← Chapters

ဆုလဒ်နှစ်ဆ

Vol. 18 Ch. 254

ဆုလဒ်နှစ်ဆ

Vol. 18 Ch. 254

"ဘာလို့ဒီလိုပြောတာလဲ...."

ဂုန်ချိုင်းယီ ပဟေဠိဖြစ်သွား၏။

ကြာပန်းနက်ဓားပြအဖွဲ့ကိုသုတ်သင်နိုင်သည့် ဂျန်ဖန်းခွန်အားဖြင့် အနည်းဆုံး အဆင့် ၁ တာဝန်ကိုယူသင့်၏။

အဆင့် ၂ တာဝန်လုပ်ဆောင်တာလောက်ကတော့ ပြဿနာမဖြစ်သင့်ပေ။

ထို "မလုပ်ရဲပါဘူး" ဟူသည့်စကားက ဘယ်ကရောက်လာရသနည်း။

ဂျန်ဖန်း စဥ်းစားသည့်အမူအရာဖြင့် ပြောလိုက်သည်။

"ငါထင်တာတော့ မင်းရဲ့စိတ်ဝိညာဥ်သားရဲဂိုဏ်းက ပစ်မှတ်ထားခံနေရပြီ...."

"ကြာပန်းနက်ဓားပြအဖွဲ့ ချုံခိုတိုက်ခိုက်ရတဲ့အကြောင်းအရင်းက စီနီယာအမကျန်ရွယ်မိုတို့ပို့ဆောင်တဲ့ စိတ်ဝိညာဥ်ဝံပုလွေတွေကို လုယက်ဖို့ ဖြစ်နိုင်ချေများတယ်...."

ပထမတော့ ဂျန်ဖန်းလည်း ချုံခိုတိုက်ခိုက်မှုက သူတို့ဆီဦးတည်သည်ဟု ထင်ခဲ့၏။

သို့ပေမယ့် သေချာတွေးကြည့်လိုက်သည့်အခါ သူတို့ပို့ဆောင်သည့်စိတ်ဝိညာဥ်ဆေးတွေက ကြာပန်းနက်ဓားပြအဖွဲ့အတွက် အသုံးမဝင်ပေ။

ကျန်းရွယ်မိုတို့အဖွဲ့ကိုတွေ့သည့်အခါ ရုတ်တရက် သူနားလည်သွားခဲ့သည်။

ဂုန်ချိုင်းယီမျက်လုံးတွေ ထက်ရှလာ၏။

"မင်းပြောတာ တစ်ယောက်ယောက်က ကြာပန်းနက်ဓားပြအဖွဲ့ဆီ သတင်းရောင်းခဲ့တယ်ပေါ့..."

ကျန်းရွယ်မိုတို့တာဝန်က လျို့ဝှက်ချက်မဟုတ်သော်လည်း စိတ်ဝိညာဥ်သားရဲဂိုဏ်းအတွင်း၌သာသိ၏။

ဘယ်လိုလုပ် ကြာပန်းနက်အဖွဲ့သိသွားပြီး လမ်း၌ ချုံခိုတိုက်ခိုက်ရသနည်း။

ရှင်းလင်းစွာပင်, စိတ်ဝိညာဥ်သားရဲဂိုဏ်းမှ တစ်စုံတစ်ယောက်က သတင်းပေါက်ကြားစေခဲ့တာပင်။

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။

"သေချာပေါက် ကြာပန်းနက်အဖွဲ့ဆီပဲ ရောင်းလိုက်တာမဖြစ်နိုင်ဘူး...."

"ခုကာလမှာ ကပ်ဘေးက ဂိုဏ်း ၉ ဂိုဏ်းကို ရောက်လာတော့မှာဆိုတော့ လူတိုင်း စိုးရိမ်တထိတ်ထိတ်ဖြစ်နေကြတာ..."

"အရေးကြီးအရင်းအမြစ်ရတာက အင်းအားစုတိုင်းရဲံ ထိတ်တန်းဦးစားပေးပဲ..."

"ပြီးတော့ စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ စိတ်ဝိညာဥ်သားရဲတွေက တိုက်ပွဲမှာ ကူညီနိုင်တယ်။ သေချာပေါက် အရေးကြီးအရင်းအမြစ်တွေထဲကတစ်ခုပေါ့...."

"ကြာပန်းနက်ဓားပြအဖွဲ့ပဲ မင်းတို့ကို ပစ်မှတ်ထားနေတာ မဖြစ်နိုင်ဘူး...."

ထိုအရာကိုကြားသည့်အခါ ယွမ်ကျီယုနှင့် အခြားငယ်ရွယ်သည့်တပည့်တွေ တုန်လှုပ်သွားကြ၏။

သို့ပေမယ့် မင်ရိုလန်က ဂျန်ဖန်းကို လေးနက်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ထိုဂျန်ဖန်း ကောင်းကင်သံစဥ်ဂိုဏ်းကို အရှက်ခွဲသည့်အတွက် မကျနေသော်လည်း အသက်ရွယ်နှင့်မလိုက်သည့်ဉာဏ်ပညာကိုပိုင်ဆိုင်ထားတာတော့ ဝန်ခံရမည်ပင်။

ဂိုဏ်း ၉ ဂိုဏ်းတာဝန်တွေ မစတင်ခင် ဂိုဏ်းအချို့ အမည်မသိအင်းအားစုတွေ၏ ပစ်မှတ်ထားခြင်းခံရမည်ဟု ဂိုဏ်းချုပ်က သူမနှင့်ဆွေးနွေးခဲ့သည်။

စိတ်ဝိညာဥ်သားရဲဂိုဏ်းက အာရုံအစိုက်ခံဆုံးဖြစ်မည်ပင်။

ဂျန်ဖန်းလိုဂျူနီယာတစ်ယောက်က ဤကဲ့သို့အတွေးအခေါ်မျိုးရှိနေမယ်လို့ သူမ မထင်ထားခဲ့ပေ။

ယှဥ်ကြည့်လျှင်, သူတို့တပည့် ဖုချောင်ဟွမ်က ထိုအရာတွေကို လုံးဝနားမလည်ပေ။

"အထင်ကြီးစရာပဲ...."

ဂုန်ချိုင်းယီ၏လှပသည့်မျက်လုံးတွေ တဖြတ်ဖြတ်တောက်ပနေ၏။

"ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက ဒီလိုအတွေးအခေါ်မျိုးရှိတယ်။ အနာဂတ်မှာ မအောင်မြင်ဖူးဆိုမှ ခက်နေအုန်းမယ်..."

သူမက ရက်ရက်ရောရော ချီးကျူးလိုက်၏။

"မင်းမှန်တယ်...."

ဂုန်ချိုင်းယီ အလေးအနက်ပြောလိုက်သည်။

"ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းက တကယ်ပဲ ဓားပြတွေရဲ့ အဓိကပစ်မှတ်ပဲ..."

"ငါ ဒါကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို အတော်ကြာတကည်းက တင်ပြခဲ့တယ်..."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းကလည်း တပည့်တွေ ရဲရဲဝင့်ဝင့်တက်တက်ကြွကြွနဲ့တာဝန်တွေဆောင်ရွက်အောင်လို့ အဆင့်၁ တာဝန်တွေရဲ့ဆုလဒ်ကို နှစ်ဆတိုးမြှင့်ပေးခဲ့တယ်...."

ထိုအရာကိုကြားသည့်အခါ, ဂျန်ဖန်းတောင် မနေနိုင်ပဲ ဆွဲဆောင်ခံလိုက်ရ၏။

စိတ်ဝိညာဥ်သားရဲဂိုဏ်းတာဝန်တွေ လုပ်ဆောင်လျှင် သေချာပေါက် အန္တရာယ်များ၏။ သို့ပေမယ့် ဆုလဒ်က အလွန်များ၏။

"ဒီတော့, မင်းကြိုစားကြည့်ချင်ရင် ဒီ အဆင့် ၁ တာဝန်တွေထဲက ရွေးနိုင်တယ်..."

"လုံခြုံရေးကိုစိတ်ပူတယ်ဆိုလဲ ငါမင်းအတွက် အဆင့် ၃ တာဝန်အချို့လည်း ရှာပေးနိုင်တယ်..."

ဂုန်ချိုင်းယီ ဂျန်ဖန်းအပေါ် သဘောထားကြီးလွန်းလှ၏။

ရိုးရှင်းသည့်အဆင့်သုံး တာဝန်တွေက ပုံမှန်ဆို အလယ်အလတ်အဆင့်တပည့်တွေ အကျိုးပြုမှတ်ရဖို့ သီးသန့်ထားတတ်ပြီး အပြင်လူတွေအတွက် မပေးပေ။

ဂျန်ဖန်းသာ ဤကဲ့သို့အထူးအခွင့်ရေးမျိုးရရှိ၏။

အချိန်အတော်ကြာစဥ်းစားပြီးနောက်, ဂျန်ဖန်းပြောလိုက်သည်။

"ငါ အဆင့် ၁ တာဝန်ယူမယ်...."

ပထမဦးစွာ, ဆုလဒ်တွေက အမှန်တကယ် ဆွဲဆောင်မှုရှိလှ၏။

ဒုတိယအနေဖြင့်, သူက စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ အလယ်အလတ်နှင့်အဆင့်နိမ့်တပည့်တွေ၏ အဆင့်သုံးတာဝန်ကို လုမယူချင်ပေ။

"မင်း အဆင့် ၁ တာဝန်ရွေးမယ်ဆိုတာ ငါသိသားပဲ...."

ဂုန်ချိုင်းယီ ကျောက်စိမ်းစာလိပ်များစွာ ထုတ်ပြလိုက်၏။

"အရင် တစ်ခုရွေးလိုက်...."

ထိုအရာက ကြည့်နေသည့်ဖုချောင်ဟွမ်ကို တိတ်တဆိတ် မပျော်မရွင်ဖြစ်သွားစေ၏။

သူတို့နှစ်ယောက်က အဆင့် ၁ တာဝန်တွေ ရွေးချယ်ကြရာ ဘာကြောင့် ဂျန်ဖန်းက အရင်ရွေးရသနည်း။

ပိုသန်မာသူက အရင်ရွေးသင့်သည်မဟုတ်လား?....

သူက ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, အဆင့် ၁ တာဝန်တွေက ပြီးမြောက်ဖို့မလွယ်ကူဘူး။ မင်းလုပ်နိုင်စွမ်းအတွင်းပဲလုပ်တာ ပိုကောင်းမယ်နော်...."

သူက ဂျန်ဖန်းနားလည်နိုင်စွမ်းကို အသိအမှတ်ပြု၏။

သို့ပေမယ့် စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုသည့်ကောလဟာလတွေက အခြေအမြစ်မရှိတာတော့ မဟုတ်ပေ။

သူက အဆင့် ၁ တာဝန်ကိုလုပ်ဆောင်ဖို့ အရည်အချင်းပြည့်မှီသည်လား?....

ဂျန်ဖန်း အမူအရာကင်းမဲ့စွာပြောလိုက်သည်။

"ကိုယ့်ကိစ္စကို စိတ်ဝင်စားစမ်းပါ..."

ထို့နောက် အဆင့် ၁ တာဝန် ၁၀ ခုထဲမှ စတင်ရွေးချယ်လိုက်၏။

ဂရုတစိုက်စဥ်းစားချင့်ချိန်ပြီးနောက်, ကျောက်စိမ်းစာလိပ်တစ်ခုကို ကောက်ယူလိုက်သည်။

"ကြည့်ရအောင်, မင်ဘယ်တာဝန်ရွေးချယ်လိုက်လဲဆိုတာ..."

ဂုန်ချိုင်းယီ ကျောက်စိမ်းစာလိပ်ကိုယူလိုက်ပြီး အကြောင်းအရာကိုဖတ်လိုက်သည်။ ထိုအခါ သူမ၏လှပသည့်မျက်နှာလေး အနည်းငယ် ပြောင်းလဲသွား၏။

"ဘာလို့ဒီတစ်ခုကိုရွေးလိုက်တာလဲ..."

"နောက်တစ်ခုပြောင်းလိုက်...."

ဤကျောက်စိမ်းလိပ်၌ပါသည့်တာဝန်က မိုင်တစ်ထောင်သိမ်းငှက် ၁၀ ကောင်ကို ရမ္မက်ဂိုဏ်းသို့ပို့ဆောင်ပေးရမှာပဲဖြစ်သည်။

မိုင်တစ်ထောင်သိမ်းငှက်က ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ အမြန်ဆုံးပျံသန်းသားရဲတွေဖြစ်ကြသည်။

ချွင်းချက်မရှိပဲ...

၎င်းတို့က လက်ရှိသားရဲလှိုင်းခုခံကာကွယ်ရေး၌ အစားထိုးမရသည့် ထောက်လှမ်းရေးသားရဲတွေပဲဖြစ်သည်။

လက်ရှိ ဂိုဏ်း ၉ ဂိုဏ်းနယ်မြေတစ်ခုလုံး၌ စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာရှိသည့် ထိုသိမ်းငှက် ၁၀ကောင်သာ ရှိတော့၏။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမအမိန့်အရ, ၎င်းတို့အားလုံးကို ရမ္မဂိုဏ်း၏ အနောက်ဘက်စစ်မျက်နှာပြင်ကို ပို့ဆောင်ပေးရမည်ဖြစ်သည်။

၎င်းတို့၏အရေးကြီးမှုနှင့် အဖိုးတန်မှုက ပြောနေစရာကိုမလိုပေ။

ထိုတာဝန်ကိုလုပ်ဆောင်လိုက်လျှင် သံသယမရှိအောင် ပစ်မှတ်ထားခံရမည်ဖြစ်သည်။

ဖုချောင်ဟွမ် ကျောက်စိမ်းစာလိပ်ပါအကြောင်းအရာတွေကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။

"မင်းက မတန်မရာလုပ်ချင်နေတာပဲ...."

"ဒီတာဝန်က မင်းလုပ်နိုင်တဲ့ဟာမျိုးမိုလို့လား...."

"ငါ့တို့ကိုပေးလိုက်။ ငါတို့မှာ မဟာအကြီးအကဲရှိနေတော့ ပြဿနာရှိမှာမဟုတ်ဘူး...."

ဂုန်ချိုင်းယီလည်း ထပ်တူခံစားမိ၏။

ဤကဲ့သို့အရေးကြီးသည့်တာဝန် ဂျန်ဖန်းအားကိုင်တွယ်ခိုင်းတာ သူမအတွက် အမှန်တကယ် မလွယ်ကူပေ။

ပထမတစ်ချက်, သူမ စိတ်ဝိညာဥ်သားရဲတွေ ပျောက်သွားမှာ စိုးရိမ်၏။

ဒုတိယအချက်, ရမ္မဂိုဏ်းက သာရဲလှိုင်းရှေ့တန်းမှာရှိနေ၍ အချိန်မရွေးတိုက်ပွဲကွင်းပြင်ဖြစ်သွားနိုင်၏။

ပရမ်းပတာကိစ္စတွေက ကြိုတင်ခန့်မှန်းလို့မရပေ။

ဂျန်ဖန်း ထိုနေရာသို့သွားတာ အလွန်အန္တရာယ်များ၏။

"မစိုးရိမ်ပါနဲ့။ ငါ ဒီတာဝန်ကိုယူမယ်...."

ဂျန်ဖန်းကျောက်စိမ်းစာလိပ်ကိုပြန်ယူပြီး သူ့အင်္ကျီအိတ်ထဲထည့်လိုက်သည်။

သူ၏ခိုင်မြဲသည့်သဘောထားက ထင်ရှားလှ၏။

"မရဘူး, မင်းနောက်တစ်ခုရွေးရမယ်..."

ဂုန်ချိုင်းယီ အတင်းအကြပ်ပြောလိုက်သည်။

ဂျန်ဖန်း အဆင်ခြင်မဲ့ပြုလုပ်မှာကို သူမခွင့်မပြုနိုင်ပေ။

မိုင်တစ်ထောင်သိမ်းငှက်တွေ ရှုံးဆုံးရတာက အသေးအဖွဲပင်။

ဂျန်ဖန်း၏သေဆုံးမှုက အစားထိုးမရသည့် ရှုံးဆုံးမှုတစ်ခုပင်။

ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်။

"ဂိုဏ်းချုပ်, ကျေးဇူးပြုပြီး ဘေးဖက်တစ်ခဏလိုက်ခဲ့ပေးပါ...."

သူက ထောင့်နားကိုလျှောက်သွားလိုက်၏။

ဂုန်ချိုင်းယီ မျက်မှောင်ကြုတ်နေပြီး နောက်ကလိုက်သွားခဲ့သည်။ သူမက ခိုင်မာစွာပြောလိုက်သည်။

"မင်းဘာပြောပြော, အလုပ်မဖြစ်...."

ဂျန်ဖန်းလက်ထဲရှိ ကျောက်စိမ်းသေတ္တာကိုမြင်သည့်အခါ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွား၏။

သူမ၏လှပသည့်မျက်လုံးတွေ အံပေါက်လောက်ထိ ကျဥ်းမြောင်းသွား၏။

အပြစ်အနှာရှာကင်းမဲ့ပြီး လှပသည့်မျက်နှာကလည်း တုန်လှုပ်မှုတွေ အပြည့်ပင်။ သူမက မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။

"ဒါ... ဒါက..."

ဂျန်ဖန်း အလျှင်အမြန်ပဲ သူမနှုတ်ခမ်းလေးတွေကိုပိတ်ပြီး တိုးတိုးနေဖို့ပြောလိုက်သည်။

"ဂိုဏ်းချုပ် မင်းသိတာဘာမှမဖြစ်ဘူး။ ဒါပေမယ့် အပြင်တော့မပျံ့စေနဲ့လေဗျာ..."

ဂုန်ချိုင်းယီစိတ် အံ့အားသင့်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

သူမအမြင်မှားနေလားဟုတောင် သံသယဖြစ်မိ၏။

ဤအရာက မကြာသေးခင်မှ ဈေးမြင့်မြင့်ဖြင့်ရောက်ချထားသည့် သန္ဓေသားကျောက်စိမ်းတံဆိပ်မလား?....

သူမ ထိုအရာကိုအရယူဖို့ အကြီးအကဲတစ်ယောက်စေလွတ်ခဲ့၏။

ကံမကောင်းစွာပဲ, အဆုံးမှာ ဧရာမဂိုဏ်းမဟာအကြီးအကဲ တိုင်ပုပိုင် သလင်းကျောက်နှစ်သန်းဖြင့် ရရှိသွားခဲ့သည်။

သို့ပေမယ့် ယခု ဂျန်ဖန်းလက်ထဲမှာ ရောက်နေခဲ့သည်?...

ဂျန်ဖန်း ကျောက်စိမ်းသေတ္တာကို ပြန်သိမ်းလိုက်၏။

တာဝန်ရဖို့ သူက စွန့်စားလိုက်ခြင်းဖြစ်သည်။

ပုံမှန် အဆင့် ၁ တာဝန်က အကျိုးပြုမှတ် တစ်ရာသာရ၏။

သို့ပေမယ့် ဤမိုင်တစ်ထောင်သိမ်းငှက်ပို့ဆောင်သည့်တာဝန်က အကျိုးပြုမှတ် နှစ်ရာဖြစ်၏။

ဆုလဒ်နှစ်ဆကိုထပ်ပေါင်းလိုက်လျှင် အကျိုးပြုမှတ် ၄၀၀ ပင်။

"ဒီတော့, ဂိုဏ်းချုပ်ဂုန်...."

ဂျန်ဖန်း ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

ဂုန်ချိုင်းယီ ပြန်လည်တည်ငြိမ်လာပြီးနှုတ်ခမ်းတွေ လှုပ်ရှားသွားကာ ဂျန်ဖန်း ကျောက်စိမ်းအဆောင်ဘယ်လိုရခဲ့လဲ မေးချင်နေ၏။

သို့ပေမယ့် သူမသိချင်စိတ်ကို အတင်းဖိနှိပ်ထားလိုက်၏။

ထိုအရာက ဂျန်ဖန်းလျို့ဝှက်ချက်ဖြစ်ပြီး, စပ်စုလို့မကောင်းပေ။

တာဝန်ကိစ္စကိုပြန်လှည့်လိုက်တော့, သူမ၏ ဖြူဖွေးသည့်လက်ချောင်းလေးကိုဆန့်ထုတ်ကာ ဂျန်ဖန်းနဖူးကိုတောက်လိုက်၏။

ထို့နောက် အနည်းငယ် မျက်စောင်းထိုးပြီး ဆူပူလိုက်၏။

"ကောင်စုတ်လေး..."

"ဒီလိုပစ္စည်းမျိုးရှိတာ ဘာလို့အစောကတည်းက ထုတ်မပြတာလဲ...."

"ငါမင်းအတွက်စိုးရိမ်နေတာ မြင်ရတာ ပျော်နေတာလား...."

ပြောပြီးနောက် ထိုစကားက အတော်ဒွိဟဖြစ်စေတာကိုနားလည်လိုက်၏။

အလျှင်အမြန်ပဲ ခေါင်းစဥ်ပြောင်းလိုက်သည်။

"ကောင်းပြီလေ, ငါ အခုပဲ တာဝန်စီစဥ်မှုကို ကြေညာပေးမယ်...."

ဖုချောင်ဟွမ် ဂျန်ဖန်းပြန်လာတာကိုကြည့်လိုက်၏။ သူ့နှုတ်ခမ်းပေါ်၌ လှောင်ပြောင်သည့်အပြုံးတစ်ခုရှိနေခဲ့သည်။

"ဂိုဏ်းချုပ်ဂုန်မင်းကိုသဘောကျတာနဲ့ မင်းဆန္ဒတွေဖြည့်ပေးမယ်လို့ထင်နေတာလား..."

"သူမကဂိုဏ်းချုပ်တစ်ယောက်။ ပိုကြီးတဲ့ပုံရိပ်ကို ထည့်စဥ်းစားရမယ်..."

"အစစ်အမှန်အရည်အချင်းမရှိပဲနဲ့ ဒီလိုတာဝန်မျိုးရနိုင်မယ်လို့ ဘယ်လိုတောင်တွေးနိုင်ရတာလဲ...."

"တာဝန်ကို တိတ်တဆိတ်ပြန်ပေးလိုက်ပါ..."

အကျိုးပြုမှတ် ၂၀၀, ဆုလဒ်နှစ်ဆကိုထပ်ပေါင်းလိုက်လျှင် ထိုအရာကသူ့ကိုလည်း မယုံနိုင်လောက်အောင် ဆွဲဆောင်နိုင်၏။

သူက ဤတာဝန်ကိုရဖို့ ဆုံးဖြတ်ထား၏။

သို့ပေမယ့် ဂုန်ချိုင်းယီပြန်လာသည့်အခါ, သူမက အများရှေ့မှာပဲ မှတ်တမ်းတင်စာအုပ်ထုတ်ယူလိုက်သည်။

ထို့နောက် အမူအရာကင်းမဲ့စွာဖြင့် တာဝန်အောက်၌ ဂျန်ဖန်းနာမည်ကို မှတ်တမ်းတင်လိုက်၏။

All Chapters