ရမ္မက်ဂိုဏ်းစီနီယာအကိုကြီး
Vol. 18 Ch. 261
"ဖုချောင်ဟွမ်..."
ယီလန်ရှင်း ဒေါသတကြီး အော်ခေါ်လိုက်သည်။
"နင်, ခွေးကောင်..."
နောက်ထပ်မပြောတော့ပဲ သူမက တိုက်ရိုက်လှုပ်ရှားလိုက်သည်။
လေချွန်လိုက်သည့်အခါ ကောင်းကင်ပေါ်ရှိ စိတ်ဝိညာဥ်ငှက်နှစ်ကောင် စူးရှစွာ အော်လိုက်၏။
၎င်းတို့က ချက်ချင်းပဲ ဖုချောင်ဟွမ်ဆီ ထိုးဆင်းလာကြသည်။
နီးကပ်လာသည့်အခါ ၎င်းတို့ထဲက တစ်ကောင်က အဝါရောင်ဆံထွေးတွေ ထွေးထုတ်လိုက်ပြီး ပြင်ဆင်မထားသည့်ဖုချောင်ဟွမ် တစ်ကိုယ်လိုး စိုဆွဲသွားခဲ့သည်။
ထို့နောက် ချက်ချင်း, အခြားတစ်ကောင်က ၎င်းတောင်ပံတွေကိုခတ်ကာ အမွေးတောင်တွေဖြင့် ပစ်ခတ်လိုက်၏။
ဖုချောင်ဟွမ် မင်ရိုလန်ဒဏ်ရာပတ်တီးစည်းပေးနေ၍ သတိမမူမိဖြစ်သွားသည်။
သူဆီလာနေသည့် ငှက်မွေးတောင်တွေကိုမြင်သည့်အခါ လှုပ်ရှားမှုနည်းလမ်းကို အသုံးပြုကာ ရှောင်တိမ်းဖို့ကြိုးစားလိုက်သည်။
သို့ပေမယ့် သူ့ကိုတုန်လှုပ်သွားစေတာက, အဝါရောင်ဆံထွေးတွေ သူ့ကို ထိမှန်သွားပြီး စိတ်ဝိညာဥ်စွမ်းအင်ချိတ်ပိတ်ခံလိုက်ရသည်။
ကိစ္စတွေက ရုတ်ချည်းဖြစ်ပျက်သွားတာ ဖြစ်သည်။
သူ့အပေါ်ရုံကိုချွတ်နေရင်း ရှေ့ကိုဆက်ခနဲလှမ်းလိုက်သည်။
ဘန်း! ဘန်း! ဘန်း!
စိတ်ဝိညာဥ်ငှက်အတောင်တွေ သူ့ပခုံးကို ဖြတ်ကျော်သွားပြီး မြေပြင်ကို ပေါက်ကွဲအားပြင်းပြင်းဖြင့် ထိမှန်သွားခဲ့သည်။
ပေါက်ကွဲအားကြောင့် အဆောက်အဦးအပြင်းအထန်တုန်ခါသွားပြီး ပြိုကျလုနီးပါးပင်။
ထို့ပြင် ပေါက်ကွဲမှုလှိုင်းကြောင့် ဖုချောင်ဟွမ် လွင့်ထွက်သွားပြီး သနားစရာကောင်းသည့်အခြေအနေ ရောက်သွားခဲ့၏။
စိတ်ဝိညာဥ်ငှက်သားရဲနှစ်ကောင် နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ကြ၏။
ထိုစဥ်, ယီလန်ရှင်းလည်း စိတ်ဝိညာဥ်ငှက်တွေဖြင့်ပူးပေါင်းကာ သူမ၏ကျင့်ကြံရေးနည်းစနစ်ဖြင့် တိုက်ခိုက်လိုက်၏။
ဖုချောင်ဟွမ်နှလုံးသား အပြင်းအထန်ခုန်ပေါက်သွား၏။
စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ စိတ်တိညာဥ်သားရဲတွေက အတော်လေးပြဿနာများသည်ဟု သူကြားဖူး၏။ သိုပေမယ့် အလေးအနက်မထားခဲ့ပေ။
ယခုမှသာ ထိုအရာမှန်ကန်ကြောင်း နားလည်သွားခဲ့သည်။
ဂုဏ်ယူရသည့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့်,သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ သာရှိသည့် စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်လက်ချက်ကြောင့် ဒုက္ခရောက်နေခဲ့သည်။
ကံကောင်းစွာဖြင့် သုံးကွက်မြောက်မတိုက်ခိုက်ခင်, သူက အဝါရောင်ဆံထွေးတွေစိုနေသည့်ဝတ်ရုံကို ဖယ်ရှားနိုင်ခဲ့၏။
စိတ်ဝိညာဥ်စွမ်းအင် ပြန်လည်စုဆောင်းနိုင်လာသည်နှင့် ချက်ချင်းပဲ သူ၏ ရက်စက်သည့်ဘက်ခြမ်းကို ပြသလိုက်၏။
"မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့, မင်းအရိုက်ခံရဖို့ပြင်ထား..."
သူက သူ၏ရှေးဟောင်ဗျတ်စောင်းကို ကိုင်ပြီး တီးခတ်လိုက်သည်။
တရန်!
ကျောက်စိမ်းနှင့် ပိုသားတွေကို အက်ကွဲသွားစေနိုင်သည့် စူးရှရှဗျတ်စောင်းသံအလယ်၌....
စိတ်ဝိညာဥ်သားရဲနှစ်ကောင် မမြင်ရသည့်အားတစ်ခု၏တိုက်ခိုက်မှု ခံလိုက်ရပြီး အမွေးအတောင်များစွာ ကျွတ်ထွက်ကုန်၏။ သူတို့က နာကျင်ကြောက်လန့်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားကြသည်။
ယီလန်ရှင်း တိုက်ခိုက်မှုဒဏ်အများဆုံးခံရတာဖြစ်သည်။
သူမဝတ်ရုံ နေရာများစွာ၌စုတ်ပြဲသွားပြီး အရေပြားပေါ်မှာ ပြတ်ရှရာတွေပေါ်လာခဲ့သည်။
သို့သော်လည်း သူမက တွေဝေမှုမရှိ အကြောက်လန့်ကင်းကင်းဖြင့် ရှေ့ဆက်တိုးနေဆဲဖြစ်သည်။
ဖုချောင်ဟွမ် နှာမှုတ်လိုက်၏။
"မင်းကိုယ်မင်း အထင်ကြီးနေတာပဲ..."
သူ့လက်ဆယ်ချောင်းကို ရုတ်တရက် အားစိုက်တီးခတ်လိုက်သည်။
သံချပ်ကာမြင်းတပ်နှင့် ရေခဲမြစ်ကွဲကျေသွားသကဲ့သို့ ဗျတ်စောင်းတေးသွားက ချက်ချင်းပဲ ယီလန်ရှင်းကို လွင့်ထွက်သွားစေခဲ့သည်။
ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့ အလျှင်အမြန်ပဲသူမကို ဖမ်းထားပေးလိုက်ပြီး နှစ်ယောက်သား ဖုချောင်ဟွမ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
ချင်ချိုင်းဟီ ဒေါသတကြီးပြောလိုက်သည်။
"ဖုချောင်ဟွမ်, နင်ရွံ့စရာကောင်းတဲ့ကောင်...."
"နင့်ကိုနင် ကောင်းကင်သံစဥ်ဂိုဏ်းတပည့်ကြီးလို့ ပြောရဲတယ်ပေါ့..."
"တော်တော်အရှက်မရှိတဲ့ကောင်...."
ဖုချောင်ဟွမ် ဗျတ်စောင်းကြိုးတွေကို လွတ်လိုက်၏။
သူက အကောင်းတိုင်းရှိနေသည့် ဂျန်ဖန်းနှင့် အခြားလူတွေကို ကြည့်လိုက်သည်။
ထို့နောက် ထိခိုက်ဒဏ်ရာမရသည့် မိုင်တစ်ထောင်သိမ်းငှက်တွေကို ကြည့်လိုက်သည်။
နောက်ဆုံး၌ သူက ကြေးခွံနီရေနတ်ဆိုးနဂါး အလောင်းတွေကို သတိထားမိလိုက်သည်။
သူတို့က အသက်ရှင်သန်ခဲ့ရုံတင်မက, ကြေခွံနီရေနတ်ဆိုးနဂါးများစွာကို သတ်ဖြတ်နိုင်ခဲ့ကြသည်။
ထိုနဂါးတွေက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီး၏။
အလောင်းတစ်ခုစီက သလင်းကျောက်တစ်ထောင်နှင့် ရောင်းလို့ရတာဖြစ်သည်။
အလောင်းငါးဆယ်ကျော်နှင့်ဆို သလင်းကျောက် ငါးသောင်းလောက်တန်ဖိုးရှိ၏။
ယှဥ်ကြည့်လျှင် သူ၏နတ်ဆိုးသားရဲအားလုံး အစားခံလိုက်ရပြီး မဟာအကြီးအကဲတောင် လက်မောင်းတစ်ဖက်ရှုံးဆုံးခဲ့ရ၏။
ထိုကြီမားလှသည့်ကွာခြားမှုက သူ့ကို မနာလိုဖြစ်သွားစေခဲ့သည်။
ချင်ချိုင်းဟီဆဲဆိုမှုကို ကြားသည့်အခါ ထိုအရာကို အခွင့်ကောင်းယူပြီး ဒေါသတကြီး ပြောလိုက်သည်။
"မင်းက ငါ့ကို ပြဿနာရှာရဲတယ်ပေါ့..."
"ငါတောင် မင်းတို့နဲ့ စာရင်းမရှင်းရသေးဘူး..."
"မင်းတို့သာအကူအညီတောင်းတာကို လျစ်လျူမရှုခဲ့ရင်, ငါတို့မဟာအကြီးအကဲ လက်မောင်းတစ်ဖက်ရှုံးဆုံးမှာ မဟုတ်ဘူး...."
"မင်းတို့ ဒီကိစ္စကနေ ရှောင်ပြေးလို့ရမယ် မထင်နဲ့..."
ဘာ?....
သူတို့ကိုလုပ်ကြံတာကို အတော်လေးရှက်ဖို့ကောင်းနေသည်ဟု ထင်ထားခဲ့၏။
သို့ပေမယ့် ဖုချောင်ဟွမ် သူတို့ထင်ထားတာထက် ပိုလို့တောင် အရှက်တရားကင်းမဲ့နေမည်ဟု ဘယ်တုန်းကမှထင်မထားခဲ့ပေ။
သူက အမှန်တရားကို လုံးဝ ပြောင်းပြန်လှန်ပစ်နေတာဖြစ်သည်။
ဂျန်ဖန်း သူ၏အနက်ရောင်ဓားကိုဆွဲထုတ်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဒီတော့, မင်းက ဒီကြေးခွံနီရေနတ်ဆိုးနဂါးတွေကို မျက်စိကျနေတယ်ပေါ့..."
ထိုကောင် အမှန်အမှားပြောင်းပြန်လှန်နေတာမဟုတ်ပေ။
သူတို့ပစ္စည်းကို လုယက်ဖို့ အကြောင်းပြချက်ရှာနေတာပဲဖြစ်သည်။
ပေါ်သွားပြီဖြစ်၍ ဖုချောင်ဟွမ် နောက်ထပ် ဖုံးကွယ်မထားတော့ပေ။
သူက ပတ်ပတ်လည်ကြည့်လိုက်သည့်အခါ ခြောက်ကပ်သည့်ကမ်းခြေက ဘာမှမရှိတာကိုမြင်လိုက်၏။
သူက လှောင်ပြောင်လိုက်၏။
"ကောင်းတယ်, မင်းကဉာဏ်ကောင်းသားပဲ..."
"မင်းတို့တွေ မခံစားချင်ဘူးဆိုရင်, အဲ့တာတွေလက်လွဲပေးပါ...."
"ငါ့ကိုစော်ကားမိတဲ့အတွက် လျော်ကြေးအနည်းငယ်လို့ သဘောထားလိုက်ပေါ့...'
ယီလန်ရှန်း ဒေါသကြောင့် ရှူးရှူရှဲရှဲဖြစ်နေခဲ့သည်။
"အရှက်မရှိတဲ့ခွေးကောင်...."
"နင်က ငါတို့ကိုထိခိုက်အောင်လည်းလုပ်သေးတယ်, အခုလည်း လုယက်ချင်နေတယ်ပေါ့..."
"အိမ်မက်မက်နေလိုက်လေ...."
ကောင်းကင်သံစဥ်ဂိုဏ်း၏ နာမည်ကျော်ပါရမီရှင် ဤလောက်ထိ စိတ်ဓာတ်ညံ့ဖျင်းမည်ဟု သူမအမှန်တကယ် ထင်မထားခဲ့ပေ။
သူမသာ သူမမျက်စိနှင့်တပ်အပ်မြင်ရတာမဟုတ်လျှင်, ဘယ်သူပြောပြောယုံမည်မဟုတ်ပေ။
ဖုချောင်ဟွမ်၏ ခန့်ညားသည့်မျက်နှာ လှောင်ပြောင်သည့်အမူအရာ ပြသလာ၏။
"ငါမင်းတို့ကို ထိခိုက်အောင်လုပ်တော့ကော ဘာဖြစ်လဲ...."
"လုတော့ကာ ဘာဖြစ်လဲ...."
"မင်းတို့လို ဘာမှမဟုတ်တဲ့လူတစ်သိုက်က, ငါ ဖုချောင်ဟွမ်ကို ဘာလုပ်နိုင်မှာ မိုလို့လဲ...."
ထို့နောက် ချက်ချင်းပဲ ရှေးဟောင်းဗျတ်စောင်းကို ကိုင်ကာ ကြေးခွံနီရေနတ်ဆိုးနဂါးတွေဆီလျောက်သွားပြီး နှာမှုတ်လိုက်၏။
"ငါ့လမ်းကဖယ်...."
"မဟုတ်ရင်, မင်းတို့အားလုံးကို သတ်ပစ်မယ်။ ဘယ်သူမှ သိမှာမဟုတ်ဘူး...."
ဖုချောင်ဟွမ်ကို မျက်မှောင်ကြုတ်သွားစေတာက....
အမျိုးသမီးသုံးယောက် ကြောက်ရွံ့သည့်အမူအရာမပြပေ။
ဤနေရာက တကယ်ကို ခြောက်ကပ်သည့်ကမ်းခြေတစ်ခုဖြစ်၏။
ပတ်ဝန်းကျမှာ မည်သူမှမရှိပေ။
သူက ရှက်စရာကောင်းသည့်အရာတစ်ခုခုလုပ်လျှင်တောင်, မည်သူမှ သိမည်မဟုတ်ပေ။
ထို့နောက် သူက အမျိုးသမီးသုံးယောက် ဂျန်ဖန်းကိုကြည့်နေတာ သတိထားမိပြီး လှောင်ပြောင်လိုက်၏။
"ဘာလဲ, မင်းတို့က ဒီအရှုံးသမားကို အားကိုးနေတာလား..."
ဂျန်ဖန်း သူ့ဓားကိုလှည့်လိုက်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။
"ငါကသာ အရှုံးသမားဆိုရင်...."
"ငါအနိုင်ယူခဲ့တဲ့မင်းက, ပိုမဆိုးဘူးလား...."
ဂီတပြိုင်ပွဲမှာဆုံနိမ့်သည့်အရှက်ရမှုက ဖုချောင်ဟွမ်အတွက် တစ်ခါမှမဖြစ်ဖူးသည့် စော်ကားမှုပင်။
နောက်တစ်ကြိမ်ထပ်ပြောတာက သံသယရှိစရာမလိုအောင် သူ့ကို ဒေါသထွက်စေ၏။
သူ့မျက်လုံးတွေ မဲမှောင်လာ၏။
"သံစဥ်နည်းစနစ်လေးအနည်းငယ်သင်ယူနိုင်တာနဲ့ ငါဖုချောင်ဟွမ်ကို ခြေရာလာတိုင်းလို့ရမယ်လို့ တကယ်ထင်နေတာလား...."
"မမေ့လိုက်နဲ့။ မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်လေးပဲ။ ငါက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ..."
"မင်းက ဘယ်လိုလုပ် ငါနဲ့ယှဥ်နိုင်မှာလဲ..."
ဂျန်ဖန်း သူ့နားရွက်ကို ကုတ်လိုက်သည်။
မျက်လုံးထဲမှာ စိတ်ပျက်သည့်အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"မင်း ဒါကြီးပဲ ထပ်တလဲလဲပြောနေတာပဲ...."
"ငါ့နားတွေတောင် အသားမာတက်နေပြီး..."
"မင်းက မင်းပြောသလို သန်မာလား ကြည့်ကြတာပေါ့..."
ဖုချောင်ဟွမ် ဒေါသတကြီးရယ်လိုက်၏။
"ကောင်းတယ်...."
"မင်းက သေချင်နေမှတော့, ငါ့ကို အပြစ်မတင်နဲ့....."
သူ့လက်ကိုမြောက်ပြီး ဗျတ်စောင်းတီးခတ်ဖို့ပြင်လိုက်၏။
ထိုအခိုက်အတန့်၌...
အစီအစဥ်မကျသည့်မြင်းခွာသံတွေကြောင့် လူသူကင်းမဲ့နေသည့် ကမ်းခြေက တသိမ့်သိမ့်တုန်ယင်လာခဲ့သည်။
အဝေး၌...
နဂါးတစ်ကောင်ကဲ့သို့ ဖုန်လုံးကြီးက သူတို့ဘက်ကို ဦးတည်လာနေခဲ့သည်။
ခဏကြာပြီးနောက်...
ချည်းကပ်လာည့်ပုံရိပ်တွေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ထိုအရာက ခန့်ညားသည့်အမျိုးသားတွေနှင့် လှပသည့်အမျိုးသမီးအုပ်စုဖြစ်ကြ၏။ သူတို့က တန်ဖိုးကြီး အဝတ်အစားတွေကို ဝတ်ဆင်ထားကြသည်။
အမျိုးသားတွေက အရပ်ရှည်ခန့်ညားကာ အမျိုးသမီးတွေက လှပဆွဲဆောင်မှုရှိလှ၏။
သူတို့အဝတ်အစားတွေက တောက်ပခမ်းနားပြီး ရင်သက်ရှူမောဖွယ်ကောင်း၏။
ဂိုဏ်း ၉ ဂိုဏ်း၌ ဆွဲဆောင်မှုအရှိဆုံးဂိုဏ်းမှာ သံသယရှိစရာမလိုအောင် ရမ္မက်ဂိုဏ်းပင်။
အထောက်အထားက သိသာလှ၏။
ထို့ပြင်, ရှည်လျားသည့် လှည်းတွေကို လိုက်ပါစောင့်နေကြတာဖြစ်သည်။
သူတို့က ဆိပ်ကမ်းကိုဦးတည်လာနေကြပြီး နူးမြစ်ကို ဖြတ်ကူးဖို့ အသင့်ဖြစ်နေကြသည်။
သူတို့ရောက်လာသည့်အခါ, ချက်ချင်းပဲ ဂျန်ဖန်းနှင့် ဖုချောင်ဟွမ်ကြားရှိ တင်းမာမှုကို သတိထားမိလိုက်ကြသည်။
သူတို့က ဂျန်ဖန်းကို မသိပေ။
သို့ပေမယ့် ဖုချောင်ဟွမ်ကိုတော့ ဘယ်လိုလုပ်မသိပဲနေမည်နည်း။
အဖွဲ့ကိုဦးဆောင်လာသည့်အရပ်ရှည်ရှည်အမျိုးသားက ပြုံးပြီး ပြောလိုက်သည်။
"အကိုဖု, တိုက်ဆိုင်သားပဲ။ ငါတို့တွေ့ဆုံတာ ကံကြမ္မာထင်တယ်...."
"မင်းပြဿနာဖြစ်နေတာလား? ငါ့အကူအညီလိုသေးလား...."
ဖုချောင်ဟွမ် မျက်နှာ မဲမှောင်သွား၏။
"အသေးအမွားလေးပါ။ ပြောဖို့မထိုက်တန်ပါဘူး။ ငါ့ဘာသာကိုင်တွယ်နိုင်တယ်...."
"မင်း, ရှဲ့လျူရူး ဝင်ပါစရာမလိုဘူး...."
ထိုကောင့်မှာ ကောင်းသည့်ရည်ရွယ်ချက်ရှိသည်ဟု သူ မထင်ပေ။
ဤလူက ရမ္မဂိုဏ်းတပည့်ကြီးဖြစ်ပြီး ပြိုင်ဘက်ကင်းဆွဲဆောင်မှုနှင့် အမျိုးသမီးတွေကို ဆွဲဆောင်ရာမှာ ကျွမ်းကျင်၏။
ဖုချောင်ဟွမ်အား အမြဲလေးစားနေသည့် ဂျူနီယာညီမတွေထဲကတစ်ယောက် ထိုကောင့် စကားချိုချိုလေးအနည်းငယ်ကြောင့် ကျရှုံးသွားပြီး အချစ်ရူးတစ်ယောက်ဖြစ်သွားခဲ့သည်။ သူမက သူမ၏အပျိုစင်ဘဝကိုတောင် ထိုကောင့်အားပေးခဲ့၏။
ထိုအရာက ဖုချောင်ဟွမ်နှလုံးသားထဲမှာ ဆူးတစ်ချောင်းလို အမြဲတမ်းဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော်, ရှဲ့လျူရှူးက သူ့ကိုအရှက်ခွဲဖို့ ထိုအရာကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမှန်း သူသိသောကြောင့်ပင်။
ထို့ကြောင့် ပြန်တွေ့သည့်အခါ သူတို့ကြား ဘာကြင်နာမှုမှ ဖလှယ်စရာမရှိပေ။
ထို့နောက် ရှဲလျူရှူးအကြည့် အပြုံးတစ်ဝက်ဖြင့် ဂျန်းဖန်းပေါ်ကျရောက်လာ၏။
သူက ဂျန်ဖန်းနောက်ရှိ အမျိုးသမီးသုံးယောက်ကိုကြည့်လိုက်ပြီး မျက်လုံးထဲမှာ အံံ့အားသင့်သည့်အမူအရာ ပေါ်လာခဲ့သည်။
"ဒီက ဂျူနီယာညီလေးက တကယ်ကံကောင်းတာပဲ..."
"တာဝန်ထမ်းဆောင်ရာမှာ အလှလေးသုံးယောက်က အဖော်ပြုပေးနေတယ်...."
"ဒါပေမယ့်, မင်းရင်ဆိုင်နေရတာက ကောင်းကင်သံစဥ်ဂိုဏ်းတပည့်ကြီးနော်။ တစ်ယောက်တည်းဆို, ခက်ခဲနိုင်တယ်..."
"ငါ့ကို ဘာလို့မကူညီခိုင်းတာလဲ, ဂျူနီယာညီလေး..."
ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်၏။
ယီလန်ရှင်းနှင့် အခြားမိန်းခလေးနှစ်ယောက်အပေါ် ရှဲလျူရှူး၏တပ်မက်သည့်အကြည့်တွေက သူ့ကို မသက်မသာဖြစ်စေ၏။
ထို့ကြောင့် ထူးမခြားနားစွာ ပြောလိုက်သည်။
"စီနီယာအကိုရှဲ, ငါ မင်းကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...."
"ဒါပေမယ့်, ဖုချောင်ဟွမ်နဲ့ရင်ဆိုင်ဖို့က ငါ့အတွက်ပြဿနာမဟုတ်ဘူး...."
ဟမ်?...
ရှဲလျူရှူးနှင့် သူ့နောက်ရှိ ရမ္မက်ဂိုဏ်းတပည့်တွေ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အံ့အားသင့်သည့်အမူအရာတွေ ပြသလာကြ၏။
"ဖုချောင်ဟွမ်နှင့်ရင်ဆိုင်နိုင်တယ်" ဆိုတာ ဘာကိုဆိုလိုသနည်း။
ဖုချောင်ဟွမ်က ကောင်းကင်သံစဥ်ဂိုဏ်းတပည့်ကြီးဖြစ်၏။
ရှဲလျူရှူးတောင် သူ့ကို လေးလေးစားစား ဆက်ဆံရသည်။
ဤလူက ဘယ်သူနည်း?...
သူက ဒီလောက်တောင် ရဲရဲတင်းတင်းပြောရဲ၏။
ထိုအခိုက်အတန့်၌....
အပြစ်တင်သည့်အရိပ်အယောင်နှင့် အသံတစ်ခု ရမ္မက်ဂိုဏ်းလှည်းတွေနောက်မှ ထွက်ပေါ်လာခဲ့သည်။
"စီနီယာအကို, နင်က သူ့ကို မသိလောက်ဘူး....."
"ဒါပေမယ် သူ့နာမည်က အတော်ကျော်ကြားတယ်....."