ဂုန်ချိုင်းယီ၏စမ်းသပ်ခြင်း
Vol. 18 Ch. 255
ဖုချောင်ဟွမ် ကြောင်အသွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, ကျေးဇူးပြုပြီး ခဏနေပါအုန်း..."
"မင်း.. မင်းက ဂျန်ဖန်းကို ဒီတာဝန်လုပ်စေချင်တာလား...."
ထိုအရာက သူမျှော်လင့်ထားသည့်အရာနှင့် လုံးဝခြားနားနေခဲ့သည်။
ဖြစ်နိုင်တာ ဂုန်ချိုင်းယီက ကိစ္စကြီးတွေဘာတွေဂရုမစိုက်သည်အထိ ဂျန်ဖန်းကို အလိုလိုက်နေသည်လား?....
မင်ရိုလန်လည်း အလွန်အံ့အားသင့်နေပြီး အလေးအနက်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, ကျေးဇူးပြုပြီး ပြန်စဥ်းစားပါအုန်း...."
"မရေမတွက်နိုင်တဲ့အင်အားစုတွေက မိုင်တစ်ထောင်သိမ်းငှက်တွေပေါ်မှာ မျက်စိကျနေကြတယ်။ အဲ့ထဲမှာအားကောင်းတဲ့သိုင်းပညာမိသားစုများစွာလည်း အပါအဝင်ပဲ...."
"ငါတောင်မှ မိုင်တစ်ထောင်သိမ်းငှက်တွေကို လုံလုံခြုံခြုံပို့ပေးနိုင်မယ်လို့ အာမမခံနိုင်ဘူး...."
"ဂျန်ဖန်းဆိုရင်တော့ ပြောမနေနဲ့တော့...."
ဂုန်ချိုင်းယီ မကြားသလို ပြုမူလိုက်၏။
သူမ၏ကျောက်စိမ်းစုတ်တံဖြင့် တာဝန်အောက်မှာ ဂျန်ဖန်းနာမည်ကိုရေးလိုက်သည်။
ထိုအရာက ဖုချောင်ဟွမ်ကို စိုးရိမ်စိတ်နှင့်အတူ ဒေါသပါထွက်သွားစေ၏။
သူက အော်ပြောလိုက်သည်။
"ဂျန်ဖန်း, မင်း ဂိုဏ်းချုပ်ဂုန်ကို ဘာနဲ့လာဘ်ထိုးလိုက်တာလဲ...."
အစောပိုင်းကတင်, ဂုန်ချိုင်းယီ အပြင်းအထန် ဆန့်ကျင်နေခဲ့၏။
ထောင့်နားမှတီးတိုးပြောပြီးမှ သူမသဘောထား ၁၈၀ ဒီဂရီထိ ပြောင်းလဲသွားတာဖြစ်သည်။
မင်ရိုလန်လည်း ဒေါသထွက်သွား၏။
သူမ မယုံနိုင်စွာဖြင့်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, ဒါက ဂိုဏ်း ၉ ဂိုဏ်း သားရဲလှိုင်းကို ခုခံတဲ့ကိစ္စနဲ့ သက်ဆိုင်နေပါတယ်။ ကျေးဇူးပြုပြီး ပြန်စဥ်းစားပါအုန်း...."
"ဒီမိုင်တစ်ထောင်သိမ်းငှက် ၁၀ ကောင်က ရှုံးဆုံးလို့မရပါဘူး...."
သူမက ဖုချောင်ဟွမ်လို တိုက်ရိုက်မမေးသော်လည်း စိတ်ထဲ၌ ဂုန်ချိင်းယီ ဂျန်ဖန်းဆီမှ အကျိုးအမြတ်အချို့ရခဲ့တယ်လို့ သံသယရှိ၏။
မဟုတ်လျှင်, ဤအရာက အရမ်းပေါ့ဆလွန်းနေတာဖြစ်သည်။
ဂုန်ချိုင်းယီ လွမ်းမိုးနိုင်သည့်အရှိန်အဝါဖြင့် ပြောလိုက်သည်။
"ဒီဂိုဏ်ချုပ် ကိစ္စတွေ ဘယ်လိုကိုင်တွယ်တယ်ဆိုတာ မင်းတို့နဲ့မဆိုင်ပါဘူး...."
"ရမ္မဂိုဏ်းသွားရမဲ့တာဝန်က အတည်ပြုပြီးပြီ။ မင်းတို့တွေ အခြားတစ်ခုရွေးနိုင်တယ်...."
ဖုချောင်ဟွမ် ဒေါသထွက်လွန်း၍ သွားတွေ ယားလာ၏။
ဤကဲ့သို့ ဆုလဒ်များသည့် အဆင့် ၁ တာဝန်က အမှိုက်ကောင်လက်ထဲရောက်သွားခဲ့သည်။
မယုံနိုင်စရာပင်။
အကူအညီမဲ့စွာဖြင့်, သူတို့က အခြားတာဝန်တစ်ခုသာရွေးလိုက်ရ၏။
ထိုအရာက ဧရာမဂိုဏ်းသို့ သွားရတာဖြစ်သည်။
တာဝန်တွေအတည်ပြုပြီးသည့်အခါ ဂုန်ချိုင်းယီပြောလိုက်သည်။
"နေ့ဝက်နေရင် မင်းတို့တွေထွက်ခွာနိုင်ပြီ...."
စိတ်ဝိညာဥ်သားရဲတွေပြင််ဆင်ခြင်း၊ လှည်းတွေထုတ်ပိုးခြင်း၊ မထွက်ခွာခင်စစ်ဆေးခြင်း စတာတွေအားလုံးက အချိန်ပေးရ၏။
ထိုအချိန်ကိုအခွင့်ကောင်းယူပြီး သူက မြေကမ္ဘာဖီးနစ်မြက်ချင်ဆီနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ ချိုးဖြတ်နိုင်မလား ဂျန်ဖန်းသိချင်၏။
"ဂိုဏ်းချုပ်ဂုန်, ငါ့ကို ကျင့်ကြံရေးအခန်းတစ်ခန်းလောက် ခဏငှားပေးနိုင်မလား..."
ဂျန်ဖန်းမေးလိုက်သည်။
ဂုန်ချိုင်းယီ ချက်ချင်းပဲ သူ့ရည်ရွယ်ချက်ကို ခန့်မှန့်မိ၏။
သူမ သတိပေးလိုက်သည်။
"ငါ့အမြင်အရတော့, အဆင့်ချိုးဖြတ်ဖို့မကြိုးစားခင် သုံးရက်ထက်ပိုတဲ့အချိန်ရှိသင့်တယ်...."
"မြေကမ္ဘာဖီးနစ်မြက်ချင်ဆီရဲ့အာနိသင်ကအရမ်းပြင်းတယ်။ ဒါကြောင့် နည်းနည်းချင်း အသုံးပြုတာကောင်းတယ်...."
"တစ်ခါတည်းအကုန်သုံးလိုက်ရင်, မစုပ်ယူနိုင်ခင်မှာပဲ ဆေးစွမ်းအားအများအပြား အလဟသဖြစ်ကုန်လိမ့်မယ်....'
ဒီလိုလား?...
ဂျန်ဖန်းတစ်ခဏတွေးပြီး ပြောလိုက်သည်။
"ငါ ကြိုးစားကြည့်ချင်တယ်...."
မြေကမ္ဘာဖီးနစ်မြက်ချင်ဆီဆေးအာနိသင်က သူ၏ကြည်လင်သည့်စိတ်ဝိညာဥ်အမြစ်စုပ်ယူမှ လွတ်မြောက်နိုင်မည်လား?...
ဂုန်ချိုင်းယီ အကူအညီမဲ့စွာပြောလိုက်သည်။
"မင်းက တကယ်ခေါင်းမာတာပဲ..."
"ကောင်းပြီလေ, ငါကျင့်ကြံတဲ့ လျို့ဝှက်ခန်းကိုသုံးလိုက်။ ပထမဆုံး ပမာဏနည်းနည်းအရင်သုံးကြည့်။ မင်း ဒီဆေးရဲ့အာနိသင်ကို နားလည်သွားပါလိမ့်မယ်...."
ဖုချောင်ဟွမ်၏ မနာလိုသည့်မျက်လုံးတွေအောက်မှာပဲ, ဂုန်ချိုင်းယီ ဂျန်ဖန်းကို အဓိကခန်းမနောက်ရှိ မွေးကြိုင်သည့်လျို့ဝှက်ခန်းဆီ ခေါ်သွားခဲ့သည်။
အထဲ၌ ဂုန်ချိုင်းယီ အသုံးပြုလေ့ရှိသည့် ကျင့်ကြံရေးပစ္စည်းတွေရှိနေခဲ့သည်။
ကျင့်ကြံချိန်၌ လဲလှယ်သည့် ပိုသားသိုင်းဝတ်စုံအများအပြားနှင့်အတူ အောက်ခံအင်္ကျီ....
နေပါအုန်း, အောက်ခံအင်္ကျီ?...
ဂျန်ဖန်းအကြည့်က ထောင့်နားစင်ပေါ်ရှိ ပန်းထိုးထားသည့်ငွေရောင်အောက်ခံအင်္ကျီပေါ် ကျရောက်သွား၏။
သူက မနေနိုင်ပဲ ကို့ရို့ကားယား ခံစားလိုက်ရသည်။
"မင်း ဘာလို့မဝင်သေးတာလဲ...."
ဂုန်ချိုင်းယီ ဂျန်ဖန်းကို ပဟေဠိဖြစ်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။
သူ့အကြည့်နောက်လိုက်ကြည့်လိုက်သည့်အခါ သူမမျက်နှာ အနည်းငယ်နီရဲသွား၏။ အလျှင်အမြန်ပဲလျှောက်သွားပြီး သိုင်းဝတ်စုံတွေနှင့်အောက်ခံအင်္ကျီကို အတူတကွလုံးထွေးပြီး လက်မောင်းထဲပွေ့ကိုင်လိုက်၏။
ထို့နောက် နီးရဲသည့်မျက်နှာဖြင့် အခန်းအပြင်ကို လျှောက်ထွက်လာခဲ့သည်။
ဂျန်ဖန်းကို ဖြတ်သွားချိန်၌ သူ့ကို မကျေမနပ် မျက်စောင့်ထိုးလိုက်သည်။
"ငယ်ငယ်လေးနဲ့ မကောင်းတဲ့အကျင့်တွေ တတ်နေတယ်..."
"ကောင်းကောင်းလေ့ကျင့်..."
"နေ့ဝက်ကြာရင်, ငါ မင်းကျင့်ကြံရေးရလဒ်ကို စစ်ဆေးလှည့်မယ်...."
ပြောပြီးနောက် သူ့ဖင်ကိုပိတ်ကန်လိုက်ရာ အခန်းထဲတယိမ်းတယိုင်ဝင်သွားခဲ့သည်။
ထို့နောက် အခန်းတံခါးကိုပိတ်ချလိုက်သည်။
ဂျန်ဖန်း သူ့ဖင်ကိုပွတ်သတ်လိုက်ပြီး ပြောစရာစကားကင်းမဲ့နေ၏။
"မင်းဘာသာလျှောက်ထားပြီး အခုမှငါ့ကိုလာ အပြစ်တင်နေတယ်..."
"အတော်ကျိုးကြောင်းမဆီလျော်တာပဲ...."
အချိန်ကသိပ်မရှိ၍ သူက ဝက်ဝံသားရေဖျာပေါ်မှာ ခြေချိတ်ထိုင်လိုက်သည်။
ထို့နောက် မြေကမ္ဘာဖီးနစ်မြက်ချင်ဆီကိုထုတ်ကာ တွေဝေမနေပဲ သောက်ချလိုက်၏။
အသေအချာပင်။
ချက်ချင်းပဲ, ပူလောင်သည့်ခံစားမှုတစ်ခု မီးတောက်တစ်ခုလို သူ့ကိုယ်ထဲမှာ လိမ့်တက်လာခဲ့သည်။
အစွမ်းထက်ဆေးစွမ်းအင်က ခြေလက်အင်္ဂါနှင့် အရိုးတွေဆီပျံ့နှံ့သွားပြီး မယုံနိုင်လောက်အောင်သန့်စင်သည့်စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်ပေးနေ၏။
စိတ်ဝိညာဥ်စွမ်းအင်ပမာဏက အဆင့်မြင့် အမြုတေဖွဲ့စည်းခြင်းဆေးလုံးထက် အဆတစ်ရာလောက်ရှိ၏။
သာမန်လူတစ်ယောက်က အများဆုံးမှ ဆေးစွမ်းအင်၏ ၅၀ ရာခိုင်နှုန်းသာ စုပ်ယူနိုင်မည်ဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်းက ချွေးပေါက်တွေနှင့် အပ်စိုက်မှတ်ခုနှစ်ခုမှ စိမ့်ထွက်ပြီး အလဟသဖြစ်ကုန်မည်ပင်။
သို့ပေမယ့် ဂျန်ဖန်းအတွက်တော့, သူ၏ ကြည်လင်သည့်စိတ်ဝိညာဥ်အမြစ်နှင့်....
ထိုကဲ့သို့အရာမျိုးမဖြစ်ပေ။
သူ၏ကျင့်စဥ်နည်းစနစ်ကိုလှည့်ပတ်ပြီး စိတ်ဝိညာဥ်အမြစ်က အရပ်မျက်နှာအသီးသီးမှ စိတ်ဝိညာဥ်စွမ်းအင်အားလုံးကို ဧရာမသစ်ပင်ကြီးမှအမြစ်တွေကဲ့သို့ စုပ်ယူလိုက်၏။
ပေါက်ကွဲထွက်လာသည့်စိတ်ဝိညာဥ်စွမ်းအင်တွေကို တစွန်းတစမကျန်ပြောင်စင်အောင် စုပ်ယူပြီး သန့်စင်သည့်စိတ်ဝိညာဥ်စွမ်းအင်အဖြစ်သန့်စင်ကာ ဒန်ထျန်ထဲရှိ စိတ်ဝိညာဥ်ကန်ထဲ၌ သိမ်းဆည်းလိုက်၏။
နှစ်ရာရီကြာပြီးနောက်....
ဂျန်ဖန်း မျက်လုံးတွေ ဖြည်းညင်စွာ ဖွင့်လိုက်သည်။
ကိုယ်တွင်းကိုကြည့်လိုက်သည့်အခါ စိတ်ဝိညာဥ်ကန်ထဲ၌ တောက်ပသည့်စိတ်ဝိညာဥ်စွမ်းအင်ရည်တွေကိုတွေ့လိုက်ရပြီး ကန်တစ်ခုလုံးပြည့်လုနီးပါးပင်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ၈...."
ဂျန်ဖန်းမျက်လုံးတွေ ပျော်ရွင်မှုတွေပြသလာ၏။ သူ့စိတ်ဝိညာဥ်စွမ်းအင်က နှစ်ဆနီးပါးတိုးလာခဲ့သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းရောက်လေလေ, အဆင့်တစ်ခုစီရဲ့ကွာဟချက်က ကြီးလေလေပဲ..."
ကြာပန်းနက်လိုသန်မာသည့်ရန်သူနှင့် နောက်တစ်ကြိမ်ရင်ဆိုင်ရလျှင် အကွက်အများကြီးသုံးစရာမလိုတော့ဘူးဟု ဂျန်ဖန်း ယုံကြည်မှုရှိ၏။
သုံးကွက်အတွင်း တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဖြစ်သည်။
သူ့၌ နှစ်နာရီကျန်ရှိနေသေးတာမြင်သည့်အခါ အချိန်ဖြုန်းဖို့ အစီအစဥ်မရှိပေ။
သူသွားရမည့်နေရာက ရမ္မက်ဂိုဏ်းဖြစ်၏။
ထိုနေရာ၌ နတ်ဆိုးသားရဲတွေသောင်းကျန်းနေပြီး သားရဲလှိုင်းက အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။
ကောင်းကောင်းပြင်ဆင်ထားရမည်ပင်။
ချက်ချင်းပဲ ဆေးပင်အချို့ထုတ်ယူပြီး နေရာမှာပဲသန့်စင်လိုက်၏။
ခဏကြာပြီးနောက်....
အနီရောင်ပဲစေ့ပုံသဏ္ဍာန်ရှိသည့် သေးငယ်သည့်ဆေးလုံးတစ်ရာကျော် သန့်စင်ပြီးသွားပြီဖြစ်သည်။
နတ်ဆိုးသားရဲတွေကိုအထူးဆွဲဆောင်နိုင်သည့်ရနံ့ကြောင့် သူ့အိတ်ကြီးထဲမှာ ဟောက်အိတ်နေသည့် ချီလင်းလေး ခေါင်းပြူထွက်လာ၏။
သူ့နှာခေါင်းကိုတရှုံ့ရှုံ့လှုပ်ရင်း ဆေးလုံးတွေနား ချည်းကပ်လာပြီး ပါးစပ်က သားရည်တွေစီကျနေခဲ့သည်။
အိမ်မှုံစဝါးမျက်လုံးတွေဖြင့် ဂျန်ဖန်းကို စိတ်ချင်ဆက်သွယ်ပြီး ပြောလိုက်သည်။
"သခင်က အရမ်းကြင်နာတာပဲ။ ငါ့အတွက် ဆေးလုံးတွေ ထပ်လုပ်ထားပြန်ပြီ...."
သို့ပေမယ့်....
သူ ဆေးလုံးတွေကိုအနီးကပ်ကြည့်လိုက်သည့်အခါ, အလျှင်အမြန်ပဲ နောက်ဆုတ်သွား၏။
မျက်လုံးတွေပြူးကျယ်လာပြီး လုံးလုံးလျားလျားနိုးကြားသွား၏။
သူက မာန်ဖီပြီး ပြောလိုက်သည်။
"သခင်, မင်း ဘာလို့ဒီပစ္စည်းကို လုပ်တာလဲ..."
လေဟာနယ်ကိုခုန်ကူးနိုင်ပြီး အကြောက်အလန့်မရှိသည့်သားရဲတစ်ကောင်ဖြစ်သည့်သူက ဂျန်ဖန်းလက်ထဲ ဘယ်လိုကျရှုံးခဲ့သည်ကို မမေ့သေးပေ။
ဟုတ်ပါသည်။ ထိုအရာက ဤနတ်ဆိုးသားရဲတွေကိုသေလောက်အောင်ဆွဲဆောင်နိုင်သည့် ဆေးလုံးတွေကြောင့်ပင်ဖြစ်သည်။
အဲ့တုန်းက တစ်လုံးစားပြီး နေရာတင် မေ့လဲသွားခဲ့တာဖြစ်သည်။
နိုးလာသည့်အခါ၌ ဂျန်ဖန်းက သူ့ကို ပေါင်းစားရမလား၊ ကျော်စားရမလား၊ စွပ်ပြုတ်လုပ်သောက်ရမလား စသည့်မေးခွန်းများစွာမေးခဲ့၏။
ဤဆေးလုံးတွေကို နောက်တစ်ကြိမ်မြင်ရသည့်အခါ မနေနိုင်ပဲ ဒေါသတကြီး မာန်ဖီလိုက်၏။
"ဒါမင်းအတွက်မဟုတ်ပါဘူး။ ဘာတွေကြောက်နေတာလဲ..."
ဂျန်ဖန်း ဆေးလုံးအားလုံးကို ကျောက်စိမ်းပုလင်းထဲထည့်လိုက်သည်။
ထိုအခိုက်အတန့်၌, ဂုန်ချိုင်းယီအပြင်ဘက်မှ တံခါးခေါက်လာ၏။
"မင်းကျင့်ကြံတာဘယ်လိုလဲ..."
ဂျန်ဖန်း အလျှင်အမြန်ပဲ ချီလင်းလေးခေါင်းကိုပြန်ထည့်ပြီး ပြောလိုက်သည်။
"ထွက်မလာခဲ့နဲ့...."
ထို့နောက် တည်ငြိမ်စွာ တံခါးဖွင့်လိုက်သည်။
ဂုန်ချိုင်းယီလျောက်ဝင်လာပြီး ကျောက်တုံးတံခါးကို သာမန်အတိုင်း ပိတ်လိုက်၏။
အရမ်းမကျယ်သည့်ခန်းမထဲ၌ သူတို့နှစ်ယောက်သာရှိ၏။
ထိုအရာက ဂျန်ဖန်းအား အစောပိုင်းမြင်တွေ့ခဲ့သည့်အောက်ခံအင်္ကျီကို အလိုလိုပြန်တွေးမိစေပြီး နှလုံးခုန်သံတွေ မြန်ဆန်လာ၏။
"ဂိုဏ်းချုပ်, မင်းဘာလုပ်နေတာလဲ..."
ဂုန်ချိုင်းယီလည်း အတော်လေးဒွိဟဖြစ်စေသည့်လေထုကိုခံစားမိပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"မင်းမှာ သန္ဓေသားကျောက်စိမ်းတံဆိပ်ရှိပေမယ့် ငါ မင်းကိစ္စတိုင်းကို မကိုင်တွယ်နိုင်မှာ စိုးရိမ်နေတုန်းပဲ..."
"ငါ့ကို အားကုန်သုံးတိုက်ခိုက်ပါ။ မင်းရဲ့ အစစ်အမှန်ခွန်အားကို စမ်းသပ်ပေးမယ်...."
အစစ်အမှန်ခွန်အား?....
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
အဆင့်ချိုးဖြတ်ပြီးနောက် သူ့ခွန်အား ဘယ်လောက်သန်မာလာလဲ သူလည်း သိချင်၏။
"ကောင်းပြီလေ။ ဂိုဏ်းချုပ်, ဂရုစိုက်ပါ..."
ဂျန်ဖန်း သူမကို သတိပေးလိုက်သည်။
ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်ကို လှုံ့ဆော်လိုက်၏။
"ဂရုစိုက်ရမယ်....."
ဂုန်ချိုင်းယီ ရယ်လိုက်၏။
သူမက ဂုဏ်သရေရှိဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။
ဂျန်ဖန်းက ဘယ်အဆင့်မိုလို့နည်း?....
သူက သူမကိုတောင် ထိနိုင်မှာတဲ့လား...
"လုပ်စရာရှိတာသာ လုပ်စမ်းပါ..."
ဂျန်ဖန်းမျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်, ဂရုမမူပဲမနေပါနဲ့။ ထိခိုက်သွားရင် မကောင်းဘူး...."
ထိခိုက်မယ်?...
ဂုန်ချိုင်းယီ ရယ်ချင်သွားသလို ဒေါသလည်းထွက်သွား၏။
"ကောင်းပြီ, ကောင်းပြီ, မင်းပြောတဲ့အတိုင်းပဲပေါ့....."
သူမကပြုံးပြီး သာမန်ကာဆန်ကာ သူမ၏ စိတ်ဝိညာဥ်စွမ်းအင် ၁၀ ပုံ ၁ ပုံကို လက်ဝါးမှာ စုစည်းလိုက်သည်။
ခုခံဖို့လုံလောက်၏။
ဂျန်ဖန်း ခေါင်းညိတ်ပြီး တွေဝေနေတာကို ရပ်တန့်လိုက်သည်။
မှော်ရတနာမသုံးပဲ သူ၏အားကောင်းဆုံးနည်းစနစ်ဖြစ်သည့် "ကောင်းကင်ဘုံလက်ချောင်းသိုင်း" ကို အသုံးပြုလိုက်သည်။
ချက်ချင်းပဲ စိတ်ဝိညာဥ်စွမ်းအင်အားလုံးကို ထုတ်လွတ်ကာ...
သူက ဟိန်းဟောက်လိုက်၏။
"အရှေ့ရပ်မှ ခရမ်းရောင်စွမ်းအင်...."
လက်ညိုးညွှန်လိုက်သည့်အခါ တောက်ပသည်အရမ်းရောင်စွမ်းအင်အလင်းတန်းက ဂုန်ချိုင်းယီဆီ တည့်တည့်မတ်မတ် ပြေးဝင်သွား၏။
ဂုန်ချိုင်းယီပြုံးပြီး သူမလက်ဝါးကို မြောက်လိုက်သည်။
ညင်သာစွာပဲ ခရမ်းရောင်စွမ်းအင်ကိုကာပြီး ရွင်လန်းစွာပြောလိုက်သည်။
"မဆိုးဘူး၊ မင်းက လက်ချောင်းနည်းစနစ် အသစ်တစ်ခု သင်ခဲ့တာပဲ..."
ဂျန်ဖန်း မိုခယ်ကျောက်နံရံမှ မြေကမ္ဘာအဆင့် လက်ချောင်းသိုင်းတစ်ခု နားလည်ခဲ့တာ သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။
သို့ပေမယ့်....
ထိုသို့ပြောလိုက်စဥ်မှာပဲ...
သူမမျက်နှာပေါ်ရှိ အပြုံးတွေ ပျောက်ကွယ်သွား၏။
အဘယ်ကြောင့်ဆိုသော်, သူမလက်ဝါးမှ ပူလောင်သည့်နာကျင်မှုကို ခံစားလာရသောကြောင့်ပင်။
လက်ဝါးမှာစုစည်းထားသည့် စိတ်ဝိညာဥ်စွမ်းအင် ၁၀ ပုံ ၁ ပုံ....
ထိုးဖောက်ခံလိုက်ရပြီပင်။