← Chapters

ဒါသံစဥ်မှတ်တမ်းတစ်ခုထဲကလား?

Vol. 18 Ch. 253

ဒါသံစဥ်မှတ်တမ်းတစ်ခုထဲကလား?

Vol. 18 Ch. 253

သို့ပေမယ့် ထိုအရာက အစသာရှိသေး၏။

ဂျန်ဖန်း၏လက်ဆယ်ချောင်း ဗျတ်စောင်းကြိုးတွေပါ် အလျှင်အမြန်လှုပ်ရှားသွားသည်နှင့်....

စူးရှတဲ့ဂီတသံစဥ်က လေထုကိုထိုးဖောက်သွားပြီး ကျောရိုးတစ်လျှောက် တုန်ယင်သွားစေ၏။

ထိုအရာက အမှောင်ထုသစ်တောနက်ထဲရှိ ကြမ်းကြုတ်သည့်ကျားတစ်ကောင် သစ်ကိုင်းခြောက်တွေပေါ်ဖြတ်နင်းကာ အရိပ်ထဲမှ ဖြည်းဖြည်းချင်းချည်းကပ်လာသလိုပင်။

လူတိုင်းနှလုံးသားတွေတင်းကြပ်သွားပြီး အသက်တောင်မရှူရဲကြတော့ပေ။

ထိုအရာက အမှန်တကယ်ပဲ ကြောက်မက်ဖွယ်အခြေအနေဖြစ်သည်။

ထို့နောက်....

ဂျန်ဖန်းစိတ်ဝိညာဥ်စွမ်းအားတွေမြင့်တက်လာပြီး ဗျတ်စောင်းသံက ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့၏။

ထိုအရာက ကျားတစ်ကောင်ခုန်အုပ်ပြီး ရက်စက်စွာဟိန်းဟောက်လိုက်သကဲ့သို့ဖြစ်သည်။

ထို့ပြင်, ကျားဟိန်းသံ ခုဝေးသွားလိုက်၊ ခုနီးသွားလိုက်၊ တစ်ခါတစ်ရံကျယ်လာလိုက်၊ တစ်ခါတစ်ရံတိုးသွားလိုက်နှင့် အရပ်မျက်နှာအသီးသီးမှ လာနေသလိုပင်။

ကျားပေါင်းတစ်ရာတိုက်ခိုက်သည့်မြင်ကွင်းက ရုတ်တရက် ပေါ်လာခဲ့သည်။

ယွမ်ကျီယုပုံရိပ် တုန်ယင်သွားပြီး ဂုန်ချိုင်းယီနားကို အလိုလို တိုးသွားခဲ့သည်။

သို့ပေမယ့် ဂုန်ချိုင်းယီလည်း ထိုအရာ၏အလယ်ဗဟိုမှာရောက်နေသလို ခံစားနေရပြီး အလိုလိုခြေဖျားထောက်မိကာ တစ်ကိုယ်လုံးတောင့်တင်းသွား၏။

အသံပိုမိုပြင်းထန်လာသည်နှင့်...

ဖိနှိပ်သည့်ခံစားချက်က အထွတ်အထိပ်ကို ရောက်လာခဲ့သည်။

နောက်ဆုံး....

ခန်းမအတွင်းကောအပြင်ပါ ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

မှိန်မောနေရင်း လူတွေမြင်လိုက်တာက...

ရက်စက်ကြမ်းကြုတ်သည့်ကျားတစ်ကောင် ရှေးဟောင်းဗျတ်စောင်းမှ ခုန်ထွက်လာပြီး ၎င်း၏သွေးရောင်အစွယ်တွေဖြင့် သူတို့ကို ရက်စက်စွာ ခုန်ကိုက်လိုက်၏။

တစ်ချိန်တည်းမှာပဲ, ဂျန်ဖန်းကိုဗဟိုပြုပြီ...

ကျောက်သားကြမ်းပြင်က နားကွဲမတတ်ဗျတ်စောင်းသံအောက်၌ ယပ်တောင်ပုံစံတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။

ထိုနောက် တိုက်ရိုက်ပဲ ဖုချောင်ဟွမ်နှင့် မင်ရိုလန်တို့ဆီ တည့်တည့်ပြေးဝင်သွား၏။

ဘန်း!

ခြေချိတ်ထိုင်နေသည့် ဖုချောင်ဟွမ် ချက်ချင်းပဲ လွင့်ထွက်သွားခဲ့သည်။

မင်းရိုလန်လည်း တယိမ်တယိုင်ဖြစ်သွားပြီး လဲကျလုနီးပါးပင်။

သူမမျက်နှာအကြီးအကျယ်ပြောင်းလဲသွားပြီး ဖုချောင်ဟွမ်ကိုဖမ်းကိုင်ကာ နောက်ကို အကြိမ်ကြိမ်ဆုတ်သွားရ၏။

ဗျတ်စောင်းသံက ပျောက်ကွယ်မသွားသေးပေ။

လမ်းတစ်လျှောက်ကိုပျံ့နှံ့သွားပြီး ၎င်းလမ်းကြောင်းပေါ်ရှိကြမ်းပြင်ကို ပေါက်ကွဲထွက်သွားစေခဲ့သည်။

ဤသို့ဖြင့် သက်ရောက်မှုက ခန်းမအလယ်ဗဟိုရှိ ကျောက်တိုင်ကြီးဆီကိုရောက်သည့်အခါ...

ခရက်!

လူသုံးယောက်ဖက်လို့ရသည့်ကျောက်တိုင်ကြီး တဖြည်းဖြည်းအက်ကွဲသွားပြီး လဲကျသွား၏။

ကျောက်တိုင်ကြီးလဲကျသွားမှုကြောင့် ခန်းမတစ်ခုလုံး အပြင်းအထန် ခါယမ်းလာပြီး ပြိုကျတော့မလိုပင်။

ဂုန်ချိုင်းယီထိတ်လန့်သွားပြီး စာပွဲကိုပုတ်ကာ အလျှင်အမြန်ပဲ ကျောက်တိုင်ရှေ့ကို ခုန်ထွက်လာ၏။

ထို့နောက် လက်ဝါးတစ်ဖက်ဖြင့် လဲကျနေသည့်ကျောက်တိုင်းကြီးကိုထိန်းကာ နေရာ ပြန်ထားလိုက်၏။

ဤသို့ဖြင့်, ခန်းမ ပြိုကျမည့်ဘေးမှ ရှောင်တိမ်းနိုင်သွားခဲ့သည်။

ဗျတ်စောင်းသံပျောက်ကွယ်သွားသည့်အခါ...

ခန်းမထဲမှမြင်ကွင်းကြောင့် လူတိုင်းကြောင်အပြီး တိတ်ဆိတ်နေကြ၏။

ကြီးမားသည့်ယပ်တောင်ပုံစံကျောက်တုံးကြမ်းပြင်က လုံးဝကို ကြွေမွကာ မြောက်တက်နေခဲ့သည်။

မြေပြင်ကနေလည်း အဖြူရောင်မီးခိုးတွေ ရှူးရှူးရှဲရှဲ ထွက်ပေါ်နေ၏။

ပြင်ထန်သည့်မြေငလျှင်တစ်ခု လှုပ်ခတ်သွားသလိုပင်။

မြင်ကွင်းက တုန်လှုပ်စရာကောင်းလှ၏။

ယွမ်ကျီယု စာပွဲကိုဆုပ်ကိုင်ပြီး သူမကိုယ်သူမတည်ငြိမ်အောင်လုပ်လိုက်ရ၏။ မျက်လုံးတွေက အံ့အားသင့်မှုကြောင့် ပြူးကျယ်နေပြီး ပျက်စီးနေသည့်မြင်ကွင်းကိုစိုက်ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်၌ သူမက အသက်ရှူဖို့တောင် မေ့လျော့နေခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

"ဒါ... ဒါက သံစဥ်သိုင်းကျမ်းလား..."

ခန်းမအပြင်ဘက်၌ ယီလန်ရှင်း အံ့အားသင့်နေ၏။

"သံစဥ်နည်းစနစ်တစ်ခုက တကယ်ကို ဒီလောက်ထိ ကြောက်စရာကောင်းတာပါ့လား..."

ချင်ချိုင်းယီ မှိန်မောနေ၏။

"သံစဥ်နည်းစနစ်တစ်ခုက ဒီလောက်ထိအားကောင်းတာ ငါတစ်ခါမှမကြားဖူးဘူး...."

ချူရှင်းမန်လည်း မျက်လုံးတွေ ပြူးကျယ်နေ၏။

"စီနီယာအကိုဂျန်သုံးလိုက်တာ တကယ်ပဲ သံစဥ်နည်းစနစ်လား?..."

ကောင်းကင်သံစဥ်ဂိုဏ်းကျင့်ကြံရေးနည်းစနစ်တွေက ဆန်းကြယ်ပြီး ကာကွယ်ရခက်သည်ဟု လူသိများ၏။

သို့ပေမယ့် ထိုအရာက လှည့်စားသည့်နည်းဗျူဟာတွေသာဖြစ်သည်။

စွမ်းအားအရတော့, လူတိုင်းလက်ခံထားတာက ထိုအရာတွေဟာသမရိုးကျနည်းလမ်းတွေထက်အားနည်းတယ် ဆိုတာပဲဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်းလုပ်ဆောင်မှုက သံစဥ်နည်းစနစ်အပေါ်သူတို့၏နားလည်မှုကို တိုက်ရိုက် ပြောင်းပြန်လှန်ပစ်လိုက်သည်။

ဤသံစဥ်သိုင်း... ကောင်းကင်သံစဥ်ဂိုဏ်းသခင်သာ လုပ်ဆောင်လျှင်...

အခြားဂိုဏ်း ၈ ဂိုဏ်းပေါင်းလျှင်တောင် ခုခံနိုင်ဖို့ အခွင့်အရေးရှိချင်မှရှိမည်ဖြစ်သည်။

တကယ်တော့....

သူတို့က သူတို့၏သံစဥ်နည်းစနစ်အပေါ်နားလည်မှုကို သံသယဖြစ်နေရုံသာဖြစ်သည်။

သို့ပေမယ့် ကောင်းကင်သံစဥ်ဂိုဏ်းက နှစ်ယောက်ကတော့ တိုက်ရိုက်ပဲ သူတို့ဘဝတွေကို ပြန်သုံးသပ်ကြည့်လိုက်ကြ၏။

ဖုချောင်ဟွမ် ပျက်စီးနေသည့်မြင်ကွင်းကိုကြည့်ပြီး မျက်လုံးတွေက ဗလာကျင်းနေခဲ့သည်။

"ဒါ.... ဒါ အသံနည်းစနစ်လား...."

ကောင်းကင်သံစဥ်ဂိုဏ်း ပါရမီရှင်တစ်ယောက်အနေဖြင့်....

ဤအဆင့်ရှိသည့်ပျက်စီးမှုက သံစဥ်နည်းစနစ်ကြောင့် ဖြစ်တယ်ဆိုတာ မယုံနိုင်ဖြစ်နေခဲ့သည်။

မင်ရိုလန်လည်း တုန်လှုပ်မှုတွေ အပြည့်ပင်။

သံစဥ်ပညာကို ဆယ်စုနှစ်ကြာသင်ယူခဲ့သောကြောင့် သူမမြင်နေသည့်အရာကို စိတ်ရှုပ်နေခဲ့သည်။

တစ်ခဏကြာတော့, အသိပြန်ဝင်လာပြီး တုန်ယင်စွာ ပြောလိုက်သည်။

"နင်... နင်စောနကသုံးလိုက်တာ ဘာနည်းလမ်းလဲ...."

ဂျန်ဖန်း လေပူတွေကို မှုတ်ထုတ်လိုက်၏။

ကြီးမားသည့်အပျက်အစီးကြီးကိုကြည့်ပြီး သူတောင်အံ့အားသင့်သွား၏။

ဒါက မြေကမ္ဘာအလယ်အလတ်အဆင့်နည်းစနစ်၏ စွမ်းအားလား?...

သူက စိတ်ဝိညာဥ်စွမ်းအား ငါးဆယ်ရာခိုင်နှုန်းသာ အသုံးပြုခဲ့တာဖြစ်သည်။

ခွန်အားကုန်သာသုံးလျှင် ခန်းမတစ်ခုလုံး ပြိုကျသွားမည်မဟုတ်လား?...

မင်ရိုလန် အမေးကိုကြားသည့်အခါ ဂျန်ဖန်း ယခုချိန်မှာ အပိုင်းအစတွေဖြစ်နေသည့် "အစီရင်ချိုးဖြတ်ခြင်းသံစဥ်" စာလိပ်ကို ညွှန်ပြလိုက်၏။

"မင်းတို့ထုတ်ပေးတဲ့ ကျင့်စဥ်ပဲမဟုတ်လား..."

ဘာ?...

ဖုချောင်ဟွမ် တုန်လှုပ်သွား၏။

"ဒါ မဖြစ်နိုင်ဘူး..."

"ငါလုပ်ဆောင်တော့ကျ ဘာလို့ စွမ်းအားနည်းနည်းပဲ ရှိရတာလဲ..."

သူက ရှက်လွန်း၍ ဆက်တောင် မပြောနိုင်တော့ပေ။

ဗျတ်စောင်းကို အချိန်အတော်ကြာ လုံလစိုက်ထုတ် တီးခတ်ပြီးနောက်မှ သူက ကျောက်သားကြမ်းပြင်မှာ ခြစ်ရာလေးအနည်းငယ်သာ ကျန်ထားနိုင်ခဲ့၏။

အစောပိုင်း သူဂုဏ်ယူနေခဲ့သည့်ရလဒ်က ဂျန်ဖန်းလုပ်ဆောင်မှုနှင့်ယှဥ်လျှင် မှေးမိန်သွားပြီဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်းက တူညီသည့်သံစဥ်မှတ်တမ်းကဟု အခိုင်အမာပြောနေခဲ့သည်။

ဖုချောင်ဟွမ် ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။

မင်ရိုလန် ယုံကြည်ဖို့ အပြတ်အသတ် ငြင်းဆန်လိုက်၏။

"နင်လိမ်နေတာ...."

"နင်တီးတဲ့သံစဥ်နဲ့ ငါတို့တီးတဲ့သံစဥ်က ကမ္ဘာတစ်ခုလောက်ခြားတယ်။ တစ်ခုတည်းကဆိုတာ လုံးဝမဖြစ်နိုင်ဘူး...."

ဂျန်ဖန်း အမှန်ကိုဖုံးကွယ်မထားပဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းတို့ကိုရိုးရိုးသားသားပြောရရင်..."

"ငါမြင်တဲ့သံစဥ်မှတ်တမ်းက မင်းတို့မြင်တာနဲ့ မတူဘူး..."

"ငါအဲ့တာကိုကြည့်လိုက်တဲ့အခါမှာ, သံစဥ်မှတ်တမ်းနာမည်က "ကျားနဂါးဟိန်းသံ"တဲ့။ မင်းတို့မြင်တဲ့ "အစီရင်ချိုးဖြတ်ခြင်းသံစဥ်" မဟုတ်ဘူး...."

ထိုအရာကိုကြားသည့်အခါ...

ခန်းမအတွင်းအပြင်ရှိ လူတိုင်း စဥ်းစားခန်းဝင်သွားကြ၏။

ထိုအရာက မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ပြောစကားတွေအရ အချို့ခက်ခဲသည့်အမွေအနှစ်တွေက ညံ့ဖျင်းသည့်နားလည်နိုင်စွမ်းနှင့် မြင့်မားသည့်နားလည်နိုင်စွမ်းအကြား အမြင် မတူကြပေ။

နားလည်နိုင်စွမ်းညံ့ဖျင်းသည့်သူက အပေါ်ယံသာမြင်နိုင်ပြီး မြင့်မားသည့်နားလည်နိုင်စွမ်းနှင့်သူကတော့ အမွေအနှစ်၏အနှစ်သာရကို မြင်ရ၏။

ဤ "အစီရင်ချိုးဖြတ်ခြင်းသံစဥ်"က ထိုကဲ့သို့အရာဖြစ်နိုင်၏။

မဟုတ်လျှင် တူညီသည့်သံစဥ်မှတ်တမ်းက ဂျန်ဖန်းတီးခတ်ချိန်၌ ကမ္ဘာတုန်လောက်သည့်စွမ်းအားမျိုးထွက်ပေါ်လာတာ ရှင်းပြစရာမရှိတော့ပေ။

ဖုန်ချောင်ဟွမ်တီးခတ်သည့်အခါ၌ မြေပြင်မှာ ခြစ်ရာလေးသာ ချန်ထားနိုင်ခဲ့သည်။

သို့ပေမယ့်...

ဤအရာက ဖုချောင်ဟွမ်အတွက် လက်ခံနိုင်လို့မရပဲ ပြတ်သားစွာပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...."

"ငါ့နားလည်နိုင်စွမ်းက တကယ်ပဲ မင်းထက်နိမ့်တယ်လား? တကယ်ပဲ ကောင်းကင်နဲ့ မြေကြီးလောက်ကွာခြားတယ်ပေါ့?....."

သူက ရာစုနှစ်တစ်ခုမှာတစ်ခါသာပေါ်သည့် ပါရမီရှင်အဖြစ်ကျော်ကြား၏။

ထိုအခိုက်အတန့်၌, ဂုန်ချိုင်းယီ ပြန်လည်တည်ငြိမ်သွား၏။

ဂျန်ဖန်းနောက်ကျောကိုကြည့်ပြီး မနေနိုင်ပဲ လေအေးတွေရှူသွင်းလိုက်၏။

သူမ ဂျန်ဖန်းနားလည်နိုင်စွမ်းကို ကောင်းကောင်းနားလည်သည်ဟု အမြဲထင်ထားခဲ့၏။

ယခုမှသာ သူမသိထားတာက ရေခဲတောင်၏ထိပ်ဖျားလေးသာ ဖြစ်ကြောင်း နားလည်လိုက်၏။

မျက်လုံးတွေ၌ အလွန်သဘောကျမှုတွေပြသနေပြီး ဤကဲ့သို့ပါရမီရှင်တစ်ယောက်သာ စိတ်ဝိညာဥ်သားရဲဂိုဏ်းတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးလိုက်၏။

အမ်?...

ဖုချောင်ဟွမ်၏စိတ်ခံစားချက်ပေါက်ကွဲမှုကိုကြားသည့်အခါ ဂုန်ချိုင်းယီ အနည်းငယ်စာနာသွား၏။

ဖုချောင်ဟွမ်နားလည်နိုင်စွမ်းက တကယ်ထူးခြားပြီး ဂိုဏ်း ၉ ဂိုဏ်း၌ အကောင်းဆုံးလို့ သတ်မှတ်နိုင်၏။

ကံမကောင်းစွာပဲ, မှားယွင်းသည့်ခေတ်မှာ မွေးဖွာလာခဲ့သည်။

သူက ဂျန်ဖန်းနှင့်တစ်ခေတ်တည်းမှာ မွေးဖွားလာခဲ့၏။

ဂျန်ဖန်းလောင်းရိပ်အောက်မှာ တစ်ဘဝလုံးနေရဖို့ ကံကြမ္မာပါလာပြီးသားဖြစ်သည်။

သူမက ညင်သာစွာသက်ပြင်းချပြီး ပြောလိုက်သည်။

"မင်းကိုယ်မင်းလှည့်စားနေတာ ရပ်လိုက်ပါ...."

"ဂျန်ဖန်း အသံနည်းစနစ်က "အစီရင်ချိုးဖြတ်ခြင်းသံစဥ်"က လာတာမဟုတ်ရင်တောင်, အခုလိုစွမ်းအားကြီးအသံနည်းနစ်စမျိုးနားလည်နိုင်တဲ့ သူ့နားလည်နိုင်စွမ်းက မင်းထက်နိမ့်မယ်ထင်နေတာလား?..."

ထိုမေးခွန်းက ဖုချောင်ဟွမ်ကို ပြောစရာစကားကင်းမဲ့သွားစေ၏။

သူက သူ့ကိုယ်သူ အသံလမ်းစဥ်ပါရမီအဖြစ်မှတ်ယူထား၏။ သို့ပေမယ့် သူနားလည်ထားသည့် အသန်မာဆုံး သံစဥ်နည်းစနစ်က ဂျန်ဖန်းနားလည်ထားသည့်အရာနှင့်တောင် မယှဥ်နိုင်ခဲ့ပေ။

"ငါမင်းကိုပြောခဲ့သားပဲ။ ကိုယ့်ကိုယ်ကို အရှက်မခွဲပါနဲ့လို့...."

ဂုန်ချိုင်းယီ ဂျန်ဖန်းဘေးကိုလျှောက်သွားပြီး ပြောလိုက်သည်။

"ဒီဂိုဏ်းချုပ်က ဂျန်ဖန်းကိုပိုသဘောကျပြီး မင်းကို အထင်သေးနေတယ်လို့ မင်းထင်နေတယ်...."

"ဒါပေမယ့် မင်းတွေးကြည့်ဖူးလား? ဒီဂိုဏ်းချုပ်က ဘာလို့အဲ့လိုလုပ်ရလဲဆိုတာ..."

"မင်းဒီဂိုဏ်းချုပ်ရဲ့ခွန်အားကိုသံသယဝင်လို့ရပေမယ့် ငါ့ရဲ့တွေးခေါ်နိုင်စွမ်းကို သံသယမဝင်နဲ့....."

ထိုအရာကိုကြားသည့်အခါ, ဖုချောင်ဟွမ် လုံးဝကို ရှက်သွား၏။

သူတွေးနိုင်တာက သူ၏ဂုဏ်အယူရဆုံးနယ်ပယ်၌ နာမည်မရှိသည့်အမှိုက်ကောင်တစ်ကောင်၏နင်းခြေမှုကို ခံလိုက်ရတာပဲဖြစ်သည်။

တွင်းတစ်ခုရှာပြီးသာ ဝင်ပုန်းလိုက်ချင်တော့၏။

ရှက်ရွံ့စွာပဲပြောလိုက်သည်။

"မဟာအကြီးအကဲ, ငါတို့သွားရအောင်...."

သူက စိတ်ဝိညာဥ်သားရဲဂိုဏ်း၌ နောက်ထပ် မနေချင်တော့ပေ။

မင်ရိုလန်လည်း အတော်လေးရှက်နေ၏။

မကြာသေးခင်က ပြင်ပဂိုဏ်းတပည့်တစ်ယောက်ကို အလွန်လေးစားနေသည့်အတွက် သူမ စိတ်ဝိညာဥ်သားရဲဂိုဏ်း ပါရမီရှင်သမီးတော်ကိုလှောင်ပြောင်ခဲ့၏။

ယခု, သူမ၏ဂုဏ်အယူရဆုံးတပည့်က ထိုပြင်ပဂိုဏ်းတပည့်၏ အပြင်းအထန်နင်းခြေခြင်းကို ခံလိုက်ရ၏။

သူမခေါင်းညိတ်လိုက်၏။ ထိုနောက်မှာသာ တစ်ခုခုပြောဖို့ အမှတ်ရသွား၏။

"ငါတို့ဒီရောက်မှတော့, ဒီလိုမျိုးတော့ ထွက်မသွားသင့်ဘူး...."

သူမက ဂုန်ချိုင်းယီကို အရိုအသေပေးပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဂုန်, မင်းတို့ဂိုဏ်းမှာ ပြီးမြောက်ဖို့လိုသေးတဲ့ အမြင့်ပိုင်းတာဝန်တွေကျန်သေးလား..."

ဂုန်ချိုင်းယီ သူမနဖူးကိုရိုက်လိုက်၏။

"ငါ မေ့တော့မလို့ပဲ..."

စိတ်ဝိညာဥ်သားရဲဂိုဏ်းက အဆင့်မြင့်တာဝန်များစွာ လက်ခံရရှိခဲ့ပြီး ထိုအရာတွေကို တစ်ခါတည်းမပြီးမြောက်နိုင်ပေ။

ယခု ဖုချောင်ဟွမ်လိုပြင်ပဂိုဏ်းပါရမီရှင်တပည့်တစ်ယောက်ရှိနေသည်ဖြစ်၍ သူက တာဝန်အချို့ကူညီပေးနိုင်၏။

"ဒါပေါ့, ရှိတာပေါ့...."

သူမ ချက်ချင်းပဲ ကျောက်စိမ်းစာလိပ်ထုတ်လိုက်၏။ အားလုံးက အဆင့် ၁၊ အဆင့် ၂ တွေဖြစ်သည့် အဆင့်မြင့်တာဝန်တွေဖြစ်ကြ၏။

ထို့နောက် ဂျန်ဖန်းကိုတွေးမိပြီး ပြောလိုက်သည်။

"မင်းလည်း တစ်ခုယူရမယ်...."

ဂျန်ဖန်းက အရမ်းသန်မာပြီး ကြာပန်းနက်ကိုတောင် သတ်နိုင်၏။

သူမ ဘယ်လိုလုပ် သူ့ကို လွတ်ပေးနိုင်မည်နည်း။

မမျှော်လင့်စွာပဲ...

ဂျန်ဖန်း တွေဝေမနေပဲ တုံ့ပြန်လိုက်၏။

"ကျွန်တော် စိတ်ဝိညာဥ်သားရဲဂိုဏ်းက တာဝန်တွေကို မယူရဲပါဘူး...."

ဟမ်?....

ဂုန်ချိုင်းယီ ကြောင်အသွား၏။

All Chapters