← Chapters

ဧည့်သည်များ ... ။  

Vol. 55 Ch. 650

ဧည့်သည်များ ... ။  

Vol. 55 Ch. 650

“ ကောင်းကင်သွေးမီးဖိုလား ဒီရတနာက မင်းအပေါင်ဆိုင်လက်ထဲ ဘယ်လိုများ ရောက်လာတာလဲ။ ”

ကောင်းကင်သွေးမီးဖိုသည် ထိပ်တန်းနတ်ဆိုးဂိုဏ်းဖြစ်သော အနီရောင်မြူ မိစ္ဆာတောင်တန်း၏ အဖိုးတန်ရတနာဖြစ်သည်။

၎င်း၏ရက်စက်ကြမ်းကြုတ်မှုသည် တောင်များနှင့်မြစ်များကို သွေးဖြင့်ဆေးကြော သန့်စင်ကာ သက်ရှိသတ္တဝါအားလုံးကို အရည်ပျော်စေနိုင်၏။

ဤရတနာဖြင့် အနီရောင်မြူ မိစ္ဆာတောင်တန်းသည် မရေမတွက်နိုင်သော ဧကရာဇ်များ၏ သွေးနှင့် စိတ်ဝိညာဉ်များကို ဝါးမြိုပစ်ခဲ့ဖူးသည်။

နတ်ဆိုးလမ်းစဉ်၌ နာမည်ဆိုးဖြင့် ကျော်ကြားသော နတ်ဆိုးလက်နက်တစ်ခု ဖြစ်သည်။

အရိုင်းမြေကိုးပါး၏ ရွှေရောင်ခန်းမသည် နတ်ဆိုးရတနာများအပေါ် အဆင့်သတ်မှတ်ရာ ဤသွေးမီးဖိုကို အဆင့်မြင့်ရွှမ်ယုရတနာအဖြစ် သတ်မှတ်ခဲ့သည်။

“ ဒါကို ငါ့သခင်က ပြန်ယူခဲ့တာပါ ... အနီရောင်မြူမိစ္ဆာတောင်တန်းက နတ်ဆိုးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီရတနာက ဆုလာဘ်ပါပဲ ...

... အဲဒီတိုက်ပွဲမှာ သခင်က ဒီရတနာကို ဖျက်ဆီးလိုက်တာမို့ စွမ်းအားလျော့သွားတယ် ဒါကြောင့် အပေါင်ဆိုင်မှာ ထားခဲ့တာပါ။ ”

“ ဒါဆို အဲဒီအရူးမ လက်ချက်ပဲပေါ့။ ”

စုရီက ခေါင်းရမ်းသည်။ အပေါင်ဆိုင်ပိုင်ရှင်၏ သဘောသဘာဝကို သူ ကောင်းကောင်းသိ၏။

သူမ ရူးသွပ်သွားသည်နှင့်တစ်ပြိုင်နက် ရက်စက်ကြမ်းကြုတ်စွာလူတိုင်းကို သတ်ပစ် ပေလိမ့်မည်။ တစ်ကမ္ဘာလုံးတွင် သူမနှင့် တာအိုလက်တွဲဝံ့သူ မရှိချေ။

“ ဒီရတနာဟာ ပျက်စီးသွားပေမယ့် နတ်ဆိုးတွေကို ချေမှုန်းဖို့နဲ့ ဘေးဆိုးတွေကို ငြိမ်းသတ်ဖို့အတွက် အံ့သြလောက်စရာ အသုံးဝင်မှုတွေ ရှိနေပါတယ် ...

... တကယ်တော့ ဒီရတနာဟာ မူလက နတ်ဆိုးလက်နက်ဖြစ်ပြီး၊ မရေမတွက်နိုင်တဲ့ သွေးနဲ့ ဝိညာဉ်တွေကို ဝါးမြိုထားတယ် ဆရာစု လိုအပ်ချက်အတွက် အထူးသင့်တော်ပါတယ်။ ”

စုရီမှ ခေါင်းညိတ်ပြီး၊

“ ကောင်းပြီ ... ငါကောင်းကင် ကြာပန်းမီးအိမ်နဲ့ ... ကောင်းကင်သွေးမီးဖိုကို လိုချင်တယ်။ ”

-ဟု ပြောကြားလိုက်သည်။

သူ့စကားဆုံးသည်နှင့် ချိန်ခွင်က အပေါင်ဆိုင်စာရေး၏ ခွင့်ပြုချက် မတောင်းဘဲ လှုပ်ခါသွား၏။

“ ဝူး ... ။ ”

အလုံပိတ် ကြေးသေတ္တာနှစ်လုံး ကောင်တာပေါ် ထွက်ပေါ်လာတော့သည်။

“ ဆရာစု၊ ကျေးဇူးပြု၍ လက်ခံပါ။ ”

ချိန်ခွင်က တလေးတစားပြောသည်။ တစ်ဖက်ရှိ ပေသီးနှင့် ခေါင်းလောင်းသည်လည်း၊

“ ဆရာစု ... လက်ခံပါ။ ”

-ဟု ဝင်ရောက် တောင်းဆိုလာ၏။

အပေါင်ဆိုင်စာရေးမျက်နှာသည် ပြင်းစွာ တုန်ခါသွားပြီး နှလုံးသွေးများ စီးကျလာသည်။ ဤအသုံးစရိတ်အတွက် စျေးနှုန်းကိုပင် မဆွေးနွေး ရသေးချေ။

ဤကဲ့သို့သော ရတနာများကို မည်သို့ပေးအပ်နိုင်မည်နည်း။ ထို့နောက်တွင် အဖိုးအိုက ရှက်ရွံ့စွာ ပြုံးပြကာ၊

“ ဒီရတနာနှစ်ပါးဟာ ငါတို့ရဲ့ တန်ဖိုးထားလေးမြတ်ခြင်းရဲ့ သင်္ကေတတွေပါပဲ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ ဆရာစု ... ငါတို့သခင်သာ ဒီသတင်းကြားရင် အရမ်းပျော်မယ်လို့ ငါယုံကြည်တယ်။ ”

-ဟု ပြောကြားလိုက်ရ၏။

စွေကျင်းယန်က သံသယဖြင့် ထိုအပေါင်ဆိုင်စာရေးထံ ကြည့်လိုက်သည်။။  ထိုရတနာနှစ်ပါးအနက် တစ်ခုသည် တိဗက် ဗုဒ္ဓဂိုဏ်းမှဖြစ်ပြီး နောက်တစ်မျိုးမှာ အနီရောင် မြူမိစ္ဆာတောင်တန်းမှ ဖြစ်သည်။

ရတနာနှစ်ပါးစလုံးသည် ဧကရာဇ်များ အတွက်ပင် တပ်မက်ဖွယ် ရှားပါးရတနာများ ဖြစ်၏။

ယခုမူ ၎င်းတို့ကို စုရီထံ အလကား ပေးကမ်းနေသည်။ အိပ်မက်မက်နေသည်ဟု ထင်မှတ်လုနီးပါးဖြစ်နေသည်။

“ မင်းရဲ့အပေါင်ဆိုင်ကို အခွင့်ကောင်း မယူချင်ဘူး မင်းရဲ့သခင်ကိုလည်း ကျေးဇူးတင် မခံနိုင်ဘူး။ ”

စုရီက ခေါင်းရမ်းလျက် ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူပြီး ကောင်တာပေါ်တင်လိုက်သည်။

“ အတွင်းမှာ ရှေးရိုးဆန်တဲ့ တာအို အမျိုးအနွယ်တစ်ခုရှိတယ် ... အခု မင်းတို့ဆီမှာ အပေါင်ထားလိုက်မယ် အနှစ်တစ်ရာအတွင်း ပြန်ရွေးဖို့ ငါပြန်လာမယ်။ ”

“ ဆရာစု မူလတာအိုမျိုးစေ့ကို ပြောနေတာလား။ ”

အပေါင်ဆိုင်စာရေးမှ အော်ဟစ် လိုက်လေသည်။ ဤကဲ့သို့သော ရတနာသည် ရှားပါးပြီး အဖိုးတန်သော ကျောက်မျက်အဖြစ် သတ်မှတ်ခံရသည်။

မူလတာအိုမျိုးစေ့သည် ကမ္ဘာကြီး၏ မူလမှပေါက်ဖွားလာသော ရှားပါးမျိုးစေ့ဖြစ်ပြီး တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့နိုင်သော အရာဖြစ်၏။

မဟာတာအို၏ မူလဇစ်မြစ်နှင့် မွေးရာပါ တာအိုကျက်သရေများပါရှိသည်။ ဥပမာအားဖြင့် အရိုင်းမြေကိုးပါးရှိ အနောက်ဘက်သုခဘုံ ဗုဒ္ဓဂိုဏ်းတွင် စိုက်ပျိုးထားသော ကမ္ဘာ့သစ်ပင်ပေပင်။

၎င်းသည် မူလတာအိုမျိုးစေ့မှ ပေါက်ဖွားလာသော မဟာဗောဓိပင်ဖြစ်သည်။ အရွက်များ၊ အသီးများတွင် တာအိုကျက်သရေ ပါရှိ၏။ ထို့ကြောင့် ဗုဒ္ဓအထွတ်အမြတ် ရတနာဖြစ်လာခဲ့သည်။

အရိုင်းမြေကိုးပါး၏ ကြီးမြတ်သော အရာဝတ္ထုများစာရင်းတွင် အဆင့်(၇)နေရာ ရပ်တည်ထားနိုင်၏။

စုရီ၏ စကြာဝဠာ နှလုံးသားဓားသည် ထိုစာရင်၌ အဆင့်(၃)ဖြစ်သည်။ ဆိုလိုသည်မှာ မူလတာအိုမျိုးစေ့၏တန်ဖိုးသည် ကောင်းကင် အမိန့်တော် ကြာပန်းမီးအိမ်နှင့် ကောင်းကင် သွေးမီးဖိုထက် သာလွန်သည် ။

စုရီတွင် မိုးပြာမျိုးစေ့အပြင် ဤမျှသော ရတနာပိုင်ဆိုင်ထားကြောင်း စွေ့ကျင်းယန်မှ မမျှော်လင့်ထားချေ။

“ ဆရာစု... ဒီရတနာက အရမ်းတန်ဖိုးကြီးပါတယ်၊ ငါတို့ ... ။ ”

အ​ပေါင်ဆိုင်စာ​ရေးက မဆိုင်းမတွ ငြင်းဆန်သည်။

“ စိတ်မပူနဲ့ ... မင်းရဲ့ပေါင်ဆိုင်ကို အမြတ်မရအောင် ... အနှစ်တစ်ရာအတွင်း ငါ လာရွေးမှာပါ။”

ဤမူလတာအိုမျိုးစေ့သည် မဟာရှမင်းဆက်၏ ကျောက်စိမ်း​ပြည်နယ် ကျိုးမိသားစုထံမှရရှိထားခြင်းဖြစ်သည်။

ကျိုးမိသားစုအတွက် မယုံနိုင်ဖွယ် ကံကောင်းခြင်းတစ်ခု​ပေပင်။ သို့သော် ၎င်းသည် ကျိုးမိသားစုအတွက် ထိုက်တန်ခြင်းမရှိချေ။

မူလတာအိုမျိုးစေ့များကို ပြုစုပျိုးထောင်ရာတွင် ထူးခြားသော လျှို့ဝှက် နည်းလမ်းများနှင့် အချိန်ကြာမြင့်စွာ ပေးဆပ်ရသည်။

အရေးအကြီးဆုံးမှာ အာဟာရအဖြစ် ရှားပါးပြီး အဖိုးတန်ရတနာများ အများအပြား လိုအပ်၏။

စုရီအတွက်ပင် ဤကာလအတွင်း အသုံးမဝင်နိုင်​​သေးချေ။ အပေါင်ထားလိုက်ခြင်း သည်သာ အကောင်းဆုံးပေပင်။

“ ဟားဟားဟား ... ကောင်းပြီ၊ ဒါဆို ငါ့ပေါင်ဆိုင်က ဒါကိုဆရာစုအတွက် ခေတ္တ သိမ်းထားမယ်။ ”

ပြောသည့်အတိုင်း အပေါင်ဆိုင် စာရေးမှ ကျောက်စိမ်းသေတ္တာကို ရိုသေစွာသိမ်းဆည်း လိုက်တော့သည်။

“ အစ်ကိုစု၊ ဒါကောလာဟလတွေထဲက ကောင်းကင်ဘုံ အပေါင်ဆိုင်လား။ ”

စွေ့ကျင်းယန်မှ သတိရလာ၏။

“ မင်းအခုမှ သဘောပေါက်တာလား။ ”

“ ဒါဆို တကယ်ပဲပေါ့ ... ဒါနဲ့ ရတနာတွေနဲ့လဲလှယ်ပြီး ဒီမှာပစ္စည်းတွေ အပေါင်ခံနိုင်တာလား။ ”

“ ဒါက သဘာဝပါပဲ။ ”

“ အခွင့်အရေးပဲ စဉ်းစားပါရစေ ... ငါလိုချင်တဲ့ ရတနာတွေ အများကြီးရှိတယ် ... ။ ”

စွေ့ကျင်းယန်တစ်ယောက် အလုပ်ရှုပ် နေသဖြင့် စုရီမှပြုံးပြီး ကြေးခေါင်းလောင်းထံ ညွှန်ပြလျက်၊

“ ဒီရတနာကို နှလုံးသား ခေါင်းလောင်းလို့ခေါ်တယ် မင်းအတွေးတွေကို ခံစားနိုင်ပြီး မင်းအတွက် အသင့်လျော်ဆုံးကို ရွေးချယ်ပေးတယ်။ ”

စုရီစကားဆုံးသည်နှင့် နှလုံးသားခေါင်းလောင်းက နူးညံ့ချိုသာသော အသံဖြင့်၊

“ မိန်းကလေး မင်းစမ်းကြည့်ချင်လား။”

-ဟုမေးမြန်းလာသည်။

စွေ့ကျင်းယန်က မျက်လုံးများ တောက်ပလာပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြ လိုက်သည်။

“ ချွင် ချွင် ... ။ ”

များမကြာခင် ခေါင်းလောင်းသံများ ထွက်ပေါ်လာကာ စွေ့ကျင်းယန်တစ်ယောက် နစ်မျောသွားတော့၏။

စုရီနှင့် အပေါင်ဆိုင်စာရေးက နှလုံးသားခေါင်းလောင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။

အဆုံးတွင် နှလုံးသားခေါင်းလောင်းမှ အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက်၊

“ ဆရာစု ဒီကောင်မလေးရဲ့ကျင့်ကြံမှုက အလွန်လေးစားစရာကောင်းပါတယ် သူ့အတွက် ရတနာဆိုရင်တော့ မရှိမှာ ငါကြောက်မိတယ်။ ”

“ ဒါဆို မေ့လိုက်ပါ ... ။ ”

စွေ့ကျင်းယန်မှ ရှက်ရွံ့တကြား ပြောကြားလိုက်၏။ စုရီနှင့် အပေါင်ဆိုင်စာရေးမှ ပြုံးရယ်လိုက်ကြသည်။

“ မင်းအတွက် ... အသင့်တော်ဆုံး ရတနာကတစ်ခုပဲရှိမယ် ထင်တယ်။ ”

“ ဘာလဲ အစ်ကိုစု။ ”

“ လုံ့လ ... ။ ”

စုရီမှ စွေ့ကျင်းယန်ကို ပြုံးပြလိုက်သည်။

“ လုံးလစိုက်ထုတ်ပါ ... မင်းက စွေ့မိသားစုအတွက် ပုလဲရတနာဆိုတော့ မင်းအတွက် လိုအပ်တဲ့ရတနာမရှိပါဘူး မင်းမှာလိုအပ်နေတာက လုံ့လပဲ။ ”

စွေ့ကျင်းယန်မှ အံ့အားသင့်သွားပြီး၊

“ ငါနားလည်ပြီ။ ”

-ဟု ခေါင်းညိတ်လိုက်သည်။

“ ဆရာစု၊ ငါတို့ပေါင်ဆိုင်ဖွင့်တော့မယ် မင်းထွက်သွားဖို့ အလျင်မလိုရင် ငါတို့နဲ့အတူ ပစ္စည်းတွေကို ဘာလို့မစစ်ဆေးတာလဲ။ ”

ဤသည်မှာ ယဉ်ကျေးသော ကမ်းလှမ်းချက်တစ်ခုဖြစ်ပြီး အဓိပ္ပါယ်အမှန်မှာ လုပ်စရာမရှိတော့လျှင် ထွက်သွားရန် ပြောကြားလာခြင်းဖြစ်၏။

“ ကောင်းပြီ ... ငါဒီမှာ ခဏနေဦးမယ်။ ”

စုရီမှ ကမ်းလှမ်းချက်ကို လက်ခံသဖြင့် အပေါင်ဆိုင်စာရေးခမျာ အပြုံးများ အနည်းငယ် တင်းတင်းမာမာဖြစ်သွားလေသည်။

“ မင်းဧည့်သည်တွေကို ဂရုစိုက်ပါ။ ”

ထို့‌နောက် ချက်ချင်းထလိုက်ပြီး စွေ့ကျင်းယန်ကို အပေါင်ဆိုင်ထောင့်ရှိ အမှောင်ရိပ်ထဲသို့ ခေါ်သွားခဲ့သည်။

“ အပေါင်ဆိုင်ဖွင့်ပြီလား။ ”

ရုတ်တရက် ဝါးဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ယောက် ဆိုင်ရှေ့ ရောက်လာ၏။ ကောင်တာနောက်တွင်ရပ်နေသော အပေါင်ဆိုင် စာရေးက နွေးထွေးစွာခေါင်းညိတ်ပြသည်။ ဝါးဦးထုပ်ဖြင့်လူက၊

“ နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ ရတနာမျိုးလိုချင်တယ် ဧကရာဇ်အဆင့်ဖြစ်ရင် ပိုကောင်းမယ် ဒါမျိုးရှိလား။ ”

အပေါင်ဆိုင်စာရေးခမျာ စုရီကို ပေးအပ်လိုက်ရသော ရတနာနှစ်ပါးအပေါ် သတိရလျက် အံ့သြသွားခဲ့သည်။

“ ဒီရတနာကို ယူသွားပြီးပြီ။ ”

“ ဘယ်သူလဲ ... ။ ”

အပေါင်စားရေးမှ ပြန်မဖြေဘဲ ပြုံးပြလိုက်သည်။ ဦးထုပ်ဖြင့်လူက အပေါင်ဆိုင် စည်းကမ်းများကို ရှင်းရှင်းလင်းလင်း သိရှိထားသဖြင့်၊

“ ငါ့ရဲ့ ရိုင်းစိုင်းမှုအတွက် ... တောင်းပန်ပါတယ် စည်းမျဉ်းအရ ငါဒီမှာ ရှိနေတာမို့ အရောင်းအဝယ် တစ်ခုခုကို လုပ်သွားရမယ်ဆိုတာသိတယ် ...

... ဒါကြောင့် တာအိုမိတ်ဆွေ ... မင်းမှာ ကာကွယ်ရေး ဒါမှမဟုတ် ... တိုက်ခိုက်ရေး စွမ်းအားမြှင့်တင်ဖို့ ရတနာတွေရှိလား။ ”

“ ရှိပါတယ်။ ”

အပေါင်စားရေးက ပြုံးပြီး ခေါင်းညိတ်ပြသည်။ အဆုံးတွင် ဦးထုပ်ဖြင့် အမျိုးသားသည် ချပ်ဝတ်တစ်ထည်ကို လဲလှယ်လျက် ထွက်သွားတော့၏။

“ အစ်ကိုစု သူ့ရည်ရွယ်ချက်က မင်းနဲ့အတူတူဖြစ်နေတယ်။ ”

စွေ့ကျင်းယန်မှ ပြောသည်။

“ ဒီလူက သူ့အသွင်အပြင်နဲ့ ရောင်ဝါကို ဖုံးကွယ်ထားပေမယ့် ဧကရာဇ်ဖြစ်တယ်ဆိုတာ သေချာပါတယ် ...

... ကောင်းကင် အမိန့်တော် ကြာပန်းမီးအိမ်ကို သူ လဲလှယ်လိုနေတာက မင်းရဲ့မိသားစုကို ရင်ဆိုင်ဖို့ပဲ မိသားစုသုံးခုက တစ်ယောက်ယောက် ဖြစ်နိုင်တယ်။ ”

“ ဟမ့် ... မင်း ဘယ်လိုသိလဲ။ ”

“ ဗီဇ ... ။ ”

ထိုအချိန်တွင် အပေါင်ဆိုင်စာရေးသည် နောက်ထပ်ဧည့်သည်ကို ကြိုဆိုနေပြီဖြစ်၏။ ဤတစ်ကြိမ်တွင် အနက်ရောင်၀တ်စုံနှင့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

အမျိုးသမီးသည် အကြည့်များ အလွန်အေးစက်ပြီး စူးရှကာ အပေါင်ဆိုင် အတွင်း ဝေ့ကြည့်လျက်၊

“ နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ် လိုချင်ပါတယ်။ ”

-ဟု တိုက်ရိုက်တောင်းဆိုလာချေပြီ။

သူမသည်လည်း ဝါးဦးထုပ်ပါသော အမျိုးသားကဲ့သို့ နတ်ဆိုးများကို နှိမ်နင်းနိုင်မည့် ရတနာတစ်ပါးကို တောင်းဆိုနေခြင်း ပေပင်။

အပေါင်ဆိုင်စာရေးတစ်ယောက် မျက်ခုံးပင့်သည်။ ယနေ့ည ဧည့်သည်များသည် ဆရာစုနှင့်တူညီသော ရတနာများကိုသာ တောင်းဆိုနေချေပြီ။

***

All Chapters