← Chapters

လူမှုဆက်ဆံရေး

Vol. 18 Ch. 257

လူမှုဆက်ဆံရေး

Vol. 18 Ch. 257

ထို့ကြောင့် အခြားလူတွေ၏ပုံမှန်မဟုတ်သည့်အကြည့်တွေကိုတောင့်ခံပြီး အရှက်မရှိ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဂျန်ဖန်း သူ့ကို ထူးမခြားနားစွာကြည့်ပြီး မစဥ်းစားပဲပြောလိုက်သည်။

"သုံးယောက်ဆို လုံလောက်ပြီ...."

"စီနီယာအကိုလု, ကိုယ့်ဘာသာတာဝန်တစ်ခု ယူလိုက်ပါ...."

သူစိတ်ကုန်၏။

စိတ်ပျက်စရာကောင်ကို တစ်လမ်းလုံးခေါ်သွားပြီး ကိုယ့်ဒုက္ခကိုယ်ရှာရမည်လား?.....

လုရှင်းဟီ စိုးရိမ်လာ၏။

သူ့စွမ်းရည်ဖြင့် အများဆုံးမှ အဆင့် ၃ တာဝန်ပဲယူနိုင်မည်ဖြစ်သည်။

သို့ပေမယ့် ဂိုဏ်းတိုင်း၏အဆင့်နိိမ့်တာဝန်တွေက သူတို့ကိုယ်ပိုင်တပည့်တွေအတွက်တောင် မလောက်ငရာ ဘယ်လိုလုပ် အပြင်လူကို ပေးမည်နည်း။

ပေးခဲ့လျှင်တောင်, ရှေ့ရှိတာဝန်၏ တစ်ရာခိုင်နှုန်းတောင် တန်ဖိုးမရှိပေ။

"ဂျူနီယာညီလေးဂျန်, ငါတို့အားလုံးက တစ်ဖွဲ့တည်းသားတွေပါ။ မင်း ဒီလိုဘက်လိုက်လို့မရဘူးလေ...."

အကျိုးပြုမှတ် ၄၀၀ အတွက် သူက မျက်နှာအပျက်ခံနိုင်၏။

ဂျန်ဖန်းရယ်လိုက်၏။

မငြင်းခုန်တော့ပေမယ့် ဆက်တိုက်ကို အနှောက်အယှက်ပေးနေခဲ့သည်။

သူ့အမူအရာ အနည်းငယ်အေးစက်လာ၏။

"တစ်ဖွဲ့တည်းဆိုတာ အရင်တာဝန်အတွက်ပဲ....."

"ငါတို့ပစ္စည်းတွေလက်လွဲပြီးကတည်းက ဒါဟာ အဆုံးသတ်သွားပြီ...."

"ပြီးတော့, ငါဘက်လိုက်ရင်တောင်, ဘာဖြစ်လဲ....."

ထိုအခိုက်အတန့်၌...

လုရှင်းဟီ လက်လျော့ဖို့ဆန္ဒမရှိသေးပဲ ဒေါသတကြီးပြောလိုက်သည်။

"ဂျန်ဖန်း, မင်း အဝေးကြီးမသွားနဲ့နော်...."

"ငါမင်းကို စကားနဲ့ပဲ ရန်စမိတာ။ ဒီလောက် သဘောထား သေးသိမ်နေစရာ မလိုဘူး...."

"မင်း ယောက်ျားကော ဟုတ်ရဲ့လား..."

ဂျန်ဖန်း မျက်လုံးတွေ မှေးကျဥ်းသွား၏။

သူက အမြဲ ကျိုးကြောင်းဆီလျော်သည့်လူတွေကိုပဲ တုံ့ပြန်၏။

သွားပုတ်လေလွင့်အပြည့်နှင့်ပြသနာရှာသူတွေကိုတော့ လက်သီးတစ်ချက်က လုံလောက်ပြီဖြစ်သည်။

သူ လှုပ်ရှားတော့မည်အချိန်မှာပဲ...

ယီလန်ရှင်း နောက်ထပ်သည်းမခံနိုင်တော့ပဲ, ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း...."

"နင် မရှက်ဘူးလား...."

အတူခေါ်သွားဖို့ အရှက်မရှိမေးတာက တစ်ကြောင်း။

သို့ပေမယ့် ငြင်းခံရသည့်အခါ ကြမ်းကြမ်းတမ်းတမ်းပြောဆိုတာကတော့....

ဤကဲ့သို့ဝမ်းကွဲမျိုးရှိတာ သူမအတော်လေး ရှက်၏။

လုရှင်းဟီ နှာမှုတ်လိုက်၏။

"နင့်ကိစ္စနင် စိတ်ဝင်စားစမ်းပါ...."

"ဒီနေ့, ဂျန်ဖန်းငါ့ကို ဖြေရှင်းချက်မပေးရင်, ငါအလွတ်ပေးမှာ မဟုတ်ဘူး...."

ယီလန်ရှင်း အတော်လေးကို ရှက်နေပြီဖြစ်သည်။

လုရှင်းဟီက ကန်းကုန်အောင် အရှက်ကင်းမဲ့နေခဲ့သည်။

သူမ အခွင့်ရေးသမားတွေကိုမြင်ဖူးပေမယ့် ဤလောက်ထိမျက်နှာပြောင်တိုက်သည့်လူကိုတော့ တစ်ခါမှမမြင်ဖူးပေ။

သူမမျက်နှာကို ပိုပူလောင်သွားစေတာက, လုရှင်းဟီက ဂျန်ဖန်းနှင့် စာရင်းရှင်းချင်နေတာဖြစ်သည်။

သူက ဂျန်ဖန်းခွန်အားကို လုံးဝကို နားမလည်ပေ။

လုရှင်းဟီ နောက်ထပ်စကားပြောတာ ရပ်တန့်ဖို့....

ယီလန်ရှင်း ဒေါသတကြီးအမူအရာဖြင့် ခြေတစ်လှမ်းတည်းဖြင့် ရှေ့သို့ပြေးထွက်လာခဲ့သည်။

လုရှင်းဟီ မျက်နှာ ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။

"နင်ဘာလုပ်နေ..."

ဖြန်း!

အား....

အော်ဟစ်သံထွက်ပေါ်လာ၏။

လုရှင်းဟီ အများရှေ့မှာပဲ ယီလန်ရှင်း၏ အကြင်နာမဲ့စွာ ပါးရိုက်ခြင်းကို ခံလိုက်ရသည်။

မျက်နှာယောင်ကိုင်းသည်အထိ အရိုက်ခံနေရပြီး အကြိမ်ကြိမ်တောင်းပန်ခါမှ ရပ်တန့်သွားခဲ့သည်။

"နင် အရှက်မရှိတဲ့ကောင်, ထွက်သွားစမ်း..."

ယီလန်ရှင်း ဒေါသတကြီးပြောလိုက်သည်။

လုရှင်းဟီ အတော်ရှက်သွားပြီး နောက်ထပ် မရှုပ်ရဲတော့ပေ။

သူက ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့ကို မနာလိုစွာသာ ကြည့်နိုင်ပြီး နောင်တရတွေနှင့် ထွက်ပြေးသွားတော့၏။

ယီလန်ရှင်း အသက်ပြင်းပြင်းရူလိုက်၏။ ထို့နောက် တောင်းပန်သည့်အမူအရာဖြင့် ဂျန်ဖန်းနားချည်းကပ်လာကာ လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"မင်းကို ရယ်စရာဖြစ်စေလို့ တောင်းပန်ပါတယ်, ဂျူနီယာမောင်လေးဂျန်...."

"သူ့ကို ကောင်းကောင်းဆုံးမဖို့ ချက်ချင်း ငါ့ဦးလေးဆီ စာရေးလိုက်ပါ့မယ်...."

"အဲ့ကောင်က ပိုပိုပြီး စည်းမဲ့ကမ်းမဲ့လာပြီ...."

သူမက စိတ်ထဲမှာ သက်ပြင်းချပြီး ချင်ချိုင်းဟီနှင့် ချူရှင်းမန်ကို ကြည့်လိုက်သည်။

ထို့နောက် လုရှင်းဟီကို ကြည့်လိုက်သည်။

အားလုံးက တစ်ဖွဲ့တည်းဖြစ်ကြသော်လည်း သူတို့ဆုလာဘ်တွေက ကွာခြားလှ၏။

သူမလုရှင်းဟီကို အရင်ကပြောခဲ့သလိုပဲ သူမဝမ်းကွဲက အခွင့်အရေးကြီးတစ်ခုကို လွဲချော်သွားခဲ့သည်။

သူမ မမျှော်လင့်ထားတာက...

ထိုအရာက အရမ်းမြန်မြန်ကြီး ဖြစ်လာတာပဲဖြစ်သည်။

ဂျန်ဖန်းပြောလိုက်သည်။

"ထားလိုက်ပါ...."

ယီလန်ရှင်း စိတ်ထဲမှာ ပိုလို့တောင် သက်ပြင်းချလိုက်၏။

ဂျန်ဖန်းသဘောထားကြီးမှုကိုကြည့်ပြီးနောက် လုရှင်းဟီကို ကြည့်လိုက်သည်။

ရိုရှင်းစွာပဲ နှိုင်းယှဥ်လို့မရပေ။

သူမက နောက်တစ်ကြိမ်လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ဒါဆိုလည်း ငါ ဂျူနီယာမောင်လေးဂျန်တို့ လမ်းခရီး အဆင်ပြေချောမွေ့ဖို့ ဆုတောင်းပေးပါတယ်...."

ထို့နောက် မြင်းပေါ်ရှိ ချင်ချိုင်းယီနှင့် ချူရှင်းမန်တို့ကိုကြည့်ပြီး သူမတကယ် မနာလိုဖြစ်၏။

ဤအရာက အကျိုးပြုမှတ် ၄၀၀ တန်ထိပ်တန်းတာဝန်ဖြစ်၏။

တပည့်အများစု သားရဲလှိုင်းပြီးလျှင်တောင် ဤပမာဏရမည်မဟုတ်ပေ။

ဤကံကောင်းသည့်မိန်းခလေးနှစ်ယောက်, သူတို့က ဂျန်ဖန်းသဘောကျမှုကို ရရုံလေးဖြင့် ကောင်းကင်ပေါ်တက်လှမ်းသွားခဲ့သည်။

"စီနီယာအမယီ, မင်း ငါတို့နဲ့လိုက်မလား...."

သို့ပေမယ့် ဂျန်ဖန်း ရုတ်တရက် မေးလိုက်သည်။

ယီလန်ရှင်း အငိုက်မိသွားပြီး အံ့အားသင့်သွား၏။

"ငါ?, ဂျူနီယာမောင်လေးဂျန်, နင်က ငါ့ကို နင်တို့နဲ့အတူသွားဖို့ ဖိတ်ခေါ်နေတာလား...."

ဤအရာက စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်တွေကို အံ့အားသင့်သွားစေ၏။

သူတို့မျက်လုံးတွေက ယွမ်ကျီယုနှင့် ယီလန်ရှင်းကြား ရွေ့လျားနေခဲ့သည်။

ဂျန်ဖန်းက ယွမ်ကျီယုနှင့် ပိုရင်းနှီးသည်မဟုတ်လား?...

ဘာကြောင့် နောက်ဆုံးအဖိုးတန်နေရာကို ယီလန်ရှင်းအား ပေးလိုက်ရသနည်း။

သူတို့နှစ်ယောက်က အဆင်မှမပြေတာ....

ယွမ်ကျီယု နှလုံးသား ရုတ်တရက် နာကျင်သွားပြီး ဂျန်ဖန်းကို မကျေနပ်စွာကြည့်လိုက်သည်။

သိကျွမ်းမှုအရဆိုလျှင် သူမက ဂျန်ဖန်းကို ယီလန်ရှင်းထက် အချိန်အတော်ကြာကတည်းကသိခဲ့တာဖြစ်သည်။

ခင်မင်မှုအရမှာလည်း, ဂျန်ဖန်းပြဿနာဖြစ်သံကြားသည့်အခါ သူမ အရင်ဆုံးရောက်လာခဲ့၏။

သို့ပေမယ့် ဤကဲ့သို့ကောင်းမွန်သည့်အခွင့်အရေးကို ဂျန်ဖန်းက သူမပြိုင်ဘက်ယီလန်ရှင်းအား ပေးလိုက်၏။

သစ္စာဖောက်ခံရသလိုခံစားရပြီး ဒေါသထွက်သွား၏။

မည်သူသိမည်နည်း။

ဂျန်ဖန်း ရုတ်တရက် အသံပြောင်းသွားပြီး မေးလိုက်သည်။

"အို?, စီနီယာအမယီ, စီနီယာအမယွမ်က မင်းကို မပြောဖူးလား...."

"မင်းကို နောက်ဆုံးနေရာပေးဖို့ စီနီယာအမယွမ်ပဲ ပြောခဲ့တာ...."

"သူမမင်းကို မပြောဘူးလား...."

အမ်?...

ယွမ်ကျီယု ကြောင်သွား၏။

ဘယ်သူက ယီလန်ရှင်းအတွက် ပြောပေးသနည်း။

ငြင်းဆန်ဖို့ ပါးစပ်ဟလိုက်ပေမယ့် ဂုန်ချိုင်းယီကြောင့် ရပ်တန့်သွားခဲ့သည်။

ယီလန်ရှင်းလည်း အံ့အားသင့်နေပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

"ဒီနေရာက ဂျူနီယာညီမယွမ် ငါ့ကိုပေးတာ?...."

သူမက ယွမ်ကျီယုကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ဂျန်ဖန်း စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"စီနီယာအမယွမ်ပြောတာ, သားရဲလှိုင်းက လာတော့မယ်တဲ့။ ဘယ်လောက်များများ အသက်ရှင်ကျန်ခဲ့မလဲ ဘယ်သူမှ မသိနိုင်ဘူးတဲ့..."

"နောင်တတွေမကျန်ရအောင် အတိတ်က မကျေနပ်ချက်တွေ ကိုဖြေရှင်းသင့်တယ်တဲ့..."

ယီလန်ရှင်းသာမကပေ။

အနီးနားရှိတပည့်တွေတောင် ခံစားသွားကြရ၏။

ဟုတ်ပါသည်။ ဘေးအန္တရာယ်က လက်တစ်ကမ်းမှာပင်။

ယနေ့ ဤနေရာမှာ မတ်တပ်ရပ်နေပေမယ့် နောက်နေ့ အေးစက်သည့်အလောင်းကောင်ဖြစ်သွားနိုင်၏။

အတိတ်ကမကျေနပ်ချက်တွေက ဖြတ်သန်းသွားသည့် တိိမ်တိုက်တွေလိုပင်။

ယီလန်ရှင်း ရင်ထဲအတော်ခံစားသွားရပြီး စိတ်ထဲမှာ ကြီးမားသည့်အပြစ်ရှိမှုတွေ လိမ့်တက်လာခဲ့သည်။

သူမ ဘယ်တုန်းကမှ စိတ်ကူးမထားခဲ့ပေ။

ယွမ်ကျီယုက ပိုငယ်သော်လည်း ဂိုဏ်းတူတပည့်တွေအပေါ် ပိုစာနာတတ်၏။

နှုခမ်းစေ့ထားပြီး ယွမ်ကျီယုနားချည်းကပ်သွားသည်။ ထို့နောက် အရိုအသေပေးပြီး ညင်သာစွာပြောလိုက်သည်။

"ဂျူနီယာညီမယွမ်, အတိတ်တုန်းက ငါအမှားတွေ အများကြီးလုပ်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ငါ့တောင်းပန်မှုကို လက်ခံပေးပါ...."

ယွမ်ကျီယု မြှောက်ပင့်ခံရလိုက်သလိုဖြစ်သွားပြီး, အလျှင်အမြန် သူမကို ကူညီပေးလိုက်သည်။

"စီနီယာအမ, ကျေးဇူးပြုပြီး ငါ့ကို မမြှောက်ပါနဲ့...."

"တတယ်တော့, နေရာကိစ္စက..."

သူမ အမှန်တရားကို ပြောချင်သော်လည်း ဂျန်ဖန်းအချက်ပြမှုကို မြင်လိုက်ပြီး ရပ်တန့်လိုက်သည်။

မျက်နှာပြောင်တိုက် လက်ခံရုံသာတတ်နိုင်ပြီး အပြစ်ရှိမှုကို ခံစားနေရ၏။

"ငါလည်း အမှားတွေလုပ်ခဲ့ပါတယ်..."

"ငါလည်း မင်းကို တောင်းပန်ပါတယ်...."

နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး အကြည့်တွေက တော်တော်လေး နူးညံ့သွားကြသည်။

အတိတ်က ရန်လိုမှုတွေ ပျောက်ကွယ်သွားပြီပင်။

သူမတို့နှစ်ယောက်လုံးက မာနကြီးသူတွေဖြစ်ကြ၏။

အခွင့်အရေးသာမရှိလျှင် ဒီတစ်သက် ပြန်သင့်မြတ်တော့မည်မဟုတ်ပေ။

သို့ပေမယ့် ယနေ့, ဂျန်ဖန်း သူမတို့ကြားရှိ မကျေနပ်ချက်တွေကို ဖြေရှင်းပေးခဲ့သည်။

သားရဲလှိုင်းရောက်လာသည့်အခါ သူတို့ကြား ကွာဟချက်တွေမရှိတော့ပဲ ပိုကောင်းကောင်းပူးပေါင်းလုပ်ဆောင်လာနိုင်မည်ဖြစ်သည်။ ထိုအခါ သူမတို့၏အသက်ရှင်ဖို့အခွင့်အရေးလည်း တိုးလာမည်ဖြစ်သည်။

ဂျန်ဖန်း အမှန်တကယ် စိတ်သက်သာယာရသွား၏။

သူက ဂုန်ချိုင်းယီကို ရှုပ်ထွေးသည့်အကြည့်ဖြင့် ကြည့်လိုက်၏။

ထို့နောက် လက်ချင်းယှက်ကာ အလေးအနက်ပြောလိုက်သည်။

"ဂိုဏ်းချုပ်, ငါသွားတော့မယ်..."

"မင်းကိုယ်မင်း ဂရုစိုက်ပါ...."

သာမန်ဆန်သည့်နှုတ်ဆက်မှုက ဂုန်ချိုင်းယီအတွက် မိသားစုဝင်တစ်ယောက်၏ ကြည်နူးဝမ်းနည်းဖွယ် ခွဲခွာမှုတစ်ခုလို ဖြစ်နေခဲ့သည်။

သူမက အင်္ကျီလက်ကို ညင်သာစွာဝှေ့ယမ်းပြီး နူးညံ့စွာပြောလိုက်သည်။

"လမ်းမှာဂရုစိုက်ပါ...."

ဂျန်ဖန်းခေါင်းညိတ်လိုက်၏။

ထိုနောက် အဖွဲ့ကိုဦးဆောင်ကာ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။

ဂုန်ချိုင်းယီ တောင်တံခါး၌ မတ်တပ်ရပ်နေခဲ့သည်။ သူမက တဖြည်းဖြည်း မှုန်ဝါးလာသည့်ဂျန်ဖန်းပုံရိပ်ကိုကြည့်ပြီး စိတ်ထဲမှာ ရှင်းမပြနိုင်လောက်သည့် ဟာလာဟင်းလင်းဖြစ်မှုကို ခံစားလိုက်ရသည်။

မီးရှူးမီးပန်းပွဲတော်ပြီးနောက် တစ်ယောက်တည်း အထီးကျန်သွားသလိုပင်။

ယွမ်ကျီယု ညင်သာစွာ သက်ပြင်းချလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်အပေါ် အကြွေးတင်သွားပြီ...."

"ငါတို့အားလုံးက ရွယ်တူတွေဆိုပေမယ့် သူ့ရဲ့လူမှုဆက်ဆံရေးက အတော်လေးပိုကောင်းတယ်..."

သူမတို့မကျေနပ်ချက်တွေ ဖြေရှင်းပေးသည့် ဂျန်ဖန်းအားစိုက်မှုကို နားလည်ပြီး ကျေးဇူးတင်နေခဲ့သည်။

သူမဆရာ အချိန်အတော်ကြာသည်အထိ မတုံ့ပြန်တာကို သတိထားမိလိုက်၏။

လှည့်ကြည့်လိုက်သည့်အခါ သူမဆရာက ထွက်ခွာသွားသည့်ဂျန်ဖန်းပုံရိပ်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာ မြင်လိုက်၏။

ဂျန်ဖန်းမလာခင်၌ ဂုန်ချိုင်းယီ ရေကဲ့သို့တည်ငြိမ်ပြီး ပြုံးခဲ၏။

သူလာပြီးနောက်၌ သူမ၏ပျော်ရွင်မှုက ရိုးရိုးမျက်စိနှင့်တောင် မြင်နိုင်တာဖြစ်သည်။

အစောပိုင်း သူတို့ကြားက ကို့ရို့ကားယားအခြေအနေကို ပြန်တွေးမိသည့်အခါ ယွမ်ကျီယု တစ်စုံတစ်ခုကို ခပ်ရေးရေးနားလည်လိုက်၏။

တစ်ခဏတွေဝေနေပြီးနောက် သူမ သိုသိုသိပ်သိပ်မေးလိုက်သည်။

"ဆရာ, နင် ဂျန်ဖန်းကို ကြိုက်နေတာလား...."

All Chapters