← Chapters

စက်ဆုပ်အထင်သေးဖွယ်ကောင်းသော

Vol. 18 Ch. 259

စက်ဆုပ်အထင်သေးဖွယ်ကောင်းသော

Vol. 18 Ch. 259

"ဘာ?...."

မင်ရိုလန်နှင့် ဖုချောင်ဟွမ်ကို မပြောလိုသေးပေ။

ယီလန်ရှင်း, ချင်ချိုင်းဟီ နှင့် ချူရှင်းမန်တို့အားလုံး၏ မေးရိုးတွေပြုတ်ကျကုန်၏။

အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်ဖြစ်သည့် ဂျန်ဖန်းက အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် စွမ်းအားကြီးသူကို လိုက်ပါစောင့်ရှောက်ပေးမည်တဲ့လား?...

ဤအရာက ဘယ်လိုဟာသကြီးနည်း။

ယီလန်ရှန်း တီးတိုးပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ဒီလိုပြောတာ မသင့်လျော်ဘူးနဲ့တူတယ်နော်...."

အဖွဲ့ဝင်တစ်ယောက်အနေဖြင့်, ဤစကားက အရမ်းရယ်စရာကောင်းသည်ဟု ခံစားရ၏။

ဂျန်ဖန်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘယ်လောက်ပဲသန်မာသန်မာ အသုံးမဝင်ဘူး။ သူတို့ရဲ့အသန်မာဆုံးတိုက်ကွက်တွေက ရေအောက်က အကောင်တွေနဲ့ရင်ဆိုင်ရတဲ့အခါ အကြီးအကျယ်လျော့ကျသွားမှာ...."

"ယှဥ်ကြည့်ရင်, ကြေးခွံ့နီရေနတ်ဆိုးနဂါးတွေက မိတ်လိုက်ရာသီမှာ ကြောက်စရာကောင်းတဲ့အရှိန်ကို ယာယီနိုးထလို့ရတယ်...."

"အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်ဆိုရင်တောင်, ဒုက္ခများလိမ့်မယ်...."

သူ့စကား၏ ပထမတစ်ဝက်ကို ယီလန်ရှင်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။

လူသားတွေက သူတို့၏ခွန်အားအပြည့်အဝကို ကုန်နေနတ်ဆိုးသားရဲတွေနှင့် တိုက်ခိုက်ရာမှာသာ ထုတ်သုံးနိုင်၏။

လေထဲနှင့် ရေထဲမှာတော့, ခွန်အားကုန်ထုတ်သုံးဖို့က ခက်မည်ပင်။

အဘယ်ကြောင့်ဆိုသော် တစ်ခုက လေထဲပျံသန်းရပြီး, တစ်ခုက ရေထဲငုပ်ရတာကြောင့် ကျင့်ကြံရေးနည်းလမ်းအများစုက ထိထိရောက်ရောက်တိုက်ခိုက်လို့ရမည်မဟုတ်ပေ။

ဒုတိယတစ်ဝက်ကိုတော့ သူမသံသယရှိ၏။

ကြေးခွံနီရေနတ်ဆိုးနဂါးတွေက ရှားပါးသည့်မျိုးစိတ်တွေဖြစ်၏။ သူမတောင် စာထဲမှာ အချက်အလက်အနည်းငယ်ပဲ တွေ့ဖူးတာဖြစ်သည်။

သို့ပေမယ့် သူမသိသည့်ထဲ၌ ၎င်းတို့၏အရှိန်စွမ်းအရည်အကြောင်း တစ်ခုမှမပါပေ။

အပြင်လူတစ်ယောက်ဖြစ်သည့် ဂျန်ဖန်းက သူမထက်ပိုသိတာ ဘယ်လိုမှမဖြစ်နိုင်ပေ။

သူမတောင်မယုံတာ ဖုချောင်ဟွမ်ဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

"ဟ..ဟ...ဟ..., မင်းက ငါတို့ကိုကာကွယ်ပေးမယ်?..."

ဖုချောင်ဟွမ် အကြီးမားဆုံးဟာသကြီးကို ကြားလိုက်ရသလိုပင်။

"ဂျန်ဖန်း, အို ဂျန်ဖန်း, ဘယ်အရာကများ မင်းကို ဒီလို ယုံကြည်မှုတွေ ပေးလိုက်တာလဲကွာ..."

"ဒီလို မောက်မာတဲ့စကားမျိုးတွေပြောနေတယ်..."

မင်ရိုလန် အိုမင်းသည့်မျက်နှာ မဲမှောင်သွားပြီး ဂျန်ဖန်းကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။

"လူငယ်လေး, ငါ လေကြီးတဲ့လူတွေ အများကြီးတွေ့ဖူးတယ်။ ဒါပေမယ့် မင်းလိုလူမျိုးတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး..."

"ငါ့တို့ကိုကာကွယ်ပေးမယ်?ဟုတ်လား... ဟာသပဲ...'

"မင်း မြစ်ကို ဘယ်လိုဖြစ်မလဲဆိုတာ ငါသေချာစောင့်ကြည့်နေအုန်းမယ်..."

"ချောင်ဟွမ်, သွားကြစို့...."

ပစ္စည်းတင်သည့်လူတွေ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဖုချောင်ဟွမ် ဂျန်ဖန်းကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"သနားစရာပဲ။ မင်း မြစ်ဖြတ်ဖို့ အခွင့်အရေး လွဲချော်သွားပြီ...."

"ဘေးကနေပတ်သွားလိုက်ပါတော့...ဟမ့်...."

ရွက်တိုင်တွေတပ်ဆင်ပြီးနောက် သူတို့သင်္ဘောက ဖြည်းဖြည်းချင်း ကျယ်ပြန်သည့်မြစ်ပြင်ကို ဖြတ်ကူးတော့၏။

ယီလန်ရှင်း အနည်းငယ် သက်ပြင်းချလိုက်သည်။

သူတို့သာ တစ်ယောက်နှင့်တစ်ယောက် သင့်မြတ်ခဲ့လျှင်...

ယခုတော့, လဝက်လောက် ခရီးပိုသွားရတော့မည်ပင်။

သို့ပေမယ့် ဂျန်ဖန်း ပြောလိုက်သည်။

"သင်္ဘောတစ်စီးငှားလိုက်, ငါတို့လည်း သွားရအောင်...."

"ဘာ?..."

ယီလန်ရှင်း တုန်လှုပ်သွား၏။

"အရမ်းအန္တရာယ်မများလောက်ဘူးလား...."

သင်္ဘောပေါ်မှာ အစွမ်းထက်ကျွမ်းကျင်သူမပါပဲ ဘာဖြစ်မလဲဆိုတာ သူမစိတ်ကူးယဥ်ကြည့်လို့တောင် မရပေ။

အရွယ်ရောက် ကြေးခွံနီရေနတ်ဆိုးနဂါးတစ်ကောင်သာ သူတို့ကို တိုက်ခိုက်လာလျှင်.....

၎င်းကိုက်ချက်တစ်က သင်္ဘောကို နှစ်ခြမ်းခွဲပစ်နိုင်၏။

ဂျန်ဖန်း အနီရောင်ဆေးလုံးတွေနှင့် ပုလင်းကြီးတစ်ခုကို ထုတ်ယူပြီး အမျိုးသမီးသုံးယောက်အား တစ်ယောက် အလုံးနှစ်ဆယ်စီ ပေးလိုက်သည်။

"ဒါကို ခြေသုံးလှမ်းမူးဝေခြင်းလို့ခေါ်ပြီး နတ်ဆိုးသားရဲတွေကို အတော်ဆွဲဆောင်နိုင်တယ်..."

"စားလိုက်တာနဲ့ နတ်ဆိုးသားရဲတွေ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပဲ မေ့လဲသွားလိမ့်မယ်..."

"ပြီကျလို့ ငါတို့တွေ နတ်ဆိုးသားရဲအများကြီးနဲ့တွေ့ရင်, ဒီဆေးလုံးတွေကို ရေထဲပစ်ချပါ။ အဲ့အခါကျ သူတို့တွေ လုယက်စားသောက်ကြလိမ့်မယ်...."

ဂျန်ဖန်း ခြေသုံးလှမ်းမူဝေခြင်းနှင့်ပတ်သက်ပြီး အတော်ယုံကြည်မှုရှိ၏။

အဆုံးမှာတော့ ချီလင်းလေးလို ကောင်းကင်စိတ်ဝိညာဥ်သားရဲတောင် ၎င်းအောက်မှာ ကျရှုံးခဲ့ရ၏။

သာမန်နတ်ဆိုသားရဲတွေ ဘယ်လိုလုပ် ထိုအရာ၏ဆွဲဆောင်မှုကို ခံနိုင်မည်နည်း။

အမျိုးသမီးသုံးယောက် ယုံကြည်မှုနှင့် သံသယ ရောထွေးစွာဖြင့် ဆေးလုံးတွေကို လက်ခံလိုက်၏။

ခဏကြာပြီးနောက်, သူတို့ကကြီးမားသည့်သင်္ဘောကြီးတစ်စီးငှားပြီး လှည်းဆွဲမြင်းဆယ်ကောင်တင်ကာ ရွက်လွင့်လိုက်ကြ၏။

ချူရှင်းမန် တက်မနားမှာ ရှိနေ၏။

ချင်းချိုင်ဟီ စိုးရိမ်စွာဖြင့် သင်္ဘောလက်တန်းတစ်လျှောက် လိုက်ပတ်စစ်ဆေးနေခဲ့သည်။ သူမက အနီရောင်ဆေးလုံးတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ပတ်ဝန်းကို ဂရုတစိုက်ကြည့်ရှုနေခဲ့သည်။

ယီလန်ရှင်းလည်း အလကားမနေပေ။

လက်နှစ်ဝါးအရွယ် စူးရှသည့်မျက်လုံးတွေနှင့်သိမ်းငှက်နက်တစ်ကောင်ကို သူမအင်္ကျီလက်ထဲမှ မှော်ဆန်ဆန်ထုတ်ယူလိုက်၏။

ဉာဏ်ရည်မြင့်သိမ်းငှက် ယီလန်ရှင်းနှင့် ဆက်သွယ်ကာ ကောင်းကင်သို့ပျံသန်းသွားပြီး သင်္ဘောကို လှည့်ပတ်ပျံသန်းနေခဲ့သည်။

"ရေအောက်မှာ တစ်ခုခုထူးဆန်းတာရှိရင် ငါ့သိမ်းငှက်က ငါ့ကို အချိန်မှီအသိပေးလိမ့်မယ်..."

ယီလန်ရှင်း လက်ပိုက်ထားပြီးမျက်နှာက အနည်းငယ်သက်ရာရမှုကို ပြသနေ၏။

ဂျန်ဖန်း သင်္ဘောထိပ်မှာ ခြေချိတ်ထိုင်နေပြီး အနက်ရောင်ဓားက သူ့ဒူးပေါ်မှာ အလျားလိုက်လဲလျောင်းနေခဲ့သည်။

ခန္ဓာကိုယ်တစ်လျှောက် စိတ်ဝိညာဥ်စွမ်းအင်တွေ ထွက်ပေါ်နေပြီး လက်နက်က အချိန်မရွေးတိုက်ခိုက်တော့မလိုပင်။

လူတိုင်း အလွန် စိုးရိမ်နေကြ၏။

မည်သူမှ အသက်ပြင်းပြင်းတောင်မရူရဲပေ။

တစ်ခုတည်းသောကြားနိုင်သည့်အရာက သင်္ဘောမြစ်ကိုထိုးခွဲသွားသံနှင့် လှိုင်းလုံးတွေ သင်္ဘောကိုယ်ထည်ကို လာရိုက်ခတ်သံတို့သာ ဖြစ်ကြသည်။

မသိလိုက်ခင်မှာပဲ....

သူတို့က မြစ်လယ်ခေါင်ကိုဖြတ်လာပြီး ကမ်းခြေကို ဖြည်းဖြည်းချင်း သွားနေကြ၏။

သင်္ဘောထိပ်မှ သူတို့က သင်္ဘောဆိပ်ကမ်းကို မြင်နိုင်တာပဲဖြစ်သည်။

သေချာကြည့်လျှင် လှုပ်ရှားနေသည့်လူရိပ်လေးတွေတောင် မြင်နိုင်၏။

ယီလန်ရှင်း သူမ၏တင်းမာနေသည့်စိတ်ကို အနည်းငယ်ဖြေလျာ့လိုက်၏။

"ကြည့်ရတာ ငါတို့ကံကောင်းပုံပဲ။ ကြေးခွံနီရေနတ်ဆိုးနဂါးတွေနဲ့မတွေ့ဘူး....."

"အဲ့ဒီနဂါးတွေက ရေနက်ပိုင်းမှာပဲ ပြဿနာရှာကြတာ၊ အခုငါတို့က ရေနက်ပိုင်းကို ကျော်လာခဲ့ပြီ..."

"အံ့သြစရာအခြေအနေသာမရှိရင်, ငါတို့လုံခြုံပြီ..."

ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့၏ မျက်နှလည်း တင်းမာနေရာမှ ပြေလျော့သွားကြသည်။

ချင်းချိုင်းဟီရယ်လိုက်၏။

"ကြေးခွံနီရေနတ်ဆိုးနဂါးတွေ ရောက်မလာဘူး။ ငါတို့က ကိုယ့်ကိုယ်ကို ခြောက်နေကြတာပဲ...."

ချူရှင်းမန် အသက်အနည်းငယ် ရှူသွင်းပြီး ပိုလို့တောင် အေးဆေးသက်သာသွားခဲ့သည်။

သူမက သင်္ဘောကုန်ပတ်ပေါ်တက်ပြီး ရှေ့ကိုကြည့်လိုက်သည်။

ရုတ်တရက်, သူမ သံသယရှိစွာဖြင့် ပြောလိုက်သည်။

"ငါပဲ အမြင်မှားနေတာလား...."

"ဘာလို့ ငါတို့ ဖုချောင်ဟွမ်တို့သင်္ဘောကို လိုက်မှီလာတယ်လို့ ခံစားနေရတာလဲ....'

ဟမ်?...

ယီလန်ရှင်းနှင့် ချင်ချိုင်းဟီတို့ ကြည့်လိုက်ကြသည်။

အသေအချာပင်။ သူမတို့က ဖုချောင်ဟွမ်တို့သင်္ဘောပိုပိုရှင်းလင်းတာကို မြင်လိုက်၏။

မြစ်က ကျယ်ပြီး ပိတ်ဆို့ဟန့်တားမထားပေ။

သူတို့စထွက်သည့်အချိန်၌ ဖုချောင်ဟွမ်တို့သင်္ဘောကို မြင်ခဲ့ကြ၏။

သို့ပေမယ့် ထိုအချိန်က မြင်ရတာဟာ ပုရွက်ဆိတ်တစ်ကောင်လောက်သေးငယ်လှ၏။

သူတို့ကြားအကွာအဝေးက အတော်လေးဝေးတာဖြစ်သည်။

သို့ပေမယ့် ယခုမှာတော့, ဖုချောင်ဟွမ်တို့သင်္ဘောက တစ်မိုင်လောက်သာ ဝေးတော့၏။

နှစ်ခုလုံးက ရွက်လွင့်သင်္ဘောတွေဖြစ်ပြီး အရှိန်က အတူတူပင်။

ဘယ်လိုလုပ် လိုက်မှီလာရသနည်း။

"ကွေ့သွား...."

ဤအခိုက်အခန့်၌, ဂျန်ဖန်း ရုတ်တရက် မတ်တပ်ထရပ်လာပြီး အဆောတလျှင်ပြောလိုက်သည်။

ချူရှင်းမန် ပဟေဠိဖြစ်နေပြီး စိတ်ရှုပ်စွာဖြင့် သင်္ဘောဦးတည်ချက်ကို ပြောင်းလိုက်သည်။

"ဒါပေမယ့် ဆိပ်ကမ်းက ရှေ့မှာလေ..."

ယီလန်ရှင်းနှင့် ချင်ချိုင်းဟီတို့လည်း ပဟေဠိဖြစ်သွားကြ၏။

သူတို့က ကမ်းကပ်ခါနီးမှ ဘာကြောင့် ဦးတည်ချက်ပြောင်းရသနည်း။

ဂျန်ဖန်း အသံနက်ဖြင့် ပြောလိုက်သည်။

"ဒါက ငါတို့မြန်နေလို့မဟုတ်ဘူး။ သူတို့ပြဿနာနဲ့ကြုံပြီး ရှေ့ဆက်မသွားနိုင်တာ...'

ပြဿနာ?...

အမျိုးသမီးသုံးယောက်၏ အစောပိုင်း ပြေလျော့နေသည့်စိတ်တွေ ရုတ်တရက် တင်းကြပ်သွားကြ၏။

သူမတို့အားလုံးက တူညီသည့်အရာတစ်ခုကိုသာ တွေးမိလိုက်ကြ၏။

ကြေးခွံနီရေနတ်ဆိုးနဂါး....

ဖုချောင်ဟွမ်တို့သင်္ဘော ကြေးခွံနီရေနတ်ဆိုးနဂါးတွေ၏ တိုက်ခိုက်တာ ခံနေရပြီဖြစ်သည်။

ချူရှင်းမန် တုန်ယင်သွားပြီး အလျှင်အမြန် တက်မကို လှည့်ပြီး သင်္ဘောဦးတည်ချက်ကို ပြောင်းလိုက်သည်။

ခဏကြာပြီးနောက်...

သူတို့က ဖုချောင်ဟွမ်တို့သင်္ဘောကို ပေရာပေါင်းများစွာနောက်မှာ ကျန်ထားခဲ့၏။

ထိုအခါမှသာ သင်္ဘောပေါ်က အဖြစ်အပျက်တွေကို မြင်လိုက်ကြ၏။

ရွက်တိုင်တွေပျက်စီးနေပြီး ကိုယ်ထည်က ဖောက်ပြဲနေခဲ့သည်။

မြင်းတွေလည်း အမည်မသိသားရဲတွေ၏ အပိုင်းပိုင်းဆုတ်ဖြဲခြင်းကို ခံထားရပြီး ကလီစားတွေ နေရာအနှံ့ပြန့်ကျဲနေခဲ့သည်။

ပါလာသည့် နတ်ဆိုးသားရဲတွေလည်း ပိုဆိုးသည့်ကံကြမ္မာနှင့် တွေ့ကြုံနေရ၏။

မရေမတွက်နိုင်သည့်သွေးစီးကြောင်းတွေ ကုန်ပတ်ပေါ်မှ ရေထဲသို့ စီးဆင်းနေပြီး သင်္ဘောပတ်လည်ရှိရေကို သွေးနီရောင်ပြောင်သွားစေခဲ့သည်။

တုန်လှုပ်စရာမြင်ကွင်းက အမျိုးသမီးသုံးယောက်၏ မျက်ခွံ့တွေကို ကျုံ့သွားစေ၏။

သူမတို့နှလုံးသားတွေကို ပိုခုန်ပေါက်သွားစေတာက....

သွေးပင်လည်ထဲ မြင်းခြေထောက်ကြီးတစ်ချောင်းမျှောနေပြီး ရုတ်တရက် အမည်မသိအရာတစ်ခု၏ ဆွဲယူခြင်းကြောင့် ကြီးမားသည့်လှိုင်းလုံးတွေကို ဖြစ်ပေါ်သွားခဲ့သည်။

ထို့နောက် ရေလှိုင်းလိုင်းလုံးတွေ မြင့်တက်လာခဲ့သည်။

သိသာစွာပဲ တစ်ခုခုက မြင်းခြေထောက်ကို ဆွဲယူလိုက်ခြင်းပင်။

ယီလန်ရှင်း အံ့အားသင့်စွာ အော်ပြောလိုက်၏။

"ကြေးခွံနီ...အွမ်..အွမ်း..."

ဂျန်ဖန်း အလျှင်အမြန်ပဲ သူမပါးစပ်ကို ပိတ်လိုက်သည်။

ထို့နောက် ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့ကို တိုးတိုးနေဖို့ အချက်ပြလိုက်သည်။

သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ကြေးခွံ့နီရေနတ်ဆိုးသားရဲတွေက အကြားအာရုံပေါ်မှီခိုကြတာ။ မဆူကြနဲ့....."

"သူတို့ ငါတို့ကို သတိမထားမိခင် အမြန်ထွက်သွားရအောင်..."

ချူရှင်းမန် ကြောက်ရွံ့မှုကို ဖိနှိပ်ကာ တက်မကိုင်ပြီး သင်္ဘောကို ပုံမှန်အရှိန်ဖြင့် ရှေ့ဆက်လိုက်သည်။

သူတို့က ဝေးကွာသွားသည့်ဖုချောင်ဟွမ်တို့ သင်္ဘောကိုကြည့်နေပြီး ပတ်ပတ်လည်သွေးပင်လယ်ထဲ၌ ကြေးခွံ့နီရေနတ်ဆိုးနဂါးတွေကူးခတ်နေကြ၏။

တဖြည်းဖြည်း လူတိုင်း သက်သာရာရလာ၏။

ဤအတိုင်းသာဆို...

သူတို့က ဤဘေးအန္တရာယ်မှ လွတ်မြောက်တော့မည်ဖြစ်သည်။

သို့ပေမယ့်....

သူတို့ လုံခြုံတော့မည့်အချိန်မှာပဲ....

ကျိုးပဲနေသည့် သင်္ဘောခန်းတစ်ခုထဲမှ ခေါင်းတစ်ခု ထောင်လာခဲ့သည်။

ထိုအရာက ဖုချောင်ဟွမ်မှလွဲပြီး အခြားသူမဟုတ်ပေ။

သူက ဂျန်ဖန်းတို့သင်္ဘောကိုမြင်ပြီး ပျော်ရွင်သွားကာ အလျှင်အမြန်လက်ဝှေ့ယမ်းပြလိုက်သည်။

ချင်ချိုင်းဟီ သတိထားမိပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"ဖုချောင်ဟွမ် အသက်ရှင်နေသေးတယ်...."

"ငါတို့ သူတို့ကို ကယ်သင့်လား...."

ဂျန်ဖန်း မပြောခင်....

ယီလန်ရှင်း အခိုင်အမာ ပြောလိုက်သည်။

"နင်ရူးနေလား..."

"အဲ့ဒီသင်္ဘောက အတော်လေးပျက်စီးနေပြီ။ အကြီးအကဲမင်တောင် မကိုင်တွယ်နိုင်ဘူး။ ပြီးတော့ သူအသက်ရှင်နေသေးလားဆိုတာလဲ ငါတို့သိတာ မဟုတ်ဘူး...."

"ငါတို့သွားရင်, ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်မှာပေါ့...."

ဂျန်ဖန်း အေးစက်စွာ ပြောလိုက်သည်။

"ဆက်သွား, မရပ်နဲ့..."

သူတို့သာ အရင်က ရင်းနှီးခဲ့လျှင်...

အားလုံးက သားရဲလှိုင်းကို တိုက်ခိုက်နေကြတာမို့ ကူညီဖို့ ကြိုးစားမည်ပင်။

သို့ပေမယ့် သူတို့က ဂျန်ဖန်းအပေါ် မလိုမုန်းတီးမှုမှလွဲပြီး အခြားဘာမှမရှိပေ။

ဘာကြောင့် သူ့တို့ကို ကယ်ဖို့ သူ့အသက်ကို စွန့်စားရမည်နည်း။

ပျက်စီးနေသည့် သင်္ဘောပေါ်၌...

ဖုချောင်ဟွမ် ဂျန်ဖန်းတို့သင်္ဘောမရပ်ပဲ ဆက်လက်ရွက်လွင့်သွားတာကိုမြင်သည့်အခါ ဒေါသထွက်သွား၏။

"ငါ့ကို သေအောင်ပစ်ထားရဲတယ်ပေါ့...."

"ကောင်းတယ်, ငါသေရင်, မင်းတို့လည်း အေးအေးချမ်းချမ်းနေရမယ်မထင်နဲ့...."

All Chapters