နောက်ဆုတ်ကြပါ
Vol. 18 Ch. 252
တကယ်တော့, ဂျန်ဖန်းနောက်ပြန်ဆုတ်ချင်လျှင်တောင်, သူကခွင့်ပြုမည်မဟုတ်ပေ။
သူ့ကိုယ်သူနိမ့်ချပြီး အမှိုက်ကောင်နှင့် ယှဥ်ပြိုင်တာ ဘာအတွက်နည်း။
သူ့စိတ်ဝိညာဥ်ကိုနင်းခြေဖို့မဟုတ်ဘူးလား...
သူမသဘောကျသည့်လူကဘယ်လောက်တောင် သာမန်ဆန်လဲဆိုတာ ဂုန်ချိုင်းယီကိုပြဖို့ပဲမဟုတ်ဘူးလား....
ရလဒ်ထွက်ပေါ်လာတော့မည့်အချိန်မှ ထွက်ပြေးချင်နေသည်လား?....
အိမ်မက်သာမက်နေလိုက်လေ....
ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီး ပြောလိုက်သည်။
"မင်းဘက်ကစပြီး အရှုံးပေးလိုက်ဖို့ ငါအကြံပေးချင်တယ်...."
တစ်စုံတစ်ယောက်၏ မြေကမ္ဘာအလယ်အလတ်အဆင့်နည်းစနစ်ကို သင်ယူပြီး ထိုအရာနှင့် သူတို့ကို အနိုင်ယူတာက....
အတော်လေး အနိုင်ကျင့်ရာရောက်၏။
သို့ပေမယ့် အခြားလူတွေအတွက် ထိုစကားတွေက နောက်ဆုတ်ချင်သလိုဖြစ်နေခဲ့၏။
မင်ရိုလန် မနေနိုင်ပဲ ရယ်လိုက်ပြီး ဂုန်ချိင်းယီကိုပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, မင်းစောနကပြောတဲ့ ငါတို့ကောင်းကင်သံစဥ်ဂိုဏ်းက ကိုယ့်အရှက်ကိုယ်ခွဲမိမယ်ဆိုတာလေ..."
"အဲ့တုန်းက ငါနားမလည်ခဲ့ဘူး...."
"အခုတော့ နားလည်သွားပြီ...."
"ငါတို့ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ အထင်ကြီးလေးစားစရာတပည့်ကြီးက အပြောပဲရှိပြီး နောက်ဆုံးအချိန်မှလက်တွန့်နေတဲ့လူမျိုးနဲ့ ယှဥ်ပြိုင်နေရတယ်...."
"ဒါတကယ်ပဲ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို စော်ကားနေတာပဲ....."
ယွမ်ကျီယု ဂျန်ဖန်းအတွက် ပြောပေးချင်၏။
ဂျန်ဖန်းသာအစကတည်းကအရှုံးပေးခဲ့လျှင် သူမက ပြိုင်ပွဲ၏မမျှတမှုကို မေးခွန်းထုတ်ပြီး ဆင်ခြေပေးလို့ရသေး၏။
သို့ပေမယ့် ယခုတော့, နှစ်နာရီနားလည်ဆင်ခြင်မှ နောက်ပြန်ဆုတ်ချင်နေတာက ကာကွယ်ပေးလို့မရတော့ပေ။
ခန်းမအပြင်ဘက်မှလူတွေလည်း အတော်လေးပဟေဠိဖြစ်သွားကြ၏။
ဂျန်ဖန်းက ဘာကြောင့် ယခုမှ အရှုံးပေးချင်နေရသနည်း။
အရမ်းနောက်ကျသွားပြီမဟုတ်လား....
ဖုချောင်ဟွမ် စိတ်ထဲမှာ လှောင်ပြောင်လိုက်၏။
'ခုချိန်မှ တကယ် နုတ်ထွက်ချင်နေတယ်?....'
'ကြမ်းကြမ်းတမ်းတမ်းပြောပြီး, ထိပ်တိုက်တွေ့ကာမှ ရှောင်ပြေးချင်တာလား?...."
သူက ညင်သာသည့်အပြုံးတစ်ခု ပြုံးလိုက်၏။
"ဂျူနီယာညီလေးဂျန်, ဒါကသာမန် ဖလှယ်မှုလေးတစ်ခုပါ...."
"အနိုင်အရှုံးက အရေးမကြီးပါဘူး။ ဘာလို့ အရမ်းကြီးဂရုစိုက်နေမှာလဲ...."
"အကောင်းဆုံးလုပ်ပါ။ မင်းဘာပဲနားလည်ခဲ့နားလည်ခဲ့ အဆင်ပြေပါတယ်..."
"ငါမင်းကို မရယ်ပါဘူး...."
ဂျန်ဖန်း ဗျတ်စောင်းကြိုးကိုကိုင်ပြီး စဥ်စားကာပြောလိုက်သည်။
"မင်း အရင်လုပ်သင့်တယ်...."
သူက ဖုချောင်ဟွမ်နှင့် သူ့ကြားရှိခြားနားချက်ကို မြင်ချင်၏။
တူညီသည့်သံစဥ်မှတ်တမ်းနည်းစနစ်... မတူညီမှုတွေရှိနိုင်သော်လည်း အများကြီးတော့မဟုတ်နိုင်ပေ။
"ပြဿနာမရှိဘူး...."
ဖုချောင်ဟွမ် အလျှင်အမြန်ပဲ သဘောတူလိုက်သည်။
သူက စိတ်ထဲမှာ လှောင်ပြောင်လိုက်၏။
ယခု ဂျန်ဖန်းက အချိန်ဆွဲရုံသာ တတ်နိုင်၏။
သို့ပေမယ့် များစွာသောမျက်လုံးတွေအောက်၌ ဒီခက်ခဲမှုကို အချိန်ဆွဲလို့ရမည်တဲ့လား?....
သူက ခြေချိတ်ထိုင်ကာ ဗျတ်စောင်းကို ဒူးပေါ်တင်ပြီး စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။
ထို့နောက် သူ့ဖြစ်တည်မှုအားလုံးက အလျှင်အမြန်ပဲ တည်ငြိမ်အေးချမ်းလာပြီး လေပြေလေညင်းတိုက်ခတ်နေသည့် ရေကန်တစ်ခုကဲ့သို့ မည်သည့်လှိုင်းဂယက်မှမရှိပေ။
သို့ပေမယ့် နောက်တစ်ခဏ၌...
တရွမ်!
သူ့လက်ချောင်းတွေ ဗျတ်စောင်းကြိုးပေါ် ဖြတ်ပြေးသွားပြီး ပြင်းထန်စူးရှသည့်အသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ညအမှောင်ထဲမှာဆွဲထုတ်လိုက်သည့် အေးစက်စက်ဓားတွေကဲ့သို့ ဝိညာဥ်ကို ထိုးဖောက်သွားခဲ့သည်။
ပြင်ဆင်မထားသည့်လူအုပ် သူ့တို့နှလုံးသားတွေ ခုန်ပေါက်သွားကြ၏။
ထို့နောက် ဗျတ်စောင်းသံက ပိုမိုမြန်လာခဲ့သည်။
စစ်မြင်းခွာသံတွေ ရေခဲမြစ်ကို ဖြတ်ပြေးနေသကဲ့သို့ လွမ်းမိုးနိုင်သည့်ခံစားချက်တစ်ခု သူတို့ဆီပြေးဝင်လာခဲ့သည်။
ဗျတ်စောင်းသံအထွတ်အထိပ်ကိုရောက်လာသည့်အခါ...
အသံက ရုတ်တရက် ပြောင်းသွား၏။
တိုးလျှညင်သာသည့်ဗျတ်စောင်းသံက ဓားတွေအချင်းချင်းပွတ်တိုက်နေသလိုပင်။
ကြည့်ရှုနေသည့်လူတွေ သူတို့မျက်စိရှေ့၌ မီးခိုးတွေပေါ်ထွက်လာတာ၊ စစ်သားထောင်ချီဓားတွေကိုင်ဆွဲပြီး ကျယ်ပြန့်သည့်လွင်ပြင်ကျယ်မှာ သွေးသံရဲရဲတိုက်ခိုက်နေကြတာ စသည်တို့ကိုမြင်ယောင်လာကြ၏။
ခမ်းနားကြီးကျယ်မှုနှင့် ဒေါသတွေအလယ်၌ နားထောင်သူတွေ ချက်ချင်းပဲ ခံစားချက်တွေ ပြင်းထန်လာကြသည်။
သူတို့ကိုယ်တိုင်က ထိုထဲမှာရှိနေသလိုပင်။
တတ်!
သို့ပေမယ့် ထိုအခိုက်အတန့်၌...
ဖုချောင်ဟွမ် ဗျတ်စောင်းကြိုးတွေကို လက်ငါးချောင်းဖြင့် ဖိချလိုက်၏။
လောကကြီး၏အသံပေါင်းစုံရပ်တန့်သွားပြီး မြင်ကွင်းများစွာ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။
ယွမ်ကျီယု အသိပြန်ဝင်လာပြီး အသက်ရှူသံတွေ မြန်ဆန်နေခဲ့သည်။ အကြိမ်အနည်းငယ်အသက်ပြင်းပြင်းရှူပြီးမှ သူမ အနည်းငယ် တည်ငြိမ်လာခဲ့သည်။
လေပြေလေညင်းတစ်ခုတိုက်ခတ်မှုနှင့် သူမနောက်ကျောက ချွေးတွေ စိုဆွဲနေတာ သိလိုက်ရ၏။
"ဒီလိုနက်နဲတဲ့ဗျတ်စောင်းသံ, ငါ့စိတ်ခံစားချက်တွေကို လုံးဝ ထိန်းကျောင်းသွားတာပဲ..."
သူမက ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
တိုက်ပွဲ၌ ဤကဲ့သို့ဗျတ်စောင်းသံကိုကြားလျှင် သူမတည်တည်ငြိမ်ငြိမ်နှင့် ရန်သူကို ရင်ဆိုင်နိုင်အုန်းမည်လား?....
သို့ပေမယ့် သူမကို ပိုထိတ်လန့်သွားစေတာက...
ခန်းမထဲရှိ ချောမွေ့စွာခင်းထားသည့်ကျောက်သားပြင်၌ တီးခတ်နေစဥ်တစ်ချိန်ချိန်မှာ ခပ်ရေးရေး ခြစ်ရာတွေပေါ်လာတာကိုရှာတွေ့သွားတာပဲဖြစ်သည်။
"ဒါတွေက...."
တုန်လှုပ်မှုကြောင့် သူမ၏အနီရောင်နှုတ်ခမ်းလေးကို လက်ဖြင့်ကာလိုက်၏။
ဂုန်ချိုင်းယီ အသိအမှတ်ပြုစွာဖြင့် အနည်းငယ်ခေါင်းညိတ်လိုက်၏။
"တကယ်ကို, ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ ပါရမီရှင်ပဲ..."
"ဗျတ်စောင်းသံက ဓားအဖြစ်ပြောင်းပြီး ပုံသဏ္ဍာန်မရှိပဲ တိုက်ခိုက်နိုင်တယ်...."
"ကောင်းကင်သံစဥ်ဂိုဏ်းအကြီးအကဲတွေကြားမှာတောင်, အနည်းငယ်ပဲလုပ်နိုင်လောက်တယ်..."
သူမက ထိုကောင့်ကို အတော်လေးသဘောမကျသော်လည်း...
တစ်ဖက်လူ၏ဂီတပါရမီကို မငြင်းပယ်နိုင်ပေ။
ခန်းမအပြင်ဘက်ရှိ ယီလန်ရှင်းနှင့် အခြားလူတွေလည်း အတော်လေး အံ့သြတုန်လှုပ်နေကြ၏။
အထူးသဖြင့် ဗျတ်စောင်းသံကြောင့်ဖြစ်သည့် ခြစ်ရာတွေကိုစိုက်ကြည့်ပြီး သူတို့ပို့လို့တောင် အံ့အားသင့်နေကြ၏။
ဖုချောင်ဟွမ်သာ သူတို့ရန်သူဆိုလျှင်...
ဗျတ်စောင်းသံကြောင့် အချိန်အတော်ကြာတကည်းက နှစ်ပိုင်းခွဲခံနေရပြီဖြစ်သည်။
ချူရှင်းမန် အသက်ပြင်းပြင်းရှူလိုက်ပြီး စိုးရိမ်သွား၏။
"စီနီယာအကိုဂျန် အနိုင်ရဖို့ခက်လိမ့်မယ်...."
ချင်ချိုင်းဟီလည်း အနည်းငယ် သက်ပြင်းချလိုက်သည်။
"ဒီတစ်ချိန်, ဂျူနီယာမောင်လေးဂျန် တကယ်ပဲ ဖုချောင်ဟွမ်ကို လျော့တွက်မိပြီ..."
"ဒဏ္ဍာရီလာပါရမီရှင်တစ်ယောက်က ဘယ်လိုလုပ် အရည်အချင်းအစစ်အမှန်မရှိပဲ နေမှာလဲ...."
ဤကဲ့သို့အံ့သြသင့်စရာအောင်မြင်မှုက ရှိနေသည့်လူတိုင်းကို သဘောကျသွားစေ၏။
ဂျန်ဖန်းအတွက် မည်သည့်မျှော်လင့်မှ မရှိတော့ပေ။
မင်ရိုလန် ဂုဏ်ယူစွာပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, မင်း ချောင်ဟွမ်ကို လျော့တွက်လိုက်ပြီ...."
"ဒီ 'အစီရင်ချိုးဖြတ်ခြင်းသံစဥ်'ကို လက်ရှိမှာ သူတစ်ယောက်ပဲ ဒီစွမ်းအားထိလုပ်ဆောင်ပြနိုင်တာ..."
"ငါတို့ဂိုဏ်းချုပ်တောင် သူ့တစ်ဝက်မလုပ်ဆောင်နိုင်ဘူး...."
တကယ်?...
ဂုန်ချိုင်းယီ မနေနိုင်ပဲ နေမထိထိုင်မသာဖြစ်သွား၏။
ဂျန်ဖန်း နိုင်ပါ့မလား?....
သူမ ဂျန်ဖန်းနားလည်နိုင်စွမ်းကို အထင်ကြီးသော်လည်း ဖုချောင်ဟွမ်က တကယ်မရိုးရှင်းပေ။
အထူးသဖြင့်,သူ၏ အစီရင်ချိုးဖြတ်ခြင်းသံစဥ်သိုင်းက ဂိုဏ်း၉ ဂိုဏ်းမှာ နံပါတ်တစ်ဖြစ်နေပြီပဲဖြစ်သည်။
ဂျန်ဖန်းနားလည်နိုင်စွမ်းဘယ်လောက်ပဲမြင့်မြင့် ထိုအရာကို ကျော်နိုင်ပါ့မလား?...
သူမ နှစ်သိမ့်လိုက်၏။
"ဂျန်ဖန်း, အကောင်းဆုံးလုပ်ပါ..."
"ဒါက မင်းရဲ့ပထမဆုံးအကြိမ် သံစဥ်နည်းစနစ်နဲ့ တွေ့ဖူးတာ။ ပြီးတော့ ခက်ခဲတယ်လို့နာမည်ကြီးတဲ့ 'အစီအရင်ချိုးဖြတ်ခြင်းသံစဥ်'လည်း ဖြစ်နေတယ်...."
"မင် ဖုချောင်ဟွမ်ကို မနိုင်ရင်တောင်, ရှက်စရာမဟုတ်ဘူး...."
မစခင်ကတည်းက သူမဂျန်ဖန်းကို ထွက်ပေါက်တစ်ခုပေးနေခဲ့သည်။
ထိုအရာက သူမ တကယ်ပဲ ဂျန်ဖန်းကို မယုံတာ ပြသနေ၏။
ဖုချောင်ဟွမ် တိတ်တဆိတ်ပြုံးလိုက်သည်။
မင်းက ဂျန်ဖန်းကိုသဘောကျတယ်မဟုတ်ဘူးလား? ငါက ငါ့အရှက်ငါခွဲမယ်လို့ မပြောခဲ့ဘူးလား?...
ယခု ဘာလို့ သူ့အတွက် အကြောင်းပြချက်ရှာပေးနေတာလဲ....
ကံမကောင်းစွာဖြင့် သာမညောင်ညက သာမညောင်ပင်ဖြစ်သည်။
မည်သည့်ဆင်ခြေကမှ မကူညီနိုင်ပေ။
သူက ရှေးဟောင်းဗျတ်စောင်းကို ယုံကြည်မှုရှိရှိ ကိုင်လိုက်၏။
"ဂျူနီယာညီလေးဂျန်, အကောင်းဆုံးလုပ်ပါ..."
"ဂိုဏ်းချုပ်ဂုန်ပြောသလိုပဲ, ငါ့ကိုရှုံးတာ သာမန်ပါပဲ..."
ဂျန်ဖန်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
သူက ဖုချောင်ဟွမ်၏ 'အစီအရင်ချိုးဖြတ်ခြင်းသံစဥ်'ကို အသိအမှတ်ပြု၏။
သူမသိတာက 'အစီရင်ချိုးဖြတ်ခြင်းသံစဥ်'မှ သူနားလည်ထားသည့်နည်းလမ်းက စွမ်းအားဘယ်လောက်ကွာခြားမည်ဆိုတာပင်။
"ကောင်းပြီ, ငါစတော့မယ်...."
ဂျန်ဖန်း ခုချောင်းတပ်ဗျတ်စောင်းကို ခြေချိတ်ထိုင်ထားသည့်သူ့ဒူးပေါ်တင်လိုက်သည်။ ထို့နောက် သတိပေးလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့နဲ့ဝေးဝေးမှာနေပေးကြပါ။ မတော်တဆမှုတွေမရှိအောင်လို့ပါ..."
ယွမ်ကျီယု ပဟေဠိဖြစ်သွား၏။
မတော်တဆမှုတွေ?...
ဗျတ်စောင်းတီးရုံနှင့် ဖုချောင်ဟွမ်အဆင့်မှာတောင် ရှိနေသည့်လူတွေကို ထိခိုက်အောင်လုပ်ဖို့ခက်ခဲသည်မဟုတ်လား.....
သို့ပေမယ့် သူမနာခံစွာဖြင့် ဂျန်ဖန်းအဝေးကို ဆုတ်သွားပြီး ဂုန်ချိုင်းယီဘေးမှာရပ်လိုက်သည်။
သူမက တီးတိုးပြောလိုက်သည်။
"ဆရာ, ဂျူနီယာမောင်လေးဂျန်က ဘာကိုဆိုလိုတာလဲ..."
ဂုန်ချိုင်းယီလည်း သူဘာလုပ်မလဲဆိုတာ နာမလည်နိုင်ပေ။ သူမက စဥ်းစားပြီး ပြောလိုက်သည်။
"စောင့်ကြည့်ကြတာပေါ့...."
မင်ရိုလန် ရယ်လိုက်၏။
"မင်းဗျတ်စောင်းသံက လူတွေကို ထိခိုက်စေမှာ စိုရိမ်နေတာလား...."
"စိတ်ချပါ။ မင်းမှာ အဲ့လိုအရည်အချင်းမရှိဘူး..."
ဖုချောင်ဟွမ်လည်း ခေါင်းထဲမထည့်ပဲ ဂျန်ဖန်းဆန့်ကျင်ဘက်မျာရပ်နေဆဲဖြစ်သည်။
သူက အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"မင်းသာ ငါ့ကိုထိခိုက်စေနိုင်ရင် မင်းစွမ်းရည်ကိုသက်သေပြနေတာပဲ..."
"ငါ မင်းကို အပြစ်မတင်ပါဘူး....
"မင်းလုပ်ဆောင်မှုကို စပါ...."
ကောင်းပြီလေ....
တစ်ဖက်လူက ထိုသို့ပြောမှတော့....
ဂျန်ဖန်း နောက်ထပ် ထိန်းမထားတော့ပေ။
သူက စိတ်ဝိညာဥ်စွမ်းအင်ကိုလှည့်ပတ်ပြီး 'အစီအရင်ချိုးဖြတ်ခြင်းသံစဥ်' ကိုစတင်လိုက်၏။
ဖုချောင်ဟွမ်မြင်သည့် သံစဥ်မှတ်တမ်းနှင့်မတူတာက ဂျန်ဖန်းနားလည်ခဲ့တာက "ကျားနဂါးဟိန်းသံ"နည်းစနစ် ဖြစ်သည်။
ထို့ကြောင့်....
ကြိုးတွေကိုဖိလိုက်သည်နှင့်....
ထိုအရာက သံ-မြင်း-ရေခဲ-မြစ် ဖိနှိပ်မှုမဟုတ်ပေ။
နားနားမှာကပ်ပြီး ရုတ်တရက်ဟိန်းဟောက်လိုက်သည့် ကြမ်းကြုတ်သည့်ကျားတစ်ကောင်ကဲ့သို့ ဦးခေါင်းခွံ့ကို ထုံကျဥ်သွားစေ၏။
ဂုန်ချိုင်းယီအပါအဝင်ပင်။
မပြင်ဆင်ထားသည့်လူတိုင်း ချွင်းချက်မရှိပဲ တုန်ယင်သွားကြ၏။
သူတို့နှလုံးသားတွေ အပြင်းအထန်ခုန်ပေါက်လာခဲ့သည်။