောင်းဆုံးတိုက်ကွက်ဖြစ်မည်ပင်။

ဖုချောင်ဟွမ် ဖြည်းညင်းစွာမျက်လုံးဖွင့်လိုက်ပြီး ၎င်းတို့ထဲ၌ထိုးထွင်းသိမြင်မှုအလင်းတန်းတွေ တောက်ပနေခဲ့သည်။

အနီးနားရှိ မင်ရိုလန် စိတ်အားထက်သန်စွာ မေးလိုက်သည်။

"ဘယ်လိုလဲ..."

ဖုချောင်ဟွမ် အနည်းငယ်ပြုံးလိုက်သည်။

"ငါထူးထူးချွန်ချွန်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တတိယစာမျက်နှာကိုနားလည်သွားပြီ...."

အာ?....

မင်ရိုလန်အလွန်ပျော်သွား၏။

"နှစ်လတည်းနဲ့ မင်းက စာမျက်နှာသုံးခုနားလည်သွားပြီပေါ့...."

"မင်းက တကယ်ကို ငါတို့ဂိုဏ်းရဲ့ နှစ်တစ်ရာမှာတစ်ယောက် ပါရမီရှင်ပဲ...."

"မင်းကို ၁၀ နှစ်အချိန်ပေးလိုက်ရင်, နည်းစနစ်တစ်ခုလုံးကို နားလည်မှာ သေချာတယ်...."

အခြားလူတွေ ဤနည်းစနစ်က နားလည်ဖို့ ဘယ်လောက်ခက်လဲမသိပေမယ့်....

မင်းရိုလန်၏ စိတ်လှုပ်ရှားနေသည့်အမူအရာမှ ဖုချောင်ဟွမ် သိသိသာသာတိုးတက်ခဲ့သည်ဟု သိလိုက်၏။

သူတို့က မနေနိုင်ပဲ တည်ငြိမ်သည့်မျက်နှာနှင့်ဂျန်ဖန်းကို စိုးရိမ်စွာကြည့်လိုက်ကြသည်။

ဖုချောင်ဟွမ်လည်း လှောင်ပြုံးပြုံးပြီး ဂျန်ဖန်းကိုကြည့်ကာ ပြောလိုက်သည်။

"မင်း ငါနဲ့ပြိုင်ဖို့သတ္တိရှိသေးလား...."

All Chapters