← Chapters

သစ္စာဖောက် ... ။

Vol. 55 Ch. 651

သစ္စာဖောက် ... ။

Vol. 55 Ch. 651

နောက်ဆုံးတွင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် သူမ လိုချင်သည့်အရာမရဘဲ တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်နိုင်သော ဝိညာဉ်ဆေးပြားကိုသာ ရရှိသွားသည်။

လူတိုင်းထွက်ခွာသွားပြီးနောက် အပေါင်ဆိုင်စာရေးက စုရီထံပြန်လှည့်ကြည့် ဦးညွှတ်၏။

“ ဆရာစု ... ဒီနေ့အဖြစ်အပျက်တွေက တော်တော် ထူးဆန်း​နေတယ် ခရမ်းရောင်မြို့မှာ ကြီးကြီးမားမား အုံကြွမှုတွေ ဖြစ်တော့မယ် ထင်လား။ ”

“ ဒါက မင်းကိစ္စမဟုတ်ဘူး၊ ဧည့်သည်လာနေပြီ။”

“ ဟုတ်ကဲ့ ... ။ ”

အပေါင်ဆိုင်စာရေးက ခေါင်းညိတ်ပြီး ဆိုင်အပြင်ဘက်သို့ မျှော်ကြည့်လိုက်လေသည်။ များမကြာခင် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသား တစ်ဦး ကြေးဝါမျက်နှာဖုံး တပ်လျက်ဖြင့် ရောက်ရှိလာသည်။

လွတ်နေသော မျက်လုံးများကိုပင် အနက်ရောင်မီးခိုးလုံးများဖြင့် ဖုံးကွယ်ထား သောကြောင့် သူ့ကျင့်ကြံမှုအဆင့်ကို ပိုင်းခြား၍မရချေ။

“ ငါ့မှာ ရတနာတစ်ခုရှိတယ် ... မင်းရဲ့အပေါင်ဆိုင်က လက်ခံနိုင်မလားလို့ တွေးမိတယ်။ ”

အနက်ရောင် ၀တ်စုံဝတ်ထားသူက အသံဖျက်ကာပြောကြားသည်။ အပေါင်ဆိုင် စားရေးက နွေးထွေးစွာ ပြုံးကာ၊

“ မင်းရဲ ရတနာက ဘယ်လိုရတနာလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ ”

-ဟု ပြန်ဖြေ၏။

အနက်ရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားသည် သစ်သားသေတ္တာကိုထုတ်ကာ ကောင်တာပေါ်တင်လျက်၊

“ အရင်ကြည့်ပါ ... ။ ”

-ဟု ပြောကြားလေသည်။

အပေါင်ဆိုင်စာရေးက ချိန်ခွင်ကို တစ်ချက်ကြည့်လိုက်ရာ သစ်သားသေတ္တာ အပေါ် အလင်းရောင်တစ်ချက် ဝင်းလက်သွား၏။

ထို့နောက် အလင်းတန်းသည် ကြယ်ရောင်ကဲ့သို့ ရုတ်တရက် တုန်ခါသွားကာ တာအိုပုံစံအလွှာများ ထွက်လာသည်။

ဤသည်မှာ သစ်သားသေတ္တာ အတွင်းရှိသော ရတနာနှင့် ၎င်း၏တန်ဖိုးအပေါ် အာရုံခံနေခြင်း ဖြစ်သည်။

ချိန်ခွင်၊ ပေသီးနှင့် နှလုံးသား ခေါင်းလောင်းသည် ဤအပေါင်ဆိုင်၏ တန်ဖိုးကြီးရတနာများပေပင်။

အစွမ်းသည် အလွန်အံ့ဩဖွယ် ကောင်းလှကာ ပထမတန်းစားနတ်ဘုရား ရတနာအဖြစ် သတ်မှတ်နိုင်၏။

အပေါင်ဆိုင်ပိုင်ရှင်ကို ရန်မစလိုခြင်းသာ မဟုတ်ပါက စုရီသည်ပင် ထိုရတနာသုံးမျိုးကို သိမ်းဆည်းမိပေလိမ့်မည်။ အချိန်အတော်ကြာ တွက်ဆပြီးနောက် ချိန်ခွင်က၊

“ ဧည့်သည်တော်က ... သစ်သားသေတ္တာထဲက ရတနာကို အပေါင်ထားချင်သေချာလား။ ”

-ဟု မေးမြန်းတော့၏။

“ မှန်ပါတယ် ... ။ ”

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားမှ ခေါင်းညိတ်သည်။ အပေါင်ဆိုင်စာရေးက စိတ်ဝင်စားသွားကာ၊

“ ပြဿနာရှိလား ... ။ ”

-ဟု ချိန်ခွင်ကို ပြန်မေးသည်။

“ ဒီသစ်သားသေတ္တာထဲမှာ ... စွေ့မိသားစုအတွက် လျှို့ဝှက်ရတနာဖြစ်တဲ့ ငရဲမိုးကြိုးကြေးမုံရှိနေတယ်။ ”

ချိန်ခွင်က ပြန်ဖြေ၏။ ထိုစကားကို ကြားသောအခါ စွေ့ကျင်းယန်မျက်နှာသည် သိသိသာသာပြောင်းလဲသွားသည်။

အလွန်တုန်လှုပ်လျက် ထွက်ခွာရန် ပြင်လိုက်ရာ စုရီမှသူမပခုံးကိုဖိပြီး ပါးစပ်ကို အုပ်ထားလိုက်ရသည်။

“ စောင့်ကြည့်ရအောင် ... ။ ”

စုရီအသံသည် စွေ့ကျင်းယန်နားထဲ ပေါ်လာခဲ့သည်။ စွေ့ကျင်ယန်အမူအရာမှာ မသေချာမရေရာဖြစ်သွား၏။

အပေါင်ဆိုင်စာရေးမှ မျက်ခုံးပင့်သည်။ စုရီနှင့်အတူ ပါလာသော ထိုမိန်းကလေးသည် စွေ့မိသားစုဘိုးဘေး၏ မြေးဖြစ်ကြောင်း သူ သိထား၏။

ခဏလောက် စဉ်းစားပြီးနောက်၊

“ ဒါကို ဘယ်လိုရတနာမျိုးနဲ့ လဲလှယ်ဖို့ ရည်ရွယ်ထားလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ အနက်ရောင် ဝတ်ဆင်ထားသူက၊

“ ရွှမ်ကျောက်အဆင့် ဧကရာဇ် အတားအဆီးကို ဖြတ်ကျော်နိုင်မဲ့ ဆေးပြား ဒါမှမဟုတ် နည်းစနစ်တစ်ခုခု ... ။ ”

-ဟု ဖြေကြားလာသည်။

ထိုစဉ်စုရီအသံသည် အပေါင်ဆိုင်စာရေး နားထဲသို့ဝင်ရောက်လာ၏။ အပေါင်ဆိုင်စာရေး ခမျာ အနည်းငယ် တွေဝေပြီး၊

“ မင်းလိုအပ်တဲ့ နည်းစနစ် ငါ့မှာရှိတယ် မင်းလိုချင်ရင် အပေါင်ထားမဲ့ ပစ္စည်းအတွက် ပြန်ရွေးခွင့်မရှိတော့ဘူး ဧည့်သည်တော်။ ”

-ဟု ပြောကြားလိုက်သည်။

အနက်ရောင် ဝတ်ဆင်ထားသော လူက ခဏမျှစဉ်းစားပြီး ‘သဘောတူတယ်’ဟု ခေါင်းညိတ်ပြ၏။ အပေါင်ဆိုင်စာရေးက ချိန်ခွင်ကို တစ်ချက်ကြည့်လိုက်သည်။

ချိန်ခွင်က တုန်ခါသွားကာ သစ်သားသေတ္တာပျောက်သွားပြီး ကျောက်စိမ်း ပြားတစ်ချပ် ထွက်ပေါ်လာ၏။ ဤကျောက်စိမ်း ပြားသည် စုရီ၏လက်ရာဖြစ်သည်။

“ ကျေးဇူးပြုပြီး လက်ခံပေးပါ ဧည့်သည်တော်။”

အပေါင်ဆိုင်စာရေးမှ ပြုံးပြီး ကျောက်စိမ်းပြားကို ကမ်းပေးလိုက်လေသည်။ အနက်ရောင် ၀တ်စုံဝတ်ထားသော လူက နတ်အာရုံဖြင့်စူးစမ်းကာ စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာ၏။

ထို့နောက် အပေါင်ဆိုင်ပိုင်ရှင်ထံသို့ ဦးညွှတ်လျက်၊ ‘ကျေးဇူးတင်ပါတယ်’ -ဟု ဆိုလိုက်တော့သည်။

“ ဒါက အရောင်းအဝယ်တစ်ခုပဲ သိပ်ယဉ်ကျေးမနေပါနဲ့။”

များမကြာခင် အပေါင်ဆိုင်အတွင်း တိတ်ဆိတ်သွားသည်။ အနက်ဝတ်အမျိုးသား ပုံရိပ်ပျောက်ကွယ်သွားချိန်၌ အပေါင်ဆိုင်စာရေးက၊

“ ဆရာစု ... ဒီလူက သိသိသာသာ ထူးဆန်းနေတယ်။ ”

-ဟု ပြောကြားလိုက်၏။

သူစကားပြောနေစဉ် သူ့အကြည့်သည် စွေ့ကျင်းယန်ထံရောက်ရှိသွားရာ ကောင်မလေး မျက်နှာဖြူဖျော့နေသည်ကို မြင်လိုက်ရသည်။

စုရီသည် သစ်သားသေတ္တာအတွင်းမှ ကြေးနီရောင်မှန်ကိုစစ်ဆေးလျက်၊

“ တကယ်ပဲ ငရဲမိုးကြိုးကြေးမုံပဲ။ ”

-ဟု တိုးတိုးလေးပြောသည်။

ဤရတနာသည် မရဏကမ္ဘာ၏ မိုးကြိုးကိုးပါးကိုထိန်းချုပ်နိုင်ပြီး စွမ်းအားသည် ခန့်မှန်း၍မရချေ။

အရေးအကြီးဆုံးမှာ ထိုရတနာသည် စွေ့မိသားစုအကာအကွယ်ဝင်္ကပါ၏ သော့ချက် ဖြစ်နေခြင်းဖြစ်၏။

ဤရတနာသာ မရှိရင်သော် စွေ့မိသားစု၏ဝင်္ကပါအစီရင်သည် အနည်းဆုံး (၃၀%) လျော့နည်းသွားပေလိမ့်မည်။

“ ကြည့်ရတာ မီးပုံးပွဲတော်မှာ ရှေးမျိုးနွယ်စုအချို့က မင်းရဲ့စွေ့မိသားစုအပေါ် လောဘကြီးစွာ လှုပ်ရှားချင်နေပုံရတယ် ...

... ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ စွေ့မိသားစုက သစ္စာဖောက်တစ်ယောက်က ရန်သူနဲ့ ပူးပေါင်းခဲ့ပုံပဲ။ ”

“ သစ္စာဖောက်လား ... ။ ”

ဤစကားသည် စွေ့ကျင်းယန်၏ နှလုံးသားကို ထိမှန်သွား၏။ ဒေါသတကြီး အံကြိတ်လျက်၊

“ စွေ့မိသားစုထဲက လူတစ်ယောက်က ဒီလောက်အဖိုးတန်တဲ့ မျိုးနွယ်စုရတနာမျိုးကို အပေါင်ထားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး ... ဒီလိုလူမျိုးက သေဖို့ ထိုက်တန်တယ်။ ”

-ဟု ရေရွတ်လိုက်သည်။ ထို့နောက်တွင် ကောင်မလေးသည် မျိုးနွယ်စုသို့ပြန်သွားရန် ကြံရွယ်တော့၏။

“ ဘာတွေထိတ်လန့်နေတာလဲ မင်းရဲ့စွေ့မိသားစုမှာ ဒီလိုသစ္စာဖောက်က တစ်ယောက်ပဲရှိတာ သေချာလား။ ”

“ အစ်ကိုစု၊ မင်း ဘာကိုဆိုလိုတာလဲ။ ”

“ ငါဆိုလိုတာက၊ သူ့ကို ... သတိမပေးမိပါစေနဲ့ သူနဲ့အတူဘယ်သူတွေ ရှိနေဦးမလဲ ကြည့်ရအောင်။ ”

“ ဆရာစု စကားက အကောင်းဆုံး ဖြေရှင်းနည်းပါပဲ မိန်းကလေးစွေ့။ ”

“ ဆရာစုက ပညာရှိပါပဲ။ ”

“ ဆရာစုက ပညာရှိပါပဲ။ ”

“ ဆရာစုက ပညာရှိပါပဲ။ ”

အပေါင်ဆိုင်စာရေးမှ ချီးကျူးစကားဆိုစဉ် ချိန်ခွင်၊ ခေါင်းလောင်းနှင့် ပေသီးတို့သည်လည်း နောက်ကျကျန်ရစ်မနေခဲ့ချေ။ စွေ့ကျင်းယန်မှ ချက်ချင်းငြိမ်သက်သွားပြီး၊

“ ဒီလူက ... ရွှမ်ယုအဆင့်ကိုဝင်ဖို့ နည်းစနစ်ကိုရယူတာဆိုတော့ ရွှမ်ကျောက် အဆင့်မှာ ပြီးပြည့်စုံနေပြီလို့ ... ပြောချင်တာမဟုတ်လား။ ”

“ ဖြစ်နိုင်ပါတယ် ... ဒါပေမယ့် ဒါဟာ အကြောင်းပြချက် အစစ်အမှန်တော့မဟုတ်ဘူး။ ”

“ ကျေးဇူးပြုပြီး ငါ့ကို အလင်းပေးပါဦး အစ်ကိုစု။ ”

“ ဒီလူက ငရဲမိုးကြိုးကြေးမှုံကို ဒီအချိန်မှာ အပေါင်ထားဝံ့တဲ့အတွက် ... မင်းရဲ့မိသားစုက သူ့ကိုသံသယမဖြစ်အောင် တားဆီးဖို့ နည်းလမ်းတွေရှိနေရမယ်။ ”

“ ဒါ ... ။ ”

“ သူ့ရည်ရွယ်ချက်က ရိုးရှင်းပါတယ် မင်းရဲ့စွေ့မိသားစု အကာအကွယ်စွမ်းအားကို အားနည်းသွားစေချင်လို့ပဲ ...

... ဒါ့ပြင် ... သူကဒီရတနာကို ကောင်းကင်ဘုံအပေါင်ဆိုင်မှာ ထားလိုက်သရွေ့ ဘယ်သူကမှ ရှာဖွေနိုင်တော့မှာမဟုတ်ဘူး တစ်ဖက်မှာလဲ ...

... သူ့အတွက် ရှားပါးတဲ့ ကျင့်ကြံမှုနည်းစနစ်ကို ရလာနိုင်လိမ့်မယ် ဒါက အကျိုးရှိတယ်မဟုတ်လား။ ”

“ ဒါဆို ဒီလူရဲ့အထောက်အထားကို ရှာရခက်ပြီပေါ့။

စုရီစကားကြောင့် စွေ့ကျင်းယန် တစ်ယောက် တွေဝေသွား၏။ စုရီမှ ထိုစကားကို တုန့်ပြန်ခြင်းမပြုဘဲ အပေါင်ဆိုင်စာရေးထံ လှည့်ကြည့်ကာ၊

“ စည်းမျဉ်းအရ၊ မင်းပေါင်ဆိုင်က ဖောက်သည်တွေရဲ့ အထောက်အထားအပေါ် မဖော်ပြနိုင်ဘူးဆိုတာ ငါသိတယ် ဒါပေမယ့် ...

... အခု အရောင်းအဝယ်က ငါနဲ့ဖြစ်ခဲ့တာဆိုတော့ စည်းမျဉ်းတွေက အသက် မဝင်ဘူး မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါ ... ။ ”

အပေါင်ဆိုင်စာရေးက ချက်ချင်း တုံ့ဆိုင်းသွား၏။ ခေါင်းလောင်း၊ ချိန်ခွင်နှင့် ပေသီးက၊

“ ဆရာစုရဲ့ လုပ်ရပ်တွေက ... သဘာဝအတိုင်း အပေါင်ဆိုင်စည်းကမ်းတွေကို မချိုးဖောက်ပါဘူး။ ”

“ ဆရာစုရဲ့ လုပ်ရပ်တွေက ... သဘာဝအတိုင်း အပေါင်ဆိုင်စည်းကမ်းတွေကို မချိုးဖောက်ပါဘူး။ ”

“ ဆရာစုရဲ့ လုပ်ရပ်တွေက ... သဘာဝအတိုင်း အပေါင်ဆိုင်စည်းကမ်းတွေကို မချိုးဖောက်ပါဘူး။ ”

-ဟု သံပြိုင်အော်ဟစ်တော့သည်။

အပေါင်ဆိုင်စာရေး မျက်နှာ ပြောင်းသွားချေပြီ။ ဤနတ်ဝိညာဉ်များသည် တဆိတ်မျှ အရှက်ကင်းမဲ့လွန်း၏။ တစ်ခုခုကို မဆုံးဖြတ်ခင် သူနှင့်တိုင်ပင်သင့်သည်။

မဟုတ်သော် ဆရာစုသည် သူ့အပေါ် အမြင်ကောင်းများ ဆုံးရှုံးသွားပေနိုင်လိမ့်မည်။ ထို့ကြောင့် နောက်မကျစေဘဲ ချောင်းခြောက် ဆိုးလိုက်ကာ၊

“ အဟမ်း ... ဆရာစုကို သတင်းပို့ရရင် ဒီဧည့်သည်က သူ့ရောင်ဝါနဲ့အသွင်အပြင်တွေကို လျှို့ဝှက်နည်းစနစ်နဲ့ ဖုံးကွယ်ထားပါတယ် ...

... ဒါပေမယ့် ငါ့ရဲ့ ကောင်းကင်ဘုံ ပေါင်ဆိုင်က သူရဲ့ မျက်နှာသွင်ပြင်အပေါ် ပိုင်းခြားသိမြင်ဖို့ မခက်ပါဘူး ငါတို့ ... ။ ”

“ ဖရူး ... ။ ”

သို့သော် သူ့စကားမဆုံးခင် စာလိပ်တစ်လိပ်ဖရူးခနဲ ပြုကျလာတော့သည်။ တစ်ဆက်တည်းမှာပင် ခေါင်းလောင်းက နူးညံ့ချိုအီနေသောအသံဖြင့်၊

“ ဆရာစု ... ဒီစာလိပ်ထဲမှာ အဲဒီသစ္စာဖောက်ရဲ့ ပုံတူပါရှိပါတယ် ... ကျေးဇူးပြု၍ ကြည့်ပေးပါ။ ”

-ဟု ပြောကြားလာ၏။

အပေါင်ဆိုင်စာရေးတစ်ယောက် ချက်ချင်းပင် စကားမပြောနိုင်တော့ဘဲ မျက်နှာ တုန်ခါသွားလေသည်။ လူယုတ်မာများသည် တစ်ချိန်လုံး ကန့်လန့်တိုက်နေ၏။

မည်မျှရှက်စရာကောင်းသနည်း။ အပေါင်ဆိုင်စာရေးတစ်ယောက် စိတ်အတွင်းမှ ညည်းတွားနေသော်လည်း အပြင်ပန်းတွင် အပြုံးကို မရပ်ချေ။

“ ခေါင်းလောင်းလေး ... မင်း ကောင်းကောင်းအလုပ်လုပ်ပါ ... မင်းပုံတူကို ဘာလို့စောစောတည်းက ဆရာစုဆီ ထုတ်မပေးတာလဲ။ ”

စုရီက အပေါင်ဆိုင်စာရေး၏ စကားများအပေါ်သဘာဝအတိုင်း လျစ်လျူရှုပြီး စာလိပ်ကိုဖွင့်ကြည့်လိုက်၏။

ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွေးများနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသွင်အပြင်ကို မြင်လိုက်ရသည်။

“ တတိယအကြီးအကဲ ... ။ ”

စွေ့ကျင်းယန်က မယုံကြည်နိုင်မှုများဖြင့် အော်ဟစ်လိုက်သည်။

“ လူတစ်​​ယောက်​ရဲ့မျက်​နှာကို မင်းမြင်နိုင်ပေမယ့်​ သူတို့ရဲ့နှလုံးသား​တော့ မဟုတ်​ဘူး။ ”

စုရီက တည်​ငြိမ်​စွာ​ပြောသည်​။ စွေ့ကျင်းယန်မှ ခေါင်းခါပြီး၊

“ တတိယအကြီးအကဲက တကယ်တော့ ရွှမ်ကျောက်အလယ်အလတ် အဆင့်မှာပဲ ရှိပါ သေးတယ်၊ ...

... ဒါ့ပြင် ငရဲမိုးကြိုးကြေးမှုံက ပထမအကြီးအကဲကိုသိမ်းဆည်းထားဖို့ အဖေက ပေးအပ်ထားတာ ဒါကြောင့် သစ္စာဖောက်သူဟာ ပထမအကြီးအကဲလို့ ငါထင်ခဲ့သေးတယ်။ ”

-ဟု ရှင်းပြလာ၏။

“ သူက ပထမအကြီးအကဲကို ... ထောင်ချောက်ဆင်လိုက်တာပဲ ... ကောင်းပြီ ဒီကိစ္စကို မင်းလျှို့ဝှက်ထားရမယ် ... ရန်သူကို မင်းသတိပေးလို့မရဘူး။ ”

“ နားလည်ပါတယ် ... ။ ”

စွေ့ကျင်းယန်မှ ခေါင်းညိတ်လိုက်သည်။

“ တာအိုမိတ်ဆွေ ... ငါ့တပည့်နဲ့ငါ မင်းရဲ့ အပေါင်ဆိုင်ထဲဝင်လို့ရမလား။ ”

ရုတ်တရက် ရိုးသားသိမ်မွေ့သောအသံ အပေါင်ဆိုင်အပြင်ဘက်မှ ထွက်ပေါ်လာသည်။ အပေါင်ဆိုင်စာရေးက နဖူးကိုရိုက်လိုက်ပြီး၊

“ သေစမ်း ... ဒီအဘိုးကြီးနဲ့ သူ့တပည့်ကို ငါမေ့လုနီးပါး ဖြစ်သွားတယ်။ ”

-ဟု ရေရွတ်လိုက်၏။

များမကြာခင် တာအို၀တ်လုံဝတ် အဖိုးအိုနှင့်အဖြူရောင်ဝတ် လူငယ်တစ်ယောက် အပေါင်ဆိုင်ထဲ ဝင်ရောက်လာလေသည်။

ဤသည်မှာ မိုးပြာတိုက်ကြီးမှ အတူလာခဲ့သော ဆရာနှင့်တပည့် ဖြစ်ချေ၏။

“ ဧည့်သည်တော် မင်းဒီမှာ ဘာနဲ့လဲလှယ်ချင်လဲ။ ”

အပေါင်ဆိုင်စာရေးက ပြုံးပြီးမေးသည်။ တာအို၀တ်စုံဝတ်ထားသော အဖိုးအိုက ရိုသေစွာ ဦးညွှတ်လျက်၊

“ ငါ့တပည့်နဲ့ ငါက ... ဒသမမြောက် ငရဲဘုရင်ထားခဲ့တဲ့ ... ကျောက်စိမ်း မှတ်တမ်း အတွက် လာတာပါ တာအိုမိတ်ဆွေ။ ”

-ဟု ဖြေကြားလာတော့သည်။

ထိုစကားကြောင့် အပေါင်ဆိုင်စာရေး၏ အကြည့်များမှေးစင်းသွားပြီး လေထုသည် ပို၍ မှုန်ဝါးလာတော့၏။

***

All Chapters