← Chapters

သင့်လျော်သော ရတနာရှာခြင်း။

Vol. 55 Ch. 649

သင့်လျော်သော ရတနာရှာခြင်း။

Vol. 55 Ch. 649

ထိုသူသည် နှုတ်ခမ်းမွေးရှည်ရှည်၊ အနက်ရောင် ဦးထုပ်အဝိုင်း သေးသေးလေနှင့် ကုန်သည်တစ်ဦးအဖြစ် ဝတ်ဆင်ထားသော အရပ်ပုပုအဖိုးအိုတစ်ဦးဖြစ်သည်။

အဖိုးအိုက အရသာရှိသော စားသောက်စရာများ မှာ​ကြားပြီး ကျေနပ်သော အကြည့်​​ဖြင့် စားသုံးရန်ပြင်နေ၏။

သို့သော် သူ့အကြည့်များသည် ခမ်းနားထည်ဝါသော ဧကရာဇ်ရထားပေါ်သို့ ကျရောက်သွားသည်။

ကျောက်စိမ်းရောင်ဝတ်ရုံဝတ် လူငယ်တစ်ယောက် ရထားလုံးပေါ်မှ ဆင်းလာ သည်ကို မြင်သောအခါ အဘိုးအို၏ မျက်လုံးများ ပြူးကျယ်လျက် တစ္ဆေသရဲမြင်လိုက်ရသကဲ့သို့ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာ၏။

ထို့ကြောင့် ထွက်ခွာရန် ခြေလှမ်းပြင်စဉ် တစ်ဖက်လူသည် သူ့ထံမော့ကြည့်လာပြီဖြစ်၏။

“ အမြော်အမြင်ရှိတဲ့ ကုန်သည်ကြီး တစ်ယောက်က ဒီလိုအလွန်အကျွံ အရက်တွေ သောက်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ”

စုရီက အဝေးမှ ချဉ်းကပ်လာစဉ် ပြုံးလျက်ပြောကြားလိုက်သည်။ သူ့နောက်တွင် အနီးကပ်လိုက်နေသော်လည်း စွေ့ကျင်းယန်က သံသယများ ဝင်လာ၏။

အဘိုးအိုမှ တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ အလျင်စလို လှမ်းတက်လာကာ ဦးညွှတ်လျက်၊

“ ဆရာစု မင်္ဂလာပါ။ ”

-ဟု နှုတ်ဆက်လေသည်။

“ ဟားဟားဟား ... မင်းကို မေးပါရစေ၊ ဒီမှာဘာလာလုပ်နေတာလဲ။ ”

ဤအဖိုးအိုသည် ကောင်းကင်ဘုံ အပေါင်ဆိုင်ကို ကြီးကြပ်ရသောစာရေးမှလွဲ၍ အခြားသူမဟုတ်ချေ။

ထို့ကြောင့် မိုးပြာတိုက်ကြီးမှသည် မရဏကမ္ဘာသို့ ပြန်လာခဲ့ကြသော ဆရာနှင့် တပည့်ကို ချက်ချင်းသတိရစေ၏။

ထိုနှစ်ယောက်သည် ကောင်းကင်ဘုံ အပေါင်ဆိုင် ခရမ်းရောင်မြို့၌ ပေါ်လာမည်ကို ရှင်းရှင်းလင်းလင်း သိနေပုံရသည်။

“ သခင်စုကို သတင်းပို့ပါတယ်၊ ငါကြီးကြပ်တဲ့အပေါင်ဆိုင်က ဒီနေ့ညဖွင့်ဖို့ အစီစဉ်ရှိပါတယ် အချိန်မကျသေးတဲ့အတွက် သောက်ဖို့လာခဲ့တာပါ။ ”

စုရီက မျက်ခုံးပင့်လျက်၊ ‘ဒီညလား’- ဟုပြန်မေးသည်။ အပေါင်ပွဲဆိုင် စာရေးမှ ချက်ချင်း ခေါင်းညိတ်ပြပြီး၊

“ အတိအကျပြောရရင် နာရီဝက်​နေရင် အပေါင်ဆိုင်ဖွင့်မှာပါ။ ”

-ဟု သတင်းပေးသည်။

“ ဧည့်သည်တွေက ဘယ်သူတွေလဲ။ ”

စုရီက မေးသည်။

“ ဒါ ... ။ ”

အပေါင်ဆိုင်စာရေးက တုံ့ဆိုင်းသွားသည်။ သူ့ အပေါင်ဆိုင်၏ ပထမစည်းမျဉ်းမှာ ဧည့်သည် အထောက်အထားကို မဖော်ပြရချေ။

“ ကောင်းပြီ ... ငါမင်းကို အတင်းအကြပ်မလုပ်ဘူး ... ဒါပေမယ့် မင်းရဲ့ အပေါင်ဆိုင်ကိုတွေ့တာက တိုက်ဆိုင်မှု တစ်ခုပါပဲ ငါ့အတွက် ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကူညီပေးပါ။ ”

ထိုစကားကြောင့် အပေါင်ဆိုင် စာရေးက အံ့အားသင့်လျက် လျင်မြန်စွာပြုံးကာ၊

“ ဆရာစုကို ငါတို့ ကျေးဇူးပြုပေးနိုင်ရင် ဂုဏ်ယူမှာပါ။ ”

-ဟု တုန့်​​ပြန်၏။

“ ဒါဆို ... သွားရအောင်။ ”

စုရီက ညွှန်ကြားသည်။ အပေါင်ဆိုင် စားရေးက သဘောတူ၏။

“ အစ်ကိုစု၊ ငါတို့ တိမ်ရနံ့မျှော်စင်ကို အတူတူသွားကြမယ်လို့ မပြောဘူးလား ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ နောက်ပြီး အဲဒီအပေါင်ဆိုင်က ဘာလုပ်တာလဲ၊ အရမ်းထူးဆန်းလား။ ”

စွေ့ကျင်းယန်က သည်းမခံနိုင်တော့ဘဲ မေးသည်။

“ အဲဒီအပေါင်ဆိုင်က သာမာန်ဆိုင် မဟုတ်ဘူး ထူးခြားလား မထူးခြားလားဆိုတာ ဟိုရောက်ရင် မင်းနားလည်မှာပါ။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ စွေ့ကျင်းယန်မှ အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။

ခရမ်းရောင်မြို့သည် စွေ့မိသားစု နယ်မြေဖြစ်ပြီး မြို့တော်အတွင်းထူးဆန်းသော အပေါင်ဆိုင်ဖွင့်လှစ်ခြင်းကို တစ်ခါမျှ မကြားဖူးချေ။

ထို့အပြင် အပေါင်ဆိုင်ပိုင်ရှင်သည် စုရီကို ရှင်းရှင်းလင်းလင်း သိနေသဖြင့် စူးစမ်းလိုစိတ် တိုးလာ​စေ၏။ ကြီးမားသော ဂိတ်ပေါက်များထံ ဦးတည်နေသဖြင့်၊

“ အပေါင်ဆိုင်က မြို့ပြင်မှာလား။ ”

-ဟု မေး​မြန်းလိုက်သည်။

“ အမှန်ပါပဲ ... ဒီမြို့ဟာ စွေ့မိသားစု နယ်မြေမို့ မြို့အတွင်းမှာ အပေါင်ဆိုင်တစ်ခု ပေါ်လာရင် အာရုံစိုက်ခံရလိမ့်မယ်။ ”

မြို့တံခါးအပြင်ဘက်ရောက်သည်နှင့် အပေါင်ဆိုင်စာ​ရေးက အဝေးကို ညွှန်ပြလျက်၊

“ ဆရာစု ... ဒီနေရာနဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ လူဆိတ်ညံတဲ့ ဧရိယာမှာ အပေါင်ဆိုင်ရှိတယ်။ ”

ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ကြေးစက်ဝန်းကို ဆွဲထုတ်ပြီး ပုတ်လိုက်သည်။ ကြေးစက်ဝန်းမှာ လျင်မြန်စွာ လည်ပတ်လျက် မထင်မရှားလှိုင်းများ လွင့်ပျံလာ၏။

“ အစ်ကိုစု၊ သူဘာလုပ်နေတာလဲ။ ”

စွေ့ကျင်းယန်မှ စိတ်ဝင်တစားမေးသည်။ သူမမျက်ဝန်းထဲတွင် ဤအရပ်ပုပုအဘိုးအိုသည် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်ပြီး သူလုပ်သမျှအရာတိုင်း ထူးဆန်းနေချေ၏။ စုရီ မဖြေခင်မှာပင် အပေါင်ဆိုင် စားရေးက၊

“ ငါတို့ကိုလမ်းပြဖို့ အပေါင်ဆိုင်ရဲ့ အရင်းအမြစ်တွေသုံးနေတာ ခရီးထွက်နှင်ရမဲ့ ခွန်အားတွေ ဖြုန်းတီးနေစရာ မလိုတော့ဘူး။ ”

သူ စကားပြောပြီးသည်နှင့် ကြေးစက်ဝန်းသည် လေထဲဖန်သားပြင်ကဲ့သို့ တည်နေရာရွေ့ပြောင်းအစီရင် ပေးလာ၏။

“ ဆရာစု ... ၊ မိန်းက​လေး ကျေးဇူးပြုပြီး။ ”

အပေါင်ဆိုင်စာရေးက သူတို့ကို တလေးတစား လက်ဟန်ပြ၏။ စုရီသည် ရှေ့သို့ လှမ်းတက်လိုက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားချေပြီ။

တခဏအတွင်း စွေ့ကျင်းယန် မျက်လုံးများရှေ့တွင် လူဆိတ်ညံနေသော တောအုပ်ကြီးကို မြင်လိုက်ရ၏။

နေဝင်ရီတရောအချိန်ဖြစ်ရာ အလင်းများကျဆင်းလျက် တိတ်ဆိတ်နေသည်။ မဝေးလှသောအရပ်တွင် နှစ်ထပ်ဝါးအိမ်တစ်လုံး မီးပုံးတစ်လုံး ချိတ်ဆွဲလျက် မြင်​နေရ၏။

ကမ္ဘာကြီးသည် အမှောင်ထုများ ဖုံးလွှမ်းလာသော်လည်း ထိုမီးအိမ်မှရောင်ဝါက ဖြန့်ကျက်ပေးထားသည်။ ထိုရောင်ဝါများသည် လင်းထိန်လျက် လမ်းပြပေးနိုင်စွမ်းရှိ၏။

ဝါးအိမ်တံခါးအထက်တွင် အပေါင်ဆိုင်ဟူသော စကားလုံးကို ရိုးရိုးရှင်းရှင်း ချိတ်ဆွဲထားသည်။

“ ကျွီ ... ။ ”

တံခါးကိုတွန်းဖွင့်လိုက်ချိန်၌ အပေါင်ဆိုင် အတွင်းပိုင်းသည် အံ့သြစရာ ကောင်းအောင်ပင် ကျယ်ဝန်းနေသည်ကို သတိထားမိသည်။

ပေသီးတစ်လုံး၊ ကြေးမီးခွက်နှင့် ချိန်ခွင်တစ်လက်က အခန်းအလယ်ရှိ ကောင်တာတစ်ခုပေါ်တွင် ရှိနေ၏။

ကြေးမီးအိမ်သည် မှိန်ဖျော့သော အလင်းများထုတ်လွှတ်သည်။ နံရံများတွင် ပစ္စည်းများတင်ထားသော စင်များရှိ၏။

အထဲသို့လှမ်းဝင်လိုက်သည်နှင့် ပြင်ပကမ္ဘာနှင့် လုံးဝကွဲထွက်နေကာ လျှို့ဝှက် နယ်မြေထဲ ဝင်သွားသလို ခံစားလိုက်ရသည်။

စွေ့ကျင်းယန်က စင်မြင့်ပေါ်ရှိ ပစ္စည်းများကိုကြည့်ကာ စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်တာပေါ်ရှိ ပေသီးသည် တုန်လှုပ်လျက် ချိန်ခွန်သည်လည်း ပြင်းထန်စွာ ယိမ်းထိုးသွား၏။

“ ချွင် ချွင် ... ။ ”

တစ်ဆက်တည်းမှာပင် အခန်းထောင့် အမှောင်ရိပ်အတွင်းမှ လက်ဖဝါးအရွယ် ကြေးနီ ခေါင်းလောင်း ထွက်ပေါ်လာသည်။

“ မင်္ဂလာပါဆရာစု။ ”

ထိုပစ္စည်းသုံးမျိုးသည် စုရီကို တစ်ပြိုင်နက်တည်း နှုတ်ခွန်းဆက်သတော့၏။ သူတို့၏ အသံများသည် ရိုသေမှုအပြည့်နှင့် လုံးလုံးလျားလျား နာခံမှုအပြည့်ရှိနေသည်။

အထူးသဖြင့် ကြေးခေါင်းလောင်းသည် ပျော့ပျောင်းချိုမြိန်သော မိန်းကလေး၏အသံကို ပေးသည်။

စွေ့ကျင်းယန်ခမျာ အေးခဲသွားပြီး အံ့သြခြင်းများဖြင့် ပြည့်နေတော့၏။ ဤရတနာ သုံးပါးတွင် ဝိညာဉ်များပါရှိသည်။ သူတို့သည် စုစုကို မယုံနိုင်လောက်အောင် လေးစား၏။

“ ကောင်းပြီ၊ ဒီလိုအရာတွေကို ငါ မကြိုက်ဆုံးဆိုတာ မင်းတို့သိပါတယ်။ ”

စုရီက လက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ဘုံပေါင်ဆိုင်သည် အရာအားလုံး အရင်အတိုင်းပေပင်။

“ ထိုင်ပါ ဆရာစု။ ”

ချိန်ခွင်က တလှုပ်လှုပ်နှင့် ကောင်တာရှေ့တွင် ကုလားထိုင်တစ်လုံး ထွက်ပေါ်လာစေ၏။

“ လူမိုက်၊ ဆရာစုရဲ့ အစေခံအတွက် ဘယ်မှာလဲ။

ပေသီးက ဆူပူကြိမ်းမောင်းသည်။

“ အိုး ... ရိုင်းစိုင်းမှုအတွက် စိတ်မရှိပါနဲ့ ကောင်မလေး။ ”

“ ငါက သူ့အစေခံမဟုတ်ဘူး။ ”

ချိန်ခွင်က တဖန်တုန်ခါပြီး နောက်ထပ် ကုလားထိုင်တစ်လုံးပေးလာ၏။ စွေ့ကျင်းယန် တစ်ယောက် ရှက်ရွံ့ပြီးခေါင်းခါလိုက်သည်။

“ ငါတို့နားလည်ပါတယ်။ ”

ပေသီး၊ ချိန်ခွင်နှင့် ကြေးခေါင်းလောင်းတို့သည် သဘောပေါက် သကဲ့သို့ တညီတညွတ်တည်းပြောလာ၏။

ထို့နောက် ချိန်ခွင်ပေါ်ရှိ ဝိညာဉ်ရေးအလင်းရောင် တဖျပ်ဖျပ်ခတ်လာပြီး လက်ဖက်ရည်နှင့် မုန့်တချို့ပေါ်လာသည်။

စုရီက သဘာဝအတိုင်း ထိုင်လိုက်ကာ ဝိညာဉ်ရေးလက်ဖက်ရည်တစ်ခွက် ငှဲ့သောက် လိုက်တော့၏။

“ ကျေးဇူးပြုပြီး ထိုင်ပါ မိန်းကလေး။”

အပေါင်ဆိုင် စာရေးက ညင်သာစွာ ပြောသည်။ စွေ့ကျင်းယန်က မှင်သပ်နေရာမှ ထိုင်ရန် ကြိုးစားလိုက်တော့၏။

သို့သော် စင်ပေါ်ရှိ ပစ္စည်းမျိုးစုံကို မြင်လိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားမှု များဖြင့် ပြည့်နှက်လာခဲ့သည်။

ငယ်စဉ်တည်းက စွေ့မိသားစုတွင် ရှားပါးသောအဖိုးတန်ရတနာများ မြင်ဖူးသည်။ ထို့ကြောင့် စင်ပေါ်ရှိ မည်သည့်ပစ္စည်းမဆို ထူးခြားသည်ကို ပြောနိုင်၏။

အချို့ရတနာများမှ ထွက်ပေါ်လာသော ရောင်ဝါသည် မြင့်မြတ်သော ကျက်သရေကိုပင် ပြသနေသည်။

ဇာစ်မြစ်ကို ပိုင်းခြားမသိနိုင်သော ရတနာအချို့လည်း ရှိနေ၏။ သံသယကင်းစွာ တစ်ခုစီတိုင်းသည် ထူးထူးခြားခြား သမိုင်းကြောင်း ရှိနေပုံပေပင်။

“ ဘယ်လိုအပေါင်ဆိုင်လဲ မယုံနိုင်စရာပါပဲ … ။ ”

စွေ့ကျင်းယန်မျက်လုံးများ ဝိုင်းသွားသည်။ စုရီက ထိုအရာအားလုံးကို လျစ်လျူရှုနေခဲ့၏။ သူက ကောင်တာကို လက်ဖြင့်ပုတ်ပြီး၊

“ လူလိမ်အဘိုးကြီး ... အနောက်ဘက်ကောင်းကင်က အပေါင်ထားတဲ့ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ရှိလား။ ”

-ဟု မေးမြန်းလိုက်သည်။

အပေါင်စာရေးက၊

“ ရှိပါတယ် ... ဒီရတနာအတွက် ပြန်ရွေးကာလ ကုန်ဆုံးသွားပြီမို့ အပေါင်ဆိုင်ရဲ့ အပိုင် ဖြစ်သွားပါပြီ ဆရာစု။ ”

-ဟု ခေါင်းညိတ်၏။

“ ရှန့်ရင်ရဲ့ ... ပျက်သုဉ်းခြင်း ဘုံ‌ကျောင်းဆောင်ရှိသေးလား။”

အပေါင်ဆိုင်စာရေးက ခေါင်းယမ်းပြီး၊

“ လွန်ခဲ့တဲ့နှစ်သုံးထောင်က ဒီရတနာကို ပြန်ရွေးသွားပါပြီ။ ”

-ဟု ပြန်ဖြေသည်။

ဤအချင်းအရာများကို ကြားလိုက် ရသောအခါ စွေ့ကျင်းယန်သည် သူမ နားကိုပင် မယုံနိုင်လောက်အောင် ဖြစ်လာ၏။

သူမသည် မရဏကမ္ဘာတွင် ကြီးပြင်းလာသော်လည်း အရိုင်းမြေကိုးပါးရှိ ကျော်ကြားသူများအမည်ကို မျိုးနွယ်စု၏ အကြီးအကဲများမှ ပြောပြထားသည်။

၎င်းတို့အနက်မှ ဗုဒ္ဓသစ်ရွက်သည် အနောက်ဘက်ကောင်းကင်၌ အကျော်ကြားဆုံး ဧကရာဇ်ဖြစ်၏။

တာအိုရှန့်ရင်သည် ပို၍ပင် ထူးကဲသည်။ သူသည် အလွန်လေးနက်သော မြို့တော်ကိုးပါး၏ ​​အထွဋ်အမြတ် အကြီးအကဲ ဖြစ်၏။

ထိုသို့သော ကျွမ်းကျင်သူများသည် ဤပေါင်ဆိုင်၌ သူတို့၏ရတနာများကို အပေါင် ထားခဲ့ကြသည်လော။

“ ကောင်းကင်ဘုံပေါင်ဆိုင်က ဘယ်လိုနောက်ခံမျိုးမို့ ဒီလိုတန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရောင်းဝယ်ဖောက်ကား နိုင်ရတာလဲ။ ”

စွေ့ကျင်းယန်ခမျာ အံ့ဩသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူမအတွက် ထိတ်လန့်စေသည်မှာ ရှေ့မှမြင်ကွင်းပေပင်။

ထိုသို့သော ဤလျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော အပေါင်ဆိုင်စာရေးကြီးနှင့် ရတနာများသည် စုရီအပေါ် လေးလေးစားစား ဆက်ဆံနေခြင်းဖြစ်၏။

ယင်းသည် နတ်ဓားရှင်ရွှမ်ကြွယ်၏ သားစဉ်မြေးဆက်များ၏ သြဇာလွှမ်းမိုးမှုပင် ဖြစ်နိုင်ချေမည်။

ဤအခိုက်အတန့်တွင် စုရီက မျက်မှောင်ကြုတ်ကာ အနည်းငယ်စဉ်းစားပြီး၊

“ အခု အပေါင်ဆိုင်မှာ နတ်ဆိုးတွေကို နှိမ်နင်းပြီးဘေးဥပဒ်တွေအပေါ် ရှောင်ရှားနိုင်တဲ့ ဘာရတနာရှိလဲ။ ”

“ ဆရာစု ... မင်းပြောတဲ့ရတနာက ဘယ်အဆင့်လောက် တန်ခိုးရှိသလဲလို့ မေးလို့ရမလား။ ”

“ အနိမ့်ဆုံး ရွှမ်ယုအဆင့်ထက် အားမနည်းတဲ့ ... လျှို့ဝှက်ရတနာမျိုးဆိုရင် အဆင်ပြေတယ်။ ”

“ ဆရာစု ... မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီနိုင်တဲ့ ရတနာတစ်ခု ရှိမယ်ထင်တယ်။ ”

အပေါင်ဆိုင်စာရေးက မျက်ခုံးပင့်လျက် ခဏမျှတိတ်ဆိတ်သွားကာ အဆုံး၌ ခေါင်းညိတ် လိုက်တော့၏။

“ ပြောပါဦး ... ။ ”

“ အဲဒါက ကောင်းကင်သွေးမီးဖိုပါ။ ”

***

All Chapters