← Chapters

မင်းမွေးတဲ့အချိန်မှာ ငါကအသက်ကြီးနေခဲ့ပြီ

Vol. 18 Ch. 258

မင်းမွေးတဲ့အချိန်မှာ ငါကအသက်ကြီးနေခဲ့ပြီ

Vol. 18 Ch. 258

ဝှီး!

ဂုန်ချိုင်းယီခန္ဓာကိုယ် အပြင်းအထန်တုန်ယင်သွား၏။ သူမကိုယ်ထဲရှိ စိတ်ဝိညာဥ်စွမ်းအင်တွေ အထိန်းကွပ်မဲ့သွားကာ မှိန်ဖျော့ဖျော့တဝှီဝှီမြည်သံတွေ ထွက်ပေါ်လာခဲ့သည်။

သူမခေါင်းကို ရုတ်တရက်လှည့်ကာ အလျှင်အမြန် တီးတိုးပြောလိုက်သည်။

"နင် ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ...."

"ငါကဂိုဏ်းချုပ်တစ်ယောက်၊ ဂျန်ဖန်းက ဂျူနီယာတစ်ယောက်လေ..."

"ဘယ်လိုလုပ် ငါ့မှာ ဒီလိုရှက်စရာကောင်းတဲ့အတွေးမျိုးရှိရမှာလဲ..."

ယွမ်ကျီယု ကြောက်ရွံ့မှုကြောင့် တုန်ယင်နေတာ သူမသတိထားမိလိုက်၏။

ထိုအခါမှသာ သူမစိတ်ခံစားချက်တွေ ထိန်းချုပ်မှုလွတ်သွားမှန်းသတိထားမိလိုက်သည်။

အကြိမ်အနည်းငယ်အသက်ရှူလိုက်ပြီးပျက်ပြားသွားသည့် တည်ငြိမ်မှုကို ပြန်ထိန်းညှိလိုက်၏။

မြင်ကွင်းမှပျောက်ကွယ်သွားသည့်ဂျန်ဖန်းပုံရိပ်ကိုကြည့်ပြီး အချိန်အတော်ကြာ တိတ်တဆိတ်မတ်တပ်ရပ်နေပြီးနောက် နောက်ဆုံးမှာမှ တစ်ဖက်လှည့်လာခဲ့သည်။

သူမ၏ညင်သာစွာသက်ပြင်းချသံကိုသာ ယွမ်ကျီယု ကြားလိုက်၏။

"ငါသာ ၁၀ နှစ်လောက်ပိုငယ်ရင်, ဖြစ်ကောင်းဖြစ်နိုင်တယ်..."

ဂျန်ဖန်းအကြောင်းပြောရလျှင်....

နှစ်ရက်ကြာပြီးနောက်....

သူတို့က စိတ်ဝိညာဥ်သားရဲဂိုဏ်း အနောက်ဘက်နယ်စပ်ကို ချောချောမွေ့မွေ့ရောက်လာခဲ့သည်။

မိုင်ပေါင်းများစွာကျယ်ဝန်းသည့် နူးမြစ်က သူတို့လမ်းကို ပိတ်ထား၏။

ရှုခင်းကိုငေးကြည့်လိုက်တော့....

နူးမြစ်က ကမ်းခြေကိုဟိန်းဟောက်ရိုက်ခတ်နေပြီး လှိုင်းလုံးကြီးတွေက ကောင်းကင်ထိ လှိမ့်တက်နေခဲ့သည်။

လှိုင်ထန်ပြီး ဖြတ်သန်းစီးဆင်းနေသည့်မြစ်ရေက ကြည့်ရတာကြောက်စရာကောင်းလှ၏။

ချူရှင်းမန် အံသြတကြီး ပင့်သက်ရှိုက်လိုက်သည်။

"ဒီတော့, ဒါက နူးမြစ်ပေါ့...."

"ကောလဟာဟတွေအရ အောက်ခြေအရှုံးမရှိပြီး အကျယ် ၁၀ မိုင်ရှိတယ်တဲ့....."

"ဂိုဏ်း ၉ ဂိုဏ်း ခေါင်းဆောင်တွေတောင် လှေနဲ့ပဲ ဖြတ်နိုင်ကြတာ...'

မြစ်အကြောင်းအသိဆုံးလူက သဘာဝအတိုင်း ယီလန်ရှင်းပင်။

သူမက နှင်းဖြူရောင်မေးစေ့လေးကို အနည်းငယ်ခေါင်းညိတ်ပြီး ဂျန်ဖန်းအား ပြောလိုက်သည်။

"ဒီနူးမြစ်က စိတ်ဝိညာဥ်သားရဲဂိုဏ်းနဲ့ ရမ္မက်ဂိုဏ်းကြားက နယ်နိမိတ်မျဥ်းပဲ..."

"ငါတို့ဒီမြစ်ကို ဖြတ်လိုက်တာနဲ့, ရမ္မက်ဂိုဏ်းနယ်မြေထဲကို ဝင်ရောက်သွားပြီ...."

"ရှေ့မှာ ဒေသခံသိုင်းပညာမိသားစုတစ်ခု တည်ဆောက်ထားတဲ့ သင်္ဘောဆိပ်ကမ်းတစ်ခုရှိတယ်။ အဲ့မှာ ငါတို့ ကြီးမားတဲ့လှေတစ်စီးငှားပြီး မြစ်ကို အလွတ်တကူဖြတ်နိုင်တယ်...."

ဂျန်ဖန်း အဝေးကိုကြည့်လိုက်သည်။

မကြာခင်မှာပဲ မြစ်နှင့်မဝေးသည့်နေရာ၌ သင်္ဘောဆိပ်တစ်ခုကို တွေ့လိုက်ပြီး များစွာသောလှေအရိပ်တွေကို ခပ်ရေးရေးမြင်နေရ၏။

သူက ချက်ချင်းပဲ မြင်းကိုမောင်းလိုက်ပြီး အဖွဲ့ကိုဦးဆောင်ကာ ရဲရဲရင့်ရင့်ရှေ့ဆက်သွားလိုက်၏။

သူတို့ချည်းကပ်လာသည့်အခါ, သင်္ဘောဆိပ်ဘေး၌ အဖွဲ့တစ်ဖွဲ့ရှိနေခဲ့သည်။

ထိုအရာက ကံမကောင်းသည့်တိုက်ဆိုင်မှုဖြစ်ပြီး အစောပိုင်းကထွက်ခွာသွားသည့် မင်းရိုလန်နှင့် ဖုချောင်ဟွမ်တို့ပင်။

သူတို့က လှေသားတွေ သူတို့မြင်းတွေသင်္ဘောပေါ်တင်နေတာကိုစောင့်ရင်း အရိပ်တစ်ခုအောက်မှာနားနေတာဖြစ်သည်။

ဂျန်ဖန်းချည်းကပ်လာတာကိုမြင်သည့်အခါ...

ဖုချောင်ဟွမ် လှောင်ပြောင်လိုက်၏။

"အို, ကံကောင်းလှကြီလား...."

"မင်းက ဒီနေရာကို ဘေးကင်းကင်းနဲ့ ရောက်လာသားပဲ...."

ဂျန်ဖန်း ထူးမခြားနားစွာ ပြန်ပြောလိုက်သည်။

"မင်းရဲ့အကျိုးပြုမှတ် ၂၀၀ ကိုပဲ ပိုစိုးရိမ်စမ်းပါ...."

စာတစ်ကြောင်းတည်းဖြင့်...

ချက်ချင်း ဖုချောင်ဟွမ် ချက်ကောင်းကို ထိသွားခဲ့သည်။

နှစ်ယောက်လုံးက အဆင့် ၁ တာဝန်တွေယူပြီး အန္တရာယ်တွေရင်ဆိုင်ရသော်လည်း....

ဂျန်ဖန်းတာဝန်က အကျိုးပြုမှတ် ၄၀၀ ရပြီး, သူကတော့ ၂၀၀ သာရ၏။

ဤကဲ့သို့ခြားနာချက်ကို မည်သူက သည်းခံနိုင်မည်နည်း။

ဖုချောင်ဟွမ် လက်ထဲက လက်ဖက်ရည်ခွက်ကို ကျောက်စားပွဲပေါ် ရိုက်ခွဲလိုက်၏။

"စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ ဂုန်ချိုင်းယီကာကွယ်ပေးနေလို့ မင်းလုပ်ချင်တိုင်းလုပ်ရနေတာ...."

"အပြင်မှာ, မင်းအပြုအမူတွေဆင်ခြင်သင့်တယ်...."

ဂျန်ဖန်း တည်ငြိမ်အေးဆေးစွာဖြင့် မြင်းဇက်ကြိုးကိုကိုင်ထားခဲ့သည်။

ကြောက်လန့်ရမည့်အစား ရင်ဆိုင်ဖို့ ရှေ့တိုးလိုက်၏။

သူက တိတ်ဆိတ်နေပြီး သူမတပည့်ပြဿနာရှာတာကို ခွင့်ပြုပေးနေသည့်မင်ရိုလန်ကိုကြည့်လိုက်သည်။

ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းအတွက်လည်းအတူတူပဲ...."

"ပြဿနာရှာချင်ရင်, ငါအသင့်ပဲ...."

ဘန်း!

ဖုချောင်ဟွမ် သူ့ရှေ့ရှိကျောက်စားပွဲကို ရိုက်ပြီး ရုတ်ချည်းမတ်တပ်ထရပ်ကာ ဒေါသတကြီးပြောလိုက်သည်။

"ငါမြင်တာတော့ မင်းကသေချင်နေတာပဲ...."

ဂျန်ဖန်းကို တစ်ခါသတိပေးလိုက်တာ, ကြောက်သွားစေမည့်အစား သူ့ကို ရန်လာစေနခဲ့သည်။

လုံးဝကို သူ့အား ဂရုမစိုက်ခြင်းပင်။

ထန်!

သူ့လှုပ်ရှားမှုနှင့်....

ချင်းချိုင်းဟီနှင့် ချူရှင်းမန်တို့နှစ်ယောက် သူမတို့ဓားတွေကိုဆွဲထုတ်ကာ ဂျန်ဖန်းဘေးမြင်းမောင်းလာလိုက်၏။

ယီလန်ရှင်းလည်း မောင်းလာကာ ဖုချောင်ဟွမ်ကိုမျက်မှောင်ကြုတ်ကြည့်ပြီး နှာမှုတ်လိုက်၏။

"နင်တို့က စိတ်ဝိညာဥ်သားရဲဂိုဏ်းနယ်မြေထဲကတောင် မထွက်ရသေးဘူး။ ရမ်းကားရဲနေပြီ...."

"ရမ္မက်ဂိုဏ်းနယ်မြေထဲရောက်တဲ့အခါ, ဂျန်ဖန်းကိုသတ်ပြီး ငါတို့တာဝန်ကိုဖျက်စီးဖို့ စီစဥ်နေတာလား..."

သူတို့တွေ ဂျန်ဖန်းကိုပိုကာကွယ်ပေးလေလေ, ဖုချောင်ဟွမ် ပိုဒေါသထွက်လေလေဖြစ်သည်။

သူ့ကိုယ်တွင်းက စိတ်ဝိညာဥ်စွမ်းအင်တွေ လိမ့်တက်လာပြီး လှောင်ပြောင်လိုက်၏။

"မင်းတို့လူများလည်း ဘာဖြစ်လဲ..."

"ပုစွန်စိတ်တစ်အုပ်က ငါ,ဖုချောင်ဟွမ်ကို စိန်ခေါ်ရဲတယ်လား..."

ထိုကောင် ဒီနေရာမှာ ပြဿနာရှာဖို့ ဆုံးဖြတ်ထားတာ မြင်သည့်အခါ...

ဂျန်ဖန်း အနက်ရောင်ဓားကိုဆွဲထုတ်ပြီး သူ့ကိုညွှန်ပြလိုက်၏။

"ထားလိုက်တော့, မင်းထင်ယောင်ထင်မှားဖြစ်နေတာတွေကို ပြင်ပေးမယ်...."

မဟုတ်လျှင် သူ,ဂျန်ဖန်းက အနိုင်ကျင့်ဖို့လွယ်သည်ဟု ထင်သွားပြီး ပြဿနာတွေက ပြီးတော့မည်မဟုတ်ပေ။

နှစ်ဖက်တိုက်ခိုက်တော့မှာကိုမြင်သည့်အခါ...

မကြားသလိုဟန်ဆောင်နေသည့် မင်ရိုလန် အခြေအနေတွေကို တွက်ချက်ပြီး နောက်ဆုံးမှာ စကားပြောလိုက်သည်။

"ချောင်ဟွမ်, ဘာလို့ သူတို့နဲ့ စိတ်အနှောက်အယှက်ဖြစ်ခံနေမှာလဲ...."

ထိုအရာက ဂျန်ဖန်းနှင့် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ဆိုလျှင် ပေါ်သွားလျှင်တောင် ပြဿနာကြီးမဟုတ်ပေ။

သို့ပေမယ့် အခြားဂိုဏ်းသုံးဂိုဏ်းမှ တပည့်တွေလည်းပါဝင်နေသည်ဖြစ်၍ အခြေအနေကမတူပေ။

ပထမတစ်ချက်၊ ထိုအရာက ဂိုဏ်းသုံးဂိုဏ်းကို ရန်စနေသည်ဟု ဆိုလို၏။

ဒုတိယအနေဖြင့်, ဤလေးယောက်က တိုက်ပွဲကို အလှည့်အပြောင်းဖြစ်စေနိုင်သည့် မိုင်တစ်ထောင်သိမ်းငှက်တွေကို ပို့ဆောင်နေတာဖြစ်သည်။

မဟာအကြီးအကဲဖြစ်သည့်သူက တပည့်ဖြစ်သူကို ကြမ်းကြမ်းတမ်းတမ်းပြုမူခိုင်းလျှင် တာဝန်ယူရမှာက ရှောင်လွဲလို့မရပေ။

"ဒါပေမယ့် မဟာအကြီးအကဲ, ဒီကောင်က မောက်မာလွန်းတယ်...."

ဖုချောင်ဟွမ် ဆန္ဒမရှိစွာဖြင့် ပြန်ပြောလိုက်သည်။

မင်ရိုလန် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ကြွားတာက ဘာအသုံးဝင်လို့လဲ...."

"အရင်ဆုံး သူတို့တွေ မြစ်ကို လုံလုံခြုံခြုံဖြတ်နိုင်မလားကြည့်ကြတာပေါ့..."

ဖုချောင်ဟွမ် နောက်ဆုံးမှာ နားလည်သွား၏။

သူ့စိတ်ဝိညာဥ်စွမ်းအင်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်းသာသည့်အမူအရာတစ်ခုပြသလာ၏။

"ငါမင်းကို ပြောဖို့ မေ့တော့မလို့...."

"နူးမြစ်က နောက်ပိုင်းမှာ မငြိမ်မသက်အတော်လေးဖြစ်နေတာ။ စွမ်အားကြီး ရေနတ်ဆိုးသားရဲအုပ်တွေ ထူးထူးဆန်းဆန်းပေါ်လာတတ်တယ်...."

"သူတို့ကြောင့် မုန်တိုင်းတွေဖြစ်လာပြီး သင်္ဘောအများအပြား မှောက်ကုန်ကြတယ်..."

"သန်မာတဲ့ကျွမ်းကျင်သူမရှိရင်, မင်တို့တွေဖြတ်လို့ရမှာမဟုတ်ဘူး...."

ဟမ်?...

ဂျန်ဖန်း လှိုင်းထန်နေသည့်မြစ်ကို သံသယအမူအရာဖြင့် ကြည့်လိုက်သည်။

ယီလန်ရှင်းလည်း သံသယရှိနေ၏။

"ဒီရေကြာင်းကို ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်း မရေမတွက်နိုင်အောင်ဖြတ်ဖူးပါတယ်..."

"ရေနတ်ဆိုးသားရဲတွေရှိရင် ဘာလို့ငါတို့မသိရတာလဲ..."

သို့ပေမယ့်....

သူမ အလျှင်အမြန်ပဲ သင်္ဘောဆိပ်မှာကပ်ထားသည့် သင်္ဘောပျက်အနည်းငယ်တွေ့လိုက်သည်။

သင်္ဘောကိုယ်ထည်၌ ခြစ်ရာတွေအထင်းသားရှိနေပြီး အချို့ဆို ကြီးမားသည့်အပေါက်ကြီးတွေတောင်ရှိ၏။

မျက်ခွံ့တွေကျုံ့သွားပြီး အပေါက်ကြီးနှင့်သင်္ဘောကိုစစ်ဆေးဖို့ သူမမြင်းကို မောင်းသွားလိုက်သည်။

ခဏကြာပြီးနောက် လက်မောင်းလောက်ရှည်သည့်အစွယ်ကြီးကိုကိုင်ပြီး ဂျန်ဖန်းဆီပြန်လာခဲ့၏။ သူမ အမူအရာက လေးနက်နေခဲ့သည်။

"ဂျူနီယာမောင်လေးဂျန်, ငါတို့ကွေ့သွားရမှာစိုးတယ်..."

သူမက ဂျန်ဖန်းအား ကြီးမားသည့်အစွယ်ကြီးကို ပြလိုက်သည်။

ချူရှင်းမန် သူမလက်မောင်းနှင့်ယှဥ်ကြည့်ပြီး တုန်ယင်သွား၏။

"သွားကကို ငါ့လက်မောင်းလောက်ရှိတယ်။ ဒီနတ်ဆိုးသားရဲက ကြောက်စရာပဲ..."

"ဒါက မွေးကင်းစတစ်ကောင်ရဲ့သွားပဲ...."

ယီလန်ရှင်းပြောလိုက်သည်။

"အရွယ်ရောက်ပြီးသား နတ်ဆိုးသားရဲရဲ့အစွယ်က လူတစ်ရပ်ထက်တောင်ရှည်တယ်...."

"ကိုက်ချက််တစ်ချက်က အလယ်အလတ်သင်္ဘောတစ်ခုကို နှစ်ခြမ်းပိုင်းပစ်နိုင်တယ်...."

"ပြီးတော့, အဲ့ကောင်တွေက လျှပ်စီးလိုလည်း မြန်မြန်လှုပ်ရှားနိုင်ကြတယ်....."

"အလယ်အလတ်အဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူမပါပဲ ကိုင်တွယ်ဖို့ခက်တယ်....."

ပြောပြီးနောက်, သူမက ဂျန်ဖန်း နောက်ထပ် နတ်ဆိုးသားရဲအကြောင်းမေးမှာကို စောင့်နေလိုက်သည်။

နတ်ဆိုးသားရဲတွေအကြောင်း နားလည်မှု၌ ဂိုဏ်း ၉ ဂိုဏ်းရှိမည်သူက စိတ်ဝိညာဥ်သားရဲဂိုဏ်းကို ယှဥ်နိုင်မည်နည်း။

ဤအရာက သူတို့ကျွမ်းကျင်သည့် နယ်ပယ်ပင်။

သူမတန်ဖိုးပြရမည့် အခွင့်အရေးလည်းဖြစ်၏။

သို့ပေမယ့် သူမကို အံ့အားသင့်စွာပဲ...

ဂျန်ဖန်း သွားကိုယူကြည့်ကာ ရေရွတ်လိုက်သည်။

"ဒီတော့ နူးဖြစ်မှာ ကြေးခွံနီရေနတ်ဆိုးနဂါး ရှိတာပဲ..."

"ဒီသားရဲတွေက အလွန်ကြမ်းကြုတ်ပြီး ဒီအချိန်က သူတို့မိတ်လိုက်တဲ့ရာသီပဲ..."

"ဘယ်နှောက်ယှက်မှုမဆို သူတို့ကို ဒေါသထွက်စေလိမ့်မယ်...."

"မြစ်ကို ဖြတ်ဖို့က မလွယ်ဘူး..."

အာ....

ယီလန်ရှင်း မနေနိုင်ပဲ သူမနားတွေကို မယုံနိုင်ဖြစ်သွား၏။

ဂျန်ဖန်းတကယ်ပဲ သွား၏အရင်းအမြစ်ကို သိသည်လား?...

ထို့ပြင် ဤအရာက သူတို့၏မိတ်လိုက်ရာသီမှန်းတောင်သိ၏။

ဤအကြောင်းကို စိတ်ဝိညာဥ်သားရဲဂိုဏ်း ပါရမီရှင်ဖြစ်သည့် သူမတောင် တစ်ခါမှမကြားဖူးပေ။

သူမ အချိန်အတော်ကြာ ရပ်တန့်သွားပြီး အတော်လေး ရှုံးနိမ့်သလို ခံစားလိုက်ရ၏။

"ဂျူနီယာမောင်လေးဂျန်က နတ်ဆိုးသားရဲနယ်ပယ်မှာလည်း ဗဟုသုတကြွယ်မယ်လို့ ထင်မထားဘူး...."

"လန်ရှင်း အထင်ကြီးမိပါတယ်..."

မဝေးသည့်နေရာမှ ဖုချောင်ဟွမ် မျက်မှောင်ကြုတ်သွား၏။

ဘယ်လိုလုပ် ဒီဂျန်ဖန်းက အကုန်သိနေရသနည်း။

သို့ပေမယ့် မကောင်းသည့်အရာတော့ မဟုတ်ပေ။

ကြေးခွံနီရေနတ်ဆိုးနဂါးတွေ၏ ခြိမ်းခြောက်မှုကို သိသဖြင့် နောက်ပိုင်းကိစ္စကို ပြောဖို့ ပိုလွယ်ကူသွားပြီဖြစ်သည်။

သူက လှောင်ပြုံးပြုံးလိုက်၏။

"မင်းကိုယ်ပိုင်ခွန်အားနဲ့ မြစ်ကို ဖြတ်နိုင်မှာ မဟုတ်ဘူး...."

"သဘောထားကြီးစွာနဲ့ ငါတို့ရဲ့မဟာအကြီးအကဲကို မင်းတို့ဖြတ်ကူးရာမှာ စောင့်ရှောက်ပေးခိုင်းလို့ရတယ်...."

"ဒါပေမယ့်, ကျေးဇူးတင်မှုအနည်းငယ်တော့ ပြရမှာပေါ့....'

"မင်းမှာရှိတဲ့ မြေကမ္ဘာဖီးနစ်မြက်ချင်ဆီလေ, အဲ့ဒါကို ငါအရမ်းသဘောကျတယ်။ ကာကွယ်စောင့်ရှောက်ခအနေနဲ့ သတ်မှတ်ပေးလို့ရတယ်...."

"ဘယ်လိုသဘောရလဲ...."

ဂျန်ဖန်း အနက်ရောင်ဓားကိုပြန်သိမ်းလိုက်၏။

ထို့နောက် အဓိပ္ပာယ်ပါသည့်အပြုံးတစ်ခု ဖြင့် ပြောလိုက်သည်။

"ငါတို့ကို စောင့်ရှောက်ပေးမယ်...."

"ဒီလိုဆိုရင်ကော, ငါ မင်းတို့ကို စောင့်ရှောက်ပေးမယ်လေ။ အဲ့တာ ပိုသဘာဝကျတယ်....."

All Chapters