ပုရွက်ဆိတ်နှင့်တူသော ဧကရာဇ်များ။
Vol. 55 Ch. 656
စုရီတစ်ယောက် ရယ်မောနေသဖြင့် ဖေးချောင်ရှင်း၊ ချွယ်မင်းဝေနှင့် စွေ့ဝေကျန်း၏ မျက်နှာများ မည်းမှောင်သွားသည်။
“ ကောင်းလေး မင်းဘာရယ်တာလဲ။ ”
ဖေးချောင်ရှင်းမှ အေးစက်စွာမေး၏။ ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်သည် ဤမျှရဲဝံ့သည်လော။
သည်ညကိစ္စများအပေါ် လျှို့ဝှက်ထားလိုသောကြောင့်သာ မဟုတ်သော် သတ်ပြီးဖြစ်ပေမည်။
“ တောင်းပန်ပါတယ် ... မင်းတို့က ဟာသတွေပြောနေတော့ ငါသည်းမခံနိုင် တော့ဘူး။ ”
စုရီအဖြေကြောင့် လူတိုင်းတိုး၍ တိတ်ဆိတ်သွားချေပြီ။ များမကြာမီ သတိဝင် ကုန်ကြကာ လူသတ်ရန် ရည်ရွယ်ချက်များ ထွက်ပေါ်လာ၏။
“ တာအိုမိတ်ဆွေ စိတ်အေးအေးထားပါ၊ ဒီကောင်လေးကို သင်ခန်းစာတစ်ခု သင်ပေးပါ့မယ်။ ”
စွေ့ဝေကျန်းမှ ဖေးရှောင်ရှင်းတစ်ယောက် ဒေါသထွက်လာပြီး စုရီအပေါ် သတ်ပစ်မည်ကို သူ စိုးရိမ်ချေပြီ။ ထို့နောက် ဧကရာဇ်ရောင်ဝါကို တောင်တစ်လုံးကဲ့သို့ စုရီထံ ဦးတည်လိုက်၏။
“ ဒူးထောက်စမ်း ... ။”
သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လာလေသည်။ အလယ်အလတ် အဆင့် ရွှမ်ကျောက်ဧကရာဇ်၏ ဖိအားသည် ဝိညာဉ်တာအိုနယ်ပယ်အပေါ် ကောင်းစွာ ကြေကွဲသွားစေနိုင်မည်။
သို့သော် ရလာဒ်သည် မျှော်လင့်သလို ဖြစ်မလာချေ။ စုရီသည် မတုန်မလှုပ် ပြန်ကြည့် နေခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် လေပြည်ကဲ့သို့ သူ့အနားတွင် ငြိမ်သက်စွာ ပျောက်ကွယ်သွားသည်။
“ ဒါ … ။ ”
စွေ့ဝေကျန်းခမျာ အံ့အားသင့်သွားပြီး မျက်လုံးများသည်ပင် မယုံနိုင်လောက်အောင် ပြူးကျယ်သွားချေပြီ။
“ ဒီကောင်လေးက ထူးဆန်းတယ် ... အဲဒီနေ့တုန်းက တျန်ထိုက်ချီရဲ့ လက်ဝါးချက်ကို ဒဏ်ရာမရှိဘဲ ခံနိုင်ရည်ရှိခဲ့တယ် မင်းရောင်ဝါ တစ်ခုတည်းနဲ့ သင်ခန်းစာပေးဖို့ မလုံလောက်ဘူး။ ”
ချွယ်မင်ဝေမှ ရုတ်တရက် ပြောကြားလာလေသည်။ သူစကားကြောင့် လူတိုင်း မျက်ခုံးပင့်ကုန်၏။
ဝိညာဉ်တာအိုနယ်ပယ်ဖြင့် ဧကရာဇ်တစ်ပါးထံမှ လက်ဖဝါးတစ်ချက်ကို ခံနိုင်သည်လော။ ဤသည်မှာ ထူးကဲသော အရည်အချင်း ပေပင်။
“ ဒါကြောင့် ဒီကောင်လေးကို မိသားစုခေါင်းဆောင်က မျက်နှာသာပေးကိုး။ ”
စွေ့ဝေကျန်းမှ ခေါင်းညိတ်လိုက်သည်။
“ မှန်တယ် ... ဒါပေမယ့် ဘယ်လောက်ပဲ ထူးထူးခြားခြား ဖြစ်နေပါစေ ... သူ ငါတို့ရှေ့မှာ မောက်မာစွာ ပြုပိုင်ခွင့်မရှိဘူး ... နာခံမှုရှိရှိနဲ့ ဒူးထောက်လိုက်ပါ။ ”
ချွယ်မင်ဝေက ရှေ့သို့ တစ်လှမ်းမျှ လှမ်းတက်လိုက်ကာ စုရီဦးခေါင်းပေါ် လက်ဖဝါး တင်လိုက်တော့၏။
“ ဟမ့် ... ။ ”
တောင်နှင့်မြစ်များကို အလွယ်တကူ ဖြိုခွဲနိုင်မည့် ပြိုးပြက်လင်းလက်သော ငွေရောင် အလင်းတန်းများ လက်သွားလေသည်။ စုရီက သူ့လက်ကိုမြှောက်ကာ ညွှန်ပြ၏။
“ ရွှပ် ... ။ ”
“ ဘုန်း ... ။ ”
ထက်ရှသော ဓားအလင်းတန်းတစ်ခု လက်ဖဝါးကိုဖြတ်ကာ ချွယ်မင်ဝေထံ ပြေးဝင် သွားချေပြီ။ ချွယ်မင်ဝေခမျာ အငိုက်မိလျက် အလင်းတန်း ထိမှန်ခံရလိုက်ရသည်။
အကျိုးဆက်အနေဖြင့် ပေပေါင်းများစွာ အကွာသို့ ဆုတ်ခွာလျက် တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ် ပြန်လည်ဆင်းသက်လာသည်။
“ ကိုယ့်ကိုယ်ကို အရှက်တောင်းနေတာပဲ။ ”
စုရီက ခေါင်းခါယမ်းလိုက်သည်။
“ ဒီကောင်လေးက ကောင်းကင်တောင်ရဲ့ စွမ်းအားကိုသုံးနိုင်တယ် ... သူက စွေ့မိသားစုရဲ့ တိုက်ရိုက်ဆင်းသက်သူဖြစ်ရမယ်။ ”
လေထုအလယ် ဖြစ်တည်နေသော မှုန်ဝါးဝါးဧကရာဇ်ရုပ်သွင်သည် အနည်းငယ် ထိတ်လန့်နေဟန်ဖြင့် သတိပေးလာ၏။
ထို့ကြောင့် လူတိုင်းသည် ဤပုရွက်ဆိတ်ကဲ့သို့သော လူငယ်အပေါ် သူတို့ လျှော့တွက်မိခဲ့ကြောင်း နားလည်သဘောပေါက် ကုန်ကြတော့သည်။
“ သနားစရာကောင်းတဲ့ ... လူမဟုတ်တစ္ဆေမဟုတ် သတ္တဝါကောင်လေး မင်းတကယ် မျက်စိကန်းနေတာပဲ ငါက ဘယ်လိုလုပ်ပြီး စွေ့မိသားစုထဲက ဖြစ်နိုင်မှာလဲ ပြန်သွားတော့ ... ။ ”
စုရီက ထိုပုံရိပ်ထံ မော့ကြည့်ကာ လက်ဝှေ့ရမ်းလိုက်သည်။ ရာပေါင်းများစွာသော သွေးရောင်နတ်သံကြိုးများက ကြာပွတ်ကဲ့သို့ ချက်ချင်း ရိုက်ခတ်လာတော့၏။
“ ရွှပ် ... ။ ”
“ ရွှပ် ... ။ ”
စိတ်ဆန္ဒဖြင့် ဖွဲ့စည်းထားသောပုံရိပ်သည် ချက်ချင်းအပိုင်းပိုင်းကွဲအက်ကာ ပျောက်ကွယ် သွားလေသည်။ ထိုမြင်ကွင်းက လူတိုင်းကို နောက်တစ်လှမ်းဆုတ်မိစေ၏။
“ မင်း ... သေချင်နေတာပဲ။ ”
သို့တိုင် ဖေးချောင်ရှင်းမှ အော်ငေါက်လျက်ဖြင့် စုရီကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
အလင်းနှင့် အမှောင်များသည် သူ့လက်ချောင်းများကြားတွင် လှည့်ပတ်ကာ နက်နဲတာအိုနိယာမများ လိုက်ပါလာ၏။
နတ်ဆိုးဟွေမျိုးရိုးမှ ဤရွှမ်ကျောက် ဧကရာဇ်သည် နက်နဲတာအိုကို ပြီးမြောက်ထား သည်မှာ မြင်သာချေပြီ။ ချွယ်မင်းဝေကဲ့သို့ လူသည်ပင် ထိုလက်ဖဝါးကို မခံနိုင်ချေ။
“ ဒါပဲလား ... ။ ”
စုရီကပြုံးပြီး သူ့လက်ကိုလွှဲလိုက်သည်။ မှုန်ဝါးဝါး မီးခိုးရောင် အကာအရံ စွမ်းအင်သည် ချွန်ထက်သောဓားကဲ့သို့ လက်ဖဝါးထံ တိုးဝင် သွားတော့၏။
ဖေးချောင်ရှင်းတစ်ယောက် နောက်ပြန်ဆုတ်သွားရသည်။ ရလာဒ်အနေဖြင့် ဒေါသများပြည့်နှက်လာ၏။ လူတိုင်း မျက်ခုံးပင့် လိုက်ပြန်သည်။
ထိုမှသာလျှင် ဤပုရွက်ဆိတ် ရပ်နေသည့် အရပ်သည် တားမြစ်စွမ်းအင်ထုတ်ယူနိုင်သော အကွာအဝေး၌ ဖြစ်နေကြောင်း နားလည်လာ၏။
“ ဒီနေ့ ဘယ်သူက ပုရွက်ဆိတ်လဲ ကြည့်ရအောင်။ ”
စုရီမှ ပြုံးလျက် ပြောကြားလိုက်၏။ စကားဆုံးသည်နှင့် လေထဲ တံဆိပ်များဖန်တီး လိုက်သည်။
ထောင်ပေါင်းများစွာသော သွေးရောင် နတ်သံကြိုးများက သွေးဓားကဲ့သို့ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွှတ်လျက် စုရီလက်ထဲ ရောက်လာသည်။
ဓားသည် သုံးပေရှည်ပြီး လေးနက်ကာ နားမလည်နိုင်သော ချုပ်ချယ်မှုစွမ်းအားများဖြင့် လုံးလုံးလျားလျား ပေါင်းစပ်ထား၏။
“ အတူတူ တိုက်ခိုက်ကြရအောင်။ ”
ဖေးချောင်ရှင်းက လေထဲပျံတက်သွားကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ဖြစ်သွားသည်။ လက်တစ်ဖက်စီတွင် အဖြူရောင်အရိုးဓားကို ကိုင်ဆောင်ထား၏။
“ ကောင်းကင်မိစ္ဆာ အရိုးဓား။ ”
ရွှမ်ကျောက်အဆင့် ပြီးပြည့်စုံသော ဧကရာဇ်ရောင်ဝါနှင့်အတူ စုရီထံ ပြေးဝင်သွား လေသည်။ တစ်ချိန်တည်းမှာပင် အခြား သူများလည်း လှုပ်ရှားခဲ့ကြ၏။
ချွယ်မင်ဝေ၏ အင်္ကျီလက်များမှ သွေးနီရောင် သပိတ်တစ်လုံး ပေါ်လာသည်။ ၎င်းထွက်ပေါ်လာသည်နှင့် လေထုအလယ် ဦးခေါင်းခွံများ ထွက်ပေါ်လာ၏။
တစ်ဖက်တွင် စွေ့ဝေကျန်းက တာအိုအလင်းများဖြာလျက် ဓားတစ်လက် ကိုင်ကာ ဝင်ရောက်လာ၏။
သားရဲပုံစံ၀တ်စုံဝတ်ထားသော အမျိုးသားသည် ဆယ်ပေရှည်သော သူ့လှံကို ဝှေ့ရမ်းကာ မျက်ကွယ်အရပ်ထံ ရွေ့လျားလျက် ထိုးသွင်းလိုက်ချေပြီ။
လှံတစ်လျှောက် မီးလျှံများ ဟုန်းဟုန်းတောက်လောင်ကာ လေဟာနယ်ကို လောင်မြိုက်နေ၏။
နောက်ဆုံးကျန်ရှိနေသည့် အနက်ဝတ် အမျိုးသမီးသည်လည်း အပြာရောင်ကြာပွတ်ကို လေထဲလွှဲရမ်းလျက် အပြာရောင်ပိုက်ကွန်ကြီး အလား ဖန်တီးလိုက်၏။
ဤသည်မှာ ဧကရာဇ်ငါးပါး ပေါင်းစပ်တိုက်ခိုက်ခြင်းသည် ကြောက်မက်ဖွယ် ဖြစ်စဉ်များလိုက်ပါသည်။ ကောင်းကင်နှင့် မြေကြီးပြိုကျမတတ်ပေပင်။
ထိုသို့သောတန်ခိုး၏ ရောင်ဝါမျှဖြင့် ဧကရာဇ်နယ်ပယ်အောက် မည်သူမဆို ကြေမွ သွားပေမည်။ သို့သော် စုရီမှ သက်ပြင်းချ၏။
လက်ရှိ သူ့ခွန်အားများအရ ဤတိုက်ခိုက်မှုများအပေါ် တွန်းလှန်နိုင်ရန် မလုံလောက်ချေ။ သို့သော် တားမြစ်စွမ်းအားကို အသုံးပြုနိုင်သည့်နောက် ထိုဧကရာဇ်များသည် လူပြက်များသာပေပင်။
“ ချိုးဖြတ် ... ။ ”
စုရီတစ်ယောက် ၀တ်ရုံစများ တဖျပ်ဖျပ်ခတ်ကာ ရှောင်လွှဲခြင်းမရှိဘဲ ရှေ့သို့ တွန်းထုတ်ပစ်လိုက်တော့၏။ သွေးနီရောင် တားမြစ်ဓားကြီးမှာ လှုပ်ယမ်းလျက် ဒေါသတကြီး ပိုင်းကျလာချေပြီ။
တားမြစ်ဝင်္ကပါ အစီရင်လှိုင်းသည် နဂါးငွေ့တန်းကြီးအလား ဝင်ရောက်လာကာ ပြိုင်ဘက်ကင်းသော ဓားရောင်ဝါအဖြစ် လွင့်ဝဲသွားသည်။
“ ဘုန်း ... ။ ”
ကောင်းကင်နှင့်မြေကြီး တုန်လှုပ်လျက် ဓားရောင်ဝါသည် ဖြစ်စဉ်များအားလုံးအပေါ် ကန့်လန့်ဖြတ်ကျသွားချေပြီ။
ကောင်းကင်ဘုံ နတ်ဆိုးအရိုးဓား ခြောက်လက်၊ အနန္တဝိညာဉ်သပိတ်၊ ဝိညာဉ်ခွဲ ဓား၊ ပြာရောင်မီးနတ်ဘုရားလှံနှင့် မိုးပြာ ကြာပွတ်တို့သည် လွင့်စင်သွား၏။
ဓားတစ်လက်သည် ဧကရာဇ်ငါးပါး၏ ပေါင်းစပ်တိုက်ခိုက်မှုကို ဖြိုခွင်းနိုင်သည်လော။ ထိုလွှမ်းမိုးနေသောမြင်ကွင်းသည် ဧကရာဇ် ငါးပါးကို အရောင်ပြောင်းစေမည်။
ကောင်းကင်တောင်၏ တားမြစ် စွမ်းအားများသည် မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။
“ ဝိညာဉ်တာအိုနယ်ပယ်တစ်ယောက်က ကောင်းကင်တောင်ရဲ့ အထွတ်အထိပ် စွမ်းအား ထုတ်ဖော်နိုင်တယ်ဆိုတာ ငါမယုံဘူး။ ”
ဖေးချောင်ရှင်းက အေးစက်လာပြီး ကောင်းကင်နတ်ဆိုး အရိုးဓားခြောက်လက်ကို ဝှေ့ရမ်းလျက် ထပ်မံပြေးဝင်လိုက်၏။
ဧကရာဇ်များသည် သဘာဝအားဖြင့် ပေါ့ဆခြင်းမရှိ၊ လူသတ်ရန် ရည်ရွယ်ချက်များ ထုတ်ဖော်လိုက်သောအခါ စွမ်းအားသည် နောက်တစ်ဆင့်ရောက်ကုန်သည်။
အသီးသီးသည် အစွမ်းထက်ဆုံးသော ဝှက်ဖဲများကို အသုံးချလျက် ဆုတ်ခွာရန်လမ်း မချန်ခဲ့တော့ချေ။
“ ဟားဟားဟား ... ဒါဆို ဧကရာဇ်ငါးပါးဖြစ်နေရင်တောင် ဘာဖြစ်မလဲ နောက်ဆုံးတော့ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ဖို့ကြိုးစားနေတဲ့ လူမိုက်တွေ။ ”
စုရီမှရယ်လျက် သူ့ဓားကို ရှေ့သို့ ခုတ်ချလိုက်သည်။ ထို့နောက်တွင် သွေးရောင် တားမြစ်စွမ်းအားများသည် သွေးမြစ်အလား လွင့်ဝဲသွားတော့၏။
***