နောင်တ
Vol. 18 Ch. 256
ဂုန်ချိုင်းယီနှလုံးသားတုန်ယင်သွား၏။
သူမက အမြုတေဖွဲ့စည်းခြင်း နောင်းပိုင်းအဆင့်ဖြစ်၏။
စိတ်ဝိညာဥ်စွမ်းအင် ၁၀ ပုံ ၁ ပုံပဲသုံးလျှင်တောင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ၏တိုက်ခိုက်မှုကို ခုခံနိုင်ဖို့ လုံလောက်၏။
ဂျန်ဖန်း တကယ်... တကယ်ပဲ ချိုးဖောက်နိုင်ခဲ့၏။
သူမကိုပိုထိတ်လန့်သွားစေတာက ခရမ်းရောင်အလင်းတန်း သူမလက်ဝါးကို ဆက်လက်ထိုးဖောက်နေတာပဲဖြစ်သည်။
အလျှင်အမြန်ပဲ သူမစိတ်ဝိညာဥ်စွမ်းအင်အားလုံးလည်ပတ်လိုက်၏။
ထိုအခါမှသာ ထိုအလင်းတန်း သူမလက်ကိုထိုးဖောက်သွားရာမှ ခုခံနိုင်လိုက်၏။
ခရမ်းရောင်အလင်းတန်းပျောက်ကွယ်သွားသည်နှင့် ဂုန်ချိုင်းယီလက်ဝါး နာကျင်မှုကြောင့် ပူလောင်လာ၏။ မကြည့်ပဲနှင့်တောင် ဒဏ်ရာရသွားပြီမှန်း သူမသိ၏။
နှုတ်ခမ်း အနည်းငယ်တွန့်လိမ်သွားပြီး နာကျင်သည့်အမူအရာအချို့ ပြသလိုက်၏။
"ဂိုဏ်းချုပ်, မင်းအဆင်ပြေရဲ့လား...."
ဂျန်ဖန်း သူမမျက်နှာပေါ်ရှိနာကျင်မှုကိုသတိထားမိသည့်အခါ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ငါကြောင့်မင်းဒဏ်ရာရသွားတယ်? မဖြစ်နိုင်တာ...
ငါက တကယ် အဲ့လောက်တောင် သန်မာတာလား?...
ဂုန်ချိုင်းယီ အလျှင်အမြန်ပဲ သူမအမူအရာကို တည်ငြိမ်အောင်လုပ်လိုက်၏။
သူမ အခြေခံတည်ဆောက်ခြင်းအဆင့် ကောင်လေးတစ်ယောက်ကြောင့် ဒဏ်ရာရသွားတာကို ဘယ်လိုလုပ်ဝန်ခံနိုင်မည်နည်း။
ထိုစကားသာအပြင်ပျံ့သွားလျှင်, သူမဂုဏ်သိက္ခာကိုမည်သို့ထိန်းသိမ်းရမည်နည်း။
ဒဏ်ရာနှင့်လက်ကိုနှောက်ပစ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"မင်း ဘာတွေတွေးနေတာလဲ...."
"ဒီအဆင့်စွမ်းအားက ငါ့ကို ဒဏ်ရာရစေမှာတဲ့လား..."
ဂျန်ဖန်း အများကြီးသံသယ်မရှိပေ။
အဆုံးမှာတော့ နယ်ပယ်ကွာဟမှုက ကြီးမားလွန်း၏။
သူက ဘယ်လိုလုပ် သူမကို ဒဏ်ရာရစေနိုင်မည်နည်း။
မနေနိုင်ပဲ ချီူးကျူးလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်စွမ်းအားနက်နဲမှုက တကယ်အံ့အားသင့်စရာပဲ...."
"ကျွန်တော့်ကို နည်းနည်းလောက် အလေးအနက်ထားမယ်ထင်ခဲ့တာ မမျှော်လင့်ပဲ မင်းက သာမန်ကာဆန်ကာပဲ ခုခံခဲ့တယ်..."
"အနာဂတ်မှာ ငါ နှစ်ဆကြိုးစားရတော့မှာပဲ...."
အံ့သြတယ်?...
ဂုန်ချိုင်းယီ သူမလက်က နာကျင်မှုကိုခံစားမိပြီး ထိုကောင့်ကိုရိုက်ချင်သွား၏။
သူမသာ အချိန်မှီနောက်မဆုတ်လိုက်လျှင် သူမလက် သူ့ကြောင့် ပေါက်ထွက်သွားမည်ပင်။
ဤကောင်က အခြေခံတည်ဆောက်ခြင်းအဆင့်မှာတောင် အရမ်းကြမ်းနေပြီဖြစ်ရာ အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်သည့်အခါ ဘယ်လောက်တောင်သန်မာလိုက်မည်နည်း။
အောက်သိုးသိုးမျက်နှာဖြင့် ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့...."
"ကျင့်ကြံရာခြင်းက ရေဆန်မှာလှေလော်နေရသလိုပဲ။ ရှေ့ကိုဆက်လှော်မနေရင် နောက်ရောက်သွားလိမ့်မယ်...."
"နှိမ့်နှိမ့်ချချနေ, နားလည်လား..."
"အခု သွားကြစို့၊ မင်းပို့ရမယ့် မိုင်တစ်ထောင်သိမ်းငှက် ၁၀ ကောင်ရပြီးရင် ထွက်ခွာတော့...."
ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။
သူက ရိုးသားသည့်မျက်လုံးတွေဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ဒီလိုအဆူခံရအောင် ငါဘာလုပ်မိလို့လဲ?...
မိန်းမတွေရဲ့စိတ်က တကယ်နားလည်ရခက်ပါလား....
ခေါင်းခါယမ်းပြီး ဂုန်ချိုင်းယီနောက်ကနေ ခန်းမအပြင်ကို ထွက်လာခဲ့သည်။
ဂုန်ချိုင်းယီ ရှေ့ကလျှောက်လာပြီး လက်ဝါးကနာကျင်မှုက ပိုဆိုးလာသည့်အတွက် တိတ်တဆိတ်အံကြိတ်လိုက်သည်။
အတော်လေးမကျေနပ်သည့်အသံဖြင့် ပြောလိုက်သည်။
"ဒါနဲ့စကားမစပ်, မင်းက ဘယ်အဆင့်မှာလဲ...."
သူမလက်ကို ဤကဲ့သို့ နာကျင်စေ၏။
ထိုအရာက တကယ်ပဲ ကျိုးကြောင်းမဆီလျော်ပေ။
ဂျန်ဖန်း ဖုံးကွယ်မထားပဲပြောလိုက်သည်။
"မြေကမ္ဘာဖီနစ်မြက်ချင်ဆီမရခင်ကထိတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ပါ...."
ခဏရပ်ပြီး ထပ်ပေါင်းပြောလိုက်သည်။
"အခုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ပါ....."
ဘာ?....
ဂုန်ချိုင်းယီ အေးခဲသွားပြီး သူမခြေလှမ်းတွေကို ရုတ်ချည်းရပ်တန့်လိုက်၏။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် တဖက်လှည့်ကြည့်လိုက်သည်။
သူမမျက်လုံးတွေက ပြူးကျယ်နေ၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ၇?....
လွန်ခဲ့သည့်တစ်လ တိမ်စိမ်းဂိုဏ်းသိုင်းပြိုင်ပွဲ၌ ဂျန်ဖန်း အခြေခံတည်ဆောက်ခြင်းအဆင့် ၄ သာရှိသေး၏။
ဘယ်လိုလုပ် ရုတ်တရက်ကြီး အဆင့် ၇ ကို ခုန်တက်သွားရသနည်း။
ထိုအရာက ဘယ်လို ကောင်းကင်ဆန့်ကျင်သည့် ကျင့်ကြံရေးအရှိန်ကြီးနည်း။
ထို့ပြင်....
မြေကမ္ဘာဖီးနစ်မြက်ချင်ဆီသောက်ပြီးနောက်, တိုက်ရိုက်ပဲ အဆင့် တစ်ခု ချိုးဖြတ်ခဲ့သည်။
နှစ်နာရှိတည်းနှင့်ဖြစ်သည်။
ဤကဲ့သို့ စိတ်ဝိညာဥ်ပစ္စည်းမျိုးက အပြည့်အဝချေဖျက်ဖို့ အကြိမ်များစွာ ခွဲသောက်ဖို့ လိုအပ်၏။
ဂျန်ဖန်း ခေါင်းငုံ့လမ်းလျှောက်လာပြီး အစောပိုင်း ဂုန်ချိုင်းယီ သူ့ကိုဆူရသည့်အကြောင်းကို စဥ်းစားနေခဲ့သည်။
သူ့ရှေ့မှာ ဂုန်ချိုင်းယီ ရုတ်တရက် ရပ်လိုက်တာကို သတိမထားမိပေ။
သူ သူမခြေထောက်တွေကိုမြင်သည့်အခါ သူ့ခေါင်းက နူးညံ့ပျော့ပျောင်းသည့်အရာတစ်ခုနှင့် တိုက်မိသွားခဲ့ပြီဖြစ်သည်။
တစ်ခဏရပ်ပြီးနောက် ဘာဖြစ်သွားလဲဆိုတာနားလည်သွားပြီး အလျှင်အမြန်ပဲကြောက်လန့်တကြား နောက်ဆုတ်လိုက်သည်။
သူက ဂုန်ချိုင်းယီမျက်လုံးတွေကိုမကြည့်ရဲပဲ မျက်နှာလွဲကာ တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်, ကျွန်တော်မမြင်လိုက်လို့ပါ...."
တကယ်တော့ ဂုန်ချိုင်းယီလည်း သူ့ကို မကြည့်ရဲပေ။
သူမမျက်နှာ၌ ထူးဆန်းသည့်အမူအရာတစ်ခု ဖြတ်ပြေးသွားပြီး အလျှင်အမြန်တစ်ဖက်လှည့်လိုက်၏။ ထို့နောက် ပုံမှန်မဟုတ်သည့်အသံဖြင့် ပြောလိုက်သည်။
"သွား... သွားစို့...."
သူမက သူမ၏ထုံကျဥ်သွားသည့်ရင်ဘတ်ကို မသိမသာဖိကာ အနည်းငယ်မသက်မသာဖြစ်သွား၏။
ဘာတွေဖြစ်ကုန်သနည်း။
ဘာကြောင့် ဂျန်ဖန်းနှင့် ဤကဲ့သို့မသင့်လျော်သည့်ကိစ္စတွေက ထပ်ခါထပ်ခါဖြစ်နေရသနည်း။
ပထမတစ်ခါ, စိတ်လှုပ်ရှားပြီး ပွေ့ဖက်ခြင်းပင်။
ထို့နောက် သူမအောက်ခံအင်္ကျီကို သူရှင်းရှင်းလင်းလင်းမြင်သွား၏။
ယခုတစ်ချိန်၌, သူက....
ထိုမတော်တဆမှုအားလုံးက ရည်ရွယ်ချက်ရှိရှိ မဟုတ်သော်လည်း ဂုန်ချိုင်းယီိကို အနည်ငယ်မသက်မသာခံစားစေ၏။
ရှုပ်ထွေးသည့်စိတ်ခံစားချက်တွေဖြင့် သူမ ဂျန်ဖန်းကို စိတ်ဝိညာဥ်သားရဲတောင်ခြေသို့ ခေါ်လာခဲ့သည်။
တောင်ခြေ၌ မြင်းဆယ်ကောင် ဘီးတပ် သစ်သားပြားကျယ်ကြီး တစ်ခုစီ ဆွဲထားကြ၏။
သစ်သားပြားတစ်ခုစီပေါ်၌ ကြီးမားသည့် အနက်ရောင်ငှက်ကြီးတစ်ကောင်စီ ရှိနေခဲ့သည်။
ရွှေရောင်နှုတ်သီး၊ တစ်ကိုက်လောက်ကျယ်ပြန့်သည့်တောင်ပံတွေနှင့် ဓားကဲ့သို့ထက်ရှသည့်ခြေသည်းတွေရှိကြ၏။
မြင်းတွေက ခေါင်းငုံ့ထားပြီး နားခံစွာပဲ ၎င်းတို့ကို ဆွဲလာခဲ့သည်။ အသံတစ်သံတောင်မထွက်ရဲပေ။
ဤအရာက သူတို့၏ခြိမ်းခြောက်နိုင်စွမ်းဆိုတာ သိသာလှ၏။
"ဆရာ, ဂျူနီယာမောင်လေးဂျန်...."
ယွမ်ကျီယု ချည်းကပ်လာ၏။
သူမဆရာနှင့် ဂျန်ဖန်းကြားရှိလေထု အနည်းငယ်ထူးဆန်းနေတာ တွေ့လိုက်သည့်အခါ သူမအံ့အားသင့်သွား၏။
သူမဆရာက အမူအရာကင်းမဲ့နေပြီး ပုံမှန်လို ဂျန်ဖန်းအပေါ် နွေးထွေးပျော်ရွင်မှုတွေ ကင်းမဲ့နေ၏။
ဂျန်ဖန်းလည်း လေးလေးစားစားပဲ ဂုန်ချိုင်းယီနှင့် အကွာအဝေးထိန်းထားခဲ့သည်?
သူမ တိတ်တဆိတ်သိချင်သွား၏။
သူတို့ကြားမှာ တစ်ခုခုများဖြစ်ခဲ့သည်လား?...
သေချာပေါက်ပင်။ သူမမမေးရဲပေ။
မသိသလိုဟန်ဆောင်လိုက်ပြီး ဂျန်ဖန်းကို ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ဒါတွေက မိုင်တစ်ထောင်သိမ်းငှက်တွေပဲ....."
"ဒီမှာ သူတို့ရဲ့ သံကြိုးသော့။ သေသေချာချာလေးသိမ်းထား...."
သူမက သော့တွဲတစ်တွဲ ဂျန်ဖန်းကို ပေးလိုက်သည်။
ထိုမှသာ ဂျန်ဖန်းလည်း သိမ်းငှက်တစ်ကောင်ချင်စီ၏ခြေချင်းဝတ်ရှိ မှင်ကဲ့သို့မဲနက်နေပြီး ထူးဆန်းသည့်သံချိန်းကြိုးကြီးတွေကို သတိထားမိလိုက်၏။
ထိုအရာတွေက သိမ်းငှက်တွေ အမိန့်မနာပဲ ခရီးသွားချိန်အတွင်း ထွက်ပြေးခြင်းမှ ကွာကွယ်ဖို့ဖြစ်သည်။
"ကောင်းပါပြီ...."
သူက သော့တွဲကို သူ့အိတ်ထဲထည့်သိမ်းလိုက်၏။
ထို့နောက် မြင်းဆယ်ကောင်ကိုကြည့်ပြီး ဒုက္ခများသလို ခံစားလိုက်ရ၏။
သူတစ်ယောက်တည်း သုံးခု ငါးခုလောက်တော့ စီစဥ်နိုင်၏။
သို့ပေမယ့် ဆယ်ခုကြီးကြတော့, သူတို့သာ တိုက်ခိုက်ခံရလျှင် အတော်လေးရုန်းကန်ရမည်ပင်။
သူ၏စိုးရိမ်မှုကိုမြင်သည့်အခါ ယွမ်ကျီယု ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ဒီတာဝန်က အဖွဲ့ဝင်လေးယောက်တာဝန်ပါ..."
"မင်းက တစ်ယောက်တည်းသွားနိုင်သလို အခြားအဖွဲ့ဝင်သုံးယောက်လည်း ခေါ်နိုင်တယ်...."
"ဒါက မင်းရမယ့် အကျိုးပြုမှတ်ကို မသက်ရောက်စေပါဘူး..."
"ငါ့မှာ တာတန်ရှိပြီးသားဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ။ မဟုတ်ရင်, သေချာပေါက် မင်းနဲ့အဖွဲ့ဖွဲ့တယ်..."
သူမက မနာလိုနောင်တရစွာဖြင့် ကြည့်လိုက်သည်။
ဤအချိန်၌, စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်များစွာ တောင်ခြေမှာ စုးဝေးနေကြ၏။
အထူးသဖြင့်, ချင်းချိုင်းဟီ၊ ချူရှင်းမန်နှင့် ခုချိန်ထိထွက်မသွားသေးသည့် ယီလန်ရှင်းတို့လိုလူတွေဖြစ်ကြ၏။
လုရှင်းဟီတောင် တောင်ခြေမှာရှိနေဆဲဖြစ်သည်။
ထိုအရာကိုကြားသည့်အခါ, ချင်းချိုင်းဟီနှင့် ချူရှင်းမန်တို့ စိတ်ဝင်စားလာကြသည်။
ဤအရာက အကျိုးပြုမှတ် ၄၀၀ ရသည့် ထိပ်တန်းတာဝန်ဖြစ်သည်။
မည်သူက စိတ်မဝင်စားပဲနေမည်နည်း။
သို့ပေမယ့် ဤအရာက အခြေခံတည်ဆောက်ခြင်းအဆင့် ၅ တပည့်တွေ ရနိုင်သည့် တာဝန်မဟုတ်ပေ။
ထို့ကြောင့် နှစ်ယောက်သား မချိပြုံးပြုံးလိုက်ကြသည်။
သူမတို့က အသိတရားရှိစွာဖြင့် ဆန္ဒကို ဖိနှိပ်ထားလိုက်ကြ၏။
မမျှော်လင့်စွာပဲ, ဂျန်ဖန်း ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ အမျိုးသမီးနှစ်ယောက်ကို မြင်သည့်အခါ သူက လက်ယက်ခေါ်လိုက်သည်။
"ဂျူနီယာညီမချူ, စီနီယာအမချင်, မင်းတို့ဘာတွေစောင့်နေတာလဲ...."
"မိုင်တစ်ထောင်သိမ်းငှက်တွေပို့ဆောင်ဖို့ ငါကိုလာကူကြလေ..."
ဟမ်?....
ချင်းချိင်းဟီ သူမကိုသူမ ညွှန်ပြလိုက်၏။
"နင်ဆိုလိုတာ, ငါတို့လည်း ဒီတာဝန်ကို ယူလို့ရတယ်ပေါ့..."
ချူရှင်းမန် ချက်ချင်းပဲ လက်ခါယမ်းလိုက်သည်။
"မဟုတ်ဘူး, မဟုတ်ဘူး, ငါတို့က ဒါအတွက် အရည်အချင်းမပြည့်မှီပါဘူး...."
"စီနီယာအကိုဂျန်, နင် ပိုသန်မာတဲ့အဖွဲ့ဝင်ရှာသင့်တယ်...."
ဂျန်ဖန်း နွေးထွေးစွာပြုံးလိုက်သည်။
"ငါတို့က တစ်ဖွဲ့တည်းသားတွေမဟုတ်ဘူးလား...."
"လာခဲ့ကြ...."
ဆွဲဆောင်မှုရှိလှသည့်ဆုလဒ်ကြောင့် သူက သန်မာသည့်အဖွဲ့ဝင်ရှာဖို့ မခက်ပေ။
သို့ပေမယ့် ပြဿနာက, ဤအန္တရာယ်များသည့်ခရီး၌ သူ အခြားလူတွေကို မယုံပေ။
ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့က သူနှင့်တစ်လမ်းလုံးခရီးသွားလာကြသည့် အဖွဲ့ဝင်တွေဖြစ်ကြသည်။
သူမတို့ စွမ်းအားက အနည်းငယ်နိမ့်ကျသော်လည်း သိမ်းငှက်တွေကို စောင့်ပေးရင် လုံလောက်ပြီဖြစ်သည်။
ရန်သူတွေကိုတော့ သူကိုင်တွယ်မည်ပင်။
မိန်းခလေးနှစ်ယောက် တွေဝေနေပြီး ဂျန်ဖန်းဘေးကို ဖြည်းညင်းစွာ လျှောက်လာလိုက်သည်။
ချူရှင်းမန် မသေချာသည့်ပုံစံဖြင့် ပြောလိုက်သည်။
"စီနီယာအကိုဂျန်, ငါ နင့်ကို ဆွဲချမိမှာ စိုးရိမ်တယ်...."
ချင်းချိုင်းဟီလည်း တွေဝေနေ၏။
"နင် အခြားလူရှာတာ ပိုကောင်းမယ်ထင်တယ်...."
ဂျန်ဖန်း သူမတို့ကို ရွေးချယ်စရာမပေးပေ။
သူက ချူရှင်းမန်ကိုမပြီး လေးကောင်မြောက်မြင်းပေါ်တင်ပေးလိုက်သည်။
"မင်းက လေး,ငါး,ခြောက် မြင်းတွေတို ကိုင်တွယ်လိုက်...."
ထို့နောက် ချင်းချိုင်းဟီကို ခုနှစ်ကောင်မြောက်မြင်းပေါ် တင်ပေးလိုက််သည်။
"မင်းက နောက်ဆုံးမြင်းလေးကောင်ကို ကိုင်တွယ်လိုက်...."
သူတို့တာဝန်တွေကိုစီစဥ်ပြီးနောက်, ဂျန်ဖန်း ထွက်ခွာဖို့ပြင်ဆင်လိုက်၏။
ထိုအခိုက်အတန့်၌, တွေဝေနေသည့်ပုံရိပ်တစ်ခု ချည်းကပ်လာပြီး ကို့ရို့ကားယား ပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်, ငါ့အတွက်ကော..."
"ငါလည်း အဖွဲ့ဝင်တစ်ယောက်ပဲလေ...."
သူ့ထက်အားနည်းသည့် ဂျူနီယာညီမနှစ်ယောက် အကျိုးပြုမှတ် ၄၀၀ တန် ထိပ်တန်းတာဝန်ကြီး ရသွားတာမြင်သည့်အခါ သူ ဆက်ပြီး ငြိမ်ငြိမ်မနေနိုင်တော့ပေ။