ခြေသုံးလှမ်းမူဝေခြင်းဆေးလုံး၏ ကြီးမားသောအောင်မြင်မှု
Vol. 18 Ch. 260
သူက ဝါးပြွန်ပုံစံ မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် ဂျန်ဖန်းတို့သင်္ဘောကိုချိန်ပြီး အားကုန်ပစ်ချလိုက်၏။
ဝှစ်!
ပြင်းထန်သည့်ပေါက်ကွဲသံနှင့်အတူ...
အနက်ရောင်အလုံးလေးတစ်လုံးက အံံ့အားသင့်ဖွယ်ပဲ့တင်သံကိုသယ်ဆောင်ပြီး ဂျန်ဖန်းသင်္ဘောကို အရှိန်ပြင်းပြင်း ဝင်တိုက်သွား၏။
ဘုန်း!
ထိုတိုက်မိသွားသည့်အခိုက်အတန့်မှာပဲ...
အနက်ရောင်လုံးက ပြင်းထန်စွာပေါက်ကွဲသွားပြီး သင်္ဘောကို မီးစွဲသွားစေခဲ့သည်။
ပျက်စီးနေသည့်သင်္ဘောပတ်လည်ရှိ ရေအောက်ကအကောင်ကြီးတွေကို ပေါက်ကွဲသံက ချက်ချင်းပဲ ဆွဲဆောင်သွား၏။
ချက်ချင်းပဲ...
ရေမျက်နှာပြင်၌ လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး ထလာပြီး မသဲမကွဲ အနီရောင်အရိပ်မဲကြီးတွေ ဂျန်ဖန်းတို့သင်္ဘောဆီ တဟုန်ထိုးပြေးလာကြ၏။
ကြည့်လိုက်လျှင်...
မြစ်ရေမျက်နှာပြင်က ဆူပွက်နေသလိုပင်။
အရှိန်အဟုန်က ကြီးမားလွန်းလှ၏။
ဖုချောင်ဟွမ် ဂျန်ဖန်းတို့သင်္ဘော ပိုမိုဝိုင်းခံလာရတာကိုကြည့်ရင်း, အေးစက်စွာနှာမှုတ်လိုက်၏။
"ငါ့ကိုအပြစ်မတင်နဲ့, မင်းကို မကယ်ဖို့ ဘယ်သူက ပြောလို့လဲ...."
သူက မြေပြင်မှာလဲနေသည့်မင်ရိုလန်ကိုကြည့်လိုက်သည်။ သူမမျက်နှာက စက္ကူတစ်ရွက်လို ဖြူဖြော့နေခဲ့သည်။
ထိုအခိုက်အတန့်၌ သူမညာဘက်လက်မောင်းက ကိုက်ဖြတ်ခံထားရပြီး သွေးတွေ အဆက်မပြတ်စီးထွက်နေခဲ့သည်။
ရင်ဘတ်မှာလည်း နက်ရှိုင်းသည့်လက်သည်းရာတွေရှိနေပြီး အတွင်းကလီစာတွေ မြင်နေရ၏။
"ဆရာ, ငါ မင်းကိုကယ်ဖို့ တစ်စုံတစ်ယောက်သွားရှာလိုက်အုန်းမယ်။ ဒီမှာ ခဏစောင့်အုန်း...."
ဖုချောင်ဟွမ် ခြေထောက်မလိုက်၏။ သူက ကြေးခွံနီရေနတ်ဆိုးနဂါးတွေ ပြန့်ကျဲသွားတာကို အခွင့်ကောင်းယူပြီး ကမ်းခြေကို အလျှင်အမြန်သွားဖို့ ကြံလိုက်သည်။
မမျှော်လင့်စွာပဲ, မင်ရိုလန်လက် သူ့ကိုဆုပ်ကိုင်လာပြီး အားနည်းစွာပြောလိုက်သည်။
"ငါ့ကို မထားခဲ့ပါနဲ့...."
အလွန်အမင်းအားနည်းနေသော်လည်း သူမအသိက ရှင်းလင်းနေဆဲဖြစ်သည်။
ဖုချောင်ဟွမ် သူမကိုစွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းတော့မည်ကို သိ၏။
ဖုချောင်ဟွမ်စိုးရိမ်သွားပြီး စိတ်ပျက်သွား၏။ မင်ရို့လန်က သေသင့်သည့်အရွယ်ကိုရောက်နေပြီး သူမသေဆုံးမှုက ဘာမှစိတ်မကောင်းစရာမရှိပေ။
သို့ပေမယ့် သူက ရှားပါးသည့် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် ဤနေရာမှာ သေနိုင်မည်နည်း။
သို့ပေမယ့် မင်ရိုလန်၏တင်းကြပ်စွာဆုပ်ကိုင်ထားမှုကြောင့် တွန့်ဆုတ်စွာပဲ သူမကို ထူပေးလိုက်၏။
ထို့နောက် ကုန်းပတ်ပေါ်က အပိုသစ်သားလှေကို တိတ်တဆိတ်ကျိုးဖြည်ကာ မင်ရိုလန်နှင့်အတူ ကမ်းခြေသို့ သတိထား လှော်ခတ်သွားခဲ့သည်။
တစ်ဖက်မှာတော့....
ဂျန်ဖန်းနှင့် အခြားလူတွေ စိုးရိမ်ဖွယ်အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။
မရေမတွက်နိုင်သည့် ကြေးခွံ့နီရေနတ်ဆိုးနဂါးတွေ လျပ်စီးတွေကဲ့သို့တိုက်ခိုက်နေပြီး သင်္ဘောကို ဘက်ပေါင်းစုံမှ ဖျက်ဆီးနေကြသည်။
ဘုန်း!
သင်္ဘောကိုယ်ထည် အပြင်အထန်တုန်ခါသွားပြီး လူတိုင်းလဲကျလုနီးပါးပင်။
အမျိုးသမီးသုံးယောက်၏မျက်နှာတွေ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ထိတ်လန့်တကြား အဆက်မပြတ်အော်ဟစ်လိုက်ကြ၏။
ကံကောင်းစွာဖြင့်, ဂျန်ဖန်း တည်ငြိမ်နေပြီး အလျှင်အမြန် အမိန့်ပေးလိုက်သည်။
"ချူရှင်းမန်, မီးတွေငြိမ်းလိုက်...."
"ချင်ချိင်းဟီ, ယီလန်ရှင်း ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးတွေကို သင်္ဘောပတ်လည်ကို ကျဲလိုက်..."
သူက ရွက်တိုင်ပေါ်ခုန်တက်ပြီး အထက်မှ အခြေအနေကို ကြည့်လိုက်သည်။
ရေအောက်၌ ငါးဇန်လောက်ရှည်သည့်အနီရောင်အကောင်များစွာရှိနေခဲ့သည်။
၎င်းတို့၌ ထူးထဲသည့်ကြေးခွံ့တွေနှင့် အားကောင်ပြီးဆူးရှိသည့်အမြီးတွေရှိ၏။
ရှင်းလင်းစွာပဲ ကြေးခွံနီရေနတ်ဆိုးနဂါးတွေပင်။
ထို့ပြင်, မိတ်လိုက်ချိန်အတွင်း၌ ၎င်းတို့ကက ပုံမှန်ထက်ပိုမိုကြမ်းကြုတ်ကြ၏။
လက်ရှိ၌ သင်္ဘောကိုရူးသွပ်စွာ ဝင်တိုက်ကိုက်ဖြတ်နေကြပြီး ရေထဲနစ်မြုပ်ဖို့ကြိုးစားနေကြ၏။
"ကံကောင်းလို့, အားလုံးက အကောင်ပေါက်တွေပဲ ရှိသေးတယ်...."
ဂျန်ဖန်း တစ်ခဏကြည့်နေပြီး သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
အရွယ်ရောက်ပြီးသားကောင်တွေသာဆိုလျှင် အရွယ်အစားက သင်္ဘောထက်တောင် ကြီးအုန်းမည်ဖြစ်သည်။
ကိုက်ချက်တစ်ချက်က သင်္ဘောကို ကြေမွသွားနိုင်၏။
ထိုအခိုက်အတန့်၌....
ချင်ချိုင်းဟီ ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးတွေကို ကြောက်လန့်တကြား ပက်ကျဲနေခဲ့သည်။
ဆေးရနံ့ပျံ့နှံ့သွားသည်နှင့်...
ရေအောက်ရှိ ကြေးခွံနီရေနတ်ဆိုးနဂါးတွေ ချက်ချင်းဆွဲဆောင်ခံလိုက်ရပြီး သင်္ဘောကိုတိုက်ခိုက်နေတာနှင့် ကုတ်တက်နေကြတာကို ရပ်တန့်လိုက်ကြ၏။
သူတို့က ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးတွေကို လောဘတကြီး ရှာဖွေကြတော့၏။
ရှာတွေ့သည့်အခါ ၎င်းတို့ပါးစပ်ကြီးတွေဖြင့် ဆူညံ့စွာစားသောက်လိုက်၏။ ထို့နောက် ဆက်လက်ရှာဖွေကြ၏။
များစွာသော ကြေးခွံ့နီရေနတ်ဆိုးနဂါးတွေ ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးအတွက် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်လာကြ၏။
အမျိုးသမီးသုံးယောက် ကြောက်လန့်၍ သင်္ဘောအခန်းထဲမှာပုန်းနေပြီး အသက်တောင်မရှူရဲကြပေ။
ကြေးခွံ့နီရေနတ်ဆိုးသားရဲတွေရှာတွေ့ပြီး အခန်းကို ဖောက်ဝင်လာကြမှာ ကြောက်လန့်နေကြ၏။
သူတို့ကို အံ့အားသင့်ပျော်ရွင်စွာပဲ...
ဂျန်ဖန်းကြိုတင်ခန့်မှန်းထားသည့်အတိုင်း ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးစားသောက်ပြီးသည့် ကြေးခွံ့နီရေနတ်ဆိုးနဂါးတွေ အသက်ရူချိန် သုံးရှိုက်စာအတွင်း သတိလစ်သွားပြီး ကုန်းပတ်ပေါ်မှာ မလှုပ်မယက်လဲနေကြသည်။
အနည်းငယ်လောက်သာ ပတ်ပတ်လည်မှာ ဆက်ရှာနေဆဲဖြစ်သည်။
ထိုအရာကိုမြင်သည့်အခါ ဂျန်ဖန်း ခုန်ဆင်းပြီး သူ၏အနက်ရောင်ဓားဖြင့် ကြေးခွံ့နီရေနတ်ဆိုးနဂါး၏မျက်လုံးမှ ဦးခေါင်းခွံထိ ထိုးဖောက်လိုက်သည်။
ထို့နောက် အားနှင့်လှည့်လိုက်၏။
သတိလစ်နေသည့် ကြေးခွံ့နီရေနတ်ဆိုးသားရဲ ချက်ချင်းသေသွားခဲသည်။
ထိုအရာကိုမြင်သည့်အခါ အမျိုးသမီးသုံးယောက်အလျင်အမြန်ပဲ ထိုနည်းလမ်းအတိုင်းလိုက်လုပ်လိုက်ကြသည်။
သူတို့၏မှော်ရတနာတွေကိုထုတ်ယူပြီး ဂျန်ဖန်းလုပ်ဆောင်သည့်အတိုင်း ကြေးခွံ့နီရေနတ်ဆိုးနဂါးတွေ၏ မျက်လုံတွေကို ထိုးဖောက်လိုက်ကြသည်။
တစ်ကောင်ပြီးတစ်ကောင်, ကြေခွံနီရေနတ်ဆိုးသားရဲတွေ ချက်ချင်းပဲ သေဆုံးသွားခဲ့သည်။
တစ်ခဏအတွင်းမှာပဲ...
သင်္ဘောပေါ်တက်လာသည့် ကြေးခွံနီရေနတ်ဆိုးသားရဲ နှစ်ဆယ်ကျော် အားလုံး အသတ်ခံရပြီပင်။
ဤအရာက အမျိုးသမီးသုံးယောက်ကို ဝမ်းသာပျော်ရွင်သွားစေ၏။
ယီလန်ရှင်း အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ဒါက ဘယ်လိုဆေးလုံးမျိုးလဲ။ ဒီလောက်တောင် ထူးခြားတယ်..."
စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် သူမက စိတ်ဝိညာဥ်သားရဲတွေအပေါ်အသုံးပြုသည့် ဆေးတွေကို သာမန်လူတွေထက်ပိုသိ၏။
သို့ပေမယ့် ဤကဲ့သို့ ထူးဆန်းသည့်ဆေးမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးပေ။
ထိုမျှလောက်ကြမ်းကြုတ်သည့် ကြေးခွံနီရေနတ်ဆိုးသားရဲတွေကိုတောင် ချက်ချင်းသတိမေ့သွားစေနိုင်၏။
ဂျန်ဖန်း ရှင်းပြဖို့ အချိန်မရှိပဲ ပြောလိုက်သည်။
"အလောင်းတွေကို အခန်းထဲထည့်ထားလိုက်။ ပြီးမှ သူတို့ဆီက ပစ္စည်းတွေ ထုတ်ယူကြမယ်..."
"ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးတွေ ဆက်ကျဲထား...."
"ကြေးခွံနီရေနတ်ဆိုးနဂါးတွေ အများကြီးရှိသေးတယ်..."
တကယ်တော့....
သူအစိုးရိမ်ဆုံးက မင်ရို့လန်ကို သေလုနီးပါးဖြစ်သွားစေသည့် ကြေးခွံနီရေနတ်ဆိုးနဂါးပင်။
၎င်းသာပေါ်လာလျှင် ဤသင်္ဘောက ရပ်တည်ဖို့အခွင့်အရေးရှိမည်မဟုတ်ပေ။
ထို့ကြောင့် သူတို့က ၎င်းထွက်ပေါ်မလာခင် ကြေးခွံနီရေနတ်ဆိုးနဂါးငယ်တွေကို သတ်ရမည်ပင်။ မဟုတ်လျှင် လူတိုင်းအကြီးအကျယ်ဒုက္ခရောက်ပြီပဲဖြစ်သည်။
လူတိုင်း ချက်ချင်းပဲ သူ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လိုက်ကြ၏။
ခဏကြာပြီးနောက်...
သင်္ဘောက နောက်တစ်ကြိမ် ခြေသုံးလှမ်းမူးဝေခြင်းဆေးရနံ့တွေနှင့် ဖုံးလွမ်းသွား၏။
ချူရှင်းမန် သင်္ဘောပဲ့ကိုကိုင်ပြီး ဆိပ်ကမ်းဆီသို့ အရှိန်အပြည့်ဖြင့် မောင်းနှင်လိုက်သည်။
ကြေးခွံနီရေနတ်ဆိုးနဂါးတွေ ခြေသုံးလမ်းမူးဝေခြင်းဆေးလုံးတွေကြောင့် ဆက်လက်ဆွဲဆောင်ခံနေရပြီး စာသောက်ဖို့ သင်္ဘောပေါ် ခုန်တက်လာကြ၏။
ယခင်အတိုင်းပင်...
၎င်းတို့အားလုံး သတိမေ့သွားကြပြီး ချက်ချင်း အသတ်ခံလိုက်ကြရသည်။
ဤဖြစ်စဥ်က ငါးကြိမ် ခြောက်ကြိမ်လောက် ထပ်ဖြစ်နေခဲ့ပြီး နောက်ဆုံး, သင်္ဘောပတ်လည်က လုံးဝ တည်ငြိမ်သွားခဲ့သည်။
ကြေးခွံနီရေနတ်ဆိုးနဂါးတွေ မြင်ကွင်းထဲမှာ မရှိတော့ပေ။
သင်္ဘောကုန်းပတ်နှင့်အခန်းတွေ၌ ကြေးခွံနီရေနတ်ဆိုးနဂါးအသေကောင်တွေနှင့် ပြည့်နှက်နေပြီး သင်္ဘောတစ်ခုလုံး သွေးတွေစွန်းထင်နေခဲ့သည်။
ကြီးမားသည့်သွေးစီးကြောင်းတွေလည်း မြစ်ထဲသို့စီးကျနေကာ မြစ်မျက်နှာပြင်တစ်ဝက်လောက်ကို အနီရောင်ပြောင်းသွားစေခဲ့သည်။
မကြာမီ...
သူတို့က ဆိပ်ကမ်းကို ရောက်လာခဲ့ကြသည်။
ဂျန်ဖန်း နောက်ဆုံးမှာ သူ၏တင်းမာနေသည့် နှလုံးသားကို ဖြေလျော့လိုက်၏။
စွမ်းအားကြီးကြေးခွံနီရေနတ်ဆိုးနဂါး အကြောင်းပြချက်အချို့ကြောင့် လိုက်မလာခဲ့ပေ။
အမျိုးသမီးသုံးယောက် အန္တရာယ်မှလွတ်မြောက်လာသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဝမ်သာအားရပွေ့ဖက်လိုက်ကြသည်။
ကမ်းခြေကို အသက်ရှင်လျက်ရောက်လိမ့်မယ်လို့ မည်သူမှထင်မထားခဲ့ကြပေ။
သို့ပေမယ့် သူမတို့ကောင်းကောင်းသိ၏။ သူမတို့၏ကပ်သီလေးလွတ်မြောက်မှုက ကံကောင်းမှုကြောင့်မဟုတ်ပေ။
ထိုအရာက သူမတို့နှင့်အတူ ဂျန်ဖန်းရှိနေသောကြောင့်ပင်။
ဂျန်ဖန်း အမိန့်ပေးမှုနှင့် ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးတွေသာမရှိလျှင်...
အချိန်တော်ကြာကတည်းက ကြေခွံနီရေနတ်ဆိုးနဂါးတွေ၏အစာဖြစ်သွားပြီပဲဖြစ်သည်။
ယီလန်ရှင်း ဂျန်ဖန်းကို တောက်ပသည့်မျက်လုံးတွေဖြင့် ကြည့်နေပြီး မနေနိုင်ပဲ သက်ပြင်းချလိုက်သည်။
"ဂိုဏ်းချုပ် ဘာကြောင့် ဂျူနီယာမောင်လေးဂျန်ကို အရမ်းသဘောကျနေရလဲဆိုတာ ငါ အခု နားလည်သွားပြီ....."
"ဂျူနီယာမောင်လေးဂျန်က တကယ်ကို ဆွဲဆောင်မှုရှိတယ်..."
ချင်ချိုင်းဟီ စလိုက်၏။
"ဒါဆို, နင်တန်းစီသင့်တယ်...."
"ဂျူနီယာမောင်လေးဂျန်ကို သဘောကျနေတဲ့ မိန်းခလေးတွေက အများကြီးပဲ...."
"ဟုတ်တယ်မလား, ညီမချူ...."
ချူရှင်းမန် မျက်နှာနီရဲသွား၏။ ရိုးသားသည့်မျက်လုံးတွေနှင့် ကန့်ကွက်လိုက်သည်။
"စီနီယာအမချင်, ကိုယ့်အကြောင်းကိုပြောစမ်းပါ။ ငါ့ကို ဆွဲမထည့်နဲ့...."
ဂျန်ဖန်းအတွက်တော့...
သူက မြင်းတွေကို ကမ်းခြေသို့မောင်းလာပြီး သူ့အကြောင်းစနှောက်နောက်နေတာ ကြားသည့်အခါ ဝင်ပြောလိုက်သည်။
"မင်းတို့အလုပ်တွေပြီးသွားပြီပေါ့လေ...."
အမျိုးသမီးသုံးယောက်ပြုံးလိုက်ကြပြီး အလျှင်အမြန် ဝင်ကူလိုက်ကြ၏။
လှည်းမောင်းသည့်သူကမောင်း, ကြေးခွံနီရေနတ်ဆိုးနဂါးတွေဆွဲနေသည့်သူက ဆွဲနေကြ၏။
တစ်နာရီလောက်ကြာပြီးနောက်....
သူတို့က အားလုံးကို ကမ်းခြေသို့ အောင်အောင်မြင်မြင် ရွေ့ပြီးသွားပြီပင်။
ယီလန်ရှင်း နဖူးမှ ချွေးတွေသုတ်လိုက်ပြီး အကောင်းပတိရှိနေသည့်လှည်းတွေနှင့် အကောင်ငါးဆယ်ထက်ပိုသည့် အဖိုးတန်နတ်ဆိုးသားရဲအလောင်းတွေကို ကြည့်ပြီး ပျော်ရွင်နေ၏။
"နောက်ဆုံးတော့ ပြီးသွားပြီ...."
သို့ပေမယ့် ဂျန်ဖန်းတည်ငြိမ်စွာ ပြောလိုက်သည်။
"ပြီးသွားပြီ။ ဟုတ်လား...."
"မပြီးသေးဘူး....."
သူ့အသံက အေးစက်နေပြီး မဝေးသည့်နေရာက ကပ်းစပ်ကို စိုက်ကြည့်နေခဲ့သည်။
ယီလန်ရှင်း သူ့အကြည့်နောက် လိုက်ကြည့်လိုက်သည်။
ချက်ချင်းပဲ သူမမျက်လုံးတွေ ဒေါသကြောင့် မီးဟုန်းဟုန်းတောက်လာ၏။
အဘယ်ကြောင့်ဆိုသော် သူမ တစ်စုံတစ်ယောက်ကို မြင်လိုက်တော့ကြောာင့်ပင်။
သူမတို့ကို ထောင်ချောက်ဆင်ပြီး မြစ်ထဲမှာ သေလုနီးပါးဖြစ်အောင် လုပ်ခဲ့သည်သူ....